← Chapters

ငါ ဘာကိုတောင်းဆိုရမလဲ

Vol. 2 Ch. 25

ငါ ဘာကိုတောင်းဆိုရမလဲ

Vol. 2 Ch. 25

အားလုံး လှမ်းကြည့်လိုက်ကြသောအခါ ဖမ်းဝမ်အနီးတွင် စုဝေးနေကြသော အရာရှိများမှာ သူ့အခြေအနေကို မေးမြးန်းနေကြသည်ကို တွေ့လိုက်ကြ၏။

ဖမ်းဝမ်သည် ယခုအချိန်တွင် အားနည်းနေသေးသော်လဲ စကားပြောလိုက်သည်။

“တာ့ကျိုး ငါ ဘာဖြစ်သွားတာလဲ။”

“ခေါင်းဆောင် ခင်ဗျား မြွေကိုက်ခံလိုက်ရတာလေ။”

ဖမ်းဝမ်သည် သူ မေ့မျောမသွားခင်က အခြေအနေကို သေချာ ပြန်စဉ်းစားလိုက်သည်‌။

ပထမဆုံး သူခံစားရသည်မှာ မြွေကိုက်ခံရသော နေရာ၏ အပေါ်ပိုင်းက နည်းနည်း ထုံကျင်လာသလို ဖြစ်လာပြီးနောက် ထုံကျင်မှုက ပျံ့နှံ့သွားခဲ့ခြင်းပင်။

ထို့နောက် သူ အသက်မရှူနိုင်တော့သလို ခံစားလိုက်ရပြီး ဘာမှ မသိတော့ပေ။

“ငါ မြွေကိုက်ခံရပေမဲ့ မသေသွားဘူးလား”

ဤအရာများက အမှန်ဖြစ်ကြောင်း သိနိုင်ရန် ဖမ်းဝမ်သည် ကိုယ့်ပါးကို ပြန်ဆိတ်ကြည့်လိုက်၏။

နာကျင်သော ခံစားချက်ရမှသာ သူ ယုံကြည်သွားတော့သည်။

ကျန်းချင်က ရှေ့တိုးလာသည်။ “ခေါင်းဆောင် တကယ်မသေဘူးပဲ။”

“ဘယ်သူက ငါ့ကိုအဆိပ်ထုတ်ပေးခဲ့တာလဲ” ဖမ်းဝမ်သည် လှည့်ကြည့်ပြီးနောက် သူတို့က တောကြီးမျက်မည်းထဲမှာပဲ ရှိနေကြောင်း အတည်ပြုလိုက်သည်။ ဒီလူတွေ ဘယ်ကနေ သမားတော် သွားခေါ်လာတာလဲ။

ဆန်းတာ့ကျိုးက မော့မိသားစုရှိရာသို့ လက်ညှိုးထိုးပြလိုက်၏။ “မော့ကျိုးယွီရဲ့ ဇနီးအသစ်လေး ‌ဟဲကျစ်ယန်လေ.”

ဟဲကျစ်ယန်ဟု ဆိုမှပင် ဖမ်းဝမ်သည် သူမ သတိပေးခဲ့သော စကားကို ပြန်သတိရမိလိုက်သည်။

ထိုစကားကို ပြန်သတိရပြီးနောက် ဖမ်းဝမ် အရှက်ရသွားရ၏။

ပထမတွင် ထိုမိန်းကလေးက သူ့အား ကြင်နာစွာ သတိပေးခဲ့သေးသော်လဲ သူက နားမထောင်ခဲ့ပေ။

သူသည် မျက်လုံးများကို ပွတ်လိုက်ပြီးနောက် မြို့တော်မှ ယူဆောင်လာသော အိတ်ကြီးများထံသို့ အကြည့်ရောက်သွားသည်။

“တာ့ကျိုး မော့မိသားစုက လူတိုင်းကို ဂျုံဖြူပေါင်မုန့် ၂ လုံးစီ ပေးလိုက်ပါ။ ပြီးတော့ သူတို့ ဘာလိုသေးလဲ မေးလိုက်။ သူတို့ တောင်းဆိုတာ အရမ်းလွန်မလာသရွေ့ ဖြည့်ဆည်းပေးလိုက်ပါ။”

ဆန်းတာ့ကျိုးသည် ဖမ်းဝမ်က ကျေးဇူးသိတတ်သောလူမျိုးဖြစ်ကြောင်း သေချာ သိပေသည်။

ထို့အပြင် ဖမ်းဝမ်က ဤကဲ့သို့ လုပ်ရခြင်းမှာ မော့မိသားစုအပေါ်တွင် ဘာအကြွေးမှ မတင်လို၍ဖြစ်ကြောင်းလဲ သူ သိနေသေးသည်။ သူတို့သွားရမည့် ခရီးက ဝေးလွန်းသေးသည်၊ သူတို့၏ တာဝန်အရ အပြစ်သားများအပေါ် အလွန်မျက်နှာလိုက်ပေးဖို့ မဖြစ်နိုင်ပေ။

ဆန်းတာ့ကျိုးက အိတ်ကြီးတစ်လုံးကိုသယ်ကာ လျှောက်လာသည်ကိုမြင်ပြီး မော့အမျိုးသမီးများ အနည်းငယ် ထိတ်လန့်သွားကြသည်။

ဆန်းတာ့ကျိုးသည် အိတ်အား လူတိုင်းရှေ့တွင် ချပေးလိုက်၏။

“ခေါင်းဆောင်က မင်းတို့အားလုံးကို တစ်ယောက်ကို ဂျုံဖြူ ပေါင်မုန့် ၂ လုံးစီ ပေးလိုက်ပါလို့ ပြောလိုက်တယ်”

ဂျုံဖြူပေါင်မုန့်ဟု ကြားပြီးနောက် မော့မိသာစသုမှာ တံတွေးများ မြိုချလိုက်ကြသည်။

သူတို့တကယ်ပဲ ဆာလောင်နေကြပြီဖြစ်သည်။

သို့သော် အားလုံးက မလှုပ်ရှားကြဘဲ ဟဲကျစ်ယန်ရှိရာသို့သာ ကြည့်လိုက်ကြ၏။

ဟဲကျစ်ယန်လည်း ဗိုက်ဆာနေသော်လဲ သူမက တခြားလူများထက်တော့ အခြေအနေ ကောင်းသေးသည်။

ဆန်းတာ့ကျိုးတွင် ပြောစရာရှိသေးသည်ကို သိသောကြောင့် ဘာမှမပြောဘဲ ဆက်နားထောင်နေလိုက်သည်။

“မိန်းကလေးဟဲက သူ့အသက်ကို ကယ်ခဲ့တာမို့ မင်းတောင်းဆိုချင်တာများရှိရင် အခုပြောလို့ရတယ်လို့ ပြောလိုက်တယ်”

သူမတို့ ‌တစ်ခုခုတောင်းဆိုလို့ရသည်ဟု ကြားပြီးနောက် မော့အမျိုးသမီးများ၏ မျက်လုံးများ ဝင်းသွားကြသည်။

ဒါက သူမတို့ရဲ့ နေ့ရက်တွေ ပိုကောင်းလာတော့မယ်ဆိုတဲ့ အဓိပ္ပါယ်ပဲမလား။

ဟဲကျစ်ယန်သည် ဖမ်းဝမ်ဘက်က အရင်ဆုံး တစ်ခုခုတောင်းဆိုခိုင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။

တစ်ချိန်တည်းမှာပင် ဖမ်းဝမ်က အသက်ကယ်သော ကျေးဇူးကို တစ်ခါထဲပြန်ဆပ်ချင်သောကြောင့် ဖြစ်သည်ဟု ဟဲကျစ်ယန် တွေးကြည့်လိုက်သည်။ နောက်ပိုင်းတွင် အရာအားလုံးက ပုံမှန်အတိုင်း ဖြစ်သွားပေမည်။

ဒီလိုဆိုမှတော့ သူမက အခွင့်အရေးကို ရအောင်ယူရ‌ပေါ့။

သူမစိတ်ထဲတွင် အကြံဉာဏ်များရှိနေသော်လဲ မော့သခင်မကြီးကို အရင်ဆုံး ကြည့်လိုပ်သည်။

ဘာကိစ္စပဲဖြစ်ဖြစ် အကြီးကိုကျော်၍ လုပ်လို့ မကောင်းပေ။

ဟဲကျစ်ယန်၏ အပြုအမူကြောင့် သခင်မကြီးမော့ အလွန်ကျေနပ်သွားရပြီး ဤချွေးမလေးနှင့် ပက်သက်၍ ပို၍ပင် ယုံကြည်လာခဲ့သည်။

“လူကယ်ထားတာက သမီးပဲဆိုတော့ လိုချင်တာကို တောင်းလိုက်ပါ။ အရမ်းတော့ လောဘမကြီးနဲ့”

သခင်မကြီးမော့သည် သူမ၏ ချွေးမက အလွန်ဉာဏ်ကောင်းကာ ကိစ္စများကို ကိုင်တွယ်ရာတွင်လဲ တွေးတောဆင်ခြင်တတ်ကြောင်း သေချာသိပေသည်။ သူမအနေဖြင့် သတိလေးထပ်ပေးရုံသာ လိုအပ်ပေသည်။

ကိစ္စတွေက ဒီလိုဖြစ်လာသောကြောင့် ဟဲကျစ်ယန် ထပ်ပြီး ယဉ်ကျေးမနေတော့ပေ။

တစ်ချိန်တည်းမှာပင် သူမသည် သခင်မကြီးမော့ပြောသော လောဘမကြီးလွန်းနဲ့ဟူသော စကားကို ထောက်ခံလိုက်၏ - သူမ လောဘကြီးလို့ မဖြစ်ပေ၊ အနာဂတ်အတွက် လမ်းစလေးတော့ ချန်ထားရပေမည်။

“အရာရှိကြီး ကျွန်မတို့ တောင်းဆိုချင်တာက မများပါဘူး။ ကျွန်မတို့ တခြားခရိုင်မြို့ကို ဖြတ်သွားတဲ့အခါကျရင် ပစ္စည်းလေး နည်းနည်းပါးပါး ဝယ်ချင်ရုံလေးတင်ပါ။”

အခုအတွက်တော့ ဒီတစ်ခုနဲ့တင် လုံလောက်ပြီဟု ဟဲကျစ်ယန် ခံစားလိုက်ရသည်။

သူမလက်ထဲတွင် ငွေပေါင်းများစွာ ရှိနေရာ တခြား နေ့စဉ်သုံး ပစ္စည်းတချို့သာ ဝယ်ဖို့ လိုပေသည်။ တခြားကိစ္စများကတော့ ဆွေးနွေးနိုင်ပေသည်။

ဆန်းတာ့ကျိုးသည် ဟဲကျစ်ယန်က ဤကဲ့သို့သော ကိစ္စသေးသေးလေးကိုသာ တောင်းဆိုသည်ကို မယုံကြည်နိုင်ဖြစ်သွားရသည်။

သူသည် ဖမ်းဝမ်ဆီသို့ပင် မတင်ပြတော့ဘဲ ချက်ချင်း သဘောတူလိုက်၏။

“ပြဿနာမရှိဘူး ငါကတိပေးတယ်။ မနက်ဖြန်နေ့လည်ကျရင် ငါတို့ ယွင့်လိုင်ခရိုင်ကို ဖြတ်သွားကြမှာ။ အဲ့ဒီမှာ ငါတို့ပစ္စည်းတွေ ပြန်ဖြည့်မယ်၊ မင်း ပစ္စည်းဝယ်ဖို့ တစ်ယောက်ယောက်နဲ့အတူ ငါ လွှတ်ပေးမယ်။”

“ကောင်းပြီ ကျေးဇူးတင်ပါတယ် အရာရှိကြီး” ဟဲကျစ်ယန်သည် တစ်ဖက်လူက သူမ၏ တောင်းဆိုချက်ကို လက်ခံလိုက်သည်ကို စိတ်လှုပ်ရှားမနေပေ။ သူမက အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။

“မင်း တခြားတောင်းဆိုချင်တာများ ရှိသေးလား” ဆန်းတာ့ကျိုးက အလျင်စလို မလုပ်ပေ။

ဟဲကျစ်ယန်သည် လောဘမကြီးဖို့ ဆုံးဖြတ်ထားခဲ့၏။ သို့သော် ဆန်းတာ့ကျိုး၏ အမူအရာမှာ သူမက ကောင်းတာတွေ မတောင်းဆိုသည့်အတွက် အထင်သေးနေပုံပေါက်နေပေသည်။

“အရာရှိက ကျွန်မကို ပြောခွင့်ပြုမှတော့ အရာရှိတို့ ခုနက သေအောင် ရိုက်သတ်လိုက်တဲ့ မြွေကို ကျွန်မ လိုချင်ပါတယ်။”

ဆန်းတာ့ကျိုးက မျက်မှောင်ကြုံ့လိုက်သည်။ “မင်းလိုမိန်းကလေးတစ်ယောက်က အဲ့မြွေကြီးကို ဘာလုပ်မလို့လဲ။”

“အဲ့မြွေက ခန္ဓာကိုယ်က ပစ္စည်းတွေက ဆေးဖော်တဲ့နေရာမှာ အသုံးပြုလို့ရတယ်” ဟဲကျစ်ယန်က ဝေ့လည်ကြောင်ပတ် ဖြေလိုက်သည်။ သူမ အဆိပ်လုပ်ချင်လို့ဖြစ်ကြောင်း ပြောပြလို့ မရပေ။

“ဒါလဲ ငါသဘောတူတယ်”

ဆန်းတာ့ကျိုး၏ သဘောတူရန် အဆင်သင့်ဖြစ်နေပုံကိုမြင်ပြီးနောက် ဟဲကျစ်ယန်သည် သူ့အား မနှောင့်ယှက်တော့ပေ။

“ကျွန်မ လိုချင်တာ အကုန်ပြောပြီးပြီ”

“ကောင်းပြီ။ ငါ ခေါင်းဆောင်ကို သွားပြောလိုက်တော့မယ်။”

ဆန်းတာ့ကျိုး၏ စိတ်ထဲတွင်၊ ဟဲကျစ်ယန်သည် ဖမ်းဝမ်၏ အသက်ကို ကယ်တင်ခဲ့ခြင်းဖြစ်သော်လဲ ဤကိစ္စလေးများမှာ ကျေးဇူးကို ပြန်ပေးဆပ်ဖို့ မလုံလောက်ပေ။

ပြန်လာပြီး ဖမ်းဝမ်ဆီ တင်ပြပြီးနောက် သူသည် ရေအိတ်များစွာနှင့် ငွေလက်စွပ်မြွေအသေကို စိတ်အားထက်သန်စွာ ယူဆောင်လာခဲ့သည်။

“ဒီ ရေအိတ်တွေက အပြစ်သားတွေကို ရောင်းဖို့လုပ်ထားတာ။ ဒါပေမဲ့ ဟိုလူတွေလဲ ဝယ်ဖို့တတ်နိုင်မယ်မထင်ပါဘူး။ အဲ့ဒါမို့ မင်းတို့ကိုပဲ လက်ဆောင်ပေးလိုက်တော့မယ်။

ငါတို့မှာ ဂျုံဖြူပေါင်မုန့်တွေ ရှိသေးတယ်။ ရာသီဥတုက ပူနေတော့ ကုန်အောင် မစားရင် သိုးသွားမှာပဲ။ မနက်ဖြန်မနက်ကျ မင်းတို့ကို နည်းနည်းထပ်ပေးမယ်”

ထို ရေအိတ်များနှင့် ငွေလက်စွပ်မြွေကို ဟဲကျစ်ယန်ရှေ့သို့ ချပေးပြီးနောက် ဆန်းတာ့ကျိုးက လှည့်ထွက်သွားခဲ့သည်။

ဟဲကျစ်ယန်သည် လူတစ်ယောက်လျှင် ပေါင်မုန့် ၂ခုစီ သေချာဝေူပေးလိုက်သည်။

ဂျုံဖြူ ပေါင်မုန့်များမှာ အရသာ မဆိုးလှသော်လဲ အရန်ဟင်း မပါသောကြောင့် အလွန် ခြောက်သွေ့နေကာ မျိုချရတာ ခက်ခဲလှပေသည်။

ဟဲကျစ်ယန်သည် ဟဲယွမ်မင် ပေးလိုက်သော အိတ်ကြီးကို ချက်ချင်း သတိရသွားသည်။

အထဲတွင် ဘာပါလဲ သူမ ဖွင့်မကြည့်ရသေးပေ။ ထို့ကြောင့် အထဲတွင် ပါသောအရာများကို ဘယ်သူမှ မသိကြပေ။

ဟဲကျစ်ယန်သည် အိတ်ထဲသို့ လက်နှိုက်လိုက်ပြီး စိတ်ဖြင့် နေရာလွတ်ထဲ ဝင်ရောက်လိုက်သည်။

သူမ အသစ်စက်စက် ဝယ်ထားသည့် အမဲသားနှပ်များက ရေခဲသေတ္တာထဲတွင် ရှိနေသေးသည်။

အမဲသားနှပ်၏ ပါကင်မှာ ပလတ်စတစ်ဖြစ်နေသောကြောင့် တခြားသူများ မမြင်စေရန် သူမ ဒီတိုင်း ထုတ်ယူ၍ မရပေ။ သို့သော် ဒီ‌ဘက်ခေတ်များတွင် အသုံးများကြသော ဆီစိမ်စက္ကူကိုလဲ သူမ ရှာမတွေ့နိုင်ဖြစ်နေသည်။

အကြံကုန်သွားသောကြောင့် ဟဲကျစ်ယန်သည် သူမလက်ဖြင့်သာ အမဲသားနှပ်များကို ဆုပ်ယူလိုက်တော့သည်။

ဒီလိုအချိန်မှာ ဇီဇာကြောင်နေလျှင် ကြောင်သူတော်ပင်။ သူမတို့ နည်းနည်းလောက် ပိုပြီး ကောင်းကောင်း စားနိုင်သရွေ့ သန့်ရှင်းမှုတို့ ဘာတို့ ဘာများလိုသေးလို့လဲ။

“အမေ မရီးတို့၊ ညီမလေး ဒါ ဒီနေ့ အဖေနဲ့ အမေ ထည့်ပေးလိုက်တဲ့ အမဲသားနှပ်တွေပဲ။ ပေါင်မုန့်နဲ့ အတူတူ စားကြပါ။”

ဟဲကျစ်ယန်က အမဲသားနှပ်များကို လက်တစ်ဆုပ်လိုက် ထုတ်လာတာမြင်သောအခါ သူမတို့ မျက်လုံးများ တောက်ပသွားကြ၏။

သို့သော် သူမတို့ ငယ်စဉ်ကတည်းက လိုက်နာခဲ့ရသော စည်းကမ်းမှာ အမျိုးသမီးများက ထိုကဲ့သို့ ပရမ်းပတာ မစားရပေ။ အထူးသဖြင့် အစားအစာများကို လက်နှင့်တိုက်ရိုက်ယူကာ စားခြင်းမျိုး မလုပ်ရပေ။

လူတိုင်းက တုံ့ဆိုင်းနေစဉ် သခင်မကြီးမော့က ပြောလိုက်သည်။

“အခုအချိန်တော့ ငါတို့ရဲ့ စည်းကမ်းတွေကို နည်းနည်းလျှော့ထားမှ အဆင်ပြေမယ်”

သခင်မကြီးမော့သည် အတွေးအမြင် ရှင်းလင်းသူပင်။ သူမသည် ယခုအခြေအနေအမှန်ကို ပထမဆုံး သဘောပေါက်ခဲ့သူလည်းဖြစ်သည်။ ထို့ကြောင့်ပင် သူမသည် အရာအားလုံးကို လက်ခံထားလိုက်တော့သည်။

နောက်ဆုံးတော့ ယခုအချိန်တွင် သူမတို့သည် ဂုဏ်သရေရှိ မိသားစု၏ ဇနီးများ သမီးများ မဟုတ်ကြတော့ပေ။

All Chapters