အားလုံးကိုသုတ်သင်ခြင်း၊ ဧကရာဧ်၏ ဒေါသ
Vol. 35 Ch. 669
မှင်နဂါး၏မူလဝိညာဉ်နှင့်အတူ သူ၏အရှေ့နဂါးစိမ်းအလံက နောက်တစ်ဆင့်သို့ တက်သွားတော့မည် ဖြစ်သည်။
ထိုအတွေးက ကျန်းချန်ရွှမ်၏စိတ်ထဲတွင် လျှပ်တစ်ပြက်ပေါ်လာသည်။
စက္ကန့်အနည်းငယ်အကြာတွင်၊ သူ၏အကြည့်သည် လွတ်မြောက်ရန်ကြိုးစားနေသည့် ကောင်းကင်ဓားသွားနားသို့ ရောက်သွားလေသည်။
ဝုန်း…
မိုးကြိုးနှင့် ဓားသွားအလင်းက ပြင်းထန်နေသည်။
ထိုအချိန်တွင် ရှန်းရူယန်သည် ကောင်းကင်ဓားသွားနှင့် ထပ်မံ၍ တိုက်ခိုက်ခြင်းဖြင့် ပိတ်ဆို့ထားလိုက်သည်။
ခနအကြာတွင် ကောင်းကင်ဓားသွားသည် ရှုံးနိမ်တော့မည့်အခြေအနေသို့ ရောက်သွားသည်။
ကောင်းကင်ဓားသွား၏ရှေ့တွင် ပါးလွှာသည့်ဓားသွားရောင်ဝါက အဆုံးမရှိမိုးကြိုးများဖြင့် လွှမ်းခြုံထားခံရပြီး ကောင်းကင်ဓားသွား၏ပုံရိပ်က ရုတ်တရက် ပြင်းထန်စွာတိုးပွားလာသည်။
မျက်စိတမှိတ်အတွင်းတွင် သေးငယ်သည့် ရွှေရောင်ပုံရိပ်က ရုတ်တရက် ကြီးမားသောခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည်။
နေရာလပ်က အက်ကွဲသွားပြီး ရွှေရောင်ပုံရိပ်က နေရာလပ်ထဲမှ ထိုးဖောက်ထွက်လာကာ ဖရိုဖရဲအခြေအနေကို အခွင့်ကောင်းယူ၍ တိုက်ပွဲနေရာကိုစွန့်ခွာရန် လူပ်နေခဲ့သည်။
“ဟမ့်”
သို့သော် ထိုအချိန်တွင် ရွှေရောင်ပုံရိပ်၏နားထဲတွင် အေးစက်သည့်ထေငေါ့သံက ပဲ့တင်ထပ်လာခဲ့ပြီး သူ၏လွတ်မြောက်မှုအား အချိန်ခနလောက် နှောင့်နှေးသွားစေခဲ့သည်။
ထို နှောင့်နှေးခြင်းက မိုးကြိုးသွားများကို နောက်မှလိုက်သွားနိုင်စေခဲ့ပြီး အက်ကွဲသောအသံများဖြင့် မိုးကြိုးက ရွှေရောင်ပုံရိပ်၏ခန္ဓာကိုယ်ကိုထိုးဖောက်သွားခဲ့သည်။
သူ၏မဖြစ်လိုသောအကြည့်အောက်တွင် သူ၏ခန္ဓာကိုယ်သည် ထိုနေရာ၌ပင် အစိတ်စိတ် ပေါက်ကွဲ သွားခဲ့တော့သည်။
.....
တစ်ချိန်တည်းမှာပင်။
ရွှေရောင်ဓားအလင်းက ကောင်းကင်ဓားသွား၏ ဓမ္မပုံရိပ်ကိုဖြတ်သန်းသွားပြီး လေထဲတွင်ပင် ထက်ခြမ်းခွဲလိုက်သည်။
ထိုဓမ္မပုံရိပ်သည် ဝိညာဉ်ချီပင်လယ်ထဲနှစ်ဝင်သွားပြီး ပျောက်ကွယ်သွားတော့သည်။
ထိုစုံတွဲအားရင်ဆိုင်တိုက်ခိုက်နေသော ဝိညာဉ်ဖွဲ့စည်းခြင်းအလယ်ဆင့်ကျင့်ကြံသူ လေးဦးက ဤကဲ့သို့ကျဆုံးသွားသည်။
ထိုမြင်ကွင်းသည် ရှောင်ရှန်းချုံ၊ ရှောင်ရှန်းကျီ၊ ဝူရှင်း၊ တာအိုဆရာရှန်းထုံ၊ ကောင်းကင်သခင် ချန်ယွင်၊ အကြီးအကဲ လိပ်နက်နှင့် အခြားသူများအား ကြောက်ရွံ့စေသည်။
အထွတ်အထိပ်အလယ်ဆင့် ကောင်းကင်သခင်များသည်ပင် ကျန်းချန်ရွှမ်နှင့် သူ့ဇနီးတို့၏လက်ထဲ ကျဆုံးသွားသည်ကို ကြည့်ကာ သူတို့သည် မထွက်ပြေးလျင် တူညီသောကံကြမ္မာနှင့် တွေ့ကြုံရတော့မည်ကို သိကြသည်။
ထိုအတွေးဖြင့် ရှောင်ရှန်းချုံးနှင့် အခြားသူများက မနေရဲတော့ပေ။ သူတို့သည် စတင်၍ ပျံသန်းကြတော့သည်။
ဝှစ်…ဝှစ်
သို့သော်ထိုအချိန်တွင် ဓားအလင်းနှစ်ခုက လေဟာနယ်ထဲကိုဖြတ်သန်းသွားခဲ့ပြီး ခန္ဓာကိုယ်မရှိတော့ဘဲ မူလဝိညာဉ်သာကျန်သော ရှောင်ရှန်းကျီနှင့် တာအိုဝါဒီရှန်းထုံတို့ဆီ ကျရောက်သွားခဲ့သည်။
သူတို့သည် ရပ်နေရာမှ သူတို့၏ခန္ဓာကိုယ်များသည် စတင်၍ ပပျောက်လာကာ တဖြည်းဖြည်းနှင့် ဝိညာဉ်ချီများသည် ဦးတည်ရာအနှံ့သို့ပျံနှံ့သွားသည်။
“သူတို့ကို မလွတ်စေနဲ့။”
ထိုအချိန်တွင် ကောင်းကင်သခင်ရုန်ဟန်ကျီရှန်းကောင်းကင်သခင်အဆုံမဲ့ပင်လယ်နှင့် ကောင်းကင်သခင်ရွှမ်းယန်တို့ အားလုံးထွက်လာကာ ရှောင်ရှန်းချုံနှင့် အခြားသူတို့အား တားဆီးထားလိုက်သည်။
ထိုအခြင်းအရာကိုမြင်လျှင် တုန်းဖန်ထျန်းရှင်း၊ မုရုံရှန်း၊ အပြာရောင်လမင်း၊ ခုန်းမင်တို့ သည်လည်း အရေးကြီးသောအခြေအနေဖြစ်ကြောင်းကို သိကြသည်။
အရှေ့ပိုင်းနှင့် အလယ်ပိုင်းလွင်ပြင်စသည့် ကြီးမားသောတောင်နှစ်ခုအား ဖြိုချနိုင်ရန် အနာဂတ်ဖြစ်နိုင်ချေသည် ယခု သူတို့က ဝိညာဉ်ဖွဲ့စည်းခြင်းကျင့်ကြံသူမည်မျှကို သတ်ဖြတ်နိုင်ခြင်းပေါ် မူတည်နေသည်။
အစထပ် ပို၍ ပြင်းထန်သော တိုက်ပွဲဖြစ်လာခဲ့လေသည်။
ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့က ဤတိုက်ပွဲတွင် ဘုရင်ကဲ့သို့ဖြစ်နေသည်။
သူတို့သွားသည့်နေရာတိုင်းတွင် ရန်သူများက အချိန်တိုတွင်း ပျက်စီးသွားရသည်။
သူတို့၏ပတ်ပတ်လည်တွင် ကြီးမားသော ဝိညာဉ်ချီလှိုင်းက လိမ့်တက်နေလေသည်။
အချိန်တိုအတွင်းတွင် ကောင်းကင်သခင်ချန်ယွင်နှင့်ဝူရှင်းတို့က အင်အားများပူးပေါင်းလိုက်ကြသည်။
ကျန်ရှိနေသော ရှောင်ရှန်းချုံ၊ အကြီးအကဲလိပ်နက်နှင့် အခြားသူများသည်လည်း သူတို့လွတ်မြောက်ရန် အခွင့်အရေးမျာ အလွန်နည်းပါးကြောင်း သိကြသည်။
ထိုကြောင့် အချိန်အနည်းငယ်အကြာတွင်၊
ရှောင်ရှန်းချုံ၊ လိပ်နက်အကြီးအကဲနှင့် အခြားသူများသည် စတင်၍ သူတို့၏အဆီအနှစ်များကို လောင်ကျွမ်းလိုက်ကြပြီး လေဟာနယ်ကိုထိုးဖောက်ကာ အသက်ရှင်ရန်လမ်းကိုရှာနေကြသည်။
ဒေါင်…
လိပ်နက်အကြီးအကဲက သူ၏လက်ထဲမှ တောက်ပသည့်အဝါရောင်ကျောက်ပါးတစ်ခုကိုထုတ်လိုက်ပြီး ၎င်းသည် မယုံနိုင်စရာကောင်းသော ထူထဲကျစ်လစ်သောအရောင်အဝါထွက်နေသည်။
၎င်းသည် ဂုဏ်ကျက်သရေနှင့်ပြည့်စုံသည့် အတားအဆီးကျောက်ပြားဖြစ်ပြီး ခုခံရေးရတနာများထဲ ထိပ်ပိုင်းမှဖြစ်သည်။
လိပ်နက်က ထိုရတနာအားထုတ်သုံးရခြင်းမှာ သူတို့လွတ်မြောက်စေရန်အချိန်ဆွဲထားပေးဖို့ ဖြစ်ပေသည်။
ထိုအရာကိုမြင်လျှင် ကျန်းချန်ရွှမ်၏နှလုံးက အေးစက်သည့်အပြုံးဖြင့် ကွေးသွားသည်။
သူ၏နောက်မှ ငါးရောင်ခြယ်အလင်းကထပ်မံ၍ ပေါ်ထွက်လာသည်။
လပ်နက်အကြီးအကဲရှေ့တွင် ရှိနေသော ခုခံရေးကျောက်ပြားကြီးက ဘာမှမရှိတော့သည်အထိ ပျောက်ကွယ်သွားခဲ့သည်။
သူကြောက်ရွံသွားစေရန် လိပ်နက်အကြီးအကဲက သူ၏ကျောက်ပြားနှင့်ဆက်သွယ်မှုက ပြတ်တောက်သွားသည်ကို တွေ့လိုက်ရသည်။
ဘယ်လိုဖြစ်ရတာလဲ?
မည်သို့သော နတ်ဘုရားစွမ်းအားမျိုးဖြစ်ပါသနည်း?
မည်ကဲ့သို့ သူ၏ရတနာကိုသိမ်းယူသွားနိုင်ကာ သူနှင့် ထိုပစ္စည်းကြားရှိဆက်သွယ်မှုကို ဖြတ်တောက် နိုင်ရပါသနည်း?
လိပ်နက်အကြီးအကဲက အလှည့်အပြောင်းကြောင့် အံ့ဩနေချိန်တွင် အလယ်တွင် အပြာ၊ အနီ၊ အဝါ၊ အဖြူနှင့် အစိမ်းရောင်မိုးကြိုးများပါဝင်သော အမဲနှင့်အဖြူမိုးကြိုးသွားများက အားလုံး၏ အပေါ်သို့ ကျရောက်လာခဲ့သည်။
၎င်းသည် ရှန်းရူယန်၏ နတ်ဘုရားစွမ်းအားဖြစ်သော ကြီးမြတ်သော ယင်ယန်ဓာတ်ငါးပါး နတ်ဘုရားမိုးကြိုးဖြစ်ကာ အရာအားလုံးကို ဖျက်စီးနိုင်စွမ်းရှိပြီး စကြဝဠာကိုပြောင်းပြန်လှန်နိုင်ရာ နေရာလပ်ကိုဖျက်စီးပစ်နိုင်သည်။
၎င်းသည် လက်ရှိတွင် ဖျက်စီးခြင်းအင်အားထဲတွင် သူမ၏စွမ်းအားအကြီးဆုံး နတ်ဘုရားစွမ်းအား ဖြစ်ပေသည်။
“မဟုတ်ဘူး။”
လိပ်နက်အကြီးအကဲနှင့် အခြားသူများက ကြောက်ရွံစွာ အော်လိုက်ကြသည်။
သို့သော် သူတို့အော်သံအတွက် ပြန်ရလိုက်သော တုံ့ပြန်မှုမှာ ကျယ်လောင်သောဟိန်းသံတစ်ခု ဖြစ်သည်။
ဝုန်း….
ချက်ခြင်းပင်၊အဖြူနှင့် အမဲမိုးကြိုးများရစ်ပတ်နေသည့်မိုးကြိုးများသည် ကောင်းကင်ပေါ်တွင် ပျံဝဲနေသည်။
ကြီးမားသည့် မှိုပွင့်သဏ္ဍာန်တိမ်တိုက်က စက်ဝိုင်းများအဖြစ်သို့ပြောင်းလဲသွားပြီး ဦးတည်ချက် အမျိုးမျိုးသို့ ပျံ့နှံ့သွားသည်။
ပေါက်ကွဲမှု၏အလယ်တွင် ရှောင်ရှန်းချုံနှင့် လိပ်နက်အကြီးအကဲတို့မှလွဲ၍ အခြားသူများ၏ ခန္ဓာကိုယ်နှင့် မူလဝိညာဉ်များသည် ချက်ခြင်းပင် အမြစ်ဖြတ်သုတ်သင်ခံလိုက်ရသည်။
သူတို့သည် ပြင်းထန်စွာ ဒဏ်ရာရသွားသော်လည်း သူတို့၏ပျက်စီးနေသော မူလဝိညာဉ်က ဆွဲထားနေသေးသည်။
ဝှစ်….
ထိုအချိန်တွင် ရွှေရောင်ဓားအလင်းက လူတိုင်း၏မျက်စိရှေ့တွင် ထပ်မံ၍ ပေါ်လာခဲ့သည်။
ကျန်ရှိနေသောလူသားနှင့် နတ်ဆိုးများက ကြောက်ရွံ့စွာအော်နေကြသည်။
“ကျွန်တော်တို့ကို အသက်ချမ်းသာပေးပါ။ ကျွန်တော်တို့ ခင်ဗျားတို့ကို သခင်လိုအလုပ်အကျွေး ပြုပါမယ်။”
“ငါတို့ကို ဆရာလိုဆက်ဆံမယ်? တောင်းပန်တယ်၊ မလိုဘူး။”
အေးစက်သောစကားကိုပြောလိုက်ပြီးနောက် ရှောင်ရှန်းချုံနှင့် လိပ်နက်၏ လဲပြိုတော့မည့် မူလဝိညာဉ်သည် လုံးဝ ဤလောကမှ ရှင်းလင်းခြင်းခံလိုက်ရသည်။
ဂျုန်း….
ရုတ်တရက် ဝိညာဉ်မိုးက ကောင်းကင်ပေါ်မှ စတင်၍ ကျဆင်းလာကာ အရာအားလုံးကို စွမ်းအားဖြည့်ပေးပြီး မြေကို ကောင်းချီးပေးလိုက်သည်။
သာမန်မျက်စိဖြင့်ကြည့်လျှင်ပင် ၎င်းတို့၏တိုက်ပွဲကြောင့် ပျက်စီးနေသော ထိုပတ်ဝန်းကျင်သည် မြန်ဆန်စွာ ပြန်လည်ကောင်းမွန်လာသည်ကို တွေ့မြင်နေရသည်။
သေခြင်းကန္တာရထဲတွင်ပင် စိမ်းလန်းခြင်းက မှော်ဆန်စွာဖြစ်ပေါ်လာပြီး စတင်၍ ကျယ်ပြန့်လာခဲ့သည်။
၎င်းသည်ကျင့်ကြံသူ၏တာအိုက သဘာဝသို့ပြန်သွားခြင်းဖြစ်သည်။
ကျင့်ကြံသူများသည် လောက၏ ဝိညာဉ်အခြေခံများကိုစုပ်ယူကာ ကျင့်ကြံကြသည်။
သို့ရာတွင် ကျင့်ကြံသူအများစုက ကျင့်ကြံရန်သာသိကြပြီး ပြန်လည်မပေးကြတော့ပေ။
အချိန်ကြာလာသည်နှင့်အမျှ ဤလောက၏ဝိညာဉ်အခြေခံက သေချာပေါက်ငြင်းပယ်ကာ ခြောက်သွေ့လာခဲ့သည်။
၎င်းသည် များစွာသော ကျင့်ကြံရေလောကထဲတွင် ဖြစ်ပေါ်နေသည့် လက္ခဏာတစ်ခုဖြစ်ကာ လောက၏နောက်ဆုံးသောအခြေအနေတွင် ဓမ္မကုန်ဆုံးခြင်းလက္ခဏာများစွာရှိလာမည်ဖြစ်သည်။
ယခင်ဘဝတွင်ကျန်းချန်ရွှမ်ရှိခဲ့ဖူးသော ကမ္ဘာကဲ့သို့ပင်ဖြစ်သည်။
လူသားများသည် သယံဇာတများကို ထုတ်ယူကာ ပြန်မပေးကြသောကြောင့် ပတ်ဝန်းကျင်ကို အရည်အသွေးနိမ့်ကျစေပြီး အကျိုးဆက်ကို ရိတ်သိမ်းရမည်ဖြစ်သည်။
ကျင့်ကြံရေးလောကတွင် ကျင့်ကြံသူများက အသိဉာဏ်အရှိဆုံးသတ္တဝါများအနေဖြင့် သူတို့၏ အဟန့်အတားများကို ချိုးဖြတ်ရန် သဘာဝမှ ငှားထားရခြင်းဖြစ်သည်။
သို့ရာတွင် သဘာဝထံမှ အကျိုးအမြတ်များယူကာ သဘာဝကိုပြန်ပေးရန် မည်မျှအတွေးရှိခဲ့သည်နည်း?
မရှိသလောက်ဖြစ်ပေလိမ့်မည်၊ ဉာဏ်အလင်းမပွင့်သေးသောကျန်းချန်ရွှမ်အပါအဝင်ပင်ဖြစ်သည်။
ယခုမူ ဝိညာဉ်ချီမိုးများ ဆက်တိုက်ရွာသွန်းနေသည်ကိုကြည့်ကာ ကျန်းချန်ရွှမ်သည် နက်ရှိုင်းစွာနားလည်သွားခဲ့သည်။
သူသည် ရှန်းရူယန်ဘက်သို့လှည့်ကာ ပြောလိုက်သည်။
“ရူယန်၊ ဒါပြီးရင် ဒီလောကကြီးရဲ့ ဂုဏ်ကျက်သရေကို ပြန်ပေးဖို့ ကိုယ်လောကတစ်ခွင်ပတ်သွားပြီး မြေကြောတွေကို အမျိုးအစားခွဲ၊ ပျက်စီးနေတဲ့ ဝိညာဉ်အခြေခံဖွဲ့စည်းပုံတွေကို ပြုပြင်ပြီး သက်ရှိတွေကို ဉာဏ်အလင်းပွင့်စေပြီး တာအိုတရားဟောပြောဖို့စီစဉ်ထားတယ်။”
ကျန်းချန်ရွှမ်၏စကားကိုကြားလျှင် ရှန်းရူယန်သည်လည်း စိတ်လှုပ်ရှားသွားသည်။
သူမသည် သူ၏ယောက်ျားကိုကြည့်ကာ ပြုံးလိုက်ကာ ပြောလိုက်သည်။
“ကောင်းပါပြီ။ ကျွန်မလည်း ပါဝင်ပါ့မယ်။”
မကြာမီ ဖြစ်ပျက်ခဲ့သော အကြောင်းအရာများသည် အနှစ်သာရကိုးပါးကျင့်ကြံရေးလောကတွင်
ပျံ့နှံ့သွားခဲ့သည်။
........
အလယ်ပိုင်းလွင်ပြင်ဒေသတွင် မဟာလင်းအင်ပါယာနန်းတော်၏ လက်ရှိဧကရာဇ်က ဒေါသထွက်နေကာ သူ၏ရှေ့မှ မြင်မြင်သမျှအရာအားလုံးကို ရိုက်ခွဲပစ်နေသည်။
သူသည် အားလုံးကို ပြင်းထန်သောအကြည့်ဖြင့်ကြည့်ပြီး အော်လိုက်သည်။ “သူတို့ကဘယ်လိုလုပ်ရဲရတာလဲ? ဘယ်လိုလုပ်ရဲရတာလဲ?”
ခန်းမတစ်ခုလုံးတိတ်ဆိတ်နေသည်။
လူတိုင်း၏မျက်လုံးများက ကြောက်ရွံ့မှုဖြင့် ပြည့်နေသည်။
ထိုသတင်းသည် အလွန်ထိတ်လန့်စရာကောင်းပါသည်။
အဆုံး၌ အရှေ့ပိုင်းနှင့် နတ်ဆိုးမျိုးနွယ်အပါအဝင် ထိုနေရာတွင် ဝိညာဉ်ဖွဲ့စည်းခြင်းကျင့်ကြံသူများ ဆယ်ယောက်ကျော်ရှိသည်။
သို့သော် နောက်ဆုံး၌?
ထိုကဲ့သို့ ရှိန်လောက်သော အင်အားကို အနှစ်သာရကိုးပါးကျင့်ကြံရေးလောက၏တစ်လျောက်လုံးတွင် လုံးဝ အပြတ်ရှင်းခံလိုက်ရသည်။
မည်သို့ဖြစ်နိုင်မည်နည်း?
လူအများစုက ထိုသတင်းကိုကြားစဉ်တွင် သူတို့၏နားကို သူတို့မယုံနိုင်ဖြစ်နေကြသည်။
သူတို့သည် နားကြားမှားခြင်း သို့ ရောက်လာသည့်သတင်းကအမှားဖြစ်ခြင်းဟုသာထင်နေကြသည်။
မည်သူမှ ထိုသတင်းမျိုးအား အနှစ်သာရကိုးပါးကျင့်ကြံရေးလောကတစ်ခုလုံးရှိ အခြားအရေးကြီး ဒေသများသို့ ပျံနှံ့သွားရန် မလိုချင်ပါ။
သူတို့သည် ၎င်းက အမှန်ဖြစ်သည်ဟု သတိပြုမိနိုင်သည့်အထိဖြစ်သည်။
ထိုကိစ္စကို မည်သို့ရင်ဆိုင်ရပါမည်နည်း?
အလယ်ပိုင်းဒေသနှင့် အရှေ့ပိုင်း၏ အခြေခိုင်မာစေသော ရှောင်ထိုက်ရှန်းနှင့် အခြားသူများသည် အရေးကြီးသောကိုယ်စားလှယ်များဖြစ်သည်။
သူတို့အားဆုံးရှုံးရခြင်းသည် ထိုဒေသများ၏ နယ်ပယ်များအား ပြင်းထန်စွာလှုပ်ခတ်လာစေသည်။
အကယ်၍ ထိုအဆင့်တွင် ဤကဲ့သို့အခြေအနေမျိုးဖြစ်ပေါ်လာလျှင် မည်သို့လုပ်ရမည်နည်း?
သို့သော် ကျန်းချန်ရွှမ်နှင့် သူ၏အုပ်စုက မဟာလင်းအင်ပါယာနန်းတော်ကို တိုက်ခိုက်ပါမည်လား?
၎င်းသည် မဟာလင်းအင်ပါယာ၏ ဧကရာဇ်ကစိုးရိမ်နေသော အကြောင်းအရင်းဖြစ်ပေသည်။
သူ၏ဒေါသသည်သူ၏စိတ်နှလုံးထဲ၌ မဖော်ပြသောစိုးရိမ်မှုကို ဖုံးကွယ်ခြင်းပင်ဖြစ်သည်။
“အရှင်။”
ထိုအချိန်တွင် လူအုပ်ထဲက အကြီးအကဲက ရှေ့သို့ ခြေလှမ်းလာသည်။
သူသည် ဧကရာဇ်ကို ကြည့်ကာ ဖြည်းညှင်းလေးပင်သောအသံဖြင့် ကြည့်လိုက်သည်။
“အရှင် အခုရင်ဆိုင်ရမှာက အခုဖြစ်သွားတဲ့အရာမဟုတ်ပါဘူး၊ မဟာလင်းအင်ပါယာနန်းတော်နဲ့ အလယ်ပိုင်းလွင်ပြင်တစ်ခုလုံး နောက်ဘာလုပ်သင့်လဲဆိုတာကို ဆုံးဖြတ်ရမှာပါ။”
ထိုသူသည် ရှောင်ထိုက်ဝမ်ဟုခေါ်ပြီး မဟာလင်းအင်ပါယာ၏ အကြီးအကဲများထဲမှ တစ်ယောက် ဖြစ်ကာ တိုင်ကဲ့သို့ တည်ငြိမ်သောပုံရိပ်ရှိပေသည်။
သူ၏သတိပေးချက်ကြောင့် ဧကရာဇ်က အသိပြန်ဝင်လာသည်။
သူသည် ရှောင်ထိုက်ဝမ်ကိုကြည့်ကာ ကျေးဇူးတင်လျှက် ခေါင်းညိတ်လိုက်သည်။
“အကြီးအကဲရဲ့ ညွှန်ပြမှုက မှန်ပါတယ်။ တကယ်ပဲ ကျုပ်တို့ ဖြစ်နိုင်ချေရှိတဲ့ တိုးတက်မှုတွေကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာဆုံးဖြတ်ရမယ်။”
သူ၏ပုံမှန်ကျက်သရေကို ပြန်ရပြီး ဧကရာဇ်၏အကြည့်သည် ရှိနေသောသူများအားကြည့်လိုက်ကာ ဆက်ပြောသည်။
“ဆွေးနွေးကြတာပေါ့၊ မဟာလင်းအင်ပါယာနန်းတော်နဲ့ အလယ်ပိုင်းလွင်ပြင်တစ်ခုလုံး ဒီအခြေကို တုံ့ပြန်ဖို့ ဘာဆက်လုပ်ကြမလဲ?”
***