← Chapters

အကြွင်းအကျန်နယ်မြေမှ စွန့်ခွာခြင်း၊ ဝန်းရံခြင်း၏အစ

Vol. 35 Ch. 667

အကြွင်းအကျန်နယ်မြေမှ စွန့်ခွာခြင်း၊ ဝန်းရံခြင်း၏အစ

Vol. 35 Ch. 667

ကျင့်ကြံခြင်းသည် ဝိညာဉ်ဖွဲ့စည်းခြင်းအလယ်ဆင့်ကို မထိုးဖောက်နိုင်ခဲ့သည်မှ လွဲ၍ ကျန်းချန်ရွှမ်သည် သူ၏လက်ရှိစွမ်းအားနှင့် ဝိညာဉ်ဖွဲ့စည်းခြင်းနောက်ဆုံးအဆင့် ကျင့်ကြံသူများအား တိုက်ခိုက်နိုင်ရန် ယုံကြည်ချက်ရှိပေသည်။

သူသည် အချိန်ကိုတွက်ဆလိုက်သည်။

ကျန်းချန်ရွှမ်သည် ခန္ဓာကိုယ်မွမ်းမံခြင်းအဆင့် ၆ သို့ထိုးဖောက်နိုင်ရန် ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သည်။

သူသည် အပြင်မှအခြေအနေက မည်သို့ရှိလိမ့်မည်ကို မသိပါ။ သူသည် အကြွင်းအကျန်နယ်မြေထဲ၌ လူများရှိနေသေးမည်လားကိုလည်း မသိပါ။

ထိုအတွေးက စိတ်ထဲတွင်ပေါ်လာသည်နှင့် ကျန်းချန်ရွှမ်သည် ရုတ်တရက် တွန်းကန်သည့်စွမ်းအားက သူ၏ခန္ဓာကိုယ်ထဲမှ ရုတ်တရက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။

၎င်းသည်….

အကြွင်းအကျန်နယ်မြေမှ ထွက်ရန်အချိန်ရောက်ပါပြီလား?

ကျီ….

ချက်ခြင်းပင် ကျန်းချန်ရွှမ်က သူ၏ခန္ဓာကိုယ်သည် မခုခံနိုင်သောတွန်းအားတစ်ခုမှ လွှမ်းမိုးခံလိုက်ရသလို ခံစားလိုက်ရကာ ခေါင်းမူးသွားသည်။

အသိပြန်ဝင်လာချိန်တွင်၊ သူသည် အကြွင်းအကျန်နယ်မြေ၏ အပြင်ဖက်တွင် သူ၏ဇနီး ရှန်းရူယန်နှင့်အတူ ရောက်နေကြောင်း ရှာတွေ့ခဲ့ရသည်။

ထို့ပြင်၊ ကောင်းကင်သခင်ရွှမ်းယန်၊ ကောင်းကင်သခင်ရုန်ဟန်ကျီရှန်း၊ ကောင်းကင်သခင် အဆုံးမဲ့ပင်လယ်၊ တုန်းဖန်ထျန်းရှင်း၊ မုရုံရှန်းနှင့် အပြာရောင်လမင်းတို့သည်လည်း အပြင်ဖက်သို့ တွန်းထုတ်ခံလိုက်ရပြီဖြစ်ကြောင်း တွေ့ခဲ့ရသည်။

လူတိုင်းက ထိုအကြွင်းအကျန်နယ်ပယ် ဖွင့်သည့်ကာလက ကုန်ဆုံးသွားပြီဖြစ်ကြောင်း သိလိုက်ကြသည်။

တစ်ဦး၏တည်နေရာအရ အကြွင်းအကျန်နယ်မြေသည် အလိုအလျောက် လူတိုင်းကို အချိန်ပြည့်သည်နှင့် ထုတ်ပယ်လိမ့်မည်။

သူတို့သည် အကြွင်းအကျန်နယ်မြေသည် မည့်သည့်အချိန်တွင် ဖွင့်မည်ကို မသိကြပေ။

အဆုံး၌ အကြွင်းအကျန်နယ်မြေထဲသို့ ဝင်နိုင်ခဲ့သောသူတိုင်း ကောင်းသောအကျိုးအမြတ်များ ရရှိခဲ့ကြသည်။

နေပါဦး။

ရုတ်တရက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် တစ်ခုခုကိုလွတ်နေသည်ဟုခံစားလိုက်ရသည်။

သူတို့၏အမူအရာများက တဖြည်းဖြည်းပြောင်းလဲသွားကြသည်။

အကြောင်းမှာ အစစ်အမှန်လောကတွင် ရက်ဒါဇင်ပေါင်းများစွာသာ ကုန်လွန်သွားသေးသည်။

သို့ရာတွင်၊ သူတို့သည် ရှင်းလင်းစွာမှတ်မိနေပါသည်။

သူတို့သည် ကျင့်ကြံခြင်းအဆင့်ကို ထိုးဖောက်ဖို့ရန် ထိုနေရာထဲ၌ အချိန်စီးဆင်းမှုက အပြင်လောကနှင့် ကွာခြားခြင်းဖြစ်နိုင်ပါသလား?

စကားမပြောဘဲနှင့် ထိုစုံတွဲသည် အကြည့်ချင်းဖလှယ်လိုက်ကြကာ အချင်းချင်းနားလည်သွားကြသည်။

“တာအိုရောင်းရင်းကျန်း၊ တာအိုရောင်းရင်းရှန်း၊ ဒီနေရာကအမြန်ထွက်သွားကြတာပေါ့။”

ထိုအချိန်တွင် ကောင်းကင်သခင်ရွှမ်းယန်၏အသံပို့ဆောင်ခြင်းကို ကြားလိုက်ရသည်။

နှစ်ဦးစလုံးက ပဟေဠိဖြစ်သွားကြသည်။

ကောင်းကင်သခင်ရွှမ်းယန်က ဆက်ပြောလေသည်။

“ခင်ဗျားတို့ အတွင်းစိတ်စစ်ဆေးခြင်းလှေကားထစ်ရဲ့ ရောင်စုံဝင်ပေါက်ထဲဝင်သွားပြီးတဲ့အချိန်မှာပဲ အရှေ့ပိုင်းနဲ့ အလယ်ပိုင်းလွင်ပြင်က လူတွေက နတ်ဆိုးမျိုးနွယ်နဲ့ မဟာမိတ်ဖွဲ့လိုက်ကြပြီး ခင်ဗျားတို့ နှစ်ယောက်လုံးကို ချုံခိုတိုက်ခိုက်ပြီး သတ်ဖို့ကြံစည်နေကြတယ်။”

“ကျုပ်တို့ကို ချုံခိုတိုက်ခိုက်ပြီးသတ်မယ်။”

ကောင်းကင်သခင်ရွှမ်းယန်၏စကားကိုကြားလျှင်၊ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က နောက်သို့ ဆုတ်သွားကြသည်။

သူတို့သည် အရှေ့ပိုင်းနှင့် အလယ်ပိုင်းလွင်ပြင်ဒေသမှ လူများက နတ်ဆိုးမျိုးနွယ်နှင့် ပူးပေါင်းလိမ့်မည်ဟု မထင်ထားကြပေ။

၎င်းသည် မျိုးနွယ်တူကိုသစ္စာဖောက်ခြင်းနှင့် မခြားပါ။

အကယ်၍ သူတို့ကြားတွင် ကြီးမားသောပြသနာ သို့ မကျေပွဲများရှိလျှင် အတွင်း၌သာရှင်းသင့်သည်။

အပြင်လူ အထူးသဖြင့် ရန်သူ အားဖိတ်ခေါ်ခြင်းအား စဉ်းစားမရနိုင်ပါ။

သူတို့သည် ရူးနေပါသလား?

ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့နှစ်ယောက်လုံး၏ အမူအရာများက မဲ့သွားခဲ့သည်။

ကြည့်ရသည်မှာ အရှေ့ပိုင်းနှင့် အလယ်ပိုင်းလွင်ပြင်ဒေသမှလူများက သူတို့နှင့် ရင်ဆိုင်ရန်အတွက် စည်းကမ်းများကိုပင် စွန့်ပစ်ကာကြိုးစားနေပုံရသည်။

ဤသို့ဆိုလျှင် ထပ်၍ ပြောနေစရာအကြောင်းမရှိတော့ပါ။

သူတို့သည် ထိုအခွင့်အရေးကိုယူကာ တစ်ကြိမ်တည်းနှင့် ရှင်းပစ်ရန် ကြံစည်ထားကြလိမ့်မည်။

မည်သို့မဆို၊ သူတို့သည် ကိုယ်ပိုင်စွမ်းအားကို စမ်းသပ်ရန် ဆန္ဒရှိပြီး မည်သူက အောင်နိုင်သူ ဖြစ်ကြောင်းကို မြင်လိုပါသေးသည်။

ချက်ခြင်းပင် ထိုစုံတွဲကအလိုလိုနားလည်မှုဖြင့် အမြန်ပင် အခြားတစ်ယောက်၏ ကြုံတွေ့လာရသော အခြေအနေများမှ ရရှိလာသည့်အကျိုးအမြတ်များကို သိသွားကြသည်။

ဝှစ်…ဝှစ်

တစ်ချိန်တည်း၌ပင်၊

ကောင်းကင်ပေါ်တွင်၊

ရုတ်တရက် တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်၊ ခုနစ်၊ ရှစ်၊ ကိုး၊ တစ်ဆယ့်သုံး….

ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ စုစုပေါင်း တစ်ဆယ်သုံးယောက်ရှိပေသည်။

သူတို့သည် ကျန်းချန်ရွှမ်းနှင့် ရှန်းရူယန်တို့နားတွင် ပေါ်လာကြသည်။

ထိုလူများသည် အရှေ့ပိုင်းနှင့် အလယ်ပိုင်းဒေသမှကျင့်ကြံသူများဖြစ်ပြီး နတ်ဆိုးမျိုးနွယ်မှ နတ်ဆိုးသားရဲချုပ်များလည်း ပါပေသည်။

ထူးဆန်းစွာပင်၊ ထိုသာမန်က ရန်ညိုးရှိသည့် အုပ်စုများက ယခုတွင် တည့်နေကြပြီး အလွန်ရှိန်လောက်စရာဖြစ်သော ပုံရိပ်လေးခုမှ ဦးဆောင်နေလေသည်။

သူတို့သည် အလယ်ပိုင်းလွင်ပြင်မှ ကျင်ကြံသူများဖြစ်သည့် ရှောင်ထိုက်ရှန်၊ ကောင်းကင်ဓားသွား၊ မှင်နဂါးနှင့် ရွှေလင်းယုန်တို့ဖြစ်သည်။ ထိုလေးဦးသည် ဝိညာဉ်ဖွံစည်းခြင်း ဆဠမအဆင့်သို့ ရောက်ပြီးသားဖြစ်သည်။

သူတို့ကြားတွင်၊ ကောင်းကင်ဓားသွားသည် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ လွန်ခဲ့သောနှစ်ပေါင်း ၆၀က အဆင့်တက်ထားခြင်းဖြစ်သည်။

သူသည် လေးဦးကြားတွင် အတွေ့အကြုံအနည်းဆုံးဖြစ်သော်လည်း သူ၏ဓားကျင့်ကြံရေးတွင် စွမ်းအားက အခြား အင်အားကြီး ဝိညာဉ်ဖွဲ့စည်းခြင်းအလယ်ဆင့်များ အောက်မလျော့ပေ။

ရှောင်ထိုက်ရှန်ကမူ သူသည် ရှောင်ရှန်းချုံ၊ ရှောင်ရှန်းကျီနှင့် အခြားသူတို့၏ ဘိုးဘေးဖြစ်သည်။

လူတိုင်းက ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့အား ကြည့်နေကြသည်။

ထိတွေ့နိုင်ကာ မမြင်ရသည့်အရောင်အဝါက ထိုစုံတွဲကို ပိတ်ဆို့ထားသည်။

ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်များဖြစ်ကာ နေရာလပ်စည်းမျဉ်းကို နားလည်သော်လည်း သူတို့၏အရောင်အဝါကို ပိတ်ဆို့ထားသည့်အရာမှ မလွတ်မြောက်နိုင်ခဲ့ပေ။

“သူတို့က ငါတို့ကိုမြင့်မြင့်တွေးထားတာပဲ။”

ကျန်းချန်ရွှမ်က ရုတ်တရက် ရယ်လိုက်သည်။

သို့ရာတွင် ကောင်းကင်သခင်ရွှမ်းယန်၊ ကောင်းကင်သခင်ရုန်ဟန်ကျီရှန်းနှင့် ကောင်းကင်သခင် အဆုံးမဲ့ပင်လယ်တို့က တင်းမာသွားခဲ့သည်။

သူသည် သူတို့၏ပြိုင်ဖက်များကို ဤမျှလောက် အလွန်လျှင်မြန်စွာ တုံ့ပြန်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

အကြွင်းအကျန်နယ်မြေမှ ထွက်ခွာပြီးသည်နှင့် ထိုသူများရောက်လာခြင်းဖြစ်သည်။

“တာအိုရောင်းရင်းကျန်း၊ တာအိုရောင်းရင်းရှန်း၊ ကျုပ်တို့သုံးယောက်က ခနနေရင် သူတို့နောက်ဆုတ် သွားအောင် အစွမ်းကုန်ကြိုးစားလိုက်ပါ့မယ်။ ခင်ဗျားတို့ တတ်နိုင်သမျှ ဝေးဝေးကို သွားပါ။

ခင်ဗျားတို့ ထွက်သွားနိုင်သရွေ့ ကျုပ်တို့မြောက်ပိုင်းနယ်နိမိတ်အတွက် ပြီးတော့ လူသားမျိုးနွယ် အတွက်တောင် အနာဂတ်မှာ မျှော်လင့်ချက်ရှိနိုင်သေးတယ်။

မလောပါနဲ့။ ပြီးတော့ ခင်ဗျားတို့ဆုံးဖြတ်ချက်ကို ခံစားချက်တွေမသက်ရောက်ပါစေနဲ့။”

ထိုအချိန်တွင် ကောင်းကင်သခင်ရုန်ဟန်ကျီရှန်းသည် ရုတ်တရက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား အသံပို့လိုက်သည်။

ထိုအချိန်တွင်၊

သူတို့သည် တုန်းဖန်ထျန်းရှင်းနှင့် မုရုံရှန်းတို့၏ အကူအညီကို မမျှော်လင့်ထားခဲ့ပါ။

တစ်နေ့ကုန်ပြီးနောက်၊ နှစ်ဖက်စလုံး၏ ဆက်ဆံရေးက မဟာမိတ်ထပ်မပိုပါ။

ထိုအခြေအနေတွင်၊ ထိုနှစ်ဦးက ဘေးတွင်နေကာ ဒီအတိုင်းနေခြင်းက သာမန်ဖြစ်ပါသည်။

အနည်းဆုံးအနေနှင့် အခြားရှုထောင့်မှတွေးကြည့်ပါ။

ကောင်းကင်သခင်ရုန်ဟန်ကျီရှန်းနှင့် အခြားသူများသည်လည်း သူတို့အောက်ခြေသို့ ရောက်နေလျှင် တူညီသော လုပ်ဆောင်ချက်ကိုသာ လုပ်လိမ့်မည် ဖြစ်သည်။

ထိုအချိန်တွင်၊

အားကိုးစရာမှာ သူတို့ကိုယ်တိုင်သာရှိပါသည်။

ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့ နှစ်ဦးစလုံးသည် ကောင်းကင်သခင်ရုန်ဟန်ကျီရှန်း၏အသံပို့ခြင်းကြောင့် အံ့ဩသွားကြသည်။

သို့ရာတွင် ထပ်မံ၍တွေးကြည့်သောအခါ သူတို့က ထူးဆန်းသည်ဟု မထင်တော့ပါ။

အဆုံး၌ မည်သူမှ သူတို့နှစ်ဦး၏ ပြောင်းလဲမှုများကို မသိကြပါ။

ထိုကဲ့သို့လျော့တွက်သောအတွေးရှိခြင်းက သာမန်ပင်ဖြစ်ပါသည်။

သို့ရာတွင် ထိုအချိန်တွင် စုံတွဲက ရှင်းလင်းစွာပင် သူတို့အား အသေးစိတ်ရှင်းလင်းနေရန် အချိန်မရှိတော့ပေ။

သူတို့လုပ်နိုင်သည်မှာ သူတို့အား အချို့သောအခြေအနေများကို အသိပေးရန်ဖြစ်သည်။ ထိုမှသာ သူတို့စိုးရိမ်တော့မည်မဟုတ်ပေ။

၎င်းသည် တုန်းဖန်ထျန်းရှင်းနှင့် မုရုံရှန်းတို့အား အသိပေးခြင်းလည်းပါဝင်သည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အပြာရောင်လမင်းနှင့် သူမ၏တာအိုအဖော် ခုန်းမင်ကိုလည်း သိမ်းသွင်းနိုင်ရန် ကြိုးစားခဲ့သည်။

အဆုံး၌ သူတို့၏ဘက်တွင် လူများများရှိလေလေ၊ ရန်သူများအားအမြစ်ဖြတ် သုတ်သင်ပစ်ရန် အခွင့်အရေးများလေလေဖြစ်သည်။

ဝုန်း….

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က သူတို့၏သတင်းစကားကိုပါးပြီးသည်နှင့်တစ်ပြိုင်နက်၊ ကောင်းကင်ဓားသွား၊ ရှောင်ထိုက်ရှန်၊ မှင်နဂါးနှင့် ရွှေလင်းယုန်တို့က အခြားတစ်ဖက်တွင် လှုပ်ရှားမှုပြုလုပ်နေပြီဖြစ်သည်။

သို့ရာတွင်၊ သူတို့၏ ပစ်မှတ်သည်၊ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မဟုတ်ဘဲ ကောင်းကင်သခင် ရုန်ဟန်ကျီရှန်းနှင့် အုပ်စုဆီသို့ဖြစ်သည်။

ဝုန်း….

ချက်ခြင်းပင်၊ သေခြင်းသဲကန္တာရတစ်ခုလုံးသည် ပြောင်းပြန်လှန်သွားသည့်ပုံပေါ်သည်။

အရာအားလုံးကို ရှင်းလင်းပစ်နိုင်သော စွမ်းအင်လှိုင်းကွင်းများက ဦးတည်ချက်များစွာသို့ မြန်ဆန်စွာဖြင့် ဆက်တိုက်ပြန့်နှံသွားလေသည်။

အပေါ်မှအောက်သို့ကြည့်လျင် ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ဂယက်များ၏ အလယ်ဗဟိုတွင် သေးငယ်သည့်အနက်ရောင်ဝဲဂယက်တစ်ခုက တဖြည်းဖြည်းနှင့် ကျယ်ပြန့်လာခဲ့သည်။

၎င်းသည် အခြားမဟုတ်ဘဲ နှစ်ဖက်စလုံး၏တိုက်ခိုက်မှုမှဖြစ်လာသော နေရာလပ်တွင်းနက်ဖြစ်ကာ ထိုနေရာကို ပျက်စီးစေသည်။

ထိုတွင်းနက်ထဲတွင် အလင်း၊ စွမ်းအင်နှင့် အရာဝတ္ထုများက ချဉ်းကပ်လာသည်နှင့် ချက်ခြင်း ပျောက်ကွယ်သွားမည်ဖြစ်ကာ ဘာမှကျန်ခဲ့မည်မဟုတ်ပါ။

“ကျန်းချန်ရွှမ်၊ ရှန်းရူယန် မင်းတို့က အဆင့်မြင့်နယ်ပယ်တွေကို မလေးစားဘူး။ အကြီးအကဲတွေရဲ့ စည်းကမ်းလမ်းညွှန်မှုတွေကိုလည်း လစ်လျှူရှုတယ်။ ပြီးတော့ ရက်စက်ကြမ်းကြုတ်တယ်။ ငါတို့အလယ်ပိုင်းလွင်ပြင်က ကောင်းကင်သခင်တွေကိုသတ်ဖို့ သစ္စာဖောက်တွေနဲ့ပူးပေါင်းတယ်။ ဒီလို အပြုအမူတွေက ပုန်ကန်နေတာဖြစ်တာကြောင့် ကောင်းကင်ပြစ်ဒဏ်ကို ရထိုက်ပြီး ထာဝရပျက်စီးသွားသင့်တယ်။

ဒီနေ့၊ ငါတို့ ကောင်းကင်ကိုယ်စား လုပ်ဆောင်မှာဖြစ်ပြီး လောကရဲ့ငြိမ်းချမ်းရေးကို ပြန်ယူလာပေးမယ်။”

ထိုအချိန်တွင် အလယ်ပိုင်းလွင်ပြင်ရှိ မဟာလင်းအင်ပါယာနန်းတော်မှ ရှောင်ထိုက်ရှန်းသည် ပေတစ်ရာရှည်သည့် ဓမ္မပုံရိပ်အဖြစ်သို့ ပြောင်းလဲသွားသည်။

ဂုဏ်ကျက်သရေနှင့် မြင့်မားသည့်ပုံရိပ်နှင့်၊ သူသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား အေးစက်စွာငုံ့ကြည့်ပြီး တည်ငြိမ်ကာ အာဏာလွှမ်းမိုးသော စီရင်ချက်တစ်ခုကိုပြုလုပ်လိုက်သည်။

၎င်းသည် ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် အခြားသူများကို ရွံရှာသွားစေသည်။

မဟာလင်းအင်ပါယာနန်းတော်သည် အလွန်သူတော်ကောင်းယောင်ဆောင်နေကြကာ မှန်ကန်သည့်သူများ အဖြစ် ခေါင်းစဉ်တပ်ရန် ကြိုးစားကြလေသည်။

မှန်သည်မှားသည်ကို သူတို့၏စိတ်နှလုံးထဲတွင် မသိကြပါသလား?

ဝုန်း….

ရှောင်ထိုက်ရှန်းအားအဖြေပေးလိုက်သည်မှာ အဝေးမှပျံသန်းလာသည့် အရာအားလုံးကိုချေမှုန်းနိုင်စွမ်း ရှိပုံရသော ကြီးမားသောလှံတစ်ချောင်းဖြစ်ကာ ၎င်းသည် အမြန်ပင် သူ၏ရှေ့သို့ရောက်လာခဲ့သည်။

“ခေါင်းမာပြီး ဉာဏ်မရှိတာပဲ။” အေးစက်မှုက ရှောင်ထျန်းရှန်း၏မျက်လုံးထဲ လျှပ်တစ်ပြက် ဖြတ်သွားသည်။

သူ၏ကြီးမားသောဓမ္မပုံရိပ်က သူ၏လက်ကိုမြောက်ကာ ယမ်းလိုက်သည်။

ဝှစ်ဟူသောအသံဖြင့် သူ၏ရှေ့တွင်မီးနဂါး ကိုးကောင်ပါဝင်သော ဒိုင်းကာက ပေါ်လာခဲ့သည်။

၎င်းသည် သူ၏မူလဓမ္မရတနာ၊ နဂါးကိုးကောင်မီးတောက်ဒိုင်းကာဖြစ်သည်။

၎င်းသည်နဂါးမီးတောက်၊ ပျံသန်းခြင်းမီးတောက်၊ ရေအောက်မီးတောက်နှင့် မြေမီးတောက်စသော မီးတောက်အမျိုးအစားကိုးခုပါရှိသည်။

အားလုံးသည် ကောင်းကင်ဘုံမီးတောက်မဟုတ်သော်လည်းသူတို့၏စွမ်းအားများက မမှန်းနိုင်သောအဆင့်သို ရောက်နေကာ ဝိညာဉ်ဖွဲ့စည်းခြင်းနောက်ဆုံးအဆင့်အောက်ရှိ မည်သည့်တိုက်ခိုက်မှုကိုမဆို တားဆီးနိုင်သည်။

ချက်ခြင်းပင်၊ လင်းလက်နေသောမီးတောက်က ကောင်းကင်နှင့် မြေကြီးကြားရှိနေရာလပ်တွင် ပေါ်ထွက်လာခဲ့သည်။

အင်အားနှစ်ခုတိုက်ခိုက်ခြင်း၏ပေါက်ကွဲမှုကကောင်းကင်ပြိုကျခြင်းနှင့် မြေကြီးအက်ကွဲခြင်းအဖြစ် ကောင်းကင်ပေါ်တွင် ပြန်လည်၍ ပွင့်ထွက်လာခဲ့သည်။

အက်ကွဲသွားသောအသံများထွက်လာသည်။

သေးငယ်သော အဝိုင်းပုံစံတွင်းနက်များက နေရာလပ်ထဲတွင် ရုတ်တရက်ပေါ်ထွက်လာခဲ့ပြီးဖရိုဖရဲနှင့် ပြင်းထန်သော စွမ်းအားများက အတွင်း၌ ဝရုန်းသုန်းကားဖြစ်နေကြသည်။

တစ်ချိန်တည်း၌၊

မူလက နဂါးကိုးကောင်မီးတောက်ဒိုင်းကာက ရုတ်တရက် ဝမ်းနည်းစွာငိုကြွေးသံကို ထုတ်လာခဲ့သည်။

နဂါးကိုးကောင်၏ ပုံရိပ်က စတင်၍ မှေးမှိန်နေပြီး ပြိုလဲကျသောလက္ခဏာကို ပြနေလေသည်။

“ဒါကဘယ်လိုဖြစ်ရတာလဲ?”

ရှောင်ထိုက်ရှန်၏မျက်လုံးများက အံ့ဩသွားသောအလင်းတန်းများ ထွက်လာကာ သူ၏မျက်နှာက အလွန်မယုံကြည်မှုကို ပြသနေသည်။

***

All Chapters