အထွတ်အထိပ်တွင် ခြေချခြင်း
Vol. 35 Ch. 664
ထိုအချိန်တွင် နတ်ဆိုးသားရဲချုပ်များနှင့် အရှေ့ပိုင်းနှင့် အလယ်ပိုင်းဒေသမှ ဝိညာဉ်ဖွဲ့စည်းခြင်း ကောင်းကင်သခင်များသည် မျက်လုံးထဲ၌ အနည်းငယ် ရက်စက်သည့် အရိပ်အယောင်များ ပေါ်လာခဲ့သည်။
သို့ရာတွင် ကျန်းချန်ရွှမ်က ကြည့်ရသည်မှာ လုံးဝ သိနေပုံပေါ်ပြီး တည်ငြိမ်သောစိတ်ထားဖြင့် ဆက်တက်နေခဲ့သည်။
ဝုန်း…..
ရုတ်တရက် လိပ်နက်အကြီးအကဲက အတွင်းစိတ်စစ်ဆေးခြင်းလှေကားထစ်ပေါ်တွင် သူ၏ပစ္စည်းများကို သုံးလိုက်သည်။
ထိုပစ္စည်းများက အရွယ်အစားအားဖြင့် ကြီးများလာကာ တောင်ကဲ့သို့ပြောင်းလဲသွားပြီး ကျန်းချန်ရွှမ်ဆီသို့ ဦးတည်ကာပစ်လွတ်လိုက်သည်။
ဒုတ်..ဒုတ်….ဒုတ်
တစ်ချိန်တည်းမှာပင်။
ဝူရှင်းက မြင်ရသည့် အသံလှိုင်းများထုတ်နေသော ကြီးမားသည့် ခေါင်းလောင်းကြီးကိုထုတ်လိုက်ကာ အမြန်ပင် ကျန်းချန်ရွှမ်အား လွှမ်းမိုးသွားသည်။
ကျီ……
သို့သော် ထိုအချိန်တွင်၊ အလင်းမျက်နှာပြင်များက ကျန်းချန်ရွှမ်ရှိနေသည့် လှေကားထစ်မှ ပေါ်ထွက်လာကာ ချက်ချင်းပင် လိပ်နက်နှင့်ဝူရှင်းတို့၏တိုက်ခိုက်မှုက သူတို့ဆီသို့ပြန်ရောက်သွားသည်။
“ဘာ?”
လူသားနှင့် နတ်ဆိုးတို့က အနည်းငယ်ထိတ်လန့်သွားကြသည်။
ထိုအချိန်တွင် သူတို့၏မျက်လုံးများသည် စူးရှနေသည်။
“အကယ်၍ မင်းတို့ ငါတို့ကို အန္တရာယ်မပြုဘူးဆိုရင် ငါတို့ မင်းကို နှောက်ယှက်ရလိမ့်မယ်။” သူတို့က ရှင်းပြလိုက်သည်။
ထို့နောက်၊ အခြားသူများနှင့် အတူ ရှောင်ရှန်းချုံ၊ ရှောင်ရှန်းကျီနှင့် မှင်နဂါးတို့ကလည်း ကျန်းချန်ရွှမ်ကို ရည်ရွယ်၍ နှောက်ယှက်ရန်လုပ်နေခဲ့သည်။
သို့ရာတွင် နာရီပေါင်းများစွာ ကျော်လွန်သွားပြီးနောက် ကျန်းချန်ရွှမ်က သူတို့၏နှောက်ယှက်မှုများမှ သက်ရောက်မခံရဘဲ အေးဆေးစွာဖြင့်ဆက်လက်၍ တက်လှမ်းနေသည်။
“သေစမ်း။ တကယ်ပဲ ငါတို့ ရဲ့တိုက်ခိုက်မှုက မသက်ရောက်ဘူးလား?”
လိပ်နက်အကြီးအကဲနှင့် အခြားသူများသည် ထိုအရာကိုမျက်မြင်တွေ့လိုက်ရလျင် စိတ်ပျက်သွား ကြသည်။
ရှန်းရူယန်နှင့် သူမ၏အုပ်စုက သူတို့၏ အဓိပ္ပာယ်မရှိသော ကြိုးစားမှုကို သရော်လိုက်သည်။
ကျန်းချန်ရွှမ်အားနှောက်ယှက်သည့် ထိုအပြုအမူမှာ ရယ်ဖွယ်ဖြစ်ပါသည်။
ထိုအချိန်တွင် ရှောင်ရှန်းချုံ၊ လိပ်နက်အကြီးအကဲနှင့် အခြားသူများက ထိုကဲ့သို့ နှောက်ယှက်ရန်မှာ မဖြစ်နိုင်ကြောင်း သိသွားကြသည်။
ဖြစ်နိုင်ချေတစ်ခုမှာ ကျန်းချန်ရွှမ်အား နောက်မှ ဝိုင်းရံလုပ်ကြံရန်တစ်ခုသာကျန်ရှိသည်။
သို့ရာတွင် ကောင်းကင်သခင်ရုန်ဟန်ကျီရှန်းနှင့် အခြားသူများက တုံးအနေသူများ မဟုတ်ပါ။
သူတို့သည် ဆက်တက်ရန်အတွက် ယုံကြည်ချက်မရှိတော့လျှင် ထိုလှေကားထစ်တွင် ထိုင်ချလိုက်ကာ ဆက်လည်းမတက် ဆင်းလည်းမဆင်းတော့ပေ။
ထိုနည်းလမ်းဖြင့်၊ ရှောင်ရှန်းချုံ၊ လိပ်နက်အကြီးအကဲနှင့် အခြားသူများက ကျန်းချန်ရွှမ်နောက် လိုက်လိုလျှင်ပင် အခွင့်အရေးမရှိပါ။
ကျီ….
ထိုအချိန်တွင် ကျန်းချန်ရွှမ်သည် အတွင်းစိတ်စစ်ဆေးခြင်းလှေကားထစ်၏ ၇၀ထပ်မြောက်သို့ ရောက်သောအခါ ပစ္စည်းတစ်ခုက ရုတ်တရက် အပေါ်မှကျလာခဲ့ပြီး လက်ပေါ်တွင် ကျရောက် လာခဲ့သည်။
၎င်းသည် ဝိညာဉ်ရေးရာအရောင်အဝါများစွာထွက်နေသည့် ဝိညာဉ်ရတနာတစ်ခုဖြစ်လေသည်။
အဆင့် ၇ ဝိညာဉ်ရတနာဖြစ်သည်။
ထိုမြင်ကွင်းသည် လူတိုင်းကို အလွန်အံ့အားသင့်သွားစေသည်။
သူတို့သည် ကျန်းချန်ရွှမ်က အထပ် ၇၀ သို့ရောက်ချိန်တွင် ထိုကဲ့သို့သောရတနာအား ရသွားမည်ဟု မထင်ထားခဲ့ကြပေ။
၎င်းသည် ဗလာနယ်ပြန်နတ်ဘုရားအရှင်များ ပိုင်ဆိုင်သည့် ဝိညာဉ်ရတနာဖြစ်ပေသည်။
ထိုကဲ့သို့သောရတနာနှင့်ဆိုလျှင် ကျန်းချန်ရွှမ်သည်၎င်း၏ စွမ်အားလှိုင်းကိုပင်ထုတ်နိုင်လျှင်ပင် သူသည် ရှိနေသောလူတိုင်းကို ကျဆုံးသွားစေနိုင်သည်။
လိပ်နက်အကြီးအကဲ၊ ရှောင်ရှန်းချုံနှင့်အခြားသူများလည်း မတတ်နိုင်ဘဲ အားကျကာ မနာလိုဖြစ်ခြင်းကို ခံစားရပြီး ကြောက်ရွံ့လာခဲ့လေသည်။
အကယ်၍ ကျန်းချန်ရွှမ်သာ ထိုရတနာကိုသန့်စင်နိုင်ခဲ့လျှင်၊
သူသည် ထိုပစ္စည်းအား အနည်းငယ်သာသန့်စင်နိုင်ခဲ့လျှင်ပင်၊ ရှိနေသောသူများသည် သေချာပေါက် အန္တရာယ်သို့ကျရောက်လိမ့်မည်။
ကျီ…
သို့ရာတွင် ထိုအချိန်တွင် ကျန်းချန်ရွှမ်၏လက်ထဲမှ ဝိညာဉ်ရတနာက ရုတ်တရက် အလင်းမှုန်များအဖြစ် ပြောင်းလဲသွားကာ ပျောက်ကွယ်သွားသည်။
ထိုပြောင်းလဲသောအခြေအနေသည် လူတိုင်းကို တဖြည်းဖြည်းဝေခွဲမရဖြစ်စေသည်။
ဘာတွေဖြစ်နေတာလဲ?
ဝိညာဉ်ရတနာက ဘာလို့ပျောက်ကွယ်သွားတာလဲ?
အခုပေါ်လာတဲ့အရာက အတုအယောင်လား?
သို့သော် ၎င်းသည်မမှန်ပါ။
ယခုမူ၊ သူတို့သည် ရှင်းလင်းစွာပင် ဝိညာဉ်ရတနာမှ ထုတ်လွတ်လာသည့် သိမ်မွေ့သော ဝိညာဉ်ရတနာ၏ အရောင်အဝါကို ခံစားခဲ့ရသည်။
ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်သည် ဖိအားကိုခံစားခဲ့ရသည်။ ၎င်းသည် သေချာပေါက် ဝိညာဉ်ရတနာဖြစ်ပေသည်။
လိပ်နက်အကြီးအကဲ၊ ရှောင်ရှန်းချုံနှင့် အခြားသူများက သံသယဝင်လာကြသည်။
အကယ်၍ ကျန်းချန်ရွှမ်ရရှိခဲ့သော ဝိညာဉ်ရတနာက တကယ်ပင် အတုအယောင်ဖြစ်ခဲ့လျှင်၊
ယခုမြင်ကွင်းက ကျန်းချန်ရွှမ်အား စမ်းသပ်သည့်မြင်ကွင်းဟု ဆိုလိုနေပါသလား?
အကယ်၍ သူသည် လင်းပေါင် သည်းခံခြင်းကိုပင် ကျော်ဖြတ်နိုင်လျှင် သူ့အားတားဆီးနိုင်သည့် အရာ ရှိနိုင်ပါမည်လား?
အမှန်တကယ်ပင်။
ထိုအချိန်တွင်ပင် ကျန်းချန်ရွှမ်သည် ဆက်လက်၍ တက်နေကြသည်။ လှေကားထစ် ၈၀၊ ၉၀၊ ၁၂၀၊ ၂၀၀ ထပ်…..
ရက်ပေါင်းများစွာ လူတိုင်းက သူလှေကားထစ် ၇၀ မှ ၂၀၀ ထပ်ထိတက်သွားသည်ကို ကြည့်နေကြလေသည်။
ဝုန်း….
ထို့နောက်၊ အရေးကြီးသည့်အချိန်တွင် သူ့ပေါ်သို့ အလင်းတန်းကျရောက်လာကာ သူ၏အရောင်အဝါကို အကြီးအကျယ်လိမ့်တက်လာစေသည်။
သူ၏ကျင့်ကြံဆင့်က အမြန်ပင်မြင့်တက်လာကာ ဝိညာဉ်ဖွဲ့စည်းခြင်း တတိယအဆင့်၊ စတုထ္ထအဆင့်၊ ဆဠမအဆင့်၊ အဠမအဆင့်နှင့် နောက်ဆုံးတွင် ဝိညာဉ်ဖွဲ့စည်းခြင်း၏ အထွတ်အထိပ်အဆင့်ဖြစ်သော နဝမမြောက်အထိတိုးတက်သွားလေသည်။
ပြီးနောက် ၎င်းသည် ဆက်လက်၍ တက်နေသေးသည်။
၎င်းသည် အစစ်အမှန်မဖြစ်နိုင်ပါ၊ ဟုတ်ပါသလား?
၎င်းသည် အတုအယောင်သာဖြစ်ရမည်၊ ဟုတ်ပါသလား?
၎င်းသည် ကျန်းချန်ရွှမ်အတွက် စမ်းသပ်ချက်ပင်ဖြစ်ရမည် မှန်ပါသလား?
လူတိုင်းက သူတို့မျက်မြင်တွေ့နေရသောအရာသည် ပုံရိပ်ယောင်ပင်ဖြစ်ကြောင်း သိကြသော်လည်း သူတို့သည် တင်းမာနေကာ၊ အဆင်မပြေဖြစ်နေပြီး စိတ်လှုပ်ရှားနေကြသည်။
“အကယ်၍?”
အကယ်၍ ကျန်းချန်ရွှမ်၏လက်ရှိအဆင့်က အစစ်အမှန်ဖြစ်လျှင် မည်သို့ဖြစ်မည်နည်း?
ထိုသို့ဆိုလျှင် သူတို့က မည်သို့လုပ်သင့်သနည်း?
ဝှစ်….
ထိုအချိန်တွင် အတွင်းစိတ်စစ်ဆေးခြင်းလှေကားထစ်ပေါ်ရှိ များစွာသောနတ်ဆိုးသားရဲချုပ်များနှင့် အလယ်ပိုင်းလွင်ပြင်မှ ဝိညာဉ်ဖွဲ့စည်းခြင်းကျင့်ကြံသူများသည် ဖိအားဒဏ်ကို မခံနိုင်တော့သောကြောင့် နောက်ဆုတ်သွားကြသည်။
ထိုနောက်ဆုတ်ခြင်းဖြင့် သူတို့သည် လှေကားထစ်ကိုတက်ရန် အရည်အချင်းမပြည့်မီကြတော့ပေ။
သို့ရာတွင် လူအများစုက သူတို့နောက်ဆုတ်ခြင်းကို အာရုံမစိုက်ကြပါ။
လူတိုင်း၏အကြည့်က ကျန်းချန်ရွှမ်ထံ၌သာ ရှိနေသည်။
ဝုန်း….
နောက်ဆုံး၌ ခနအကြာတွင် ကျန်းချန်ရွှမ်၏ကျင့်ကြံခြင်းက ရုတ်တရက်သေချာသည့် ကန့်သတ်ချက်ကို ဖြတ်ကျော်သွားပုံပေါ်သည်။
၎င်းသည် ချက်ချင်းပင် မယှဉ်နိုင်အောင် ဆန်းကြယ်ကာ နက်နဲနေသည်။
သူအားငေးကြည့်နေသည့် လူများ၏အမူအရာများသည် ချက်ချင်းအကြီးအကျယ် ပြောင်းလဲသွား ကြသည်။
“ဒါကမဖြစ်နိုင်ဘူး။”
မှင်နဂါးနတ်ဆိုးသားရဲချုပ်က ပထမဆုံးအနေနှင့်ပြောလိုက်သည်။
တာအိုဝါဒီရှန်းထုံက ချွေးများဖြင့် ရွဲနစ်နေသည်။ သူသည် ပါးစပ်သည် အနည်းငယ်ခြောက်သွေ့နေကာ ပြောလေသည်။
“ဒါက အတုအယောင်ပဲ၊ ဒါက အတုအယောင်ပဲဖြစ်ရမယ်။”
ထိုအချိန်တွင် သူတို့သည် ထိုမြင်ကွင်းက အမှန်ဖြစ်ခဲ့လျှင် ဖြစ်လာမည့် ကြောက်မက်ဖွယ်ကောင်းသော ရလဒ်ကိုမတွေးရဲကြပေ။
ကံကောင်းစွာပင် ၎င်းသည် အမှန်တကယ် ပုံရိပ်ယောင်ဖြစ်နေသည်။
ကျန်းချန်ရွှမ်က ဆက်လက်၍ တက်သွားရာတွင် သူအားလွမ်းမိုးနေသည့်အရာက တဖြည်းဖြည်း ပပျောက်သွားပြီး၊ ကြည့်နေသူများအား စိတ်အေးသွားစေသည်။
လူတိုင်းက စိတ်ချစွာနှင့် သက်ပြင်းရှည်ချလိုက်ကြသည်။
အများစုက စိတ်လှုပ်ရှားမှုကြောင့် ချွေးများကျနေကြသည်ကို သတိပြုမိသွားကြသည်။
အခြားတစ်ဖက်၌ ကောင်းကင်သခင်ရုန်ဟန်ကျီရှန်း၊ ကောင်းကင်သခင် အဆုံးမဲ့ပင်လယ်၊ ကောင်းကင်သခင်ရွှမ်းယန်နှင့် အခြားသူများက စိတ်ပျက်သွားကြသည်။
ရိုးရိုးသားသားပြောရလျှင် ယခုပင် သူတို့သည် ၎င်းက အစစ်အမှန်ဖြစ်မည်ဟု မျှော်လင့်ခဲ့ကြသည်။
အကယ်၍ အမှန်ဆိုလျှင် လူသားမျိုးနွယ်များကြုံတွေ့နေရသည့် အရာအားလုံးက ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မည်။
ရှန်းရူယန်တစ်ဦးတည်းပင် ဖြစ်ပျက်သွားသည့်အရာများကို စိတ်မပျက်သွားခြင်းဖြစ်သည်။
ထိုအစားသူသည် ပျော်ရွှင်သည့် အပြုံးကို ဖော်ပြလာခဲ့သည်။
သူမသည် သူမယောက်ျား၏ ပုံရိပ်ယောင်များကြားမှ သိမ်မွေ့သော ဉာဏ်အမြင်ပွင့်ခြင်းများကို စီစဉ်ရခြင်းနှင့် ထိုစိတ်အခြေအနေသည် အလွန်စစ်မှန်ကာ လေးနက်သောအရာများအား ကျော်ဖြတ်နေရသည့် အတွေ့အကြုံများကို သတိပြုမိသည်။
အခြားတစ်မျိုးပြောရလျှင်၊ သူသည် ဝိညာဉ်ဖွဲ့စည်ခြင်းမှ ဗလာနယ်ပြန်အဆင့်သို့ ဖြတ်ကျော်ရသည့် အဆင့် တစ်ခုလုံးကို တွေ့ကြုံခဲ့ရသည်။
၎င်းသည် အတုအယောင်ဖြစ်ပါသလား?
သေချာပေါက်မဟုတ်ပါ။
အခြားတစ်ဖက်၌ ကိုယ်ပိုင်အတွေ့အကြုံများ၊ ခံစားချက်များနှင့် အသိအမြင်များသည် ထိုလှေကားထစ်မှ သူရရှိခဲ့သည့် အကြီးမားဆုံး အကျိုးအမြတ်များပင်ဖြစ်သည်။
သူမသည် ယခုမှစ၍ သူမ၏ယောက်ျား ကျန်းချန်ရွှမ်က သူ၏ကျင့်ကြံရေး၌ သေချာပေါက် အရေးပါသည့် ထိုးဖောက်မှုများကို အတွေ့အကြုံရှိပြီးဖြစ်ကြောင်း ယုံကြည်သည်။
ကျန်းချန်ရွှမ်၏ဇနီးနှင့် တာအိုအဖော်အနေဖြင့် သူမသည် နောက်တွင် ကျန်ခဲ့၍ မဖြစ်ပါ။
ထိုအချိန်တွင်။
သူမသည် ပြင်ပမှလွှမ်းမိုးမှုများကို လွတ်ချလိုက်ပြီးနောက် နှလုံးသားတစ်ခုလုံးနှင့် သူမ၏ အာရုံစိုက်မှုနှင့် ဝိညာဉ်တစ်ခုလုံးကို အတွင်းစိတ်စစ်ဆေးခြင်းလှေကားထစ်အပေါ်တွင်သာ ထားလိုက်သည်။
သူမ၏ ယောက်ျားကဲ့သို့ သူမသည်လည်း လှေကားထစ်၏ထိပ်သို့ ရောက်ချင်ပေသည်။
သူမ၏ယောက်ျား၌ မမျှော်လင့်ထားသော အခြေအနေမျိုးကိုတွေ့ကြုံရခြင် သို့ လှေကားထစ်၏ တစ်ဝက်တွင် ထွက်သွားရခြင်း တို့အား ရှန်းရူယန်သည် စိတ်မပူတော့ပေ။
သူမသည် သူမ၏ယောက်ျား နှင့် တာအိုအဖော်အပေါ်တွင် မိမိကိုယ်ကိုယုံကြည်သကဲ့သို့ ယုံကြည်ထားပေသည်။
သူတို့သည် သေချာပေါက် အတွင်းစိတ်စစ်ဆေးခြင်းလှေကားထစ်၏ထိပ်သို့ အတူတကွ ရောက်ရှိရမည်။
ကျီ….
ထိုအချိန်တွင် ရှန်းရူယန်၏ခြေလှမ်းများသည် ဆက်လက်၍ တက်နေခဲ့သည်။
မျက်စိတမှိတ်အတွင်းတွင် သူမသည် ခြေလှမ်းဒါဇင်ပေါင်းများစွာ ကျော်ဖြတ်ပြီးဖြစ်သည်။
ထိုမြင်ကွင်းက ဘေးမှကြည့်နေသူများ၏ အာရုံကို ထပ်မံ၍ ဆွဲဆောင်လိုက်သည်။
အထူးသဖြင့် ရှောင်ရှန်းချုံ၊ လိပ်နက်အကြီးအကဲနှင့် အခြားသူများဖြစ်သည်။ သူတို့သည် မျက်လုံးများထဲမှ ယုတ်မာမှုကို မဖုံးထားနိုင်ခဲ့ပေ။
ကျန်းချန်ရွှမ်ပြီးနောက် သူ၏တာအိုအဖော် ရှန်းရူယန်က ထပ်မံ၍ လှေကားထစ်တစ်လျှောက် တက်ရောက်နေခဲ့ပါသလား?
ထိုအတွေးက သူတို့အား အရေးကြီးသည့် ခံစားချက်ကို ပေးနေသည်။
ထိုအချိန်တွင် ရှောင်ရှန်းချုံ၊ လိပ်နက်အကြီးအကဲနှင့် အခြားသူများသည် အာရုံကို ဆက်လက်၍ မပြန့်သွားစေတော့ဘဲ သူတို့သည်လည်း ရှေ့မှ လှေကားထစ်ကိုသာ အာရုံစိုက်လိုက်လေသည်။
ထိုအတိုင်းပင်။
လူတိုင်းက အတွင်းစိတ်စစ်ဆေးခြင်း လှေကားထစ်ကိုပင် သူတို့၏လုပ်နိုင်စွမ်းအကုန်နှင့် တက်နေကြတော့သည်။
.....
အချိန်က တဖြည်းဖြည်း ကုန်လွန်သွားသည်။
မျက်စိတမှိတ်အတွင်းတွင် ရက်ပေါင်းများစွာ ကြာသွားခဲ့သည်။
ထိုအချိန်တွင်၊ ကျန်းချန်ရွှမ်၏ခြေလှမ်းများက လေးရာနှင့် ကိုးဆယ်ကိုးထစ်သို့ရောက်သွားလေသည်။
အောက်ခြေတွင် ရှိသော ကောင်းကင်သခင်ချန်ယွင်နှင့် အခြားသူများက ဆက်လက်၍ တည်ငြိမ်မနေနိုင်တော့ပါ။
အကယ်၍ ကျန်းချန်ရွှမ်က ခြေတစ်လှမ်းဆက်တိုးလျှင်၊ သူသည် အတွင်းစိတ်စစ်ဆေးခြင်း လှေကားထစ်၏ စမ်းသပ်ချက်ကို အောင်မြင်သွားတော့မည်ဖြစ်သည်။
ပထမဆုံးအောင်မြင်သူအနေဖြင့် သူရရှိမည့်အရာသည် ဘာဖြစ်မည်ကို မည်သူမှမသိကြပေ။
သို့သော် ၎င်းသည် သာမန်မဖြစ်နိုင်ပါ။
မူလက လှေကားထစ်ကို အာရုံစိုက်ကာတက်နေသော ရှောင်ရှန်းချုံနှင့် အခြားသူများသည် တစ်ခုခုကို အာရုံခံမိကြပုံပေါ်သည်။
သူတို့၏ အမူအရာသည် အကြီးအကျယ်ပြောင်းလဲသွားကြသည်။
“သူသည် မည်ကဲ့သို့….?”
တစ်ချိန်တည်းမှာပင်။
လှေကားထစ်လေးရာနှင့် ကိုးဆယ့်ကိုးဆင့်တွင် ရှိနေသည့် ကျန်းချန်ရွှမ်သည် ရုတ်တရက် မျက်စိကို ဖွင့်လိုက်သည်။
သူသည် လှည့်လိုက်ကာ သူ၏နောက်မှလူများကို ခပ်ဖျော့ဖျော့ ပြုံးပြလိုက်သည်။
တုံ့ဆိုင်းမှုမရှိဘဲ သူသည် လှေကားထစ် ငါးရာသို့ ခြေလှမ်းလှမ်းလိုက်တော့သည်။
***