← Chapters

သေခြင်းသဲကန္တာရ၊ အကြွင်းအကျန်နယ်ပယ်ထွက်ပေါ်လာခြင်း

Vol. 35 Ch. 658

သေခြင်းသဲကန္တာရ၊ အကြွင်းအကျန်နယ်ပယ်ထွက်ပေါ်လာခြင်း

Vol. 35 Ch. 658

အချိန်များစွာဖြတ်သန်းသွားလျှင်၊ နတ်ဆိုးသားရဲများနှင့် လူသားများကြား မဟာပြသနာများသည် နှစ်ပေါင်းရှစ်ဆယ်ကျော်ကြာမြင့်သွားခဲ့သည်။

ထိုအချိန်အတွင်းတွင် လူသားမျိုးနွယ် သို့ နတ်ဆိုးမျိုးနွယ်တို့သည် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်အထိ အင်အားတိုးချဲ့ခြင်းကို မပြုလုပ်ခဲ့ပေ။

အမှန်မှာ အခြေတည်ဝိညာဉ်ကျင့်ကြံသူများသည်ပင် ဝင်ပါခြင်းမှ နောက်ဆုတ်ခဲ့ကာ မျိုးနွယ်နှစ်ခုကြား မပြောထားသည့် သဘောတူညီချက်ကို ထူနိုင်ခြင်းက လွန်ခဲ့သောနှစ်ရာစုပေါင်းများစွာကို ပြန်လည်အမှတ်ရစေသည်။

အနောက်ပိုင်းသဲကန္တာရတွင် နှစ်ဖက်မှတိုက်ပွဲများက အခြေတည်ဝိညာဉ်အစောပိုင်းအဆင့်တွင် ကန့်သတ်ထားလေသည်။

အခြေတည်ဝိညာဉ်အလယ်ဆင့်ကျင့်ကြံသူ တစ်ဦးမှမပါခြင်းသည် စိတ်ဝင်စားစရာကောင်းပေသည်။

ကျန်းချန်ရွမ်နှင့် ရှန်းရူယန်တို့က နတ်ဆိုးမျိုးနွယ်၏လက်ရှိအားနည်းချက်သည် အင်အားစုပေါင်းခြင်းပင် ဖြစ်သည်ကိုနားလည်သည်။

နတ်ဆိုးကပ်ဘေးသာနောက်တစ်ကြိမ် လာခဲ့လျှင်၊ နတ်ဆိုးသားရဲများသည် ယခင်ကဲ့သို့ တိတ်ဆိတ်နေတော့မည်မဟုတ်ပေ။

သူတို့သည် အပြင်လောကမှလူများနှင့် ပူးပေါင်းကာ လူသားကျင့်ကြံသူများအား ဆန့်ကျင်တိုက်ခိုက်လာနိုင်သည်မှာ ဖြစ်နိုင်ပေသည်။

အကြောင်းမှာ နတ်ဆိုးကပ်ဘေး၏ကြားတွင် အနှစ်သာရကိုးပါးကျင့်ကြံရေးလောက၏ ဖြစ်တည်မှုက နတ်ဆိုးကပ်ဘေး နောက်တစ်ကြိမ်ဖြစ်လာမည်ကို တောင့်ခံနိုင်ခြင်းမရှိတော့ခြင်းကြောင့် ဖြစ်သည်။

ထိုအချိန်တွင် သူတို့သည် ကျူးကျော်သူများကို တွန်းလှန်တိုက်ခိုက်ရမည်သာမကဘဲ သူတို့၏လောက သည်လည်း လုံးဝ လက်သင့်ခံလိုက်ရမည်ဖြစ်သည်။

ထိုကဲ့သို့အချိန်တွင် နတ်ဆိုးသားရဲများသည် နောက်ပြန်ဆုတ်ရန်အကြောင်းမရှိတော့ပါ။

“ကြည့်ရတာ ငါတို့မှာ အချိန်များများမကျန်တော့သလိုပဲ။”

ကျန်းချန်ရွှမ်က ရုတ်တရက် လေးပင်စွာ သက်ပြင်းချလိုက်သည်။

သူနှင့်ရှန်းရူယန်တို့သည် နှစ်တစ်ထောင်ကျော်သည် ကြည့်ရသည်မှာ ရှည်ကြာသော်လည်း သူတို့အတွက်တော့ လုံလောက်မှုမရှိပါ။

အနည်းဆုံးအနေဖြင့် သူတို့၏ဗဟုသုတကိုအခြေခံ၍ မည်သည့်ဝိညာဉ်ဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ဦးမှ နှစ်ထောင်ကျော်အတွင်း အစောပိုင်းအဆင့်မှ နောက်ပိုင်းအဆင့်သို့ ထိုးဖောက်နိုင်သူမရှိပေ။

အကယ်၍ သူတို့သည် ဝိညာဉ်ဖွဲ့စည်းခြင်းကို နောက်ပိုင်းအဆင့်ထိ မထိုးဖောက်နိုင်လျှင် နောက်တစ်ကြိမ် ဖြစ်လာမည့် နတ်ဆိုးကပ်ဘေးတွင် တောင်ခံနိုင်ရန် အခွင့်အရေးမရှိပါ။

ကျန်ရှိနေသည့်အချိန်အတွင်းတွင် သူတို့သည် ထိုးဖောက်ရန် အခွင့်အလမ်းကိုတက်ကြွစွာ ရှာဖွေရမည်ဖြစ်သည်။ သာမန်ဂူအောင်းကျင့်ကြံခြင်းသည် ရေရှည်အတွက် ရွေးချယ်စရာမဟုတ်တော့ပါ။

အဆုံးတွင် အချိန်က မည်သူ့ကိုမှ မစောင့်ပေ။

ထိုးဖောက်ရန်အခွင့်အလမ်းများကိုစတင်၍ ရှာဖွေမှသာလျှင် သူကိုယ်တိုင်အတွက်နှင့် လူသားမျိုးနွယ်တစ်ခုလုံးအတွက် လာမည်တိုက်ပွဲတွင် ရှင်သန်နိုင်သည့်အခွင့်အလမ်း ရရှိမည်ဖြစ်သည်။

ထိုစုံတွဲက သူတို့၏နောက်ခြေလှမ်းကို ချင့်ချိန်စဉ်းစားနေချိန်၌ သေခြင်းသဲကန္တာရ၏ အောက်တွင် မှိန်ဖျော့သော အလင်းတစ်ခုထွက်ပေါ်လာခဲ့သည်။

အစ၌ မည်သူမှ သေခြင်းသဲကန္တာရ၏ အောက်တွင်ဖြစ်ပေါ်လာသော အခြေအနေအား ဝိညာဉ်ဖွဲ့စည်ခြင်း ကောင်းကင်သခင်များပင် သတိမပြုမိကြပေ။

သို့ရာတွင် အချိန်များကုန်လွန်သွားချိန်၌ မြေအောက်မှထွက်ပေါ်လာသော ဝိညာဉ်အလင်းသည် ပို၍ ပြင်းထန်လာသည်။

တဖြည်းဖြည်းနှင့် ကတော့ပုံစံ ရေဝဲက မြေပေါ်တွင်ပေါ်လာခဲ့ပြီး ရှေးဟောင်းနှင့် ကျယ်ပြောသော အရောင်အဝါကို ထုတ်လွတ်လာခဲ့သည်။

၎င်းသည် နောက်ဆုံး၌ မြောက်ပိုင်းနယ်နိမိတ်နှင့်အနောက်ပိုင်းသဲကန္တာရ၊ တောင်ပိုင်းကန္တာ၊ အရှေ့ပိုင်းနှင့် အလယ်ပိုင်းလွင်ပြင်မှ နယ်မြေများမှ ကျင့်ကြံသူများ၏အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။

အနီးအနားမှ ကျင့်ကြံသူများသည် များစွာမတွေးဘဲ၊ ထိုတည်နေရာသို့ ဦးတည်သွားခဲ့ကြသည်။ သူတို့အံအားသင့်သွားရအောင်ပင် ထိုနေရာ၏မိုင်ထောင်ချီပတ်လည်သို့ ချဉ်းကပ်သွားစဉ်တွင် ရွှေအမြုတေဖြစ်စေ အခြေတည်ဝိညာဉ်ကျင့်ကြံသူဖြစ်စေ၊ သူတို့၏ကျင့်ကြံဆင့်ကြောင့် ဆက်လက်၍ သွားမရတော့ကြောင်းကို သတိပြုမိခဲ့သည်။

ထိုနေရာ၏ဖြစ်နိုင်ချေရှိသောအန္တရာယ်များကို သတိပြုမိလျှင် အထူးသဖြင့် အခြေတည်ဝိညာဉ်စံသခင်များပင် ဝင်မရကြောင်းကိုသိလျှင် ကျင့်ကြံသူများက အမြန်ပင် နောက်ဆုတ်သွားသည်။

အဆုံး၌ သူတို့သည် ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်များကဲ့သို့စွမ်းအားကြီးသောသူများရောက်ရှိလာကာ ပြသနာဖြစ်မည်ကို စိုးရိမ်ကြလေသည်။

မည်သည်မှမဖြစ်ခြင်းသည် ကောင်းသော်လည်း တစ်ခုခုဖြစ်သည်နှင့် သူတို့ကဲ့သို့အရေးမပါသည့်ကျင့်ကြံသူများက မည်သို့ တောင့်ခံနိုင်ပါမည်နည်း?

ထို့ကြောင့်

ရက်အနည်းငယ်အတွင်းတွင်၊ ထိုပတ်ဝန်းကျင်မှကျင့်ကြံသူများက မရှိတော့ပေ။

ဝုန်း….

ထို့နောက် ရက်ပေါင်းများစွာအကြာတွင်၊ ကြီးမားသည့် အရိပ်က ကောင်းကင်ပေါ်တွင် ပေါ်လာပြီး လွမ်းမိုးနိုင်သည့် ဖြစ်တည်မှုကို ဖော်ပြနေသည်။

၎င်းသည် အဆင့် ၆ နတ်ဆိုးသားရဲချုပ်ဖြစ်သည်။

ထိုအချိန်တွင် ၎င်းသည် ရေဝဲ၏ဖက်သို့ကြည့်လိုက်သည်။ အနည်းငယ်တုံ့ဆိုင်းနေပြီးမှ ကြီးမားသော ခန္ဓာကိုယ်ကြီးက ရေဝဲဆီသို့ ဦးတည်ကာ သွားလိုက်လေတော့သည်။

လူများစွာကို အံ့အားသင့်စေသည်မှာ ထိုကြီးမားသည့်အရိပ်ကြီးက ရေဝဲဆီသို့ချဉ်းကပ်သွားသည်နှင့် လူတိုင်းကို တားဆီးထားသည့် အတားအဆီးက ၎င်းကို တားဆီးထားခြင်းလုံးဝမရှိပေ။

ချက်ချင်းပင် ကြီးမားသောအရိပ်ကြီးက ရေဝဲထဲသို့ ဝင်သွားခဲ့သည်။

ထိုအချိန်၌ လူအများက နားလည်သွားခဲ့သည်။

သူတို့ရှေ့တွင် ပေါ်လာသည့် အကြွင်းအကျန်နယ်ပယ်က သို့ လျှို့ဝှက်နယ်ပယ်က ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် အထက်မှ ကျင့်ကြံသူများသာ ဝင်နိုင်သည့် နေရာဖြစ်ပုံရသည်။

“တာအိုရောင်းရင်ကျန်း၊ တာအိုရောင်းရင်းရှန်း၊ တာအိုရောင်းရင်းအဆုံးမဲ့ပင်လယ်၊ တာအိုရောင်းရင်းရွှမ်းယန်။”

ထိုအချိန်တွင် သေခြင်းသဲကန္တာရ၏အစွန်တွင် ကျန်းချန်ရွှမ်နှင့် အခြားသူများက ရောက်နေကြပြီဖြစ်ကာ တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြသည်။

နောက်ဆုံးတွင် ကောင်းကင်သခင်ရုန်ဟန်ကျီရှန်းကပြောလိုက်သည်။

“အကယ်၍ ကျုပ်မမှားရင်၊ ဒီအကြွင်းအကျန်နယ်မြေက နှစ်တစ်သောင်းအကြာက ပညာရှိနဂါးသခင်က ထားခဲ့တဲ့နေရာဖြစ်လိမ့်မယ်။”

“ပညာရှိနဂါးသခင်?”

ထိုနာမည်ကိုကြားလျှင်၊ ကျန်းချန်ရွှမ်နှင့် အခြားသူများက ရှင်းလင်းစွာပင် ပဟေဠိဖြစ်နေကြသည်။

သိသာစွာပင်၊ သူတို့သည် ကောင်းကင်သခင်ရုန်ဟန်ကျီရှန်း ပြောသည့် ပညာရှိနဂါးသခင်ဆိုသည်မှာ မည်သူဖြစ်သည်ကို မသိကြပေ။

“ကျုပ်တကယ်ပဲ အဲ့လူအကြောင်းကို သိပ်မသိဘူး။”

ကောင်းကင်သခင် ရုန်ဟန်ကျီရှန်းက ဆက်ပြောသည်။ “ဒါပေမဲ့ သူ့အကြောင်းကို ကျုပ်ရဲ့ရုန်ဟန်နန်းတော်ရဲ့ ရှေးဟောင်းမှတ်တမ်းတွေထဲမှာ သတင်းတစ်ချို့ရှိတယ်။

ပြောကြတာက အဲ့ဒီလူဟာ လွန်ခဲ့တဲ့နှစ်တစ်သောင်းတုန်းက အထက်နယ်မြေကို တက်သွားခဲ့တာတဲ့။

အဲ့ဒီအချိန်က နေရာအနေအထားအရ ပညာရှိနဂါးသခင်မတက်သွားခင်မှာ၊ သူရဲ့မတက်နိုင်သေးတဲ့သူတွေအတွက် အခွင့်အလမ်းတွေထားခဲ့တာ။

သူဟာ အဲ့ဒီခေတ်က လေလွင့်ကျင့်ကြံသူအနေနဲ့ အထက်ကို တက်နိုင်တဲ့ စီနီယာအနည်းငယ်ထဲက တစ်ယောက်လို့ ဆိုကြတယ်။”

“ကျုပ်သိပြီ။”

ကောင်းကင်သခင်ရုန်ဟန်ကျီရှန်း၏ ပြောပြချက်ကို ကြားသော် ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် အခြားသူများက အနည်းနှင့်အများ နားလည်သွားကြသည်။

ထိုသို့ကြည့်ရင်း၊ ထိုအကြွင်းအကျန်နယ်ပယ်သည် ပညာရှိနဂါးသခင်မှ အနာဂတ်မျိုးဆက်အတွက် ချန်ရစ်ခဲ့သော အခွင့်အလမ်းဖြစ်ပေလိမ့်မည်။

အကယ်၍ အမှန်သာဆိုလျှင်၊ ထိုအကြွင်းအကျန်နယ်ပယ်၌ သုံးနိုင်သည့်အရာတစ်ခုခုကိုတွေ့နိုင်မည်ဖြစ်သည်။

ကျန်းချန်ရွှမ်က ကောင်းကင်သခင် ရုန်ဟန်ကျီရှန်းကို ကြည့်ကာပြောလိုက်သည်။

“တာအိုရောင်းရင်းရုန်ဟန်ကျီရှန်း၊ ခင်ဗျားအမြင်မှာရော၊ ကျုပ်တို့ အခု ဒီအကြွင်းအကျန်နယ်ပယ်ထဲကို ဝင်သင့်တယ်လို့ထင်လား?”

ကောင်းကင်သခင် ရုန်ဟန်ကျီရှန်းသည် ခနလေ့လာလိုက်ကာ ခေါင်းညိတ်လိုက်သည်။

“ကျုပ်အမြင်အရဆို ထင်တယ်။

အဆုံးမှာ ကျုပ်သိထားရတဲ့ သမိုင်းကြောင်းအရ ပညာရှိနဂါးသခင်က ကြောက်စရာကောင်းတဲ့ပုံမပေါ်ပါဘူး။

သူက နောက်မျိုးဆက်တွေအတွက် အကြွင်းအကျန်နယ်ပယ်ကို ချန်ပေးခဲ့မှတော့ အန္တရာယ်များများ မရှိလောက်ဘူး။

ဒါပေမဲ့ လုံခြုံရေးအတွက်တော့၊ ခနလောက်စောင့်ကြည့်ပြီးတော့ ကြည့်လို့ရပါတယ်။”

“ကျုပ်ထင်တာထပ်စောင့်ဖို့မလိုအပ်တော့ဘူး။” ကျန်းချန်ရွှမ်က ငြင်းလိုက်သည်။ “အခုက အဲ့ဒီအကြွင်းအကျန်နယ်ပယ်က အခုပဲပေါ်လာတာ ပြီးတော့ အခွင့်အလမ်းကို အရယူဖို့ ကျုပ်တို့အတွက် အကောင်းဆုံးအချိန်ပဲ။

မမေ့ပါနဲ့၊ ဒီနေရာကိုအခြားသူတွေလည်း ကျုပ်တို့နောက်မှာ အများကြီးရောက်လာဦးမှာ။ အကယ်၍ အရင်ရောက်တဲ့ ဒီအခွင့်ကောင်းကို မယူရင် လူများလာရင် တစ်ခုခုကိုယူဖို့ခက်ခဲလာလိမ့်မယ်။”

“ကျုပ်လည်းတာအိုရောင်းရင်းကျန်းနဲ့ သဘောတူတယ်။”

ကောင်းကင်သခင်ရွှမ်းယန်က သဘောတူလျှက်ခေါင်းညိတ်လိုက်သည်။

ကောင်းကင်သခင်ရုန်ဟန်ကျီရှန်းနှင့် ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်တို့က တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြသည်။

“ဒီလိုဆို အခုသွားကြရင်ကော ဘယ်လိုလဲ?”

“ကောင်းပြီ။ အခုပဲ လုပ်ကြတာပေါ့။”

ကျန်းချန်ရွှမ်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ကျုပ်အကြံပြုတာ လူတိုင်းကျုပ်တို့ရဲ့ လက်ရှိအခြေအနေကို နားလည်ကြမယ်လို့ထင်ပါတယ်။

အတွင်းထဲက အန္တရာယ်ကတော့၊ ဒီခရီးက ကျုပ်တို့သွားဖို့လိုတဲ့အရာပဲ။

ဒီမှာနှောင့်နှေးနေမဲ့အစား၊ အခွင့်အရေးယူလိုက်တာ ကောင်းလိမ့်မယ်။”

ထိုစကားဖြင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က တုံ့ဆိုင်းမနေကြတော့ပါ။

သူတို့သည် ရေဝဲ၏ ဝင်ပေါက်သို့ ပျံသွားလိုက်သည်။

ဤသည်ကိုမြင်လျှင် ကောင်းကင်သခင်ရွှမ်းယန်နှင့် အခြားသူများက တုံ့ဆိုင်းနေခြင်းကိုရပ်လိုက်ပြီး ရေဝဲ၏ဝင်ပေါက်သို့ ပျံသန်းသွားကြသည်။

ကျီ….ကျီ…..ကျီ…..

ဖြတ်သွားရခြင်းသည် အတားအဆီးကိုကျော်ဖြတ်ရခြင်းကဲ့သို့ပင်။

ကျန်းချန်ရွှမ်က သူ၏စိတ်ထဲ အနည်းငယ်မူးဝေမှုကို ခံစားရပြီးနောက် အမြန်ပင် ပျောက်ကွယ်သွားသည်။

သူက အပေါ်သို့ မော့ကြည့်လိုက်သည်။

သူအံ့အားသင့်သွားလောက်အောင်ပင်၊ သူသည် သေခြင်းသဲကန္တာရတွင်ပင် ရှိသေးသည်။

နေပါဦး၊ ဒါမမှန်ဘူး။

၎င်းသည် အပြင်ကမ္ဘာမှ သေခြင်းသဲကန္တာရမဟုတ်ပေ သို့သော်…..

အကြွင်းအကျန်နယ်ပယ်အတွင်းထဲမှနေရာသည်လည်း သေခြင်းသဲကန္တာရကဲ့သို့ပင်ဖြစ်သည်။

ကျန်းချန်ရွှမ်၏မျက်လုံးများ ကျဉ်းသွားသည်။

ထိုအချိန်တွင် သူနှင့်အတူဝင်လာသည့် ရှန်းရူယန်နှင့်အခြားသူများနှင့် ကွဲသွားပြီကို သတိပြုမိခဲ့သည်။

ထို့အပြင် ကျန်းချန်ရွှမ်က သူ၏နတ်ဘုရားအာရုံသည် အမြန်ပင် ကျဆင်းနေသည်ကို အံ့အားသင့်စွာ တွေ့ခဲ့ရသည်။

၎င်းသည် မီတာတစ်ထောင်အထိ လျော့ကျနေကာ ရွှေအမြုတေကျင့်ကြံသူထပ်ပင် လျော့နည်းနေလေသည်။

ဤသည်ပင် မကဘဲ သူသည် သူ၏ဓမ္မစွမ်းအင်နှင့် ကျင့်ကြံခြင်းများက ဒီဂရီတစ်ခုအထိအားနည်းလာသည်ကို ခံစားခဲ့ရသည်။

ကြည့်ရသည်မှာ ဤနေရာ၏ စည်းမျဉ်းများသည် အပြင်လောကနှင့် ကွဲပြားနေပုံရသည်။ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးဖန်တီးထားသော အကြွင်းအကျန်နယ်ပယ်က ဤမျှလောက်ထူးခြားနိုင်ပါသလား?

ကျန်းချန်ရွှမ်သည် ပဟေဠိဖြစ်နေလေသည်။

သူ၏နားလည်မှုအရ ထိုကဲ့သို့အကြွင်းအကျန်နယ်ပယ်ကို ဖန်တီးနိုင်သူသည် ကျင့်ကြံခြင်းသည် အပြင်လောက၏စည်းမျဉ်းများနှင့် ကွာခြားနေကာသေချာပေါက် ဝိညာဉ်ဖွဲ့စည်းခြင်းနောက်ဆုံးအဆင့်တွင် ရှိသောသူပင်မဖြစ်နိုင်ပါ။

အကြောင်းအရင်းမှာ ထိုအဆင့်သည် ထိုကဲ့သို့အကြွင်းအကျန်နယ်ပယ်ကို ဖန်တီးရန်မလုံလောက်ပါ။

ဗလာနယ်ပြန် အဆင့်သို့ရောက်သည့် ကျင့်ကြံသူသည်သာလျှင် ထိုကဲ့သို့သောနေရာကို တည်ဆောက်နိုင်စွမ်းရှိလိမ့်မည်။

ယခင်က ပညာရှိနဂါးသခင်၏ ကျင့်ကြံခြင်းက ဗလာနယ်ပြန်အဆင့်သို့ထိုးဖောက်နိုင်ခဲ့ခြင်းဖြစ်ပါသလား?

အကယ်၍ ထိုသို့ဆိုလျှင်၊ လက်ရှိအခြေအနေက အဓိပ္ပာယ်ရှိလေသည်။

ထို့အပြင်၊ အကယ်၍ ထိုနေရာက ဗလာနယ်ပြန်နတ်ဘုရားအရှင်မှ ချန်ခဲ့သောအကြွင်းအကျန်နယ်ပယ်ဖြစ်လျှင် ထိုအထဲတွင်ရှိနေသော အခွင့်အလမ်းများသည် သေချာပေါက်လူတိုင်းလိုချင်နေသော အရာများဖြစ်နိုင်သည်။

ကျီ…

ထိုအချိန်တွင် ကျန်းချန်ရွှမ်သည် ရုတ်တရက် သူ၏နောက်တွင် ထွက်လာသည့် စွမ်းအင်လှိုင်းကို ခံစားလိုက်ရသည်။

ချက်ချင်းပင်၊ သူ၏နှလုံးသားထဲ အန္တရာယ်တစ်ခု ဝင်လာခဲ့သည်။

စဉ်းစားဖို့ရန်အချိန်မရှိဘဲ သူသည် ချက်ချင်း ရွှေဗလာနယ်ဓားကို ယူထုတ်လိုက်သည်။

ဂလောင်ဟူသောအသံမြည်သွားသည်။

မီးပွားများက နေရာတိုင်းကို ပြန့်နှံ့သွားခဲ့သည်။

ကြီးမားသည့် ကင်းခြေများကြီးက မရေတွက်နိုင်သော ပုံရိပ်ယောင်များအဖြစ်ပြောင်းလဲကာ ကျန်းချန်ရွှမ်၏ဗလာနယ်ဓားနှင့် လေထဲတွင် အကြိမ်ပေါင်းများစွာတိုက်နေခဲ့သည်။

၎င်းသည်ကျန်းချန်ရွှမ်အား ထိတ်လန့်သွားစေသည်။

သူရင်ဆိုင်နေရသည့်ကင်းခြေများသည် အဆင့် ၅ သတ္တဝါဖြစ်ကာ သူ၏အဆင့် ၆ ယန်စစ်မှန်ရတနာ ဖြစ်သည့် ရွှေရောင်ဗလာနယ်ဓားနှင့်ပင် ဖလှယ်နိုင်သည်။

နေပါဦး။

ရုတ်တရက် ကျန်းချန်ရွှမ်သည် အရေးကြီးသောတစ်ခုခုကို သတိပြုမိသွားပုံနှင့် သူ၏အမူအရာက အကြီးအကျယ်ပြောင်းလဲသွားသည်။

***

All Chapters