← Chapters

လက်ကိုင်ဖုန်း

Vol. 3 Ch. 41

လက်ကိုင်ဖုန်း

Vol. 3 Ch. 41

ကျန်းထျင်သည် အစကတည်းက အရသာရှိသော အစားအသောက်ကို အလွန်စားချင်နေခဲ့တာဖြစ်သည်။ သူ၏ အဖော်က ထိုသို့ပြောလာသောအခါ သူသည် လီရို့အာအား ထိုလူဆီသို့သာ လွှဲလိုက်တော့သည်။

“လီဟူ၊ မင်းရဲ့ အမှားအဟောင်းတွေ အတိုင်း ထပ်မလုပ်နဲ့နော်။ သူမလိုလူတွေက ရိုက်ခံရသင့်တယ်။”

လီဟူက ပြုံးကာ လက်ဝေ့ယမ်းပြလိုက်သည်။ “စိတ်မပူပါနဲ့။ ငါ သူမအပေါ် ညှာတာမှာ မဟုတ်ပါဘူး။”

ကျန်းချင်သည် ပြန်လာခဲ့ပြီး ဟယ်ညီအကိုအား တစ်ချက်စီ ကန်လိုက်၏။

“မင်းတို့ကောင်တွေ ထွက်သွားကြစမ်း။ မင်းတို့ကောင်တွေ ထပ်ပြီးပြဿနာရှာရဲရင် ငါ ကြာပွတ်နဲ့ရိုက်ပစ်မယ်။”

ဟယ်ညီအကိုမှာ အနည်းငယ် ရှုပ်ထွေးနေကြသည်။ လီရို့အာက သက်သေခံပေးနေလို့ ဟဲကျစ်ယန် မျက်နှာပျက်ရမှာ မဟုတ်ဘူးလား။ ဘာလို့ ဘာမှမဖြစ်ဘဲ ပြီးသွားရတာလဲ။ ဟဲကျစ်ယန်က အပြစ်ပေးမခံရရုံတင် မဟုတ်ဘဲ ကြင်နာမှုအပြည့်နဲ့ သက်သေခံပေးခဲ့တဲ့ လီရို့အာက အပြစ်ပေးခံလိုက်ရတယ်။

ညီအကိုနှစ်ယောက်မှာ ကူကယ်ရာမဲ့စွာ စိတ်ရှုပ်ထွေးနေကြသည်။ ဟဲကျစ်ယန်သည် ထိုအခြေအနေကိုမြင်ပြီး အရာရှိများကို နှုတ်ဆက်ကာ ပြန်လာခဲ့လိုက်သည်။

သူမ ဖမ်းဝယ်၏အခန်းမှ ထွက်လာသောအခါ လီဟူက လီရို့အာကို ထောင့်တစ်နေရာသို့ ဆွဲခေါ်သွားသည်ကို မြင်လိုက်ရ၏။

သူတို့နှစ်ယောက် ဘာလုပ်မလဲဆိုတာ သူမကိစ္စ မဟုတ်ပေ။

သူမ ခြေလှမ်းအနည်းငယ် လျှောက်ပြီးချိန်တွင် လီရို့အာ၏ ပုံကြီးချဲ့ထားသော သနားစရာအော်ငိုသံကို ကြားလိုက်ရသည်။

သေချာပေါက်ကို ဟန်ဆောင်နေတာပဲ ...

သူမ ကိစ္စမဟုတ်သောကြောင့် ထိုအကြောင်းအရာကို ဖော်ထုတ်ဖို့လဲ စိတ်ကူးမရှိပေ။ ထို့အပြင် ဒီလိုကိစ္စလေးအပေါ် ပြဿနာမတက်စေဘဲ လီရို့အာကို ထိခိုက်အောင် လုပ်လို့ရမဲ့ နည်းလမ်းတွေ သူမမှာ ပေါများလွန်းလှသည်။ ဒီတစ်ကြိမ်လောက်က ကိစ္စမရှိပေ။

မော့အမျိုးသမီးများ၏ ဆယ်ယောက်ခန်းကို ပြန်လာသောအခါ မရီးများက အိုးခွက်များကို ရှင်းလင်းပြီးကြပြီဖြစ်၏။

မရီးတချို့က မီး‌ဖိုချောင်သို့သွားကာ ရေနွေးအိုးတည်ပြီး ရိုးရိုးရှင်းရှင်း ဆေးကြောနိုင်ရန် လုပ်နေကြသည်။

ဆေးကြောဖို့ပြောရလျှင် ဟဲကျစ်ယန်သည်လည်း ဘာမှမလုပ်ရသေးပေ။ သူမသည် မော့ကျိုးယွီ ဆေးကြောနိုင်ရန်အတွက် ရေနွေးတစ်ဇလုံကို အရင်ယူပေးသွားလိုက်သည်။

အပြင်လူများ ရှိမနေချိန်တွင် မော့ကျိုးယွီသည် ဘာမှမထိခိုက်ထားသည့်လူအတိုင်းပင် လွတ်လွတ်လပ်လပ် လှုပ်ရှားနေ‌သည်။

သူသည် ဟဲကျစ်ယန်ယူလာသော ဇလုံကို သယ်ကာ မြေကြီးပေါ်ချရင်း မေးလိုက်၏။

“အခု ဘာဖြစ်ခဲ့တာလဲ။”

သူ အပြင်သို့မထွက်နိုင်သော်လဲ အပြင်ဘက်က အသံများက သူ့နားထဲမှ လွတ်မသွားပေ။

ဟဲကျစ်ယန်လည်း ဘာမှဖုံးကွယ်မနေဘဲ သူမ ဟယ်ညီအကိုကို ရိုက်ခဲ့ကြောင်းနှင့် ဖမ်းဝမ်က ကိစ္စကို ဘယ်လိုဖြေရှင်းလိုက်ကြောင်း ပြောပြလိုက်သည်။

မော့ကျိုးယွီသည် လက်သီးကို တင်းနေအောင် ဆုပ်လိုက်၏။

“တကယ်ကို တအားလွန်နေပြီပဲ။”

ဟဲကျစ်ယန်သည် ဟယ်ညီအကိုကို ရိုက်နှက်ခဲ့ပြီး သက်သေအမှားပေးခဲ့သည့် လီရို့အာလဲ အဆုံးသတ်မကောင်းခဲ့ပေ။ ထို့ကြောင့် သူမအနေဖြင့် ထိုကိစ္စကို စိတ်ထဲမထားတော့ချေ။

မော့ကျိုးယွီ ဒေါသထွက်နေသည်ကို မြင်သောအခါ သူမ ခပ်တိုးတိုး နှစ်သိမ့်လိုက်၏။ “ကျွန်မ ဘာမှမရှုံးခဲ့ပါဘူး။ အဲ့လိုလူတွေကို စိတ်ဆိုးနေဖို့ မတန်ပါဘူး။”

မော့ကျိုးယွီသည် ဘာမှထပ်မပြောတော့ဘဲ နက်မှောင်နေသော မျက်ဝန်းများဖြင့် ဆေးကြောသန့်စင်လိုက်သည်။

ဟဲကျစ်ယန်သည် သူမအနေဖြင့် ဤနေရာတွင် နေဖို့မသင့်တော်ကြောင်း သိသောကြောင့် အပြင်သို့ထွက်ကာ အခန်းတံခါးကို အိတ်ပေးလိုက်သည်။

ရှားပါးလှသော နားချိန်လေးတွင် ဟဲကျစ်ယန်သည် တန်းခိုခန်းဝန်းထဲရှိ မြက်ဖျာလေးပေါ်တွင် ထိုင်လိုက်သည်။

အပေါ်ယံတွင် သူမက အနားယူနေတာဖြစ်သော်လဲ သူမ အသိစိတ်က နေရာလွတ်ထဲတွင်ဖြစ်သည်။

ဤနေရာလွတ်ကို ရရှိခဲ့ပြီးနောက် ပစ္စည်းတွေ ထုတ်တာသိမ်းတာကလွဲလျှင် ကျန်တာတွေကို သူမ သေချာစစ်ဆေးမကြည့်ရသေးပေ။

ဟဲကျစ်ယန်သည် ဤအခွင့်အရေးကို အရယူကာ သေချာလေး စစ်ဆေးကြည့်ရန် ရည်ရွယ်ထား၏။

ပတ်ကြည့်ပြီးနောက် ဟဲကျစ်ယန်သည် ပြဿနာတစ်ခုကို ရှာတွေ့လိုက်သည်။

ဤနေရာလွတ်သည် ပြန်လည်ဖြည့်တင်းပေးနိုင်စွမ်း ရှိသော်လဲ ထိုအရာမှာ နေရာလွတ်ထဲတွင် အစကတည်းက ရှိနေသော အရာများကိုသာ ဖြည့်တင်းပေးနိုင်ခြင်းဖြစ်သည်။

သူမ တည်းခိုခန်းပိုင်ရှင်ကို ပေးလိုက်သော‌ ငွေချောင်းများမှာ တစ်နာရီကျော် ကြာသွားပြီဖြစ်သော်လဲ ပြန်ပေါ်မလာသေးပေ။

နေရာလွတ်ထဲသို့ ထည့်ထားသော ဤရှေးခေတ်မှ ပစ္စည်းများမှာ ပြန်လည်ဖြည့်တင်းနိုင်စွမ်း မရှိကြောင်း သိနိုင်ပေသည်။

ထိုအရာအပြင် ဟဲကျစ်ယန်သည် နေရာလွတ်ထဲမှ ဆေးပစ္စည်းများနှင့် ဆေးလုံးများကို ထပ်စစ်ဆေး‌ကြည့်ခဲ့၏။

အကုန်လုံးကို စီစဉ်ပြီးနောက် ဟဲကျစ်ယန်သည် သိပ်မသိသာသော ထောင့်တစ်နေရာတွင် လက်ကိုင်ဖုန်းတစ်လုံးကို တွေ့လိုက်ရသည်။

ဤလက်ကိုင်ဖုန်းမှာ ဟဲကျစ်ယန်နှင့် စိမ်းမနေပေ။ သူမ သိပ်မကြာခင်က အစားထိုးထားခဲ့သော ဖုန်းလေး ဖြစ်သည်။

သူမ ဖုန်းအသစ်လဲလိုက်သောကြောင့် အဟောင်းတစ်လုံးကို ဘာမှမလုပ်ဘဲ ဒီတိုင်းချန်ထားခဲ့သည်။

ဟဲကျစ်ယန်သည် ဖုန်းကို စိတ်ဖြင့် အမြန်ပါဝါဖွင့်လိုက်သည်။

သို့သော် ဖုန်းက ဘက်ထရီကုန်နေခဲ့ပြီဖြစ်သည်။

ကံကောင်းစွာပင် သူမတွင် အားသွင်းကြိုး ရှိနေသေး၏။

ဖုန်းကို ပလပ်ထိုးလိုက်သည်။ စိတ်ကျေနပ်ဖို့ကောင်းစွာပင် သူမ၏ နေရာလွတ်ထဲတွင် လျှပ်စစ်မီးရှိနေသေးသည်။ ထိုအရာက ဟဲကျစ်ယန်ကို နောက်တစ်ခေါက် စိတ်လှုပ်ရှားမိသွားစေသည်။

နေရာလွတ်ထဲတွင် လျှပ်စစ်မီးရပါက သူမ အများကြီး လုပ်လို့ ရပေသည်။

အထူးသဖြင့် လျှပ်စစ်နှင့်မှ သုံး၍ရသော ဆေးကိရိယာများမှာ လျှပ်စစ်မီးမရှိလျှင် အလှဆင်ပစ္စည်း သက်သက်သာဖြစ်ပေသည်။

သို့သော် ယခုအချိန်တွင် သူမ၏အာရုံမှာ ဖုန်းထဲတွင်သာရှိသည်။

အကယ်၍ ဖုန်းပွင့်သွားပြီးနောက် သူမသည် အတိတ်ဘဝက မိတ်ဆွေများဆီ ဆက်သွယ်နိုင်ခဲ့ပါက တချို့ကိစ္စများကို ရှင်းပြနိုင်ပေမည်။

မိနစ်အနည်းငယ် ကြာပြီးနောက် ဟဲကျစ်ယန်သည် ဖုန်း၏ ပါဝါခလုတ်ကို နှိပ်လိုက်သည်။

ဖုန်းစခရင် လင်းလာခဲ့၏။

သို့သော် ဖုန်းက ဟဲကျစ်ယန် ရင်းနှီးနေသော မျက်နှာပြင်မျိုး ဟုတ်မနေပေ။

ဖုန်း၏ မူလမျက်နှာပြင်ပုံမှာ စစ်တပ်ယူနီဖောင်းဖြင့် ရိုက်ထားသော သူမ၏ပုံဖြစ်ပြီး အခုတော့ ရှုခင်းပုံ လှလှလေးသာ ရှိနေ‌သည်။

ထို့အပြင် ဖုန်းထဲရှိ အက်ပ်များလဲ အကုန်ပျောက်သွားပြီး ထောင်းပေါင်ဈေးဝယ်အက်ပ်တစ်ခုသာ ကျန်ခဲ့တော့သည်။

(ထောင်းပေါင် - Taobao ဈေးဝယ်အက်ပ်)

ဤဈေးဝယ်အက်ပ်မှာ ဟဲကျစ်ယန် အလွန်ရင်းနှီးပေသည်။ သူမ ယခင်ဘဝက အွန်လိုင်းမှပစ္စည်းများ ဝယ်လေ့ရှိသော အက်ပ်ပင်။

ဟဲကျစ်ယန်သည် ထောင်းပေါင်ကို အလျင်စလို မဖွင့်လိုက်ဘဲ ဖုန်းအား ရှေ့ပြန်နောက်ပြန် စစ်‌ေဆေးကြည့်လိုက်၏။ ဖုန်းအဟောင်းဖြစ်သောကြောင့် နှေးနေသော်လဲ ထိုအက်ပ်များကတော့ အရင်နေရာတွင် ရှိနေသင့်သည်သာ။

အချိန်အတော်ကြာ လျှောက်ပွတ်ကြည့်ပြီးနောက် ဖုန်းထဲတွင် တခြားအက်ပ်များ လုံးဝ မရှိဘူးဆိုတာ သူမ လက်ခံလိုက်ရသည်။

ဖုန်း၏ အခြေခံအကျဆုံးသော ဖုန်းခေါ်ခြင်းနှင့် မက်ဆေ့ပို့ခြင်းများပင် ရှိမနေတော့ပေ။

ဤအရာက ဟဲကျစ်ယန်ကို မျက်စိလည်သွားစေပြီး သူမသည် နေရာလွတ်ထဲရှိ ဝိုင်ဖိုင်ကို ချိတ်ဆက်လိုက်သည်။

ဝိုင်ဖိုင်မှာ အမြန်ချိတ်ဆက်သွားသောကြောင့် ဟဲကျစ်ယန်သည် မျှော်လင့်ချက်လေးများ ရှိလာရ၏။

သူမသည် ဝိုင်ဖိုင်ချိတ်ဆက်ပြီးပါက အက်ပ်စတိုးသို့သွားကာ တခြားသော အက်ပ်များကို ဒေါင်းလုတ်ဆွဲနိုင်မည်ဟု ထင်ခဲ့သည်။

ရလဒ်မှာ စိတ်ညစ်ညူးစရာပင်။ အက်ပ်စတိုးလဲ ဖုန်းထဲမှာ ရှိမနေတော့ပေ။

ဟဲကျစ်ယန်သည် ကံကြမ္မာကိုသာ လက်ခံလိုက်ပြီး ဖုန်းက ဒီလိုပဲဖြစ်ရမည်ဟု တွေးလိုက်သည်။

စိတ်ညစ်နေရင်း ဟဲကျစ်ယန်သည် ထောင်းပေါင်ကို ဖွင့်ကြည့်လိုက်၏။

ထောင်းပေါင်ကို ဖွင့်လိုက်သောအခါ ရင်းနှီးနေရော မျက်နှာပြင်မှာ ဘာမှပြောင်းလဲမသွားခဲ့ပေ။

သူမသည် ယွမ် အနည်းငယ် ပေးရသော ဆံညှပ်ကလစ်လေးများကို ဝယ်ရန် ရွေးချယ်လိုက်သောအခါ ငွေပေးချေရန် စာမျက်နှာက ပေါ်လာခဲ့သည်။

တစ်ချိန်တည်းပင် ဟဲကျစ်ယန်သည် ဒလီပို့ရမည့်လိပ်စာနေရာက တာ့ရွှင်းမင်းဆက်ဟု ရေးခားကြောင်း တွေ့လိုက်ရလေသည် ...

သူမ၏ ကူးပြောင်းလာမှုက ကြိုတင် ကြံရွယ်ထားခြင်းဖြစ်နိုင်ကြောင်း သိနိုင်ပေသည်။

ဘယ်နတ်ဘုရားကများ ပျင်းနေလို့ သူမကို ဒုက္ခခံခိုင်းရန် ဒီနေရာပို့လိုက်လဲ စဉ်းစားမရပေ။

ကြည့်ရသည်မှာ မိုးကောင်းကင်က မော့ကျိုးယွီ၏ ကုသိုလ်ကောင်းမှုအျားကြောင့် ပြည်နှင်ဒဏ်ခရီးတွင် မသေစေချင်၍ သူမကို ဒီနေရာလွှတ်ကာ ကယ်တင်ခိုင်းခြင်းဖြစ်ပေလိမ့်မည်။

ထိုအကြောင်းပြချက်ကလွဲ၍ ဟဲကျစ်ယန်လဲ မစဉ်းစားတတ်တော့ပေ။

ကိစ္စမရှိပေ။ ဟဲကျစ်ယန်သည် ပေးချေရန်ကို နှိပ်လိုက်၏။

အောက်တွင် ငွေပေးချေမှုနည်းလမ်းများ ပြသလာသည်။

အလီပေးထဲတွင် ယွမ်ထောင့်သုံးရာ ကျန်နေသေးသည်ကိုတွေ့ပြီး ဟဲကျစ်ယန်သည် အလီပေးကိုသာ ရွေးချယ်လိုက်၏။

(T/N – Alipay (အလီပေး) မြန်မာတွင် Kpay, Wave pay နှင့် ဆင်တူသော ငွေလွှဲဆိုင်ရာ အက်ပ်)

သူမ ပေးချေပြီးပြီးချင်း ကလစ်များက သူမရှေ့တွင် ပေါ်လာခဲ့သည်။

ဟဲကျစ်ယန် အလွန် စိတ်ချမ်းသာသွားရသည်။ ဖုန်းက အပြင်ဘက်ကမ္ဘာကို မဆက်သွယ်နိုင်သော်လဲ ဤကဲ့သို့ အဆင်ပြေသော ဈေးဝယ်နိုင်သည့် ထောင်းပေါင်ရှိနေခြင်းက သူမအတွက် အလွန်အကျိုးရှိပေသည်။

သူမ ကလစ်ကို အောင်မြင်စွာ ဝယ်ယူနိုင်ခဲ့သည်ကိုကြည့်ကာ စားစရာအထုပ်များကို အကြွေးဝယ်ကတ်ဖြင့် ဝယ်နိုင်လား သိရရန် စမ်းသပ်ကြည့်လိုက်သည်။

ဒီတစ်ကြိမ်ရလဒ်ကတော့ ဟဲကျစ်ယန်ကို စိတ်ပျက်သွားစေသည်။

မျက်နှာပြင်တွင် သူမမှာ ချိတ်ဆက်ထားသော ဘဏ်ကတ်မရှိဟု ပြသနေသည်။

ဤအရာက သိပ္ပံနည်းမကျပေ။ သူမ၏ အရင်ဘဝတွင် စုဆောင်းထားသည်က အများကြီးမရှိသော်လဲ မကြာခဏ ဈေးဝယ်သူတစ်ဦးအနေဖြင့် ထောင်းပေါင်တွင် ဘဏ်ကတ်ကို ချိတ်ဆက်ထားခဲ့ပေသည်။

ထို့အပြင် အလီပေးဖြင့် ပေးချေရခြင်းကလဲ ဘဏ်ကတ်လိုအပ်၏။

ကြည့်ရသည်မှာ သူမ၏ အရင်ဘဝက သေဆုံးမှုကြောင့် ဘဏ်ကတ်မှာ ပယ်ဖျက်ခံလိုက်ရခြင်း ဖြစ်နိုင်ပေသည်။

သူမ ဘဏ်ကတ်ဖြင့် ပေးချေ၍ မရကြောင်း အတည်ပြုပြီးနောက် ဟဲကျစ်ယန်သည် ထို အလီပေးထဲရှိ ယွမ် ၁၃၀၀ ၏ တန်ဖိုးကြီးမှုကို ချက်ချင်း သတိရလိုက်တော့သည်။

All Chapters