← Chapters

နတ်ဆိုးနှိမ်လက်စွပ်၊ နတ်ဘုရားအဆီအနှစ်ဆန်းကြယ်ဆေးလုံး

Vol. 35 Ch. 659

နတ်ဆိုးနှိမ်လက်စွပ်၊ နတ်ဘုရားအဆီအနှစ်ဆန်းကြယ်ဆေးလုံး

Vol. 35 Ch. 659

ငါ့ရဲ့ ရွှေဗလာနယ်ဓား စွမ်းအားက အဆင့် ၅ ထိ လျော့ချခံလိုက်ရတယ်။

ကျန်းချန်ရွှမ်က မယုံကြည်နိုင်မှုများဖြင့် ပြည့်နေသည်။

သူ၏နတ်ဘုရားအာရုံနှင့် ဓမ္မစွမ်းအားသည် ထိုနေရာ၏စည်းမျဉ်းကြောင့် အားနည်းသွားသည်သာမက သူ၏ဓမ္မရတနာများပင် ကန့်သတ်ခံထားရသည်။

ကြည့်ရသည်မှာ အားလုံးသောနတ်ဘုရားစွမ်းအင်သည် တူညီစွာပင် သက်ရောက်ခံနေရပုံပေါ်သည်။

ထိုအတွေးနှင့်ကျန်းချန်ရွှမ်က ချက်ချင်းသူ၏လက်ကိုမြောက်ကာ လေထဲတွင် ဖမ်းဆုပ်လိုက်သည်။

ဂလောင်ဟူသည့်အသံမြည်သွားသည်။

အစိမ်းရောင်အလင်းပျံနှံ့ဖုံးလွှမ်းနေသော ဓားရှည်က လေဟာနယ်ထဲမှ ထွက်လာလေသည်။

ပြီးနောက်၊ သူသည် သိမ်မွေ့စွာ ထိုးခွဲလိုက်သည်။

ဆုတ်ပြဲသွားသည့်အသံကို ထွက်လာသည်။

အက်ကွဲသွားသောအသံလည်း ထွက်လာသည်။

မီးပွားများက ကင်းခြေများ၏အမြီးမှ ထပ်မံ၍ ပျံလွှင့်လာသည်။

မျှော်လင့်ထားသလိုပင်၊ သူ၏ ပြင်းထန်သော နတ်ဘုရားစွမ်းအားက အဆင့် ၅ အထိ လျော့ချထားခံရသည်။

ထိုနေရာသို့ ဝိညာဉ်ဖွဲ့စည်းခြင်းကျင့်ကြံသူများသာဝင်ခွင့်ရသည်မှာ မထူးဆန်းတော့ပါ။

ဝိညာဉ်ဖွဲ့စည်းခြင်းကျင့်ကြံသူများသည်ပင် ထိုကဲ့သို့ သက်ရောက်မှုခံနေရလျှင်၊

အကယ်၍ အခြေတည်ဝိညာဉ် သို့ ရွှေအမြုတေကျင့်ကြံသူများသာ ဝင်ရောက်လာလျှင် သူတို့သည် ချက်ချင်းပင် များစွာသောနယ်ပယ်များအထိ လျော့ချခံရလိမ်မည်။

လက်ရှိအခြေအနေအရ အကယ်၍ အခြေတည်ဝိညာဉ်ကျင့်ကြံသူက ဝင်ရောက်ခဲ့လျှင်၊ သူတို့၏စွမ်းအားက ကျီဖုအဆင့်သို့ လျော့ချခြင်းခံရလိမ့်မည်။

ရွှေအမြုတေကျင့်ကြံသူများသည် ပို၍ ဆိုးရွားမည်ဖြစ်ပြီး ချီတည်ဆောက်ခြင်းအဆင့်ထိပင် ကျသွားနိုင်သည်။

ချီသန့်စင်ခြင်းအဆင့်များက ဤကဲ့သို့သောနေရာတွင် မည်ကဲ့သို့ရှင်သန်နိုင်လိမ့်မည်နည်း?

တွေးကြည့်၍ပင်မရပါ။

အမြီးများအထိ မြေကြီးထဲမှ ထွက်လာနေသည့် ထိုကင်းခြေများ၏ ရှိန်လောက်သည့် အရောင်အဝါသည် မြင့်တက်လာသည်ကို ကြည့်ခြင်းသည် ၎င်းသတ္တဝါက မီတာရာကျော်ရှိကြောင်း သက်သေပြနေပေသည်။

၎င်း၏သွေးနီရောင်မျက်လုံများက ရက်စက်ခြင်း လောဘကြီးခြင်းတို့ဖြင့် ရှိနေပြီး ကျန်းချန်ရွှမ်ဆီသို့ ဦးတည်လိုက်သည်။

“မင်းကသေချင်နေတာပဲ။”

ကျန်းချန်ရွှမ်၏မျက်လုံးထဲ၌ လူသတ်ချင်သောရည်ရွယ်ချက်ပေါ်လာခဲ့သည်။

သူသည် မန္တာန်ကိုဖွဲ့စည်းရန်အတွက် လက်ကို မြောက်လိုက်လေသည်။

ကျီဟူသောမြည်သံပေါ်သွားခဲ့သည်။

ရွှေဗလာနယ်ဓားက ကင်းခြေများ၏အမြီးကိုဖြတ်လိုက်ပြီးနောက် ရုတ်တရက် ပြင်းထန်စွာ လင်းလက်လာခဲ့သည်။

ဝှစ်

လေထဲတွင် ဓားချက်များရုတ်တရက်ပြည့်သွားခဲ့သည်။

ပြီးနောက် ရွှေဗလာနယ်ဓားသည် ရွှေရောင်အလင်းအဖြစ်သို့ ပြောင်းလဲသွားပြီး ရွှေရောင်မီးတောက်များဖြင့် တလက်လက်ဖြစ်နေခဲ့သည်။

၎င်းသည် ကင်းခြေများ၏အမြီးကို လျှပ်တပြက်အတွင်းဖြတ်လိုက်ကာ ရှေ့သို့ဆက်သွားပြီး ထိုသတ္တဝါ၏ပါးစပ်မှ ဝှစ်ဟူ၍ ပြန်ထွက်လာတော့သည်။

ဟိန်းသံများ…

ထိချက်ပြင်းထန်ကာ ကြီးမားသည့် ကင်းခြေများကြီးက စိတ်ကောကိုယ်ပါ ပြင်းထန်စွာခံစားရ၍ တွန့်လိမ်လူးလွန့်နေပေသည်။

၎င်း၏ခန္ဓာကိုယ်သည် အစ၌ကျန်းချန်ရွှမ်ဆီသို့ လာနေရာမှ သဲမြေပေါ်တွင် ယက်ကန်ယက်ကန်နှင့် နောက်သို့ပြန်ဆုတ်နေသည်။

၎င်း၏ခန္ဓာကိုယ်မှ ခရမ်းနှင့်အနက်ရောင်သွေးများက ယိုစီးလာခဲ့ပြီး မြေထဲသို့ဝင်သွားကာ ရှူးရှူးရှဲရှဲမြည်သံများ ထုတ်လွတ်နေပေသည်။

ကျန်းချန်ရွှမ်က ခနလောက်ကြည့်နေကာ လှုပ်ရှားမှု ပြုလုပ်လိုက်သည်။

လျှင်မြန်လှသော လှုပ်ရှားမှုတစ်ခုတည်းဖြင့် သူ၏ အဇူရာဧကရာဇ်ကောင်းကင်ဘုံရန်နှိမ်ဓားသည် ထိုသတ္တဝါ၏ ခေါင်းကိုဖြတ်သွားကာ သူ၏နာကျင်မှုကိုအဆုံးသတ်ပေးလိုက်သည်။

သူဝန်ခံရမည်မှာ ထိုကင်းခြေများသည် အခြေတည်ဝိညာဉ်အဆင့်အနေဖြင့် အလွန်အားကောင်းပါသည်။ သို့သော် ၎င်း၏ပြိုင်ဖက်က သူဖြစ်နေခဲ့သည်။

အကယ်၍ အခြားသူဆိုလျှင် ဤနေရာမှအခြေအနေကို သေချာမသိဘဲ ကြီးမားသည့်ဆုံးရှုံးမှုကို ခံစားရလိမ့်မည်။

ကင်းခြေများထံမှ အသုံးဝင်သည့်ပစ္စည်းများကို စုဆောင်းပြီးနောက် ကျန်းချန်ရွှမ်က ထိုနေရာမှ ထွက်ခွာတော့မည့် အချိန်တွင် ရုတ်တရက် စနစ်မှ အချက်ပေးသံက သူ၏စိတ်ထဲ၌ ပေါ်လာလေသည်။

[ဒင်]

[အောင်မြင်မှုစနစ်မှ တာဝန်အသစ်ထုတ်ပြန်လာပါတယ်။ Host ကျေးဇူးပြု၍ အဆင့် ၅ သားရဲများကို အကြိမ်တစ်ထောင်သတ်ဖြတ်ပါ။]

[လက်ရှိတိုးတက်မှု: 1/1000]

ဟမ်?

စနစ်၏ရုတ်တရက်ပြောဆိုမှုကြောင့် ကျန်းချန်ရွှမ်က နောက်သို့ပြန်ဆုတ်လိုက်မိသည်။

ဘာတွေဖြစ်နေသနည်း?

အဘယ်ကြောင့် စနစ်က ထိုကဲ့သို့သောတာဝန်အား ဤနေရာတွင်ပေးရပါသနည်း?

အပြင်လောကတွင်ပင်၊ အဆင့် ၅ နတ်ဆိုးသားရဲ တစ်ထောင်ကို သတ်ဖြတ်ခြင်းပြီးမြောက်ဖို့ရန် အချိန်အတော်ကြာ ယူရပေမည်။ ဤနေရာတွင်မဆိုပါနှင်၊ ဖြစ်နိုင်သည်မှာ….?

နေပါဦး။

ထိုသတိပြုမိခြင်းက သူ့အားတောင့်သွားစေပြီး သူ၏မျက်စိသူငယ်အိမ်များက အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။

ဤနေရာတွင် အဆင့် ၅ နတ်ဆိုးသားရဲတစ်ထောင်ကျော်ထပ်ပို၍ ရှိနေပါသလား?

ထိုအတွေးက သူ့စိတ်ထဲဖြတ်သွားချိန်တွင် သူ၏အောက်မှမြေကြီးက စတင်၍ ပြင်းထန်စွာတုန်လှုပ်လာနေသည်။

လေထဲတွင် ကြီးမားသော ဖုန်မှုန့်များက ထွက်လာပြီး မရေတွက်နိုင်သည့် ခြေထောက်များရှိကြသည့် ကင်းခြေများ ခုနစ်ကောင်၊ ရှစ်ကောင်ခန့်က ကျန်းချန်ရွှမ်၏ရှေ့တွင်ပေါ်ထွက်လာသည်။

ဒါဆိုရင် တကယ်ပဲ…?

ကျန်းချန်ရွှမ်၏နှလုံးသားက တောင့်တင်းသွားသည်။

အကယ်၍ ထိုသို့ဖြစ်လျှင် ဤနေရာတွင်ရှိသောအခြားသူများကလည်း သူကဲ့သို့တွေ့ကြုံနေရပါသလား?

ပြီးနောက် ပညာရှိနဂါးသခင်က နတ်ဆိုးသားရဲ မည်မျှကို ဤနေရာသို့ခေါ်လာခဲ့ပါသနည်း?

သူသည် တွေးဆနေချိန်တွင် ကျန်းချန်ရွှမ်က ကင်းခြေများအုပ်စုဖြင့် ရင်ဆိုင်တိုက်ခိုက်နေရသည်။

ကံကောင်းစွာပင်၊ ကျန်းချန်ရွှမ်၏ဓမ္မစွမ်းအင်များ၊ နတ်ဘုရားစွမ်းအားများနှင့် နတ်ဘုရားအာရုံများသည် ဤနေရာမှ စည်းမျဉ်းများကိုကျော်လွန်ကာ သူ့ခန္ဓာကိုယ်ကြံခိုင်မှုသည်သာ သက်ရောက်မှုမရှိဘဲ ကျန်ခဲ့ပြီး ၎င်း၏အထွတ်အထိပ်အဆင့်ကို ထိန်းသိမ်းထားနိုင်ခဲ့သည်။

ထိုခန္ဓာကိုယ်ကြံခိုင်မှုမျိုးဖြင့်၊ အဆင့် ၅ နတ်ဆိုးသားရဲများအား အမဲလိုက်ရန်မှာလုံလောက်မှုရှိပြီး စနစ်၏တာဝန်ကို အောင်မြင်ဖို့ရန်မှာ လွယ်ကူပုံရပေသည်။ မဟုတ်လျှင် သူသည် ထိုတာဝန်အား ဤနေရာမှ ထွက်သွားမှသာ အောင်မြင်အောင်ပြုလုပ်နိုင်မည်ဖြစ်သည်။

ဝုန်း…ဝုန်း…ဝုန်း…..

ခနအကြာတွင်၊

သူ၏ရှေ့တွင်ပေါ်လာသော ကင်းခြေများ ၇ကောင်၊ ၈ကောင်းခန့်သည် ကျန်းချန်ရွှမ်ဆီမှ တစ်ကောင်ပြီး တစ်ကောင် သတ်ခံခဲ့ရသည်။

ဟိန်းသံများ…..

သို့ရာတွင်၊ သူသည် ထိုကင်းခြေများနတ်ဆိုးသားရဲ များကိုသတ်ပြီးနောက်၊ သဲကန္တာရ၏အောက်မှ နောက်ထပ် ၁၅ကောင်၊ ၁၆ ကောင်ခန့် ထပ်မံ၍ ပေါ်လာခဲ့သည်။

ကျန်းချန်ရွှမ်က ထို ကင်းခြေများ ၁၅ကောင်၊ ၁၆ ကောင်ခန့်အား ရင်ဆိုင်ပြီးနောက် အံအားသင့်စွာပင်၊ သဲကန္တာရ၏အောက်မှ အခြား နတ်ဆိုးသားရဲ အကောင် ၂၀ ခန့် ထပ်မံပေါ်လာခဲ့ပေသည်။

ကြည့်ရသည်မှာ အဆုံးမရှိသည့်သံသရာကဲ့သို့ဖြစ်ကာ အုပ်စုတစ်ခုအားသတ်ပြီးလျှင် အခြားတစ်ခုပေါ်လာလေသည်။

အမှန်တကယ်ပင်၊

နာရီအနည်းငယ်အကြာတွင် ကျန်းချန်ရွှမ်သတ်ခဲ့သည့် ကင်းခြေများနတ်ဆိုးသားရဲများသည် ၆ရာ ၇ရာ ကျော်လာလေသည်။

ထိုအချိန်တွင် အကယ်၍ သူသည် သာမန်မဟုတ်သည့်အရာကို သတိမပြုမိလျှင် သူသည် တုံ့ပြန်မှုအလွန် နှေးသည်ဟု ဆိုလိုနိုင်မည်ဖြစ်သည်။

တိတိကျကျပြောရလျှင်၊ သူပထမ၌ သတ်ခဲ့သောကင်းခြေများ တစ်ရာကျော်က သိမ်မွေ့သည်ဟု သတ်မှတ်၍ ရနိုင်သည်။

သို့ရာတွင်၊ နောက်ပိုင်းတွင်ပေါ်လာသည့် ကင်းခြေများသည် အစစ်အမှန်နှင့် မခွဲခြားနိုင်ဘဲ အဆင့် ၅ နတ်ဆိုးသားရဲ၏ ဝိညာဉ်များ ကင်းလွတ်လာသည်။

ရှင်းလင်းစွာပင် တစ်ရာကျော်ပြီးနောက်ထွက်ပေါ်လာသည့်ကင်းခြေများသည် အဆင့် ၅ နတ်ဆိုးသားရဲ၏ အင်အားသာရှိတော့ပြီး သက်ဆိုင်သည့်နယ်ပယ်မရှိတော့ပေ။

၎င်းသည် ပုံတူပွားထားသည့်သတ္တဝါများကဲ့သို့ပင် ဖြစ်သည်။

၎င်းသည် အခြေတည်ဝိညာဉ် ကျင့်ကြံသူများအတွက် ချိန်းခြောက်မှု ဖြစ်နိုင်သော်လည်း အစောပိုင်းကင်းခြေများ ထပ်စာလျှင် သိသာစွာ လျော့ကျသွားပေသည်။

ကျန်းချန်ရွှမ်က ဘာတွေဖြစ်နေသည်ကို မသေချာသော်လည်း၊ ၎င်းတို့သည် ဆက်လက်ဖြစ်ပေါ်လာနေ သောကြောင့် ထိုအခွင့်အရေးအား စနစ်၏ တာဝန်ကို အောင်မြင်ရန်အတွက် လက်လွတ်မခံခဲ့ပေ။

နာရီအနည်းငယ်ကြာပြီးနောက်တွင် ကျန်းချန်ရွှမ်သတ်ဖြတ်ခဲ့သည့် ကင်းခြေများနတ်ဆိုးသားရဲ အရေအတွက်သည် အံ့အားသင့်ဖွယ် ထောင်ကျော်လာခဲ့ပြီး ထပ်မံပေါ်လာဦးမည်ဟုထင်နေသောအချိန်တွင် သူ၏ခန္ဓာကိုယ်က စွမ်းအားကြီးသော နေရာရွေ့ပြောင်းရေးစွမ်းအားဖြင့် ခေါ်ဆောင်သွားခံရသည်ကို ခံစားလိုက်ရသည်။

ဝှစ်ဟူသောအသံကိုကြားလိုက်ရသည်။

ကျန်းချန်ရွှမ်က ထပ်၍ ကြည့်လိုက်သောအခါ မြူများကအလွန်ထူထဲနေပြီး သူ၏ရှေ့မှလက်ချောင်းကိုပင် မမြင်နိုင်ခဲ့ပေ။

သူ၏နတ်ဘုရားအာရုံက လုံးဝပိတ်ထားခံရပြီး သူ၏ပတ်ဝန်းကျင်ကို မမြင်ရအောင် ရစ်ပတ်နေသည်။

ကံကောင်းစွာပင် သူ၏ကောင်းကင်ဘုံအတွင်းစိတ်မျက်လုံးက အလုပ်လုပ်နေသေးကာ သူ၏ပတ်ပတ်လည်မှ မီတာတစ်ရာခန့်ကို ရှင်းလင်းစွာမြင်နိုင်လေသည်။

[ဒင်]

သူသည် ပတ်ဝန်းကျင်ကို ဂရုတစိုက်လေ့လာနေချိန်၌ စနစ်၏သတိပေးချက်က သူ၏စိတ်ထဲ ရုတ်တရက် မြည်လာသည်။

[သင်သည် အဆင့် ၅ နတ်ဆိုးသားရဲ ၁၀၀၀ ကို သတ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။ Host သင်သည် နတ်ဆိုးနှိမ်လက်စွပ်နဲ့ နတ်ဘုရားအဆီအနှစ်ဆန်းကြယ်ဆေးလုံးတစ်ပုလင်းကို ရရှိပါတယ်။]

နတ်ဆိုးနိမ်လက်စွပ်သည် လုပ်ဆောင်ချက်တစ်ခုသာပါပြီး တစ်နေ့တွင်တစ်ကြိမ်သာသုံးနိုင်သော ငွေဖြူရောင် လက်ကောက်ဖြစ်သည်။

၎င်းသည် ဝတ်ဆင်ထားသူ၏ဆန့်ကျင်ဘက်မှ နတ်ဆိုးသားရဲမှ အသုံးပြုသည့် လုပ်နိုင်စွမ်းအားနှင့် နတ်ဘုရားစွမ်းအားကို ပယ်ဖျက်နိုင်သည်။

အခြားတစ်နည်းဖြင့်ပြောရလျှင် ထိုလက်စွပ်၏ နှိမ်နင်းနိုင်သည့်စွမ်းအားကို ဖွင့်လိုက်ပါက နတ်ဆိုးသားရဲအသုံးပြုသည့် မည်သည့်နတ်ဘုရားစွမ်းအားကိုမဆို သက်ရောက်မှုမရှိတော့အောင် လုပ်ဆောင်နိုင်စွမ်းရှိသည်။

ဝန်ခံရမည်မှာ ၎င်းသည် နတ်ဆိုးမျိုးနွယ်နှင့်ဆန့်ကျင်တိုက်ခိုက်ရန် အလွန်အားကောင်းသော လက်နက်တစ်ခု ဖြစ်သည်။ ထိုလုပ်ဆောင်မှုက တစ်နေ့တစ်ကြိမ်သာသုံးနိုင်သော်လည်း အရေးကြီးသောအချိန်တွင်ဆိုလျှင် မမျှော်လင့်ထားသည့် သက်ရောက်မှုရရှိနိုင်ပေသည်။

၎င်းသည် နတ်ဆိုးမျိုးနွယ်နှင့် ရင်ဆိုင်ရာတွင် အရေးကြီးသော ဝှက်ဖဲဖြစ်သည်။

နတ်ဘုရားအဆီအနှစ်ဆန်းကြယ် ဆေးလုံးသည် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်တွင် အသုံးပြုရသည့် ဆေးဖြစ်သည်။

၎င်းသည် သူနှင့် ရှန်းရူယန်နှစ်ယောက်လုံးအတွက် အကျိုးရှိပေသည်။

၎င်းသည် သူတို့၏ကျင့်ကြံရေးအဆင့်အား ကြီးမားစွာတိုးတက်ပြောင်းလဲစေနိုင်သည်။

ထိုအတွေးကို ခနဘေးထားလိုက်ကာ၊ ကျန်းချန်ရွှမ်က သူ၏အာရုံကို ပတ်ဝန်းကျင်၌ပင် ပြန်ထားလိုက်သည်။

ကျန်းချန်ရွှမ်သည် ဝင်္ကပါကဲ့သို့နေရာတွင် ရောက်နေသည်ကို သတိပြုမိသွားသည်။

ထိုနေရာတွင် နှစ်ဖက်စလုံး၌ မြင့်မားသည့်နံရံကြီးများရှိလေသည်။

သူသည် ထိုနံရံများအား ခိုင်ခံ့စေရန် မည်သည့်ပစ္စည်း သို့ အစီအရင်အားသုံးထားသည်ကို မသိပေ။ သူ၏အင်အားနှင့်ပင် ထိုနံရံကို လှုပ်သွားအောင်မလုပ်နိုင်ခဲ့ပေ။

အရေးကြီးဆုံးမှာ သူသည် ထိုနေရာတွင်ရောက်သည်နှင့် ပျံသန်း၍မရတော့သည်ကို သတိပြုမိလိုက်သည်။

ထိုနေရာတွင်ပျံသန်းခြင်းတားမြစ်သည့်အစီအရင်ချထားသကဲ့သို့ဖြစ်သည်။

သူ၏ကျင့်ကြံခြင်းအဆင့်နှင့်ပင် ထိုးဖောက်၍မရပေ။

ဒုတိယအနေဖြင့်၊

သူလမ်းလျောက်လိုက်သည့် မီတာများ၌ ဖြတ်လမ်းများက သူ၏ရှေ့တွင် ပေါ်လာခဲ့သည်။

သူသည် လမ်းကိုရွှေးကာ ဆက်၍ သွားရသည်။

သို့ရာတွင် အချိန်အနည်းငယ်ကြိုးစားပြီးနောက်၊ သူသည် စတင်သည့်နေရာတွင်သာပြန်၍ အဆုံးသတ်နေကြောင်းကို သတိပြုမိခဲ့သည်။

ထိုအချိန်တွင် ကျန်းချန်ရွှမ်သည် ထိုအကြွင်းအကျန်နယ်ပယ်၏ စက်ကိရိယာအကြောင်း အကြမ်းဖျင်း ခန့်မှန်းလိုက်သည်။

အကယ်၍ သူမမှားလျှင် သူယခုထိကြုံနေရသည်များက စမ်းသပ်မှုဖြစ်ပေလိမ့်မည်။ ထိုအကြွင်းအကျန်နယ်ပယ်အား တီထွင်ထားသူသည် ဝင်လာသည့်သူတိုင်းကို စမ်းသပ်ဖို့ရန် ပြုလုပ်ထားခြင်းဖြစ်လိမ့်မည်။

အကယ်၍ ဖြတ်သန်းသွားနိုင်လျှင်၊ သူသည်ဤနေရာ၏အဓိကနေရာကို လှမ်းနိုင်မည်ဖြစ်သည်။

အကယ်၍ မဖြတ်သန်းနိုင်လျှင်လည်း ကျန်းချန်ရွှမ်က တကယ့်အန္တရာယ်ရှိမည်ဟု မထင်ပါ။

အများဆုံး သူသည် ဘာမှမရဘဲ ထိုနေရာမှ ထုတ်ခြင်းသာခံရမည်ဖြစ်သည်။

သေချာပါသည်။

၎င်းမှာ သူ၏ခန့်မှန်းချက်သာဖြစ်သည်။ သူသည် ၁၀၀ရာခိုင်နှုန်းသေချာမှုမရှိပေ။

ထိုအကြွင်းအကျန်၏ အစစ်မှန်သဘာဝအား ထိုအရာများမည်သို့လည်ပတ်နေသည်ကို လေ့လာမှသာ သိနိုင်မည်ဖြစ်သည်။

သူသည် ဆက်၍ လျောက်လိုက်သည်။

ကျန်းချန်ရွှမ်က စမှတ်သို့ ၂၉ ကြိမ်ပြန်လာပြီးနောက် ရုတ်တရက် အသိတရားရသွားသည်။

အကယ်၍ သူသည် ရွေးချယ်မှုအများကို ခုနစ်ကြိမ်ထပ်မံပြုလုပ်လျှင် သူသည် ထိုအကြွင်းအကျန်မှ ထုတ်ခံရလိမ့်မည်။

ထိုခံစားချက်က ရုတ်တရက် ဝင်လာပြီးနောက် ကျန်းချန်ရွှမ်က သံသယမရှိတော့ပါ။ သူ၏နတ်ဘုရားစွမ်းအားဖြစ်သည့် ကောင်းကင်ဘုံအလိုလိုသိခြင်း၏ လုပ်ဆောင်မှုဖြစ်ကြောင်း သိလိုက်သည်။

***

All Chapters