← Chapters

ဟယ်လျန့်က အချောင်ခံလိုက်ရတာပဲ

Vol. 4 Ch. 58

ဟယ်လျန့်က အချောင်ခံလိုက်ရတာပဲ

Vol. 4 Ch. 58

ဟယ်ကျီယွမ်သည် သူ့စကားဆုံးသည်နှင့် တစ်ခုခုမှားနေသလို ခံစားလိုက်ရသည်။

ဟယ်မင်၏ ဒဏ်ရာကို ကူညီပေးနေတဲ့လူတွေ သူ့မိသားစုကို အာဃာတထားကြမှာကိုတောင် ဂရုမစိုက်တော့ဘဲ ဆက်ပြောလိုက်၏။ “ဒီလိဖြုစ်သင့်တာ မဟုတ်ဘူးလေ။ ဟယ်မင်နဲ့ ဟယ်လျန့်ရဲ့ ဒဏ်ရာတွေက အကုန်အတူတူပဲကို၊ မနေ့က သူတို့နှစ်ယောက်ရဲ့ အခြေအနေတွေကလဲ အကုန်လုံး အတူတူနီးပါးပဲလေ။ ဟယ်လျန့်က သူ့ဒဏ်ရာကြောင့် သေသွားတာ မဖြစ်နိုင်ဘူး။”

ဟယ်မင်၏ ဒဏ်ရာများကို စစ်ဆေးကြည့်ပြီးနောက် ဟဲကျစ်ယန်သည် ထိုစကားကို အပြည့်အဝ ထောက်ခံလိုက်သည်။

မော့ကျိုးယွီ၏ စကားအရဆိုလျှင် သူ၏လှုပ်ရှားမှုတွင် မှားယွင်းသွားတာမျိုး မရှိခဲ့ပေ။ ထို့ကြောင့် ဒဏ်ရာများမှာ လုံးဝ ထပ်တူညီနေရမည်ဖြစ်သည်။

သူမ ယခု ဟယ်မင်၏ ဒဏ်ရာများကို စစ်ဆေးကြည့်သောအခါ သူသည် အနည်းငယ် အားနည်းနေသည်မှလွဲ၍ အသက်ဆုံးရှုံးနိုင်သည့်အန္တရာယ် လုံးဝ မရှိပေ။ တစ်ညအိပ်ပြီး သေသွားသည်ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သောအရာပင်။

ဟဲကျစ်ယန်သည် တစ်ဖက်တွင် ထားထားသော အလောင်းကို တစ်ချက်ကြည့်ကာ ထိုနေရာသို့ သွားလိုက်၏။

လူတိုင်း၏ရှေ့တွင် သူမသည် အလောင်း၏ မျက်နှာကို လွှမ်းထားသော အဝတ်စကို ဆွဲဖယ်လိုက်သည်။

ဟယ်လျန့်၏ မျက်လုံးများမှာ တင်းတင်းကြပ်ကြပ် ပိတ်ထားကြပြီး သေပြီးမှ အားဖြင့် အပိတ်ခံထားရခြင်းမျိုး မဟုတ်သည့်အတွက် သူသည် ‌အသတ်ခံရစဉ် ဘာဝေဒနာမှ မခံစားရလိုက်ဘူးဆိုတာ သိသာပေသည်။

သူမ၏ ကောက်ချက်ချမှုအရဆိုလျှင် ဟယ်လျန့်၏ သေဆုံးချိန်မှ အခုအချိန်ထိ တွက်ကြည့်လျှင် တစ်နာရီပင် မပြည့်သေးပေ။

တိတိကျကျဆိုရလျှင် မော့ကျိုးယွီ ခရိုင်အကျဥ်းထောင်မှပြန်လာပြီးနောက်ပိုင်းမှ ဖြစ်သွားခြင်းပင်။

သေသေချာချာ စစ်ဆေးကြည့်ပြီးနောက် ဟဲကျစ်ယန်သည် ဟယ်လျန့်၏ ဦးခေါင်းခွံ အလယ်တည့်တည့်တွင် ငွေရောင်အပ်ရှည်တစ်ချောင်းကို တွေ့ရှိကာ ဆွဲနှုတ်လိုက်၏။

အလောင်းကို သူမ စစ်ဆေးနေစဉ်အတွင်း ဖမ်းဝမ်နှင့် ဟယ်ကျီယွမ်သည် သူမဘေးတွင် တစ်ချိန်လုံး ရှိနေခဲ့ကြကာ သူမလုပ်သမျှကို ကြည့်နေခဲ့ကြသည်။

ဟဲကျစ်ယန်၏ ငွေအပ်ချောင်းကို ဆွဲထုတ်လိုက်သောအခါ သူတို့အားလုံး ထိတ်လန့်သွားကြရသည်။

ဟယ်ကျီယွမ်က ငိုကြွေးလိုက်၏။ “ဘယ်သူလဲ။ အဲ့ဒါ ဘယ်သူလဲ။ ငါ့သားလေးကို နှိပ်စက်ရုံအားမရလို့ သူ့အသက်ကိုပါ ယူသွားကြပြီ။ ဝူး ဝူး ...”

နှစ်ပေါင်းများစွာ အရာရှိတစ်ယောက်ဖြစ်ခဲ့သည့်အတွက် ဟယ်ကျီယွမ်သည် ထိုကဲ့သို့သော လုပ်ကြံသတ်ဖြတ်ခြင်းမျိုးကို စိမ်းသက်မနေခဲ့ပေ။

လူတစ်ယောက်ကို ထိုကဲ့သို့သော မမြင်နိုင်သည့်နည်းဖြင့် သတ်သွားနိုင်သူများမှာ အကျွမ်းတကာ့ အကျွမ်းဆုံးထဲမှ လူများ ဖြစ်ရပေမည်။

ပြီးတော့ ထိုလူများ၏ အဓိကရည်ရွယ်ချက်မှာ သူ့ကို နှုတ်ပိတ်ရန်ပင်။

ဟယ်ကျီယွမ်သည် မနေနိုင်တော့ဘဲ ဟယ်လျန့်တစ်ယောက် မြို့တော်မှာတုန်းက ဘယ်သူ့ကို ရန်စမိသေးလဲဟု ပြန်စဉ်းစားမိတော့သည်။

ထိုနည်းဖြင့်သာ လူသတ်သမားက ဘယ်သူလဲ သူ ခန့်မှန်းမိကောင်းခန့်မှန်းမိပေမည်။

သို့သော် သူဘယ်လောက်ပဲ ပူထူနေအောင် စဉ်းစားပါစေ၊ ဟယ်လျန့်က ဒီလောက်ကြောက်စရာကောင်းတဲ့ မျိုးရိုးမြင့်ဘယ်တစ်ယောက်ကို စော်ကားမိလိုက်လဲ သူ မတွေးနိုင်တော့ပေ။

ဟယ်လျန့်၏ ဇနီးသည်သည် ငိုယိုနေရင်း သူ့မျက်နှာကို အဝတ်စဖြင့် ပြန်အုပ်ပေးလိုက်သည်။ “မနက်မိုးလင်းခါနီးတော့ ကျွန်မယောက်ျား ရေဆာတယ်ဆိုလို့ သူ့ကို ရေနည်းနည်း တိုက်လိုက်သေးတယ်။

ပြီးတော့ ကျွန်မလဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်မနေခဲ့ပါဘူး။ တစ်ယောက်ယောက်ကများ ကျွန်မယောက်ျားကို သတ်ဖို့ လာတယ်ဆိုရင် ကျွန်မ ဘယ်လိုလုပ် သတိမထားမိဘဲနေမှာလဲ။ ယောက်ျား ကျွန်မ မှားသွားပါတယ် ဝူးဝူး .. ကျွန် ရှင့်ကို သေချာဂရုမစိုက်မိတဲ့ အပြစ်တွေပါ ဝူး ဝူးး…”

သူမ၏ မရီးက ငိုကြွေးနေသည်ကို မြင်သောအခါ ဟယ်မင်၏ ဇနီးကလဲ လိုက်ငိုတော့သည်။

“ကျွန်မတို့ ဟယ်မိသားစုက ပြည်နှင်ဒဏ်တောင် ပေးခံရပြီးပြီ။ ဒီညီအကိုကို ဘယ်သူကများ ဒီလောက် ရက်စက်ရက်တာလဲ။

ကံကောင်းလို့ မနေ့ညက ကျွန်မရဲ့ ယောက်ျားကို ဂရုစိုက်ဖို့ သူ့ကို တဲရဲ့ တစ်ဖက်ဆီ ရွှေ့ထားမိတာ။ မဟုတ်လို့ သူတို့နှစ်ယောက်ကို အတူတူသာ ထားမိရင် အခုအချိန် လူနှစ်ယောက်လုံး ဆုံးရှုံးရပြီ”

ဟယ်မင်နှင့်ဟယ်လျန့်၏ ဇနီးများ၏ ပူဆွေးသံများကို နားထောင်ပြီးနောက် ဟဲကျစ်ယန်သည် တခြားသတင်းတစ်ခုကို ဖမ်းဆုပ်မိသွား၏။ ထိုအရာမှာ မနေ့ညက ညီအကိုနှစ်ယောက် အတူတူမရှိခဲ့ဘူးဆိုတာပင်။

ဤအချက်ကို ထောက်ကြည့်လိုက်လျှင် ဟဲကျစ်ယန်၏ တွေးဆမှုမှာ ပို၍ ရုပ်လုံးပေါ်လာလေသည်။

ပြည်နှင်ဒဏ်ခရီးအတွင်း ထိုကဲ့သို့သော အရာများဖြစ်လာသောအခါ ဖမ်းဝမ်သည် ဟယ်လျန့်၏ အလောင်းကို ခရိုင်တရားသူကြီးထံပို့ကာ လူသတ်သမားကို ဖော်ထုတ်ပေးဖို့ မတောင်းဆိုနိုင်တော့ဘဲ ခရီးမဖင့်ဖို့အတွက်သာ အလောင်းကို ကြုံသလို စီစဉ်လိုက်ရတော့သည်။

ဟယ်မိသားစုက ပူဆွေးနေစဉ်အတွင်း အရာရှိများသည် အလောင်းများ စီစဉ်ရာတွင် ကျွမ်းကျင်သော ဒေသခံတစ်ယောက်ကိုခေါ်ကာ ဟယ်လျန့်၏ အလောင်းကို ကြေးပြားအနည်းငယ်ဖြင့် စီစဉ်ခိုင်းလိုက်သည်။ ထိုလူက အလောင်းကို အဝေးသို့ သယ်ဆောင်သွားလေသည်။

ဟဲကျစ်ယန်သည် အလောင်းကို စစ်ဆေးပြီး လိုချင်သည့်အချက်များကို ရသွားသောအခါ ဤနေရာတွင် အချိန်ထပ်အကုန်မခံတော့ပေ။ ဖမ်းဝမ်ကို ခေါင်းငြိမ်ပြကာ မော့ကျိုးယွီ၏ အခန်းဆီသို့သာ ပြန်လာခဲ့လိုက်၏။

သူမ တံခါးဝကို လှမ်းဝင်လိုက်သည်နှင့် မော့ကျိုးယွီက စိတ်မရှည်စွာ မေးလိုက်သည်။ “မင်း တစ်ခုခုတွေ့ခဲ့သေးလား။”

ဟဲကျစ်ယန်သည် မော့ကျိုးယွီအား အလောင်းစစ်ဆေးချက်ကိုပြောပြကာ ဟယ်ညီအကိုများ တစ်နေရာထဲ အတူတူ မအိပ်သည့်အချက်ကို သေချာထောက်ပြလိုက်၏။

မော့ကျိုးယွီ၏ မျက်လုံးများ ချက်ချင်းနက်မှောင်သွားရသည်။

သူ့အမူအရာကိုကြည့်ကာ ဟဲကျစ်ယန်သည် သူ တစ်ခုခုကို တွေးလိုက်မိပြီဖြစ်ကြောင်း သိလိုက်သည်။

“ဟယ်လျန့်က ရှင့်အစား ခံလိုက်ရတာလို့ထင်လား။”

မော့ကျိုးယွီသည် ခေါင်းမော့လာကာ သူ့မျက်လုံးများကတော့ ပိုလေးနက်လာခဲ့သည်။

“မင်းလဲ အဲ့လိုထင်လား”

ဟဲကျစ်ယန်သည် ခေါင်းငြိမ့်ကာ သူမ၏ ကောက်ချက်ချမှုများကို ရှင်းပြလိုက်သည်။

“ဟယ်လျန့် သေတဲ့အချိန်က ရှင် အဲ့ဒီခရိုင်ရုံးဝန်းက ထွက်သွားတဲ့အချိန်လောက်ပဲ။ ဆိုလိုတာက အဲ့လူတွေ ရှင် မခန့်မှန်းထားတဲ့ ကိစ္စကိုလုပ်သွားတာပဲ။

လူသတ်သမားက ရှင့်အတွက်လာတာဆို သူတို့ ဒီရောက်ရောက်ချင်း ထိခိုက်ပြီး မထနိုင်တဲ့လူကိုရှာကြမှာပဲ။

ပြီးတော့ ဟယ်လျန့်က တဲအစွန်းမှာ နားနေသလိုဖြစ်သွားတာ၊ မနက်လင်းခါနီးတော့ သူ့မိန်းမတောင် သူ့ကိုရေတိုက်လိုက်သေးတယ်။

ကျွန်မထင်တာတော့ လူသတ်သမားက သူတို့နှစ်ယောက်ရဲ့ အခြေအနေကို သတိထားမိသွားပြီး ဟယ်လျန့်က အပြင်းအထန် ဒဏ်ရာရထားတာကို အတည်ပြုလိုက်တာပဲ၊ သူ့ရဲ့ ကိုယ်လုံးကိုယ်ပေါက်ကလဲ ရှင်နဲ့ ဆင်နေတာလေ၊ အဲ့ဒါမို့ သူတို့က ဟယ်လျန့်ကို ရှင်ထင်ပြီး မှားသတ်လိုက်မိတာလို့ထင်တယ်။”

ဟယ်ကျစ်ယန်၏ အတွေးအခေါ်မှာ အလွန်ထောင့်စေ့ကာ မော့ကျိုးယွီ၏ အတွေးနှင့် တစ်ထပ်ထဲပင်။

သူသည် ဤအမျိုးသမီးက သူထင်ထားတာထက် ပိုပြီးထူးခြားဆန်းကျယ်တယ်ဟု ခံစားလာရ၏။

တစ်ချိန်တည်းမှာပင် ဒီလိုဇနီးမျိုးရလိုက်ဟည့်အတွက်လဲ ဝမ်းသာမိသွားသည်။ သူမက ကောင်းကင်ဘုံက စေလွှတ်လိုက်သည့် အကူအညီလေးပင်။

မော့ကျိုးယွီကိုယ်တိုင်ပင် ဘာလို့မှန်းမသိဘဲ ဒီလိုအချိန်မှာတောင် မသက်ဆိုင်သည့် အကြောင်းအရာက ခေါင်းထဲရောက်နေခဲ့သည်။

သို့သော် မကြာခင်ပင် သူ့အတွေးကို ပြန်ထိန်းချုပ်လိုက်၏။

“ဟယ်လျန့်သေသွားတာ ကိုယ်တို့အတွက် ကောင်းတာပဲ။”

“ဘာလို့လဲ” ဟဲကျစ်ယန်က မေးလိုက်သည်။

“အဲ့ဒါက တကယ်ပဲ မင်းခန့်မှန်းသလိုသာဆို လူသတ်သမားတွေက လုပ်ကြံမှုအောင်မြင်ကြောင်း ပြန်လျှောက်တင်ကြမှာပဲလေ။

အချိန်တိုအတွင်းတော့ နန်ချီက ကိုယ်သေပြီလို့ ထင်နေမှာ။ အဲ့ဒါ မဟုတ်ဘူး‌ဆိုတာ သူသိသွားရင်တောင် နောက်တစ်ကြိမ် မြန်မြန်ကြီး သူထပ်မလုပ်နိုင်တော့ဘူး။ ကိုယ်တို့ ခဏလောက်တော့ အေးအေးဆေးဆေးနေလို့ရတာပေါ့”

ဟဲကျစ်ယန်သည် မော့ကျိုးယွီ၏ သုံးသပ်ချက်က ‌ကျိုးကြောင်းဆီလျော်မှန်း သိပေသည်။

သို့သော် သူပြောသည့် ငြိမ်းချမ်းမှုက ခဏတာပင်ဖြစ်သည်။ သူမတို့ အမြဲတမ်း ငြိမ်ငြိမ်းချမ်းချမ်းနေနိုင်ဖို့ကတော့ အခုချိန်မှာ မဖြစ်နိုင်သေးသောအရာပင်။

ဟဲကျစ်ယန်သည် မော့ကျိုးယွီကို အဖော်ပြုကာ ဤပြည်နှင်ဒဏ်ခရီးကို လိုက်ခဲ့ပြီးကတည်းက ခရီးလမ်းက ဖြောင့်ဖြူးမည် မဟုတ်ကြောင်း၊ ထို့အတူ အနာဂတ်ကလဲ ဖြောင့်ဖြူးမှာ မဟုတ်ကြောင်း စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီး ဖြစ်၏။

“ဒီကိစ္စက ဒီလိုဆိုမှတော့ အနာဂတ်ကို စိတ်တည်တည်ငြိမ်ငြိမ်နဲ့ပဲ ရင်ဆိုင်ကြရအောင်၊ တံတားတွေတွေ့ရင် ကျော်လိုက်ကြတာပေါ့။

အရင့်အရင်ကတည်းက မကောင်းမှုဟာ ကောင်းမှုကို ‌နိုင်သွားတယ်လို့ ဘယ်တော့မှ မရှိဘူး။ အဲ့ဒီစိတ်ယုတ်မာတဲ့လူတွေ အချိန်အကြာကြီး သောင်းကျန်းနိုင်မယ်လို့ ကျွန်မ မယုံပါဘူး။”

နန်ချီကိုပဲ ဥပမာပြရမည်။ ထိုလူသည် အပျော်အပါး အလွန်မက်သောကြောင့် ကျန်းမာရေးဖောက်ပြန်ကာ ထီးနန်းကို ၅နှစ်သာ စိုးစံလိုက်ရကြောင်း သမိုင်းမှတ်တမ်းတွင် ဖော်ပြထားပေသည်။

ထို့နောက် သူ၏ ၆နှစ်အရွယ် သားလေးက နန်းတက်လာကာ နန်းတွင်းရေးသည် အာဏာရှိသော အမတ်ကြီးများ ခြယ်လှယ်ခံရပြီး တာ့ရွှင်းမင်းဆက်ကြီးမှာ သိပ်မကြာခင်ပဲ လက်ပြောင်းယူခံလိုက်ရ၏။

သို့သော် ဟဲကျစ်ယန်သည် မော့ကျိုးယွီကို ထိုအကြောင်းများ ပြောပြဖို့ စိတ်ကူးမရှိပေ။ သူမက မော့ကျိုးယွီ၏ ကံကြမ္မာကို တစ်ခါပြောင်းလဲခဲ့ပေးပြီပြီဖြစ်သည်။ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲ ဘယ်သူမှ မသိနိုင်ပေ။

မော့ကျိုးယွီသည် ပိုင်ဆိုင်မှုများ အသိမ်းခံရပြီး ပြည်နှင်ဒဏ်ပေးခံရချိန်တွင် မျှော်လင့်ချက်များ သေဆုံးသွားကာ ကိုယ့်ကိုယ်ကို ဖျက်ဆီးလိုစိတ်များပင် ဖြစ်ပေါ်လာခဲ့သည်။

သို့သော် နန်ချီ၏ မျက်နှာအမှန်ကို သိလိုက်ရပြီးနောက် သူ၏ အတွေးအခေါ်မှာ လုံးဝ ပြောင်းလဲသွားပြီဖြစ်သည်။

မော့မိသားစုထဲ လက်ထပ်ပြီး ဝင်လာခဲ့သော ဟဲကျစ်ယန်ထံတွင်ပင် အနာဂတ်အတွက် မျှော်လင့်ချက်များစွာ ရှိနေသည်။ သူလို မော့အမျိုးကောင်းသားတစ်ယောက်က ကိုယ့်ကိုယ်ကို ဖျက်ဆီး‌ချင်နေသည့် စိတ်များ ဆက်ရှိနေပါက မော့မိသားစု‌ဘိုးဘေးများနှင့် သူနှင့်အတူ ပြည်နှင်ဒဏ်ခရီးကို လိုက်ပါလာခဲ့သော မော့မိသားစုဝင်များကို စိတ်ပျက်စရာ ဖြစ်စေလိမ့်မည်။

ဘာတွေပဲဖြစ်လာဖြစ်လာ အကောင်းဆုံး ကြိုးစားရှင်သန်ရမှာဖြစ်ပြီး သူ့ရဲ့နေ့ရက်တွေကို အနောက်မြောက်အရပ်က မတိုးတက်သောနေရာတွင်ပဲ ကုန်ဆုံးရလျှင်တောင် မိသားစုအကုန်လုံး စည်းစည်းလုံးလုံးနေနိုင်ပါက ကံကောင်းမှုပင် ဖြစ်သည်။

ထိုအတွေးဖြင့် မော့ကျိုးယွီသည် ချက်ချင်းပဲ ကိုယ့်ကိုယ်ကို အားပေးလိုက်သည်။

“စိတ်မပူပါနဲ့၊ မင်းနဲ့ မိသားစုကို ကာကွယ်ဖို့ ကိုယ် အကောင်းဆုံး ကြိုးစားမှာပါ။”

All Chapters