တောင်ပိုင်းကန္တာရမှ အပြောင်းအလဲများ၊ ကြီးမားသောအန္တရာယ်၏ ကြိုတင်နိမိတ်
Vol. 35 Ch. 672
ရှန်းတောက်မင်သည် ရွှေအမြုတေအဆင့်ကျင့်ကြံသူအနေဖြင့် ထိုပုံရိပ်နှစ်ခုအား ရင်းနှီးပါသည်။
သူတို့သည် ဓားဖုံးနန်းတော်မှ ကောင်းကင်သခင်ရွှမ်းယန်နှင့် အနောက်သဲကန္တာရရှိ ကန့်သတ်မဲ့ဂိုဏ်းမှ တုန်းဖန်ထျန်းရှင်းတို့ဖြစ်သည်။
ထိုအချိန်တွင် ထိုနှစ်ဦး၏ အမူအရာက ကျန်းချန်ရွှမ်၊ ရှန်းရူယန်တို့နှင့် အတူ လေးနက်သော အမူအရာများ ဖြစ်နေကြသည်။
ရှန်းတောက်မင်ကို တွေ့သောအခါ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ခေါင်းညိတ်ပြလိုက်သည်။
ရှန်းရူယန်က ပြောလိုက်သည်။ “အစ်ကို၊ ကိစ္စတစ်ခုရှိလာတယ်။ ဒီနေ့ပဲ ကျွန်မယောက်ျားနဲ့ကျွန်မ ဒီနေရာကနေထွက်သွားရမယ်။”
“ဟမ်”
ရှန်းတောက်မင်က သူမ၏ရုတ်တရက် ကြေညာချက်ကြောင့် နောက်ဆုတ်သွားခဲ့ပြီး သူ၏ညီမနှင့် ယောက်ဖကိုပင် ထိုသို့သောအမူအရာဖြစ်နေစေသည်မှာ မည်သည့်ကိစ္စမျိုးဖြစ်နိုင်ကြောင်း စိတ်ရှုပ်နေခဲ့သည်။
သို့သော်၊ သူသည် သူလက်လှမ်းမီနိုင်သောကိစ္စဖြစ်နိုင်ကြောင်းကိုလည်းနားလည်ပါသည်။
အကယ်၍ အရေးကြီးလျှင် သူတို့သည် သူ့အားထိန်ချန်ထားမည်မဟုတ်ပေ။
ထိုအတွေးဖြင့် သူသည် နားလည်စွာ ခေါင်းညိတ်လိုက်သည်။
“အကယ်၍ တစ်ခုခုအရေးကြီးတဲ့ကိစ္စရှိရင်၊ သွားပါ။ အချိန်ရှိရင်တော့၊ အချိန်မရွေးပြန်လာလည်လို့ရပါတယ်။” ရှန်းတောက်မင်က ပြောလိုက်သည်။
“ကောင်းပါပြီ။”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်က ခေါင်းညိတ်လိုက်သည်။
ပြီးနောက် အချိန်မဆွဲတော့ဘဲ၊ သူတို့သည် ကောင်းကင်သခင်ရွှမ်းယန်၊ တုန်းဖန်ထျန်းရှင်းတို့နှင့် အတူ ရှန်းမိသားစုမှ ထွက်ခွာလာခဲ့သည်။
ကျန်းချန်ရွှမ်က မေးလိုက်သည်။ “တာအိုရောင်းရင်းတုန်းဖန်နဲ့ စီနီယာရွှမ်ယန်၊ ခင်ဗျားတို့ခုနကပြောတဲ့ တောင်ပိုင်းကန္တာရမှာ နတ်ဆိုးတွေအများအပြားပရမ်းပတာဖြစ်နေတဲ့ကိစ္စက၊ တကယ်အတိအကျက ဘာဖြစ်တာဘဲ? အဲ့မှာရှိတဲ့ကျုပ်တို့ရဲ့လူတွေကကော? အခုထိ သူတို့ဆီက ဘာသတင်းမှ မရရတာလဲ?”
ယခုပင် ကောင်းကင်သခင်ရွှမ်းယန်နှင့် တုန်းဖန်ထျန်းရှင်းတို့က ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား သတင်းတစ်ခုကို ယူဆောင်လာခဲ့သည်။
တောင်ပိုင်းတွင် များပြားသောနတ်ဆိုးများ ပေါ်လာကာ တိုက်ခိုက်နေကြသည်။
လွန်ခဲ့သောနှစ်ပေါင်း ၆၀၀မှ တိုက်ပွဲအပြီးတွင် အရှေ့ပိုင်းနှင့် အလယ်ပိုင်းတို့သည် သူတို့၏အင်အား အများစုကို တောင်ပိုင်းကန္တာရမှ တပ်ဆုတ်သွားခဲ့ပြီး မြောက်ပိုင်းနယ်နိမိတ်နှင့် အနောက်ပိုင်းသဲကန္တာရ တို့သည် ဖရိုဖရဲအခြေအနေအား ထိန်းညှိရန်အတွက်နှင့် ဗျူဟာအရလိုအပ်ချက်များအတွက် အချို့လူများကိုလွတ်ကာ နေရာချထားခဲ့သည်။
သို့ရာတွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ထိုအရေးပါသော နတ်ဆိုးများအုံကြွလာသည့် သတင်းက နောက်ကျနေသည်ကို ပဟေဠိဖြစ်နေခဲ့ကြသည်။
ပို၍ ဆန်းကြယ်သည်မှာ သူတို့ကိုယ်တိုင်သည်ပင် ထိုကိစ္စအား ကြိုတင်၍ အာရုံခံနိုင်ခြင်း၊ မြင်နိုင်ခြင်းမရှိခဲ့ခြင်းပင် ဖြစ်သည်။
၎င်းသည် အလွန်ပြသနာရှိပါသည်။
ထို့နောက်တွင် တုန်းဖန်ထျန်းရှင်းကပြောလိုက်သည်။
“ဒါက တစ်ယောက်ယောက်ရည်ရွယ်ချက်ရှိရှိနဲ့ ကောင်းကင်ရဲ့လျို့ဝှက်ချက်ကို ပိတ်ထားတာဖြစ်ရမယ်။ ကျုပ်တို့လူတွေရဲ့ ကြိုတင်မှန်းဆမှုကိုတောင် ရှုပ်ထွေးစေခဲ့တာကြောင့် သူတို့က အစကအဆုံးထိ သတိမပြုမိလိုက်တာ။
ကျုပ်မိန်းမ မုရုံရှန်းက တောင်ပိုင်းကန္တာရကို မကြာခနသွားလည်တာကြောင့် မဟုတ်ရင် ကျုပ်တို့က အဲ့ဒီမှာဖြစ်နေရာအရာကိုတောင် မသိရပဲ ရှိနေဦးမှာ။”
ထို့နောက် တုန်းဖန်ထျန်းရှင်း၏အမူအရာကလေးနက်သွားသည်။
သူကဆက်ပြောသည်။
“ဒါက ကျုပ်တို့အရင်တစ်ခေါက်အကြံအစည်က အနှစ်သာရကိုးပါးကျင့်ကြံရေးလောကထဲမှာ ပုန်းကွယ်နေတဲ့သူတွေ မကုန်သွားဘူးလို့ဆိုလိုနေတာပဲ။
ပြီးတော့ အရေးအကြီးဆုံးအချက်က ကျုပ်တို့စုံစမ်းစစ်ဆေးမှုအရ၊ အဲ့ဒီနတ်ဆိုးတွေက တောင်ပိုင်းကန္တာရက ကျင့်ကြံသူတွေကိုပဲပစ်မှတ်ထားတာမဟုတ်ပဲ အရှေ့ပိုင်းနဲ့အလယ်ပိုင်းတွေကိုပါ ပစ်မှတ်ထားနေတာ။”
ထိုပြောပြချက်က ချက်ခြင်းပင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏မျက်လုံးများအား ကျဉ်းမြောင်းသွားစေသည်။
ရှန်းရူယန်ကမေးလိုက်သည်။
“ဒါဆို အရှေ့ပိုင်းနှင့် အလယ်ပိုင်းလွင်ပြင်မှ လူတွေကကော လှုပ်ရှားမှုရှိလား?
သူတို့ဘယ်မှာလဲ? သူတို့လူတွေရဲ့ တုံ့ပြန်မှုကကော ဘယ်လိုလဲ?”
“ဒါကလည်း ကျုပ်အခုလောလောဆယ် ပဟေဠိဖြစ်နေတဲ့အရာပဲ။ ဒါက ကျုပ်နဲ့ တာအိုရောင်းရင်းရွှမ်းယန်တို့ ခင်ဗျားတို့ကိုလာရှာရတဲ့အကြောင်းအရင်းပဲ။”
တုန်းဖန်ထျန်းရှင်းက မျက်မှောင်ကုပ်လိုက်သည်။ သူသည် ရှုပ်ထွေးနေပုံပေါက်သည်။
သူကထပ်မံ၍ ပြောလိုက်သည်။ “အဲ့ဒီအရှေ့ပိုင်းနဲ့ အလယ်ပိုင်းကလူတွေက တုံ့ပြန်မှုမရှိကြဘူး။
ပြီးတော့လှုပ်ရှားမှုမရှိဘူး။ လုံးဝကိုမရှိတာ။
အဲ့ဒီလူတွေကနတ်ဆိုးတွေ သူတို့အသက်ကိုချိန်းခြောက်နေတာတောင် ခုခံမှု ကြောက်ရွံ့မှုမရှိဘဲ သူတို့အသက်ကို ယူသွားခွင့်ပေးပြီး ဝိညာဉ်တွေကိုလွမ်းမိုးခွင့်ပေးနေတာ။ လုံးဝ သူတို့ဘက်ကို ပြောင်းလဲသွားတာ။””
“ဘာ?”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်နှစ်ဦးစလုံး အံ့အားသင့်နေကြသည်။
သူတို့သည် နားမလည်နိုင်ကြပေ။ သူတို့၏အသက်ကို ယူလိုသော အုပ်စုနှင့် ရင်ဆိုင်ရသည့်အချိန်တွင် ကြောက်ရွံခြင်းမရှိသည်က တစ်ခုဖြစ်သော်လည်း ခုခံမှုမရှိခြင်းက အခြားတစ်ခုဖြစ်သည်။ ထိုနတ်ဆိုးများကို သူတို့၏အသက်များကို ယူသွားစေကာ စိတ်ဝိညာဉ်ကို လွမ်းမိုးခွင့်ပေးပြီး သူတို့ဘက်သို့ပြောင်းလဲသွားခွင့်ပေးသည်ကို နားမလည်နိုင်ကြပေ။
ထိုအခြေအနေမျိုးတွင် နှစ်ဖက်စလုံးမှ ကျင့်ကြံသူများက စိတ်ဝင်စားမှုကို မပြသည်က အလွန်သံသယဝင်စရာကောင်းပါသည်။
ထိုသူများက ကြောက်ရွံ့ရမည်ကို မသိနိုင်တော့သရွေ့ဖြစ်သည်။
သို့မဟုတ် ဖြစ်နိုင်သည်မှာ ထိုလူများသည် သူတို့၏ကိုယ်ပိုင်အာရုံခံစားမှုကို ပျောက်ဆုံးသွားပြီးဖြစ်နိုင်ပေသည်။
မဟုတ်လျှင် အရှေ့ပိုင်းနှင့် အလယ်ပိုင်းလွင်ပြင်တို့၏ တုံ့ပြန်မှုများကို ရှင်းပြနိုင်ရန် ခက်ခဲပါသည်။
“ဒီလူတွေကို ဒီကိစ္စတွေမဖြစ်ခင်ကတည်းက နောက်ကွယ်ကလူက ထိန်းချုပ်ထားပြီးတာ ဖြစ်နိုင်လား?”
ထိုအချိန်တွင် ကောင်းကင်သခင်ရွှမ်းယန်က မျက်မှောင်ကုပ်ကာ ပြောလိုက်သည်။
ထိုစကားကိုကြားလျှင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကသူတို့၏နှလုံးသားထဲတွင် ဂယက်ထ သွားကြသည်။
ကျန်းချန်ရွှမ်က ပြောလိုက်သည်။
“စီနီယာရွှမ်းယန်ပြောတဲ့ ကိစ္စက မဖြစ်နိုင်တာတော့မဟုတ်ဘူး။ ဒါမဲ့ပြသနာက ကျုပ်တို့လူတွေက သူတို့ဘာကိုကြုံတွေ့နေရလည်းဆိုတာကို သိပုံမပေါ်ဘူး။ ဒါကနည်းလမ်းကျကျထည့်လို့တော့မရဘူး?
နောက်ကွယ်က တရားခံက အရှေ့ပိုင်းနဲ့ အလယ်ပိုင်းလွင်ပြင်က ကျင့်ကြံသူတွေကို ထိန်းချုပ်ပြီး ကျုပ်တို့ကျင့်ကြံသူတွေကိုတော့ ပစ်မှတ်မထားဘူးမဟုတ်လား?"
***