← Chapters

ဂီတပညာရှင်

Vol. 015 Ch. 1494

ဂီတပညာရှင်

Vol. 015 Ch. 1494

ကောင်းကင်အာဏာစက်ဘုံသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ကောင်းကင်နတ်တံခါးမှ ဂူထျန်းရှင်းနှင့် ကောင်းကင်အာဏာစက် ပြည်ထောင်ဘုရင် အဟောင်းနှင့် အသစ်တို့ ကြားမှ တိုက်ပွဲ ဖြစ်ပွားပြီးစဉ်ကတည်းက အေးချမ်းနေခဲ့သည်။

သို့သော် ယခုတွင် နောက်ထပ် စစ်ပွဲတစ်ခု ဖြစ်ပွားခဲ့ပြီး ကောင်းကင်အာဏာစက်ဘုံ တစ်ခုလုံးကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။

ဤတိုက်ပွဲတွင် ထိပ်သီးအင်အားစု ငါးခု ပါဝင်ပတ်သက်နေပြီး ကောင်းကင်အာဏာစက်ဘုံမှ မရေတွက်နိုင်သော လူများကို စိတ်မသက်မသာ ခံစားရစေသည်။ အချိန်တိုလေးအတွင်းမှာပင် ဤစစ်ပွဲ၏ အသေးစိတ်အချက်အလက်များက နတ်ဆိုးဘုံအပါအဝင် ကောင်းကင်အာဏာစက်ဘုံ တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။ ၎င်းသည် အမှန်တကယ် စိတ်လှုပ်ရှားဖွယ် ဖြစ်လာသည်။

ဤစစ်ပွဲသည် ဂူထျန်းရှင်း ခေတ် ပြီးသည့်နောက်၌ ကောင်းကင်အာဏာစက်ဘုံတွင် အကြီးကျယ်ဆုံးစစ်ပွဲ ဖြစ်လာသည့်အတွက် လွှမ်းမိုးမှုသည်လည်း အလွန် အားကောင်းပေသည်။

ဤတိုက်ပွဲတွင် ကောင်းကင်နတ်တံခါးက ဖျက်ဆီးခံလိုက်ရသည်။  ကောင်းကင်နတ်တံခါးဂိုဏ်းသည် မဟာဝင်္ကပါကို အသက်သွင်းကာ နတ်တံခါးမှ တန်ခိုးရှင်များအားလုံးကို ရွှေ့ပြောင်းသွားခဲ့သည်။ သို့သော် သူတို့ကို စောင့်ကြပ်ပေးခဲ့သည့် တန်ခိုးရှင်အချို့က ထွက်ခွာမသွားခဲ့ဘဲ ကောင်းကင်နတ်တံခါး၏ ထိပ်သီးပုဂ္ဂိုလ်သုံးယောက်ပင် ကျန်ရစ်ခဲ့၏။

ကျန်းကလန်မှ ကျန်းချန်ကျီသည် ကောင်းကင်အာဏာစက် ပြည်ထောင်သို့ သွားခဲ့ပြီး များပြားလှသည့် တန်ခိုးရှင်များသည် သူ့ကြောင့် ဒဏ်ရာအများအပြား ရရှိခဲ့သလို အသတ်ခံခဲ့ကြရသည်။

သို့သော် ခရမ်းရင့်ကောင်းကင်နန်းတော်သည် အဆိုးဆုံးပင် ဖြစ်သည်။ ဟွားကလန်ခေါင်းဆောင် ဟွားကျန့်ရှန်သည် စိတ်လွတ်ကာ နတ်ဆိုးတစ်ကောင်လို ဖြစ်လာပေသည်။ သူ၏ အဖြူရောင်ဝတ်စုံက ခရမ်းရင့်ကောင်းကင်နန်းတော်မှ များပြားလှသော ရန်ဟောင်တန်ခိုးရှင် သွေးများ စွန်းထင်းနေခဲ့သည်။ ပြောရလျှင် ကျန်းယွမ်နှင့် အခြားသူတို့၏ အသက်များက ဟွားကျန့်ရှန်၏ ထိန်းချုပ်မှုအောက်တွင် ရောက်ရှိနေပြီး အတွေးတစ်ချက်နှင့်ပင် သူသည် ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်များ အားလုံးကို သုတ်သင်ပစ်နိုင်လေသည်။

သို့သော် ဟွားကျန့်ရှန်က ထိုသို့မလုပ်ခဲ့ဘဲ ကောင်းကင်အာဏာစက်ဘုံရှိ လူများကို ခရမ်းရင့်ကောင်းကင်နန်းတော်သို့ သွားရောက်ခဲ့သော ဟွားကျန့်ရှန်အား ကြင်နာတတ်သူဟု ထင်မှတ်စေခဲ့သည်။

သူ့ကဲ့သို့ အခြေအနေမျိုးသို့ ကျရောက်နေသည့် မည်သူမဆို ထိုသူများအားလုံးကို သတ်ပစ်ရန် ရွေးချယ်ကြပေလိမ့်မည်။

သို့သော် ကောင်းကင်နတ်တံခါးသည် ကံမကောင်းခဲ့ပေ။ ဝမ်ကလန်ခေါင်းဆောင် ဝမ်ယွိသည် သူ၏ မိသားစုကို ကောင်းကင်နတ်တံခါးသို့ ပြန်လည် ဝင်ရောက်စေချင်ခဲ့သော်လည်း ကျရှုံးခဲ့သည်။ သို့သော် သူက ကောင်းကင်နတ်တံခါး အန္တရာယ်အတွင်း ကျရောက်သည့်အခါ၌ ကောင်းကင်နတ်တံခါးဘက်မှ ရပ်တည်ခဲ့သည်။

ဝမ်ယွိသည် ဤဝမ်းနည်းဖွယ် တိုက်ပွဲအတွင်း ခရမ်းရွှေကြွက်ဘုရင်ကြောင့် ဒဏ်ရာအများအပြား ရရှိခဲ့သည်။ မကြာခင်၌ သူသည် ကွယ်လွန်သွားခဲ့သော်လည်း ကောင်းကင်နတ်တံခါး၏ ဂုဏ်သရေကို ရှင်သန်စေခဲ့၏။ ထိုသည်မှာ သူက မည်သည့်အခါကမှ ထွက်ခွာမသွားခဲ့သလိုမျိုးပင် ဖြစ်သည်။

သူက အတိတ်၌ အမှားတချို့ရှိခဲ့သော်လည်း ဤဝမ်းနည်းဖွယ် တိုက်ပွဲအတွင်း သူသည် ထိပ်သီးရန်ဟောင်ပုဂ္ဂိုလ်တစ်ယောက်၏ ရဲရင့်မှုနှင့် သစ္စာရှိမှုကို ပြသခဲ့သည်။ သူသည် ကောင်းကင်နတ်တံခါး၏ ဂုဏ်သရေကို မြှင့်တင်ပေးခဲ့သည့်အတွက် ကောင်းကင်နတ်တံခါး၏ တန်ခိုးရှင်တစ်ယောက် ဖြစ်ရန် ထိုက်တန်ပေသည်။

တိုက်ပွဲကြီးက ပြီးဆုံးသွားခဲ့သည်။ ထို့နောက်တွင် ကောင်းကင်အာဏာစက် ပြည်ထောင်နှင့် ခရမ်းရင့်ကောင်းကင်နန်းတော်ကဲ့သို့သော ထိပ်သီးအင်အားစုများသည် ထွက်ခွာမသွားခဲ့သည့် ကောင်းကင်နတ်တံခါးမှ တန်ခိုးရှင်များကို အသည်းအသန် လိုက်ရှာနေကြပြီး ရှာတွေ့ခဲ့သည့် သူများမှာ အသတ်ခံခဲ့ကြရသည်။ သို့သော် ထို့နောက်တွင် သူတို့ ရှာတွေ့ခဲ့သည်မှာ ဟွားကျန့်ရှန်နှင့် ကျန်းချန်ကျီတို့သည်လည်း သူတို့၏ ရန်ဟောင်အဆင့်ပုဂ္ဂိုလ်များစွာကို သတ်ဖြတ်ခဲ့ခြင်းကိုပင် ဖြစ်၏။

ဤထိပ်သီးပုဂ္ဂိုလ်နှစ်ဦးသည် ကောင်းကင်အာဏာစက်ဘုံမှ ထွက်ခွာမသွားခဲ့ဘဲ ကောင်းကင်အာဏာစက် ပြည်ထောင်နှင့် ခရမ်းရင့်ကောင်းကင်နန်းတော်မှ လူများကို ရတက်မအေးရစေရန် လုပ်ဆောင်နေသည်။

ထို့ပြင် ထိုသည်မှာ သူတို့နှစ်ယောက်ကို ဝိုင်းရံသတ်ဖြတ်ရန် စိန်ခေါ်လိုက်ခြင်း ဖြစ်ပေလိမ့်မည်။ သို့သော် သူတို့က တိတ်တဆိတ် လှုပ်ရှားနေကြသည်ဖြစ်ရာ ကောင်းကင်အာဏာစက် ပြည်ထောင်နှင့် ခရမ်းရင့်ကောင်းကင်နန်းတော်က သူတို့ကို သတ်ဖြတ်ရန်မှာ ခက်ခဲပေသည်။ ပြည်ထောင်ဘုရင်နှင့် နန်းတော်သခင်တို့မှာ စိုးရိမ်သောက ရောက်နေကြရသည်။ သူတို့က ထိုခေါင်းဆောင်နှစ်ယောက်အား ရှာမတွေ့မချင်း သူတို့ကို လုပ်ကြံသတ်ဖြတ်ဖို့ရာ အခွင့်အရေး ရမသွားစေရန် တစ်ယောက်တည်း မနေရဲကြတော့ပေ။

ဤအခြေအနေက ကာလရှည်တိုက်ပွဲ ဖြစ်တော့မည်ကို လူတိုင်းက နားလည်ကြပြီး ကောင်းကင်အာဏာစက်ဘုံက ငြိမ်းချမ်းတော့မည် မဟုတ်ပေ။

ကောင်းကင်နတ်တံခါး၏ အဓိကအရေးပါသော လူများကိုတော့ သူတို့သည် မဟာဝင်္ကပါဖြင့် အမှန်တကယ်ပင် အဝေးသို့ ပို့ဆောင်လိုက်ပြီဖြစ်ရာ ကောင်းကင်အာဏာစက်ဘုံ၌ မရှိကြတော့ပေ။ ကောင်းကင်အာဏာစက် ပြည်ထောင်နှင့် ခရမ်းရင့်ကောင်းကင်နန်းတော်မှ ထိုသူတို့၏ သတင်းကို စုံစမ်းရန်အတွက် အခြားဘုံများသို့ လူများစေလွှတ်ထားသည်ဟု ကောလာဟလများလည်း ရှိပေသည်။ ကြည့်ရသည်မှာ သူတို့သည် ဤသည်ကို အသုံးချ၍ အမှောင်ထဲ၌ ပုန်းကွယ်နေသော ကျန်းချန်ကျီနှင့် ဟွားကျန့်ရှန်တို့ကို ခြိမ်းခြောက်ရန် ကြိုးစားနေပုံရလေသည်။

ကောင်းကင်အာဏာစက်ဘုံရှိ အရာအားလုံးသည် နတ်ဆိုးဘုံမှ မှော်ဝိဇ္ဇာ ပြောခဲ့သော ကောင်းကင်အာဏာစက်ဘုံ၌ အပြောင်းအလဲများ ဖြစ်လာလိမ့်မည်ဟူသည့်အတိုင်း အမှန်တကယ် ဖြစ်လာခဲ့ပေသည်။

ကောင်းကင်နတ်တံခါးဂိုဏ်းက ပျောက်ကွယ်သွားပြီး ခရမ်းရင့်ကောင်းကင်နန်းတော်က ပြန်လည် တည်ဆောက်ခဲ့ရသည်။

ထိုသည်က ပြောင်းလဲမှုများ၏ အစကနဦးသာ ဖြစ်နေမည်လား။

လတ်တလောတွင် ကောင်းကင်အာဏာစက်ဘုံ၌ ကိစ္စအများအပြား ဖြစ်ပွားခဲ့ရာ တစ်ခုချင်းစီက လူအများ၏ နှလုံးသားတို့ကို ထိခတ်စေခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းတွင် အချိန် နှစ်လမျှ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

ကောင်းကင်အာဏာစက်ဘုံတစ်ခုလုံးတွင် ထိုတိုက်ပွဲ၏ အရိပ်က လွှမ်းမိုးထားဆဲပင် ဖြစ်သည်။ ယခုချိန်ထိ ကောင်းကင်အာဏာစက်ဘုံ၏ ထိုနေရာ၌ မဟာလမ်းစဉ် အကြွင်းအကျန်များစွာ ကျန်ရှိနေသေး၏။ လူအများသည် ဤနေရာသို့ လာကာ စွမ်းအား အကြွင်းအကျန်များကို လာရောက်ခံစားကြည့်ကြပေသည်။

ထိုအခိုက်တွင် နတ်အလင်းတန်းနှစ်ခုက ဆင်းသက်လာခဲ့သည်။ လူအုပ်ကြီးသည် မော့ကြည့်လိုက်ပြီး ချက်ချင်း တိတ်ဆိတ်သွားခဲ့သည်။ လူတိုင်းက လှုပ်ရှားနေသည်များကို ရပ်တန့်လိုက်ပြီး ထွက်ပေါ်လာသည့် ထိုပုဂ္ဂိုလ်နှစ်ဦးအား ကြည့်လိုက်သည်။

သူတို့ နှစ်ဦးမှာ ကျန်းချန်ကျီနှင့် ဟွားကျန့်ရှန်တို့ ဖြစ်ကြသည်။

သူတို့သည် ကောင်းကင်တွင် ရပ်တန့်နေကာ လေဟာနယ်စွမ်းအား အကြွင်းအကျန်တို့ကို လေ့လာဆန်းစစ်နေသည်။ တိုက်ပွဲပြီးနောက် ကျန်ရစ်ခဲ့သည့် ဤတိုက်ပွဲမြေပြင်သည် အချို့သော အကြွင်းအကျန် အစအနများသာလျှင် ကျန်ရစ်ခဲ့ပြီး သူတို့က ထိုနေရာမှနေ၍ ပြင်းထန်သော ခံစားချက်များကို ခံစားနိုင်ကြပေသည်။

ဤနေရာတွင် ဝမ်ယန်ပင်းက လက်နက်ချအညံ့ခံခဲ့သည်။

ဝမ်ယွိသည်လည်း ဤနေရာ၌ သေဆုံးခဲ့၏။

သူတို့က လမ်းလျှောက်ဆင်းလာကာ နေရာတစ်ခုသို့ ရောက်ရှိလာသည်။ မြေပြင်ပေါ်တွင် အဖြူရောင်အလင်း အကြွင်းအကျန်တို့ ရှိနေသေးပြီး ကျိုးပဲ့နေသည့် ဓားတစ်လက်၏ အပိုင်းအစတို့လည်း ရှိနေခဲ့သည်။ ဓားအပိုင်းအစတွင် အားကောင်းလှသည့် ဓားစွမ်းအားများ ပါဝင်နေကာ မည်သူကမှ ထိုအပိုင်းအစအနီးသို့ မချဉ်းကပ်ရဲခဲ့ကြပေ။

ကျန်းချန်ကျီသည် ထိုနေရာသို့ လျှောက်သွားကာ အပိုင်းအစကို ကောက်ယူလိုက်ကာ လက်တစ်ဖက်တွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်ပြီး ရှေ့သို့ ကြည့်နေခဲ့သည်။

“ကောင်းကင်နတ်တံခါးဂိုဏ်း ကျန်းကလန်ခေါင်းဆောင် ကျန်းချန်ကျီ”

“ကောင်းကင်နတ်တံခါးဂိုဏ်း ဟွားကလန်ခေါင်းဆောင် ဟွားကျန့်ရှန်”

သူတို့ နှစ်ယောက်လုံးသည် ဝမ်းနည်းမှုစွက်နေသည့် အသံဖြင့် တစ်ပြိုင်တည်း ပြောလိုက်ကြသည်။ သူတို့က ကျယ်လောင်စွာ ကြေညာလိုက်၏။ “ဒီနေ့မှာ ဝမ်ကလန်က ကောင်းကင်နတ်တံခါးကို ဝင်ရောက်ခွင့်ရခဲ့ပြီး ကောင်းကင်နတ်တံခါးရဲ့ မိသားစုဝင် ဖြစ်လာခဲ့ပြီ”

ထိုစကားလုံးများကို ပြောပြီးနောက် နှစ်ယောက်လုံးသည် နတ်အလင်းများအဖြစ်သို့ ပြောင်းလဲသွားကာ သူတို့ ဤနေရာကို မည်သည့်အခါကမှ ရောက်မလာခဲ့သလို ပျောက်ကွယ်သွားလေသည်။ သို့သော် သူတို့ ကြေညာခဲ့သည့် အသံက ကောင်းကင်အထက်တွင် အချိန်အတော်ကြာသည်ထိ ပဲ့တင်ထပ်နေခဲ့သည်။

ဝမ်ကလန်သည် ကောင်းကင်နတ်တံခါးသို့ ဝင်ရောက်ခွင့် ရခဲ့ပြီး ဝမ်ကလန်မှ တပည့်သားမြေးအားလုံးသည်လည်း ကောင်းကင်နတ်တံခါး၏ မိသားစုဝင်များ ဖြစ်လာပေလိမ့်မည်။

လူအများသည် အချိန်အတော်ကြာသည်ထိ ထိတ်လန့်တုန်လှုပ်နေခဲ့ကာ သူတို့၏ သွေးများဆူပွက်လာသလို ခံစားလိုက်ကြရသည်။ ဝမ်ယွိသည် ကောင်းကင်နတ်တံခါးဂိုဏ်း ဂုဏ်သရေကို မြှင့်တင်ပေးခဲ့ပြီး ကောင်းကင်နတ်တံခါးကလည်း သူ့ကို စိတ်ပျက်စေလိမ့်မည် မဟုတ်ပေ။

ယနေ့တွင် ဝမ်ယွိ၏ တစ်သက်တာလုံး စိတ်ကူးခဲ့သမျှ ဆန္ဒတို့က ပြည့်ဝခဲ့ရပြီ ဖြစ်သည်။

သို့သော် ကောင်းကင်နတ်တံခါးဂိုဏ်း ပြန်ရောက်လာသည့် နေ့ရက်၌ မည်သည့် မြင်ကွင်းမျိုး ဖြစ်လာလိမ့်မည်နည်း။

မည်သူမှ မသိရှိခဲ့ကြပေ။

ကောင်းကင်အာဏာစက်ဘုံ၏ မုန်တိုင်းက ပြင်းထန်လာနေပြီး မည်သူက အနာဂတ်အကြောင်း သိရှိလိမ့်မည်နည်း။

…

ကောင်းကင်အာဏာစက်ဘုံတွင် ဖြစ်ပျက်သမျှ အရာအားလုံးတို့သည် သိပ်မကြာခင်မှာပင် အခြားဘုံများသို့ ပျံ့နှံ့သွားခဲ့ပေသည်။

ကောင်းကင်နတ်တံခါး၏ မဟာဝင်္ကပါကို အသက်သွင်းလိုက်သည့်အခါတွင် ကောင်းကင်နတ်တံခါးမှ လူများကို မတူညီသည့် ဘုံများသို့ ပို့ဆောင်ပေးလိုက်ကြသည်။

အထက်ဘုံများတွင် အမြင့်မြတ်ဆုံး ကျင့်ကြံနယ်မြေမှာ ရှန့်ရှောင်းနန်းတော် ဖြစ်သည်။

ရှန့်ရှောင်းနတ်ဘုရားနန်းတော်ရှိ နန်းတော်ခန်းမတစ်ခု၌ တစ်စုံတစ်ယောက်သည် အဝေးသို့ ငေးနေခဲ့သည်။ ထိုသူသည် ထည်ဝါသည့် ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ မျက်လုံးများတွင်လည်း ရွှေရောင်နတ်အလင်း ဖျော့ဖျော့ လင်းလက်နေသည်။ သူသည် ကောင်းကင်အာဏာစက် ပြည်ထောင်၏ အိမ်ရှေ့စံ ရီထျန်းယွိ ဖြစ်ပေသည်။

ကောင်းကင်အာဏာစက်ဘုံ၏ သတင်းများသည် အထက်ကောင်းကင်ဘုံသို့လည်း ရောက်ရှိလာကာ သူသည် နတ်ဘုရားနန်းတော်၌ ကျင့်ကြံနေစဉ်အတွင်း ထိုသတင်းကို လက်ခံရရှိခဲ့သည်။

အစတွင် သူ၏ အဖေက သူ့အား ထွက်ခွာသွားရန် ပြောခဲ့သည့်အခါကပင် သူသည် ကောင်းကင်အာဏာစက် ပြည်ထောင်က ကောင်းကင်နတ်တံခါးနှင့် ရင်ဆိုင်တော့မည်ကို သိရှိပေသည်။ မဟုတ်လျှင် သူ့အဖေက သူ့ကို ချက်ချင်း ပြန်လွှတ်လိမ့်မည် မဟုတ်ပေ။

ယခုတွင် သူသည် ဖွင့်ဆိုရှင်းပြ၍ မရနိုင်သော ခံစားချက်တို့ကို ခံစားနေရသည်။ သူသည် ကောင်းကင်အာဏာစက် ပြည်ထောင်က ရှင်သန်နိုင်ပြီး ကောင်းကင်နတ်တံခါးကို ဖျက်ဆီးနိုင်ရန် မျှော်လင့်မိသော်လည်း တစ်ချိန်တည်းမှာပင် သူသည် ဂူတုံးလျှိုနှင့် ရီဖူရှင်းတို့အား စောစောစီးစီး ကျဆုံးမသွားစေချင်ခဲ့ပေ။

ဤပြိုင်ဘက်နှစ်ဦးက သူ၏ ကျင့်ကြံခြင်းလမ်းစဉ်၌ သူ့ကို မည်သည့်အခါမှ အနားမယူဘဲ ရှေ့သို့ ဆက်လျှောက်နေရန် တွန်းအားဖြစ်စေခဲ့သည်။

ကောင်းကင်အာဏာစက်ဘုံတွင် သူတို့နှစ်ဦးလုံးသည် ဤခေတ်အခါ၌ ထွန်းတောက်သည့် ပုဂ္ဂိုလ်များ ဖြစ်လာပေလိမ့်မည်။

သို့သော် အဆုံးမှာတော့ ကောင်းကင်အာဏာစက် ပြည်ထောင်က ကျရှုံးခဲ့သည်။ ကောင်းကင်နတ်တံခါးက မဟာဝင်္ကပါကို ဖွင့်လှစ်ကာ သူတို့၏ တန်ခိုးရှင်များကို အဝေးသို့ ပို့ဆောင်ခဲ့သည်။ ပြောကြသည်မှာ သူတို့သည် မတူညီသည့် ဘုံများသို့ ပို့ဆောင်ခံလိုက်ရသည်ဟူ၍ ဖြစ်လေသည်။

ယခုလက်ရှိ၌ ရီဖူရှင်းနှင့် ဂူတုံးလျှိုက မည်သည့် နေရာတွင် ရှိနေသနည်း။

ထိုအချိန်တွင် ရီထျန်းယွိ၏ နောက်မှ ခြေသံများကို ကြားလိုက်ရသည်။ တစ်ယောက်ယောက်က သူ့အား ခပ်တိုးတိုး မေးလိုက်၏။ “ရှင် ဘာတွေ စဉ်းစားနေတာလဲ”

သူမက ပြောပြီးနောက်တွင် ရီထျန်းယွိ၏ ဘေးသို့ လျှောက်လာကာ သူနှင့်အတူ အဝေးကို ငေးကြည့်နေခဲ့သည်။ သူမ၏ အသံက အလွန် ချိုမြိန်လှပကာ သူမ အသံကို ကြားရသူတိုင်းသည် သူမ၏ ရုပ်သွင်ကို သိလိုကြမည်မှာ အသေအချာပင် ဖြစ်သည်။ သူမ၏ မျက်နှာကလည်း အလွန်ပင် ကျက်သရေရှိ လှပကာ မည်သူ့ကိုမှ စိတ်ပျက်စေလိမ့်မည် မဟုတ်ပေ။

“ဘာမှမဟုတ်ပါဘူး” ရီထျန်းယွိက သူမကို ပြုံးပြရင်း ပြောလိုက်သည်။

ဤမိန်းကလေးသည်လည်း ရှန့်ရှောင်းနန်းတော်၏ အဓိက တပည့် ဖြစ်သည်။ သူမသည် အလွန် အရည်အချင်းရှိပြီး  အထက်ကောင်းကင်ဘုံမှ ထိပ်သီးအင်အားစု၏ မင်းသမီးတစ်ပါးလည်း ဖြစ်သည်။ သူမသည် ရီထျန်းယွိက ကောင်းကင်အာဏာစက်ဘုံ၌ မကောင်းသည့် ဖြစ်ရပ်များ တွေ့ကြုံခဲ့ရပြီး သူ၏ လက်ထပ်ခွင့်တောင်းခံခြင်းသည်ပင် ငြင်းဆန်ခံခဲ့ရသည်ဟု ကြားခဲ့သည်။

“ရှင့်မိသားစုအကြောင်း တွေးနေတာ ဖြစ်မယ်။ ဟုတ်တယ်မလား။ ကျွန်မလည်း နည်းနည်းပါးပါး ကြားထားပါတယ်” ထိုမိန်းကလေးက ပြုံးကာ ပြောလိုက်သည်။ “ကောင်းကင်အာဏာစက်ဘုံရဲ့ မုန်တိုင်းက တဖြည်းဖြည်း ပြင်းထန်လာနေတယ်။ ဘုံကိုးဘုံကိုလည်း အဲဒီအဖြစ်ကြောင့် သက်ရောက်မှု ရှိလာနိုင်တယ်။ ကျွန်မတို့ အလုပ်ကြိုးစားသင့်တယ်”

“အင်း” ရီထျန်းယွိက ခေါင်းညိတ်ကာ ပြောလိုက်သည်။ ဘုံကိုးဘုံသည် နှစ်ပေါင်းများစွာ တည်ငြိမ်နေခဲ့သော်လည်း အခြေအနေက အချိန်မရွေး ပြောင်းလဲသွားနိုင်သည်။ ကောင်းကင်အာဏာစက်ဘုံက ဥပမာကောင်းပင် ဖြစ်၏။ သူက ရှန့်ရှောင်းနန်းတော်၏ တပည့် ဖြစ်ပြီး ပြိုင်ဘက်ကင်းသော ပါရမီအရည်အချင်း ရှိသူတစ်ယောက် ဖြစ်လျှင်ပင်  လက်တွေ့၌ သူ၏ လက်ရှိအဆင့်သည် ဘုံကိုးဘုံရှိ အခြားသော ထိပ်သီးအင်အားစုများမှ တန်ခိုးရှင်တို့နှင့် ယှဉ်နိုင်ရန် လုံလောက်ခြင်း မရှိသေးပေ။

…

အထက်ကောင်းကင်ဘုံရှိ နယ်မြေတစ်ခု ဖြစ်သော ထိုက်ရွှမ်ဒေသတွင် အဓိကမြို့တော်မှာ ထိုက်ရွှမ်မြို့ ဖြစ်သည်။

မြို့အတွင်းရှိ အဆင့်အမြင့်ဆုံး စားသောက်ဆိုင်မှာ ထိုက်ရွှမ်မြို့ကို အစွဲပြု၍ ထိုက်ရွှမ်စားသောက်ဆိုင်ဟု ခေါ်လေသည်။

ဤစားသောက်ဆိုင်သည် ပုဂ္ဂိုလ်ကြီးအများအပြားကို လက်ခံထားသည်။

စားသောက်ဆိုင် အလွန် ခမ်းနားထည်ဝါကာ ကျယ်ပြန့်လှပြီး တော်ဝင်နန်းတော်ကဲ့သို့ပင် များပြားလှသော တန်ဖိုးကြီး အသုံးအဆောင်များဖြင့် တန်ဆာဆင်ထားသည့် ခမ်းခမ်းနားနား ထည်ထည်ဝါဝါ  အဆောက်အဦများဖြင့် ဖွဲ့စည်း ဆောက်လုပ်ထားသည်။ မြင့်မားသည့် အဆောက်အအုံများတွင် အထူးတလည် ပြင်ဆင်ထားသည့် ထိုင်ခုံတို့ကို ခင်းကျင်းထားပြီး အပြင်ဘက်၌ ဥယျာဉ် ရှိပေသည်။

ထိုအချိန်တွင် စားသောက်ဆိုင် ဥယျာဉ်အတွင်းမှ ဝိုင်ရနံ့ထွက်ပေါ်လာနေသည်။ ထိုရနံ့သည် အလွန် ဆွဲဆောင်မှုရှိကာ ရနံ့ခံကြည့်ရုံမျှဖြင့် အလွန် စွဲမက်ဖွယ် ကောင်းလှသည်။ ထိုက်ရွှမ်စားသောက်ဆိုင်သည် အမြဲပင် အကောင်းဆုံးသော အရက်များကိုသာ တည်ခင်းဧည့်ခံပြီး အားလုံးသော အရက်များနှင့် စားသောက်ဖွယ်ရာများက အလွန် ဈေးကြီးပေသည်။ သာမန်လူများသည် မည်သည့်အခါမှ ဝင်ရောက်ရဲကြလိမ့်မည် မဟုတ်ပေ။

ထိုကဲ့သို့သော ဈေးကြီးသည့် စားသောက်ဆိုင်တွင် ဂီတမှာ မရှိမဖြစ် လိုအပ်ပေသည်။

ဥယျာဉ်အတွင်း၌ စံအိမ်တစ်ခုရှိသည်။ စံအိမ်အနီးတွင် မက်မွန်ပင်များရှိပြီး ပွင့်လန်းနေကာ ဖြည်းညင်း ကြွေကျနေသည့် အရွက်များက နေရာတစ်ခုလုံးကို ဖုံးလွှမ်းထားသည်။

တစ်စုံတစ်ယောက်သည် ဥယျာဉ်စံအိမ်အတွင်း၌ ကု့ချင်းတီးခတ်နေသည်။ ရှုမြင်ကွင်းက အလွန် လှပနေပြီး ကု့ချင်းဂီတသည် မြင်ကွင်းနှင့် ပနံရနေကာ စားသောက်ဆိုင်အတွင်း အေးချမ်းသာယာသည့် ခံစားချက်ကို ဖြစ်ပေါ်နေစေသည်။

အချို့သော ဧည့်သည်များက သောက်ရင်းစားရင်းဖြင့် ထိုစံအိမ်သို့ ကြည့်နေကြသည်။ ရှေးဟောင်းကု့ချင်း၏ ရှေ့တွင် အဖြူရောင်ဝတ်စုံနှင့် ပုံရိပ်တစ်ခု ထိုင်နေပြီး ပြေလျော့နေသည့် အနက်ရောင်ဆံပင်တို့က သူ၏ ပခုံးများတစ်ဝိုက်တွင် ရစ်ခွေကျဆင်းနေသည်။ သူ၏ မျက်နှာက အပြစ်အနာကင်းမဲ့ကာ ချောမောလှပြီး သူ၏ ပြိုင်ဘက်ကင်း ခန့်ညားမှုကို လူတိုင်းက ချီးကျူးချင်လာအောင် ပြုလုပ်နေသည်။

သူ့တွင် အလွန် ထူးခြားသည့် အရှိန်အဝါ ရှိနေပေသည်။

“ရှန်သခင်လေးရဲ့ ဂီတကျွမ်းကျင်မှုကတော့ တကယ့်ကို ပြိုင်ဘက်ကင်းပါပဲ။ သူက ဂီတလမ်းစဉ်စွမ်းရည်ကို အသုံးပြုတဲ့အချိန်မှာ ဘယ်လောက် အစွမ်းထက်မလဲဆိုတာတော့ သိချင်မိသား” စားသောက်ဆိုင်အတွင်းမှ ဧည့်သည့်အချို့က အပြုံးနှင့် ဆွေးနွေးနေကြသည်။

“ကျုပ် ကြားတာတော့ မကြာသေးခင်က ဒီနေရာကို ပြဿ      နာရှာတဲ့ ဧည့်သည်တချို့ ရောက်လာတော့ ရှန်သခင်လေးက ကု့ချင်းသံစဉ်နဲ့ သူတို့ရဲ့ စိတ်ကို အေးချမ်းစေခဲ့ပြီး အဲဒီကိစ္စကို အလွယ်တကူ ဖြေရှင်းခဲ့တယ်လေ”

“သူ့ဆရာက ဘယ်သူလဲတော့ ကျုပ် မသိဘူး။ ဒါပေမဲ့ သူ့ဆရာက တကယ့်ကို သာမန်မဟုတ်တဲ့လူ ဖြစ်ရမယ်” တစ်ယောက်က တိုးညင်းစွာ ပြောလိုက်သည်။ လောကရှိ အားလုံးသော လမ်းစဉ်များက ဆက်စပ်နေပြီး သူက ကု့ချင်းကို ဤမျှအဆင့်ထိ မြင့်မားအောင် ကျွမ်းကျင်ပိုင်နိုင်သည် ဖြစ်ရာ သူက ထူးချွန်သည့်သူ ဖြစ်ရပေမည်။

ထိုက်ရွှမ်စားသောက်ဆိုင်က သူ့အား ဖိတ်ကြားထားသည်မှာ မထူးဆန်းပေ။

“ပြောကြတာတော့ ရှန်သခင်လေးက ကု့ချင်းဓားသိုင်းကို ကျင့်ကြံတယ်တဲ့။ အထွတ်အထိပ် ဓားစွမ်းအားကို ထုတ်လွှတ်ဖို့ ကု့ချင်းဂီတကို သုံးနိုင်တယ်တဲ့လေ”

“တကယ်လား။ အခွင့်အရေးလေးများရှိရင် ကျုပ်လည်း မြင်ချင်စမ်းပါဘိ”

လူတိုင်းက စကားပြောနေကြစဉ် ကု့ချင်းဂီတသံက တဖြည်းဖြည်း ရပ်တန့်သွားသည်။ ပြတင်းပေါက်နားတွင် ထိုင်နေပြီး စံအိမ်ကထဲမှ ဂီတပညာရှင်အား ကြည့်နေသည့် သူက ပြောလိုက်သည်။ “တကယ်လို့များ ရှန်သခင်လေး စိတ်ဝင်စားရင် ကျွန်မရဲ့ ကု့ချင်းတီးခတ်သူ ဖြစ်ပေးနိုင်မလား”

လူအများသည် အသံလာရာကို လိုက်ကာ မော့ကြည့်လိုက်ကြသည်။ စကားပြောလိုက်သည့်သူမှာ ပြစ်မျိုးမှဲ့မထင် လှပပြီး အချိုးအစားကျနသည့် ခန္ဓာကိုယ်နှင့် စွဲမက်ဖွယ် မျက်နှာကို ပိုင်ဆိုင်ထားသည့် အမျိုးသမီးတစ်ဦး ဖြစ်သည်။ မည်သူမှ သူမထံက အကြည့်မလွဲှဖယ်နိုင်ကြသော်လည်း သူမသည် ရန်ဟောင်အဆင့် ပုဂ္ဂိုလ်ဖြစ်ကာ သူမ၏ ခန္ဓာကိုယ်မှ ခြိမ်းခြောက်နိုင်သော စွမ်းအားများ ထုတ်လွှတ်နေသည်။

ဂီတပညာရှင်က သူမကို မော့ကြည့်လိုက်၍ ထရပ်ကာ ပြုံးရင်း ပြောလိုက်သည်။ “ကမ်းလှမ်းမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ဒီကနေ ထွက်သွားဖို့ ဆန္ဒမရှိပါဘူး”

သူမက သူ့ကို ပြုံးကာ ကြည့်လိုက်ပြီးနောက် သူမ၏ ခန္ဓာကိုယ်က လှစ်ခနဲ လှုပ်ရှားသွားသည်။ ရုတ်ခြည်းပင် များပြားလှသည့် တန်ခိုးရှင်များသည်လည်း တစ်ချိန်တည်း လေထဲသို့ သွားလိုက်ကြသည်။ ဝေါယာဉ်တစ်ခုက လေထဲတွင် ပေါ်ပေါက်လာ၏။ သူမ၏ နူးညံ့သော ခြေဖဝါးက လေထဲသို့ ခြေချလိုက်ကာ ဝေါယာဉ်ထဲ ဝင်သွားခဲ့သည်။ သူမက လူငယ်ထံသို့ တစ်ချက်ကြည့်ပြီးနောက် ထွက်ခွာသွားခဲ့သည်။

လူငယ်က ကု့ချင်းအား တွန်းဖယ်လိုက်ပြီးနောက် ထရပ်ကာ ထွက်ခွာသွား၏။ သူသည် အသွင်အပြင် ပြောင်းလဲထားသည့် ရီဖူရှင်း ဖြစ်ပေသည်။

သူသည် ကောင်းကင်အာဏာစက်ဘုံမှ အထက်ကောင်းကင်ဘုံသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။

***

All Chapters