← Chapters

လီဟူအား ရိုက်နှက်ခြင်း

Vol. 4 Ch. 46

လီဟူအား ရိုက်နှက်ခြင်း

Vol. 4 Ch. 46

ကံကောင်းစွာပင် ဈေးအဝင်ဝ၌ အထည်ဆိုင်တစ်ဆိုင် ရှိနေခဲ့သည်။

ဟဲကျစ်ယန်သည် ချည်အလိပ်သုံးဆယ်ကျော်၊ အပ်ချည်နှင့် အပ်များ အမြောက်အများ ဝယ်ယူခဲ့ကာ အထည်ဆိုင်ပိုင်ရှင်အား တည်းခို‌ဆောင်သို့ လာပို့ရန် ပြောလိုက်သည်။

နေရာလွတ်ထဲမှ နာရီကိုကြည့်လိုက်သောအခါ သူမနှင့် ဆန်းတာ့ကျိုးတို့ ချိန်းဆိုထားသော အချိန်မရောက်မီ နာရီဝက်ခန့် လိုနေသေးသည်ကို တွေ့လိုက်ရ၏။

ဟဲကျစ်ယန်သည် လှည်းကို အားသွန်ခွန်စိုက်တွန်းလိုက်ပြီး အနားယူရန် အရိပ်ရသော နေရာတစ်ခုကိုရှာလိုက်သည်။

လှည်းကို မြင့်မားသော နံရံကြီးတစ်ခု၏ အပြင်ဘက်တွင်ရပ်ထားလိုက်ကာ ဟဲကျစ်ယန်သည် ကျောက်တုံးကြီးတစ်တုံးပေါ်တွင် ထိုင်ချလိုက်သည်။

သူမ၏ အားလပ်ချိန်လေးကို အခွင့်ကောင်းယူကာ စိတ်ကို နေရာလွတ်ထဲသို့သွားလိုက်ပြီး သူမ၏ ဆိုင်လေးက ဖွင့်လို့ ရသွားပြီလားဟု သွားကြည့်လိုက်သည်။

ရလဒ်မှာ သူမအတွက် နည်းနည်း မကျေနပ်ချင်စရာပေ။ ဖုန်းစခရင်ပေါ်တွင် “ကျေးဇူးပြုပြီး စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းပေးပါ” ဟူသော စာတန်းကြီးသာ ပေါ်နေလေသည်။

ဟဲကျစ်ယန်သည် သူမ၏ အသိစိတ်ကို ဆွဲထုတ်ကာ ဘေးပတ်လည်သို့ ကြည့်လိုက်သည်။

ဟဲကျစ်ယန်သည် ဘာဖြစ်လို့လဲ မသိသော်လဲ သူမ စိတ်ထဲတွင် ဆိုးရွားသော ကြိုတင်သတိပေးချက် တစ်ခု ရှိနေသလိုပင်။

တစ်ခုခုဖြစ်တော့မည်ဆိုလျှင် သူမ အမြဲတမ်း ထိုခံစားချက်ရလေ့ရှိသည်။

ကြည့်ရသည်မှာ လီဟူက တစ်ခုခုလုပ်ထားပြီးသည့်ပုံပင်။

သူမ ထိုခံစားချက်ကြီး ရနေသော်လဲ လီဟူက သူမကို ဘယ်လို ခက်ခဲအောင် လုပ်ထားလိမ့်မလဲဆိုတာကိုတော့ စဉ်းစားလို့မရပေ။

အချိန်က တစ်ဖြည်းဖြည်းချင်း ကုန်လွန်သွားပြီး ‌မွန်းတည့်ချိန်သို့ ရောက်လာသောအခါ ဟဲကျစ်ယန်သည် တစ်ခုခုတော့ မှားနေပြီဟု ပြင်းထန်စွာ ခံစားလိုက်ရ၏။

ဆန်းတာ့ကျိုး၏ အမူအကျင့်အရ သူသည် ချိန်းထားသည့်အရာကို ဖျက်တတ်သည့် လူစားမျိုး မဟုတ်ပေ။

ထို့အပြင် သူတို့က ရိက္ခာတချို့ ဝယ်ဖို့သာ လိုအပ်သောကြောင့် အချိန် အများကြီး ကုန်မှာ မဟုတ်ပေ။

ဟဲကျစ်ယန် ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သည် - ဤနေရာတွင် ဆက်မစောင့်တော့ဘဲ တည်းခို‌ဆောင်သို့ တစ်ယောက်ထဲ ပြန်ဖို့ ဖြစ်သည်။

လီဟူက ဘယ်လို ပြဿနာမျိုးကို ပြင်ဆင်ထားပါစေ၊ သူမ အချိန်မှီ ပြန်သွားခြင်းက မမှားနိုင်ပေ။

ထို့ကြောင့် ဟဲကျစ်ယန်သည် တွန့်ဆုတ်မနေ‌ဘဲ လှည်းကို အနောက်ဘက်တည်းခိုဆောင်ဆီသို့ တွန်းလိုက်တော့သည်။

ယွင့်လိုင်ကောင်တီက အရမ်းကြီးမကြီးလှပေ။ နာရီဝက်ခန့် လမ်းလျှောက်ပြီးနောက် သူမ တည်းခိုဆောင်၏ အဝင်ဝကို လှမ်းမြင်ရပြီဖြစ်သည်။

ဟဲကျစ်ယန်သည် လှည်းကို တံခါးဝဆီ ဆက်တွန်းရန် ပြင်လိုက်စဉ်တွင် ကြာပွတ်တစ်ချောင်းက သူမမျက်နှာဆီသို့ ပျံဝဲလာခဲ့၏။

ကံကောင်းစွာပင် သူမ သွက်လက်စွာ အချိန်မှီလေး ရှောင်နိုင်ခဲ့သည်။

တစ်ဖက်လူက သူမကို အသက်ရှူခွင့်ပင်မပေးဘဲ ဒုတိယကြာပွတ်က မျက်နှာဆီသို့ ချက်ချင်းဝင်လာပြန်သည်။

“ဟဲမျိုးရိုး၊ မင်းက ထွက်ပြေးရဲတယ်ပေါ့၊ ငါ မင်းကို ဘယ်လိုရိုက်သတ်မလဲ ကြည့်နေ”

လီဟူသည် လက်ထဲမှ ကြာပွတ်ကို ဝေ့ယမ်းလိုက်ကာ သူ့ပုံစံမှာ အလွန်တင်းမာနေသည်။

မသိလျှင် သူနှင့် ဟဲကျစ်ယန်က တကယ့်ကို ရန်သူကြီးတွေလိုပက်။

ဟဲကျစ်ယန်သည် သူမ လုံးဝ မထင်ထားသော အချိန်တွင် တိုက်ခိုက်ခံလိုက်ရသောကြောင့် ဒေါသထွက်နေပြီဖြစ်သည်။

လီဟူ၏ ဆိုးရွားသော မျက်နှာကို မြင်လိုက်ရသောအခါ သူမ၏ ဒေါသများ ပေါက်ကွဲထွက်လာရသည်။

သူမသည် လက်ကိုမြှောက်ကာ သူမကိုရိုက်လာသော ကြာပွတ်အား မညှာမတာ ဆွဲစောင့်လိုက်သည်။

ကျွမ်းကျင်သော ဆွဲချက်ဖြင့် သူမသည် လီဟူအား ကြာပွတ်နှင့်အတူ တံခါးဝအပြင်ဘက်သို့ ဆွဲချလိုက်သည်။

လီဟူက မတ်တပ်ကောင်းကောင်း မရပ်နိုင်သေးသည်ကို အခွင့်ကောင်းယူကာ ဟဲကျစ်ယန်သည် သူ့ခါးကို ပြေးပြီး ကန်ထည့်လိုက်၏။

လီဟူသည် နာကျင်မှုကြောင့် အော်ဟစ်လိုက်ပြီး သူ့လက်ထဲမှ ကြာပွတ်လည်း လျောကျသွားသည်။

အကန်ခံထားရသော ခါးကိုကိုင်ကာ သူသည် ဟဲကျစ်ယန်ကို လက်ညှိုးထိုးပြီး ရက်စက်စွာ ဆဲဆိုတော့သည်။

“ဈေးပေါတဲ့မိန်းမ၊ မင်းက အရာရှိတစ်ယောက်ကို တကယ်တိုက်ခိုက်ရဲတယ်ပေါ့လေ။ အနောက်မြောက်အရပ်ဆီ အသက်ရှင်လျက် မသွားချင်တော့ဘူးထင်တယ်။”

တံခါးဝတွင်ဖြစ်နေသော ရုန်းရင်းဆန်ခတ်မှုမှာ မသေးလှသည်ဖြစ်ရာ တခြားအရာရှိများနှင့် အကျဉ်းသားများပါ ဘာဖြစ်တာလဲဟု ထွက်ကြည့်လာကြသည်။

သူတို့သည် ဟဲကျစ်ယန်က ကြာပွတ်ကို လက်မှာကိုင်ထားပြီး လီဟူအား ဒေါသထွက်စွာ ကြည့်နေသည်ကို မြင်လိုက်ကြရ၏။

လီဟူမှာ ကြွက်စုတ်လေးလိုပင်၊ ပြန်မတိုက်ခိုက်ရဲဘဲ ပါးစပ်က ကျိန်ဆဲနေခဲ့သည်။

သူ့အဖော်များ ရောက်လာသည်ကို မြင်သောအခါ လီဟူသည် ချက်ချင်းပဲ သတ္တိများ ရှိလာရ၏။

“ညီအကိုတို့၊ မင်းတို့ရောက်လာတာကောင်းတယ်။ ဒီဈေးပေါတဲ့မိန်းမကို ဖမ်းကြ။ သူမက မမှန်မကန်လုပ်ပြီး ထွက်ပြေးဖို့ကြိုးစားရုံတင်မကဘူး ငါ့ကိုလဲ တိုက်ခိုက်သေးတယ်။”

ဟဲကျစ်ယန်သည် လီဟူကြောင့် အလွန်စိတ်တိုနေပြီဖြစ်သည်။ သူက သူမကို မဟုတ်မမှန် စွပ်စွဲနေသည်ကို ထပ်မြင်လိုက်ရသောအခါ တုံ့ဆိုင်းမနေဘဲ ချက်ချင်းပဲ ပြေးသွားကာ သူ၏ ညစ်ပတ်သော ပါးစပ်အား ကန်ထည့်လ်ုက်သည်။

လီဟူသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး သူ့ပါးစပ်ကို လက်ဖြင့် အုပ်လိုက်၏။

သူ့လက်ကို ပြန်‌ဖယ်လိုက်သောအခါ လက်ဖဝါးပေါ်တွင် သွေးများနှင့် သွားနှစ်ချောင်းကို မြင်တွေ့လိုက်ရသည်။

ဤပရာက ဟဲကျစ်ယန်တစ်ယောက် ဘယ်လောက်တောင် အားသုံးထားလဲဆိုတာ သိသာစေသည်။

ဟဲကျစ်ယန်အတွက်တော့ သူမ့ဒေါသများကို ဖော်ထုတ်ရတာ မလုံလောက်သေးပေ။ သူမ ထပ်ပြီး လီဟူကို ရိုက်နှက်တော့မည့်အချိန်တွင် ဖမ်းဝမ်က ဝင်ပြောလာသည်။

“ဟဲမျိုးရိုး၊ ရပ်လိုက်စမ်း။”

ဟဲကျစ်ယန် ဘယ်လောက်ပဲ ဒေါသထွက်နေပါစေ၊ သူမမှာ အကြောင်းပြချက် ရှိနေသေးသည်။

သူမ၏ စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း သိနေသည်မှာ ၎င်ဤအရာရှိများထဲတွင် သူမ ရန်သွားစလို့ မရတာ ဖမ်းဝမ်တစ်ယောက်ထဲ ဆိုတာကိုပင်။

သူက အဖွဲ့၏ ခေါင်းဆောင် ဖြစ်သည်။ သူမသာ သူ့ကို စော်ကားမိပါက နောက်ပိုင်းတွင် မော့မိသားစုအတွက် မဆုံးနိုင်သော ပြဿနာများ ရောက်လာပေလိမ့်မည်။

“ခေါင်းဆောင်ဖမ်း၊ ဒီတစ်ခေါက်တော့ ရှင့်မျက်နှာကို ထောက်ပြီး ကျွန်မ သူ့ကို လွှတ်ပေးလိုက်မယ်။ ဒါပေမဲ့ ဒီနေ့ဖြစ်သွားတဲ့ ကိစ္စ ကျွန်မကို သေချာရှင်းပြမှရမယ်။”

အတိတ်တုန်းကသာ သူ့နောက်လိုက်များ ဒီလိုအရိုက်ခံရပါက ဖမ်းဝမ်သည် ဘာရှင်းပြချက်ကိုမှ နားထောင်မနေတော့ဘဲ သူတို့ကိုသာ အပြည့်အဝ ကာကွယ်ပေးမှာ ဖြစ်သည်။

သို့သော် ဒီနေ့ဖြစ်သည့်လူကတော့ ထူးခြားပေသည်။

ဤလီဟူသည် သူ၏ အဖွဲ့အတွင်းသို့ လွန်ခဲ့သည့် နှစ်ဝက်လောက်က နားမလည်နိုင်စွာ ဝင်ရောက်လာခြင်း ဖြစ်သည်။

ပထမတွင် ဖမ်းဝမ်သည် လူသစ်တစ်ယောက် ရောက်လာခြင်းက ဘာမှမထူးခြားဟု ထင်ထားခဲ့သော်လဲ လီဟူသည် လောဘကြီးကာ နှာဘူးထပြီး သူ၏ ညီအကိုများအပေါ်တွင်လဲ မကြာခဏ အမြတ်ထုတ်လေ့ရှိကြောင်း သိလိုက်ရ၏။

အချိန်အတော်ကြာပြီးနောက် ဖမ်းဝမ်သည် လီဟူအား လုံးဝ သဘောမကျတော့ပေ။

တစ်ယောက်ယောက်က သူ့ကို ကျောထောက်နောက်ခံ ပို့ပေးထားသောကြောင့် ဖမ်းဝမ်သည် သူ့အား အဖွဲ့ထဲမှ ထုတ်မပစ်သော်လဲ အချိန်တိုင်း သူ့ကို ဆုံးမပြုပြင်ပေးခဲ့သည်။

တစ်ဖက်လူဖြစ်သော ဟဲကျစ်ယန်မှာ ဖမ်းဝမ်၏ မျက်လုံးထဲတွင် အရည်အချင်းရှိပြီး ထက်မြတ်သူတစ်ယောက်ပင်။ သူမက အကြောင်းရင်း မရှိဘဲတော့ လီဟူကို တိုက်ခိုက်မှာ မဟုတ်ပေ။

ထို့အပြင် ဟဲကျစ်ယန်၏ အလွန်ဒေါသထွက်နေဟော အမူအရာကို ကြည့်ပါက လီဟူသည် ခွင့်မလွှတ်နိုင်သော တစ်စုံတစ်ရာကို လုပ်ခဲ့မိသည့်ပုံပင်။

အမှန်တကယ်တော့ ဖမ်းဝမ် အတွေးလွန်နေခြင်းသာ ဖြစ်သည်။ သူသည် လီဟူက ဟဲကျစ်ယန်၏ အလှကို တပ်မက်သွားသောကြောင့် သူ၏ ပြဿနာဟောင်းက ပြန်ပေါ်လာရခြင်းဖြစ်မည်ဟု တွေးလိုက်၏။

တခြားကိစ္စသာဆိုပါက ဟဲကျစ်ယန်၏ အခြေအနေနှင့် သူမ ဒီလောက်ကြီး ဒေါသထွက်လိမ့်မည် မဟုတ်ပေ။

သို့သော်လဲ လီဟူက သူ၏ ‌လက်အောက်ငယ်သားဖြစ်ရာ လူအများရှေ့တွင် လီဟူ၏ မျက်နှာအစစ်ကို ပေါ်ခွင့်ပေးလို့ မရပေ။

ထိုအရာက ခေါင်းဆောင်ဖြစ်သော သူ့အပေါ် ထိခိုက်လာနိုင်ပေသည်။

“ဆက်ရန်မဖြစ်ကြနဲ့တော့၊ မင်းတို့အားလုံး ငါနဲ့ လိုက်ခဲ့ကြ”

အရာရှိများက ဖမ်းဝမ်နောက်မှလိုက်ကာ ဧည့်ခန်းဆီသို့ သွားနေကြသည်ကိုကြည့်ရင်း ဟဲကျစ်ယန်သည် အလျင်အမြန် စစ်ဆေးကြည့်လိုက်သော်လဲ ဆန်းတာ့ကျိုး၏ အရိပ်အယောင်လေးတောင် မတွေ့ရပေ။

ဟဲကျစ်ယန်သည် ချက်ချင်းပင် စိတ်ထဲ အလင်းတစ်ချက် ဖြတ်သွားသလို ခံစားလိုက်ရ၏။

လီဟူက တံခါးတွင် သူမကို ရိုက်ဖို့ စောင့်နေရသည့် အကြောင်းရင်းမှာ လီရို့အာနှင့်အတူ ပြန်ပေါင်းထုပ်နိုင်ရန် ဖြစ်ပေမည်။

သို့သော် သူမကို အမှန်တကယ် ဖျက်စီးမည့် အကြောင်းရင်းကတော့ ဆန်းတာ့ကျိုး ပျောက်ဆုံးသွားခြင်းပင်။

ထိုအကြောင်းကိုတွေးပြီး ဟဲကျစ်ယန်သည် သူမရှေ့ရှိ လှည်းကို အမြန်ချကာ အရာရှိဖမ်းနောက်သို့ ပြေးလိုက်သွားလိုက်သည်။

“အရာရှိဖမ်း၊ အရာရှိကျိုး အန္တရာယ်ရှိနေပြီ။”

အရာရှိများနောက်မှ လမ်းလျှောက်လိုက်လာသော လီဟူသည် ဟဲကျစ်ယန်အား မုန်းတီးစွာ ဒေါသဖြင့် စိုက်ကြည့်လိုက်၏။

သူ၏ ယောင်ကိုင်းနေသော ပါးစပ်ဖြင့် မသဲမကွဲ ပြောလိုက်သည်။ “အဲ့ဒါ မင်းအမှားကြောင့်ပဲ မဟုတ်ဘူးလား။”

ဟဲကျစ်ယန်သည် သူ၏ အဓိပ္ပါယ်မရှိသော စကားများကို နားထောင်နေရန် အချိန်မရှိပေ။

“ ခေါင်းဆောင်ဖမ်း၊ ကျွန်မနဲ့ အရာရှိကျိုးတို့ ဈေးပေါက်ဝမှာ ပစ္စည်းဆွေ ခွဲဝယ်ကြဖို့ ဆုံးဖြတ်ခဲ့ပြီး အဲ့ဒီနေရာမှာပဲ မွန်းတည့်မတိုင်ခင် ပြန်ဆုံကြဖို့ ပြောခဲ့တယ်။

ကျွန်မ ဈေးပေါက်ဆီကို အချိန်မှီပြန်ရောက်သွား‌ခဲ့ပြီး အကြာကြီး စောင့်နေခဲ့ပေမဲ့ အရာရှိကျိုးရဲ့ အရိပ်အယောင်တောင် မတွေ့ခဲ့ရဘူး။ သူဒေါသထွက်နေလောက်ပြီထင်လို့ ကျွန်မ အရင်ပြန်လာခဲ့လိုက်တာ။

အကုန်လုံးလဲ စိတ်ပူနေကြမှာကို စိုးရိမ်လို့ ကျွန်မ မြန်မြန် ပြန်လာခဲ့တာ။ ဒါပေမဲ့ တံခါးဝလဲ ရောက်ရော လီဟူက ကျွန်မကို တိုက်ခိုက်ပြီး ကျွန်မ ထွက်ပြေးသွားတယ်ဆိုပြီး အော်ပြောတော့တာပဲ။

အခု အရာရှိကျိုး ပြန်လာတာလဲ ကျွန်မ မတွေ့မိဘူး။ သူက လီဟူနဲ့ အတူတူ ပစ္စည်းတွေ သွားဝယ်တာ။ အခု လီဟူက အရာရှိကျိုး မပါဘဲနဲ့ တစ်ယောက်ထဲ ပြန်လာတဲ့အပြင် ကျွန်မကိုလဲ ဉာဏ်မမှီဘဲ မှားယွင်းစွပ်စွဲနေသေးတယ်။

အရာရှိကျိုး အန္တရာယ် တစ်ခုခု ကြုံနေရပြီလို့ ကျွန်မ သံသယရှိမိတယ်။”

ဟဲကျစ်ယန်၏ စကားကို ကြားရသောအခါ မော့အမျိုးသမီးများအားလုံး ရှေ့သို့ တက်လာကြ၏။

ဒေါသထွက်နေသော ဒုတိယမရီးက ရှေ့ဆုံးက ပြောလိုက်သည်။

“အရာရှိကြီး၊ ကျွန်မတို့တွေက ပြည်နှင်ဒဏ် ပေးခံရပေမဲ့ ဒီရက်အတွင်း ကျွန်မရဲ့ ညီမငယ်လေး လုပ်ခဲ့သမျှကို အားလုံးလဲ မြင်ခဲ့ပြီးသားပဲ။ သူမမှာ ဘာအကြွေးမှ ရှိမနေတာတောင် ကြိုးကြိုးစားစား လုပ်ပေးခဲ့တာ။ သူမကို ဒီလို အနိုင်ကျင့်လို့ မရဘူးလေ။”

“နဝမ ယောင်းမလေးကို အနိုင်ကျင့်တဲ့လူတွေ အကုန်လုံး လူဆိုးတွေပဲ” မော့ဟန်ယွဲ့ကလဲ သတ္တိကိုဆွဲထုတ်ပြီး အော်ပြောလိုက်သည်။

သူတို့၏စိတ်ထဲတွင် အရာရှိကျိုး အန္တရာယ်ရှိနေခြင်း ရှိမနေခြင်းက ဟဲကျစ်ယန် အနိုင်ကျင့်ခံရတာလောက် အရေးကြီးမနေပေ။

All Chapters