← Chapters

ပွဲကြည့်ခြင်း

Vol. 3 Ch. 43

ပွဲကြည့်ခြင်း

Vol. 3 Ch. 43

ဟဲကျစ်ယန်သည် မော့ကျိုးယွီ၏ သူ ဖိအားပေးခံခဲ့ရသည်ဆိုသော လေသံကို နားထောင်ကာ သူ အမှန်တကယ်ပင် ကူကယ်ရာမဲ့နေကြောင်း ခံစားမိသောကြောင့် သူ့ကို ဆက်မစ,တော့ပေ။

“ကျွန်မ ခုဏက မီးဖိုချောင်ဆီ သွားတုန်းကလေ၊ လီရို့အာက အရာရှိတစ်ယောက်နဲ့ ကျီစယ်နေကြတာ တွေ့ခဲ့ရတယ်။”

ဒီလိုအတင်းအဖျင်းမျိုးပြောတာက မော့ကျိုးယွီ၏ အကျင့်စရိုက် မဟုတ်သောကြောင့် သူ ဘာမှပြန်မပြောလိုက်ပေ။

သူ ဘာမှဆက်မပြောတော့တာကို မြင်သောအခါ ဟဲကျစ်ယန်သည် မျက်လုံးကိုသာ မှိတ်ပြီး သူမ၏ အိပ်စက်ခြင်းကို ပြန်လည်ခေါ်ယူလိုက်တော့သည်။

မော့ကျိုးယွီက သူမဘေးတွင် ရှိနေသောကြောင့်ဖြစ်နိုင်သည်။ ဟဲကျစ်ယန်၏ သတိထားမှုမှာ အတော်လေး‌ လျော့ကျသွား၏။

ယနေ့ည သူမသည် မျှော်လင့်ထားသလို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ကာ မနက်စောစော နိုးလာခဲ့သည်။

သူမ တံခါးက ထွက်ထွက်ချင်း သခင်မကျောက်ကို တွေ့လိုက်ရ၏။

သခင်မကျောက်သည် ဘယ်ညာကြည့်ပြီးမှ ဟဲကျစ်ယန်ကို ထောင့်တစ်နေရာသို့ ဆွဲခေါ်လိုက်သည်။

“ဒေါ်လေး ဘာဖြစ်လို့လဲဟင်” ဟဲကျစ်ယန်သည် သခင်မကျောက်က သူမအား တစ်ခုခု လျှို့လျှို့ဝှက်ဝှက် ပြောချင်သည်ကို သတိထားမိသောကြောင့် တိုးတိုးလေး မေးလိုက်သည်။

ဟခင်မကျောက်သည် ဘေးဘီဝဲယာ သေချာကြည့်ပြီး ဘယ်သူမှ မရှိတာသေချာမှ တိုးတိုးလေး ပြောလိုက်သည်။

“ဒေါ်လေး မနေ့ညက အိပ်ရာထတော့ လီမိသားစုက ကောင်မလေးကို အရာရှိတစ်ယောက်နဲ့အတူ တွဲတွေ့လိုက်တယ်။”

ဟဲကျစ်ယန်မှာ သူမကိုယ်တိုင် သေချာသိပြီးသားကိစ္စဖြစ်သောကြောင့် အရမ်းကြီး အံ့ဩမသွားခဲ့ပေ။

“ဒေါ်လေး အဲ့ဒါ သူတို့ကိစ္စပါ။ မမြင်ချင်ယောင်ပဲ ဆောင်လိုက်ကြရအောင်ပါ။”

“ငါလဲ မမြင်ချင်ယောင်ဆောင်မလို့ပဲ၊ ဒါပေမဲ့ သူပြောတဲ့ စကားတချို့ကို ကြားခဲ့ရလို့ သမီးကို သတိပေးသင့်တယ်ထင်လို့ပါ။”

သခင်မကျောက်၏ စကားအရဆိုလျှင် လီရို့အာသည် လီဟူနှင့် ကျီစယ်နေသည့်အချိန်အတွင်း သူမနာမည်ကို ပြောခဲ့ပုံရသည်။ မဟုတ်ပါက သခင်မကျောက်သည် ဒီလောက် မနက်အစောကြီး သူမကို လာရှာမည်မဟုတ်ပေ။

“ဒေါ်လေး၊ သူတို့ ကျွန်မအကြောင်း ပြောခဲ့လို့လား။”

“အဲ့တုန်းက ဒေါ်လေးလဲ တော်တော်ဝေးနေတော့ ခပ်ဝါးဝါးပဲ ကြားခဲ့ရတာ၊ အဲ့ဒီအရာရှိက သမီးကို ပြဿနာဖြစ်အောင် လုပ်ပေးမယ်လို့ လီရို့အာကို ကတိပေးနေတာ ကြားခဲ့ရတယ်။”

ထိုစကားကြောင့် ဟဲကျစ်ယန်၏ မျက်နှာ အနည်းငယ် မှောင်မဲသွားရ၏။

လီရို့အာက သေချင်နေတာပဲ။ သူမက လီရို့အာကို လူရွှင်တော်ကြီးဟုသာ သတ်မှတ်ခဲ့ပြီး အရေးစိုက်ဖို့ အလွန်ပျင်းနေခဲ့သော်လဲ လီရို့အာကတော့ တကယ် သေလမ်းရှာနေခဲ့သည်။

“သတိပေးတဲ့အတွက် ကျေးဇူးပါ ဒေါ်လေး၊ ကျွန်မ ဂရုစိုက်ပါမယ်။”

ဟဲကျစ်ယန်၏ စကားက အရမ်းလေးနက်မှု မရှိတာကိုမြင်သောအခါ သခင်မကျောက်သည် မနေနိုင်ဘဲ ထပ်သတိပေးလိုက်၏။

“အရာရှိတစ်ယောက်က ကိုယ့်ကို ဒုက္ခပေးချင်နေတယ်ဆိုတာ အသေးအဖွဲကိစ္စ မဟုတ်ဘူးနောါ။ ကျိုးယွီနဲ့ တိုင်ပင်ပြီးတော့ ဘယ်လိုလုပ်မလဲ သေချာဆွေးနွေးသင့်တယ်။”

“နားလည်ပါပြီ ‌ဒေါ်လေး၊ ကျွန်မရဲ့ယောက်ျားနဲ့ ခဏနေ ဆွေးနွေးလိုက်ပါမယ်။”

ဟဲကျစ်ယန်သည် သဘောတူလိုက်ပြီး သခင်မကျောက်နှင့် ပုံမှန်အတိုင်း စကားပြောချင်ယောင် ဆောင်နေလိုက်သောကြောင့် ဘယ်သူကမှ မူမမှန်တာကို သတိမထားမိလိုက်ကြပေ။

သခင်မကျောက် ထွက်သွားပြီးနောက် ဟဲကျစ်ယန်သည် မီးဖိုချောင်ထဲသို့သွားကာ ဆေးကြောရန် ရေခပ်ဖို့ ပြင်ဆင်လိုက်၏။

ထိုအချိန်တွင် ဖမ်းဝမ်နှင့် တခြားသော အရာရှိများလဲ အခန်းအသီးသီးမှ ထွက်လာကြသည်။

အရာရှိများသည် အကျဉ်းသားများ မနက်စာအတွက် ဂျုံကြမ်းပေါင်မုန့်အနက်များ ခွဲဝေပေးရန် ပြင်ဆင်နေကြသည်။ အခုအချိန်တွင်တော့ ထိုအရာများမှာ ဟယ်မိသားစုနှင့် လီမိသားစုအတွက်သာလျှင် ဖြစ်ပေသည်။

ဖန်းမိသားစုနှင့် ရှဲ့မိသားစုအတွက်တော့ မနေ့ညက မော့ကျိုးယွီသည် ထိုလူများနှင့် မိတ်ဆွေဖွဲ့လိုက်ပြီဆိုတာ ဖမ်းဝမ်လဲ မြင်သောကြောင့် ထိုဂျုံကြမ်းပေါင်မုန့်များ ဆက်စားနေဖို့ သူလဲ သွားမခေါ်တော့ပေ။

မော့မိသားစုအတွက်တော့ ပြောစရာမလိုပေ။ ထိုမျှ လုပ်ရည်ကိုင်ရည်ရှိသော မိန်းကလေးတစ်ယောက်ရှိနေသောကြောင့် မနက်စာကို ဂျုံကြမ်းပေါင်မုန့် သေချာပေါက် စားမှာ မဟုတ်ကြပေ။

ထို့အပြင် သူတို့လက်ထဲတွင် တည်းခိုခန်းမှ စားစရာများ ဝယ်စားရန် ပိုက်ဆံ ရှိနေသောကြောင့် ကိစ္စကြီး မဟုတ်ပေ။

ဟဲကျစ်ယန်သည် တည်းခိုခန်းပိုင်ရှင်ထံမှ ပစ္စည်းများ ထပ်မဝယ်တော့ပေ။

သို့သော် သူမက တည်းခိုခန်းပိုင်ရှင်ကို ငွေ တစ်ချောင်း နှစ်ချောင်းလောက် ပေးလိုက်သည်။

မနက်စာက အရမ်းကြီး ကြီးကျယ်ဖို့ မလိုပေ။ ဆန်ပြုတ်နှင့် အရံဟင်း အနည်းငယ်လောက်ဆို လုံလောက်ပေသည်။

ဟဲကျစ်ယန်က မီးဖိုချောင်ထဲ ဝင်သွားသည်ကို မြင်သောအခါ သူမ မနက်စာပြင်တော့မှာကို သိသောကြောင့် အကြီးဆုံး မရီးနှင့် ပဉ္စမ မရီးတို့က သူမနောက်မှ လိုက်သွားကြ၏။

မနက်စာက ရိုးရှင်းလေရာ အကြီးဆုံး မရီးနှင့် ပဉ္စမ မရီးတို့မှာ ဟဲကျစ်ယန်အား လက်တစ်ချောင်းပင် မလှုပ်စေ‌ချင်ကြပေ။

ထိုအရာကို မြင်သောအခါ ဟဲကျစ်ယန်သည် စိတ်အေးလက်အေးဖြစ်ပြီး ပျော်သွားရသည်။

သူမ မီးဖိုချောင်ထဲမှ ထွက်လာသောအခါ ဖမ်းဝမ်က လှမ်းခေါ်လာ၏။

“ဒီနေ့ အရာရှိနှစ်ယောက်ကို လမ်းအတွက် ပစ္စည်းတွေ ဝယ်ဖို့ မြို့ထဲ လွှတ်မလို့။ မင်း သူတို့နဲ့ လိုက်သွားပြီး ဝယ်လို့ ရတယ်။”

အပြင်ထွက်ပြီး ပစ္စည်းဝယ်နိုင်မည်ဆိုသောကြောင့် ဟဲကျစ်ယန်မှာ အပြုံးကို မဖုံးဖိနိုင်တော့ပေ။

သူမ ရှေးခေတ်သို့ ရောက်နေတာ ‌ရက်အတော်ကြာပြီဖြစ်သော်လဲ ‌ဈေးကို လျှောက်ပတ်မကြည့်ရသေးပေ။

အခုတော့ သူမမှာ အခွင့်အရေး ရှိလာပြီ ဖြစ်သည်။ သူမက ဈေး၏ အခြေအနေကို သိချင်လို့ သွားကြည့်ရုံသာမကဘဲ အနာဂတ်တွင် သူမ လိုအပ်မည့် ပစ္စည်းများကိုလဲ ဖြည့်တင်းထားချင်သောကြောင့်ပင်။

“ကျေးဇူးတင်ပါတယ်၊ အရာရှိဖမ်း” ဟဲကျစ်ယန်သည် သူ့အား လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်လိုက်၏။

“နေ့လည်ကျရင် ခရီးဆက်ကြရမှာ။ မနက်ခင်း အချိန်ကို ကောင်းကောင်း အသုံးချပါ” ဖမ်းဝမ်က သူမအား ကြင်နာစွာ သတိပေးလိုက်သည်။

“တစ်မနက်ဆို လုံလောက်ပါပြီ” ဟဲကျစ်ယန်က ပြောကာ ပြင်ဆင်ရန် သွားလိုက်သည်။

သူမ ခြေလှမ်းအနည်းငယ် လှမ်းပြီးချိန်မှာပဲ ကောက်ရိုးတဲထဲမှ ဝမ်းနည်းစွာ အော်သံကြီးထွက်လာသည်ကို ကြားလိုက်ရသည်။

“အား ... ငါ့သားလေး ဘယ်လိုဖြစ်တာလဲ။”

အရာရှိများက မနက်ခင်း မနက်စာဝေသောအခါ ထိုနံစော်နေသော နေရာကို ရွံရှာသောကြောင့် မနက်စာအထုပ်ကို ‌ခပ်ဝေးဝေးမှသာ လွှင့်ပစ်ပေးခဲ့ပြီး ထပ်မစစ်ဆေးခဲ့ပေ။

ထိုအသံကို ကြားသောအခါ အရာရှိများ ချက်ချင်းပင် စုဝေးသွားပြီး ကောက်ရိုးတဲဆီသို့ သွားလိုက်ကြ၏။

ဟဲကျစ်ယန်သည် ထိုအရာက မော့ကျိုးယွီလက်ချက်ဖြစ်ကြောင်း သိလိုက်ပြီး သူက ဟယ်ညီအကိုကို ဘယ်လောက်တောင် နှိပ်စက်ခဲ့သဖြင့် ထိုမိသားစုဝင်များက ဒီလောက် ဝမ်းနည်းစွာ အော်ဟစ်နေရလဲဟု တွေးလိုက်မိသည်။

စပ်စုချင်သောစိတ်လေးဖြင့် ဟဲကျစ်ယန်သည် သက်ကယ်တဲသို့ ပြေးသွားသော အရာရှိများ၏ နောက်မှ လိုက်သွားလိုက်သည်။

လူအုပ်ကြီးကြားမှ မြင်နေရသည်မှာ မြေပေါ်မှာ လဲနေသော သွေးထွက်သံယို ခန္ဓာကိုယ် နှစ်ခုပင်။

တိတိကျကျဆိုရသော် ထိုလူများက ဟယ်လျန့်နှင့် ဟယ်မင် ဖြစ်ကြသည်။

ယခုအချိန်တွင် သူတို့၏ မျက်နှာများမှာ လုံးဝပေါ်မနေတော့ဘဲ သွေးများဖြင့် ဖုံးလွှမ်းနေပြီး သူတို့ဆံပင်ဖြင့် သူတို့မျက်နှာကို ပြန်ပတ်ထားလေသည်။

ခန္ဓာကိုယ်တွင် မြင်ရသော ဒဏ်ရာများ ရှိမနေခဲ့ပေ။ အနီးကပ် စစ်ဆေးကြည့်သောအခါ ဒဏ်ရာများမှာ သူတို့၏ လက်ကောက်ဝတ်နှင့် ခြေကျင်းဝတ်များတွင် ဖြစ်လေသည်။

ဤမြင်ကွင်းမှာ အမျိုးသမီးများနှင့် ကလေးများကို ထိတ်လန့်သွားစေခဲ့ပြီး ခပ်ဝေးဝေးတွင် ပုန်းရှောင်နေကြ၏။ တချို့သည် ထောင့်တစ်နေရာတွင် စုပုံကာ ငိုကြွေးနေကြသော်လဲ ရှေ့သို့ တိုးမလာရဲကြပေ။

အသက်ငါးဆယ်ခန့်ရှိသော အမျိုးသမီးကြီးတစ်ယောက်က ထိုလူနှစ်ယောက်ဘေးတွင် ဒူးထောက်ကာ အဆုတ်ကွဲလုမတတ် ငိုကြွေးနေသည်။

“ဘယ်လို နှလုံးသားမဲ့တဲ့ ခွေးကောင်က ဒီလိုလုပ်ရတာလဲ ... ဝူး ... ငါ့သားလေးတွေအပေါ် ဒီလောက်ထိ ရက်စက်ရက်တယ်... ဝူး ... ငါတို့ ဟယ်မိသားစုက ကံဆိုးလွန်းနေပါပြီ။ မတရားစွပ်စွဲခံရပြီး အိမ်ကိုလဲ အသိမ်းခံရတယ်၊ ပြည်နှင်ဒဏ်လဲ ပေးခံရတယ်၊ အခု ငါ့သားလေးတွေ ဒီလို ထိခိုက်သွားရပြန်ပြီ ... ဝူး...”

ဟယ်ကျီယွမ်သည် သူ့သားနှစ်ယောက်၏ သနားစရာ အခြေအနေကို မြင်သော်လဲ အကျယ်ကြီး အော်ငိုမနေပေ။ ထိုအစား သူသည် လက်နောက်ပစ်ကာ ဟိုလျှောက်ဒီလျှောက် လုပ်နေရင်း အလွန်အမင်း တုန်လှုပ်နေသည်။

အရာရှိများ ရောက်လာသည်ကို မြင်သောအခါ ဟယ်ကျီယွမ်မှာ သူ့အတွက် အသက်ကယ်ကောက်ရိုးလေး မြင်လိုက်ရသလိုပင်။

သူက ဖမ်းဝမ်၏ အင်္ကျီစကို ဆွဲလိုက်သည်။

“အရာရှိကြီး၊ ကျွန်တော်သားတွေအတွက် တရားမျှတမှု ရှာပေးပါ။ သူတို့ မနေ့ကပဲ ခင်ဗျားအတွက် အားသွန်ခွန်စိုက် လှည်းတွန်းပေးခဲ့သေးတယ်လေ။ အခု မနက် သူတို့ ဒီလို ဖြစ်သွားရပြီ။”

ဖမ်းဝမ်သည်လည်း အခြေအနေကို မြင်လိုက်သောအခါ ခေါင်းကိုက်သွားရ၏။

သူ၏ ပြည်နှင်ဒဏ် အကျဉ်းသားပို့ဆောင်မှုကို လုပ်ဆောင်ခဲ့သော နှစ်များအတွင်း ဒီလိုဖြစ်ရပ်မျိုး ပထမဆုံး ကြုံခြင်း ဖြစ်သည်။

ဟယ်ညီအကိုတွေကို တစ်ယောက်ယောက်က ရန်ငြှိုးထားသည်ဆိုပါက..

မော့ မိသားစုသာ ဖြစ်နိုင်ပေသည်။

ဆိုးရွားသော ဒဏ်ရာများနှင့် အိပ်ရာထဲ လဲနေသော မော့ကျိုးယွီမှလွဲ၍ ကျန်သည့် မော့မိသားစု အကုန်လုံးမှာ အမျိုးသမီးများ ဖြစ်ကြသည်။

ဟဲကျစ်ယန်က အတော်လေး လုပ်ရည်ကိုင်ရည် ရှိသော်လဲ သူမက နူးညံ့သည့် အမျိုးသမီးတစ်ဦးသာ ဖြစ်၏။ တခြားသူများကို လက်သီးဖြင့်ထိုး ခြေထောက်ဖြင့်ကန်ကာ အနိုင်ကျင့် ခြိမ်းခြောက်ခြင်းက ကိစ္စတစ်ခုပေ။ သို့သော် ဟဲကျစ်ယန်က တစ်စုံတစ်ယောက်အပေါ် ဒီလောက် ဆိုးရွားသည့် ဒဏ်ရာများ ‌လုပ်နိုင်လိမ့်မည်ဟု ဖမ်းဝမ် မယုံကြည်နိုင်ပေ။

သူ မျက်မှောင်ကြုံ့ကာ အတွေးနက်နေစဉ်ပင် ဟယ်ကျီယွမ်၏ မျက်လုံးများမှာ လူအုပ်ကြီးနောက်မှ ရပ်ကာ အခြေအနေကို စောင့်ကြည့်နေသော ဟဲကျစ်ယန်ဆီသို့ ရောက်သွားကြ၏။

သူသည် ဟဲကျစ်ယန်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ “အရာရှိကြီး၊ အဲ့ဒါ သူမပဲဖြစ်ရမယ်။ ဒီအဆိပ်ပြင်းတဲ့မိန်းမက ကျွန်တော့်သားတွေကို ဆိုးဆိုးဝါးဝါး ထိခိုက်အောင် လုပ်လိုက်တာပဲ။

မော့မိသားစုကလွဲရင် ကျွန်တော်တို့ ဘယ်သူ့ကိုမှ ရန်ငြှိုးမရှိဖူးဘူး။ ဒီအဆိပ်ပြင်းတဲ့ မိန်းမက မနေ့ညကလဲ ကျွန်တော့်သားတွေကို ရိုက်နှက်ခဲ့သေးတယ်။ အရာရှိကြီး ခင်ဗျား ကျွန်တော့်သားတွေအတွက် တရားမျှတမှု ရှာပေးရမယ် ...”

ဖမ်းဝမ်သည် ဟယ်ကျီယွမ်အား စိတ်မရှည်စွာ ဘေးဘက်သို့ ‌တွန်းဖယ်လိုက်သည်။

“သူမလို အားနည်းတဲ့ မိန်းကလေးက လူတစ်ယောက်ကို ဒီလောက်ထိ ထိခိုက်စေနိုင်မယ်လို့ ခင်‌ဗျား ဘယ်လိုများ တွေးလိုက်တာလဲ။”

All Chapters