စိတ်မပူနဲ့။ သူ မသေပါဘူး။
Vol. 2 Ch. 24
ကျန်းချင်သည် ပုံမှန်အားဖြင့် ဒေါသကြီးသူတစ်ယောက်ဖြစ်ပြီး အပြစ်သားတစ်ယောက်ဆီမှ အဆူခံလိုက်ရသောကြောင့် အလွန်ဒေါသထွက်သွားရသည်။ သူ့ခါးတွင် ပတ်ထားသော ကြာပွတ်ကို အကျင့်အရ ဖြုတ်လိုက်မိ၏။
ဆန်းတာ့ကျိုးက အလောတကြီး တားလိုက်သည်။
“စိတ်လျှော့ပါ”
ကျန်းချင်မှာ မပျော်ရွှင်တော့ဘဲ ဟဲကျစ်ယန်အား သင်ခန်းစာပေးရန် ဆန်းတာ့ကျိုးကို ဆွဲဆောင်ရန် ကို့းပမ်းလိုက်သည်။
မော့ကျိုးယွီသည် သစ်သားလှည်းပေါ်တွင် လဲလျောင်းနေရင်း အခြေအနေအားလုံးကို အဝေးမှ ကြည့်နေသည်။
ကျန်းချင်က တစ်ခုခုလုပ်တော့မည်ကို မြင်လိုက်သောအခါ သူ ချက်ချင်းထကာ တစ်ဖက်လူကို ကယ်တင်ဖို့ လုပ်လိုက်၏။
ဘာပဲဖြစ်ဖြစ် သူ၏ အမျိုးသမီးအား ဘယ်သူကမှ အနိုင်မကျင့်စေရပေ။
မော့အမျိုးသမီးများသည်လည်း အတူတူပင်။ ဟဲကျစ်ယန်က ဖမ်းဝမ်ကို ကုသပေးရန် ထွက်သွားကတည်းက သူမတို့ စိတ်ပူနေခဲ့ကြသည်။
သူတို့သည် စိတ်ပူနေရသောကြောင့် ဗိုက်ဆာနေသည်ကိုပင် မေ့လျော့နေကြ၏။
သခင်မကြီးမော့၏ မျက်လုံးများမှာ မော့ကျိုးယွီ၏ အပြုအမူကို ချက်ချင်း မြင်လိုက်ပြီး သူမသည်လည်း သူမသား၏ အတွေးကို ချက်ချင်း သိသွားသည်။
အခြေအနေများကို ရှုပ်ထွေးမသွားစေရန် သခင်မကြီးမော့သည် သစ်သားလှည်းအနီးတွင် ခပ်တိုးတိုး ပြောလိုက်၏။
“စိတ်မြန်လက်မြန် မလုပ်နဲ့”
မော့ကျိုးယွီ စိတ်ရှည်မနေနိုင်တော့ပေ။
ဟဲကျစ်ယန်အပေါ်တွင် ခံစားချက်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ မော့မိသားစု၏ တစ်ဦးတည်းသော အမျိုးသားတစ်ယောက်အနေနှင့် သူ့မိသားစုမှ အမျိုးသမီးများကို မကာကွယ်နိုင်ပါက သေသွားသည်ကမှ ပိုကောင်းပေမည်။
သို့သော် သူ၏မိခင်ကို စိတ်မပူစေရန် ချက်ချင်းဘဲ စိတ်ကိုလျှော့ကာ ပြန်လှဲနေလိုက်ရသည်။
ထိုအချိန်တွင် ဟဲကျစ်ယန်သည် သစ်ပင်နောက်မှထကာ အရာရှိများဆီ သွားလိုက်သည်။
သူမ၏ ပုံစံမှာ အေးဆေးနေပြီး ကျန်းချင်၏ ကြာပွတ်ကိုလဲ နည်းနည်းလေးမှ ကြောက်မနေပေ။
ဆန်းတာ့ကျိုး ဘာမှမပြောနိုင်ခင်ပင် ကျန်းချင်သည် သူ့ကို ဆွဲထားသော လက်အား ဆွဲဖယ်လိုက်ကာ သစ်ပင်နောက်သို့ ချက်ချင်းပြေးသွားလိုပ်သည်။
“ဟဲကျစ်ယန် မင်းလိမ်ရဲရင် ငါမင်းကို သေအောင်ရိုက်သတ်ပစ်မယ်”
ဟဲကျစ်ယန်မှာ သူ့ကို လှည့်တောင်မကြည့်ဘဲ လက်ပိုက်လျက်သာ ရပ်နေခဲ့သည်။
ဆန်းတာ့ကျိုးက ကျန်းချင်ထက် ပိုသိတတ်ပေသည်။ ဖမ်းဝမ်ကို ချက်ချင်း သွားစစ်ဆေးမည့်အစား ဟဲကျစ်ယန်ကို မေးလိုက်၏။
“အဆိပ်ကို ကုသပြီးသွားတာ သေချာလား။”
“သေချာတယ်။ ပြီးတော့ သူ တစ်နာရီအတွင်း သေချာပေါက် နိုးလာလိမ့်မယ်။”
ဟဲကျစ်ယန်၏ ပုံစံကို ကြည့်ပြီးနောက် ဆန်းတာကျိုးသည် သူမ လိမ်နေတာ မဟုတ်မှန်း အတည်ပြုလိုက်သည်။
“ကောင်းပြီ။ ခေါင်းဆောင်သာ နိုးလာရင် သူ မင်းကို သေချာပေါက် ကောင်းကောင်း ဆက်ဆံမှာပါ။”
ဟဲကျစ်ယန်မှာ ဒီစကားလေးကြားရဖို့ အလွန် အလုပ်ရှုပ်ခဲ့ရသည်။ သို့သော် ဖမ်းဝမ် နိုးမလာမချင်း ဘာမှ မသေချာသေးပေ။
“ကောင်းပြီ။ ရှင်တို့ အရာရှိဖမ်းကို ဂရုစိုက်လိုက်ဦး။ ကျွန်မ ရေဆာတယ် ပင်ပန်းတယ် အိပ်ချင်တယ်။ နားတော့မယ်။”
ပြောပြီးနောက် ဟဲကျစ်ယန်သည် မော့မိသားစုရှိရာသို့ လျှောက်လာလိုက်၏။
ဆန်းတာ့ကျိုးက ဘာမှမပြောသော်လဲ သူ့စိတ်ထဲတွင် မှတ်သားထားလိုက်သည်။
ဟဲကျစ်ယန် ခြေလှမ်း အနည်းငယ် လျှောက်ပြီးနောက် မော့အမျိုးသမီးများက သူမအား လာကြိုကြသည်ကို တွေ့လိုက်ရသည်။
“ယောင်းမလေး လာနားတော့” ပဉ္စမ မရီး ကျောက်ကျားကျားက သူမကို အမြန်လာတွဲလိုက်၏။
ဟဲကျစ်ယန်လို အသက်ကယ်နေရသည့်လူ မပြောနှင့် စောင့်နေရသော သူမတို့တောင် မောပန်းနေသလို ခံစားကြရသည်။
ဟဲကျစ်ယန် ထိုငိလိုက်သောအခါ တခြားမရီးများလဲ သူမဘေးဝိုင်းလာကြသည်။
“ကျစ်ယန် မြွေဆိပ်ကို ဖြေနိုင်ခဲ့လား။”
သခင်မကြီးမော့နှင့် မော့ကျိုးယွီ၏ သံသယမှာ အတူတူပင်။ သူမသား လက်မထပ်ခင်တွင် သူမသည် ဟဲကျစ်ယန်အကြောင်း လိုက်စုံစမ်းခဲ့ဖူးသည်။
ဟဲကျစ်ယန်သည် အပြင်သို့ သိပ်ထွက်လေ့မရှိသော မိန်းမပျိုလေးဟုသာ ကြားသိခဲ့ရပြီး သူမ ဆေးပညာ တတ်မြောက်ကြောင်း နည်းနည်းလေးမှ မကြားခဲ့ဖူးပေ။
သို့သော် မနေ့ညကတည်းက သူမနှင့် စကားပြောကြည့်ပြီးနောက် သခက်မကြီးမော့သည် သူမ၏ နဝမ ချွေးမက ထင်သလောက် မရိုးရှင်းဘူးဆိုတာ သေချာသိလိုက်၏။
သူမသည် ဉာဏ်ကောင်းသောကြောင့်လား တော်နေသောကြောင့်လား မပြောတတ်သော်လဲ တခြားသော ချွေးမ ၈ ယောက်နှင့် မတူပေ။
ယနေ့ ဟဲကျစ်ယန်၏ မိဘများက ဟဲကျစ်ယန်ကို လာတွေ့သည်ကို သူမမျက်လုံး၂လုံးနှင့် သေချာမြင်လိုက်ရသောကြောင့်သာ မဟုတ်ပါက ဟဲကျစ်ယန်၏ ပုံစံအမှန်ကို သံသယဝင်မိမှာပင်။
အခုတော့ သူမက ဘယ်သူလဲဆိုသော သံသယ မရှိတော့သော်လဲ သူမ၏ ဆေးပညာစွမ်းရည်မှာ ....
အရမ်း ရှုပ်ထွေးလွန်းတယ်။
ဟဲကျစ်ယန်သည်လည်း သူမယောက္ခမ၏ လေသံထဲမှ သံသယများကို သိပေသည်။
ဒါတွေအားလုံး မလုပ်ခင် သူမ အကြောင်းပြချက်ကို စဉ်းစားပြီးသားပင်။
သူမ၏ လျှို့ဝှက်ချက်များထဲတွင် သူမ သေချာဖော်ပြလို့ရသည်မှာ ထို ဆေးပညာသာရှိသည်။
ထို့ကြောင့် သူမ သင့်လျော်သော ဆင်ခြေတစ်ခု ပေးရပေမည်။
“အမေ ကျွန်မ ငယ်စဉ်တုန်းက ဆရာကြီးတစ်ယောက် ကျန်ရစ်ခဲ့တဲ့ ဆေးပညာစာအုပ် တစ်အုပ်ကို ကံကောင်းပြီး အမွေရခဲ့တယ်။
ကျွန်မ အပြင်ထွက်ရတာ သိပ်မကြိုက်တာ အမေလဲ သိမှာပါ။ တကယ်တော့ ကျွန်မ အိမ်မှာပဲ ဆေးစာအုပ်တွေ ဖတ်ရှုနေခဲ့တာပါ။
အချိန်အတော်ကြာပြီးတော့ ဆေးစာအုပ်တွေရဲ့ အကြောင်းအရာတွေကို နားလည်ခဲ့ပါတယ်။ အဖျားရောဂါတွေကို ကုသရတာ ကျွန်မအတွက်တော့ မခက်ခဲလှပါဘူး”
သခင်မကြီးမော့ သိထားသည်မှာ ဟဲကျစ်ယန်က အပြင်သိပ်မထွက်ဟူ၍ပင်။
ထို့ကြောင့် သူမသည် ထိုဆင်ခြေအား နည်းနည်းလေးမှ သံသယမဝင်ပေ။
“သမီးက ဆေးပညာကို နားလည်တယ်ဆိုမှတော့ အမေ စိတ်မပူတော့ပါဘူး။”
သခင်မကြီးမော့သည် မိသားစုရှေ့တွင် ဖုံးကွယိနေရန် မလိုအပ်ဟု တွေးလိုက်ပြီး သူမ၏ ခံစားချက် အမှန်အတိုင်း ပြောလိုက်သည်။
ဟဲကျစ်ယန်မှာ အလွန်ပင်ပန်းနေပြီဖြစ်သည်။
ဘေးပတ်ဝန်းကျင်တွင် မြက်များနှင့် သစ်ပင်များသာ ရှိကြ၏။
အရာရှ်များက သူမတို့အိမ်ကို ရှာဖွေသိမ်းဆည်းသောအခါ အိတ်တစ်လုံး မဆိုထားနှင့် အပ်ချည်တစ်မျှင်တောင် သယ်ခွင့်မပြုခဲ့ပေ။
သူမ၏ နေရာလွတ်ထဲတွင် အရင်ဘဝက စောင်များ ရှိနေသော်လည်း သူမ ထုတ်သုံး၍ မရပေ။
ထို့ကြောင့်ပင် သူမ ဆိုရိုးစကားတစ်ခွန်အား သတိရမိသွားသည် - ငါက ဘာမှမရှိတဲ့ မြေပြင်နဲ့ ကောင်းကင်အောက်မှာ မြေကြီးကို အိပ်ရာခင်းလုပ်ပြီး ကောင်းကင်ကို ခြုံစောင်လုပ်ပြီး တောင်တန်းတွေ မြစ်ချောင်းတွေကိုတော့ ခေါင်းအုံးအဖြစ် သုံးကာ လျှောက်သွားနေခဲ့တယ်။
ဟဲကျစ်ယန် တိတ်တိတ်လေး ငိုနေစဉ်တွင် မော့ဟန်ယွဲ့က ဝမ်းနည်းစွာ ပြောလိုက်၏။
“အမေ ကျွန်မ ဗိုက်ဆာပြီး အိပ်ချင်နေတယ်။ ဘယ်လိုလုပ်ရမလဲ”
ထိုအကြောင်းကိုကြားရလျှင် သခင်မကြီးမော့လဲ စိတ်ဖိစီးသွားရသည်။
ငယ်ငယ်ကတည်းက အလိုလိုက်ခံထားရသည့် မော့ဟန်ယွဲ့ မဆိုထားနှင့်၊ သူမ အပါအဝင် တခြားကလေးတွေ အကုန်လုံး ချမ်းသာတဲ့မိသားစုက ပေါက်ဖွားလာကြသည်သာ။
မြေကြီးကို ကျောခင်းပြီး ကောင်းကင်ကို ခြုံစောင်လုပ်ကာ ဗိုက်ဆာဆာနှင့် အိပ်ရမည်ဆိုပါက သူမတို့ မနက်ဖြန်တွင် သေချာပေါက် နေမကောင်းဖြစ်မည်ပင်။
သူမသည် စိတ်မချမ်းမြေ့စွာပင် မော့ဟန်ယွဲ့၏ ရှုပ်ပွနေသော ဆံပင်ကို သပ်ပေးလိုက်ပြီး လေးပင်စွာ ပြောလိုက်သည်။ “ဟန်ယွဲ့၊ ဒါ အမေတို့အတွက် ပထမဆုံးနေ့ပဲရှိသေးတယ်။ နောက်လဲ အမေတို့ ဒါမျိုးတွေကို ဖြတ်သန်းရမှာ သမီး ကျင့်သားရနေဖို့လိုအပ်တယ်။”
အငယ်လေးများ၏ရှေ့တွင် သူမက သန်မာနေမှ ဖြစ်ပေမည်။ သူမသာ ဤကလေးများရှေ့တွင် ယုံကြည်ချက် ပျောက်ဆုံးသွားပါက လူတိုင်း၏ စိတ်ဓာတ်များ ထိုးကျသွားပေလိမ့်မည်။
ဟဲကျစ်ယန်သည် ဖမ်းဝမ်က ဘယ်လိုလူမျိုးလဲဆိုတာ သေချာမသိသေးပေ။
သူသာ ကျေးဇူးသိတတ်ပါက အဆင်ပြေပေသည်။ သူ နိုးလာပြီးနောက် သူမနှင့် မော့မိသားစုကို သေချာပေါက် ဂရုစိုက်ပေးလိမ့်မည်။
သို့သော် သူကသာ အသက်ကယ်ထားသည့် ကျေးဇူးကို မသိတတ်ပါက သူမ ယနေ့ လုပ်ခဲ့သမျှ သဲထဲရေသွန်ဖြစ်ပေမည်။
ထိုသို့ဖြစ်ပါက သူမသည် တခြားနည်းလမ်းရှာကာ မော့မိသားစု၏ အခြေအနေကို တိုးတက်အောင် ကြိုးပမ်းရပေမည်။
ထိုအချိန်တွင် ဟဲကျစ်ယန်သည် ဖမ်းဝမ် မြန်မြန်နိုးလာဖို့သာ မျှော်လင့်မိ၏။ ထို့အပြင် သူက ကျေးဇူးသိတတ်သူတစ်ယောက်ဖြစ်ဖို့ ပို၍ပင် မျှော်လင့်မိသည်။
ထိုသို့ဆိုပါက သူမတို့ ဒီည ကောင်းကောင်း အိပ်စက်နိုင်ပေမည်။
ဟဲကျစ်ယန်သည် မော့ကျိုးယွီ၏ လှည်းကိုမှီကာ အတွေးထဲ နစ်မြုပ်နေစဉ် အရာရှိများဘက်မှ ဝမ်းသာစွာ အော်ဟစ်သည့် အသံကို ကြားလိုက်ရသည်။
“ဟားဟား အရမ်းကောင်းတယ် ခေါင်းဆောင်နိုးလာပြီ ...”
“ခေါင်းဆောင် ဘယ်လိုနေသေးလဲ”
“ခေါင်းဆောင် ကျွန်တော်တို့ လန့်လွန်းလို့ သေတော့မယ်ဗျ”