← Chapters

ဟယ်ညီအကိုကို ရိုက်နှက်ခြင်း

Vol. 3 Ch. 39

ဟယ်ညီအကိုကို ရိုက်နှက်ခြင်း

Vol. 3 Ch. 39

သူမ၏ မရီးများက အစားအသောက် ပါဝင်ပစ္စည်းများ ပြင်ဆင်နေကြစဉ် ဟဲကျစ်ယန်သည် အခွင့်အရေးရှာကာ အနောက်ဘက်သို့ ထင်းယူရန် သွားလိုက်၏။

သူမသည် ဟယ်မိသားစုနှင့် လီမိသားစု နေနေသော တဲကို ဖြတ်သွားရလေသည်။

ကောက်ရိုးတဲများဟု ခေါ်နေကြသော်လဲ ဟဲကျစ်ယန်၏ အမြင်တွင်တော့ တိရိစ္ဆန်ထားသည့် နေရာလိုပင်။

ယနေ့တည်းခိုသော ခရီးသွားများက မြင်းများသယ်မလာခဲ့သဖြင့် ဤတဲများက လွတ်နေသည့်ပုံပင်။

ထိုအရာရှိများအနေဖြင့် သူတို့ကို ဒီလိုနေရာတွင် နေခိုင်းရန် အကြံရဖို့ အတော်ပင် ခက်ခဲခဲ့ပေမည်။

ကောက်ရိုးတဲများမှာ အလွန်ကျယ်ဝန်းပြီး တိုင်ကြီးများဖြင့် ထောက်ထားကာ မြက်များဖြင့် အုပ်ထား၏။

အကြည့်တစ်ချက်နှင့်ပင် သူမတို့ မနေ့ကအိပ်ရသည့် ဟင်းလင်းပြင်ထက်တော့ ကောင်းမှန်း သိသာပေသည်။

သို့သော် အဝေးမှပင် ဟဲကျစ်ယန်သည် တဲများမှ ထွက်လာသော အနံ့အသက်ဆိုးများကို အနံ့ခံမိ‌သည်။ နှာခေါင်းမပိတ်ထားလျှင် ထိုလူများ အိပ်မပျော်နိုင်လောက်ပေ။

ထိုအချိန်တွင် လီမိသားစုနှင့် ဟယ်မိသားစုမှာ နေရာအတွက် ရန်ဖြစ်နေကြပြီး နှစ်ဖက်လုံးက အထဲတွင် ပိုနေချင်ကြသည်ဖြစ်ရာ လည်ပင်းကြောများထောင်ပြီး မျက်နှာများ နီရဲသည်အထိ အော်ဟစ်နေကြ၏။

ဟဲကျစ်ယန်သည် ထိုလူများကို လျစ်လျူရှုပြီး အနောက်ဘက်သို့သာ တည့်တည့်သွားလိုက်သည်။

သို့သော် ပြဿနာဆိုသည်မှာ သူမက မဖိတ်ခေါ်ပါသော်လဲ ရောက်လာစမြဲပင်။

ဟယ်ညီအကိုမှာ လှည်းကို တစ်နေကုန်ဆွန်းခဲ့ရ၏။ ထိုအကြံသည် ဟဲကျစ်ယန် ပေးလိုက်ခြင်းဖြစ်ကြောင်း လီရို့အာထံမှ ကြားသိရပြီးနောက် သူတို့သည် သူမအပေါ် ရန်ငြှိုးထားတော့သည်။

ယခု သူမတစ်ယောက်ထဲ လျှောက်လာသည်ကို မြင်သောအခါ သူတို့၏ ဒေါသများကို ပုံချလိုက်ဖို့ ဆုံးဖြတ်လိုက်ကြ၏။

ဟဲကျစ်ယန်က အဝေးသို့ လျှောက်သွားသည်ကို မြင်သောအခါ ညီအကိုနှစ်ယောက်သည် လီမိသားစုနှင့် ရန်ဆက်မဖြစ်တော့ဘဲ ထေ့ငေါ့သော လေသံဖြင့် ဟဲကျစ်ယန်ဆီသို့ လျှောက်လာကြ၏။

“မိန်းမပျက်လေး၊ ဒီနေ့ ငါတို့ ညီအကို တစ်နေကုန်လှည်းတွန်းရအောင် လုပ်ခိုင်းတာ နင်ဆို...။ ဒီည မင်းဆီက ချိုမြိန်တဲ့ အမွှေးနံ့လေး မရရင် ငါတို့ညီအကို ကောင်းကောင်း အိပ်ပျော်နိုင်မှာ မဟုတ်ဘူး။”

ဟဲကျစ်ယန်က အမြဲ သတိရှိပြီးသားပင်။ ခုဏက တဲနားက ဖြတ်သွားစဉ် ထိုညီအကိုနှစ်ယောက်၏ ပုံစံ မူမမှန်သဖြင့် သူမက ကြိုတင်စောင့်ကြည့်ပြီးသား ဖြစ်သည်။

သူမနောက်မှ သိမ်ဖျင်းပြီး ရွံစရာကောင်းသော လေသံကို ကြားလိုက်ရသည်နှင့် ချက်ချင်း ရပ်ပြီး နောက်သို့လှည့်ကာ အေးအေးဆေးဆေး ပြန်ကြည့်ပေးလိုက်သည်။

မြို့တော်တွင် ဟယ်မင်နှင့် ဟယ်လျန့်မှာ ယောက်ျားလေးများကို အနိုင်ကျင့်ပြီး မိန်းကလေးများကို ဗိုလ်ကျတတ်သည့် လူများ ဖြစ်ကြသည်။ အခု သူတို့ပြောလိုက်သည့် စကားမျိုးအတွက် သူတို့မှာ အတွေ့အကြုံ အတော်ရှိထားပေသည်။

ဟဲကျစ်ယန် ရပ်သွားသည်ကို တွေ့သည်နှင့် ဟယ်မင်က သူမဆီသို့ ဆိုးယုတ်သော အပြုံးဖြင့် ချည်းကပ်သံားကာ သူ၏ ညစ်ပတ်သောလက်များဖြင့် ထိရန်လုပ်လိုက်၏။

“ဒီအကိုကြီးကို အရင် ခံစားခွင့်ပေး...”

ဟဲကျစ်ယန်သည် ဟယ်မင်၏ လှည့်ပတ်နေသော လက်များကို သွက်သွက်လက်လက်ရှောင်ကာ တစ်ချိန်တည်း ထိုင်ချလိုက်ပြီး သူ့ဗိုက်ကို အားဖြင့် ထိုးချလိုက်သည်။

ဟယ်မင်၏ နာကျင်နေမှုကို အခွင့်ကောင်းယူကာ ဟဲကျစ်ယန်သည် အမြန်ပြန်ထကာ သူ့ခြေထောက်များကို ကန်ထည့်လိုက်၏။

ဟန်ချက်ပျက်သွားပြီး ဟယ်မင်မှာ ရှေ့သို့ မှောက်ကျသွားတော့သည်။

ဟဲကျစ်ယန်သည် ဤ အခွင့်အရေးကို ထပ်ယူကာ ထပ်ရိုက်လိုက်သည်။

သူမ၏ လုပ်ရပ်များမှာ ချောမွေ့လွန်းနေသဖြင့် ဟယ်မင်မှာ ဘာမှတုံ့ပြန်ဖို့ အချိန်မရလိုက်ပေ။

ကိစ္စများက ဆိုးသွားကြောင့် ဟယ်လျန့် မြင်ပြီးနောက် ဝင်ကူရန် ချက်ချင်း ပြေးသွားလိုက်သည်။ သို့သော် ဟယ်မင်မှာ အရိုက်ခံရပြီး လဲနေပြီဖြစ်၏။

ဟယ်လျန့်ကို တိုက်ခိုက်ရာတွင်လဲ ဟဲကျစ်ယန်က လုံးဝမညှာတာခဲ့ပေ။ ရိုးရှင်းသော လှုပ်ရှားမှု အနည်းငယ်ဖြင့်ပင် သူမက သူ့ကို အလဲထိုးလိုက်သည်။

သူမသည် ထိုညီအကိုကို ရိုက်နှက်သော်လဲ အားကိုတော့ အနည်းငယ် ထိန်းချုပ်ထားခဲ့သည်။

ဤလူနှစ်ယောက်က မနက်ဖြန်တွင်လဲ လှည်းတွန်းဖို့ လိုသေးသည်ဖြစ်ရာ သူတို့၏ ခြေလက်များကို ချိုးလိုက်ပါက သူတို့လုပ်အားကို ဖြတ်ချလိုက်သလို ဖြစ်သွားပေမည်။

“ဒါ နင်တို့နှစ်ယောက်အတွက် သတိပေးရုံလေးပဲ ရှိသေးတယ်။ ငါ့ကို ထပ်ပြီးစော်ကားရဲရင် ဒီနေ့လိုလေး နည်းနည်းလောက် အနာခံရရုံနဲ့ ပြီးသွားမယ်မထင်လိုက်နဲ့။”

ပြောပြီးနောက် ဟဲကျစ်ယန်သည် ထိုညီအကို၏ နာကျင်မှုများကို လျစ်လျူရှုကာ အင်္ကျီကိုခါလိုက်ပြီး မောက်မာစွာ ထွက်သွားလိုက်၏။

ဒီကိစ္စကို သူတို့ အရာရှိတွေဆီ တိုင်မတိုင်တော့ ဟဲကျစ်ယန်က စိုးရိမ်မနေပေ။

ဘယ်သူကမှ သူမ၏လှုပ်ရှားမှုကို မမြင်လိုက်ပေ။ သူမလို အားနည်းတဲ့ မိန်းမငယ်လေးက ယောက်ျားရင့်မာကြီးနှစ်ယောက်ကို အလဲထိုးနိုင်မယ်ဆိုတာ ဘယ်သူယုံမှာတဲ့လဲ။

ထင်းချောင်းများ ကောက်ပြီးနောက် ဟဲကျစ်ယန် မီးဖိုချောင်ထဲသို့ ပြန်လာခဲ့သည်။

သူမ၏ မရီးများမှာ ဟင်းချက်စရာများ ပြင်ဆင်ပြီးနေပြီဖြစ်ပြီး သူမ ချက်ပြုတ်မည်ကို စောင့်နေကြသည်။

ဟဲကျစ်ယန်သည် ရိုးရိုးရှင်းရှင်းပင် ပဲသီးနှင့်ဝက်သားပေါင်း၊ သခွားအေးအသုပ်၊ လျှာလကာရည်ဖြင့်ကြော်ထားသော တရုတ်မုန်ညှင်းရွက်၊ ကြက်သွန်မြိတ်နှင့် ကြက်ဥမွှေကြော်၊ ကျန်ရှိသေးသော ငါးကြင်းဖြင့် ချက်ထားသည့် ငါးဟင်းရည်ကြည်စသော ဟင်းလေးခွက်နှင့် စွပ်ပြုတ်တစ်ခွက် ကို ချက်လိုက်သည်။

ဟဲကျစ်ယန်၏ ဟင်းချက်စွမ်းရည်မှာ သာမန်ပင်ဖြစ်သော်လဲ ကံကောင်းစွာပင် သူမသည် ဟင်းချက်နည်းများကို သိထားပြီး ဟင်းလျာကို အထောက်အကူပြုပေးမည့် ရှီစန်းရှန်းလို ဟင်းခတ်မှုန့်မျိုးကိုလဲ အသုံးပြုထားလေသည်။

သူမ ချက်လိုက်သော ဟင်းများမှာ အားလုံးကို စားချင်စိတ်များ ချက်ချင်း ဖြစ်ပေါ်လာစေသည်။

အရာရှိများမှာ မီးဖိုချောင်တံခါးဆီသို့လာကာ ချောင်းကြည့်နေကြ၏။ ဟင်းလျာများ ချက်ပြီးသွားသောအခါ အရာရှိတစ်ယောက်က ဖမ်းဝမ်အား အလျင်အမြန် သတင်းသွားပို့လိုက်သည်။

ဤတစ်ကြိမ်တွင် ဟဲကျစ်ယန်သည် အရင်တစ်ခေါက်က သူမကိုယ်တိုင် ငါးကင်သွားပေးသလို မလုပ်တော့ဘဲ သူမ၏ မရီးကို အရာရှိများထံ ဟင်းအရင်ပို့ခိုင်းလိုက်သည်။

ကျန်ဟင်းများကို သူမက သခင်မကြီးမော့၏ အခန်းသို့ယူသွားကာ အားလုံးအတူတူ စားသောက်လိုက်ကြသည်။

ရှဲ့မိသားစုနှင့် ဖန်းမိသားစုအတွက်တော့ ထိုလူများကို အများကြီး မျက်နှာသာမပေးသင့်ပေ၊ မဟုတ်ပါက သူတို့ကျေးဇူးမတင်တတ်ဘဲ ဖြစ်လာပေလိမ့်မည်။ ကူညီတာတောင် ဖြေးဖြေးချင်း ကူညီသင့်ပေသည်။

ထို့ကြောင့် ရှဲ့မိသားစုနှင့် ဖန်းမိသားစုအား စားစရာ အနည်းငယ်သာ ပေးခဲ့၏။ အပေါ်ယံအားဖြင့် သက်ကြီးရွယ်အိုများနှင့် ကလေးများအတွက်သာ ဖြစ်သည်။

သို့သော် ထိုလူများမှာ မော့မိသားစုကို အလွန်ကျေးဇူးတင်နေကြသည်။

ဤခက်ခဲသော အချိန်များတွင် တခြားလူက အစားကောင်းများကို ဝေမျှပေးသည်က အလွန်မျက်နှာသာပေးရာ ရောက်နေပြီဖြစ်သည်။

သူတို့၏ မော့ကျိုးယွီအပေါ် နာကြည်းချက်များမှာ ဘေးသို့ ရောက်သွားပြီဖြစ်သည်။

မော့ကျိုးယွီသည် မေ့မျောနေဟန်မဆောင်တော့သော်လဲ သူများရှေ့တွင်တော့ အားနည်းပြီး မလှုပ်နိုင်သည့်ပုံစံမျိုး နေနေရ၏။

ထို့ကြောင့် သူ့အတွက် စားစရာမှာ ဟဲကျစ်ယန်ကိုယ်တိုင် သူတို့အခန်းထဲ ယူလာပေးရသည်။

အရောင်အသွေး စုံလင်ပြီး စားချင်စဖွယ် အစားအစာများကို မြင်သည်နှင့် သခင်မကြီးမော့နှင့် ချွေးမများမှာ အလွန်စိတ်လှုပ်ရှားသွားပြီး မျက်ရည်ကျမတတ်ပင်။

မော့ဟန်ယွဲ့သည် ဟဲကျစ်ယန်၏ လက်ကို ခပ်တင်းတင်း ဖက်တွယ်ထား၏။

“ယောင်းမလေး၊ ဒီဟင်းတွေအကုန် ယောက်းမလေး ချက်တာလား။”

ဟဲကျစ်ယန် ပြောမည်ကိုပင် မစောင့်တော့ဘဲ အကြီးဆုံးမရီးက ဂုဏ်ယူစွာ ပြန်ဖြေလိုက်သည်။ “ဒီဟင်းတွေအကုန်လုံး ညီမလေးရဲ့ ယောက်းမ ချက်ထားတာလေ။ ကြည့်ရုံနဲ့တင် သွားရည်ယိုနေပြီမလား။”

မော့ဟန်ယွဲ့သည် ခေါင်းကို တဆတ်ဆတ်ငြိမ့်ပြလိုက်ပြီး သူမ၏ မျက်လုံးများမှာ ဟဲကျစ်ယန်အပေါ် လေးစားမှုများ အပြည့်ပင်။

“ယောင်းမလေးက အတော်ဆုံးပဲ။ ဆေးပညာသိရုံတင်မကဘူး အရာရှိတွေနဲ့ ရင်ဆိုင်ဖို့လဲ မကြောက်ဘူး။ ဟင်းချက်တာလဲ အရမ်းတော်သေးတယ်။”

သူမ စကားပြောပြီး ဟဲကျစ်ယန်၏ ပုခုံးသို့ ခေါင်းတင်ကာ မှီလိုက်၏။

“ယောင်းမလေး ကျွန်မ အခုကစပြီး ယောင်းမလေးနောက်ကလိုက်တော့မယ်။ ဒီအရည်အချင်းတွေအားလုံး ကျွန်မလဲ သင်ယူရမယ်။”

ဟဲကျစ်ယန်သည် အပြစ်ကင်းပြီး ဖြူစင်သော ခယ်မလေးကိုမြင်ပြီး သူမလေး၏ ရှုပ်ပွနေသော ဆံပင်များကို သပ်ပေးလိုက်သည်။

“ကောင်းပြီ၊ ဟန်ယွဲ့က သင်ချင်မှတော့ ဒီအစ်မကြီးက သင်ပေးရမှာပေါ့။”

အခန်းထဲတွင် မော့ကျိုးယွီသည် ဟင်းကို တစ်ကိုက်ကိုက်ကြည့်လိုက်၏။

သူသည် ဒီဟင်းတွေက သေချာပေါက် ဟဲကျစ်ယန်ချက်ထားတာဟူသော ခံစားချက် ရလိုက်သည်။ မရီးများမှာ ဒီလောက်ကြီး ဟင်းချက်မကောင်းကြပေ။

သူ့ ကံကောင်းမှုလေးကို ခံစားလိုက်ရလို့လားမသိ၊ နှုတ်ခမ်းဖျားလေးများ အပေါ်သို့ မြှင့်တက်သွားကြသည်။

သခင်မကြီးမော့က ခွင့်ကေးလိုက်သည်နှင့် အမျိုးသမီးများ ချက်ချင်း စားသောက်ကြတော့သည်။

ဤနှစ်ရက်အတွင်း ကောင်းကောင်းမစားခဲ့ရ၍လားမသိပေ၊ ယနေ့ ဟင်းလျာများမှာ အလွန်အရသာရှိနေသည်ဟု ခံစားလိုက်ကြရသည်။

ဟင်းလျာလေးပွဲနှင့် စွပ်ပြုတ်တစ်ခွက်မှာ အကုန်ပြောင်စင်သွားခဲ့သည်။

ထို့အတူပင်၊ အရာရှိများသည်လည်း ဟဲကျစ်ယန်၏ ဟင်းချက်စွမ်းရည်က မြို့တော်ရှိ ဆိုင်များထက်ပင် ကောင်းမွန်သည်ဟု ခံစားလိုက်ကြရ၏။

အထူးသဖြင့် ဝက်သားပေါင်းပင်။ အဆီများသော်လဲ အီမနေဘဲ စား‌ပြီးနောက် ပိုစားချင်လာစေသည်။

အရာရှိများသည် သူတို့ခွက်ထဲသို့ ဟင်းများ လုထည့်နေစဉ်တွင် ဟယ်မင်နှင့် ဟယ်လျန့်တို့က အကူအညီတောင်းရန် ရောက်လာကြသည်။

သူတို့သည် အရာရှိများရှေ့တွင် တိုက်ရိုက်ဒူးထောက်လိုက်ကြ၏။

“အရာရှိတို့ ကျွန်တော်တို့ ညီအကိုအတွက် တရားမျှတမှု ရှာပေးကြပါ။”

သူတို့ရောက်လာတာကို မြင်သောအခါ ဖမ်းဝမ်မှာ ချက်ချင်း မျက်မှောင်ကြုံ့လိုက်သည်။

“ဘာဖြစ်ကြတာလဲ။”

ဟယ်မင်က အလျင်အမြန်ပင် ရှေ့သို့တက်လိုက်၏။ “အရာရှိကြီးတို့၊ အရာရှိတို့ ရှိနေတာတောင်မှ အဲ့ဒီ အမျိုးသမီးဟဲက ကျွန်တော်တို့နှစ်ယောက်ကို ရိုက်နှက်သွားပါတယ်။”

သူ စကားပြောပြီးနောက် အင်္ကျီကိုလှန်တင်ကာ ဗိုက်ရှိ ခရမ်းရောင်သန်းနေသော ဒဏ်ရာကြီးကို ပြလိုက်သည်။

“အရာရှိကြီးတို့၊ ဒီမှာ ဟဲကျစ်ယန် ကျွန်တော်ကို ရိုက်ခဲ့တဲ့ ဒဏ်ရာတွေပါ၊ ဒီမှာလဲ ရှိပါသေးတယ်” ဟယ်မင်သည် သူ့အင်္ကျီကို ကျောဘက်ပါ လှန်ပြလိုက်သည်။

ဟယ်လျန့်သည်လဲ သူ့ဒဏ်ရာများကို အရာရှိများထံ ပြဖို့ ရှေ့တိုးလာခဲ့သည်။

အရာရှိများမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ မယုံကြည်နိုင်ဖြစ်နေကြသည်။

ပြည်နှင်ဒဏ် ပေးခံရသော အကျဉ်းသားများအတွက် စည်းကမ်းများရှိပေသည်။ ထိုအထဲတွင် အကျဉ်းသား အချင်းချင်း မတိုက်ခိုက်ရဟူသော တားမြစ်ချက်လဲ ပါဝင်ပေသည်။

တကယ် တားမြစ်လား မတားမြစ်လားဆိုတာကတော့ အရာရှိများ၏ စိတ်အခြေအနေပေါ်သာ မူတည်ပေသည်။

All Chapters