မြေကြီးပေါ်တွင် အိပ်စက်ခြင်း
Vol. 2 Ch. 26
မရီးရှစ်ယောက်နှင့် မော့ဟန်ယွဲ့သည် အမဲသားပေါင်းကို သွားရည်ကျနေကြပြီဖြစ်ရာ သခင်မကြီးမော့က ပြောလိုက်သောအခါ သူတို့စိတ်ထဲတွင် ထိုကဲ့သို့စားရန် စနိုးစနောင့် မဖြစ်မိကြတော့ပေ။
“အမေပြောတာ မှန်ပါတယ်။ ကျွန်မတို့က ချမ်းသာတဲ့မိသားစုရဲ့ ဇနီးတွေ သမီးတွေ မဟုတ်ကြတော့ဘူးလေ။ အခုတော့ ဗိုက်ပြည့်အောင် ဖြည့်နိုင်ရင်ပဲ ကံကောင်းလွန်းနေပါပြီ။”
“အဲ့ဒီ စည်းမျဉ်းစည်းကမ်းတွေကို မေ့ထားလိုက်ကြတော့။ ကျွန်မ ယန်မန်ရှင်းကတော့ အဲ့ဒါတွေကို ထပ်မလိုချင်တော့ဘူး။”
အလွန်ဗိုက်ဆာနေသောလူသည် စားစရာကိုမြင်သောအခါ အရာရာတိုင်းက အရသာရှိသည်ဟု ပြောစမှတ်ပြုကြသည်ပင်။
ထို့အပြုင် ဟဲကျစ်ယန်၏ လက်ထဲမှ အမဲသားပေါင်းမှာ အလွန် စားကောင်းမည့်ပုံပင်။ သူမတို့ အရင်တုန်းက စားခဲ့ဖူးသည်များထက်ပင် ပိုမွှေးနေသေးသည်။
တစ်ချိန်တုန်းက ကျက်သရေရှိပြီး စည်းမျဉ်းလိုက်နာသော အမျိုးသမီးတစ်စုမှာ အခုတော့ မြေကြီးပေါ်တွင်ထိုင်ကာ စားစရာကို အမဲဖျက်ဖို့ လုပ်နေသော ဝံပုလွေများလို ဖြစ်နေသောကြောင့် ဟဲကျစ်ယန်က သတိပေးစကား ပြောလိုက်သည်။
“အလျင်မလိုကြပါနဲ့၊ အိတ်ထဲမှာ ရှိပါသေးတယ်။ ဒါက မလောက်ဘူးဆိုရင် ထပ်ထုတ်လိုက်မယ်လေ။”
သူမ၏ နေရာလွတ်ထဲမှ ပစ္စည်းများမှာ ပြန်လည်ဖြည့်တင်းနိုင်စွမ်းရှိသောကြောင့် အမဲသားပေါင်းကို လိုသလောက် ရနိုင်ပေသည်။
သခင်မကြီးမော့သည် အမဲသားပေါင်းကို ကိုက်ကြည့်လိုက်သောအခါ ဤအသားက သူမ စားဖူးသမျှထဲတွင် အကောင်းဆုံးဟုပင် ခံစားလိုက်ရ၏။
သို့သော် သူမက ဟဲကျစ်ယန်၏ စကားကို သဘောမတူခဲ့ပေ။
“သမီးရဲ့ မိဘတွေ ပေးလိုက်တာကို ကိုယ့်အတွက်ကိုယ်လဲ နည်းနည်းသိမ်းထားပါ။ အကုန်လုံးကို ထုတ်ပြီး မျှပေးဖို့ မလိုဘူး။”
“အမေ ကျွန်မမှာ အများကြီး ရှိပါသေးတယ်။”
ဟဲကျစ်ယန်သည် ပြောပြီးနောက် လူတိုင်းကို မျှဝေပေးရန် လက်တစ်ဆုပ်စာ အမဲသားပေါင်းများကို ထပ်ထုတ်ယူလိုက်သည်။
ထိုအရာကိုမြင်ပြီးနောက် သခင်မကြီးမော့သည် သူမအား ထပ်မဖျောင်းဖျတော့ပေ။ သူမကိုယ်တိုင်သည်လည်း ဤအမဲသားပေါင်းအား အလွန်နှစ်ခြိုက်ပေသည်။
မော့အမျိုးသမီးများက မြေကြီးပေါ်တွင်ထိုင်ကာ ပေါင်မုန့်နှင့် အမဲသားပေါင်းများကို အားရပါးရစားနေကြသည်ကို ကြည့်ကာ တခြားမိသားစု ၄ ခုမှ လူများသည် မနာလိုသောကြောင့် အစိမ်းရောင်သို့ ပြောင်းလုနီးပါးပင်။
ဒီမော့မိသားစုက ဘာလို့ ဂျုံဖြူပေါင်မုန့်တွေ စားခွင့်ရှိနေတာလဲ။
ထို့အပြင် အရာရှိများက သူမတို့အား ရေအိတ်များ လာပေးကြသေးသည်။
သူတို့၏ ဗိုက်များမှာ ဆာလောင်မှုကြောင့် အော်ဟစ်နေကြပြီး သူတို့ ရေသောက်ချင်လျှင်လဲ အစောင့်များကို တောင်းတောင်းပန်ပန်နှင့် သောက်ရသည့်အပြင် ထိုအစောင့်များ စိတ်ကောင်းဝင်နေသည့်အခါမှသာ ပါးစပ်အပြည့် ရေတိုက်ပေလိမ့်မည်။
ယနေ့အတွင်း ကြာပွတ်နှင့် ရိုက်ခံရသော သင်ခန်းစာကြောင့် ထိုလူများသည် အလွန်ဒေါသထွက်နေကြသော်လဲ သူတို့၏ မကျေနပ်ချက်များကို ကျယ်ကျယ်လောင်လောင် မပြောရဲကြပေ။
သူတို့၏ မျက်လုံးများမှာ မီးဝင်းဝင်းတောက်နေပြီး မော့မိသားစုဝင်များ စားသောက်နေကြသည်ကို စိုက်ကြည့်နေကြလေသည်။
သူမတို့အပေါ် မဖော်ရွေသည့် ထိုအကြည့်များကို မော့အမျိုးသမီးများက သတိထားမိကြသည်။
သို့သော် သခင်မကြီးမော့၏ စကားအရ တစ်ယောက်မှ ခေါင်းထောင်မကြည့်ကြဘဲ ခေါင်းငုံ့လျက် ဂျုံဖြူပေါင်မုန့်များကိုသာ ဆက်စားနေကြသည်။
မော့မိသားစုဝင်များ စားသောက်ပြီးကြသောအခါ သခင်မကြီးမော့သည် ဟဲကျစ်ယန်၏ ဘေးသို့သွားကာ ခပ်တိုးတိုးပြောလိုက်သည်။
“ကျိုးယွီကို တစ်ခုခုစားခိုင်းဖို့ နည်းလမ်းရှာမှရမယ်။”
သခင်မကြီးမော့က မပြောလျှင်ပင် ဟဲကျစ်ယန်မှာ ထိုအကြောင်းကို တွေးနေပြီးသားပင်။
“အမေ ခဏလေးစောင့်လိုက်ပါဦး။ အကုန်လုံး အိပ်ပျော်သွားခဲ့အခါ ကျွန်မယောက်ျားအတွက် အစားအစာတွေ ယူသွားပေးပ့းမယ်။”
သစ်သားလှည်းပေါ်တွင် လဲလျောင်းနေရသော မော့ကျိုးယွီသည်လာ်း အမဲသားပေါင်း၏ အနံ့ကို ရရှိပေသည်။
ပုံမှန်အားဖြင့် အစားအသောက်ကို ဂရုမစိုက်တတ်သော ဤအမျိုးသားသည်ပင် တံတွေးများ မြိုချနေရတော့သည်။
ကံမကောင်းစွာပင် တခြားလူများအမြင်တွင် သူက မေ့မျောနေသောလူဖြစ်ရာ ပါးစပ်အပြည့်စားရမည့် အခွင့်အရေး မရနိုင်ခဲ့ပေ။
မော့မိသားစုဝင်များ စားသောက်နေကြစဉ်တွင် မော့ကျိုးယွီသည် ထိုနှိပ်စက်မှုကြီးကို ခက်ခက်ခဲခဲ တောင့်ခံထားခဲ့ရ၏။
သခင်မကြီးမော့သည် လူတိုင်းအား နေရာတစ်ခုစီ ရှာကာ အနားယူကြရန် ပြောလိုပ်သည်။
အနားယူမည့်အကြောင်း ပြောသောအခါ ဟဲကျစ်ယန်မှလွဲ၍ ကျန်လူများ မျက်နှာပျက်သွားကြရသည်။
“အမေ ကျွန်မတို့ ဒီလိုပဲ အိပ်ကြမှာလား” မော့ဟန်ယွဲ့သည် အခြေအနေကို သိနေသော်လဲ မနေနိုင်ဘဲ ပြောလိုက်မိ၏။
သခင်မကြီးမော့လဲ အကူအညီမဲ့နေသည်။
“ဟန်ယွဲ့ ငါတို့ မော့မိသားစုက အရင်တုန်းကလို မဟုတ်တော့ဘူး။ အသက်ရှင်နေတာပဲ ကံကောင်းလှပြီ၊ အများကြီး မတွေးနဲ့တော့။”
ထိုစကားကြောင့် မော့ဟန်ယွဲ့မှာ မျက်ရည်များ အဆက်မပြတ် ကျဆင်းလာတော့သည်။
သို့သော် သူမသည် အသိတရာရှိစွာဖြင့် ဘာမှ ထပ်မပြောတော့ပေ။
သခင်မကြီးမော့သည် ကလေး ၁၀ ယောက် မွေးဖွားခဲ့ရာ မော့ဟန်ယွဲ့ကသာ တစ်ဦးတည်းသော သမီးလေး ဖြစ်သည်။ မော့ဟန်ယွဲ့သည် သူမ ငယ်စဉ်ကတည်းက အလွန်အလိုလိုက်ခံခဲ့ရ၏။
သမီးဖြစ်သူ၏ ပုံစံကို မြင်ပြီးနောက် သခင်မကြီးမော့မှာ နှလုံးသားများ နာကျင်သွားရသည်။
သို့သော် ကံတရားကို သူမလဲ မတတ်နိုင်သောကြောင့် မော့ဟန်ယွဲ့တစ်ယောက် မကြာခင်ပင် အဖြစ်မှန်ကို လက်ခံရပေလိမ့်မည်။
“ဒီလောက်ခါးသီးမှုလေးတောင် သည်းမခံနိုင်ရင် ငါတို့ မော့မိသားစုရဲ့ ကလေးဖြစ်ဖို့ မထိုက်တန်ဘူး။”
မော့မိသားစု၏ ကလေးဖြစ်ရသည်မှာ မော့ဟန်ယွဲ့ ဂုဏ်အယူဆုံးအရာပင်။
သူမ၏ အဖေနှင့် အကိုများသည် တာ့ရွှင်းပြည်ထောင်စုကြီးကို ကာကွယ်ကြသည့် သူရဲကောင်းကြီးများ ဖြစ်ကြသည်။ သူမ၏ အမေထံမှ မော့မိသားစုရဲ့ ကလေးဖြစ်ဖို့ မထိုက်တန်ဘူးဟု ကြားလိုက်ရသောအခါ သူမသည် ချက်ချင်းပင် အငိုရပ်ကာ မျက်ရည်များကို အင်္ကျီလက်ဖြင့် အမြန်သုတ်လိုက်သည်။
“အမေ၊ မော့မိသားစုက ဆင်းရဲဒုက္ခကို မကြောက်ဘူး။ ဟန်ယွဲ့လဲ မကြောက်ပါဘူး။”
ပြောပြီးနောက် သူမသည် ခန္ဓာကိုယ်ကို ကွေးကာ သူမ မိခင်နားတွင် ဝင်လှဲလိုက်သည်။
သခင်မကြီးမော့မှာ သမီးဖြစ်သူကို ထပ်မကြည့်ရဲတော့ပေ။ သူမ ကြည့်လေလေ နာကျင်ရလေလေလဖြစ်သောကြောင့် အဝေးသို့သာ အကြည့်လွှဲလိုက်တော့သည်။
ဟဲကျစ်ယန်သည် မော့ကျိုးယွီအား ညဘက်တွင် အစာခိုးကျွေးဖို့ရန်အတွက် သစ်သားလှည်းနှင့် ဆန့်ကျင်ဘက်တွင် လှဲချလိုက်သည်။
သူမ၏ ယခင်ဘဝတွင် တောတွင်းမစ်ရှင်များရှိပါက အပြင်တွင် အိပ်နေကျဖြစ်ရာ သူမအတွက်တော့ မခက်ခဲလှပေ။
ယောက္ခမနှင့် တခြားလူများက အနားယူရန် လဲလျောင်းလိုက်ကြသောကြောင့် မရီးများသည်လဲ တခြား ဘာမှမတွေးတော့ဘဲ တစ်ယောက်နှင့်တစ်ယောက် ပူးကပ်ကာ မြေကြီးပေါ်တွင် အိပ်လိုက်ကြတော့သည်။
လမ်းလျှောက်ခဲ့ရသောကြောင့် လူတိုင်းက ပင်ပန်းနေကြသည်ဖြစ်ရာ လှဲလိုက်သည်နှင့် ချက်ချင်းပင် အိပ်ပျော်သွားကြသည်။
ဟဲကျစ်ယန်က မအိပ်ပေ။ ထိုနေရာတွင်သာ လှဲနေပြီး အိပ်ချင်ဟန်ဆောင်နေလိုက်၏။
သူမသည် လူတိုင်းအိပ်ပျော်သွားပြီလားဟု မျက်လုံးဖွင့်ကာ စူးစမ်းတော့မည့် အချိန်တွင် ဒုတိယမရီးက ထထိုင်လိုက်သည်ကို တွေ့လိုက်ရသည်။
ဒုတိယမရီးသည် ဟဲကျစ်ယန်၏ ဘေးနားသို့ တိတ်တိတ်လေးလာကာ တိုးတိုးလေး မေးလိုက်သည်။ “ယောင်းမငယ်လေး အိပ်ပျော်သွားပြီလား။”
ဟဲကျစ်ယန်လဲ နှစ်ယောက်သာ ကြားနိုင်မည့်အသံဖြင့် ဖြေလိုက်သည်။ “အိပ်မပျော်သေးဘူး ဒုတိယမရီး တစ်ခုခုလိုလို့လား။”
လရောင်အောက်တွင် ဒုတိယမရီးမှာ တစ်ခုခုတောင်းဆိုစရာ ရှိနေကြောင်း ရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။
“အဲ့ဒါ ...အမ် ... ယောင်းမငယ်လေး၊ ကျွန်မ ဂျုံဖြူပေါင်မုန့် တစ်ခုလောက် တောင်းချင်လို့ပါ”
ဒုတိယမရီးဟည် စကားပြောနေရင်းပင် သူမ၏ အင်္ကျီစများကို လက်ဖြင့် အဆက်မပြတ် ပွတ်သပ်နေသောကြောင့် သူမ အလွန်စိတ်လှုပ်ရှားနေကြောင်း သိသာပေသည်။
ဟဲကျစ်ယန်သည် ဒုတိယမရီး၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်လိုက်၏။ သူမ၏ မိသားစုဆီ ယူပေးလိုခြင်းပင်။
သို့သော် ထိုမိသားစုများက မော့မိသားစုအား ရန်လိုကြသည်ဖြစ်ရာ သူမသည်လည်း ကောင်းမှုကုသိုလ်ပြုလိုသော အရူးတစ်ယောက် မဖြစ်ချင်ပေ။
ဒုတိယမရီး၏ မိသားစုက တခြားမိသားစုများကဲ့သို့ မော့မိသားစုအပေါ် မရိုင်းစိုင်းခဲ့သော်လဲ သူတို့၏ မျက်လုံးထဲမှ အမုန်းတရားများကိုတော့ ဖုံးကွယ်ထားရန် မဖြစ်နိုင်ကြပေ။
“ဒုတိယမရီး၊ မရီး ဗိုက်မဝလို့လား” ဟဲကျစ်ယန်က တုံးအဟန်ဆောင်ကာ မေးလိုက်သည်။
ဒုတိယမရီးက ခေါင်းခါလိုက်၏။
“ဟင့်အင်း ကျွန်မ တူလေးကို စားစေချင်လို့ပါ”
ထိုစကားကို ကြားပြီးနောက် ဟဲကျစ်ယန်က သူမအား ပေါင်မုန့်မပေးသည်ကို မြင်သောအခါ ဒုတိယမရီးသည် သူမက မပေးချင်လို့ဖြစ်ကြောင်း သိလိုက်၏။
“ယောင်းမလေး ကျွန်မအဖေနဲ့ တခြားလူတွေ မော့မိသားစုအပေါ် အထင်လွဲနေတာ ရှိနေတာနေမှာပါ။ ခုဏက လူတွေတအားများနေတော့ အဲ့ဒီအကြောင်း မပြောခဲ့ရဘူး။
ကျွန်မတွေးထားတာက ညရောက်လို့ အကုန်လုံး အိပ်ပျော်သွားရင် တူလေးအတွက် ပေါင်မုန့်ယူသွားပြီး အဲ့ဒီအကြောင်းပါ သွားမေးမလို့ပါ”
ဒုတိယမရီးက အများကြီး ရှင်းပြပြီးဖြစ်သောကြောင့် ဟဲကျစ်ယန်လဲ ဒီတိုင်း မနေနိုင်တော့ပေ။
ထို့အပြင် တစ်ဖက်လူက ကလေးတစ်ယောက်အတွက် ပေါင်မုန့်လိုချင်တာ ဖြစ်သည်။ လူကြီးတွေကြားမှ အမုန်းတရားက ကလေးနှင့် မဆိုင်ပေ။
ထို့အပြင် တခြားမိသားစုများက အဘယ့်ကြောင့် မော့မိသားစုကို အလွန်အမင်း ရန်လိုနေရလဲဆိုတာ ဖော်ထုတ်နိုင်ဖို့ အခွင့်အလမ်းကောင်းလဲ ဖြစ်ပေသည်။
ဟဲကျစ်ယန်သည် အိတ်ထဲမှ ဂျုံဖြူမုန့်တစ်ခုကို ထုတ်ပေးလိုက်ပြီး သူမအိတ်ထဲ လက်နှိုက်ကာ အမဲသားပေါင်းနှစ်ခုကိုပါ ထုတ်လိုက်သည်။
“ဒုတိယမရီး ဒါတွေယူသွားပါ”
အမဲသားပေါင်းများကိုပါ မြင်ရသောအခါ ဒုတိယမရီးမှာ တုန်လှုပ်စွာ ကျေးဇူးတင်လိုက်သည်။
“ကျေးဇူးတင်ပါတယ် ယောင်းမလေး။ ကျွန်မ ဖြစ်ခဲ့သမျှ အခြေအနေတွေကို သေချာလေး မေးခဲ့ပါမယ်”
“ဒုတိယမရီး၊ မြန်မြန်သွားနော်” ဟဲကျစ်ယန်သည် အပြစ်ကင်းစွာ ပြုံးပြလိုက်၏။
ဒုတိယမရီး ထွက်သွားသောအခါ ဟဲကျစ်ယန်သည် ဘေးပတ်ဝန်းကျင်အား ထပ်စစ်ဆေးကြည့်လိုက်သည်။
အစောင့်များသည် မိသားစုတစ်ခုစီ၏ အနီးတွင် နေရာခွဲထားပြီး တစ်နေရာစီတွင် ညစောင့် တစ်ယောက်စီ ရှိနေကြသည်။
မော့မိသားစုအား ညစောင့်ကျသည်မှာ ဆန်းတာ့ကျိုး ဖြစ်သည်။ သူက ရည်ရွယ်ချက်ရှိရှိ သက်ညှာပေးခြင်းလား မသိသော်လဲ ဒုတိယမရီးက ရှဲ့မိသားစုရှိရာသို့ သွားလိုက်သည်ကို တွေ့သော်လဲ သူမအား မတားမြစ်ပေ။