← Chapters

ခုခံကာကွယ်ခြင်းအချိန်ကာလပြီးဆုံးခြင်း၊ နတ်ဆိုးသားရဲအဓိကရုဏ်းရောက်လာခြင်း

Vol. 35 Ch. 657

ခုခံကာကွယ်ခြင်းအချိန်ကာလပြီးဆုံးခြင်း၊ နတ်ဆိုးသားရဲအဓိကရုဏ်းရောက်လာခြင်း

Vol. 35 Ch. 657

ကျန်းချန်ရွှမ်း၏အသံသည် ရုတ်တရက်မြည်လာသည်။

သူ၏စကားကိုကြားလျှင် နတ်ဆိုးအရှင်တို့၏ မျက်စိသူငယ်အိမ်များက ကျဉ်းသွားခဲ့သည်။

ဝုန်း…..

တုံ့ဆိုင်းခြင်းမရှိပဲ သွေးပင်လယ်နတ်ဆိုးအရှင်က ရုတ်တရက် သွေးပင်လယ်လှိုင်းများကို ဂယက်ထလာစေခဲ့သည်။

ကိုးရိုးကားရားဖြစ်ကာ လူးလွန့်နေသည့် မျက်နှာများက သွေးပင်လယ်၏မျက်နှာပြင်တွင် ပေါ်နေကာ မကောင်းဆိုးဝါးသရဲများ အသွင်ဆောင်နေပြီး မြူများအား စုတ်ဖြဲပစ်ရန်ကြိုးစားနေခဲ့သည်။

အရိုးအရိပ်နတ်ဆိုးအရှင်၏ပတ်ပတ်လည်တွင် များစွာသော အဖြူရောင်အရိုးများက လေထဲတွင် ပေါ်လာခဲ့သည်။

၄င်းတို့သည် လေထဲတွင်ပစ်လိုက်စဉ်တွင် စူးစူးဝါးဝါးအော်သံများထွက်သွားပြီး လေဟာနယ်ထဲ ထိုးဖောက်သွားကာ သေချာသည့်နေရာကို ပစ်မှတ်ထားလိုက်သည်။

အဆိပ်နတ်ဆိုးအရှင်၏မျက်လုံးများသည် ခရမ်းနှင့် အနက်ရောင်များဖြင့် တောက်ပနေခဲ့သည်။

ခီ…ခီ….ခီ….ခီ…..

ချက်ချင်းပင် တိုက်စားခြင်းအသံများက လေထဲတွင်ပြည့်သွားပြီး ခရမ်းနှင့်အနက်ရောက်အဆိပ်မြူများက ဗိုင်းရပ်စ်ကဲ့သို့ ပျံနှံ့သွားပြီး ဦးတည်ချက်အမျိုးမျိုးသို့ ပျံနှံ့သွားခဲ့သည်။

သို့ရာတွင် တိုက်ခိုက်မှုများသည် အစိမ်းရောင်အလင်းသုံးခုဖြင့် တိုက်ခိုက်ခံရပြီး ခြေရာပင်မကျန်ပဲ ပျောက်ကွယ်သွားသည်။

“ဘာ?”

နတ်ဆိုးအရှင်များက ထိတ်လန့်သွားသည်။

ထိုအချိန်တွင်၊ အပြာရောင်ဆူနာမီသည် လေဆင်နှာမောင်းကဲ့သို့ဖြစ်ကာ သွေးပင်လယ်နတ်ဆိုးအရှင်ထံသို့ လိမ့်တက်လာသည်။

ထိုအချိန်တွင် ဓားအလင်းသည် တောက်ပနေသောနေကဲ့သို့ဖြစ်ကာ တောင်လောင်နေသည့်မီးတောက်များသည် အရိုးရိပ်နတ်ဆိုးအရှင်ထံသို့ ပြင်းထန်စွာဦးတည်၍ လာနေလေသည်။

နတ်ဆိုးအရှင်နှစ်ဦးစလုံးက သတိလွတ်သွားခဲ့သည်။

အားလုံးကိုလစ်လျူရှုပြီး သွေးပင်လယ်နတ်ဆိုးအရှင်နှင့် အရိုးရိပ်နတ်ဆိုးအရှင်သည် သူတို့၏ရတနာများကို ဆင့်ခေါ်ပြီး လာနေသည့်တိုက်ခိုက်မှုများအားရင်ဆိုင်လိုက်သည်။

ဝုန်း….

ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုက ထပ်မံ၍ ပေါက်ထွက်လာခဲ့သည်။

ထိုအချိန်တွင် ရွှေရောင်အလင်းက နေရာလပ်ထဲမှရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

ဝှီးဟူသောအသံဖြင့်၊

၎င်းသည် အဆိပ်နတ်ဆိုးအရှင်ထံသို့ပျံလာလေသည်။

“သတ္တုဓာတ်နတ်ဘုရားစွမ်းအား”

အဆိပ်နတ်ဆိုးအရှင်၏နှလုံးက သတိပေးချက်နှင့် သေခြင်း၏အရိပ်က သူ့အပေါ်လွှမ်းမိုးလာသကဲ့သို့ ခုန်သွားခဲ့သည်။

ဖြုန်းနေဖို့ရန်အချိန်မရှိဘဲ အဆိပ်နတ်ဆိုးအရှင်သည် ရုတ်တရက် အဆိပ်မြူတိမ်များအဖြစ်ပြောင်းလဲသွားကာ ဦးတည်ချက်အမျိုးမျိုးတွင်ပျောက်ကွယ်သွားခဲ့သည်။

ဝှီး…ဝှီး…..

ရွှေရောင်ချည်မျှင်က ဖြတ်သန်းသွားသည်နှင့် လေထဲရှိအဆိပ်မြူများသည် အငွေ့ပျံသွားသည်။

ရွှေရောင်ချည်မျှင်သည် မြူ၏အခြားတစ်ဖက်သို့ ပစ်မှတ်ကိုပြောင်းလဲလိုက်ကာ သူ၏ရှေ့တွင် ဝိုင်းစက်သော ဒိုင်းကာတစ်ခုပေါ်လာခဲ့သည်။

ထိုဒိုင်းကာသည် များစွာသော ဆန်းကျယ်သည့် ပုံစံကွက်များကို ရေးခြစ်ထားပြီး ထွက်ပေါ်လာသည့် ရွှေရောင်ချည်မျှင်များကို ရင်ဆိုင်လိုက်သည်။

ကျန်းချန်ရွှမ်ပြောင်းလဲထားသောရွှေရောင်ချည်မျှင်များက ထိုအဝိုင်းပုံဒိုင်းကာကို တိုက်ခိုက်နေရာ မရေမတွက်နိုင်သည့် မီးတောက်များ ချက်ချင်းထွက်လာခဲ့လေသည်။

ဝုန်း…ဝုန်း…ဝုန်း…….

အဆိပ်နတ်ဆိုးအရှင်၏ပုံစံက ပြန်ဖွဲ့စည်းလာခဲ့ပြီးနောက် သူသည် အလျှင်အမြန်ပြန်ဆုတ်သွားခဲ့ကာ သူ၏ခန္ဓာကိုယ်မှာ တုန်လှုပ်နေခဲ့သည်။

“ဘယ်လိုဖြစ်တာလဲ?”

အဆိပ်နတ်ဆိုးအရှင်က ထိတ်လန့်စွာရေရွတ်လိုက်သည်။

သိရမည်မှာ သူဆင့်ခေါ်လိုက်သည့် စက်ဝိုင်းပုံဒိုင်းကာသည် အလွန်အင်အားကောင်းသော ခုခံရေးစစ်မှန်ရတနာ တစ်ခုဖြစ်သည်။

သန့်စင်သော ယန်ရတနာမရှိခဲ့သော်လည်း အဆင့် ၆ သို့ ရောက်ပြီးသားဖြစ်သည်။

အထူးသဖြင့် မိုးကောင်းကင်အထွတ်အမြတ်မြေကဲ့သို့အရာနှင့် ပေါင်းစပ်ထားခြင်းဖြစ်သည်။

၎င်းသည် ရှိန်လောက်သည့်ခုခံရေးစွမ်းအားပိုင်ဆိုင်သော မြေဓာတ်ရတနာတစ်ခုဖြစ်သည် သာမကဘဲ နေရာလပ်စွမ်းအားလည်းရှိကာ တိုက်ခိုက်မှုများကိုလည်းပြုလုပ်နိုင်သည်။

ယခုမူ သူ၏ဒိုင်းကာသည် ကျန်းချန်ရွှမ်၏တိုက်ခိုက်မှုကို ခုခံနိုင်ပုံသာပေါ်ပေသည်။

ဘာတွေဖြစ်နေတာလဲ?

ကျန်းချန်ရွှမ်သည် သူ၏မေးခွန်းကို ဖြေလိုသည့်ရည်ရွယ်ချက်ရှိပုံမပေါ်ပေ။ ထိုအစား သူ၏မျက်နှာတွင် ခပ်ဖျော့ဖျော့အပြုံးက ပေါ်လာပြီး သူ၏နောက်တွင် အရောင်ငါးမျိုးအလင်းတန်းများ မြင့်တက်လာခဲ့ပြီး အလင်းမျက်နှာပြင်ဖွဲ့စည်းသွားလေသည်။

ဝှစ်ဟူသောအသံနှင့်အတူ…

ရုတ်တရက် အဆိပ်နတ်ဆိုးအရှင်၏ရှေ့တွင်ရှိသည့် ကောင်းကင်ဒိုင်းကာက ပျောက်သွားပြီး ကျန်းချန်ရွှမ်၏ လက်ထဲတွင် ပြန်ပေါ်လာခဲ့သည်။

“ဘာလဲ?”

၎င်းသည် သေးငယ်သောကိစ္စမဟုတ်ပါ။

အဆိပ်နတ်ဆိုးအရှင်သည် အံ့အားသင့်သွားခဲ့သည်။

သူသည် ကျန်းချန်ရွှမ်၏လက်ထဲသို့ သူ၏ရတနာက မည်ကဲ့သို့ရောက်သွားကြောင်းကို မသိနိုင်ခဲ့ပေ။

သူသည် များစွာမတွေးဆနိုင်မီ ရွှေရောင်နှင့် အဖြူရောင် နှစ်ရောင်စပ် မီးဘောလုံးကသူ့ဆီသို့ လျှင်မြန်စွာ ချဉ်းကပ်လာနေသည်။

“အန္တရာယ်ရှိတယ်။”

အဆိပ်နတ်ဆိုးအရှင်သည် အန္တရာယ်ကျရောက်တော့မည့်အချိန်ကို အာရုံခံလိုက်မိသော်လည်း ထိုအချိန်တွင် သူသည် တုံ့ပြန်ရန်အခွင့်အရေးမရှိပါ။

နှစ်ရောင်စပ်မီးဘောလုံးက တစ်ကြိမ်ထပ်၍လင်းလက်သွားကာ အဆိပ်နတ်ဆိုးအရှင်က အော်သံတစ်ခုကို ထုတ်လွတ်လာခဲ့သည်။

ဝုန်းဟူ၍ မြည်သွားခဲ့သည်။

ချက်ချင်းပင် သူသည် လူသားအလင်းအဖြစ်သို့ပြောင်းလဲသွားခဲ့သည်။

သူသည် ပြင်းထန်စွာလောင်ကျွမ်းသွားခဲ့သည်။

အဆိပ်မြူအဖြစ်သို့မည်မျှပင်ပြောင်းလဲရန်ကြိုးစားစေကာမူ မီးတောက်များက အရိုးထဲမှလောက်များကဲ့သို့ သူ့၏တည်ရှိမှုကို ဘာမှမရှိတော့လောက်အောင်အထိ ပျောက်ဆုံးသွားစေရန်လောင်ကျွမ်းနေတော့သည်။

ကောင်းကင်ပေါ်ရှိ နှစ်ရောင်စပ်မီးတောက်က တဖြည်းဖြည်းပျောက်ကွယ်သွားသည်။

ဝှစ်…..

လေဟာနယ်ထဲတွင် ကျယ်ပြောသော ခရမ်းနှင့်အနက်ရောင်အဆိပ်များက အငွေ့ပျံပျောက်ကွယ်သွားခဲ့သည်။ ဝိညာဉ်ချီ၏အရောင်အဝါက လေဆင်နှာမောင်းကဲ့သို့ရှိနေသောသူများ၏အပေါ်တွင် ဖုံးလွှမ်းသွားခဲ့သည်။

အဆုံးမဲ့ပင်လယ်၊ ရွှမ်းယန်တို့နှင့် တိုက်ခိုက်နေသော အရိုးရိပ်နှင့် သွေးပင်လယ်နတ်ဆိုးအရှင်တို့ကလည်း သူတို့၏နှလုံးသားများထဲမှ ကြက်သီးထခြင်းကိုခံစားလိုက်ရသည်။

သူတို့သည် အဆိပ်နတ်ဆိုးအရှင်သည် ကျန်းချန်ရွှမ်ကိုရင်ဆိုင်ရင်း ဤကဲ့သို့အမြန်ရှင်းလင်းခံလိုက်ရမည်ဟု မထင်ထားခဲ့ပေ။

သူသည် အင်အားသုံးစရာပင်မလိုဘဲနှင့် ရှုံးနိမ့်သွားရသလိုပင်ဖြစ်သည်။

မဟုတ်ဘူး။

သူတို့သည် ဤနေရာတွင်ဆက်နေ၍ မဖြစ်တော့ပါ။

သွေးပင်လယ်နှင့် အရိုးရိပ်နတ်ဆိုးအရှင်တို့သည် ထိုကိစ္စကို သတိပြုမိကာ အကြည့်များဖလှယ်လိုက်ကြသည်။

ခနအကြာတွင် သူတို့သည် မယုံကြည်နိုင်သောပြင်းထန်သည့်အရောင်အဝါများကိုထုတ်လွတ်လိုက်ကြသည်။

သွေးရောင်နဖူးစည်းနှင့် အဖြူရောင်အရိုးဓားတို့က ရုတ်တရက် ယုတ်မာသည့်အလင်းဖြင့် ပေါ်ထွက်လာသည်။

တစ်ချိန်တည်းမှာပင်။

နတ်ဆိုးအရှင်နှစ်ဦးသည် ပြောလိုက်သည်။

“မင်းတို့ ဒီမှာ ငါတို့နဲ့သေတဲ့အထိတိုက်ခိုက်ချင်တာ သေချာလား?

ဝိညာဉ်ဖွဲ့စည်းခြင်းနတ်ဆိုးအရှင်တွေထဲ ငါတို့သုံးယောက်ပဲ ဒီလောကကို လျှို့ဝှက်ပြီးရောက်လာတယ် လို့ထင်လား?”

ထိုစကားကိုကြားလျှင် ကောင်းကင်သခင်နှစ်ဦးဖြစ်သည့် အဆုံးမဲ့ပင်လယ်နှင့် ရွှမ်းယန်တို့က မှင်သက်သွားသည်။

သို့ရာတွင်ကျန်းချန်ရွှမ်၏အသံက အဝေးမှ ပဲ့တင်ထပ်လာခဲ့သည်။

“အဲ့လိုလား? ဒါဆို ဒီနေရာမှာ ဘာလို့ ငါတို့သုံးယောက်ပဲရှိလဲဆိုတာသိလား?”

“မင်း…?”

နတ်ဆိုးအရှင်နှစ်ယောက်တို့၏မျက်စိသူငယ်အိမ်က ထိတ်လန့်မှုဖြင့် ကျယ်သွားခဲ့ပြီး ကျန်းချန်ရွှမ်ကိုကြည့်ကာ သူတို့ကြားခဲ့ရသည်ကို မယုံနိုင်ဖြစ်နေကြသည်။

“မင်းတို့ တကယ်ပဲ….”

“တကယ်ပဲ မင်းတို့ခန့်မှန်းနိုင်ပြီ။

ဒါမဲ့ ကံမကောင်းစွာနဲ့ ခန့်မှန်းတာမှန်တာအတွက် ဆုလဒ်မရှိဘူး။”

ကျန်းချန်ရွှမ်က စိတ်မဝင်စားသည့်အမူအရာမျိုးနှင့် ဖြေလိုက်သည်။

“ငါမင်းတို့ကို အရင်ကပြောဖူးတာပဲ၊ မင်းတို့လာတာနဲ့ ငါတို့နဲ့ဒီမှာပဲနေသင့်တယ်လို့။”

သူသည် စကားပြောပြီးသည်နှင့်၊ သူ၏ရွှေရောင်ဓားအလင်းက လေဟာနယ်ထဲမှ ထပ်မံထွက်ပေါ်လာခဲ့သည်။

မကြာမီ၊ သွေးပင်လယ်နှင့် အရိုးရိပ်တို့၏ အော်ဟစ်သံများက လေထဲတွင် ပျံနှံ့လာခဲ့သည်။

တစ်ချိန်တည်းမှာပင်။

ကျန်းနိုင်ငံနှင့် မနီးမဝေးတွင် ကြီးမားသည့် ပေါက်ကွဲမှုသည် မြေတစ်လျှောက်ဖြတ်သန်းသွားသည်။ အဆုံးမဲ့အလင်းများက အဖြူနှင့် အနက်ရောင်ချီနှင့် ငါးရောင်ခြယ်အလင်းတန်းတို့ကအတူ ဟိန်းနေကာ သဲကြီးမဲကြီးဖြစ်နေကြသည်။

ချက်ချင်းပင် နက်မှောင်သည့်အလင်းဖြင့် လွှမ်းခြုံးထားသည့် ပုံရိပ်က ကောင်းကင်ပေါ်တွင် ပေါက်ကွဲသွားခဲ့သည်။

ခနအကြာတွင် ပို၍ ရက်စက်သောပေါက်ကွဲမှုတစ်ခုက ကောင်းကင်ဘုံကိုးခုနယ်ပယ်တွင် ပဲ့တင်ထပ်လာခဲ့သည်။

ခနအကြာတွင် ပြန်၍ တည်ငြိမ်သွားသည်။

ကျန်းချန်ရွှမ်က ရှေးဟောင်းမြစ်သဲကန္တာရအပေါ်တွင် ပျံသန်းနေရင်း အဆုံးမဲ့ပင်လယ်နှင့် ရွှမ်းယန်တို့ဖက်သို့ လှည့်ကာ ပြောလိုက်သည်။

“ကျုပ်တို့ရဲ့မှန်းဆချက်က မှန်နေပုံပဲ။ အဲ့ကောင်တွေမှာ တကယ်ပဲ အရန်အစီအစဉ်ရှိသေးတယ်။”

“ခင်ဗျားရဲ့ပြင်ဆင်မှုကြောင့်ကျေးဇူးပါ၊ တာအိုရောင်းရင်းကျန်း၊ ကျုပ်တို့သူတို့ရဲ့နောက်ဆုံး လွတ်မြောက်ရာလမ်းကို ပတ်ထားနိုင်ပြီပေါ့။”

ကောင်းကင်သခင်အဆုံးမံပင်လယ်က အပြုံးဖြင့် ချီးမွမ်းလိုက်သည်။

ကျန်းချန်ရွှမ်က သူ၏ခေါင်းကိုခါလိုက်ပြီး ပြန်ဖြေလိုက်သည်။ “ခင်ဗျားက အရမ်းသဘောကောင်းနေတာပဲ အဆုံးမဲ့ပင်လယ်၊ ကျုပ်တို့ရဲ့အောင်မြင်မှုက အားလုံးရဲ့အားထုတ်မှုကြောင့်ပါ။

မမျှော်လင့်ထားတဲ့ ကိစ္စတွေမဖြစ်လာဖို့ပဲ မျှော်လင့်ထားကြတာပေါ့။”

“တာအိုရောင်းရင်းကျန်းအဲ့ကောင်တွေထပ်ပြီးရှိဦးမယ်လို့ထင်လား?”

ကောင်းကင်သခင်ရွှမ်းယန်က မေးလိုက်သည်။

ကျန်းချန်ရွှမ်က ခေါင်းကိုခါလိုက်ပြီး “ကျုပ်ဒီအတွက်တော့ သိပ်မသေချာဘူး။

ဒါမဲ့ ကျုပ်ရဲ့မှန်းဆချက်အရ ဒီပွဲပြီးရင် ကျုပ်တို့ခနတော့ နားလို့ရနိုင်တယ်။”

“ဘယ်သူမှ ဒီလိုအရေးကြီးတဲ့အဆင့် ပြီးတဲ့နောက်မှာ ပြသနာရှာလိမ့်မယ်လို့မထင်ဘူး။”

တကယ်ပင် ကျန်းချန်ရွှမ်ခန့်မှန်းထားသည့်အတိုင်း၊ နောက်ပိုင်း ဆယ်စုနှစ်များတွင် မြောက်ပိုင်းနယ်နိမိတ်တွင် ငြိမ်းချမ်းနေခဲ့သည်။

ယခင်က ပေါ်ထွက်လာသည့် နတ်ဆိုးမကောင်းဆိုးဝါးများသည် ထပ်မံ၍ မပေါ်ထွက်လာကြတော့ပေ။

နတ်ဆိုးမျိုးနွယ်၌လည်း လှုပ်ရှားမှုကြီးကြီးမားမား မရှိတော့ပေ။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ထိုရှားပါးသည့်အခွင့်အရေးကို ယူကာ ကျင့်ကြံခြင်းတွင် အာရုံစိုက်ရန် ကြိုးစားခဲ့သည်။

ရာစုနှစ်များ မြန်ဆန်စွာ ကုန်လွန်သွားပြီးနောက်၊ သူတို့၏ ကျင့်ကြံမှုများသည်လည်း တိုးတက်လာခဲ့သည်။

ကျန်းချန်ရွှမ်က ဝိညာဉ်ဖွဲ့စည်းခြင်း၏ ဒုတိယအဆင့်သို့ ရောက်ခဲ့ပြီး ရှန်းရူယန်က တတိယအဆင့်သို့ မြင့်တင်နိုင်ခဲ့သည်။

ဝိညာဉ်ဖွဲ့စည်းခြင်းကျင့်ကြံသူများအနေဖြင့် ရာစုနှစ်နှင့် ထောင်စုနှစ်များစွာတွင် တိုးတက်မှုမရှိခြင်းမှာ တွေ့ကြုံရမည့် မြင်ကွင်းပင်ဖြစ်သည်။

အများစုက တိုးတက်မှုမရှိဘဲ သူတို့၏ သက်တမ်းများ ကုန်လွန်သွားခဲ့ခြင်းသည် ကျင့်ကြံသူများကြားတွင် သာမန်ကိစ္စပင်ဖြစ်သည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကဲ့သို့ အပေါက်ဝတွင်ရှိနေသော ဝိညာဉ်ကျင့်ကြံသူများက မရှိသလောက်ပင်။

နှစ်ပေါင်းနှစ်ရာအကြာတွင် နှစ်ဦးစလုံး အရေးကြီးသည့် တိုးတက်မှုများ ရရှိခဲ့သည်။

သူတို့၏အဆင့်တွင်ရှိသောအခြားကျင့်ကြံသူများအနေဖြင့် ၎င်းသည် စိတ်ကူး၍ပင်မရနိုင်ပါ။

သို့ရာတွင် အရာအားလုံးက ပုံစံခွက်အတိုင်းပင် လိုက်ကြသည်။

သူတို့၏သာမန်ထပ်ပိုသည့်လုပ်နိုင်စွမ်းနှင့်ဆိုလျှင်ပင်၊ လုံလောက်သည့်သယံဇာတများမရှိဘဲနှင့် အချိန်တိုအတွင်းအဆင့်တက်ရန်မှာ သူတို့အတွက်စိန်ခေါ်မှုကြီးဖြစ်သည်။

ထို့ကြောင့်၊

ဆယ်စုနှစ်များစွာကြာပြီးနောက် ကျင့်ကြံအဆင့်က အရေးပါသောတိုးတက်မှုမရှိသည့်အချိန်၌ ထိုစုံတွဲက နောက်ဆုံးတွင် ဂူပိတ်ကျင့်ကြံခြင်းမှ ထွက်လာရန်ဆုံးဖြတ်ခဲ့ကြသည်။

ထွက်လာသည်နှင့် သူတို့သည် နတ်ဆိုးမျိုးနွယ်က လူသားမြို့များအား တိုက်ခိုက်သည့်သတင်းကို ကြားလိုက်ရသည်။

လူသားမျိုးနွယ်၏ခုခံကာကွယ်ခြင်းကာလက ကုန်ဆုံးသွားသည်မှာရှင်းလင်းနေပါသည်။

နတ်ဆိုးမျိုးနွယ်သည် ရှင်းလင်းစွာပင် ထပ်၍သည်းမခံနိုင်တော့ပေ။ သူတို့သည် ချက်ချင်းပင် နတ်ဆိုးသားရဲ အဓိကရုဏ်းကို စတင်ခဲ့သည်။

သို့ရာတွင် ကျန်းချန်ရွှမ်အား အံ့ဩစေသည်မှာ ဤတစ်ကြိမ်တွင်ဖြစ်ပွားသော နတ်ဆိုးသားရဲအဓိကရုဏ်းက အဆင့် ၄ နတ်ဆိုးဘုရင်အထိသာကန့်သတ်ထားပြီး လူသားကျင့်ကြံသူများ၏ ရွှေအမြုတေကျင့်ကြံသူနှင့် ညီမျှသည်။

“နတ်ဆိုးမျိုးနွယ်က သူတို့ရဲ့သဘာဝကို ပြောင်းလဲလိုက်တာလား? နှစ်နှစ်ရာလောက်တိတ်ဆိတ်နေပြီးတော့မှ ပြသနာကို ရွှေအမြုတေအဆင့်ကို ကန့်သတ်လိုက်တယ်လား?”

ကျန်းချန်ရွှမ်က ရှန်းရူယန်အားမေးလိုက်သည်။

ရှန်းရူယန်က အပြုံးနှင့်ဖြေလေသည်။

“ကျွန်မထင်တာ သူတို့ကပြောင်းလဲလိုက်တာမဟုတ်ဘဲ ကျွန်မတို့ကို ရင်ဆိုင်ဖို့ ယုံကြည်ချက်မရှိတော့လို့ ထင်တယ်။

မဟုတ်ရင် သူတို့ရဲ့ပုံမှန်အပြုအမူအရ ခုခံကာကွယ်ခြင်းအချိန်ကာလပြီးရင် မြောက်ပိုင်းနယ်နိမိတ်ကိုဆန့်ကျင်ပြီး တိုက်ပွဲအကြီးကို စတင်လာနိုင်တယ်။”

ကျန်းချန်ရွှမ်က ရှန်းရူယန်၏ သုံးသပ်ချက်ကို သဘောတူစွာခေါင်းညိတ်လိုက်သည်။

သူတို့၏ လက်ရှိစွမ်းအားနှင့် နတ်ဆိုးမျိုးနွယ်သည် အရေးကြီးသောပမာဏနှင့် သူတို့၏သယံဇာတများကို စွန့်လွတ်ရန်ဆန္ဒမရှိသရွေ့ မြောက်ပိုင်းနယ်နိမိတ်ထံသို့ အမှန်တကယ်ချိန်းခြောက်မှုကို မပြုလုပ်နိုင်ပါ။

သို့ရာတွင် နတ်ဆိုးမျိုးနွယ်သည် တကယ်ပင် အပြင်သို့ထွက်လာမည်လား?

သို့မဟုတ် မရေတွက်နိုင်သည့် နှစ်ပေါင်းများစွာနေလာသော နတ်ဆိုးသားရဲချုပ်များသည် သူတို့ကိုယ်သူတို့အနစ်နာခံကာ လူသားမျိုးနွယ်နှင့်တိုက်ပွဲကိုအောင်နိုင်ရန် လုပ်မည့်ဆန္ဒရှိနိုင်ပါမည်လား?

အဖြေမှာ မဖြစ်နိုင်ပါ။

ထို့ကြောင့် ထိုအခြေအနေအောက်တွင် မည်မျှအလိုမရှိပဲ ဒေါသမည်မျှထွက်ပါစေ သည်းခံထားရမည်ဖြစ်သည်။

အဆုံးတွင် လွန်ခဲ့သောနှစ်ပေါင်းရာကျော်က ဝမ်းနည်းစရာကောင်းသော ကံကြမ္မာက ထိုနတ်ဆိုးသခင်များအား မမေ့နိုင်စေခဲ့သေးပါ။

အကယ်၍ ထိုနတ်ဆိုးအရှင်များ၏ခြေရာကိုလိုက်မသွားလိုပါက အချိန်ရောက်သည်အထိသည်းခံနေခြင်းမှာ အကောင်းဆုံးဖြစ်သည်။

***

All Chapters