အသိအမြင်၊ ကျန်းချန်ရွှမ်၏ ဆွတ်ခူးခြင်း
Vol. 35 Ch. 665
ဝုန်း….
ချက်ချင်းပင်၊ အတွင်းစိတ်စစ်ဆေးခြင်းလှေကားထစ်သည် တုန်ရီနေခဲ့သည်။ လူတိုင်းက ကျန်းချန်ရွှမ်၏ရှေ့တွင် ရောင်စုံဝင်ပေါက်တစ်ခုပွင့်လာသည်ကို ရှင်းလင်းစွာတွေ့လိုက်ကြရသည်။
ပြီးနောက် ထိုအချိန်တွင်၊ လူတိုင်းက ပုံရိပ်ယောင်မဟုတ်ဘဲ အစစ်အမှန်ဖြစ်ကာ ထိတွေ့နိုင်သည့် ရောင်စုံဝင်ပေါက်တစ်ခုဖြစ်ကြောင်း သေချာသည်။
ထိုရောင်စုံဝင်ပေါက်၏နောက်တွင် ဘာရှိကြောင်းကို မသိနိုင်သေးပါ။
လူတိုင်း၏စိတ်ထဲတွင် ထိုဝင်ပေါက်၏နောက်တွင် ရှိသောအကြောင်းအရာကို သိချင်စိတ်နှင့် ပြည့်နေလေသည်။
သူတို့သည် တွေ့ချင်ကြပေသည်။
သို့သော်ထိုအချိန်တွင် ကျန်းချန်ရွှမ်က တွန့်ဆုတ်မှုကို မပြပေ။
သူသည် ရှေ့သို့တိုးသွားကာ၊ သူ၏ပုံရိပ်က ချက်ချင်း ရောင်စုံဝင်ပေါက်ထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားပြီး သူတို့၏အမြင်မှ ပျောက်သွားခဲ့သည်။
“သေစမ်း။”
အရှေ့ပိုင်းနှင့် အလယ်ပိုင်းကျင့်ကြံသူများနှင့် များစွာသောနတ်ဆိုးအရှင်များက မျက်နှာအမူအရာများ ရှုံ့မဲ့သွားကြသည်။
တစ်ဖက်၌ ကျန်းချန်ရွှမ်နှင့် ရင်းနှီးသော ရှန်းရူယန်နှင့် အခြားသူများက အကုန် ပြုံးနေကြလေသည်။
အပြာရောင်လမင်းနှင့် သူမ၏အဖော်များ၊ ခုန်းမင်ဟုခေါ်သော ကျင့်ကြံသူတို့က လက်များကို ဆုပ်လိုက်ကာ ရှန်းရူယန်နှင့် အခြားသူများအား ဂုဏ်ပြုပေးနေလေသည်။
တစ်ချိန်တည်းမှာပင်။
ကျန်းချန်ရွှမ်သည်ရောင်စုံဝင်ပေါက်သို့ဖြတ်သန်းသွားသည်နှင့် သူသည်ရှေးဟောင်းနန်းတော်တစ်ခု ထဲသို့ ရောက်ရှိသွားလေသည်။
နန်းတော်၏အတွင်းထဲတွင်၊
ကောင်းကင်နဂါးတစ်ရာပါဝင်သည့် ဝတ်ရုံဆင်မြန်းထားသော လူတစ်ဦးက ထိုနေရာတွင် ငြိမ်သက်စွာ ရပ်နေလေသည်။
ကျန်းချန်ရွှမ်၏မျက်လုံးကကျဉ်းသွားခဲ့သည်။
သို့ရာတွင်၊ သူက မတုံ့ပြန်နိုင်ခင်၌ပင် ထိုသူက နောက်သို့လှည့်လာခဲ့သည်။
ထိုသူသည် ခန့်ညားကာ အခြားကမ္ဘာမှ အရောင်အဝါကို ရလေသည်။
ကျန်းချန်ရွှမ်ဝင်လာသည်ကိုမြင်လျှင် သူ၏မျက်နှာတွင် အပြုံးတစ်ခုပေါ်လာခဲ့လေသည်။
“မင်းရောက်လာပြီပဲ။”
ကျန်းချန်ရွှမ်က အလွန်ထိတ်လန့်သွားသည်။
အကြောင်းမှာ သူသည် ဤနေရာ၏ပိုင်ရှင်ဖြစ်သော ပညာရှိနဂါးသခင်ကို တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ကျန်းချန်ရွှမ်ထိတ်လန့်သွားသည်ကိုမြင်လျှင် ပညာရှိနဂါးသခင်က မတတ်နိုင်ဘဲ ပြုံးလိုက်လေသည်။
“မင်းအံ့ဩဖို့မလိုပါဘူး။ ကျုပ်ရဲ့အစစ်အမှန်ခန္ဓာကိုယ်က လွန်ခဲ့တဲ့နှစ်တစ်သောင်းတုန်းက အထက်ဘုံကို တက်သွားပြီးပြီ။
အခုကျန်ရှိနေတာက ကျုပ်ရဲ့ အသိစိတ်အရိပ်တစ်ခုပါပဲ။”
“အသိစိတ်ရဲ့အရိပ်?”
ကျန်းချန်ရွှမ်က ပို၍ပင် ထိတ်လန့်သွားသည်။
သူသည် လူတစ်ယောက်၏အသိစိတ်က အချိန်အကြာကြီးတည်ရှိနေနိုင်မည်ဟု မတွေးခဲ့ဖူးပါ။
ထို့အပြင် အသွင်အပြင်နှင့် ပုံရိပ်သည် လူအစစ်နှင့် ကွာခြားပုံမပေါ်ပါ။
ကျင့်ကြံသူများသည် ဗလာနယ်ပြန်အဆင့်ကို ချိုးဖောက်ပြီးလျှင် ထိုကဲ့သို့ မယုံနိုင်ဖွယ်စွမ်းရည်ကို ပိုင်ဆိုင်နိုင်ပါသလား?
ကျန်းချန်ရွှမ်၏ စိတ်ရှုပ်ထွေးနေမှုကိုမြင်လျှင် ပညာရှိနဂါးသခင်သည် ရယ်လိုက်ကာ ပြောလိုက်သည်။
“ကျုပ်ရဲ့အသိစိတ်အရိပ် အချိန်အကြာကြီးတည်ရှိနေရခြင်းအကြောင်းအရင်းက ဒီအကြွင်းအကျန် နယ်မြေ အစီအရင်ကြောင့်ပဲ။
မဟုတ်ရင် ဗလာနယ်ပြန်ကျင့်ကြံသူတစ်ယောက်အနေနဲ့တောင် အသိစိတ်အရိပ်မပြောနဲ့ ကိုယ်ခွဲတစ်ခု ဆိုရင်တောင် အချိန်အကြာကြီးတည်ရှိဖို့မဖြစ်နိုင်ဘူး။”
သိပြီ။
ကျန်းချန်ရွှမ်က သိသွားခဲ့သည်။
သို့ရာတွင် သံသယအသစ်တစ်ခုက သူ၏စိတ်ထဲ မြင့်တက်လာသည်။
အကယ်၍ ဤအကြွင်းအကျန်နယ်မြေ၏အစီအရင်က ထိုအသိစိတ်အရိပ်အား အချိန်အကြာကြီး တည်ရှိစေနိုင်ခဲ့လျှင် ဤအကြွင်းအကျန်နယ်မြေ၏အစီအရင်က အဆင့် မည်မျှဖြစ်ပါသနည်း?
သို့သော် ပညာရှိနဂါးသခင်၏ အသိစိတ်အရိပ်က သူ၏မေးခွန်းကိုမဖြေတော့ပေ။ ထိုအစား၊ သူသည် ကျန်းချန်ရွှမ်အား ခေါင်းစဉ်ပြောင်းပြောလိုက်သည်။
“မင်းက ဒီအတွင်းစိတ်စစ်ဆေးခြင်းလှေကားထစ်ကို ဖြတ်ကျော်လာနိုင်ခဲ့ပြီး ဒီမှာပေါ်လာပြီဆိုတော့ မင်းရဲ့ အထုံပါရမီ၊ နားလည်နိုင်စွမ်း၊ စိတ်နေသဘောထားနဲ့ ဖြစ်နိုင်ချေတွေက အရမ်းကောင်းတယ်။
အထူးသဖြင့် မင်းရဲ့စိတ်နေစိတ်ထားက တော်တော်လေး လေးစားစရာပဲ။
ဒါကိုကြည့်ရင် မင်းကိုကျုပ် အချို့အရာတွေကိုယုံကြည်စွာအပ်နှံနိုင်လိမ့်မယ်။”
စကားပြောရင်းနှင့် ထူးဆန်းသော ငွေရောင်ကျောက်တုံးတစ်ခုက ပညာရှိနဂါးသခင်၏လက်ထဲတွင် ပေါ်လာခဲ့သည်။
ထိုကျောက်တုံးကိုမြင်လျှင် ကျန်းချန်ရွှမ်၏မျက်လုံးက ထပ်မံ၍ ရှုပ်ထွေးမှုပေါ်လာခဲ့သည်။
သူ၏အတွေ့အကြုံနှင့် ဗဟုသုတများအရ သူသည် ပညာရှိနဂါးသခင်ကိုင်ထားသော ထိုကျောက်တုံး၏ အကြောင်းကို လုံးဝမသိပေ။
ပညာရှိနဂါးသခင်သည်လည်း သူအားဆက်လက်ခန့်မှန်းနေရန် ရည်ရွယ်ချက်ရှိပုံမပေါ်ပါ။
သူသည် ချက်ချင်းပင် ပြောလိုက်သည်။
“ဒီကျောက်တုံးက နယ်ပယ်လှုံ့ဆော်ခြင်းကျောက်တုံးလို့ခေါ်တယ်။ ဒီအရာကို အောက်နယ်ပယ်တစ်ခုရဲ့ တက်ရောက်ခြင်းစင်မြင့်မှာထားလိုက်ရင် အဲ့တာက အဆင့်မြင့်နယ်ပယ်ကိုလှုံ့ဆော်ပေးလိမ့်မယ်။
အချိန်တိုအတွင်း တက်ရောက်ခြင်းစင်မြင့်က တက်ရောက်ခြင်းအလင်းမှာ နစ်မြုပ်သွားလိမ့်မယ်။
အဲ့အချိန်မှာ၊ ကျင့်ကြံသူရဲ့ကျင့်ကြံဆင့်က ဝိညာဉ်ပြောင်းလဲခြင်းနောက်ဆုံးအဆင့်ကို ရောက်သွားရင် သူတို့က တက်ရောက်ခြင်းဖိအားကို ခံနိုင်ရည်ရှိလာနိုင်ပြီး အထက်နယ်ပယ်ကို တက်နိုင်လိမ့်မယ်။”
မယုံနိုင်စရာကောင်းသော အရာဝတ္ထုပါတကား။
ကျန်းချန်ရွှမ်က အလွန်အံ့ဩသွားခဲ့သည်။
သူသည် ပညာရှိနဂါးသခင်၏ပိုင်ဆိုင်မှုများထဲတွင် ထိုကဲ့သို့သောအရာရှိလိမ့်မည်ဟု အိမ်မက်ပင် မမက်ဖူးပါ။
နယ်ပယ်လှုံဆော်ခြင်းကျောက်တုံး။
၎င်းသည် သူတို့၏တက်ရောက်နိုင်ခြင်းအတွက် တစ်ခုတည်းသောမျှော်လင့်ချက်ပင် မဟုတ်ပါလား?
ကျန်းချန်ရွှမ်၏အတွေးကို အာရုံခံမိလျှင် ပညာရှိနဂါးသခင်၏ အမူအရာက လေးနက်သွားခဲ့သည်။
သူသည် ဆက်ပြောလိုက်သည်။
“ဒီနယ်ပယ်လှုံဆော်ခြင်းကျောက်တုံးက အောက်နယ်ပယ်က တက်ရောက်ခြင်းစင်မြင့်နဲ့ပေါင်းရင်၊ အခြေအနေတစ်ခုရှိတယ်။ အောက်နယ်ပယ်က တက်ရောက်ခြင်းစင်မြင့်ဟာ ကောင်းတဲ့ အခြေအနေမှာရှိရမယ်။
မဟုတ်ရင် တက်ရောက်ခြင်းအလင်းကို ဆွဲဆောင်နိုင်ဖို့မပြောနဲ့၊ အဆင့်မြင့်နယ်ပယ်ကို လှုံဆော်နိုင်ဖို့တောင်မဖြစ်နိုင်ဘူး။”
ပညာရှိနဂါးသခင်က ခနနားလိုက်ပြီးမှ ဆက်ပြောသည်။
“ကျုပ်ရဲ့တွက်ချက်မှုအရ အခုကစရင် သိပ်မကြာခင်မှာ အမှုန်မဲ့ အောက်နယ်ပယ်တစ်ခုလုံးရဲ့ တက်ရောက်ခြင်းလမ်းက မတော်တဆတစ်ခုဖြစ်လိမ်မယ်။
အနှစ်သာရကိုးပါး ကျင့်ကြံရေးလောကက ကပ်ဘေးတစ်ခုနဲ့ရင်ဆိုင်ရလိမ့်မယ်။
အကယ်၍ မင်းက အထက်နယ်ပယ်ကို တက်ချင်ရင် ကျုပ်ရဲ့လက်ထဲက နယ်ပယ်လှုံဆော်ခြင်း ကျောက်တုံးကို လိုရုံတင်မကဘူး တက်ရောက်ခြင်းစင်မြင့်ကိုပါ ပြင်ဆင်ဖို့နည်းလမ်းရှာရန် လိုအပ်တယ်။”
ပညာရှိနဂါးသခင်၏ အနာဂတ်ကိုမှန်းဆနိုင်သည့် စွမ်းရည်သည် ကျန်းချန်ရွှမ်းအား အတော်ပင် ထိတ်လန့်စေခဲ့သည်။
နှစ်ထောင်ချီ သို့ နှစ်ပေါင်းသောင်းချီ ကြိုမြင်နိုင်သည့်အစွမ်းမှာ အလွန်မယုံနိုင်စရာကောင်းလှပါသည်။
ပြီးနောက် သူပြောသည့် တက်ရောက်ခြင်းစင်မြင့်က မည့်သည်နေရာတွင်ဖြစ်သနည်း?
ကျန်းချန်ရွှမ်က ကြားပင်မကြားဖူးပေ။
ရှန်းရူယန်သည်ပင် ထိုကိစ္စကို ရှင်းလင်းမည့်ပုံမပေါ်ပါ။
အရေးကြီးဆုံးအချက်မှာ နဂါးသခင်၏စကားများအရ သူတို့၏ အနှစ်သာရကိုးပါးကျင့်ကြံရေး လောက၏ တက်ရောက်ခြင်းစင်မြင့်သည် ပျက်စီးနေသည်ပုံပေါ်သည်။
အကယ်၍ သူနှင့် ရှန်းရူယန်တို့က အနာဂတ်တွင် အထက်သို့တက်လိုလျှင် သူတို့ပထမဆုံးလုပ်ရမည်မှာ တက်ရောက်ခြင်းစင်မြင့်ကို ပြုပြင်ခြင်းဖြစ်လိမ့်မည်။
“စီနီယာနဂါးသခင်ကို မေးပါရစေ၊ ကျွန်တော်တို့ အနှစ်သာရကိုးပါးကျင့်ကြံရေးလောကရဲ့ တက်ရောက်ခြင်းစင်မြင့်က လက်ရှိအချိန်မှာ ဘယ်မှာများလဲ?
အကယ်၍ ကျွန်တော်တို့ပြင်ဆင်ချင်ရင် ကျွန်တော်တို့ ဘယ်ကိုသွားရမလဲ?”
ကျန်းချန်ရွှမ်က ချက်ချင်းပင် ပညာရှိနဂါးသခင်အား လေးနက်သောအမူအရာနှင့် ရိုသေလေးစားစွာ ဦးညွတ်ကာ မေးလိုက်လေသည်။
ကျန်းချန်ရွှမ်၏အမူအရာကိုမြင်လျှင် ပညာရှိနဂါးသခင်က လက်ခံ၍ ခေါင်းညိတ်လိုက်သည်။
“အတွင်းစိတ်စစ်ဆေးခြင်းလှေကားထစ်ကို ဖြတ်ကျော်ဖို့ထိုက်တန်သူအနေနဲ့ မင်းရဲ့ စိတ်နေသဘောထားက သာမန်လူတွေနဲ့ တကယ်ကို မယှဉ်နိုင်ဘူးပဲ။”
ပညာရှိနဂါးသခင်က လူအများစုသည် သူယခုမျှဝေလိုက်သော အကြောင်းကို ကြားသိရလျှင် စိတ်ဓာတ်ကျခြင်း သို့ အနည်းဆုံး အမှန်တရားကိုရင်ဆိုင်ရန် တုံ့ဆိုင်းကာ ကြောက်ရွံခြင်းကို ခံစားရလိမ့်မည်ဖြစ်ကြောင်းကို သိသည်။
သို့ရာတွင် ကျန်းချန်ရွှမ်က သာမန်လူများနှင့် ကွဲပြားပါသည်။
သူ၏ စိုးရိမ်ခြင်းက အရေးကြီးသောရှုထောင့်ဖြစ်သည့် တက်ရောက်ခြင်းစင်မြင့်နှင့် ပြုပြင်ရန် သက်ဆိုင်သည့်နည်းလမ်းကိုပင်ဖြစ်သည်။
ထိုအချိန်တွင် ပညာရှိနဂါးသခင်က ပစ္စည်းတစ်ခုကိုထပ်မံ၍ ထုတ်လိုက်သည်။ ကျောက်စိမ်းပြားတစ်ခုဖြစ်သည်။
သူကပြောလိုက်သည်။
“ငယ်ရွယ်တဲ့မိတ်ဆွေ၊ ကျုပ်က အနှစ်သာရကိုးပါးကျင့်ကြံရေးလောကရဲ့ တက်ရောက်ခြင်းစင်မြင့် ရှိတဲ့နေရာနဲ့ ပြုပြင်ရမဲ့နည်းလမ်းတွေကို ဒီကျောက်စိမ်းပြားထဲမှာ ရေးမှတ်ထားတယ်။
အကယ်၍ မင်းမှာတကယ်ပဲလုပ်ချင်စိတ်ရှိရင်၊ ဒီကျောက်စိမ်းပြားထဲက မှတ်တမ်းအတိုင်း တက်ရောက်ခြင်းစင်မြင့်ကို သွားရှာပြီး ပြင်ဆင်ဖို့ကြိုးစားနိုင်တယ်။ ဒါက ဒီလောကရဲ့ကျင့်ကြံသူတွေ အားလုံးအတွက် အကျိုးကျေးဇူးဖြစ်လိမ့်မယ်။ မင်းအောင်မြင်သွားခဲ့ရင် မင်းက မြှောက်များစွာသော ကုသိုလ်တွေကို ရရှိမှာပါ။
ကျုပ်က ဒီလိုကြိုးစားအားထုတ်မှုကိုလုပ်ဖို့အချိန်မရှိခဲ့ဘူး။
ဒါကြောင့် ကျုပ်က ဒီပစ္စည်းကိုချန်ထားခဲ့ပြီး ဒီလောကကို ထောက်ပံ့ဖို့အတွက် ဒီပစ္စည်းကို ချန်ထားခဲ့တာ။
မင်းအောင်မြင်သွားခဲ့ရင် ကျုပ် နဂါးသခင်က အကြွေးတစ်ခုတင်သွားရတော့မယ်။
မင်းအထက်နယ်ပယ်ကိုတက်ဖို့ အထောက်အပံ့လိုခဲ့ရင် ငါက ငြင်းပယ်မှာမဟုတ်ပါဘူး။”
ထိုသို့ပြောကာ နဂါးသခင်သည် ကျောက်စိမ်းပြားနှင့် နယ်ပယ်လှုံ့ဆော်ခြင်းကျောက်တုံးကို ကျန်းချန်ရွှမ်ဆီသို့ ပေးလိုက်သည်။
ကျန်းချန်ရွှမ်ကလည်း တုံ့ဆိုင်းခြင်းမရှိဘဲ ထိုအရာများကို ယူလိုက်သည်။
အကြွင်းအကျန်နယ်မြေထဲသို့ဝင်ပြီးနောက် အတွင်းစိတ်စစ်ဆေးခြင်းလှေကားထစ်ကို တက်ရာတွင် သူ၏အကြီးမားဆုံးအကျိုးကျေးဇူးများမှာ သူ၏စိတ်နေသဘောထားကို မြင့်တင်နိုင်ခဲ့ပြီး သူ၏အနာဂတ်လမ်းကို ရှင်းလင်းစေခဲ့ကာ ကျောက်စိမ်းပြားနှင့် နယ်ပယ်လှုံ့ဆော်ခြင်းကျောက်တုံး တို့အား ပညာရှိနဂါးထံမှ ရရှိခဲ့ခြင်းဖြစ်သည်။
နောက်တွင် အနှစ်သာရကိုးပါးကျင့်ကြံရေးလောက၏ အနာဂတ်ကိုလည်း သိစေခဲ့သည်။
အနည်းဆုံး သူ၌ ရှင်းလင်းသောပန်းတိုင်းနှင့် မျှော်လင့်ချက်များရှိသွားသည်။
သူသည် လမ်းပျောက်မနေတော့ပါ။
သူသည် ဝိညာဉ်ဖွဲ့စည်းခြင်းနောက်ပိုင်းအဆင့်သို့ကျင့်ကြံပြီးနောက်ပိုင်းတွင် ဘာဆက်လုပ်ရမည်ကို သိသွားသည်။
“ပြီးတော့ ကျုပ်ဆီက ဒီလက်ဆောင်အသေးလေးတွေကို ယူလိုက်ပါ။”
ရုတ်တရက် နဂါးသခင်က လက်ကို ဝေ့ယမ်းလိုက်သည်။
ကျန်းချန်ရွှမ်၏လက်ထဲတွင် အလင်းတန်းသုံးခုကျဆင်းလာသည်။
၎င်းတို့သည် ကောင်းကင်ဘုံကြယ်စု၊ ဖောက်ထွင်းမြင်ရခါနီးမီးတောက်တစ်ခုနှင့် အဆင့် ၆ ကောင်းကင်ဘုံမြေဝိညာဉ်အမြစ်တစ်ခုတို့ ဖြစ်သည်။
အကျိုးအမြတ်တစ်ခုချင်းဆီက ကြယ်အသေးတစ်ခု၏အလေးချိန်ထပ်ပိုလေးသည်။
၎င်းသည် ကျန်းချန်ရွှမ်အတွက် အရေးပါသော ပစ္စည်းများဖြစ်ပေသည်။
၎င်းနှင့်ဆိုလျှင်၊ သူ၏မြေနက်လှံအား အဆင့် ၆ သန့်စင်သောယန်စစ်မှန်ရတနာအဖြစ်တိုးမြင့်နိုင်သည်။
ဖောက်ထွင်းမြင်ရခါနီးမီးတောက်သည်လည်း ကျန်းချန်ရွှမ်အတွက် ကြီးမားစွာအကျိုးရှိပါသည်။
၎င်းနှင့်ဆိုလျှင် သူ၏ယန်နှင့်ယန်နတ်ဘုရားမီးတောက် နတ်ဘုရားစွမ်းအားသည် အမှန်တကယ်ပင် ပြောင်းလဲမှုတစ်ခုဖြစ်လာလိမ့်မည်။
အကယ်၍ သူသည် ထာဝရလောင်မြိုက်နေမီးဖိုထဲသို့ ပစ်ထည့်လိုက်ပြီး သေချာစွာအသုံးပြုနိုင်လျှင် သူ၏ထာဝရလောင်မြိုက်နေမီးဖိုကို ပြောင်းလဲသွားစေနိုင်သည်။
နောက်ဆုံး အဆင့် ၆ ကောင်းကင်ဘုံမြေဝိညာဉ်အမြစ်အတွက်မူ၊
၎င်းသည် သက်ရှည်မက်မွန်ပင်ဖြစ်ကာ နှစ်တစ်ထောင်ကြာတိုင်းပွင့်တတ်ပြီး နှစ်တစ်ထောင်ကြာတိုင်း အသီးသီးကာ နှစ်တစ်ထောင်ကြားတိုင်းကြီးလာတတ်သည်။
ကျင့်ကြံသူက ထိုအသီးအား စားသုံးလျှင် သက်တမ်း ၃၆၀၀ ကို ရရှိနိုင်သည်။
ကျင့်ကြံသူတစ်ဦးက ဤသက်ရှည်မက်မွန်သီးအား သက်တမ်းတစ်လျှောက်တစ်ခါသာ စားသုံးနိုင်ခဲ့လျှင်ပင်၊
သက်တမ်း ၃၆၀၀ ကိုရရှိမည်ဖြစ်ကာ ၎င်းသည် အခြားသက်ရှည်စေသည့် ဝိညာဉ်ပစ္စည်းများထပ် သာလွန်ပါသည်။
၎င်းနှင့်ဆိုလျှင် သူ၏ချစ်ရသောသူများက သူ၊ရှန်းရူယန်တို့နှင့်အတူ ကြာရှည်စွာနေရလိမ့်မည်။
ထိုပစ္စည်းသုံးခုကိုသိမ်းဆည်းရင် ကျန်းချန်ရွှမ်သည် ပညာရှိနဂါးသခင်အား ကျေးဇူးတင်စိတ်ဖြင့် ဦးညွှတ်လိုက်သည်။
“အကြီးအကဲနဂါးသခင်၊ ဒီရတနာတွေကို ကျွန်တော့်ကို ပေးလို့ ကျေးဇူးတင်ပါတယ်ဗျ။”
ကျွန်တော်သိချင်တာ၊ အကယ်၍ အကြီးအကဲရဲ့ဂိုဏ်းတစ်ခုခုများအပြင်မှာကျန်ရှိနေသေးလား။
အကယ်၍ ရှိနေရင် ကျွန်တော့်ကို ပြောနိုင်ပါတယ်။
အကယ်၍ လိုအပ်ရင် ကျွန်တော်အစွမ်းကုန်ကြိုးစားပြီးကာကွယ်ပေးပါ့မယ်။”
ကျန်းချန်ရွှမ်၏စကားကိုကြားလျှင်၊ နဂါးသခင်က မနေနိုင်ဘဲပြုံးကာ ခေါင်းခါလိုက်သည်။
“နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်၊ ကျုပ်ရဲ့ဂိုဏ်းကျန်မယ်ဆိုရင်တောင် ရှိတော့မှာမဟုတ်ပါဘူး။
ဒါမဲ့ မင်းက ရည်ရွယ်ချက်နဲ့မေးတာဆိုတော့ ကျုပ်က ယှဉ်ကျေးမနေတော့ပါဘူး။
လွန်ခဲ့တဲ့နှစ်တစ်သောင်းက အနှစ်သာရကိုးပါးကျင့်ကြံရေးလောကမှာ ကျုပ်ဂိုဏ်းတစ်ခုကိုချန်ခဲ့တယ်။
ထျန်းဟယ်ဂိုဏ်းလို့ခေါ်တယ်။
အကယ်၍ အဲ့ဂိုဏ်းက ရှိနေသေးရင်၊ အခြေအနေနဲ့လိုက်ပြီး ထောက်ပံ့ပေးပါ။
အကယ်၍ မရှိတော့ရင်လည်း သို့ နတ်ဆိုးလမ်းစဉ်ကိုရောက်သွားခဲ့ရင်လည်း ကျုပ်အစား ရှင်းလင်းပေးပါဦး။
ကျေးဇူးတင်ပါတယ်။”
ထိုနောက်ဆုံးစကားများဖြင့် ပညာရှိနဂါးသခင်၏ ပုံရိပ်က စတင်၍ မှေးမှိန်လာသည်။
သူသည် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
***