← Chapters

လျှပ်တစ်ပြက်အတွင်း နှစ်ပေါင်း ၆၀၀ ကုန်ဆုံးသွားခြင်း၊ ရှန်းယွမ်လုံ သေဆုံးခြင်း

Vol. 35 Ch. 671

လျှပ်တစ်ပြက်အတွင်း နှစ်ပေါင်း ၆၀၀ ကုန်ဆုံးသွားခြင်း၊ ရှန်းယွမ်လုံ သေဆုံးခြင်း

Vol. 35 Ch. 671

အချိန်က ဆက်လက်၍ ကုန်လွန်နေခဲ့သည်။

ယခင်က ကြီးမားသောတိုက်ပွဲအပြီး နှစ်ပေါင်းသုံးရာကုန်လွန်သွားခဲ့သည်။

ထိုနှစ်သုံးရာအတွင်း မြောက်ပိုင်းနယ်နိမိတ်၏တိုးတက်မှုသည် ပြောစမှတ်တွင်ဖွယ်ဖြစ်သည်။

အထူးသဖြင့်မှတ်သားထားနိုင်သည်မှာ ကျန်းမိသားစုမှတည်ထောင်ခဲ့သော တာအိုကျောင်းက မြောက်ပိုင်းနယ်နိမိတ်တစ်ခုလုံးတွင် ပြန့်နှံ့နေပြီဖြစ်သည်။

ထိုချဲ့ထွင်ခြင်းနှင့် အတူ ကျောင်းတည်ထောင်သည့် သက်ဆိုင်သည့်စည်းမျဉ်းအား အကောင်အထည်ဖော်ခြင်းပင်ဖြစ်သည်။

မြောက်ပိုင်းနယ်နိမိတ်တစ်ခွင်လုံး၏ ကျင့်ကြံခြင်းပတ်ဝန်းကျင်သည် ထိုလွှမ်းမိုးမှုအောက်တွင် ငြိမ်းချမ်းနေခဲ့သည်။

အနည်းဆုံး သက်ဆိုင်သည့်နေရာတွင် ရတနာများအတွက် လူသတ်ခြင်းနှင့် ဓားမြတိုက်ခြင်းတို့က ယခင်က ကိစ္စများဖြစ်သွားခဲ့သည်။

အခြားတစ်ချက်မှာ လွန်ခဲ့သောနှစ်ပေါင်းသုံးဆယ်က ကျန်းအန်းရန်သည် တာအိုကျောင်းအုပ်အဖြစ်မှ ဆင်းကာ ကျင့်ကြံခြင်းကို အာရုံစိုက်ခဲ့သည်။

သူမ၏ အမွေဆက်ခံသူမှာ ဟွမ်းလင်းအာဖြစ်ပြီး ကျောင်းတွင် ရေပန်းအစားဆုံးဆရာဖြစ်လာခဲ့သည်။

သူမသည် ကျောင်းသားများမှ အနှစ်သက်ဆုံးဖြစ်ကာ သင်ကြားခြင်းတွင် အကောင်းဆုံးဖြစ်ပေသည်။

သူမသည် သူမ၏ကျင့်ကြံခြင်းလမ်းကို စစ်မှန်စွာနားလည်သွားခဲ့သည်။

လွန်ခဲ့သောနှစ်ပေါင်း ငါးဆယ်ခန့်က သူမသည် အောင်မြင်စွာဖြင့် ကောင်းကင်အတိဒုက္ခကို ဖြတ်ကျော်ကာ အခြေတည်ဝိညာဉ်အဆင့်ကို ရောက်ရှိခဲ့သည်။

၎င်းသည် ယခင်က မည်သူမှ ကြိုမမြင်ခဲ့ပါ။

တာအိုကျောင်းတည်ထောင်ခြင်းမပြုမှီက ဟွမ်လင်းအာ၏ကျင့်ကြံခြင်းပင်ကိုယ်စွမ်းရည်က အကောင်းဆုံးအဖြစ် သတ်မှတ်နိုင်ခြင်းမရှိပါ။

ကန့်သတ်ထားသောတိုက်ပွဲအတွေ့အကြုံနှင့်အတူ ကျီဖုအဆင့်၏အထွတ်အထိပ်သည် သူမ၏ကန့်သတ်ချက်ဖြစ်ခဲ့သည်။

ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည်ပင် ထိုရလဒ်အတွက် ပြင်ဆင်ထားခဲ့သည်။

မမျှော်လင့်ထားပဲ သူမသည် ကျောင်းတွင်စတင်၍ သင်ကြားခဲ့ပြီးနောက်၊ သူမ၏ကျင့်ကြံဆင့်သည် စတင်၍ တစ်ရက်ပြီးတစ်ရက် ပြောင်းလဲလာခဲ့သည်။

သူမသည် ရွေရောင်အမြုတေကို အောင်မြင်စွာဖွဲ့စည်းနိုင်ခဲ့ပြီး အခြေတည်ဝိညာဉ်အဆင့်ထိ တိုးတက်နိုင်ခဲ့သည်။

ထိုပြောင်းလဲမှုက တကယ်ပင်ပြောစမှတ်တွင်ပေသည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ယုံကြည်ချက်ရှိသည်မှာ ထိုအတိုင်းဆိုလျှင် ဟွမ်းလင်းအာ၏ ဖြစ်နိုင်ချေက ဝိညာဉ်ဖွဲ့စည်ခြင်းအဆင့်သို့ အနာဂတ်တွင် ရောက်လာနိုင်ပြီး သူတို့၏ တပည့်ကျန်းအန်းရန်ကို ကျော်လွန်သွားနိုင်သည်။

......

ထိုအချိန်တွင်၊

မဟာချန်းချွမ်မြစ်ဟု ခေါ်သည့်နေရာတွင်၊

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ရေပြင်၏တလက်လက်တောက်ပနေသည့် မျက်နှာပြင်ပေါ်တွင် တစ်လှမ်းချင်းလျှောက်သွားနေခဲ့သည်။

ကျန်းချန်ရွှမ်က ပြောသည်။

“မိန်းမ၊ ဒီနေရာမှာ ဝိညာဉ်ချီစီးဆင်းပုံအရ တောင်ပိုင်းကနေအစပြုလာပြီး အနောက်မြောက်မှာ အဆုံးသတ်သွားပုံရတယ်။

အကယ်၍ ကိုယ်တို့ ထိန်းသိမ်းချင်တယ်ဆိုရင် ဒီမှာ နှစ်နှစ်ဆယ်လောက်ကြာသွားနိုင်တယ်။”

ရှန်းရူယန်က သူမ၏ယောက်ျားအားပြုံးကာ ခေါင်းညိတ်ပြလျက်ပြောလိုက်သည်။

“ဒီလိုဆိုရင်၊ ဒီမှာနှစ်နှစ်ဆယ်လောက်နေကြတာပေါ့။”

.........

လွန်ခဲ့သောနှစ်ပေါင်းသုံးရာနီးပါးတွင် ကျန်းချန်ရွှမ်သည် အစကပြောသကဲ့သို့ တကယ်ပင်လုပ်ခဲ့ပြီး ရှန်းရူယန်နှင့်အတူ အနှစ်သာရကိုးပါးကျင့်ကြံရေးလောကတစ်ခုလုံးကို ဖြတ်သန်းသွားလာကာ ခရီးပြုခဲ့သည်။

သူတို့သည် ဤလောက၏ မြေကြောကို ညှိပေးခဲ့ပြီး၊ ရေလမ်းကြောင်းများရှင်းလင်းကာ ပျက်စီးနေသည့် ဝိညာဉ်သွေးကြောများကို ပြန်ပြင်ပေးခဲ့သည်။

ယခုအချိန်ထိ သူတို့ ဖွင့်ပေးခဲ့သော မြေကြောများ၊ ရေလမ်းများနှင့် ဝိညာဉ်ကြောများသည် ဒါဇင်ပေါင်းများစွာ ရှိလာခဲ့သည်။

နှစ်ဦးစလုံးသည် သူတို့၏ကြိုးစားအားထုတ်မှုဖြင့် ဤလောက၏ဖြတ်လတ်ခြင်းကအနည်းငယ် ပြန်လည်၍ အသက်ဝင်လာသည်ကိုအာရုံခံမိကြသည်။

မရှင်းလင်းစွာပင်၊ ထိုနေရာတွင် မမြင်နိုင်သော ကံကြမ္မာက တိတ်ဆိတ်စွာဖြင့် သူတို့၏ခန္ဓာကိုယ်တွင် ပေါင်းစပ်သွားပြီး သူတို့လုပ်သော အရာအားလုံးကို ပို၍ သက်ရောက်မှုရှိစေသည်။

သူတို့၏ကျင့်ကြံခြင်းအဆင့်သည်ပင် များစွာတိုးတက်လာပြီး ဝိညာဉ်ဖွဲ့စည်းခြင်း၏ စတုထ္ထနှင့် ပဉ္စမအဆင့်သို့ ထိုးဖောက်နိုင်ခဲ့သည်။

အချိန်များကုန်လွန်သွားသည်နှင့် နှစ်ပေါင်းသုံးရာနောက်ပိုင်းတွင် မြောက်ပိုင်းနယ်နိမိတ်နှင့် အနောက်ပိုင်းသဲကန္တာရတို့၏ မြေနှင့် ဝိညာဉ်ကြောများနှင့် ရေလမ်းများကို ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မှ ပြန်လည်ပြင်ဆင်ခဲ့ကြလေသည်။

ထိုအချိန်တွင် သူတို့ပင်မကဘဲ များစွာသော အနှစ်သာရကိုးပါးကျင့်ကြံရေးလောကရှိ အဆင့်မြင့် ကျင့်ကြံသူများက ပတ်ဝန်းကျင်ရှိ လောက၏ဖြတ်လတ်မှုနှင့် ဝိညာဉ်ချီတို့ အသစ်ဖြစ်ပေါ်လာမှုတို့အား အာရုံခံလိုက်မိသည်။

ထိုအစီအစဉ်တစ်လျှောက်လုံးတွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်၏ကျင့်ကြံခြင်းနှင့် စွမ်းအားကထပ်မံ၍ ထိုးဖောက်နိုင်ခဲ့ပြီး ဝိညာဉ်ဖွဲ့စည်းခြင်း၏ ပဉ္စမနှင့် ဆဠမအဆင့်ကို ရောက်ရှိလာခဲ့ကြပေသည်။

ထို့အပြင်၊ ကျန်းချန်ရွှမ်၏ ယင်ယန်ရေနတ်ဘုရားကျောက်စိမ်းက မဟာချန်းချွမ်မြစ်၏ ရေလမ်းကို ပြန်လည်ပြုပြင်စဉ်က ရေလမ်း၏မူလတုံ့ပြန်မှုကိုရရှိပြီး သန့်စင်သောယန်စစ်မှန်ရတနာအဆင့်သို့ တိုးတက်သွားစေသည်။

ယခုမူ ကျန်းချန်ရွှမ်၏ ထာဝရလောင်မြိုက်နေမီးဖိုကိုပင် သန့်စင်သောယန်စစ်မှန်ရတနာအဖြစ် တိုးမြင့်ရန်သာ ကျန်ရှိတော့သည်။

သို့ရာတွင် ထိုအချိန်၌ သူတို့ထံသို့ သတင်းဆိုးတစ်ခုရောက်လာခဲ့သည်။

သူတို့၏ပဉ္စမမြောက်ဘိုးဘေး ရှန်းယွမ်လုံက သူ၏ သက်တမ်းကုန်ခါနီးအချိန်သို့ ရောက်နေပြီဖြစ်သည်။

ကျန်းချန်ရွှမ်သည် ချက်ခြင်းပင် ကောင်းကင်တွက်ချက်ခြင်းနည်းစနစ်ကို သုံးကာ ထိုကိစ္စအား တွက်ချက်ရန်သုံးလိုက်ပြီးနောက် ၎င်းသည် ပြောင်းလဲ၍ မရသောကံကြမ္မာဖြစ်ကြောင်းကို သိလိုက်ရသည်။ အကြောင်းမှာ ရှန်းယွမ်လုံက သူ၏ရှေ့နှစ်များတွင် သက်ရှည်ဝိညာဉ်ပစ္စည်းများကို သုံးကြိမ်သုံးခဲ့သောကြောင့်ဖြစ်သည်။

ထိုပစ္စည်းများကို သုံးခြင်းမှလွဲ၍သူ၏ကျင့်ကြံခြင်းက ထိုးဖောက်မှုများမပြုလုပ်နိုင်ခဲ့သဖြင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၌ရှိသော ကောင်းကင်သက်ရှည်မက်မွန်သီးသည်ပင် သူ့၌ အသုံးမဝင်တော့ပါ။

“သွားကြတာပေါ့။ မိန်းမ၊ ကျုပ်တို့ ပဉ္စမမြောက်ဘိုးဘေးကို နောက်ဆုံးအကြိမ်သွားတွေ့ရမယ်။” ကျန်းချန်ရွှမ်က သက်ပြင်းချလိုက်သည်။

ထိုအချိန်တွင် သူတို့လုပ်နိုင်သည်မှာ ရှန်းယွမ်လုံအား နောက်ဆုံးခရီးတွင် လိုက်ပို့ရန်သာဖြစ်သည်။

ရှန်းရူယန်က ဝမ်းနည်းစွာခေါင်းညိတ်လိုက်သည်။

ထိုစုံတွဲသည် ချက်ခြင်းပင်၊ နေရာလပ်များကို ကျော်ဖြတ်ကာ ရှန်းမိသားစုထံသို့ အချိန်တိုအတွင်း ရောက်သွားခဲ့သည်။

.....

ထိုအချိန်တွင်၊

ရှန်းမိသားစုတစ်ခုလုံးက အလွန်အလုပ်များနေသည်။

မိသားစု၏အကြီးအကဲဖြစ်ကာ ရှန်းရူယန်၏တစ်ဦးတည်သောစီနီယာဖြစ်သူ ရှန်းယွမ်လုံက ရှန်းမိသားစုအတွက် အစားထိုးမရနိုင်သည့် တည်ရှိမှုမျိုးဖြစ်သည်။

ယခုမူ သူသည် သူ၏သက်တမ်းကုန်ဆုံးလုနီးပါးဖြစ်နေချိန်တွင် ရှန်းမိသားစုအတွက် အရေးအကြီးဆုံးကိစ္စ ဖြစ်နေခြင်းမှာ သံသယဖြစ်ဖွယ်မရှိပါ။

ရှန်းမိသားစုဝင်များအားလုံး နားလည်ကြသည်။

ရှင်းယွမ်လုံသေဆုံးသွားသည်နှင့် ရှန်းမိသားစု ရှန်းရူယန်နှင့် ကျန်းချန်ရွှမ်တို့က ပြတ်သားစွာ ဆက်ဆံရေး ပြတ်သွားမည်ဖြစ်သည်။

ရှန်းရူယန်၏ အစ်ကို ရှန်းတောက်မင်ရှိသေးသော်လည်း၊ များစွာသောကိစ္စများနှင့် ပြသနာများအရ ရှန်းယွမ်လုံက ရှန်းရူယန်နှင့် ကျန်းချန်ရွှမ်အား တိုက်ရိုက်စကားပြောနိုင်ပြီး ရှန်းတောက်မင်မှာ မရပါ။

ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်သည် ရှန်းယွမ်လုံ၏ဂူသို့ရောက်လာခဲ့သည်။

ထိုအချိန်တွင် သူတို့သည် ရှန်းမိသားစုမှ မည်သူကိုမှ အကြောင်းမကြားခဲ့ပေ။

လက်ရှိကျင့်ကြံရေးနှင့် စွမ်းအားဖြင့် ရှန်းမိသားစုဝင်များ မသိအောင်သွားခြင်းမှာ အလွန်လွယ်ကူပါသည်။

အခန်းထဲတွင်၊ ရှန်းယွမ်လုံသာရှိပြီး ကုတင်ပေါ်တွင်လဲနေကာ သူ၏ဘေးတွင် ရှန်းတောက်မင်က ရှိနေသည်။

ရှန်းယွမ်လုံသည် ရွှေအမြုတေကျင့်ကြံသူတစ်ဦး၏ အပြုအမူမရှိတော့သည်မှာ သိသာပါသည်။

သူသည် သေမျိုးလောကမှ လူအိုတစ်ဦးကဲ့သို့ဖြစ်နေသည်။

သူ၏ဆံပင်များသည်ဖြူနေပြီး သူ၏မျက်နှာသည် အရေးအကြောင်းများရှိကာ သူ၏အသက်စွမ်းအား က တဖြည်းဖြည်းချင်း ပျောက်ကွယ်နေလေသည်။

ထိုအချိန်တွင်၊

အခန်းထဲမှ လူနှစ်ဦးက တစ်ခုခုကိုအာရုံခံမိပြီး သူတို့ခေါင်းများလည့်လာကြသည်။

“ကျန်းချွှမ်၊ ရူယန်” ရှန်းတောက်မင်သည် မနေနိုင်ဘဲ ပြောလိုက်သည်။

“အင်း အစ်ကို။” ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်နှစ်ဦးစလုံးက ရှန်းတောက်မင်ကို ခေါင်းညိတ်ပြလိုက်ကာ နှုတ်ဆက်လိုက်သည်။

ပြီးနောက်၊ သူတို့သည် ရှေ့သို့တိုးကာ ရှန်းယွမ်လုံ၏ ကုတင်ဘေးနားသို့သွားလိုက်ပြီး သူ့အား အချိန်အတော်ကြာ ဘာမှမပြောဘဲ ကြည့်နေခဲ့သည်။

ထိုအချိန်တွင် ရှန်းယွမ်လုံက ရှင်းလင်းစွာပင် စကားတစ်လုံးမှ မပြောနိုင်ပေ။ သူသည် သူ၏မျက်လုံးကိုသာ သုံးကာ သူတို့နှစ်ဦးအား ငေးကြည့်နေနိုင်သည်။

ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့သည်လည်း ဘာပြောရမည်ကိုမသိပါ။

“ကျွန်မတို့ရောက်ပြီ။ ဟူသောစကားသာပြောကာ သူတို့သည် လက်ကို ဆန့်ကာ ရှန်းယွမ်လုံး၏ ခြောက်သွေ့ကာ အိုမင်းနေသည့် လက်များကို ကိုင်ထားလေသည်။

.....

ထိုအတိုင်းပင်၊

အချိန်တစ်ချို့ကြာပြီးနောက်။

ရှန်းယွမ်လုံသည် စကားမပြောနိုင်ဘဲ အိပ်ယာပေါ်တွင်သာ လဲနေခဲ့ပြီး ရုတ်တရက် ထထိုင်လာသည်။

အရေးအကြောင်းများနှင့်ပြည့်နေသော သူ၏မျက်နှာသည် သွေးတစ်ချို့လွှမ်းလာပုံရှိပြီး သူ၏ဝိညာဉ်ချီနှင့် အဆီအနှစ်များက ထိုအချိန်တွင် အထွတ်အထိပ်သို့ရောက်သွားသည်။

ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့်ရှန်းတောက်မင်တို့က ရှန်းယွမ်လုံအား ထိုအခြေအနေတွင် မြင်ရလျှင် သူတို့၏နှလုံးသားထဲတွင် လေးပင်သွားကြသည်။

၎င်းသည် ရှန်းယွမ်လုံ၏ နောက်ဆုံးသော စွမ်းအားဖြစ်နိုင်ကြောင်းသူတို့သိကြပြီး ဖယောင်းတိုင်မီး၏ နောက်ဆုံးမီးတောက်ဖြစ်သည်။

သူသည် ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့ဖက်သို့လှည့်လိုက်ပြီး ဖျော့ဖျော့ပြုံးကာ စတင်၍ ပြောတော့သည်။

“ချန်ရွှမ်၊ ရူယန် ကျုပ်ရဲ့နောက်ဆုံးနေ့ရက်တွေမှာ မင်းတို့နှစ်ယောက်ကို တွေ့ရဦးမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။အခု ကျုပ်မှာ နောင်တမရှိတော့ပါဘူး။ မင်းတို့အရမ်းဝမ်းနည်းမနေပါနဲ့။

အမှန်က ကျုပ်ထင်ထားတဲ့သက်တမ်းထပ် နှစ်အများကြီးပိုနေခဲ့ရပါတယ်။

အရင်နေ့ရက်တွေတုန်းက ဘယ်သူတွေးမိမှာလဲ လူအိုတစ်ယောက်က ရွှေအမြုတေအဆင့်ကို ကျင့်ကြံနိုင်ခဲ့တယ်လို့။

ဟားဟား။

ဒါကြောင့် ကျုပ်တကယ်ကို ကျေနပ်တယ်။

ကျုပ်ရဲ့ဆန္ဒတစ်ခုက မင်းတို့ အထက်နယ်ပယ်ကို တက်သွားရင်၊ ကျုပ်အစား အဲ့ဒီက ရှုခင်းတွေကို ကြည့်ခဲ့ပေးပါ။

ဒါကလွဲပြီး ကျုပ်မှာ အခြားဆန္ဒမရှိတော့ပါဘူး။”

ထို့သို့ပြောကာ ရှန်းယွမ်လုံက ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့၏လက်ကို ဆွဲလိုက်ပြီး အတူတူ ထားလိုက်ကာ ပုတ်လိုက်သည်။

နောက်ဆုံးတွင် သူသည်ရှန်းတောက်မင်ထံသို့လှည့်ကာ ပြုံး၍ ပြောလိုက်သည်။

“တောက်မင်၊ ငါသေသွားပြီးရင် မိသားစုက မင်းအပေါ်မူတည်သွားပြီနော်။

ဒါပေမဲ့ မင်းအရမ်းစိတ်ပူစရာမလိုပါဘူး၊ ကလေးတွေနဲ့ မြေးတွေက သူတို့ကောင်းချီးနဲ့သူတို့ရှိပြီးသားပါ။ အနာဂတ်မှာရှန်းမိသားစုက ဘယ်လောက်ဝေးဝေးသွားနိုင်မလဲဆိုတာ သူတို့ကိုဆုံးဖြတ်စေလိုက်ပါ။”

ထိူစကားများကိုပြောပြီးနောက်၊ ရှန်းယွမ်လုံသည် မျက်လုံးတဖြည်းဖြည်းပိတ်သွားကာ အပြုံးဖြင့် သေဆုံးသွားတော့သည်။

အစမှအဆုံးအထိ သူသည် ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့အား ရှန်းမိသားစုအား ကူညီရန်မပြောခဲ့ပါ။

သူသည် သူတို့၏လက်ရှိကျင့်ကြံဆင့်နှင့် စွမ်းအားများနှင့် သူတို့၏ရှုထောင့်သည် မိသားစုတစ်ခု သို့ နေရာတစ်ခုလောက်သေးငယ်သောအရာများတွင် အာရုံစိုက်ခြင်းမရှိကြောင်းကို သိသည်။

တစ်ခါတစ်ရံ၌ တစ်ချို့အရာများအား သူတို့ကို မပြောခြင်းက ပြောခြင်းထပ် သာ၍ ကောင်းပါသည်။

ထိုအစား သူ၏ဘဝအခြေအနေတွင် သူသည် လက်မလွတ်နိုင်သည့်အရာ မည်သို့ရှိတော့မည်နည်း?

ရက်များစွာအကြာ ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့က ရှန်းမိသားစုထဲ၌ နေခဲ့သည်။

သူတို့သည် နှစ်ဝက်နီးပါးနေထိုင်ခဲ့ပြီး တစ်ဝက်က ဝမ်းနည်းပူဆွေးကာ တစ်ဝက်က အတိတ်ကို ပြန်လည်သတိရနေခဲ့သည်။

အဆုံး၌ အခြေအနေများအရ ရှန်းမိသားစုထဲဆက်လက်၍ အချိန်ကြာနေရန်နှင့် အနာဂတ်တွင် လာလည်ဖို့ရန် ခက်ခဲတော့မည်ဖြစ်သည်။

ရှန်းတောက်မင်ကလည်း ၎င်းကို နားလည်ပါသည်။

ထို့ကြောင့် ထို ၆လအတွင်း သူ၏ညီမနှင့် ယောက်ဖတို့တည်းခိုသည့် ခြံဝင်းလေးသို့ လာရောက်လည်ပတ်ကာ အချိန်အတူကုန်ဆုံးတတ်သည်။

သို့ရာတွင် တစ်နေ့၌ ရှန်းတောက်မင်က ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့နေထိုင်သော တောင်ထိပ်သို့ ရောက်စဉ်တွင် သူတို့၏ဘေး၌ အခြားလူနှစ်ယောက်ကို တွေ့ခဲ့ရခြင်းကြောင့် အံ့ဩသွားခဲ့လေသည်။

***

All Chapters