← Chapters

အတွင်းစိတ်စစ်ဆေးခြင်းလှေကားထစ်

Vol. 35 Ch. 662

အတွင်းစိတ်စစ်ဆေးခြင်းလှေကားထစ်

Vol. 35 Ch. 662

ကျီ…..

ကျန်းချန်ရွှမ်က လှေကားထစ်တွင်ခြေလှမ်းလိုက်သည်နှင့် ပထမဆုံးလှေကားထစ်က မှိန်ဖျော့ဖျော့ အလင်းကို ထုတ်လွတ်လိုက်သည်။

ချက်ချင်းပင်၊ သူ၏နှလုံးသားထဲတွင် မြုပ်နှံထားသည့် ခံစားချက်အစိုင်အခဲများသည် ဆွဲထုတ်ခံလိုက်ရပုံ ပေါ်သည်။

ပျော်ရွင်ခြင်း၊ ဒေါသဖြစ်ခြင်း၊ ဝမ်းနည်းခြင်း၊ စိတ်လှုပ်ရှားခြင်း၊ လောဘနှင့် အခြားအရာတို့ဖြစ်သည်။

ကံကောင်းစွာပင်၊ ထိုနှိုးဆွခံလိုက်ရသည့် ခံစားချက်များက လွှမ်းမိုးနိုင်လောက်အောင် သန်မာခြင်းမရှိပါ။

ခနအကြာတွင် ကျန်းချန်ရွှမ်က အားလုံးကို ဖိနှိပ်လိုက်ရန်လုပ်လိုက်သည်။

၎င်းသည် ကျန်းချန်ရွှမ်အား ထိုလှေကားထစ်များ၏သဘောသဘာဝကိုတွက်ဆမိစေသည်။

၎င်းသည် အတွင်းစိတ်စစ်ဆေးခြင်းလှေကားထစ် ဖြစ်နိုင်ပါသလား?

လှေကားထစ်တစ်ထစ်ချင်းဆီတိုင်းက စမ်းသပ်ခြင်းအဆင့်ကို ဖော်ပြထားပုံပေါ်ပြီး သူအထပ်မြင့်သို့ သွားလေလေ၊ စိန်ခေါ်မှုက ပိုများလာလေလေဖြစ်လိမ့်မည်ဖြစ်သည်။

ထိုအတွေးဖြင့် ကျန်းချန်ရွှမ်က တုံ့ဆိုင်းမနေတော့ဘဲ ဒုတိယအဆင့် သို့တက်လှမ်းနိုင်ခဲ့သည်။

ကျီ…

တကယ်ပင်ဖြစ်သည်။

ခံစားချက်များအား လှုံဆော်ခြင်းက ပထမလှေကားထစ်ထပ် ပို၍ ပြင်းထန်လာကာ သူ၏ခန့်မှန်းချက်ကို အတည်ပြုပေးခဲ့သည်။

၎င်းသည် အမှန်တကယ်ပင် အတွင်းစိတ်စစ်ဆေးခြင်းလှေကားထစ်ပင်ဖြစ်သည်။

စိန်ခေါ်မှုများက လှေကားထစ် တစ်ထစ်တက်တိုင်း ပို၍များပြားလာသည်။

သူသည် လှေကားထစ်များကို လက်လျော့လိုက်ခြင်းကာ သေချာပေါက် ရှုံးနိမ်စေလိမ့်မည်ဖြစ်ကာ ဒုတိယအခွင့်အရေးမရှိနိုင်ကြောင်း ကြိုတင်သိစိတ်ရှိခဲ့သည်။

ထို့ကြောင့် သူသည် တက်၍ပင်ရပြီး ဆင်း၍မဖြစ်နိုင်ပါ။

ထိုသတိပြုမိခြင်းဖြင့် ကျန်းချန်ရွှမ်က အပေါ်သို့သာတက်သွားလေသည်။

ကျီ….

သို့ရာတွင် နောက်ခြေတစ်လှမ်း၏ စိန်ခေါ်ခြင်းက ခံစားချက်သာမကတော့ဘဲ သတ်ဖြတ်လိုသော စိတ်ခံစားချက်ပါ ပါဝင်လာခဲ့သည်။

ထိုသတ်ဖြတ်ခြင်းရည်ရွယ်ချက်က လွန်ကဲစွာဖြင့် ဆက်တိုက်သူ၏အာရုံကြောများအား နိုးဆွလာခဲ့သည်။

သူ၏ဆံပင်များပါ ထောင်လာလေသည်။

လှေကားထစ် ကိုးထစ်သို့ရောက်သောအခါ ဆူညံယောက်ယက်ခတ်နေသည့် တိုက်ပွဲကွင်းပြင်က သူ၏မျက်စိရှေ့တွင် ပေါ်လာခဲ့သည်။

မရေမတွက်နိုင်သော လွင့်မျောနေသည့် စစ်သင်္ဘောက ကောင်းကင်ပေါ်တွင် ပျံဝဲနေကာ ဝိညာဉ်ချီအမြောက်များနှင့် အလင်းတန်းများက လေထဲတွင် ဖြတ်သန်းနေကြသည်။

များပြားသော သွေးနှင့် အရိုးများက နေရာတိုင်းတွင် ပြန့်ကျဲနေသည်။

ကျန်းချန်ရွှမ်သည်ပင် ထိုတိုက်ပွဲကြီးတွင် ဒဏ်ရာများနှင့်ဖုံးလွမ်းနေလေသည်။

သူ၏ခန္ဓာကိုယ်က မရေတွက်နိုင်သော ဒဏ်ရာများနှင့် ပျက်စီးနေလေသည်။

၎င်းသည် အချိန်အနည်းငယ်သာဖြစ်ပြီး ကျန်းချန်ရွှမ်က ထိုပုံရိပ်ယောင်မှ ထွက်လာခဲ့လျှင် သူသည် ကိုးထပ်မြောက်တွင်ပင် ရှိနေသေးကြောင်း သတိပြုခဲ့မိသည်။

ထိုနေရာတွင် လွင့်မျောနေသောစစ်သင်္ဘောများ သို့ ဒဏ်ရာရနေသောခန္ဓာကိုယ်များ မရှိပေ။

၎င်းတို့သည် အားလုံးအတုအယောင်များဖြစ်သည်။

ကျန်းချန်ရွှမ်သည် သူ၏နှလုံးသားထဲတွင် ကြက်သီးထမှုကိုခံစားလိုက်ရသည်။

သူသည်ရှင်းလင်းစွာပင် နားလည်ခဲ့သည်မှာ အကယ်၍ သူသည် ဆက်လက်၍ထိုစစ်ပွဲ အခြေအနေထဲ နစ်မြုပ်နေခဲ့ပြီး ပြန်ရုန်းမထွက်နိုင်ခဲ့လျှင် ထိုပုံရိပ်ယောင်က အစစ်အမှန်ဖြစ်လာနိုင်လေသည်။

ဆိုလိုသည်မှာ အတွင်းစိတ်စစ်ဆေးခြင်း လှေကားထစ်သည် အန္တရာယ်မရှိခြင်း မဟုတ်ပေ။

ထိုပုံရိပ်ယောင်က ခံရသူ၏ သည်းခံနိုင်သည့် ကန့်သတ်ချက်ကုန်ဆုံးသွားလျှင် ထိုပုံရိပ်ယောင် လောကထဲ အမှန်တကယ်ကျရောက်သွားနိုင်သည်။

ထိုအချိန်တွင် မည်သူမှမည်သို့ဖြစ်လာမည်ကို မသိကြပါ။

ဤသည်ကိုသတိပြုမိလျှင် ကျန်းချန်ရွှမ်က အတွင်းစိတ်စစ်ဆေးခြင်းလှေကားထစ်နှင့်ပက်သက်၍ ပိုသတိထားလိုက်တော့သည်။

သို့သော် သူသည် ထွက်ရန်ရည်ရွယ်ချက်မရှိပါ။

သူသည် ယခုသိချင်နေခဲ့သည်။

အကယ်၍ သူသည် ထိုကြီးမားသည့် အတွင်းစိတ်စစ်ဆေးခြင်းလှေကားထစ်ကို ဖြတ်သန်းနိုင်ကာ ထိပ်သို့ရောက်လျှင် မည်သို့ဖြစ်ပါမည်နည်း?

မည်သို့သော ကွဲပြားသည့်မြင်ကွင်းကို မြင်ရပါလိမ့်မည်နည်း?

ကျီ….

ယခင် ကိုးထစ်မြောက်နှင့် မတူညီစွာ ကျန်းချန်ရွှမ်က ဆယ်ထပ်မြောက်ကို ခြေလှမ်းလိုက်ချိန်တွင်၊ သူ၏စိတ်သည် အလွန်ကိလေသာစိတ်ကိုနှိုးဆွနိုင်သည့်ပုံရိပ်များနှင့် ပြည့်နေလေသည်။

အမျိုးမျိုးသောလှပစွာဝတ်ဆင်ထားသည့်မိန်းကလေးများက သူ၏ရှေ့တွင် ကနေကြသည်။

ကျန်းချန်ရွှမ်က ထိုအမျိုးသမီးများထံမှ ထွက်နေသော ခပ်ဖျော့ဖျော့အနံ့ကို ရခဲ့သည်။

သူ၏ခန္ဓာကိုယ်က ထိုအခြေအနေအား မသိစိတ်မှ တုံ့ပြန်တော့မည့်ဆဲဆဲ ဖြစ်သွားသည်။

ကံကောင်းစွာပင် သူ၏အသိစိတ်က သူ၏မျက်စိရှေ့မှမြင်ကွင်းမှ လှည့်စားခြင်းကို မခံခဲ့ရပါ။

သို့ရာတွင် သူသည် ၎င်းက အစပင်ရှိသေးကြောင်းကို သိသည်။

သူဆက်၍ တက်လိုက်တိုင်း ထိုမြင်ကွင်းက ပို၍ ပြင်းထန်လာသည်။

အဆုံး၌ သူကဲ့သို့ စိတ်ဓာတ်ခိုင်မာသောသူသည်ပင် ကျဆုံးသွားရလုနီးပါးပင်။

ကံကောင်းစွာဖြင့်၊ သူသည် ထိုစိန်ခေါ်မှုအား နောက်ဆုံးတွင် ကျော်လွှားနိုင်ခဲ့သည်။

သူသည်လှေကားထစ် နှစ်ဆယ်သို့တက်ခါနီးတွင်၊ များစွာသောအလင်းများက ရုတ်တရက် အတွင်းစိတ်စစ်ဆေးခြင်းလှေကားထစ်အနီးတွင် ပေါ်လာခဲ့သည်။

ရွှမ်းယန်နှင့် တုန်းဖန်ထျန်းရှင်းတို့ကဲ့သို့ ရင်းနှီးသောပုံရိပ်များလည်းပါသည်။

ထို့အပြင်၊ အရှေ့ပိုင်းနှင့် အလယ်ပိုင်းလွင်ပြင်တို့မှ ကျင့်ကြံသူတစ်ချို့လည်းပါဝင်သည်။

တစ်ဦးမှာ အရှေ့ပိုင်းချူးမိသားစုမှ ချူးရှန်းဟယ်ဖြစ်ပြီး အခြားတစ်ဦးမှာ အလယ်ပိုင်းမှ ဝူရှင်းဖြစ်သည်။

နှစ်ဖက်စလုံးတွေ့ကျသောအခါ သဘာဝကျစွာပင် ဓားမြှောင်ကိုဆွဲထုတ်ရန် မလွဲရှောင်သာပါ။

သို့ရာတွင် သူတို့၏အာရုံက အတွင်းစိတ်စစ်ဆေးခြင်းလှေကားထစ်ပေါ်ရှိ ကျန်းချန်ရွှမ်အပေါ်တွင် ရှိနေကြသည်။

သူတို့၏မျက်လုံးချင်း ဆုံသွားကြသည်။

ကျန်းချန်ရွှမ်က ချူးရှင်းဟယ်နှင့်ဝူရှင်းတို့အား လျစ်လျူရှုလိုက်ပြီး အသံပို့ဆောင်ခြင်းမှတဆင့် ရွှမ်းယန်နှင့်တုန်းဖန်ထျန်းရှင်းတို့အား အတွင်းစိတ်စစ်ဆေးခြင်းလှေကားထစ်အကြောင်းအခြေအနေကို ပြောပြလိုက်သည်၊

သေချာပါသည်။

သူက အသေးစိတ်ကို မပြောပြပဲ ရိုးရှင်းစွာပင် ထိုလှေကားထစ်က နှလုံးသားကို စမ်းသပ်ခြင်း ဖြစ်ကြောင်းသာ အသိပေးခဲ့သည်။

စမ်းသပ်မှု၏အသေးစိတ်သဘာဝအား ကျန်းချန်ရွှမ်က မရှင်းပြတော့ပေ။

အဆုံးတွင် သူသည် ထိုစမ်းသပ်ချက်က လှေကားထစ်တက်သည့်သူတိုင်း တစ်ပုံစံတည်း တွေ့ကြုံရလိမ့်မည်ဟု မသေချာပါ။

အကယ်၍ မဟုတ်လျှင် ကောင်းကင်သခင်ရွှမ်းယန်နှင့် တုန်းဖန်ထျန်းရှင်းတို့အား လမ်းမှားညွှန်လိုက်မိလိမ့်မည် ဖြစ်သည်။

ထိုဆုံးရှုံးမှုက အကျိုးထပ်ပိုများပါသည်။

အတွင်းစိတ်စစ်ဆေးခြင်းလှေကားထစ်အကြောင်း သိရှိပြီးနောက် ရွှမ်းယန်နှင့် တုန်းဖန်ထျန်းရှင်းတို့က မတုံ့ဆိုင်းနေတော့ပါ။

သူတို့သည် ချက်ချင်းပင် လှေကားထစ်ပေါ်တက်လိုက်ကြသည်။

ထိုအရာကိုမြင်လျှင် ချူးရှင်းဟယ်နှင့် ဝူရှန်းတို့က အံ့ဩသွားကြသည်။

သူတို့သည် ရွှမ်းယန်နှင့်တုန်းဖန်ထျန်းရှင်းတို့က လှေကားပေါ်သို့ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် တက်လိမ့်မည်ဟု မထင်ထားကြပေ။

၎င်းသည် ချူးရှင်းဟယ်နှင့်ဝူရှင်းတို့အား အကြည့်ချင်းဖလှယ်စေပြီး သူတို့၏မျက်လုံးများက မသေချာမှုနှင့် လက်နေသည်။

ခနအကြာတွင် တုံ့ဆိုင်းခြင်းမရှိဘဲ ထိုနှစ်ဦးက အတွင်းစိတ်စစ်ဆေးခြင်းလှေကားထစ်ပေါ်သို့ တက်သွားပြီဖြစ်သော ရွှမ်းယန်နှင့် တုန်းဖန်ထျန်းရှင်းတို့အား တိုက်ခိုက်လိုက်ကြသည်။

ကြောက်မက်ဖွယ်ကောင်းသောအလင်းတန်းပွင့်ထွက်သွားပြီး ကြာပွတ်နှင့် စေတီက ရွှမ်းယန်နှင့် တုန်းဖန်ထျန်းရှင်းတို့ဆီသို့ဦးတည်နေလေသည်။

ကျီ…..

သို့ရာတွင် မမျှော်လင့်ဘဲ သူတို့၏တိုက်ခိုက်မှုများသည် ရွှမ်းယန်နှင့် တုန်းဖန်ထျန်းရှင်းတို့အား ထိတော့မည့်အချိန်တွင် လှေကားပေါ်မှ အလင်းတန်းတစ်ခု ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

နှစ်ချက်မှ တိုက်ရုံနှင့် ချူးရှင်းဟယ်နှင့်ဝူရှင်းတို့၏တိုက်ခိုက်မှုများပျယ်သွားလေကာ ရွှမ်းယန်နှင့် တုန်းဖန်ထျန်းရှင်းတို့အား တစ်စက်မှ မထိခိုက်စေခဲ့ပေ။

ထိုအရာကိုမြင်လျှင် ချူးရှင်းဟယ်နှင့် ဝူရှင်းတို့က နောက်သို့ဆုတ်သွားသည်။

သူတို့သည် ထိုကဲ့သို့အလှည့်အပြောင်းဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါ။

၎င်းသည် အတွင်းစိတ်စစ်ဆေးခြင်းလှေကားထစ်ပေါ်တွင်ရှိနေသောသူ မည်သူမဆို ပြင်ပတိုက်ခိုက်မှုများ သက်ရောက်နိုင်မည်မဟုတ်ပပေ။

အကယ်၍ ထိုသို့ဆိုလျှင်

ချူးရှင်းဟယ်နှင့် ဝူရှင်းတို့က တစ်ယောက်နှင်တစ်ယောက်ထပ်ကြည့်လိုက်သည်။

တုံ့ဆိုင်းမှုမရှိဘဲ သူတို့သည်လည်း လှေကားထစ်ပေါ်သို့ ခြေလှမ်းလိုက်ကြသည်။

သို့ရာတွင် ရွှမ်းယန်နှင့်တုန်းဖန်ထျန်းရှင်း၊ ချူးရှင်းဟယ်နှင့် ဝူရှင်းတို့က လှေကားထစ်၏ သဘောသဘာဝကို မသိကြသေးသောကြောင့်၊ ခြေလှမ်းလိုက်တိုင်း ပြုတ်ကျနေကြပြီး ဟန်ချက်ကို မထိန်းနိုင်ကြချေ။

သူတို့သည် ထိုလှေကားထစ်များသည် သူတို့၏ အတွင်းစိတ်များကို စစ်ဆေးနေကြောင်း ထိတ်လန့်စွာတွေ့ရှိခဲ့ရသည်။

သူတို့သည် ခံစားချက်လှိုက်တက်လာခြင်းမှ ပြန်လည်သက်သာလာသည်နှင့် အဆင့် ၂၀ တွင် ရောက်နေပြီဖြစ်သော ကျန်းချန်ရွှမ်းအား ကြည့်လိုက်ကြသည်။

ထိုသူသည် အထပ် ၂၀တွင်ပင်ရောက်နေပြီဖြစ်သည်။

သူတို့သည် သူ၏လက်ရှိလှေကားထစ်တွင် မည်သည်ကိုတွေ့ကြုံရမည်ကို သိချင်နေကြပြီး ဤနေရာသည် ကြီးမားသောအခွင့်အလမ်းများကို ရနိုင်မည်ဖြစ်ကြောင်းကို သတိပြုမိသွားသည်။

ကျန်းချန်ရွှမ်က သူတို့နှင့်ဝေးနေပြီကိုမြင်လျှင် အခြားသူများ၏စိတ်အာရုံထဲ၌ ချိန်းခြောက်မှုတစ်ခု ဖြစ်စေခဲ့သည်။

အကယ်၍ ဤနေရာမှ အခွင့်အလမ်းများက ထိပ်သို့ရောက်သည့် ပထမဆုံးလူကိုသာပေးမည်ဆိုလျှင် မည်သို့လုပ်မည်နည်း?

အခြားသူများက အလကားပြေးနေရခြင်းပင်ဖြစ်တော့မည်မဟုတ်ပါလား?

ထိုစိုးရိမ်မှုက ကျန်းချန်ရွှမ်က အချိန်တိုအတွင်းနောက်ခြေလှမ်းတစ်ထစ်ကို တက်သွားသည်ကို မြင်ရလျှင် ပို၍ အသားပေးလာလေသည်။

သို့ရာတွင် ချူးရှင်းဟယ်နှင့် ဝူရှင်းတို့က အတွင်းစိတ်စစ်ဆေးခြင်းလှေကားထစ်၏ အရေးအကြီးဆုံးအချက်မှာ စိတ်ရှည်ရန်ပင်ဖြစ်သည်။

ဂတိုက်ကရိုက်ဖြစ်သွားသည်နှင့် ထိုဖြစ်နိုင်ချေကို ဆက်လက်၍ သွားစေနိုင်ပြီး အထူးသဖြင့် စိတ်ခံစားချက်များသည် အဆုံးမဲ့ ဖောက်ဖျက်ပစ်နိုင်သောကြောင့်ဖြစ်သည်။

အနည်းငယ်ခြေလှမ်းမှားသွားလျှင်ပင် စိတ်ကို ပျောက်ဆုံးသွားစေနိုင်ပြီး ထိုအခြေအနေက အစောပိုင်းအဆင့်များတွင် သတိပြုမိရန်မလွယ်ကူပါ။

သတိပြုမိသည့်အချိန်တွင်မူ နောက်ကျသွားခဲ့ပြီဖြစ်သည်။

ထိုအတိုင်းပင်၊

နာရီများစွာကုန်လွန်သွားခဲ့သည်။

ကျန်းချန်ရွှမ်က ၃၇ထစ်မြောက်သို့ရောက်ရှိနေပြီဖြစ်သည်။

ကောင်းကင်သခင်ရွှမ်းယန်၊ တုန်းဖန်ထျန်းရှင်းနှင့် ချူးရှန်းဟယ်၊တို့သည် ခြောက်ထပ် ခုနစ်ထပ်မြောက်တွင်သာ ရှိသေးသည်။

မည်သူမှ ဆယ်ထပ်မြောက်သို့ မရောက်သေးပါ။

သူတို့နှင့် ကျန်းချန်ရွှမ်တို့ကြား ထိုကွာခြားချက်က သက်သေပြနေလေသည်။

အစ၌ ကျန်းချန်ရွှမ်က တစ်ထစ်ခြင်းချောမွေ့စွာတက်နေခဲ့သည်။

သူသည် အထစ် ၂၀ ကိုရောက်ပြီးမှသာ စတင်၍ နှေးသွားခြင်းဖြစ်သည်။

ကျန်းချန်ရွှမ်က ၃၈ ထပ်သို့ခြေလှမ်းခါနီးတွင် အဝေးမှ ကောင်းကင်တွင် ရုတ်တရက် အလင်းတန်းများစွာပျံသန်းလာလေသည်။

ပျံသန်းလာနေသောသူများက အခြားသူမဟုတ်ဘဲ ကျန်းချန်ရွှမ်၏ တာအိုအဖော် ရှန်းရူယန်ပင်ဖြစ်သည်။

သူမ၏နောက်တွင် မုရုန်ရှန်း၊ ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်၊ ကောင်းကင်သခင်ရုန်ဟန်ကျီရှန်းတို့ဖြစ်ကြသည်။

ထိုအချိန်တွင် မြောက်ပိုင်းနယ်နိမိတ်နှင့် အနောက်ပိုင်းသဲကန္တာရမှလူများ စုဝေးမိကြလေသည်။

သူတို့သည် ကျန်းချန်ရွှမ်၊ ကောင်းကင်သခင်ရွှမ်းယန်၊ တုန်းဖန်ထျန်းရှင်း၊ ချူးရှန်းဟယ်နှင့် ဝူရှင်းတို့က အတွင်းစိတ်စစ်ဆေးခြင်းလှေကားထစ်ပေါ်၌ ရှိနေသည်ကိုတွေ့လိုက်ရလျှင် သူတို့က ထိတ်လန့်မှုကို ဖော်ပြနေကြသည်။

သူတို့သည် ကျန်းချန်ရွှမ်နှင့် အခြားသူတို့က ချူးရှန်းဟယ်၊ ဝူရှင်းတို့နှင့် အတွင်းစိတ်စစ်ဆေးခြင်းလှေကားထစ်ပေါ်တွင် အတူရှိနေမည်ဖြစ်ကြောင်း မမျှော်လင့်ထားခဲ့ကြပါ။

ထိုနေရာတွင် သူတို့မသိနိုင်သည့်အရာတစ်ခုခုရှိနေလိမ့်မည်။

ထိုအတွေးဖြင့် ရှန်းရူယန်နှင့်အခြားသူတို့က တပြိုင်နက် ၃၈ထပ်မြောက်သို့ရောက်နေသော ကျန်းချန်ရွှမ်အားကြည့်လိုက်ကြသည်။

***

All Chapters