နတ်ဆိုးအရှင်က ကစားပွဲသို့ဝင်လာခြင်း
Vol. 35 Ch. 656
“မှန်တယ်။” မျက်လုံးနီနှင့်လူက ထောက်ခံလိုက်ကာ ခေါင်းညိတ်လိုက်သည်။
“ကျုပ်ခုနကပြောသလိုပဲ၊ ကျုပ်တို့ လျှို့ဝှက်နယ်ပယ်ထဲဝင်ပြီးမှ ဆက်လက်ယှဉ်ပြိုင်လို့ရတယ်။ အဲ့ဒါမတိုင်ခင်မှာတော့ ကျုပ်တို့အတူတူလုပ်ဆောင်ပြီးဒီအတားအဆီးကို တတ်နိုင်သမျှအမြန် ဖျက်နိုင်အောင် ကြိုးစားကြဖို့မျှော်လင့်ပါတယ်။”
ထို့နောက် ထိုအုပ်စုက ငြိမ်သက်သွားသည်။
သူတို့၏မမှေးမှိန်သွားသေးသော လောဘမှလွဲ၍ သူတို့သည် အပေါ်ယံပူးပေါင်းမှုကို ထိန်းသိမ်းထားရန် လုပ်လိုက်သည်။
မျက်လုံးအနီရောင်နှင့်လူဦးဆောင်သော နတ်ဆိုးကျင့်ကြံသူများအုပ်စုသည် စတင်၍ အတားအဆီးကို ဖျက်ရန်ကြိုးစားတော့သည်။
ရက်ပေါင်းများစွာကြာပြီးနောက် အလင်းက အက်ကွဲသွားသည့်အသံနှင့်အတူ အတားအဆီးက နောက်ဆုံး၌ ပျက်စီးသွားခဲ့သည်။
သို့ရာတွင် ထိုအချိန်၌ လွှမ်းမိုးနိုင်စွာ သန့်စင်ပြီး စွမ်းအားကြီးပြီး အာဏာရှိသည့် အရောင်အဝါက ယခုပင် ကျိုးပျက်သွားသည့် အတားအဆီးမှပေါက်ထွက်လာကာ ကောင်းကင်အား အဆုံးမဲ့အမှောင်ထုအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။
မျက်လုံးနီးနှင့်လူအပြင် သူ၏အဖော်များ၏မျက်နှာသည် ဖြူဖျော့သွားခဲ့သည်။
သူတို့သည် လျှို့ဝှက်နယ်ပယ်၏အတားအဆီးအား ချိုးဖျက်ပြီးသည်နှင့် ကြီးမားသော အုံကြွခြင်း ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားမိခဲ့ပါ။
ထိုပွက်လောရိုက်ခြင်းက ကောင်းမွန်ကာ အနီးအနားရှိနတ်ဆိုးကျင့်ကြံသူများကို ဆွဲဆောင်နိုင်ပြီး မြောက်ပိုင်းနယ်နိမိတ်ရှိ အခြားကျင့်ကြံသူများကိုပါ ဆွဲဆောင်နိုင်သည်။
သူတို့သည် အချိန်အနည်းငယ်သာကျန်တော့သည်ကို သတိပြုမိကာ တုံဆိုင်းမှုမရှိတော့ဘဲ လျှို့ဝှက်နယ်ပယ်၏ ဝင်ပေါက်ကို ဦးတည်၍ အလောတကြီးသွားလိုက်ကြတော့သည်။
ထိုအချိန်တွင်၊ နတ်ဆိုးမျိုးနွယ်ပိုင်နက်အတွင်းရှိ တောင်ထိပ်ပေါ်တွင် ဝတ်ရုံခြုံထားသည့် ပုံရိပ်တစ်ခုက သူ၏အကြည့်သည် ကျယ်ပြောသော နေရာလပ်အတွင်းထိုးထွင်းကြည့်ရှုနေကာ တည်နေရာမှာ ရှေးဟောင်းမြစ်သဲကန္တာရအား ကြည့်နေခြင်းဖြစ်သည်။
တချိန်တည်းမှာပင်၊ နတ်ဆိုးမျိုးနွယ်ထိန်းချုပ်မှုအောက်မှ တောင်ကြားတစ်ခုတွင် တောင်ထိပ်မှ သွေးတစ်စက်ကျလာပြီး သွေးနီရောင်ဝတ်ရုံခြုံထားသော လူအဖြစ် ပြောင်းလဲသွားခဲ့သည်။
သူ၏အကြည့်သည်လည်း ရှေးဟောင်းသဲကန္တာရဖက်သို့ရောက်နေကာ ထိုနေရာတွင် မယုံကြည်နိုင်စရာ ကောင်းသည့် အရာတစ်ခုက သွေးဆောင်ဖျားယောင်းနေသကဲ့သို့ပင်။
အမှန်မှာ လျှို့ဝှက်နယ်ပယ်မှ အနှောက်အယှက်သည် ဝတ်ရုံခြုံထားသောသူနှင့် အနီရောင်ဝတ်ရုံနှင့်လူတို့ကိုသာ ဆွဲဆောင်နိုင်ခဲ့ခြင်းမဟုတ်ပေ။
အထူးသဖြင့် နတ်ဆိုးမျိုးနွယ်မှ ကျင့်ကြံသူများအပါအဝင် များစွာသော ကျင့်ကြံသူများသည် ရှေးဟောင်းမြစ် သဲကန္တာရမှ ဆွဲဆောင်ခံနေရသည်။
ဝှစ်…ဝှစ်…ဝှစ်……
လျှင်မြင်စွာဖြင့် များစွာသောကျင့်ကြံသူများသည် သဲကန္တာရဖက်သို့ လာနေကြပေသည်။
....
ရက်အနည်းငယ်အကြာတွင် ရှေးဟောင်းမြစ်သဲကန္တာရပတ်ပတ်လည်နှင့် လျှို့ဝှက်နယ်ပယ်အနီးတွင် တိုက်ပွဲရာချီဖြစ်ပွားခဲ့ပေသည်။
ထိုပြသနာများ၌ မြောက်ပိုင်းနယ်နိမိတ်မှ ကျင့်ကြံသူများအချင်းချင်းတိုက်ခိုက်မှုများပါဝင်ပြီး မြောက်ပိုင်းနယ်နိမိတ်မှ ကျင့်ကြံသူများနှင့် နတ်ဆိုးကျင့်ကြံသူများကြား တိုက်ပွဲများလည်းရှိကာ နတ်ဆိုးကျင့်ကြံသူများ အချင်းချင်း တိုက်ခိုက်ကြသော တိုက်ပွဲငယ်များလည်း ရှိသည်။
အချိန်တိုအတွင်းတွင်၊ ထိုလျို့ဝှက်နယ်ပယ်ကြောင့်နှင့် ကျဆုံးသွားသော ကျင့်ကြံသူ အရေအတွက်က ရာချီလာခဲ့ကာ ထောင်ကျော်မဟုတ်ခဲ့သော်လည်း အများစုမှာ နတ်ဆိုးကျင့်ကြံသူများဖြစ်ကြသည်။
ပြီးနောက် ၎င်းသည် အစပင်ရှိသေးသည်။
အချိန်က တဖြည်းဖြည်းကုန်လွန်သွားခဲ့လျှင် များစွာသော ကျင့်ကြံသူများက ထိုနေရာသို့ ထပ်၍ ရောက်လာကြသေးသည်။
လျှို့ဝှက်နယ်ပယ်၏ သာမန်ထပ်ပိုသည့် သဘာဝကို အာရုံခံလိုက်မိသည်နှင့် သူတို့၏အားထုတ်မှုသည် ပပျောက်မသွားခဲ့ပါ။
ထို့နောက် ရက်ပေါင်းများစွာအကြာတွင်၊ အခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူများနှင့် အခြေတည်ဝိညာဉ်စံသခင်များက စတင်၍ ဝင်လာကြတော့သည်။
ထိုကဲ့သို့ဖြစ်လာသည်နှင့်
များစွာသော အခြေတည်ဝိညာဉ်စံသခင်များနှင့် အခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူများသည် ပြင်းထန်သော တိုက်ပွဲကို ရင်ဆိုင်ကြပြီး သာမန်ထပ်ပိုသည့် တိုက်ပွဲကို ဆင်နွဲခဲ့လေသည်။
ထိုတိုက်ခိုက်မှုသည် လျှို့ဝှက်နယ်ပယ်အတွင်းမှ အပြင်သို့ထွက်သွားကာ တစ်ဖန်အတွင်းသို့ ပြန်ဝင်သွားခဲ့လေသည်။
ကြည့်ရသည်မှာ နှစ်ဖက်စလုံးများ အင်အားကုန်သုံးထားကြခြင်းဖြစ်လိမ့်မည်။
သို့ရာတွင် ထိုအချိန်၌ အခြေတည်ဝိညာဉ်ကျင့်ကြံသူနှင့် အခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူတို့၏ တိုက်ခိုက်မှုများက တချိန်တည်းတွင် လျှို့ဝှက်နယ်ပယ်အတွင်းရှိ တစ်နေရာအား ထုမိခဲ့သည်။
ထိုနေရာတွင် သိမ်မွေ့သည့် ကလပ်ဟူသောအသံကြားလိုက်ရသည်။
အလွန်သန့်စင်သော၊ စွမ်းအားကြီးသော၊ ကြောက်စရာကောင်းသော၊ လွှမ်းမိုးနိုင်စွမ်းရှိသော အရောင်အဝါများက ထိုနေရာတွင် ပေါ်ထွက်လာခဲ့သည်။
ထိုအရောင်အဝါက အလွန်လွမ်းမိုးနိုင်စွမ်းရှိကာ တိုက်ပွဲကို ဖုံးလွှမ်းသွားပြီး လျှို့ဝှက်နယ်ပယ်သည် ဖိအားအောက်သို့ ရောက်သွားသည်။
လူတိုင်းထိုကြောက်လန့်စရာကောင်းသည့်အရောင်အဝါကြောင့် မှိုင်တွေသွားကြသည်။
အကြောင်းအရင်းမရှိဘဲ လူတိုင်း၏ခန္ဓာကိုယ်က တောင့်တင်းသွားကြလေသည်။
အကယ်၍ သူတို့သည် အနည်းငယ်လှုပ်ရှားလိုလျှင်ပင် ခက်ခဲနေလေသည်။
ကောင်းကင်ဘုံကိုးခုနယ်ပယ်တစ်နေရာတွင် ဖြစ်သည်။
ဝတ်ရုံခြုံထားသောလူနှင့် သွေးနီရောင်ဝတ်ရုံလူတို့သည် လျှို့ဝှက်နယ်ပယ်အတ္ငင်းပြောင်းလဲမှုများကို လေ့လာနေကြသည်။
လျှို့ဝှက်နယ်ပယ်မှ ကြောက်မက်ဖွယ်ကောင်းသည့် အရောင်အဝါက ထိုစွမ်းအားကောင်းသောသူများကိုပင် ထိတ်လန့်သွားစေသည်။
“ဒီအရောင်အဝါက စစ်မှန်နတ်ဆိုးရဲ့အရောင်အဝါပဲ။” သူတို့ သတိပြုမိသွားသည်။ ဝှစ်….
ထိုအချိန်တွင် အဖြူရောင်အရိုးများနှင့် လူက ဝတ်ရုံခြုံထားသောလူနှင့် သွေးနီရောင်ဝတ်ရုံလူတို့၏ဘေးတွင် ပေါ်လာခဲ့သည်။
ခွပ်….
ထိုအရိုးသည် ကျိုးပဲ့နေသောအသံများကို ထုတ်နေပြီး ကြောက်မက်ဖွယ်ကောင်းသော အစီမ်းရောင်မီးတောက်များက သူ၏မျက်လုံးအိမ်များမှ ထွက်နေကာ သူ၏ ရင်တထိတ်ထိတ်ဖြစ်စေကာ ရှိန်လောက်သည့်တည်ရှိမှုကို ပြသနေသည်။
သူက အလွန်အက်ကွဲနေသည့် အသံဖြင့်ပြောလိုက်သည်။ “မှန်တယ်၊ အဲ့တာ စစ်မှန်နတ်ဆိုးချီပဲ။”
ထိုသူသည် အရိုးရိပ် နတ်ဆိုးအရှင်ဖြစ်သည်။
ဝတ်ရုံခြုံထားသောလူနှင့် သွေးနီရောင်ဝတ်ရုံလူတို့ကဲ့သို့ သူသည်လည်း အပြင်ဖက်လောကမှလာ၍ နတ်ဆိုးကပ်ဘေးအပြီးတွင် ဤလောကအတွင်း ကျန်နေခဲ့သည့် ဝိညာဉ်ဖွဲ့စည်းခြင်းနတ်ဆိုးအရှင်ဖြစ်လေသည်။
သူသည် ကျန်းချန်ရွှမ်ယခင်ကတွက်ချက်ခဲ့သော မကောင်းဆိုးဝါးအထောက်အထားရှိသောသူဖြစ်သည်။
ထိုအချိန်တွင်၊ ထိုသုံးဦးက အောက်ရှိ ပြင်းထန်သော စစ်မှန်နတ်ဆိုးချီအား ကြည့်နေကြကာ၊ သူတို့၏မျက်လုံးများက မထိန်းချုပ်နိုင်သော နက်ရှိုင်းသည့်လိုချင်မှုနှင့် စိတ်အားထက်သန်မှုတို့ကို ပြသနေသည်။
အကယ်၍ စစ်မှန်နတ်ဆိုးချီနှင့် လျို့ဝှက်နယ်ပယ်အတွင်း ဖြစ်နိုင်ချေရှိသည့် အမွေအနှစ်များကိုပိုင်ဆိုင်နိုင်လျှင်၊ သူတို့သည် မထင်မှတ်ထားသည့်အကျိုးကျေးဇူးများကိုရမည်မှာ သံသယဝင်စရာမရှိပါ။
သူတို့သည် ထိုအကျိုးအမြတ်များနှင့် သူတို့၏ အထွတ်အထိပ်အရှင်များမှ လိုအပ်သည့်အရာများနှင့်လဲလှယ်နိုင်ကာ အနာဂတ်တွင် သူတို့၏အမွေအနှစ်များကို ရရှိနိုင်သေးသည်။
ထိုအတွေးဖြင့် နတ်ဆိုးအရှင်သုံးဦးသည် အထူးသဖြင့် အရိုးရိပ်နတ်ဆိုးအရှင်သည် ကိုယ်တိုင် ထိန်းချုပ်နိုင်စွမ်းပင် မရှိတော့ပါ။
“မင်းတို့နှစ်ယောက်က ဒီမှာစောင့်နေတာကြာပြီ။ ဘယ်လိုလဲ? သံသယဝင်စရာတစ်ခုခုများ သတိပြုမိသေးလား?”
သူတို့၏လိုချင်တပ်မက်စိတ်မှတပါး အရိုးရိပ်နတ်ဆိုးအရှင်သည် သတိထားရန် မမေ့ဘဲ ဝတ်ရုံခြုံထားသောလူနှင့် သွေးနီရောင်ဝတ်ရုံလူတို့ဖက်သို့လှည့်ကာ မေးလိုက်သည်။
အဆိပ်နတ်ဆိုးအရှင်ဟု သိရသော ဝတ်ရုံခြုံထားသောသူက အေးစက်စွာဖြင့် တခစ်ခစ်ရယ်လိုက်ပြီး ခေါင်းခါလိုက်ကာ ပြောလိုက်သည်။
“ငါတို့တော့ ဘာမှထူးထူးခြားခြားမတွေ့ဘူး၊ ဒါမဲ့ လက်ရှိအခြေအနေအရ ကျုပ်တို့သတိပြုရမှာက ကိုယ်တိုင်ဝင်ပါလိုက်တာနဲ့ မြောက်ပိုင်းကလူတစ်ချို့က ကျုပ်တို့ကိုခြေရာခံနိုင်သွားလိမ့်မယ်။”
သွေးပင်လယ်ဟုခေါ်သည့် အနီရောင်ဝတ်ရုံနှင့်နတ်ဆိုးအရှင်က ပေါ့ပေါ့ပါးပါး ဖြည့်စွက်ပြောလိုက်သည်။ “ဒါအမှန်ပဲ။ ဒါမဲ့ ငါယုံကြည်တာတစ်ခုက အကယ်၍ ငါတို့ဒီအခွင့်အလမ်းကိုလွတ်သွားရင် ငါတို့အတွက် ပထမဆုံးအကျိုးဆက်က အထွတ်အထိပ်သခင်တွေဆီက သင်ခန်းစာပေးတာအရင်ခံရမှာ။”
သူကဆက်ပြောလိုက်သည်။
“ပြီးတော့လည်း ငါတို့အချိန်ပေးပြီးလေ့လာနေတာ အဲ့ဒီမြောက်ပိုင်းကလူတွေကို မတွေ့ဘူး။
ဒါကြောင့် အခုလုပ်ရှားရင် လုံခြုံလိမ့်မယ်။
ငါတို့မြန်မြန်လုပ်နိုင်သရွေ့ သူတို့မရောက်ခင် ငါတို့ လိုအပ်တာကို ရနိုင်တယ်။”
“ဒါအဓိပ္ပာယ်ရှိတယ်။ ဒါဆို ကျုပ်တို့ အချိန်မဆွဲနေပဲ လှုပ်ရှားသင့်တယ်။” အရိုးရိပ်နတ်ဆိုးအရှင်က ပြောလိုက်ကာ သူ၏မျက်စိသူငယ်အိမ်များသည် အငွေ့များနှင့် လက်နေသည်။
အဆိပ်နတ်ဆိုးအရှင်နှင့် သွေးပင်လယ်နတ်ဆိုးအရှင်တို့ကလည်း အကြည့်များကိုဖလှယ်လိုက်ပြီး ဆန့်ကျင်ခြင်းမရှိပေ။
သုံးဦးသားသည် လျှို့ဝှက်နယ်မြေဆီသို့ဆင်းလိုက်လေသည်။
ထိုအချိန်တွင် လျှို့ဝှက်နယ်ပယ်အနီးတစ်ဝိုက်က လူများက ပြင်းထန်သော မကောင်းဆိုးဝါးဆန်ကာ ကြောက်မက်ဖွယ်ကောင်းပြီး ဖိနှိပ်ခြင်းခံရသည့် အရောင်အဝါ သုံးခု ပေါ်ထွက်လာမှုကို ခံစားလိုက်ရသည်။
၎င်းသည် လူတိုင်း၏နှလုံးသားတွင် ထိတ်လန့်ခြင်းကိုခံစားလိုက်ရစေပြီး အထူးသဖြင့် မြောက်ပိုင်းနယ်နိမိတ်မှ ကျင့်ကြံသူများဖြစ်ကာ သူတို့၏မျက်လုံးများတွင် စိတ်ပျက်ခြင်းကို ပြနေကြသည်။
သူတို့သည် ပေါ်ထွက်လာသည့်ပုံရိပ်သုံးခုသည် သံသယဖြစ်ဖွယ်မရှိအောင်ပင် ဝိညာဉ်ဖွဲ့စည်းခြင်း ကောင်းကင်သခင်များ ဖြစ်ကြကြောင်း သတိပြုမိသွားသည်။
နတ်ဆိုးအရှင်သုံးဦးက တစ်ကြိမ်တည်းပေါ်လာသည်မှာ နတ်ဆိုးကျင့်ကြံသူမဟုတ်သည့် ကျင့်ကြံသူများ၌ ရလဒ်ကောင်းကောင်းမရနိုင်ပါ။
ဤအခြေအနေမျိုးတွင် နာကျင်မှုမရှိဘဲ သေရခြင်းသည်ပင် ကံကောင်းသည်ဟု သတ်မှတ်ရမည်ဖြစ်သည်။
ထိုအတွေးဖြင့် မြောက်ပိုင်းနယ်နိမိတ်မှကျင့်ကြံသူများက စတင်၍ ဓမ္မစွမ်းအားများနှင့် စစ်မှန်အဆီအနှစ်များကို လောင်ကျွမ်းလိုက်ကာ လွတ်မြောက်ရန်ကြိုးစားလိုက်သည်။
“ဟင်း…..
ငါတို့နဲ့တွေ့ရတာ မင်းတို့ကံမကောင်းလို့ပဲ ဒီမှာပဲနေ။” သွေးပင်လယ် နတ်ဆိုးအရှင်က ရုတ်တရက် ထေ့ငေါ့လိုက်သည်။
ခနအကြာတွင် မရေတွက်နိုင်သည့် သွေးလိုင်းများက သူ့ထံမှထွက်လာကာ ပတ်ဝန်းကျင်မှ ကျင့်ကြံသူများအားလုံးကို ပစ်မှတ်ထားလိုက်သည်။
ဝိညာဉ်ဖွဲ့စည်းခြင်းနတ်ဆိုးအရှင်က ကျင့်ကြံသူများတောင့်မခံနိုင်သည့်အရာပင် ဖြစ်သည်။
သူတို့သည် ထိုသွေးလိုင်းများဖြင့် ထိုးဖောက်ခံရကာ သွေးပင်လယ်နတ်ဆိုးအရှင်၏ စွမ်းအားတစ်ပိုင်း ဖြစ်ရတော့မည့် အချိန်တွင် လေဟာနယ်က ရုတ်တရက် လှိုင်းများဖြင့် ပွင့်လာခဲ့သည်။
ချက်ချင်းပင်၊ ကျင့်ကြံသူများအား ဦးတည်နေသော သွေးလိုင်းများက လေထဲတစ်ဝက်တွင် ရပ်တန့်သွားပြီး စွမ်းအားကြီးသောတစ်ခုခုမှ ရစ်ပတ်ခံရသကဲ့သို့တွန့်လိမ်သွားသည်။
၎င်းတို့သည် တွန့်လိမ်နေသောကြိုးများအဖြစ်ပြောင်းလဲကာ အလင်းအမှုန်အဖြစ်အစိတ်စိတ်ကွဲသွားပြီး ပျောက်ကွယ်သွားလေသည်။
“ဘယ်သူလဲကွ?”
ထိုမြင်ကွင်းသည် သွေးပင်လယ်နတ်ဆိုးအရှင်၊ အရိုးရိပ်နတ်ဆိုးအရှင်၊ အဆိပ်နတ်ဆိုးအရှင်တို့၏အမူအရာအား အကြီးအကျယ်ပြောင်းလဲသွားစေသည်။
သူတို့သည် မြောက်ပိုင်းနယ်နိမိတ်မှ ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်များက ထိုနေရာတွင်ပုန်းခိုနေမည်ဟု မထင်ထားခဲ့ပါ။
ဝုန်း..
ထိုအချိန်တွင် ရက်စက်သည့်တိုက်ခိုက်မှုများက သွေးပင်လယ်နတ်ဆိုးအရှင်နှင့် အခြားနှစ်ဦးကို အဖြေပေးလိုက်သည်။
ရွှေရောင်ဓားအလင်း၊ အပြာရောင်အလင်း လင်းလက်နေသည့်ကြီးမားသောစည်းနှင့် နေကဲ့သို့တောက်ပနေသည့် ဓားအလင်းတို့ ဖြစ်ကြသည်။
“ကျန်းချန်ရွှမ်၊ ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်၊ ကောင်းကင်သခင်ရွှမ်းယန်။ မင်းတို့သုံးယောက်ကိုး။”
သွေးပင်လယ်နတ်ဆိုးအရှင်နှင့် သူ့အဖော်များက ဒေါသဖြင့် အော်လိုက်သည်။
ဂျုန်း…
ကြီးမားသည့်ပေါက်ကွဲမှုက ရုတ်တရက် လေထဲတွင် မြင့်တက်လာသည်။
ကြီးမားသည့်ပေါက်ကွဲမှုအောက်တွင် နေရာလပ်ထဲ၌ အက်ကွဲကြောင်းများဖြစ်ပေါ်လာခဲ့သည်။
ရှိနေသော ကျင့်ကြံသူများက ထိတ်လန့်သွားခဲ့သည်။
ထိုအချိန်တွင်၊ သူတို့သည် ကြာကြာမနေရဲတော့ပဲ ပျံသန်းသွားကြတော့သည်။
နတ်ဆိုးကျင့်ကြံသူများအပါအဝင်ပင်ဖြစ်ကာ သူတို့သည်လည်း ကြာကြာမနေရဲတော့ပေ။
သို့ရာတွင် ထိုအချိန်၌ ကြီးမားသည့် အရောင်မဲ့မြူများက ရုတ်တရက် မိုင်တစ်သောင်းအကွာဧရိယာအတွင်း ဖုံးလွမ်းသွားခဲ့သည်။
သာမန် မြောက်ပိုင်းနယ်နိမိတ်မှ ကျင့်ကြံသူများသည် မြူများနှင့်ဖုံးလွမ်းမခံရပဲ အရိုးရိပ်နတ်ဆိုးအရှင်နှင့် အခြားနှစ်ဦးအပါအဝင် ယခုတစ်ကြိမ်လာသော နတ်ဆိုးကျင့်ကြံသူများအားလုံးကလွမ်းမိုးခံလိုက်ရသည်။
“အားလုံးပဲ ရောက်နေပြီးပြီဆိုမှတော့၊ ဘာလို့ ထွက်သွားဖို့လောနေရတာလဲ။ မင်းတို့လည်းနေပါဦးလား…”
***