လျှို့ဝှက်နယ်ပယ်အောင်မြင်ခြင်း၊ နတ်ဆိုးကျင့်ကြံသူများ၏ “အခွင့်အလမ်း”
Vol. 35 Ch. 655
ကျန်းချန်ရွှမ်က အပြင်သို့ထွက်လိုက်သည်နှင့် သူသည် ရှန်းရူယန်၏ရယ်သံနှင့် နှုတ်ဆက်ခံလိုက်ကြသည်။
“ယောက်ျား၊ ဂုဏ်ပြုပါတယ်။
ရှင် အဆင့် ၆ အစီအရင် ဆရာဖြစ်သွားပြီပဲ။”
ကျန်းချန်ရွှမ်က အပြုံးနှင့် ပြန်ဖြေလိုက်သည်။
“ဟဲဟဲ၊ ကိုယ်ကမင်းကိုကျေးဇူးတင်ရမှာပါ။
မင်းရဲ့ဆက်တိုက်လမ်းပြမှုသာမရှိရင် ကိုယ်ဒီလောက်အမြန်တိုးတက်နိုင်မှာမဟုတ်ဘူး။”
ထိုစုံတွဲက အပြန်အလှန်ချီးကျူးလိုက်ကြသည်။
ခနအကြာ၌။
ရှန်းရူယန်ကပြောသည်။ “ရှင်ဂူပိတ်ကျင့်ကြံနေတုန်း ကျွန်မတို့လူသားမျိုးနွယ်က နတ်ဆိုးသားရဲတွေဆီကနေ နောက်ထပ်တစ်ကြိမ်တိုက်ခိုက်ခံခဲ့ရတယ်။
ဒါပေမဲ့ဒီတစ်ခေါက်က သားရဲတွေက သာမန်မဟုတ်ဘူး။ သူတို့က နတ်ဆိုးချီကနေဖောက်ပြန်ပြီး ကျွန်မတို့ခေါ်တဲ့ “နတ်ဆိုးမကောင်းဆိုးဝါး”အနေနဲ့လာကြတာ။”
ထိုစကားကိုကြားလျှင် ကျန်းချန်ရွှမ်၏အပြုံးက မှေးမှိန်သွားခဲ့သည်။
“နတ်ဆိုးမျိုးနွယ်က တကယ်ပဲ နောက်ဆုံးထိဒီလမ်းကိုရွေးချယ်လိုက်တာလား?
သူတို့က သူတို့ရဲ့အဆင့်နိမ့်သားရဲတွေကို နတ်ဆိုးချီနဲ့စွန်းထင်းလိုက်ဖို့ ဆန္ဒရှိတယ်ပေါ့။
သူတို့ကို သစ္စာဖောက်ခံရမှာကို မစိုးရိမ်ကြဘူးလား?”
ရှန်းရူယန်က သူမ၏ခေါင်းကိုခါလိုက်သည်။
“ဒီအချိန်မှာ သူတို့အတွက် အခြားရွေးချယ်စရာမရှိလို့ဖြစ်မယ်။
အကယ်၍ သူတို့ကို ဒီလောကကတာဝန်မခံပေးဘဲ လူသားမျိုးနွယ်ဆီက အမြစ်ပြတ်သုတ်သင် မခံရချင်ရင် ဒီတစ်လမ်းပဲသူတို့အတွက်ကျန်တော့ပုံရတယ်။”
ကျန်းချန်ရွှမ်က ထိုပြောဆိုချက်နှင့်သဘောတူပေသည်။
လက်ရှိအခြေအနေအရဆုံးဖြတ်ကြည့်လျှင် ပြင်ပအင်အားများက သူတို့၏လောကအား သန့်စင်လိုလျှင် နတ်ဆိုးမျိုးနွယ်က ခံစားရမည်မှာ ပထမဆုံးဖြစ်လိမ့်မည်။
လောက၏ဆန္ဒသည် လက်ရှိတွင်ချမှတ်ထားပြီးသားဖြစ်ကာ သူတို့နှင့်ရင်ဆိုင်၍ မရနိုင်ပါ။ သို့သော် လွတ်လပ်သွားခဲ့လျှင် နတ်ဆိုးမျိုးနွယ်သည် လွယ်ကူစွာနှင့် လွတ်ပေးခံရမည်မဟုတ်ပေ။
လူသားမျိုးနွယ်လည်း အပါအဝင်ပင်ဖြစ်သည်။
မျိုးနွယ်နှစ်ခု၏အာဃာတများက နှစ်ပေါင်းများစွာရှည်ကြာနေသည့် သွေးရန်ငြိုးပင်ဖြစ်သည်။
အကယ်၍ လူသားမျိုးနွယ်က အထက်တွင်ရှိနေလျင် သူတို့သည် နတ်ဆိုးမျိုးနွယ်အား လွယ်ကူသောအချိန်ကို ပေးမည်မဟုတ်ပေ။
ထိုစကားဝိုင်းက ထိုခေါင်းစဉ်၌ပင် ကြာရှည်စွာမရှိနေပါ။ ကျန်းချန်ရွှမ်က အခြားအရာကိုပြောင်းပြောလိုက်သည်။
“စကားမစပ် နတ်ဆိုးမကောင်းဆိုးဝါးတွေ ကိုယ်တို့လူသားမျိုးနွယ်ကိုလာတိုက်ခိုက်တဲ့အချိန်က နတ်ဆိုးတွေ အပေါ်ကော သက်ရောက်သွားသေးလား?”
ရှန်းရူယန်၏အမူအရာက လေးနက်သွားပေသည်။
“ယောက်ျား၊ ကျွန်မရှင့်ကိုပြောချင်တာ အဲ့ကိစ္စပဲ။
လက်ရှိအခြေအနေအရ နတ်ဆိုးမျိုးနွယ်က အရေးကြီးတဲ့အထိ သက်ရောက်တဲ့ပုံမပေါ်ဘူး။
သူတို့က အဲ့ဒီအရိပ်တွေထဲမှာ ပုန်းနေပြီး ဒီနည်းလမ်းက လူသားမျိုးနွယ်ရဲ့ခုခံခြင်းအချိန်ကာလကို ကျော်လွန်နိုင်လားဆိုတာ အတည်ပြုနေပုံပဲ။”
“အဲ့လိုမျိုးလား?”
ကျန်းချန်ရွှမ်က မျက်လုံးကျဉ်းသွားသည်။
“အကယ်၍ ဒါသာအမှန်ဆိုရင် ပြသနာဖြစ်လာတော့မှာပဲ။
လက်ရှိအခြေအနေအရ သူတို့က အဓိကစစ်ပွဲကိုတော့ စဖို့ မရဲလောက်သေးဘူး။
ဒါပေမဲ့ ကိုယ်တို့ အဆင့်နိမ့်လူသားမြို့တွေက အရေးကြီးတဲ့ပြသနာတွေနဲ့ရင်ဆိုင်ရလိမ့်မယ်။
မိန်းမ၊ ဒီကိစ္စကို တစ်ကြိမ်ထဲနဲ့အကုန်လုံးကို ဖြေရှင်းဖို့အချိန်ကျပြီ။”
“ရှင်ဆိုလိုတာက..?”
ရှန်းရူယန်၏မျက်လုံးများကျဉ်းသွားသည်။
“မှန်တယ်။”
ကျန်းချန်ရွှမ်က ခေါင်းညိတ်လိုက်သည်။
“အဆုံးမဲ့ပင်လယ်၊ ရုန်ဟန်ကျီရှန်းနဲ့ စီနီယာ ရွှမ်းယန်တို့ကို သတင်းပို့လိုက်ပါ။
ကိုယ်တို့ တည်နေရာကိုက…”
အနည်းငယ်တွေးဆပြီးနောက်၊ ကျန်းချန်ရွှမ်က ပြောလိုက်သည်။
“နေရာကိုက ရှေးဟောင်းမြစ်သဲကန္တာရထဲမှာထားကြတာပေါ့။ အဲ့တာက သေခြင်းသဲကန္တာရရဲ့အစွန်မှာရှိတယ်။
ဒီနည်းလမ်းနဲ့ အကယ်၍ တစ်ခုခုဖြစ်ရင်တောင် ကိုယ်တို့ရဲ့ မြောက်ပိုင်းနယ်နိမိတ်ကို သက်ရောက်မှု ရှိမှာမဟုတ်ဘူး။
ဒါပေမဲ့ အဲ့တာမတိုင်ခင်မှာ ကိုယ်တို့ ကြိုတင်ကာကွယ်မှုအချို့တော့လုပ်ဖို့လိုအပ်မယ်..။”
ကျန်းချန်ရွှမ်က သူ၏အတွေးများကို ရှန်းရူယန်အား ပြောပြလိုက်သည်။
.....
လဝက်အကြာတွင်။
ရှေးဟောင်းမြစ်သဲကန္တာရထဲတွင်ဖြစ်သည်။
ကောင်းကင်သခင်သုံးဦးဖြစ်သည့် အဆုံးမဲ့ပင်လယ်၊ ရုန်ဟန်ကျီရှန်းနှင့် ရွှမ်းယန်တို့သည် ကျန်းချန်ရွှမ်နှင့် သူဇနီးတို့၏ အစီအစဉ်ကိုကြားလျှင် ခေါင်းညိတ်လိုက်ကြသည်။
“ဒီလိုဆိုရင် ကျုပ်တို့ စစ်မှန်နတ်ဆိုးအမွေခံလျှို့ဝှက်နယ်ပယ် အတုကို ကျန်းနဲ့ ရှန်းအကြံပေးသလို ဒီနေရာမှာ ပြင်ဆင်ကြမယ်။”
“ကောင်းတယ်။”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ချက်ချင်းပင် အမျိုးမျိုးသော ပစ္စည်းများအား အစီအရင်ပြုလုပ်ရန် ယူထုတ်လာခဲ့သည်။
ထိုအရာကိုမြင်လျှင်၊ ကောင်းကင်သခင် ရုန်ဟန်ကျီရှန်း၊ အဆုံးမဲ့ပင်လယ်နှင့် ရွှမ်းယန်တို့သည်လည်း သက်ဆိုင်သောပစ္စည်းများအား သူတို့၏ခန္ဓာကိုယ်ထဲမှ ယူထုတ်လာခဲ့သည်။
ပစ္စည်းများအားလုံးသည် အနည်းဆုံး အဆင့် ၄ တွင်ရှိသည်။
၎င်းတို့တွင် အဆင့် ၆ သို့ရောက်နေသည့်ပစ္စည်းများပင် များစွာပါရှိသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က အချိန်မဖြုန်းတော့ပါ။
သူတို့သည် အဆင့် ၆ အစီအရင်စွမ်းအားကို လျှို့ဝှက်နယ်ပယ်၏ အခြေခံကိုတည်ဆောက်ဖို့ရန် သုံးခဲ့ပြီး သူတို့၏ နေရာလပ်စည်းမျဉ်းကို နားလည်ခြင်းကိုသုံးကာ တဖြည်းဖြည်းတည်ငြိမ်စေရန် ပြုလုပ်ခဲ့သည်။
ကောင်းကင်သခင်သုံးဦးဖြစ်သည့် ရုန်ဟန်ကျီရှန်း၊ အဆုံးမဲ့ပင်လယ်နှင့် ရွှမ်းယန်တို့က ထိတ်လန့်သွားကြသည်။
အထူးသဖြင့် အဆုံးမဲ့ပင်လယ်နှင့် ရုန်ဟန်ကျီရှန်းတို့ဖြစ်သည်။
မြောက်ပိုင်းနယ်နိမိတ်မှ ကောင်းကင်သခင်များအနေဖြင့် သူတို့သည် ချက်ချင်းပင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ နေရာလပ်စည်းမျဉ်းများအပေါ်နားလည်မှုက ထိပ်သို့ရောက်နေပြီဖြစ်ကာ သူတို့ထပ်ပင် ကျော်လွန်နေပြီဖြစ်ကြောင်း ပြောနိုင်သည်။
သူတို့နှစ်ဦးသည် နှစ်ပေါင်းတစ်ရာကျော်အချိန်အတွင်း မည်သို့ကျင့်ကြံနိုင်ခဲ့သနည်း?
တွေးမိပြီးနောက် အဆုံးမဲ့ပင်လယ်၊ ရုန်ဟန်ကျီရှန်းနှင့် ရွှမ်းယန်သည်လည်း အလကားမနေတော့ပါ။
သူတို့သည် ထိုစုံတွဲ၏ တောင်းဆိုချက်ကြောင့် ပတ်ပတ်လည်နေရာလပ်ကို တည်ငြိမ်အောင် ထိန်းသိမ်းထားလေကာ လျှို့ဝှက်နယ်ပယ်၏နေရာလပ်အား အပြင်ကမ္ဘာနှင့် မထပ်စေရန်နှင့် မတိုက်သွားစေရန် သေချာအောင်လုပ်နေကြသည်။
ပြီးနောက်တွင် တခနအတွင်း ရှစ်နှစ်ကုန်ဆုံးသွားသည်။
ထိုနေ့တွင်၊
ရှန်းရူယန်က ကျောက်စိမ်းအဆောင်ဖြင့် စစ်မှန်နဂါးချီကိုပေါင်းစပ်ကာ လေဟာနယ်ထဲတွင် စည်းချလိုက်သည်။
သူမနှင့် ကျန်းချန်ရွှမ်တို့ပူးပေါင်းအားထုတ်မှုဖြင့် သူတို့သည် ရှေ့မှ နေရာလပ်အား စည်းချလိုက်တော့သည်။
၎င်းသည် သူတို့၏ လျှို့ဝှက်နယ်ပယ်အားလုပ်ကြံဖန်တီးခြင်းပြီးဆုံးသွားသော လက္ခဏာပင်ဖြစ်သည်။
“စင်ကတော့ပြင်ပြီးပြီ။ အခု ပွဲစဖို့အချိန်ရောက်ပြီ။”
ကျန်းချန်ရွှမ်ကအပြုံးနှင့်ပြောလိုက်သည်။
“ပထမဆုံး ကျုပ်တို့က ဒီလျှို့ဝှက်နယ်ပယ်ကိုတွေ့တဲ့ ပထမဆုံးလူဖြစ်လို့မရဘူး။
အထူးသဖြင့်၊ နတ်ဆိုးကျင့်ကြံသူ သို့ နတ်ဆိုးသားရဲတွေ မထင်မှတ်ဘဲတွေ့ကြုံရတာမျိုး ဖြစ်သင့်တယ်။
သူတို့က လျှို့ဝှက်နယ်ပယ်ရဲ့အတားအဆီးကို အမှတ်မထင် ထိမိတာနဲ့ ဖွင့်ဖို့အစပျိုးသွားလိမ့်မယ်။
စစ်မှန်နတ်ဆိုးချီကို တွေ့သွားတာနဲ့ အရိပ်ထဲမှာ ပုန်းကွယ်နေတဲ့လူတွေက ဆက်သည်းခံနိုင်မှာ မဟုတ်ဘူးဆိုတာ ကျုပ်ယုံကြည်တယ်။
သူတို့ အတွင်းမှာပဲနေချင်ရင်တောင် သဘောမတူတဲ့သူတွေရှိမှာကို စိုးရိမ်တယ်။”
“ဟမ်? တာအိုရောင်းရင်းကျန်း၊ ခင်ဗျားပြောချင်တာက?”
အဆုံးမဲ့ပင်လယ်၊ ရုန်ဟန်ကျီရှန်း နှင့် ရွှမ်းယန်သည် ရုတ်တရက် တစ်ခုခုကို တွေးမိသွားပြီး သူတို့၏အမူအရာက ပြောင်းလဲသွားသည်။
ကျန်းချန်ရွှမ်က ခေါင်းညိတ်လိုက်သည်။
ပြီးနောက်၊ သူသည် ကောင်းကင်ကိုညွှန်ပြပြီး သေချာစွာပြောလိုက်သည်။
“မှန်တယ်၊ ဒါဟာစစ်မှန်နတ်ဆိုးချီဆိုတာကို ခင်ဗျားတို့သိရမယ်။ အကယ်၍ ဒါက စစ်မှန်နတ်ဆိုးအမွေအနှစ်နဲ့ ဆက်စပ်နေမယ်ဆိုရင် ခင်ဗျားတို့ကိုမဆွဲဆောင်နိုင်ဘူးလား?
အကယ်၍ အဲ့တာက ၉၀ ရာခိုင်နှုန်း အတုမှန်းသိနေရင်တောင် တစ်ခါလောက် စစ်ဆေးကြည့်ချင်နေဦးမှာပဲ မလား?”
ကျန်းချန်ရွှမ်၏ အဖြေမလိုသည့်မေးခွန်းကြောင်း လူတိုင်းက ပြုံးကာ ခေါင်းညိတ်လိုက်ကြသည်။
ရှင်းလင်းစွာပင် သူတို့၏ပြိုင်ဘက်များသည် ထိုကဲ့သို့သော်အခွင့်အရေးကိုလွတ်ထွက်သွားမည်ကို ခွင့်ပြုမည်မဟုတ်ကြောင်း နားလည်ကြသည်။
အကယ်၍ အစစ်အမှန်နတ်ဆိုးအမွေအနှစ်ဖြစ်နိုင်သည့် အခွင့်အရေးမှာ ၁၀ ရာခိုင်နှုန်းအောက် လျော့နည်းသော်လည်း လက်လျော့လိမ့်မည်မဟုတ်ပေ။
၎င်းသည် အမှောင်ထဲတွင်ပုန်းနေသူများနှင့် ရင်ဆိုင်နိုင်ရန် အခွင့်အရေးဖြစ်ပေလိမ့်မည်။
......
နှစ်ဝက်အကြာတွင်၊
ရှေးဟောင်းမြစ်သဲကန္တာရ၏မျက်နှာပြင်ကို ဖြတ်ကာ တဖြည်းဖြည်းနှင့် မှေးမှိန်လာသည့် အညိုနှင့် အနက်ရောင် အလင်းတန်းများကို တွေ့လိုက်ရသည်။
ပထမ၌ မည်သူမှ ထိုအလင်းတန်းများအား သတိမပြုမိကြပေ။
သို့ရာတွင် အချိန်ကြာလာသည်နှင့် အမျှ လအနည်းငယ်အကြာတွင် ထိုအလင်းတန်းများသည် ပို၍ ပေါ်လွင်လာသည်။
နောက်လအနည်းငယ်ကြာတွင်။
အလွန်လျို့ဝှက်သည့် များစွာသောပုံရိပ်များက ရုတ်တရက် ထိုနေရာတွင် ပေါ်ထွက်လာခဲ့သည်။
သူတို့သည် အညိုနှင့်အနက်ရောင် အလင်းတန်းများထွက်နေသော စီးဆင်းနေသော နေရာကိုကြည့်ကာ သူတို့၏မျက်နှာများသည် အံ့ဩခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ ပေါ်လာလေသည်။
“ဒါက နက်မှောင်တဲ့ မကောင်းဆိုးဝါးချီပဲ။ ကျုပ်တို့ရဲ့ကျင့်ကြံခြင်းအတွက် တကယ်ကောင်းတယ်။ ပြီးတော့ ကျုပ်တို့ နတ်ဆိုးချီကို သိပ်သည်းစေဖို့ အကူအညီဖြစ်နိုင်တယ်။” မျက်လုံးအနီနှင့် လူက စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ ပြောလိုက်သည်။
သို့ရာတွင် သူက မကြာမီတွင် ပဟေဠိဖြစ်လာသည်။
“ထူးဆန်းတယ်။ ကျုပ်တို့ ရှေးဟောင်းမြစ်သဲကန္တာရကို အရင်ကရောက်ဖူးတာပဲ ဒါမဲ့ ကျုပ်တို့လာလို့ ဒီမှောင်မိုက်ပြီးမကောင်းဆိုးဝါးချီကို ဘာလို့ အခုမှ သတိပြုမိတာလဲ?”
စကားပြောနေရင်း သူတို့၏အကြည့်သည် အနက်ရောင်ချီ၏ရင်းမြစ်ဖြစ်သည့် အနက်နှင့်အညိုရောင်သဲပေါ်သို့ ရောက်သွားသည်။
ထိုနေရာတွင် တစ်ခုခုပုန်းကွယ်ထားခြင်းဖြစ်နိုင်ပါသလား သို့ ….
ထိုဖြစ်နိုင်ချေက သူတို့အားဆွဲဆောင်နေကာ သူတို့၏မျက်နှာများ၌ မသိစိတ်မှ လောဘများပေါ်နေခဲ့သည်။
အကယ်၍ သူတို့၏ခန့်မှန်းချက်က မှန်လျှင်၊ ၎င်းသည် အခွင့်အရေးဖြစ်နိုင်ပြီး သူတို့၏လက်ရှိကံကြမ္မာကို ပြောင်းလဲနိုင်သောအရာဖြစ်နိုင်သည်။
“အားလုံးပဲ ဒီနေရာက ဘာမှန်းတိတိကျကျမသိသေးဘဲ အလောတကြီး လုပ်ဆောင်မှုမပြုဖို့ ကျုပ် အကြံပြုချင်ပါတယ်။
ကျုပ်တို့တစ်ယောက်မှဒီလိုရှားပါးတဲ့အခွင့်အရေးက အလကားဖြစ်သွားတာကို မမြင်ချင်ကြဘူးမလား?
ဒါကြောင့် ကျုပ်အကြံပြုချင်တာက၊
အကယ်၍ ဒီနေရာကို ကျုပ်တို့အတူတူ အတည်ပြုဖို့လုပ်ပြီးမှ အထဲမှာရှိတဲ့ အခွင့်အလမ်းကိုရဖို့ ကိုယ့်အားကိုယ်ကိုးကြရင် ကောင်းမယ်။
ဘယ်လိုထင်ကြလဲ?”
ထိုမျက်လုံးနီနှင့်လူက စကားပြောလို့ပြီးသည်နှင့် နှစ်သက်ဖွယ်ကောင်းသည့်အသွင်အပြင်နှင့်အမျိုးသမီးသည် တခစ်ခစ်ရယ်ကာ သဘောတူလိုက်သည်။
“ကျွန်မ ရောင်းရင်း အနီရောင်မျက်လုံးရဲ့ အကြံပြုချက်ကို လက်ခံတယ်။ ကျွန်မတို့အထဲမှာ ဘာရှိလဲ မတွေ့ရသေးဘဲနဲ့ ဒီနေရာမှာ ပြသနာမလိုအပ်ဘဲဖြစ်စေလို့မရဘူးလေ။”
“ကျုပ်လည်းသဘောတူတယ်။” ငွေရောင်မျက်နှာဖုံးနှင့် လူက ပြောလိုက်သည်။
အခြားသူများသည် မသိနိုင်သည့်အန္တရာယ်များအား စိုးရိမ်နေသည့်တိုင် ဖြစ်နိုင်ချေရှိသည့် မမျှော်လင့်ထားဘဲ ရလာမည့်အခွင့်အလမ်းများကို လက်မလွတ်လိုက်ချင်ပါ။
သူတို့၏ဆုံးဖြတ်ချက်အား စုစည်းလိုက်ပြီး နတ်ဆိုးကျင့်ကြံသူအုပ်စုသည် မျက်လုံးနီနှင့်လူ ဦးဆောင်၍ နက်မှောင်ပြီး မကောင်းဆိုးဝါးဆန်သည့်ချီ၏ အရင်းအမြစ်ဆီသို့ ချဉ်းကပ်သွားခဲ့သည်။
ကျီ,,,
ရုတ်တရက် သူတို့သည်ထိုနယ်မြေမှ ဆယ်မီတာအတွင်း နီးကပ်သွားသောအခါ သူတို့၏ရှေ့တွင် အတားအဆီးတစ်ခုပေါ်လာကာ သူတို့အား တားဆီးထားခဲ့သည်။
“ဒါက…
လျှို့ဝှက်နယ်ပယ်ရဲ့အတားအဆီးပဲ။” တိုင်းတပါးမှ အမျိုးသမီးက တုန်လှုပ်စွာအော်လိုက်သည်။
အခြားသူများကလည်း ထိတ်လန့်သွားသည်။
သူတို့သည် သူတို့၏အရှေ့တွင်မြင်နေရသည်မှာ တကယ်ပင် လျှို့ဝှက်နယ်ပယ်၏ အတားအဆီး ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားပါ။
၎င်းသည် ထိုအတားအဆီး၏နောက်တွင် လျှို့ဝှက်နယ်ပယ်တစ်ခုရှိနေလိမ့်မည်ဟု ဆိုလိုခြင်းမဟုတ်ပါလား?
လျှို့ဝှက်နယ်ပယ်ထဲတွင် ရတနာများနှင့် အမွေအနှစ်များကို တွေ့ရနိုင်သည့် ကြိုတင်သိနေခြင်းက ထိုအုပ်စုထဲ စိတ်လှုပ်ရှားမှုကိုထည့်ပေးလိုက်သည်။
မသိစိတ်မှ လူတိုင်း၏ အသက်ရှုသံက ထိုအချိန်တွင် အနည်းငယ်လေးလံနေခဲ့သည်။
သူတို့၏မျက်လုံးများသည် ဟန်မဆောင်ထားသော လောဘများဖြင့်ပြည့်နေကာ အတားအဆီးကို ကြည့်နေကြသည်။
ကံကောင်းစွာပင် လူတိုင်းက လောဘဖြင့် အမှောင်ဖုံးခံရခြင်းမရှိပေ။
ငွေရောင်မျက်နှာဖုံးနှင့်လူက ပြောလိုက်သည်။
“အားလုံးပဲ၊ ကျုပ်တို့ဒီတစ်ခေါက်အရမ်းအရေးပါတဲ့အရာကို တွေ့ရနိုင်တယ်ဆိုတာ သေချာတယ်။
ဒါပေမဲ့ ကျုပ်တို့က လျှို့ဝှက်နယ်ပယ်က ဘယ်လိုပုံစံရှိလဲဆိုတာ မသိရသေးဘူး။
အကယ်၍ အားလုံးကတိုက်ခိုက်ချင်ရင်တောင်မှ အခုတော့တိုက်ခိုက်သင့်တယ်လို့မထင်ဘူး။ ဟုတ်လား?”
ထိုစကားများသည် ရှိနေသောသူများ၏ ဦးနှောက်များအား ပူထူနေကာ ပြင်းထန်စွာတုန်လှုပ်လာစေသည်။
သူတို့သည် ဆင်ခြင်တုံတရားမရှိခြင်းမှ နောက်ဆုတ်နိုင်ခဲ့သည်။
***