← Chapters

မိမိကိုယ်ကိုယ်လှည့်စားသောသူ

Vol. 35 Ch. 663

မိမိကိုယ်ကိုယ်လှည့်စားသောသူ

Vol. 35 Ch. 663

ရှန်းရူယန်နှင့် အခြားသူများ၏ အကြည့်ကိုမြင်လျှင် ကျန်းချန်ရွှမ်က ချက်ချင်းပင် သူတို့အတွက် သူသိထားသောအခြေအနေကို ပြန်ပြောပြလိုက်သည်။

ရှန်းရူယန်နှင့် အုပ်စုက ထိုအကြောင်းကိုကြားလျှင် အံ့ဩသွားကာ တုံ့ဆိုင်းခြင်းမရှိဘဲ သူတို့သည်လည်း အတွင်းစိတ်စစ်ဆေးခြင်းလှေကားထစ်ကို တက်လိုက်ကြတော့သည်။

...

အချိန်တစ်ချို့ကြာပြီးနောက်

အဝေးမှ အလင်းတန်းများထပ်မံပေါ်လာသည်။

ကျန်းချန်ရွှမ်နှင့် အခြားသူများက ၎င်းတို့သည် ရင်းနှီးသောပုံရိပ်များဖြစ်သည့် ရှောင်ရှန်းချုံ၊ ရှောင်ရှန်းကျီနှင့် တာအိုဝါဒီ ရှန်းထုံတို့ကဲ့သို့ အရှေ့ပိုင်းနှင့် အလယ်ပိုင်းလွင်ပြင်မှ ကျင့်ကြံသူများ ဖြစ်ကြောင်း သတိပြုမိလိုက်သည်။

ထို့အပြင် ကျန်းချန်ရွှမ်သည် နေထွက်ရာခန်းမဆောင်မှ အပြာရောင်လမင်းနှင့် အခြားဝိညာဉ်ဖွဲ့စည်းခြင်း ကျင့်ကြံသူများကိုလည်း တွေ့ခဲ့ရသည်။

တုံ့ဆိုင်းခြင်းမရှိဘဲကျန်းချန်ရွှမ်သည် အပြာရောင်လမင်းနှင့် ဆက်သွယ်လိုက်ပြီး အခြေအနေအကြောင်းကို သတင်းပေးလိုက်သည်။

အပြာရောင်လမင်းက အချိန်အနည်းငယ်စဉ်းစားဆင်ခြင်ပြီးနောက် သူမ၏အဖော်များနှင့် အတူ အတွင်းစိတ်စစ်ဆေးခြင်းလှေကားထစ်ကို တက်လိုက်ကြတော့သည်။

ရှောင်ရှန်းချုံနှင့်အခြားသူများသည်လည်း လှေကားထစ်ကို တက်လိုက်ကြသည်။

ထိုအချိန်တွင် အဝေးမှ အလင်းတန်းများ ချဉ်းကပ်လာကြသည်။

သို့ရာတွင် ထိုအသစ်လာသည့်သူများမှ ထုတ်လွတ်နေသော အရောင်အဝါက လူသားကျင့်ကြံသူများ မဟုတ်ဘဲ နတ်ဆိုးမျိုးနွယ်မှ ဖြစ်ကြောင်း မှားနိုင်စရာမရှိပါ။

ကျန်းချန်ရွှမ်နှင့် အခြားသူများသည် သူတို့၏အကြည့်များကို လွဲလိုက်ကြကာနှလုံးခုန်မြန်သွားကြသည်။

အကြောင်းရင်းမှာ သူတို့သည် ထွက်ပေါ်လာသည့်သူများက ဝိညာဉ်ဖွဲ့စည်းခြင်း နတ်ဆိုးသားရဲချုပ်များ ဖြစ်ကြောင်း သတိပြုမိကြသောကြောင့်ဖြစ်သည်။

သူတို့ထဲတွင် အနည်းငယ်က အင်အားကြီးသောအရောင်အဝါများ ပိုင်ဆိုင်ထားကြပြီး ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က သေချာရင်ဆိုင်ရမည့်သူများပါရှိကာ ၎င်းတို့၏အင်အားက သူတို့ထပ် သာလွန်နေပေသည်။

သူတို့သည်ဝှက်ဖဲများကို ထုတ်သုံးလိုခြင်းမရှိလျှင် လက်ရှိအင်အားဖြင့် အခြားတစ်ဖက်မှသူများအား သတ်နိုင်ရန် အတော်ခက်ခဲလိမ့်မည်။

ထို့အပြင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ရောက်ပြီးသားဖြစ်ချိန်တွင် မည်သူက မိမိကိုယ်ကိုယ် ကာကွယ်ရန် ဝှက်ဖဲမရှိလိမ့်မည်နည်း?

“ဒါက ရှေးဟောင်း အတွင်းစိတ်စစ်ဆေးခြင်းလှေကားထစ် မဟုတ်ဘူးလား?” သက်လတ်ပိုင်းအရွယ် လူကဲ့သို့ ပြောင်းလဲထားသော နတ်ဆိုးသားရဲချုပ်တစ်ဦးက ပြောလိုက်သည်။

သူသည် နှစ်တစ်ရာကျား နတ်ဆိုးသားရဲချုပ်ဖြစ်ကာ အဖြူရောင်ကျားသွေးမျိုးဆက်ကို သယ်ဆောင်သူ ဖြစ်သည်။

သူ၏စကားကိုကြားလျှင် နတ်ဆိုသားရဲချုပ်များက အံ့အားသင့်သွားခဲ့သည်သာမကဘဲ အတွင်းစိတ်စစ်ဆေးခြင်းလှေကားထစ်ပေါ်မှ ကျန်းချန်ရွှမ်တင်နှင့် အခြားသူများသည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

သူသည် ထိုနတ်ဆိုးသားရဲချုပ်များထဲတွင် အမှန်တကယ် အတွင်းစိတ်စစ်ဆေးခြင်းလှေကားထစ်ကို သိနေသူရှိနေမည်ဟု မမျှော်လင့်ထားမိပါ။

“နှစ်တစ်ရာကျား၊ အတွင်းစိတ်စစ်ဆေးခြင်းလှေကားထစ်ဆိုတာက ဘာလဲ?”

လူအိုအဖြစ်ပြောင်းလဲထားသည့် အကြီးအကဲလိပ်နက်က ဖြည်းဖြည်းမေးလိုက်သည်။

နှစ်တစ်ရာကျားသားရဲချုပ်က ဖြည်းဖြည်းခေါင်းညိတ်လိုက်သည်။

“ရှေးတုန်းက ဒီအတွင်းစိတ်စစ်ဆေးခြင်းလှေကားထစ်ကို တပည့်တွေရဲ့ စိတ်နေသဘောထားကို စမ်းသပ်ဖို့သုံးခဲ့ကြတယ်။

လှေကားထစ် ၅၀ ထိတက်နိုင်တဲ့သူက အလွန်ကောင်းတဲ့ စိတ်နေသဘောထားကို ပိုင်ဆိုင်ထားတယ်လို့ သတ်မှတ်နိုင်ပြီး ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ရောက်နိုင်ချေရှိတယ်လို့ပြောကြတယ်။

လှေကားထစ် ၇၀ ကိုတက်နိုင်ရင် ဝိညာဉ်ဖွဲ့စည်းခြင်းနောက်ပိုင်းအဆင့်ကို ရောက်နိုင်ချေရှိတယ်။

လှေကားထစ် ၁၀၀ ဆိုရင် နတ်ဘုရားအရှင်ဖြစ်နိုင်ပြီး အထပ် ၅၀၀ ဆိုရင် တာအိုပေါင်းစပ်ခြင်းအဆင့် ကို ရောက်နိုင်ချေရှိတယ်လို့ အကြံပြုထားတယ်။

အဲ့လိုအထပ်မြင့်ကိုရောက်ခဲ့တဲ့သူက သူတို့ရဲ့ အရင် ကျင့်ကြံခြင်းအရည်အချင်းအရ အရေးကြီးတဲ့ လေ့ကျင့်မှုကိုရပြီး သူတို့ရဲ့ဂိုဏ်းက အာရုံစိုက်မှုကိုရနိုင်တယ်။

ဒါအပြင် ကျုပ်သိထားသလောက် ဒီအတွင်းစိတ်စစ်ဆေးခြင်းလှေကားထစ်က လူရဲ့ စိတ်နေ သဘောထားကို စမ်းသပ်နိုင်ပေမဲ့ အဲ့ဒီလူရဲ့ဆန္ဓကိုလည်း အဆုံးထိရောက်အောင် တွန်းပို့ပေးနိုင်တယ် လို့လည်းဆိုတယ်။

သတိထားစရာတစ်ခုက ကိုယ်ကိုအရမ်းခက်ခဲအောင် တွန်းအားမပေးဖို့ပဲ။

လူရဲ့ စိတ်နဲ့ ခံစားချက်ကန့်သတ်မှုကို ကျော်လွန်သွားရင် ပုံရိပ်ယောင်က အစစ်အမှန်ဖြစ်လာပြီး လူကို စားသုံးသွားနိုင်တယ်။”

နှစ်တစ်ရာကျားနတ်ဆိုးသားရဲချုပ်က ထိုအကြောင်းကို အခြားနတ်ဆိုးသားရဲချုပ်များထံသို့စိတ်နှင့် ပို့ဆောင်လိုက်သည်။

သူ၏စကားကိုကြားလျှင် အတွင်းစိတ်စစ်ဆေးခြင်းလှေကားထစ်ကို အားလုံးက စိတ်ဝင်စားလာကြသည်။

ထိုအချိန်တွင် ကြံခိုင်သန်မာသောလူအသွင်ယူထားသည့် မှင်နဂါးနတ်ဆိုးသားရဲချုပ်က နှစ်တစ်ရာကျားကို မေးလိုက်သည်။

“ကျား၊ အတွင်းစိတ်စစ်ဆေးခြင်းလှေကားထစ်က အဲ့လိုဆိုရင် ငါတို့ရှိတဲ့လှေကားထစ်က အခြားတစ်မျိုးပြောင်းလဲနိုင်သေးလား?

ရိုးရိုးသားသားပြောရရင် အကယ်၍ အတွင်းစိတ်စစ်ဆေးခြင်းလှေကားထစ်ထိပ်ထိ ငါတို့တက်သွားတဲ့အခါ အကျိုးအမြတ် သို့ ဆုလဒ် တစ်ခုခုရှိနိုင်လား?”

ပြောစရာမလိုအောင်ပင်၊ ထိုမေးခွန်းက ရှိနေသောလူတိုင်းသိချင်သောအရာဖြစ်သည်။

၎င်းတို့၏ရည်ရွယ်ချက်မှာ အကျိုးအမြတ်များအတွက်ပင် ဖြစ်သည်။

သူတို့သည် ရှေးဟောင်းအစဉ်အလာများထပ် ရယူနိုင်သည့် အကျိုးအမြတ်ကို ပို၍ စိတ်ဝင်စားပါသည်။

နှစ်တစ်ရာကျားသားရဲချုပ်က ခေါင်းညိတ်လိုက်သည်။

“အဲ့ဒီမှာ သေချာပေါက် အကျိုးအမြတ်ရှိမှာပါ။

အခြားအရာကိုမပြောသေးနဲ့၊ ဒီလှေကားထစ်ပေါ်က စမ်းသပ်ချက်တွေက ကိုယ့်ရဲ့စိတ်နေသဘောထား ကို သန့်စင်နိုင်တဲ့ အခွင့်အလမ်းတစ်ခုပဲ။

ဒါအပြင် ကျုပ်က ဒီအတွင်းစိတ်စစ်ဆေးခြင်းလှေကားထစ်ဟာ ဒီအကြွင်းအကျန်နယ်မြေကနေ ကျုပ်တို့အတွက် စမ်းသပ်ချက်တစ်ခုလို့လဲ သံသယရှိတယ်။

အကယ်၍ ကျုပ်တို့ဖြတ်ကျော်နိုင်ရန် ဒီအကြွင်းအကျန်နယ်မြေရဲ့ အမွေအနှစ်ကိုရလိမ့်မယ်။”

အကြွင်းအကျန်နယ်မြေထဲတွင် ရရှိမည့် အမွေအနှစ်များကို ကြားပြီးသည့်နောက် မှင်နဂါးနှင့် လိပ်နက်တို့ကဲ့သို့သော နတ်ဆိုးသားရဲချုပ်များသည် စိတ်လှုပ်ရှားလာကြလေသည်။

ထိုအကြွင်းအကျန်မှ ရရှိမည့်အကျိုးအမြတ်များသည် အလွန်ကြီးမားပါသည်။

အကယ်၍ သူတို့သည် အရာအားလုံးကို သူတို့ကိုယ်ပိုင်အဖြစ်ပြောင်းလဲနိုင်ခဲ့လျှင် ရိတ်သိမ်းရမည့် အရာက မည်မျှကြောက်စရာကောင်းလိမ့်မည်နည်း?

လူသားကျင့်ကြံသူများက ထိုလှေကားထစ်များကိုတက်နေသည်မှာ အံ့ဩစရာမရှိတော့ပေ။

ကြည့်ရသည်မှာ ထိုသူတို့သည်လည်း အတွေးတူကြပုံပေါ်သည်။

ထိုအသိဖြင့် နတ်ဆိုးသားရဲချုပ်များသည် အငြိမ်မနေတော့ဘဲ အတွင်းစိတ်စစ်ဆေးခြင်းလှေကားထစ် ကို စတင်၍ တက်ကြတော့သည်။

ကျီ…ကျီ….ကျီ…

ထိုအချိန်တွင် လှေကားထစ်တစ်ခုလုံးက ဆက်တိုက်မြင့်တက်နေသည်။

လူတိုင်းက ပန်းတိုင်တစ်ခုသာရှိပြီး ၎င်းမှာ လှေကားထစ်၏ထိပ်သို့ရောက်ရန်သာဖြစ်သည်။

သို့ရာတွင် သူတို့မသိသောအရာတစ်ခုမှာ ရှေးဟောင်းဂိုဏ်းမှ တပည့်များအား စမ်းသပ်ရန်သုံးခဲ့သော အတွင်းစိတ်စစ်ဆေးခြင်းလှေကားထစ်သည် ဖြတ်ကျော်နိုင်ရန် မလွယ်ကူပါ။

ရှိနေသောသူများအားလုံးက ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်များဖြစ်ကြသော်လည်း ပြသနာ ရှိနေဆဲဖြစ်သည်။

....

ရက်အနည်းငယ်ကြာသောအခါ၊

အတွင်းစိတ်စစ်ဆေးခြင်းလှေကားထစ်ပေါ်တွင် ရုတ်တရက် သက်လတ်ပိုင်းအရွယ် စာသင်သားအဖြစ် ပြောင်းလဲထားသည့် သမင်နတ်ဆိုးသားရဲချုပ်က မီးတောက်များအဖြစ် လောင်ကျွမ်းသွားတော့သည်။

ထူးဆန်းစွာနှင့် တောက်လောင်နေသောမီးတောက်ထဲမှ အော်မြည်သံများ သို့ လွတ်မြောက်ရန် ကြိုးပမ်းမှု မရှိခဲ့ပေ။

သူသည် တိတ်ဆိတ်စွာမတ်တပ်ရပ်နေကာ ပြုံးနေပြီး တဖြည်းဖြည်းနှင့် ပြာပုံအဖြစ် ပြောင်းလဲသွား လေကာ သူ၏ခန္ဓာကိုယ်နှင့် ဝိညာဉ်တို့က လုံးဝပပျောက်သွားသည်။

ထိုမြင်ကွင်းက နတ်ဆိုးသားရဲချုပ်များနှင့် ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်အားလုံးကို ထိတ်လန့်သွားစေခဲ့သည်။

သို့ရာတွင်၊ သူတို့သည် ထိတ်လန့်မှုမပျောက်သေးခင်၌ပင် အခြားကွဲပြားသောလှေကားထစ်ပေါ်တွင် ကပ်ဘေးတစ်ခုထပ်ပေါ်လာသည်။

အလယ်ပိုင်းလွင်ပြင်မှ ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်တစ်ဦးသည် ရုတ်တရက် အသားနှင့် အရိုးများကိုတိုက်စားနိုင်သော အနက်ရောင်လေများဖြင့် ဖုံးလွမ်းခံလိုက်ရသည်။

ထိုအချိန်တွင် သူသည် ထိုနေရာတွင်ပင် တိတ်ဆိတ်စွာရပ်နေခဲ့ပြီး အနက်ရောင်လေများကို သူ့ခန္ဓာကိုယ်အား ဖြတ်သွားစေခွင့်ပြုလိုက်ကာ အသားနှင့် သွေးများကို တဖြည်းဖြည်းချင်းဖြတ်သွားပြီး သူ၏အရိုးကို အမှုန့်အဖြစ် ပြောင်းလဲပစ်လိုက်သည်။

နောက်ဆုံးတွင် သမင်နတ်ဆိုးသားရဲချုပ်ကဲ့သို့ သူ၏ခန္ဓာနှင့် စိတ်သည် ပျက်စီးသွားခဲ့လေသည်။

“တာအိုရောင်းရင်း ဟယ်ယွမ်”

ရှောင်ရှန်းချုံနှင့် အခြားသူများက မတတ်နိုင်ဘဲ ရေရွတ်လိုက်မိကြသည်။

သူတို့သည် ထိုနတ်ဆိုးသားရဲချုပ်များကဲ့သို့ လှေကားထစ်မှ အန္တရာယ်က ရုတ်တရက်ရောက်လာမည့် အကြောင်း မမျှော်လင့်ထားမိကြပေ။

၎င်းသည် အလွန်ရုတ်တရက်ဖြစ်သောကြောင့် သူတို့သည် တုံ့ပြန်ရန်ပင် အချိန်မရှိလိုက်ပါ။

ရုတ်တရက် ကောင်းကင်သခင် ချန်ယွင်က ပြောလိုက်သည်။

“ဒါကပုံရိပ်ယောင်တွေရဲ့ ချိန်းခြောက်မှုပဲ။

အကယ်၍ ကျုပ်တို့က ဒီပုံရိပ်ယောင်တွေထဲက ကိုယ်တိုင်ရုန်းမထွက်နိုင်ဘူးဆိုရင်၊ တာအိုရောင်းရင်း ဟယ်ယွမ် လို ကံကြမ္မာမျိုးနဲ့တွေ့ကြုံရတဲ့အထိ နစ်မြုပ်သွားရလိမ့်မယ်။”

သူသည် ၅၃ထစ်မြောက်သို့ ရောက်နေပြီဖြစ်သော ကျန်းချန်ရွှမ်ဆီသို့ကြည့်လိုက်လေသည်။

“ကျန်းချန်ရွှမ်၊ မင်းဒါကိုသိပြီးသားလား?

ဘာပဲဖြစ်ဖြစ် ကျုပ်တို့က လူသားတွေပဲလေ။ ဘာလို့ ကျုပ်တို့ကို ကြိုတင်ပြီး သတိမပေးခဲ့ရတာလဲ?”

ကောင်းကင်သခင် ချန်ယွင်က အလယ်ပိုင်းလွင်ပြင်မှ လေလွင့်ကျင့်ကြံသူတစ်ဦးဖြစ်သည်။

သူသည် လေလွင့်ကျင့်ကြံသူ ဟု ဆိုသော်လည်း မည်ကဲ့သို့ နောက်ခံမျိုး သို့ ရာထူးမျိုးဖြင့် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ ရောက်နိုင်ပါလိမ့်မည်နည်း?

ကျန်းချန်ရွှမ်က ထိုသူ၏မေးခွန်းကို ဖြေဆိုရန် လျစ်လျူရှုလိုက်သည်။

ထိုအစားသူသည် ရှေ့မှ လှေကားနောက်တစ်ထစ်ကိုသာ အာရုံစိုက်လိုက်သည်။

“မင်း…..”

ကျန်းချန်ရွှမ်ဆီမှ လျစ်လျူရှုခံလိုက်ရသောကြောင့် ကောင်းကင်သခင်ချန်ယွင်က အရှက်ရသွားသည်။

သူ၏မျက်လုံးထဲ၌ ဒေါသက ဖြတ်သွားခဲ့သည်။

သို့သော် နောက်ဆုံးတွင် သူသည် အခြားရှိနေသော သူများကိုကြည့်ကာ ပြောလိုက်သည်။

“လူတိုင်းပဲ ဘယ်လိုဖြစ်ဖြစ်၊ ကျုပ်ယုံကြည်တာ ဒီကလူတွေက ဒီနေရာဘယ်လောက် အန္တရာယ်ရှိကြောင်း သိကြမှာပါ။

လုံခြုံဖို့အတွက် ကိုယ့်ရဲ့လုပ်နိုင်စွမ်းကို သိဖို့လိုတယ်။ အတင်းအကြပ်မလုပ်ပါနဲ့၊ အကယ်၍ အရမ်းများတယ်ထင်ရင် ကျုပ်တို့ ဒီလှေကားထစ်ကိုနောက်တစ်ခေါက်မှ ကြိုးစားတက်လို့ရပါတယ်။”

ထိုသို့ပြောပြီးနောက်၊ ကောင်းကင်သခင်ချန်ယွင်သည် အတွင်းစိတ်စစ်ဆေးခြင်းလှေကားထစ်အား သူ၏ဆုံးဖြတ်ချက်ဖြင့် ဆင်းသွားလေသည်။

ကျန်းချန်ရွှမ်ကဲ့သို့ အကောင်းအဆိုးကိုသိသောသူများကမူ ထိုမိမိကိုယ်ကိုလှည့်စားနေသူများအား အတွင်းမှပင် မဲ့ပြုံးပြုံးလိုက်ကြသည်။

တစ်ကြိမ်ဆင်းလိုက်သည်နှင့်၊ သူတို့သည် ထိုလှေကားထစ်ကိုတက်ရန် ဒုတိယအခွင့်အရေးရတော့မည် မဟုတ်ပါ။

ထိုအချိန်တွင် ၊များစွာသော သူများက ကောင်းကင်သခင်ချန်ယွင်ကဲ့သို့ လုပ်ကြသည်။

၎င်းတို့တွင် များစွာသော နတ်ဆိုးသားရဲချုပ်များ ပါဝင်ကြသည်။

အစ၌ သူတို့သည် များစွာ မတွေးခဲ့ကြပေ။

သို့ရာတွင် သူတို့သည် အတွင်းစိတ်စစ်ဆေးခြင်းလှေကားထစ်ကို ဒုတိယအကြိမ်တက်ရန်ကြိုးစားလိုက်ချိန်တွင် မည်သို့လုပ်ဆောင်ပါစေ၊ ခြေလှမ်း၍ မရတော့ပေ။

မည်ကဲ့သို့ဖြစ်နိုင်လိမ့်မည်နည်း?

ကောင်းကင်သခင်ချန်ယွင်နှင့် အခြားသူများက စိတ်ရှုပ်ထွေးသွားကြသည်။

အတွင်းစိတ်စစ်ဆေးခြင်းလှေကားထစ်၏ စစ်ဆေးခြင်းက အခွင့်အရေးတစ်ကြိမ်သာပေးခြင်းဖြစ်နိုင်ပါလား?

အကယ်၍ သင်သည်စိတ်ပါလက်ပါ လက်လျော့လိုက်လျှင် ဒုတိယအကြိမ်အခွင့်အရေးမရှိတော့ဘူးလား?

ထိုဖြစ်နိုင်ချေကို သိပြီးနောက် ကောင်းကင်သခင်ချန်ယွင်နှင့် အခြားသူများ၏မျက်နှာက ပြောင်းလဲသွားသည်။

အကယ်၍ ၎င်းသည် မှန်ကန်လျှင် အကြီးအကျယ်ဆုံးရှုံးရခြင်းပင်ဖြစ်သည်။

အရှေ့ပိုင်း၊ အလယ်ပိုင်းလွင်ပြင်မှကျင့်ကြံသူများနှင့် နတ်ဆိုးသားရဲချုပ်များ အားလုံးသည် ပြသနာတက်ကုန်ကြသည်။

အကယ်၍ လှေကားထစ်သည် တကယ်ပင် တက်၍သာရပြီး ပြန်ဆုတ်၍မရခဲ့လျှင် လက်လျော့ခြင်းက အခွင့်အလမ်းကို ဆုံးရှုံးရခြင်းပင်ဖြစ်သည်ဟုဆိုလိုသည်။

ထိုသို့ဆိုလျှင် လှေကားထစ်များပေါ်သို့ တက်သည့်ခရီးက သံသယဝင်စရာမရှိအောင်ပင် များစွာသောအဆင့်အတိုင်းခက်ခဲလာလေသည်။

အရေးကြီးဆုံးအချက်မှာ၊ ကျန်းချန်ရွှမ်က ထိပ်၌ ရှိနေခြင်းက သူသည် အဓိကစိန်ခေါ်မှုများကို မတွေ့ကြုံခဲ့ရသလိုပင်၊

အချိန်တိုအတွင်းတွင် သူသည် ငါးထစ် သို့ ခြောက်ထစ်ကို တက်လှမ်းသွားခဲ့လေသည်။

ထိုလှေကားထစ်များပေါ်၌ ပေါ်လွင်နေခဲ့သောအရာဖြစ်သည်။

အကယ်၍ ကျန်းချန်ရွှမ်က ကံကောင်းမှုတစ်ချို့ကြောင့် သေချာသည့်အဆင့်တစ်ခုကို ကျော်ဖြတ်နိုင်ခြင်း သို့ လှေကားထစ်တစ်ခုလုံးကိုတက်နိုင်ခဲ့ပြီး အမွေအနှစ်တစ်ခုလုံးကို ထိန်းချုပ်ခွင့်ရသွားလျှင် ဝမ်းနည်းစရာသတင်းဖြစ်ပေါ်တော့သည်။

သူတို့၏လက်ရှိအရှိန်နှင့် ကျန်းချန်ရွှမ်အားလိုက်မီနိုင်ရန်မှာ မဖြစ်နိုင်ပါ။

မည်သို့လုပ်ရမည်နည်း?

သူတို့သည် သူအား ဆက်လက်၍ တက်ခွင့်ပြုသင့်ပါသလား?

***

All Chapters