အရှင် ဟွင်ထျန်း
Vol. 35 Ch. 670
မဟာလင်းဧကရာဇ်၏ မေးခွန်းကိုကြားလျှင်၊ လူအုပ်က တိတ်ဆိတ်သွားလေသည်။
အကြောင်းမှာ သူတို့က အကြံမပေးလိုခြင်းကြောင့်မဟုတ်ဘဲ၊ အခြေအနေက လှည့်ကွက် ဖြစ်နေသောကြောင့် ဖြစ်သည်။
လက်ရှိအခြေအနေအား ဆုံးဖြတ်ကြည့်လျှင်၊ သူတို့၏ဘက်က သိသာစွာ အလေးမသာနေပါ။
ထိုစားပွဲကိုလှန်ပစ်ရန် သို့ သူတို့ကိုယ်တိုင်ကိုပင် ကာကွယ်ရန်မှာ စတေးမှုအနစ်နာခံမှုလိုအပ်ခြင်းအား သံသယဝင်စရာမရှိပေ။
အမှန်မှာ သူတို့သည် တန်ကြေးကြီးကြီးပေးလျှင်ပင်၊ သူတို့၏ပန်းတိုင်ကို ရရှိဖို့ရန် မဖြစ်နိုင်ပေ။
ထိုမြင်ကွင်းသည် တည်ငြိမ်သွားသော ဧကရာဇ်အား ထပ်မံ၍ မျက်နှာမဲ့သွားစေသည်။
ကံကောင်းစွာဖြင့် ထိုအချိန်တွင်၊ အနန္တသွင်ပြင်ဂိုဏ်းမှ ဟူဝမ်ထျန်းက စကားပြောလိုက်သည်။
“အရှင်၊ ကျွန်တော့်ရဲ့အမြင်အရ သူတို့ကျွန်တော်တို့ အလယ်ပိုင်းလွင်ပြင်ကို တိုက်ခိုက်ဖို့ ဖြစ်နိုင်ချေက ၃၀ ရာခိုင်နှုန်းအောက်မှာသာရှိပါတယ်။အဆုံးမှာ ဒါက ကျွန်တော်တို့ရဲ့ ပိုင်နက်မြေဖြစ်ပါတယ်။
အကယ်၍ ကျန်းချန်ရွှမ်နဲ့ ရှန်းရူယန်တို့က သာမန်ထပ်ပိုတယ်ဆိုရင်တောင်မှ၊ သူတို့ဝိညာဉ်ဖွဲ့စည်းခြင်းနောက်ဆုံးအဆင့်ကို မရောက်သေးရင် ကျွန်တော်တို့ရဲ့အစီအရင်ကို ချိုးဖောက်နိုင်ဖို့မဖြစ်နိုင်ပါဘူး။ ဒါမဲ့ ဒါက တကယ်ပဲဖြစ်နိုင်ပါ့မလား?”
ထိုအချိန်တွင် ဟူဝမ်ထျန်းက မနေနိုင်ဘဲ ဘဝင်ခိုက်စွာပြုံးလိုက်သည်။
“ရှေးခေတ်က၊ ဝိညာဉ်ဖွဲ့စည်းခြင်းအလယ်ဆင့်ကို ရောက်နိုင်ဖို့တောင်ရှားပါးတယ်။ ပြီးတော့ အလယ်ဆင့် အထွတ်အထိပ်ကိုဆိုရင် ပိုတောင်ရှားသေးတယ်။ နောက်ဆုံးအဆင့်ကိုဆိုရင် ဘယ်သူမှတောင်မရှိပါဘူး။
ဒါက ကျွန်တော်တို့အပိုင်းက အင်အားနဲ့ စွမ်းရည်ကင်းမဲ့တာကြောင့်မဟုတ်ဘဲ၊ အကြောင်းက ဒီလောကရဲ့ကန့်သတ်ချက်ကအရမ်းမြင့်တယ်။
ဒါက ဒီလောကရဲ့စည်းမျဉ်းတွေပဲ ပြီးတော့ ကျန်းချန်ရွှမ်နဲ့ရှန်းရူယန်တို့က ဘယ်လောက်စွမ်းရည်ရှိပါစေ ဒီစည်းမျဉ်းတွေကိုတော့ မဖျက်နိုင်ပါဘူး။
ဒါကြောင့် ကျွန်တော်တို့ အရင်လုပ်ရမှာက မူလအခြေအနေကို ထိန်းသိမ်းထားဖို့ပဲ။”
သူသည် စကားပြောပြီးသည်နှင့် ရှိနေသောသူများက ရှင်းလင်းစွာ ထိတ်လန့်နေသောအမူအရာများကို ပြလာကြသည်။
ကြည့်ရသည်မှာ ...
သူတို့သည် ဤလောက၏လျှို့ဝှက်ချက်ကို သတိမပြုမိကြပေ။ အနှစ်သာရကိုးပါးကျင့်ကြံရေးလောက သည် ဝိညာဉ်ဖွဲ့စည်းခြင်း အလယ်ဆင့်အထွတ်အထိပ်ထိသာ ကန့်သတ်ထားကြောင်း မသိခဲ့ကြပေ။
ပါရမီပါလာသောကျင့်ကြံသူများသည်ပင် ထိုစည်းများကို မချိုးဖောက်နိုင်ပါ။
ခနအကြာတွင်၊ လူအများစု၏ တာအိုနှလုံးသားက မနေနိုင်ဘဲ ယိမ်းယိုင်လာကြသည်။
အကြောင်းမှာ သူတို့အပေါ်သက်ရောက်မှုက အလွန်ကြီးမားသည်။
သို့ရာတွင်၊ လျှင်မြန်စွာတုံ့ပြန်သူတို့က သူတို့၏မျက်နှာများတွင် ပျော်ရွှင်မှုများပေါ်လာခဲ့သည်။
သူတို့သည် ဟူဝမ်ရှန်း၏စကားက အမှန်ဆိုလျှင် သူတို့၏ဘက်တွင် မူလအခြေအနေကို ထိန်းသိမ်းထားရန်မှာ ဖြစ်နိုင်ပေသည်။
အရေးအကြီးဆုံးအချက်မှာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က မည်မျှ သန်မာနေပါစေ၊ ဤလောက၏ကန့်သတ်ချက်ကို မချိုးဖောက်နိုင်ဘဲ ဝိညာဉ်ဖွဲ့စည်းခြင်းနောက်ဆုံးအဆင့်သို့ ရောက်ရှိနိုင်မည်မဟုတ်ပါ။
၎င်းသည် သူတို့၏အနာဂတ်လုံခြုံရေးအတွက် တစ်လွှာတိုးသွားခြင်းပင်ဖြစ်သည်။
ထိုအကြောင်းကိုတွေးလျှင် လူအများစုက သူတို့၏ပျေော်ရွှင်မှုကို မထိန်းချုပ်ထားနိုင်ခဲ့ပါ။
ဟူဝမ်ထျန်းက ပြောလိုက်သည်။
“ဒါအပြင်၊ နတ်ဆိုးမျိုးနွယ်ရဲ့အခြေအနေကလည်း ကျုပ်တို့နဲ့ ဆင်တူလိမ့်မယ်။
ကျုပ်တို့ဒီအခွင့်အရေးကိုယူပြီး ရန်သူကို မိတ်ဆွေအဖြစ်ပြောင်းလိုက်လို့ရတယ်။ သို့ ကျန်းချန်ရွှမ်နဲ့ ရှန်းရူယန်တို့ကို ပေါင်းတိုက်လို့ရတယ်။”
“ဘာ?”
ထိုအချိန်တွင် ခန်းမထဲမှ လူအများစုက သူတို့၏ တည်ငြိမ်ခြင်းကို ထိန်းမထားနိုင်တော့ဘဲ သူတို့၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်ခြင်းများပေါ်ပေါက်လာခဲ့သည်။
နတ်ဆိုးမျိုးနွယ်နှင့် ပူးပေါင်းက ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အားတိုက်ခိုက်ရန်အကြံမှာ အလွန်ထိတ်လန့်စရာကောင်းပါသည်။
မရေမတွက်နိုင်သော နှစ်များတစ်လျှောက်၊ နတ်ဆိုးများလက်တွင် သေဆုံးရသောလူသားများ အရေအတွက်မှာ ရေတွက်၍ပင်မရတော့ပါ။
နှစ်ဘက်စလုံးမှ ရန်သူများက ပြန်၍ သင့်မြတ်နိုင်ခြင်းမရှိပါ။
ပြီးနောက် ယခုမူ မဟာလင်းအင်ပါယာနန်းတော်မှ နတ်ဆိုးမျိုးနွယ်နှင့် မဟာမိတ်ပြုကာ သူတို့၏ လူသားကောင်းကင်သခင်များကို ရင်ဆိုင်ရန်ဆုံးဖြတ်နေသည်။
မည်သူမဆိုကြည့်လိုက်လျှင် ထိုဖြစ်ရပ်က အလွန် ရယ်ဖွယ်ကောင်းပါသည်။
“အရှင်၊ ဒါကတော့ မသင့်တော်ပါဘူး။” နောက်ကျောတွင် လှံရှည်နှစ်ချောင်းချိတ်ဆွဲထားသည့် လူက ငြင်းပယ်လိုက်သည်။
သူသည် မဟာလင်းဧကရာဇ်အားး ပြောလိုက်သည်။
“အကယ်၍ ကျွန်တော်တို့တကယ်ပဲ နတ်ဆိုးမျိုးနွယ်နဲ့ပူးပေါင်းမယ်ဆိုရင် သူတို့ကြောင့် ကျွန်တော်တို့ရဲ့ ကျဆုံးသွားတဲ့ ရောင်းရင်းတွေအတွက် တရားမျှတမှုရအောင် ဘယ်လိုလုပ်ပေးနိုင်မလဲ?
အနှစ်သာရကိုးပါးကျင့်ကြံရေးလောကတစ်ခုလုံးက ကျွန်တော်တို့အလယ်ပိုင်းလွင်ပြင်မှ ကျင့်ကြံသူတွေကို ဘယ်လိုမြင်ကြမလဲ?
အရေးအကြီးဆုံးအချက်က နတ်ဆိုးမျိုးနွယ်က အဲ့ဒီပြင်ပလောကက သက်ရှိတွေကို သစ္စာခံနေတာ။ အကယ်၍ သူတို့နဲ့ပူးပေါင်းလိုက်ရင် ကျုပ်တို့က ဒီလောကရဲ့ ကောင်းကင်နဲ့မြေကြီးကို ကျဆင်းအောင် လုပ်သလိုဖြစ်နေတော့မယ်။”
ထိုမေးခွန်းပေါင်းများစွာက ရှိနေသောသူများအား ချက်ခြင်းပင် တိတ်ဆိတ်သွားစေသည်။
သူတို့သည် နက်ရှိုင်းစွာတွေးနေကြသည်။
“ဖူး….”
သို့ရာတွင် ဟူဝမ်ထျန်းက ထိုစကားကို အထင်သေးစွာ လှောင်လိုက်သည်။
သူသည် နောက်ကျောတွင် လှံနှစ်ချောင်းရှိသော သူအားကြည့်ကာ ပေါ့ပါးစွာပြောလိုက်သည်။
“ခင်ဗျားအများကြီးစဉ်းစားနေတာမဟုတ်ဘူးလား၊ စွန်းကျန်း?
ဒီကိစ္စက ကျုပ်တို့ မဟာလင်းအင်ပါယာနန်းတော်ရဲ့ သေခြင်း ရှင်ခြင်းနဲ့ သက်ဆိုင်တယ်။ ဒီအခြေအနေမျိုးမှာ အရင်က စတေးသွားပေးခဲ့ရတဲ့သူတွေလည်း ကျုပ်တို့လှုပ်ရှားမှုကို နားလည်လိမ့်မယ်။ သူတို့သိသင့်တယ်။
ကျုပ်တို့အလယ်ပိုင်းလွင်ပြင်ကို အနှစ်သာရကိုးပါးကျင့်ကြံရေးလောက ဘယ်လိုမြင်မလဲဆိုတာက အဲ့တာကတကယ်ပဲ အရေးပါလို့လား?
သူတို့တွေအကုန်လုံးက ပုရွက်ဆိတ်တွေပါ။ ပြီးတော့ နဂါးတွေက ဘယ်တုန်းကပုရွက်ဆိတ်တွေရဲ့ အမြင်ကို စိုးရိမ်နေဖူးလို့လဲ?”
စွန်းကျန်း၏အမူအရာကထိုစကားများကြောင့် မဲ့သွားခဲ့သည်။
သို့သော် သူသ ပြန်မချေပနိုင်ခင်မှာပင် ဟူဝမ်ထျန်းက ဆက်ပြောလိုက်သည်။
“မင်းအထောက်အထားကိုမှတ်ထားပါ၊ စွန်းကျန်း။ မင်းက မဟာလင်းအင်ပါယာနန်းတော်ရဲ့ ပထမဆုံးဗိုလ်ချုပ်ဖြစ်ပြီး မင်းကိုယ်တိုင်ကလည်း အရာအားလုံးက ကျုပ်တို့ရဲ့အင်ပါယာ အကျိုးအတွက်ပဲ စီစဉ်ရမှာ။ နတ်ဆိုးမျိုးနွယ်က ပြင်ပသက်ရှိတွေနဲ့ပူးပေါင်းတာအတွက် အဲ့တာက ဘာဖြစ်လို့လဲ?
အကယ်၍ အနှစ်သာရကိုးပါးကျင့်ကြံရေးလောကထဲမှာ သူတို့ကောင်းကောင်းနေရင် ဒီလောကရဲ့ ဆန္ဒက ဒါဖြစ်တယ်လို့ အကြံပြုနေတာပဲ။
ဘာလို့ ငါတို့က သေဆုံးနေတဲ့လောက အပေါ် ဆက်ပြီး တွယ်ဖက်ထားနေမှာလဲ?
ကျုပ်တို့ကိုယ်တိုင်ရဲ့ ရှုထောင့်ကနေဘာလို့ ကောင်းကောင်းယူဖို့မလုပ်ရမှာလဲ?
အားလုံးပဲဘယ်လိုထင်ကြလဲ?”
ဟူဝမ်ထျန်း၏စကားများက အလွန် ကြမ်းတမ်းသည်ဟုပြောနိုင်သည်။
လူအများစုက ရှင်းလင်းစွာပင်သူ့အား ထိုအစီအစဉ်ကိုအဆိုပြုလိမ့်မည်ဟု မမျှော်လင့်ထားကြပေ။
သူသည် ကောင်းကင်ပြစ်ဒဏ်ကိုကြောက်ရွံခြင်းမရှိပါသလား သို့ သူ၏ကိုယ်ပိုင်တရားအားဖြင့် ရူးသွပ်သွားပြီလား?
မဟာလင်းဧကရာဇ်နှင့် သူ၏အကြီးအကဲ ရှောင်ထိုက်ဝမ်သည်ပင် ဟူဝမ်ထျန်းအား အံ့အားသင့်စွာ ကြည့်နေသည်။
“အမတ်ဟူ၊ ခင်ဗျားပြောတာတွေက ဘာကိုဆိုလိုတာလဲဆိုတာ ကျုပ်ကို ပြောပြနိုင်မလား?”
မဟာလင်းဧကရာဇ်သည်လည်း နက်ရှိုင်းကာ စမ်းသပ်လိုသောအကြည့်နှင့် ကြည့်လိုက်သည်။
ရှောင်ထိုက်ဝမ်နှင့် အတူ သူသည်ဟူဝမ်ထျန်းအားကြည့်ကာ တည်ငြိမ်စွာပြောလိုက်သည်။
“ကျုပ်မင်းကိုသိပါတယ်။ ပြီးတော့ အရင်က မင်းက ဒီလိုမဟုတ်ဘူး?”
“ဟမ့်..”
ဟူဝမ်ထျန်းက ရယ်လိုက်ကာ ဝန်ခံလိုက်သည်။
“အရှင်က ထိုးထွင်းသိမြင်နိုင်တဲ့ဉာဏ်ရှိပြီး ကျုပ်ကိုကောင်းကောင်းသိတာပဲ။
ဒါက ကျုပ်အတွေးအလုံးစုံမဟုတ်ပါဘူး။ ဒီအတွေးတွေက အရှင်ဟွင်ထျန်းနားကလာတာပါ။”
“အရှင်ဟွင်ထျန်း?”
အရှင်ဟွင်ထျန်းကိုပြောဆိုလိုက်ခြင်းက လူတိုင်း၏မျက်လုံးကို စိုးရိမ်ထိတ်လန့်သွားစေသည်။
ထိုနာမည်ကပင် မဟာလင်းအင်ပါယာတစ်ခုလုံးနှင့် အခြားသူများကိုပါ ကြောက်ရွံ့သွားစေသည်။
“ဟီးဟီးဟီးဟီး…..”
ထိုအချိန်တွင်၊ လှောင်ပြောင်သည့်ရယ်သံက မဟာလင်းအင်ပါယာနန်းတော်တစ်ခွင်လုံးကို ပဲ့တင်ထပ်သွားစေသည်။
လူတိုင်းသည် အရိပ်ပုံရိပ်တစ်ခုက ဟူဝမ်ထျန်း၏ဘေးတွင်ပေါ်ပေါက်လာကာ တဖြည်းဖြည်း အနက်ရောင်ဝတ်ရုံနှင့်လူပုံစံပေါ်လာပြီး သူတစ်ပါးကိုမကောင်းကြံစည်နေသောပုံစံပေါ်လာခဲ့သည်။
“ကင်းလွတ်ခွင့်ရနတ်ဆိုးကျင့်ကြံသူသံတမန်ပဲ။”
စွန်းကျန်းက ပထမဆုံးတုံ့ပြန်လိုက်သည်။
ကလန်…..
သူ၏နောက်မှ လှံနှစ်ချောင်းက ရုတ်တရက် သူ၏လက်ထဲတွင် ပေါ်လာခဲ့သည်။
ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်၏စွမ်းအားက ဝတ်ရုံနှင့်လူ ဖြစ်သော အရှင်ဟွင်ထျန်းပေါ်သို့ လိမ့်တက်သွားသည်။
“ကောင်းပြီ။”
အရှင်ဟွင်ထျန်းက ရုတ်တရက် သူ၏လက်ကို မြောက်လိုက်သည်။
အနက်ရောင်အလင်းက ရုတ်တရက် သူ၏နက်ရှိုင်းကာ အနက်ရောင်မျက်လုံးများပေါ်မှ ပေါ်ထွက်လာခဲ့သည်။
စွန်းကျန်းသည် သူနှင့်မျက်လုံးခြင်းဆုံနေရာ သူ၏မူလဝိညာဉ်က တုန်လှုပ်နေသည်ကို ခံစားလိုက်ရသည်။
ချက်ခြင်းပင်၊ သူ၏စိတ်ကလှုပ်ရှားလာကာ သူ၏အမြင်အာရုံက အနက်ရောင်ပြောင်းသွားခဲ့သည်။
အရှင်ဟွင်ထျန်းကို တိုက်ခိုက်နေသည့် လံနှစ်ချောင်းက လေထဲတွင် ရပ်သွားခဲ့သည်။
“အရှင်၊ ညှာတာပေးပါဦး။”
ထိုအချိန်တွင် မဟာလင်းဧကရာဇ်၏အသံက ရုတ်တရက် ထွက်လာခဲ့သည်။
အရှင်ဟွင်ထျန်းသည် စွန်းကျန်း၏မူလဝိညာဉ်အား ကန့်သတ်ထားရင်းနှင့် ရုတ်တရက် ရယ်လိုက်လေသည်။
ခနအကြာတွင်၊ စွန်းကျန်း၏ခန္ဓာကိုယ်တစ်ခုလုံးက ချက်ခြင်းပင် မြေပေါ်သို့ကျသွားခဲ့ပြီး အေးစက်သည့် ချွေးများက သူ၏နဖူးကိုဖုံးအုပ်ထားခဲ့သည်။
“အကြီးအကဲ ဟူ၊ ခင်ဗျားကျုပ်တို့ကို ဘာတွေဖြစ်နေတာလဲဆိုတာရှင်းပြနိုင်မလား?”
မဟာလင်းဧကရာဇ်ကဟူဝမ်ထျန်းအား အေးစက်ကာ ရှာဖွေနေသောအကြည့်ဖြင့် လည့်ကြည့်လိုက်သည်။
“ဟားဟား၊ မဟာလင်းဧကရာဇ် ကျုပ်ဒီကိစ္စကိုရှင်းပြပါရစေ။”
မမျှော်လင့်ထားပါပဲ၊ အရှင်ဟွမ်ထျန်းက ဟူဝမ်ထျန်းမပြောရသေးခင် ဝင်ပြောလိုက်သည်။
“ကျုပ်မေးချင်တာတစ်ခုရှိတယ်။ မဟာလင်းဧကရာဇ်နဲ့ ရှိနေတဲ့လူအားလုံးပဲ မင်းတို့ရဲ့ကိုယ်ပိုင် အနာဂတ်ကိုဆုံးဖြတ်နိုင်ရဲ့လား?”
ထိုမေးခွန်းသည် ချက်ခြင်းပင် ရုတ်တရက်ပြောင်းလဲမှုများက မဟာလင်းဧကရာဇ်နှင့် လူတိုင်း၏အမူအရာအား ပြောင်းလဲသွားစေခဲ့သည်။
“ဒါက ဘာကိုဆိုလိုတာလဲ?” ရှောင်ထိုက်ဝမ်သည် မေးလိုက်သည်။
အရှင်ဟွင်ထျန်းက ရယ်လိုက်လေသည်။
“ထူးခြားတာတစ်ခုခုကို ဆိုလိုတာမဟုတ်ပါဘူး။ ဆိုလိုတာက တူညီတဲ့အသိပါပဲ။
ခင်ဗျားတို့လောကရဲ့ လက်ရှိအခြေအနေကို သိကြမှာပေါ့။
ခင်ဗျားတို့လောကမှာ အနာဂတ်ရှိနိုင်သေးတယ်လို့ ထင်နေရလောက်အောင်တော့ မရိုးအသေးဘူး မလား?
အကယ်၍ အဲ့လိုဆိုရင်တောင်၊ ခင်ဗျားတို့နဲ့ ဘာဆိုင်လို့လဲ?
ကျန်းချန်ရွှမ်နဲ့ရှန်းရူယန်တို့က ခင်ဗျားတို့ကို သည်းခံမယ်လို့ထင်လို့လား?”
သူ၏နည်းစနစ်ကျသော မေးခွန်းများက မဟာလင်းဧကရာဇ်၊ ရှောင်ထိုက်ဝမ်နှင့် ရှိနေသောသူများ၏ အမူအရာကို အကြီးအကျယ်ပြောင်းလဲသွားစေသည်။
“ပြီးနောက်၊ ကျုပ်က ကျုပ်ရဲ့ ဆရာကိုယ်စားလာခဲ့ပြီး ခင်ဗျားတို့ကို အခွင့်အရေးပေးမလို့ပါ၊ အသက်ရှင်ဖို့ တကယ့်အခွင့်အရေးပေါ့။”
ထိုစကားကိုကြားလျှင် မဟာလင်းဧကရာဇ်၊ ရှောင်ထိုက်ဝမ်နှင့် ရှိနေသောသူအားလုံးက အရှင်ဟွင်ထျန်း၏ အမှန်တကယ်ရည်ရွယ်ချက်ကို သိကြသည်။
မဟာလင်းဧကရာဇ်နှင့် ရှောင်ထိုက်ဝမ်က အကြည့်ချင်းဖလှယ်လိုက်ကြသည်။
ခနအကြာတွင်၊
မဟာလင်းဧကရာဇ်သည် အရှင်ဟွင်ထျန်းကိုကြည့်ကာ လေးနက်စွာမေးလိုက်သည်။ “ခင်ဗျားက ဘာလိုချင်လို့လဲ?”
ထိုစကားကိုကြားလျှင်၊ အပြုံးတစ်ခုက အရှင်ဟွင်ထျန်း၏မျက်နှာပေါ်တွင် ပေါ်လာခဲ့သည်။
သူသည် ကျေနပ်စွာခေါင်းညိတ်လိုက်ပြီး “ဉာဏ်ကောင်းတဲ့သူတွေနဲ့စကားပြောရတာ တကယ်ပဲ သဘောကျစရာကောင်းတယ်။
ကျုပ်တိုတောင်းဆိုချင်တာက ရိုးရှင်းပါတယ်။ ဒါက…..”
အရှင်ဟွင်ထျန်းသည် သူ့တောင်းဆိုချက်အားလူတိုင်းကိုပြောလိုက်သည်။
သူတို့သည်မဟာလင်းဧကရာဇ်နှင့် ရှောင်ထိုက်ဝမ်ဆီသို့လည့်လိုက်သည်။
နှစ်ဦးလုံးက တိတ်ဆိတ်နေကြကာ တဖြည်းဖြည်းနှင့် တုံ့ပြန်လိုက်သည်။
“ကျုပ်တို့ခင်ဗျားရဲ့တောင်းဆိုချက်တွေကို သဘောတူလို့ရတယ်။ ဒါမဲ့ ကျုပ်တို့အသေးစိတ်အချက် တွေကို ဆွေးနွေးဖို့လိုအပ်သေးတယ်။”
***