ရှောင်ထိုက်ရှန်ကိုသတ်ဖြတ်ခြင်း၊ ရွှေလင်းယုန်ကိုသုတ်သင်ခြင်း နှင့် မှင်နဂါးကို သတ်ဖြတ်ခြင်း
Vol. 35 Ch. 668
ဝုန်း……
သို့ရာတွင်၊ သူ့အားအဖြေပေးလိုက်သည်မှာ ယခင်တစ်ခုထပ်ပို၍ ကြီးမားသောလှံအလင်းပင်ဖြစ်သည်။
ကောင်းကင်နှင့် မြေကြီးကို ဆုတ်ဖြဲပစ်ပြီး ၎င်းသည် ကောင်းကင်ဘုံကိုးခုမှ ကျရောက်လာပုံရပြီး အားလုံးကို ဖိနှိပ်လိုက်သည်။
အရေးအကြီးဆုံးအချက်မှာ ရှောင်ထိုက်ရှန်သည် သူ၏ပတ်လည်မှနေရာလပ်က သိပ်သည်းလာသည် ကို ခံစားလိုက်ရခြင်းဖြစ်သည်။
သူသည် ပိုက်ကွန်ထဲထောင်ချောက်မိနေသည့် အင်းဆက်ကဲ့သို့ဖြစ်နေပြီး လှုပ်ရှား၍မရပေ။
ဝုန်း…..
စွမ်းအင်လှိုင်းများလိမ့်တက်လာသည်။
ဆူနာမီနှင့်တူသော အဖြူရောင်လှိုင်းက ကောင်းကင်ပေါ်သို့ပျံဝဲတက်သွားသည်။
အလယ်တွင်ရှိနေသာ ရှောင်ထိုက်ရှန်းသည် ချက်ခြင်းပင် သွေးများအန်ကာ နောက်သို့ပျံသန်းသွားသည်။
သူ၏ခန္ဓာကိုယ်သည် အရိုးများကျိုးပြီး အတွင်းအင်္ဂါများသည် အစိတ်အပိုင်းများအဖြစ် ချေမွခံရသကဲ့သို့ အသံများဆက်တိုက်ထွက်လာခဲ့သည်။
ထိုဒဏ်ရာမျိုးသည် သာမန်ကျင့်ကြံသူအတွက် သေစေနိုင်ပြီး အခြေတည်ဝိညာဉ်ကျင့်ကြံသူများ အတွက်မူ သူတို့၏ခန္ဓာကိုယ်အား ပျက်စီးသွားစေနိုင်သည်။
သို့သော် ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်များအနေဖြင့် သေစေနိုင်သောအရာမဟုတ်ဘဲ ဒဏ်ရာများစွာရစေရုံသာ ဖြစ်သည်။
၎င်းသည် ရှောင်ထိုက်ရှန်၊ ကောင်းကင်ဓားသွား၊ မှင်နဂါးနှင့် ရွှေလင်းယုန်တို့အား မှန်တက် သွားစေခဲ့သည်။
ဝုန်း…..
သူတို့အံ့ဩနေတုန်းအချိန်တွင် မိုးကြိုးသွားရစ်ပတ်နေသော ဓာတ်ငါးပါးက ရှန်းရူယန်လက်ထဲမှ အနီးဆုံးရှိ ရွှေလင်းယုန်အား ပစ်လွတ်လိုက်လေသည်။
“ဒီကောင်ကတော့။”
ရွှေလင်းယုန်က ဒေါသဖြင့် အော်လိုက်သည်။
သူ၏ကျဉ်းမြောင်းသောမျက်လုံးများက အေးစက်သောအရိပ်များဖြတ်သန်းသွားသည်။
သူသည် ပါးစပ်ကိုဖွင့်ကာ သွေးများအန်လိုက်သည်။
ဝှစ်ဟူသောအသံထွက်လာသည်။
ရွှေရောင်ဆူးထစ်များပါသည့် ချိတ်ကောက်ကရှန်းရူယန်၏မိုးကြိုးသွားများနှင့် တိုက်သွားသည်။
ဝုန်း…..
ကြီးမားသည့် ပေါက်ကွဲမှုက ကောင်းကင်ပေါ်တွင် ထွက်လာခဲ့သည်။
ဓာတ်ငါးပါးနှင့်ပူးပေါင်းထားသော မိုးကြိုးများကချုန်းနေကာ တဖြည်းဖြည်းနှင့် ချိတ်ကောက်ပေါ်မှ ရွှေရောင်အလင်းတန်းကို ခွာချနေသည်။
ရွှေလင်းယုန်၏မျက်လုံးက ချက်ခြင်းပင် ကျဉ်းမြောင်းသွားခဲ့သည်။
အချိန်ခနပင်တုံ့ဆိုင်းခြင်းမရှိဘဲ၊ သူသည် ဦးခေါင်း၏အနောက်ကို ရိုက်လိုက်သည်။
ကျီဟူသောအသံမြည်သွားသည်။
ရွှေရောင်မိုးကြိုးများရစ်ပတ်နေသည့် ရွှေရောင်လှံက ရှန်းရူယန်၏မိုးကြိုးများနှင့် တိုက်မိသွားသည်။
“ဟမ့်…”
ရှန်းရူယန်က အေးစက်စွာထေ့ငေါ့လိုက်သည်။
ခနအကြာတွင်၊ သူမသည် လက်ကို အသာအယာယမ်းလိုက်သည်။
လျှပ်စီးငါးပါးမသေမျိုးရန်နှိမ်ဓားက သူမထံမှ ဆင့်ခေါ်ခံလိုက်ရသည်။
ကလောင်…ကလောင်….ကလောင်…
အသံများက လိုက်လာသည်။
ရွှေရောင်လှံက ရွှေလင်းယုန်အား မရပ်မနားရစ်ပတ်နေခဲ့သည်။
၎င်းသည် နတ်ဆိုးသားရဲချုပ်များထဲရှိ ဓမ္မစွမ်းအားများကို လိမ့်တက်လာစေခဲ့သည်။
သူသည်မှင်နတ်ဆိုးနှင့် ကောင်းကင်ဓားသွားတို့အား စိုက်ကြည့်ကာ အော်လိုက်သည်။
“မင်းတို့နှစ်ယောက် ဘာကိုစောင့်နေကြတာလဲ? အခုမလုပ်ရင် ဘယ်အချိန်မှ လုပ်မလို့လဲ?”
ဝှစ်…
ကောင်းကင်ဓားသွားသည် ချက်ခြင်းပင် ဓားသွားအလင်းရောင်ကဲ့သို့ပြောင်းလဲသွားသည်။ သူသည် သူ၏ဓားကိုဝင့်ကာ ရှန်းရူယန်ဆီသို့ ခုတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် မှင်နဂါးက သူ၏လက်ကို ယမ်းလိုက်သည်။
ရုတ်တရက် အပြာရောင်ရေနဂါး ၁၈ ကောင်က နေရာလပ်ထဲတွင် ပေါ်လာခဲ့သည်။
ကျိန်းဝါးကာ ဟိန်းလျက် သူတို့သည် ကျန်းချန်ရွှမ်ဆီသို့လာနေကြသည်။
“ဟားဟား။”
လူနှင့် နဂါးတို့မှတိုက်ခိုက်မှုကို ရင်ဆိုင်ရလျှင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကရယ်လိုက်သည်။
ချက်ခြင်းပင် သူတို့၏အရောင်အဝါက စတင်၍ အကန့်အသတ်မရှိမြင့်တက်လာခဲ့သည်။
ကျန်းချန်ရွှမ်၏ ကျင့်ကြံခြင်းအဆင့်က ရုတ်တရက် ဝိညာဉ်ဖွဲ့စည်းခြင်း တတိယအဆင့်၏ အထွတ်အထိပ်သို့ ရောက်သွားခဲ့သည်။
သူ၏ ခန္ဓာကိုယ်မွမ်းမံခြင်း အဆင့် ၆ နှင့်ပေါင်းလျှင် သူသည် ချက်ခြင်းပင် အလွန်ကြောက်မက်ဖွယ် ကောင်းသည့် ဖိအားကို ဖန်တီးလိုက်သည်။
ရှန်းရူယန်ကလည်း နောက်တွင်ကျန်မနေခဲ့ပါ။
သူမကိုယ်တိုင်ဖိနှိပ်ထားသည့် ကျင့်ကြံခြင်းသည် ချက်ခြင်းလွတ်ထွက်သွားခဲ့သည်။
တစ်လှမ်းထဲနှင့် သူမသည် ဝိညာဉ်ဖွဲ့စည်းခြင်း၏ အလယ်ဆင့်သို့ဝင်ရောက်သွားခဲ့သည်။
ထိုကြောက်မက်ဖွယ်ကောင်းသော အရောင်အဝါက ချက်ခြင်းပင် ရှိနေသောသူများ၏ အမူအရာအား အကြီးအကျယ်ပြောင်းလဲသွားစေခဲ့သည်။
“သူတို့ရဲ့ကျင့်ကြံဆင့်က…
သူတို့ရဲ့ကျင့်ကြံဆင့်က…"
ဝုန်း….
ရှောင်ထိုက်ရှန်း၊ ရွှေလင်းယုန်၊ ကောင်းကင်ဓားသွားနှင့် မှင်နတ်ဆိုးတို့ မတုံ့ပြန်နိုင်သေးခင်မှာပင် ဖြစ်သည်။
ပို၍ ကြောက်မက်ဖွယ်ကောင်းသည့် တိုက်ခိုက်မှုက ရုတ်တရက် ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့ထံမှ ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်ရွှမ်က သူ၏လက်ချောင်းများကို ဖွင့်ကာ ရေနဂါး ၁၈ ကောင်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။
မြေဓာတ်နတ်ဘုရားစွမ်းအား- ကောင်းကင်သင်္ဂြိုလ်ခြင်း။
ဂလောင်၊ ဂလောင်၊ ဂလောင်….
ထိုအချိန်တွင်မရေတွက်နိုင်သောကျောက်တုံးများက လေထဲမှပေါ်လာခဲ့သည်။
ကျန်းချန်ရွှမ်ဆီသို့ဦးတည်လာနေသော ရေနဂါး ၁၈ ကောင်က ကိုယ်သေတွင်းကို တူးနေသကဲ့သို့ ဖြစ်သွားသည်။
သချိုင်းက အမြန်ပင်နီးကပ်လာလေသည်။
မျက်စိတမှိတ်အတွင်းတွင် ရေနဂါး ၁၈ ကောင်က အုတ်ဂူ ၁၈ ခုအဖြစ် ပြောင်းလဲသွားသည်။
ကျန်းချန်ရွှမ်သည် သူ၏လက်ကိုဆန့်လိုက်ကာ ချေမွလိုက်ပြန်သည်။
ဂျုန်းဟူသောအသံမြည်သွားခဲ့သည်။
အုတ်ဂူ ၁၈ခုက ဖုန်မှုန်အဖြစ် ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားသည်။
တစ်ချိန်တည်းမှာပင်။
ရှန်းရူယန်က သူ၏လက်ကို ကောင်းကင်ပေါ်သို့ မြောက်လိုက်ကာ ဆတ်ခနဲလှုပ်လိုက်သည်။
ဂျုန်း….
မိုးကြိုးဆင်းကောင်းကင်ဘုံတံဆိပ်တော်က ချက်ခြင်းပင် ကျယ်ပြောသောတိမ်တိုက်အဖြစ် ပြောင်းလဲသွားသည်။
ချက်ခြင်းပင် အဆုံးမရှိမိုးကြိုးသွားများက ဖျက်ဆီးနိုင်သော အရောင်အဝါကို သယ်ဆောင်လာခဲ့ကာ ကျဆင်းလာသည်။
ရှန်းရူယန်အားဦးတည်တိုက်ခိုက်နေသည့် ကောင်းကင်ဓားသွားသည် သူ၏ပတ်လည်မှ ဓားသွားအလင်းများက တစ်လက်မပြီးတစ်လက်မ ပျက်စီးသွားခဲ့သည်။
သူ၏ရှေ့မှ တိုက်ခိုက်မှုက တဖြည်းဖြည်းနှင့် နောက်ဆုတ်ခြင်းသို့ပြောင်းလဲသွားသည်။
သူသည် ဆက်လက်၍ အဆုံးမရှိမိုးကြိုးသွားများမှ ဆက်တိုက် ထိုးနှက်ခံခဲ့ရသည်။
ဝှစ်….
ထိုအချိန်တွင် ငါးရောင်ခြယ်အလင်းက ရုတ်တရက် တိုက်ပွဲတစ်ခုလုံးကို ဖြတ်သွားလေသည်။
ချက်ခြင်းပင်၊ ရန်သူအားလုံးက ၎င်း၏အတွင်းမှ မောပန်းမှုကို ခံစားလိုက်ရပြီး၊ သူတို့သည် ရက်ပေါင်းများစွာ မအိပ်ရသေးသလို ဖြစ်နေခဲ့သည်။
အချို့သည် စတင်၍ သူတို့၏အမြင်အာရုံ၌ နှင်းပွင့်များကိုပင်မြင်နေကြရသည်။
၎င်းသည် ကျန်းချန်ရွှမ်၏မူလဓမ္မစွမ်းအား ရောင်စဉ်ငါးပါးနတ်ဘုရားအလင်းပင် ဖြစ်သည်။
သို့ရာတွင်၊ သူသည် လောကရှိဓာတ်ငါးပါးကို ဖိနှိပ်နိုင်သော ရောင်စဉ်ငါးပါးနတ်ဘုရားအလင်းကို သုံးခြင်းမဟုတ်ပါ။ ထိုအစား သူသည် ရန်သူများ၏စွမ်းအားကို ၃၀ ရာခိုင်နှုန်း ထိလျော့သွားစေသည့် ရောင်စဉ်ငါးပါးနတ်ဘုရားအလင်းအား သုံးလိုက်ခြင်းဖြစ်သည်။
ဝုန်း….
ထိုအခွင့်အရေးကို ဖမ်းဆုပ်ပြီး ကျန်းချန်ရွှမ်က သူ၏မြေနက်လှံကိုထပ်မံ ကိုင်တွယ်သုံးစွဲလိုက်သည်။
ကျယ်လောင်သည့် ဂလောင်ဟူသည့်အသံဖြင့် ရှောင်ထိုက်ရှန်၏ နဂါးကိုးကောင်မီးတောက် ဒိုင်းကာက ချေမွခံလိုက်ရသည်။
ချဉ်းကပ်လာသည့် မှင်နဂါးသည်ပင် မိုင်ပေါင်းရာကျော်အဝေးသို့ တစ်ချက်တည်း နောက်သို့ လွင့်သွားခဲ့သည်။
အား….
မှင်နဂါးသည် သွေးများအန်လိုက်ပြီးနောက် ၎င်းသည် အဆိုးဆုံးအပိုင်းမဟုတ်သေးပေ။
ကျန်းချန်ရွှမ်၏မျက်လုံးသည် အေးစက်ကာရက်စက်နေသည်။
သူ၏ဝိညာဉ်၊ ချီ နှင့် အဆီအနှစ် တစ်ခုလုံးက ထိုအချိန်တွင် အထွတ်အထိပ်သို့ ရောက်နေခဲ့သည်။
သူ၏မြေနက်လှံသည် စိတ်လှုပ်ရှားစွာ လှုပ်ယမ်းနေခဲ့သည်။
ရှောင်ထိုက်ရှန်၏ကြောက်မက်ဖွယ်ကောင်းသောအကြည့်အောက်တွင် တိုက်ခိုက်လိုက်သော လှံတစ်ချက်တည်းက သူ၏ခန္ဓာကိုယ်သည် အသားနှင့် အသွေးကို အမှုန်အဖြစ်သို့ ပြောင်းလဲသွားစေသည်။
ဝှစ်…
ရှောင်ထိုက်ရှန်၏မူလဝိညာဉ်သည် လွတ်မြောက်ရန်ကြိုးပမ်းလိုက်ချိန်တွင် ကျန်းချန်ရွှမ်က အေးစက်စွာ အမိန့်ပေးလိုက်သည်။
“စည်းချလိုက်။”
ဝုန်း……
ချက်ခြင်းပင်၊ မူလကဖြဲပစ်နိုင်သော နေရာလပ်က နံရံ သို့ သံအတားအဆီးအဖြစ် သိပ်သည်းသွားပြီး ရှောင်ထိုက်ရှန်၏ကြိုးစားမှုကို လှုပ်ရှား၍မရနိုင်အောင်လုပ်လိုက်သည်။
“အား…..”
ရှောင်ထိုက်ရှန်သည် ကြောက်ရွံ့မှုကြောင့် အော်ပစ်လိုက်ချိန်တွင် ယခုပင် ကြီးမားသည့် တိုင်တစ်ခုကဲ့သို့ သူ၏မူလဝိညာဉ်ကို ခြေမွပစ်လိုက်သည်။
ပြင်းထန်သော ဝိညာဉ်ချီဆူနာမီနှင့် ပေါင်းကာ ရှောင်ထိုက်ရှန်၏ မူလဝိညာဉ်က ကျန်းချန်ရွှမ်ထံမှ အမှုန်ဖြစ်အောင် ချေမှုန်းခံလိုက်ရသည်။
“ဘာ?”
ထိုမြင်ကွင်းသည် ချက်ခြင်းပင် ရှိနေသောသူတိုင်းကို ထိတ်လန့်စေခဲ့သည်။
သို့သော် သူ၏အံ့အားသင့်မှုမှ ပြန်မလာနိုင်သေးခင်မှာပင် ထက်မြကာ စူးရှသည့် အော်သံက ကောင်းကင်ပေါ်မှ ထွက်ပေါ်လာခဲ့သည်။
သူတို့၏အပေါ်တွင် ကြီးမားသော မိုးကြိုးအစုအဝေးက ရောက်လာကာ ရွှေလင်းယုန်၏ အစစ်အမှန် ပုံရိပ်ကို ဖမ်းချုပ်ထားသည်။
ပြီးနောက် အင်အားအပြည့်ဖြင့် ထက်ခြမ်းခွဲလိုက်တော့သည်။
ကျယ်လောင်သော စုတ်ဖြဲသံနှင့်အတူ၊
ရွှေလင်းယုန်၏ ခန္ဓာကိုယ်က မိုးကြိုးမှ နှစ်ပိုင်းခွဲခံလိုက်ရသည်။
ပြီးနောက် မရေတွက်နိုင်သော မိုးကြိုးသွားများက ကောင်းကင်ပေါ်မှ ကျလာခဲ့သည်။
ချက်ခြင်းပင်၊ ရွှေလင်းယုန်၏ လွတ်မြောက်နေသော မူလဝိညာဉ်သည် အစိတ်အပိုင်းအဖြစ် ကွဲထွက်သွားသည်။
ဝှစ်…..
၎င်းနှင့် အတူ ကြီးမားသော ဝိညာဉ်ချီသည် ထပ်မံ၍ ထိုနေရာထဲတွင် လိမ့်တက်လာပြန်သည်။
လူတိုင်းက ထိုအတိုင်းနေနေရာမှ ကြောင်အမ်းအမ်းဖြစ်နေကြကာ ကောင်းကင်ပေါ်မှထိုးကျလာသော ရွှေလင်းယုန်၏ခန္ဓာကိုယ်အား စိုက်ကြည့်နေကြသည်။
ဝိညာဉ်ဖွဲ့စည်းခြင်း အလယ်ဆင့် အထွတ်အထိပ်ကျင့်ကြံသူနှင့် ဝိညာဉ်ဖွဲ့စည်းခြင်း အလယ်ဆင့် အဆင့် ၆ နတ်ဆိုးသားရဲချုပ်က ထိုကဲ့သို့ကျဆုံးသွားသည်။
ထိုစုံတွဲသည် မည်သို့သော “မကောင်းဆိုးဝါး”မျိုးဖြစ်ပါသနည်း?
“သေစမ်း။”
ရုတ်တရက်၊ အခြားမိုးကြိုးများက ကောင်းကင်ပေါ်တွင် ထပ်မံ၍ ပဲ့တင်ထပ်လာသည်။
ကျန်းချန်ရွှမ်နှင်ရှန်းရူယန်တို့က ကောင်းကင်ဓားသွားနှင့် မှင်နဂါးတို့အား တိုက်ခိုက်လိုက်သည်။
အခြားသူများကလည်း အသိပြန်ဝင်လာကြသည်။
ကောင်းကင်သခင်ရုန်ဟန်ကျီရှန်း၊ ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်နှင့် ကောင်းကင်သခင်ရွှမ်းယန် တို့က ချက်ခြင်း သူတို့၏အင်အားကုန်သုံးကာ ရှောင်ရှန်းချုံနှင့် အခြားသူတို့အား ရင်ဆိုင်နေကြသည်။
အခြားတစ်ဖက်၌ တုန်းဖန်ထျန်းရှင်းနှင့် မုရုံရှန်းတို့က တစ်ဦးနှင့် တစ်ဦးကြည့်လိုက်ကြသည်။
ပြီးနောက် သူတို့သည် ကောင်းကင်သခင်ချန်ယွင်၊ တာအိုဝါဒီရှန်းထုံနှင့် အခြားသူများထံသို့ ဦးတည်သွားလိုက်ကြသည်။
နောက်ဆုံးတွင် အပြာရောင်လမင်းနှင့် သူ၏တာအိုအဖော် ခုန်းမင်တို့ကလည်း အလကားမနေတော့ပေ။
ထိုနှစ်ဦးက တစ်ဦးကအရှေ့၊ တစ်ဦးက အနောက်တွင်နေကာမှင်နဂါးနှင့် အကြီးအကဲလိပ်နက်ကို ရင်ဆိုင်လိုက်ကြသည်။
ဝုန်း…..
ပို၍ ပြင်းထန်သော တိုက်ပွဲက ချက်ခြင်းပင် ပေါက်ကွဲထွက်လာခဲ့သည်။
ကောင်းကင်ဓားသွားနှင့် မှင်နဂါးတို့သည် ချက်ခြင်းပင် ချက်ခြင်းပင် ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့၏ စွမ်းအားမြင့်တိုက်ခိုက်မှုအောက်တွင် အကျိုးနည်းခဲ့ရသည်။
ထိုအချိန်တွင်၊ မှင်နဂါးက ရုတ်တရက် ငြိမ်းချမ်းရေးစကားကမ်းလှမ်းလိုက်သည်။
“နှစ်ဦးစလုံး ကျုပ်တို့ဒီမှာရပ်ရင်ဘယ်လိုလဲ?
ကျုပ်အာမခံတယ်။ ပြီးတော့ တာအိုလမ်းစဉ်ကိုတောင်တိုင်တည်ပြီးကျိန်ဆိုရဲတယ်။ နောက်နှစ်တစ်ထောင်မှာ ကျုပ်တို့နတ်ဆိုးမျိုးနွယ်က ခင်ဗျားတို့လူသားမျိုးနွယ်ကို လုံးဝ ကျူးကျော်မှာမဟုတ်ဘူး။”
မှင်နဂါး၏စကားကိုကြားလျှင်၊ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က မဲ့ပြုံးပြုံးလိုက်သည်။
“ကျုပ်တို့လူသားမျိုးနွယ်ကို မကျူးကျော်ဘူးဟုတ်လား?
ဒါပြီးရင် ခင်ဗျားတို့နတ်ဆိုးမျိုးနွယ်မှာ ကျုပ်တို့ လူသားမျိုးနွယ်ကို ညှိနှိုင်းဖို့ အရည်အချင်းကော ရှိသေးရဲ့လား?”
မှင်နဂါး၏မျက်နှာက အကြီးအကျယ်ပြောင်းလဲသွားခဲ့သည်။
“ဘာကိုဆိုလိုတာလဲ? မင်းတို့ရဲ့လက်ရှိအင်အားနဲ့မင်းတို့က ငါတို့နတ်ဆိုးမျိုးနွယ်ထပ် သာလွန်ပြီး ငါတို့မျိုးနွယ်ကိုဖျက်စီးနိုင်တယ်လို့ထင်နေတာလား?
မမေ့နဲ့၊ ငါတို့ နတ်ဆိုးမျိုးနွယ်ထဲမှာ အခြား အထွတ်အထိပ် အလယ်ဆင့် အဆင့် ၆ နတ်ဆိုးသားရဲချုပ် တွေ ရှိသေးတယ်။”
“အဲ့တော့ဘာဖြစ်လဲ?” ကျန်းချန်ရွှမ်၏ အမူအရာက စိတ်မဝင်စားတော့ပေ။
“အကယ်၍ ခင်ဗျားတို့ရဲ့နတ်ဆိုးမျိုးနွယ်က ဒီနေ့လိုမျိုး အထွတ်အထိပ် အလယ်ဆင့် အဆင့် ၆ နတ်ဆိုးသားရဲချုပ်တွေ နှစ်ဆရှိရင်တောင် သူတို့နဲ့ရင်ဆိုင်ဖို့ အင်အားပိုသုံးလိုက်ယုံပဲ။
ဒါကိုသုံးပြီး ကျုပ်တို့ကိုချိန်းခြောက်နိုင်မယ်လို့ ထင်နေရင်တော့ အိမ်မက်မက်နေတာပဲ။”
၎င်းနှင့် အတူ ကျန်းချန်ရွှမ်၏ပုံရိပ်က ရုတ်တရက် ရွှေရောင်အလင်းဖြင့် တောက်ပနေသည်။
ရှည်လျားသောရွှေရောင်လိုင်းက မြင့်မားသောကောင်းကင်ပေါ်မှ ပေါ်ထွက်လာသည်။
ထိုရွှေရောင်လိုင်းကို မြင်လျှင်၊ မှင်နဂါး၏မျက်နှာသည် ဖျော့တော့သွားခဲ့သည်။
ကျီ…..
ရုတ်တရက်၊ နဂါးအရိုးတစ်ခုလုံးနှင့် ပြုလုပ်ထားသော စေတီတစ်ခုကမှင်နဂါး၏ရှေ့တွင် ပေါ်လာခဲ့သည်။
ကျီ…..
ဝုန်း…….
သို့ရာတွင် မှင်နဂါးကြောက်ရွံစေဖို့ရန်အတွက် သူ၏အနက်ရောင်နဂါးစေတီက ကျန်းချန်ရွှမ်၏ သတ္တုဓာတ်နတ်ဘုရားစွမ်းအား၊ အလင်းဖြတ်တောက်ခြင်း နှင့်ရင်ဆိုင်ရလျှင် အချိန်ခန၏တစ်ဝက်ပင် မကြာလိုက်ဘဲ ပြိုလဲကျကာ အောက်သို့ထိုးကျသွားလေသည်။
“မဟုတ်ဘူး။”
မှင်နဂါးက အော်သံကိုထုတ်လွတ်လိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ခန္ဓာကိုယ်ကလည်း ရွှေရောင်လိုင်းများမှ နှစ်ပိုင်းခွဲခံလိုက်ရသည်။
ဝှစ်…
ကောင်းကင်ပေါ်တွင် ပေသောင်းချီရှည်သော မှင်နဂါး၏ခန္ဓာကိုယ်သည် နှစ်ပိုင်းပြတ်သွားသည်။
ပြီးနောက်တွင် သေးငယ်သည့်မှင်နဂါးက ကြီးမားသော မှင်နဂါး၏ခန္ဓာကိုယ်ထဲမှ ထွက်လာခဲ့သည်။
ထိုအချိန်တွင် ၎င်း၏ မျက်လုံးများသည် ကြောက်ရွံ့မှုဖြင့် ပြည့်နေလေသည်။
၎င်းသည် ပေါ်လာသည်နှင့် ကသုတ်ကရုတ်နှင့် ရှေ့မှနေရာလပ်ကို စုတ်ဖြဲ၍ လွတ်မြောက်ရန် ကြိုးစားလိုက်သည်။
သို့ရာတွင်၊ သူထိတ်လန့်သွားစေသည့်အထိနှင့် စိတ်ဓာတ်ကျသွားစေရန် သူ၏ရှေ့က နေရာလပ်သည် သတ္တုပြားကဲ့သို့ဖြစ်ပြီး မည်မျှကြိုးစားပါစေ လှုပ်ရှား၍ မရနိုင်ခဲ့ပေ။
ဝှစ်….
ထိုအချိန်တွင်၊ အစိမ်းရောင်အလင်းထုတ်လွတ်လာသောအလံက မှင်နဂါး၏မူလဝိညာဉ်ကို လွမ်းမိုးသွားသည်။
မှော်ဆန်သည့်အရောင်အဝါများနှင့် လွှမ်းခြုံထားသည့် ထိုအလံသည် ချက်ခြင်းပင် မှင်နဂါး၏ ဝိညာဉ်ကို ရစ်ပတ်လိုက်လေတော့သည်။
***