စစ်မှန်သွေးဂျင်းဆင်း၊ လေထဲရှိတိုက်ပွဲ
Vol. 35 Ch. 660
ထိုအချိန်တွင်၊ ကျန်းချန်ရွှမ်သည် ထိုဝင်္ကပါထဲတွင် ညွှန်ပြမှုရယူလိုလျှင် သူ၏ကောင်းကင်ဘုံထိုးထွင်းမျက်လုံးကို အားကိုးခြင်းသည် အချည်းနှီးဖြစ်ကြောင်း နားလည်သွားခဲ့သည်။
အမှန်မှာ ကန့်သတ်ထားသည့် လုပ်နိုင်စွမ်းသည် သူ့အား ထောက်ပံ့နိုင်ရန် ကျရှုံးသည်သာမက သူ့အားလမ်းမှားစေကြောင်းနှင့် ထိုဝင်္ကပါထဲတွင် လမ်းပျောက်စေကြောင်းကို တွေ့ရှိခဲ့ရသည်။
သေချာသည့်ဦးတည်ချက်ကိုမသိဘဲ ထိုဝင်္ကပါထဲမှ ထွက်နိုင်မည့်လမ်းကို ရှာဖွေလိုပါက ကျန်းချန်ရွှမ်သည် သူ၏နတ်ဘုရားစွမ်းအားဖြစ်သည့် ကောင်းကင်ဘုံအလိုလိုသိစိတ်ကို မှီခိုရမည်ဖြစ်သည်။
ထိုအတွေးနောက်လိုက်ကာ သူသည် မျက်စိကိုမှိတ်လိုက်ပြီးတစ်လှမ်းပြီးမှ တစ်လှမ်းလှမ်းကာ များစွာသောအမှားများကိုလုပ်ပြီးနောက်မှ လေးကြိမ်မြောက်ကြိုးစားမှုတွင်လမ်းမှန်ကို ရှာနိုင်ခဲ့သည်။
မှန်ကန်သည့်ခြေလှမ်းကိုလှမ်းပြီးနောက် ကျန်းချန်ရွှမ်သည် အမြန်ပင် သူ၏ခန္ဓာကိုယ်သည် အတားအဆီးတစ်ခုကို ဖြတ်သွားကြောင်း ခံစားလိုက်ရသည်။
ဖျန်းခနဲဖြစ်သွားသည်။
သူသည်ဂူထဲရောက်နေကြောင်းတွေ့ရှိလိုက်ရသည်။
သူ၏မျက်စိကိုဖွင့်လိုက်သောအခါ သူသည် ဝင်္ကပါထဲမှ အောင်မြင်စွာ ထွက်လာပြီဖြစ်ကြောင်းကို တွေ့လိုက်ရလေသည်။
သူ၏ရှေ့တွင် များစွာသော ဒါဇင်နှင့်ချီသည့် ဝိညာဉ်ပန်းများနှင့် ဆေးပင်များသည် ဝိညာဉ်ချီများဖြင့် ဝန်းရံခံနေရပြီး အသက်ရှုရန်အလွန်လတ်ဆတ်ကြောင်း တွေ့လိုက်ရသည်။
အရေးကြီးဆုံးအချက်မှာ ဂူထဲရှိ ဝိညာဉ်ပန်းများနှင့် ဆေးပင်များသည်အဆင့် ၆ များဖြစ်ကြပြီး ဝိညာဉ်ဖွဲ့စည်းခြင်းကျင့်ကြံသူအတွက် များစွာအကျိုးရှိစေသည်။
သူတို့ထဲတွင် အဆင့် ၆ ခန္ဓာကိုယ်မွမ်းမံခြင်းအတွက်တန်ဖိုးရှိသည့် ဆေးပင်ဖြစ်သော စစ်မှန်သွေးဂျင်ဆင်း၊ သွေးနီ၊ အနံမွေးသော ဂျင်ဆင်းနှင့်တူသောဆေးပင်များလည်း ရှိသည်။
ကြည့်ရသည်မှာ ၎င်းသည် စိန်ခေါ်မှုနှစ်ခုကိုဖြတ်ကျော်နိုင်သည့်အတွက် ရလဒ်ဖြစ်လိမ့်မည်။
ထိုအတွေးက ကျန်းချန်ရွှမ်၏စိတ်ထဲ၌ ပေါ်လာခဲ့သည်။
ကျန်းချန်ရွှမ်သည် စစ်မှန်သွေးဂျင်ဆင်းနားသို့ ချဉ်းကပ်သွားသည့်အချိန်တွင် သူ့အား အတားအဆီးတစ်ခုက ထိုဆေးပင်များနှင့် ကာဆီးထားသည်ကို အာရုံခံလိုက်ရသည်။ ၎င်းသည် တကယ်ပင်….
ဤနေရာမှ ခြေလှမ်းတိုင်း၌ စမ်းသပ်မှုများ ပါရှိပုံပေါ်သည်။
ကံကောင်းစွာပင် သူ၏လက်ရှိ အစီအရင်များအပေါ်ကျွမ်းကျင်မှုအရ ထိုအတားအဆီးအား ချိုးဖျက်ရန်မှာ အလွန်မခက်ခဲပုံပေါ်သည်။
နေ့တစ်ဝက်အကြာတွင်။
ကျန်းချန်ရွှမ်က စစ်မှန်သွေးဂျင်ဆင်းနှင့်အခြားပတ်ပတ်လည်မှ ဝိညာဉ်ဆေးပင်များအား သူ၏သိုလှောင်လက်စွပ်ထဲတွင် စုဆောင်းလိုက်နိုင်သည်။
ဂူထဲတွင် ကျော်ကြည့်မိသောအရာတစ်ခုမှမရှိကြောင်းကို သေချာစွာစစ်ဆေးပြီးနောက် သူသည် ကြာကြာမနေတော့ဘဲ ဂူအပြင်ဘက်သို့လမ်းလျောက်ထွက်လာခဲ့သည်။
ကျီ….
ကျန်းချန်ရွှမ်က ဂူ၏ဝင်ပေါက်ကို ဖြတ်လိုက်သည်နှင့် သူ၏ပတ်ပတ်လည်သည် အနည်းငယ်တုန်လှုပ်သွားသည်။
သူသည်ထပ်မံကြည့်လိုက်သောအခါ ဂူကပျောက်ကွယ်သွားခဲ့လေကာ ကျယ်ပြောသောလွင်ပြင်ဖြစ်သွားပြီး ပထမနှင့် ဒုတိယအဆင့် နတ်ဆိုးသားရဲများနှင့် ပြည့်သွားခဲ့သည်။
များပြားသည့်စိမ်းလန်းသောသစ်ပင်များက ထိုနေရာတွင် တောက်ပသည်ခံစားချက်ကိုရရှိစေသည်။ သူသည် ယခုတွင် မိမိကိုယ်ကိုယ် ရှာဖွေရတော့မည်လား?
ကျန်းချန်ရွှမ်က သေခြင်းသဲကန္တာရနှင့် ဝင်္ကပါက ရှင်းလင်းသွားပြီဖြစ်ကြောင်းကို ရှင်းလင်းစွာ အာရုံခံလိုက်မိသည်။
ထိုအစား သူသည် လွတ်လပ်၍ကိုယ်တိုင်လေ့လာသွားလာနိုင်သည့် မြင်ကွင်းကို မြင်လိုက်ရသည်။
၎င်းသည် သူ၏ကိုယ်ပိုင်ကံကြမ္မာကို ရှာဖွေနိုင်သည့် သို့ ပိုင်ဆိုင်နိုင်သည့်ပုံစံမျိုးဖြစ်နေသည်။
ထိုကဲ့သို့သတိထားမိကာ ကျန်းချန်ရွှမ်သည် သူ၏ကံကိုတိုးမြင့်နိုင်ရန် မန္တာန်ကို ရွတ်ဆိုလိုက်ကာ သူစုဆောင်းထားသည့် ကောင်းမွန်သောကံကို အသုံးပြုထားပြီး သူ့အပေါ် ပို့ဆောင်လိုက်သည်။
ကျီ….
ထိုအချိန်တွင် ကျန်းချန်ရွှမ်သည် တုံ့ဆိုင်းမနေတော့ပါ၊ ဦးတည်ချက်ကို ရှာပြီး လျှင်မြန်စွာထွက်ခွာလိုက်သည်။
ဝုန်း….
နေတစ်ဝက်ခန့် ခရီးထွက်ပြီးနောက်၊ သူသည် ရုတ်တရက် အဝေးမှ ကျယ်လောင်သည့်အသံကို ကြားလိုက်ရသည်။
ကျန်းချန်ရွှမ်သည် ချက်ချင်းပင် ထိုနေရာတွင် တိုက်ခိုက်နေသည့်သူကို တွေ့လိုက်ရသည်။
ချက်ချင်းပင် ကျန်းချန်ရွှမ်က သူ၏အရောင်အဝါကို စည်းချထားလိုက်ပြီး ဖြည်းဖြည်းချဉ်းကပ်သွားလိုက်သည်။ ထိုတိုက်ပွဲက အလွန်ပြင်းထန်နေလေသည်။
သူတို့သည်ပတ်ဝန်းကျင်ကိုအာရုံမစိုက်မိလောက်အောင်ပင် တိုက်ခိုက်နေကြသည်။
ကျန်းချန်ရွှမ်က ချဉ်းကပ်သွားစဉ်တွင် သူသည် အခြားတစ်ဦးကလည်း ထိုနေရာသို့ ချဉ်းကပ်လာနေသည်ကို အာရုံခံလိုက်မိသည်။
အရေးအကြီးဆုံးမှာ အခြားတစ်ဖက်မှ စွမ်းအားကိုစည်းချထားခြင်းက သိပ်မတော်ပေ။ သာမန်အခြေအနေနှင့်ဆိုလျှင် သူတို့၏တည်ရှိမှုက လွယ်ကူစွာ ခြေရာခံနိုင်လိမ့်မည်။ သို့သော် ထိုအချိန်တွင်
အခြေအနေက ရှင်းလင်းစွာပင် ကွဲပြားနေသည်။
ကျန်းချန်ရွှမ်နှင့် ထိုသူအတွက် သူတို့၏နတ်ဘုရားအာရုံက ကန့်သတ်ထားခံရပေသည်။
ထို့ကြောင့်။
ထိုနှစ်ဦးသည်ထိုတိုက်ပွဲအား မျက်စိဖြင့်ပင် ရှင်းလင်းစွာမြင်နိုင်သည့် တိုက်ပွဲနှင့် မိုင်ရာချီကွာဝေးသော နေရာသို့ရောက်လာသည်။
တိုက်ခိုက်နေကြသူများမှာ လူသားနှင့်နတ်ဆိုးတို့ဖြစ်သည်။
ထိုနတ်ဆိုးက ပြင်ပလောကမှနတ်ဆိုးမဟုတ်ပါ။ ထိုအစားအကြွင်းအကျန်နယ်ပယ်မှ နတ်ဆိုးသားရဲဖြစ်သည်။
၎င်း၏စွမ်းအားက အဆင့် ၅ သို့ရောက်နေပြီဖြစ်သည်။
၎င်းသည် ဝံပုလွေဖြစ်ကာ အဖြူရောင်ဦးချိုရှိလေသည်။
လူသားမှာမူ ကျန်းချန်ရွှမ်က သူမအားမသိပါ။
၎င်းသည် အဇူရာဝတ်စုံနှင့် လှပသောအမျိုးသမီးကျင့်ကြံသူဖြူစ်သည်။
သူမသည် အပြင်မှ ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်ဖြစ်သည်။
သို့ရာတွင် ဤအကြွင်းအကျန်ကမ္ဘာထဲတွင်၊ သူမ၏ကျင့်ကြံခြင်းနှင့် ခွန်အားက အားနည်းနေကာ ဖိနှိပ်ခံလိုက်ရသည်။ သူမသည် အခြေတည်ဝိညာဉ်အဆင့်၏ ခွန်အားကိုသာထုတ်လွတ်နိုင်သည်။
သူမသည် ဦးချိုတစ်ခုတည်းသောဝံပုလွေနှင့် တိုက်ခိုက်နေလေသည်။ ထိုအချိန်တွင်၊ အမျိုးသမီးကျင့်ကြံသူက နိုင်ရန် အချိန်သာလိုတော့သည်။ ကျန်းချန်ရွှမ်က လူသားနှင့်နတ်ဆိုးတို့ကြားမှ တိုက်ပွဲကို ဝင်မပါလိုပါ။
ထိုအချိန်တွင် သူ၏အာရုံစိုက်မှုမှာ သူကဲ့သို့ပုန်းခိုနေသည့် သူအပေါ်၌သာရှိသည်။
အကြောင်းမှာ ထိုသူ၏အထောက်အထားကို သတိပြုမိသောကြောင့်ဖြစ်သည်။
သူသည် အခြားသူမဟုတ်ဘဲ နေသုံးစင်းဂိုဏ်းမှ ကောင်းကင်သခင်ငြိမ်သက်ခြင်းနေ ဖြစ်သည်။
ကျန်းချန်ရွှမ်နှင့်မတူဘဲ ကောင်းကင်သခင်ငြိမ်သက်ခြင်းနေက သူ၏အာရုံသည် အမျိုးသမီးကျင့်ကြံသူနှင့် ဦးချိုတစ်ခုဝံပုလွေထံတွင်သာ ရှိလေသည်။
သူသည် တစ်စုံတစ်ခုကိုစောင့်နေသကဲ့သို့ပင်။
၎င်းသည် ကျန်းချန်ရွှမ်အား ကောင်းကင်သခင်ငြိမ်သက်ခြင်းနေက အပြာရောင်ဝတ်စုံအမျိုးသမီးကျင့်ကြံသူအား တိုက်ခိုက်ရန် အခွင့်အရေးကို စောင့်နေပုံရသည်ကို သတိပြုမိသွားစေသည်။
ဘာတွေဖြစ်နေသနည်း?
ယုတ္တိရှိရှိပြောရလျှင် အပြာရောင်ဝတ်စုံနှင့် အမျိုးသမီးကျင့်ကြံသူသည် အရှေ့ပိုင်းနှင့် အလယ်ပိုင်းလွင်ပြင်မှ ကျင့်ကြံသူဖြစ်နိုင်သည်။
နှစ်ဖက်စလုံးက မဟာမိတ်များမဟုတ်ပါလား?
အဘယ်ကြောင့် သူသည် ထိုလူအား တိုက်ခိုက်ရန် ရည်ရွယ်ချက်ရှိပါသနည်း?
နေပါဦး။
အကယ်၍ အပြာရောင်ဝတ်စုံနှင့်အမျိုးသမီးကျင့်ကြံသူ၏အထောက်အထားမှာ….
ထိုအချိန်တွင် ကျန်းချန်ရွှမ်က ဖြစ်နိုင်ချေကို စဉ်းစားမိသွားသည်။
သူသည်ချက်ချင်းပင် သူ၏နှလုံးသားထဲတွင် အဖြေကိုရှာတွေ့သွားသည်။
အပြာရောင်ဝတ်စုံနှင့်အမျိုးသမီးကျင့်ကြံသူသည် သူတို့၏မဟာမိတ်မဖြစ်နိုင်ပါ။
ဝုန်း….
ထိုအချိန်တွင် အပြာရောင်ဝတ်စုံနှင့်အမျိုးသမီးကျင့်ကြံသူသည် သူမ၏ခန္ဓာကိုယ်မှ ရောင်စုံဖဲပြားများကို ထုတ်လာခဲ့သည်။
ချက်ချင်းပင် ဦးချိုတစ်ခုတည်းနှင့် ဝံပုလွေ၏ ကြီးမားသောခန္ဓာကိုယ်ကချက်ချင်းပင် ရောင်စုံဖဲပြားနှင့် ရစ်ပတ်ခြင်းခံလိုက်ရသည်။
ခနအကြာ ၎င်းသည် ချိုးဖျက်၍ မရနိုင်ပေ။
အပြာရောင်ဝတ်စုံနှင့်အမျိုးသမီးကျင့်ကြံသူအနေဖြင့် ထိုအခွင့်ကောင်းကိုယူကာ လက်ကို မြောက်လိုက်သည်။
ခနအကြာတွင်၊ ဦးချိုတစ်ခုနှင့် ဝံပုလွေထံသို့ အေးစက်သည့်အလင်းတစ်ခုလင်းလက်သွားသည်။
အလင်းတန်းမရောက်မီတွင် လေကဲ့သို့အော်မြည်သံက လေထဲတွင်ပဲ့တင်ထပ်လာခဲ့သည်။
ကြောက်စရာကောင်းသော သေခြင်း၏အန္တရာယ်က ဝံပုလွေ၏နဖူးပေါ်ရှိ ဦးချိုတွင် သွေးနီရောင် ပြောင်းလဲသွားလေသည်။
ဟိန်းသံများ…
ဦးချိုတစ်ခုနှင့်ဝံပုလွေ၏ ခန္ဓာကိုယ်တစ်ခုက ရုတ်တရက် ကျယ်လာလေသည်။
ထိုအကြောင်းအရင်းမသင့်သောစွမ်းအားက အပြာရောင်ဝတ်စုံနှင့်အမျိုးသမီးကျင့်ကြံသူ၏ရောင်စုံဖဲပြားကို အနည်းငယ်မှေးမှိန်သွားစေသည်။
ခွပ်….
တစ်ချိန်တည်းမှာပင်၊ သွေးရောင်မိုးကြိုးသွားများက ရုတ်တရက် ဝံပုလွေ၏ဦးချိုမှ ထွက်လာခဲ့သည်။
ကျယ်လောင်သည့်ဝုန်းဟူသောအသံမြည်သွားသည်။
သွေးရောင်မိုးကြိုးသွားက အေးစက်သောအလင်းတန်းနှင့် တိုက်သွားသည်။
ရုတ်တရက် အပြာရောင်ဝတ်စုံနှင့် အမျိုးသမီးကျင့်ကြံသူနှင့် ဦးချိုတစ်ခုအစိမ်းရောင်ဝံပုလွေတို့ကြားမှ တိုက်ခိုက်မှုက နျူကလိယပေါက်ကွဲမှုကဲ့သို့သော အသံထွက်လာသည်။
ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားများအက်ကွဲမှုများက ဦးတည်ချက်ပေါင်းစုံသို့ ပျံနှံသွားပြီး သက်ရောက်မှုခံလိုက်ရသည်။
ထိုအမျိုးသမီး၏မျက်နှာသည် ဖျော့တော့သွားပြီး ခြေတစ်လှမ်းနောက်ဆုတ်လိုက်ရသည်။
ခနအကြာတွင် ဝံပုလွေသည် ယခုမူ သွေးနီရောင်မျက်လုံးများနှင့် ရူးသွပ်မှုကို ပြသနေသည်။
၎င်း၏မျက်လုံးများကလည်းနီနေလေသည်။
၎င်း၏ခန္ဓာကိုယ်က ဆိုဒ်တိုးမြင့်သွားပြီး ရစ်ပတ်ထားသည့်ရောင်စုံဖဲကြိုးများကို ချိုးဖျက်လိုက်သည်။
အက်ကွဲသံများဖြင့် ဖဲကြိုးက ပျက်သွားသည်။
ထိုအမျိုးသမီး၏အမူအရာက ပြောင်းလဲသွားပြီး သူမသည် အမြန်ပင် ရွှေရောင်ခေါင်းလောင်းကိုထုတ်လိုက်သည်။
ဂလောင်…..
ခေါင်းလောင်းသံမြည်သွားပြီး မူလဝိညာဉ်ဆီသို့ ဦးတည်သွားပြီး ရက်စက်သောဝံပုလွေအား ခနတောင့်သွားစေသည်။
သို့ရာတွင်၊ အသိပြန်ဝင်လာပြီး ပြတ်သားသောလှုပ်ရှားမှုနှင့် စတင်၍ ခန္ဓာကိုယ်တစ်ခုလုံးအပေါ်အလင်းတန်းများ ရစ်ပတ်သွားပြီး မိမိကိုယ်ကိုဖျက်စီးရန် ရွေးချယ်ခဲ့လေသည်။
သာမန်အခြေအနေတွင် ထိုအမျိုးသမီးသည် ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်ဖြစ်ရာ အဆင့် ၅ နတ်ဆိုးသားရဲ ၏ မိမိကိုယ်ကိုဖျက်စီးခြင်းကို စိုးရိမ်နေစရာမရှိပါ။
သို့ရာတွင် အကြွင်းအကျန်ထဲမှ အခြေအနေကမူ ကွဲပြားသည်။
သူမ၏ဓမ္မစွမ်းအားနှင် ကျင့်ကြံခြင်းများသည် အားနည်းသွားပြီး ဖိနှိပ်ခံထားရသောကြောင့်၊ သူမသည် အဆင့် ၅ နတ်ဆိုးသားရဲ၏ မိမိကိုယ်ကိုဖျက်စီးခြင်းကို စိုးရိမ်နေရသည်။
သူမသည် များစွာသောဒဏ်ရာများကို ရသွားနိုင်သည် သို့ သေခြင်းကိုပင် ရင်ဆိုင်ရနိုင်သည်။
အကယ်၍ ထိုအရာက အမှန်တကယ်ဖြစ်လာလျှင် ဟာသဖြစ်လိမ့်မည်။
အပြာရောင်ဝတ်စုံနှင့်အမျိုးသမီးကျင့်ကြံသူက ထိုကိစ္စကိုဖြစ်ပေါ်လာခွင့်ပြုမည် မဟုတ်ပါ။
ထို့ကြောင့် ခနအကြာတွင် သူမသည်ရုတ်တရက် လက်များကိုစုလိုက်သည်။
အလွန်စူးရှသည့်အသံကို ကြားလိုက်ရသည်။
ရောင်စုံဖဲကြိုးက ဦးချိုတစ်ခုနှင့် ဝံပုလွေအားရုတ်တရက် တင်းကြပ်သွားကာ သူ့ကိုသူဖျက်ဆီးခြင်းအား သူသာခံရရန်လုပ်လိုက်သည်။
ဝံပုလွေ၏ ကြီးမားသောခန္ဓာကိုယ်က ပြင်းထန်သောဖိအားအောက်၌ တွန့်လိမ်နေကာပေါက်ကွဲသွားတော့မည့် ဆဲဆဲဖြစ်နေသည်။
သို့ရာတွင်၊ အပြာရောင်ဝတ်စုံနှင့်အမျိုးသမီးကျင့်ကြံသူက နှေးသွားခဲ့သည်။
ဝံပုလွေ၏ခန္ဓာကိုယ်က လုံးဝကွဲကြေသွားတော့မည်အချိန်တွင် မိမိကိုယ်ကိုယ်ဖျက်ဆီးခြင်းက အရေးပါသော အချိန်သို့ရောက်လာသည်။
ပထမအနေဖြင့် ပြားသွားသောပူပေါင်းကဲ့သို့ ၎င်း၏ခန္ဓာကိုယ်အတွင်း ပေါက်ကွဲသွားပြီးနောက် အမြန်ပင် အပြင်ဖက်သို့ ပေါက်ထွက်လာကာ ကြီးမားသောပေါက်ကွဲခြင်းဖြစ်လာခဲ့သည်။
သန့်စင်သောယန်စစ်မှန်ရတနာ ရောင်စုံဖဲပြားသည်ပင် ၎င်း၏မျက်နှာပြင်တွင် မှေးမှိန်သွားပြီး ရှည်လျားစွာပြဲသွားခဲ့သည်။
၎င်းသည် အပြာရောင်ဝတ်စုံနှင့်အမျိုးသမီးကျင့်ကြံသူအား ဖျော့တော့သွားစေပြီး သွေးအန်လာစေကာ သူမ၏အရောင်အဝါကချက်ချင်းပင် အောက်သို့ထိုးကျသွားသည်။
ယခုအချိန်ကျရောက်ပြီဖြစ်သည်။
ထိုအခွင့်အရေးကိုဖမ်းဆုပ်ကာ ကောင်းကင်သခင်ငြိမ်သက်ခြင်းနေကာ အရိပ်ထဲ၌ ပုန်းခိုနေရာမှ သူ၏ရက်စက်သောသတ်ဖြတ်ခြင်းရည်ရွယ်ချက်ကို ထုတ်လွတ်လိုက်သည်။
ဓားအလင်းတန်းက ကောင်းကင်ပေါ်တွင် ပျော့ကွက်ရှိနေသော အပြာရောင်ဝတ်စုံနှင့်အမျိုးသမီးကျင့်ကြံသူဆီသို့ ဦးတည်ကာ ပျံသန်းသွားသည်။
***