← Chapters

ဉာဏ်ပညာရော လုပ်နိုင်စွမ်းပါရှိတဲ့ မိန်းမ

Vol. 4 Ch. 48

ဉာဏ်ပညာရော လုပ်နိုင်စွမ်းပါရှိတဲ့ မိန်းမ

Vol. 4 Ch. 48

လီဟူသည် ကြောင်တောင်တောင် မျက်လုံးများဖြင့် ဆက်ဖြေနေဆဲပင်။

“ဆိပ်ခံရဲ့‌ အနောက်ဘက် တစ်လီလောက် သွားလိုက်ရင် သူတို့တွေ လူတွေကို အမြဲ ပစ်ချလေ့ ရှိတဲ့ ကျောက်ဆောင်တွေ ရှိတယ်။”

တိကျသော အဖြေကို ရရှိပြီးနောက် ဖမ်းဝမ်သည် ချက်ချင်းပဲ ကျန်းချင်အား အရာရှိအားလုံးကို စုဝေးခိုင်းပြီး လူသွားရှာခိုင်းလိုက်သည်။

တစ်ချိန်တည်းမှာပင် သူသည် ဟဲကျစ်ယန်က တစ်ခုခုမေးချင်သေးသည့် ပုံပေါ်သောကြောင့် သူက အလျင်စလို ထွက်မသွားဘဲ ကျန်နေခဲ့လိုက်၏။

ဟဲကျစ်ယန်သည် ဖမ်းဝမ်ရှေ့မှာပဲ ဆက်မေးလိုက်သည်။

“နင်က ဘာလို့ ဆန်းတာ့ကျိုးကို အန္တရာယ်ပေးရတာလဲ။”

“သူပြန်မလာမှပဲ ဟဲမျိုးရိုးရဲ့ ထွက်ပြေးတဲ့ အပြစ်ကို သေချာပြလို့ရမှာလေ။”

“နင် ဘာလို့ အဲ့လို လုပ်ရတာလဲ။”

“ဘာလို့လဲဆိုတော့ လီရို့အာလဲ ဟဲမျိုးရိုးကို မကြိုက်ဘူး၊ ငါလဲ ဒီအခွင့်အရေးကို အသုံးချပြီး မော့မိသားစုတွေကို သင်ခန်းစာပေးချင်တယ်။”

ဒီလောက်ထိ မေးပြီးနောက် ဟဲကျစ်ယန်သည် သူမ၏ အတွေးက မှန်ကန်တယ်ဆိုတာ သေချာသွား၏။

လီဟူသည် မြို့တော်မှ တစ်စုံတစ်ယောက်မှ စောင့်ကြည်ရန် စေလွှတ်လိုက်သောလူပဲ ဖြစ်ရပေမည်။

မော့ကျိုးယွီက သူတို့နောက်လိုက်လာတဲ့ လူတွေကို ရှာမတွေ့တာ မထူးဆန်းတော့ပါဘူး။

ဖမ်းဝမ်သည် ဟဲကျစ်ယန်က လီဟူကို သူ့အား ဘယ်သူက ဒါတွေကို စေခိုင်းနေလဲဆိုတာ မေးတော့မည်ဖြစ်ကြောင်း သိလိုက်သည်။

မျိုးရိုးမြင့်များကြားထဲတွင် ဖော်မပြချင်သော ပုပ်ပွနေသည့်ကိစ္စများ ရှိကြပြီး သူ့လို သနားစရာ အရာရှိငယ်လေးမှာ ဒီလိုကိစ္စတွေထဲ ဝင်မပတ်သက်ချင်ပေ။

များများသိထားရင် ‌မြန်မြန်သေလိမ့်မယ်။

ထို့ကြောင့် ဟဲကျစ်ယန်က ပါးစပ်ဖွင့်ကာ လီဟူကို ထပ်မမေးခင် ဖမ်းဝမ်သည် လှည့်ထွက်သွားတော့သည်။

ဟဲကျစ်ယန်သည် ဖမ်းဝမ်က ဉာဏ်ရှိစွာ နေထိုင်နေသည်ကို တိတ်တဆိတ် လေးစားသွားမိပြီး တ၏်ချိန်တည်းမှာပင် စိတ်မရှည်စွာဖြင့် နောက်မေးခွန်းကို မေးလိုက်သည်။

“မော့မိသားစုကို ကိုင်တွယ်ဖို့ နင့်ကို ဘယ်သူအမိန့်ပေးတာလဲ။”

“ငါ မသိဘူး။”

“နင်မသိဘူး ဟုတ်လား” ဤအချိန်တွေ လီဟူ မလိမ်နေမှန်း ဟဲကျစ်ယန် သေချာသိပေသည်။ သူ မသိဘူးဟု ပြောမှတော့ သေချာပေါက်ကို မသိခြင်းပင်။

သို့သော် သဲ‌လွန်စလေး နည်းနည်း ရလိုက်ခြင်းကို သူမ ဒီလိုနှင့် အရှုံးမပေးလိုက်ချင်ပေ။

“နင်နဲ့ အဆက်အသွယ် လုပ်နေတာ ဘယ်သူလဲ။ အဲ့လူကိုလဲ နင် မသိဘူးလား။”

“ငါ့ကို ဒီလိုတွေလုပ်ခိုင်းတဲ့လူကို ငါ တစ်ခါပဲ မြင်ဖူးတယ်။ အဲ့ဒီတုန်းက မှောင်နေပြီးတော့ ငါလဲ သူ့ပုံစံကို သေချာမမြင်ခဲ့ရဘူး။ ဒါပေမဲ့ သူ့အသံက အတော်လေး စူးစူးရှရှဖြစ်တယ်။ သူက ကုန်းကုန်းတစ်ယောက် ဖြစ်နိုင်တယ်။”

ကုန်းကုန်း တစ်ယောက်လား။

ကုန်းကုန်းများကို အမိန့်ပေးနိုင်သည်မှာ တော်ဝင်မိသားစုသာ ရှိသည်။

အင်ပါယာ၊ မင်းသားများ၊ မင်းသမီးများနှင့် အနောက်နန်း‌ဆောင်ရှိ ကိုယ်လုပ်တော်များ အားလုံး ဖြစ်နိုင်ချေ ရှိကြသည်ပင်။

ဒီလိုသာ တွေးကြည့်မည်ဆိုလျှင် ဖြစ်နိုင်ချေက အရမ်းကျယ်ပြန့်သွားပေမည်။

သို့သော် သူမလဲ လီဟူထံမှ ပိုပြီး အသုံးဝင်သော အချက်အလက်များ မရနိုင်တော့ကြောင်း ဟဲကျစ်ယန် သေချာသိနေသည်။

ဟဲကျစ်ယန်သည် လည်ဆွဲကို နေရာလွတ်ထဲ ပြန်ထည့်ကာ ဖမ်းဝမ်ကို ရှာရန် ထွက်ခဲ့လိုက်သည်။

“ခေါင်းဆောင်ဖမ်း၊ ကျွန်မ မေးခွန်းတွေ မေးလို့ ပြီးသွားပြီ။ လီဟူ သိပ်မကြာခင်ပဲ သတိပြန်ဝင်လာလိမ့်မယ်။”

ထိုအချိန်တွင် ဖမ်းဝမ်သည် အတော်လေး သိနေနှင့်ပြီး ဖြစ်သည်။

ဟဲကျစ်ယန်၏ နောက်မေးခွန်းကို သူ နားမထောင်ခဲ့သော်လဲ လီဟူက မျိုးရိုးမြင့်ထဲက တစ်ယောက်၏ လူ ဖြစ်နိုင်ကြောင်း သူ ခန့်မှန်းမိပေသည်။

လီဟူက ဆန်းတာ့ကျိုးကို ထိခိုက်ခဲ့သည်ဆိုတာ သေချာနေသောကြောင့် နောက်ပိုင်းကိစ္စကို သူ ဘယ်လိုကိုင်တွယ်ရပါ့မလဲ။

စည်းမျဉ်းစည်းကမ်းအရဆိုလျှင် လီဟူသည် အင်မတန် ယုတ်မာပြီး ဘယ်လိုအပြစ်ပေးပေး မလွန်ကျွံပေ။ သို့သော် သူသာ အမြင့်ပိုင်းက လူတစ်ယောက်ယောက်ကို စော်ကားမိရင် သူ့ခေါင်းလေး အကောင်းအတိုင်း ရှိနေနိုင်ပါဦးမလား။

ဟဲကျစ်ယန်သည် ခြေလှမ်းအနည်းငယ် လှမ်းပြီးသော်လဲ ဖမ်းဝမ် အခန်းထဲဝင်လာသံကို မကြားရသေးပေ။

သူမ‌ နောက်သို့လှည့်ကြည့်လိုက်သောအခါ ဖမ်းဝမ်သည် အမှန်တကယ်ပင် ထိုနေရာမှာ ငူငူကြီး ရပ်နေသည်ကို တွေ့လိုက်ရ၏။

“ခေါင်းဆောင်ဖမ်း၊ လီဟူရဲ့ အပြစ်က တိတိကျကျပဲ။ ဒီလိုအမှုမျိုးကို စစ်ဆေးဖို့ဆိုတာ အစိုးရဘက်ကိုပဲ တာ‌ဝန်ပေးလိုက်တာ ပိုကောင်းတယ်။”

ဟဲကျစ်ယန်၏ စကားလုံးများမှာ ဖမ်းဝမ်အတွက် ဉာဏ်အလင်းဖွင့်ပေးလိုက်သလိုပင်။

ဖမ်းဝမ်သည် ဟဲကျစ်ယန်အား ကျေးဇူးတင်စွာ ခေါင်းငြိမ့်ပြလိုက်၏။ “ကောင်းပြီ၊ ငါ နားလည်ပြီ။”

ဒီနည်းလမ်းမှာ အလွန်ကောင်းမွန်ပေသည်။ ဤနည်းဖြင့် လီဟူကိုအပြစိပေးကာ ဆန်းတာ့ကျိုးအတွက် လက်စားချေပြီးသားဖြစ်ရုံသာမက လီဟူ၏ အနောက်မှ မျိုးရိုးမြင့်လူကိုလဲ ရန်စမိခြင်းမှ ကင်းဝေးပြီးသား ဖြစ်သွားပေမည်။ ဒါက ကျောက်ခဲတစ်လုံးနှင့် ငှက်နှစ်ကောင် ပစ်ခြင်းပင်။

ဖမ်းဝမ်သည် ဟဲကျစ်ယန်အား ပိုလို့ပင် လေးစားသွားရသည်။ သူမသည် အမှန်တကယ်ပင် ဉာဏ်ပညာရော လုပ်နိုင်စွမ်းပါ ရှိသည့် မိန်းကလေးတစ်ယောက်ဖြစ်၏။

ဟဲကျစ်ယန်သည် သူမတို့ တည်းခိုဆောင်တွင် အကြာကြီး နေလို့ မဖြစ်မှန်း သိသည်။ လီဟူ၏ စကားအရဆို ဆန်းတာ့ကျိုးက မြစ်ထဲ ပစ်ချခံလိုက်ရပြီးသားပင်။

ဆန်းတာ့ကျိုးက သိက္ခာရှိသော လူတစ်ယောက်ဖြစ်သောကြောင့် သူမသာ သူ့အသက်ကို ကယ်တင်နိုင်ပါက ကျေးဇူးကြွေးတစ်ခု ရရှိနိုင်ပေမည်။

သို့သော် ထွက်မသွားခင် မော့မိသားစုမှ လူများကို သူမက အန္တရာယ်မရှိကြောင်းနှင့် စိတ်မပူရန် ပြောပြသွားမှ ဖြစ်မည်။

ထို့အပြင် ကုန်စုံဆိုင်မှ ပစ္စည်းများနှင့် အထည်ဆိုင်မှ ပစ္စည်းများလဲ ရောက်လာတော့မည်ဖြစ်သောကြောင့် လက်ခံယူဖို့ တစ်ယောက်ယောက် လိုအပ်ပေသည်။

မော့အမျိုးသမီးများမှာ ဟဲကျစ်ယန်ထံမှ သတင်းစကားကို စောင့်ဆိုင်းနေကြသည်။ သူမ ပြန်လာသည်ကို မြင်သောအခါ အကုန်လုံး ဝိုင်းအုံလာကြပြီး သူမ တစ်ခုခု ထိခိုက်မိသွားလားဟု စိတ်ပူစွာ မေးမြန်းလာကြ၏။

ရိုးရိုးရှင်းရှင်း အတွေးသာရှိသော ထိုမရီးများကို စကားအနည်းငယ်ပြောရုံဖြင့် နှစ်သိမ့်ပေးနိုင်ပေသည်။ ဟဲကျစ်ယန်သည် သူမတို့ စိတ်အေးသွားစေရန် သူမ အဆင်ပြေအောင် ပြောလိုက်၏။

သို့ဟော် မော့ကျိုးယွီနှင့်သာဆို စကားလုံး နည်းနည်းလေးနှင့် ထိုကိစ္စကို ဖုံးပစ်လိုက်လို့ မရပေ။

တည်းခိုခန်းတံခါးဝတွင် ဟဲကျစ်ယန်နှင့် လီဟူတို့ ရန်စဖြစ်နေကတည်းက သူသည် တံခါးအစွန်းတွင် မတ်တပ်ရပ်နေခဲ့တာဖြစ်သည်။ ဟဲကျစ်ယန်သာ တစ်ခုခုကြောင့် ထိခိုက်သွားပါက ဘယ်လို အကျိုးဆက်ပဲဖြစ်နေပါစေ သူ ချက်ချင်း ပြေးကယ်မှာ ဖြစ်သည်။

ထို့နောက် ဖမ်းဝမ် ရှေ့ထွက်လာပြီး ဟဲကျစ်ယန်ကို ခက်ခဲအောင် ဘာမှမလုပ်ဘူးဆိုတာ သေချာသွားမှ သူ၏ တင်းမာနေသော နှလုံးသားမှာ အနည်းငယ် ပြေလျော့သွားရသည်။

ယခု ဟဲကျစ်ယန်က ဘာမှမထိခိုက်ခဲ့ဘဲ ပြန်လာသည်ကိုမြင်သောအခါ သူမကို ပြန်ထွက်သွားခွင့် မပေးခင် ကိစ္စတွေ ရှင်းအောင် မေးမြန်းရပေမည်။

“လီဟူဆီက အသုံးဝင်တဲ့ သတင်းရခဲ့သေးလား။”

“ကျွန်မ ကြားခဲ့တာတော့ သူက ဆန်းတာ့ကျိုးကို ကြိုးနဲ့ချည်ပြီး မြစ်ထဲပစ်ချခိုင်းလိုက်တာတဲ့။

လီဟူနောက်မှာ အမိန့်ပေးနေတဲ့ တစ်ယောက်ယောက် ရှိတယ် ဒါပေမဲ့ အဲ့ဒါက အရှည်ကြီးပဲ။ ကျွန်မ အရင် လူသွားကယ်လိုက်ဦးမယ်။ ကျွန်မ ပြီးတော့ ပြန်လာတဲ့အခါကျ အသေးစိတ် ရှင်းပြပေးမယ်။”

မော့ကျိုးယွီ၏ နှလုံးသားထဲတွင် မရေမတွက်နိုင်သော မေးခွန်းများစွာ ရှိနေသော်လဲ သူမက လူသွားကယ်မည်ဟု ကြားလိုက်ရသောအခါ အချိန်တစ်ခုထိတော့ မေးချင်စိတ်ကို မြိုသိပ်ထားလိုက်ရ၏။

အခုတော့ သူ့ကိုယ်သူ မချင့်မရဲဖြစ်မိရုံပင် - အပေါ်ယံတွင် သူက မလှုပ်ရှားနိုင်သေးသော ဒဏ်ရာများနှင့်လူဖြစ်နေခဲ့သည်။ မဟုတ်ပါက ဒီလိုအရာတွေကို ဟဲကျစ်ယန်တစ်ယောက်ထဲ ရင်ဆိုင်ဖို့ လုံးဝ ခွင့်ပြုမှာ မဟုတ်ပေ။

“ဒီလိုဆိုမှတော့ ကိုယ့်လုံခြုံရေးကို သေချာဂရုစိုက်ပါ။”

မော့ကျိုးယွီသည် အပြစ်ရှိသည့်စိတ်ဖြင့် လှည့်ထွက်သွားကာ ဟဲကျစ်ယန်ကို မကြည့်တော့ပေ။

ဟဲကျစ်ယန်သည် အချိန်မဆွဲဝံ့ပေ။ သူမသည် လီဟူပြော‌ခဲ့သော နေရာသို့ ဖမ်းဝမ်နှင့်အတူ အမြန်သွားလိုက်၏။

ထိုအချိန်တွင် ဖမ်းဝမ်သည်လဲ လူကယ်ဖို့ လောနေခဲ့သည်။ သူ့ခန္ဓာကိုယ်က အနည်းငယ် မသက်မသာ ခံစားနေရသော်လဲ သူ နည်းနည်းလေးတောင် နောက်မကျဝံ့ပေ။

နှစ်ယောက်သား တစ်လမ်းလုံး ပြေးလာကြပြီး ၁၅ မိနစ်အတွင်း ထိုနေရာဆီသို့ ရောက်ရှိသွားကြ၏။

အရာရှိများအပြင် လူစုစုနေရာသို့ လာကြည့်ကြသော ပြည်သူများလဲ စုဝေးလျက် ရှိနေသည်။

ဖမ်းဝမ်က လူအုပ်ကြီးကို တိုးဝင်လိုက်ပြီး ဟဲကျစ်ယန်လဲ နောက်မှ နီးနီးကပ်ကပ် လိုက်သွားလိုက်သည်။

ဆန်းတာ့ကျိုးမှာ လူအုပ်ကြီးအလယ်တွင် လဲလျောင်းနေပြီး မျက်လုံးများလဲ တင်းကြပ်စွာ ပိတ်ထားကာ သေပြီးသားလူလိုပင်။

အရာရှိများမှာ ဝမ်းနည်းနေသော မျက်နှာများဖြင့် ရှိနေကြပြီး ဖမ်းဝမ် ရောက်လာသည်ကို မြင်သောအခါ ကျန်းချင်သည် မျက်လုံးကို ပွတ်လိုက်ပြီး သူ့ဆီသို့ လျှောက်သွားလိုက်၏။

“ခေါင်းဆောင်၊ ဆန်းတာ့ကျိုး သူ .. သူ.. သေသွားပြီ။”

ျမ်းဝမ်သည် ဆန်းတာ့ကျိုး၏ အထြေအနေကို မြင်ကတည်းက ထိုစကားကို ခန့်မှန်းပြီးသား ဖြစ်သည်။

ကြည့်ရသည်မှာ သူတို့ အရမ်းနောက်ကျသွားသည့်ပုံပင်။

သို့သော် ဟဲကျစ်ယန်ကတော့ အရာရှိများ ငိုနေသည်ကို ထိုင်ကြည့်မနေပေ။ သူမသည် ဆန်းတာ့ကျိုးဆီသို့ သွားလိုက်ကာ သူမ၏ လက်ချောင်းဖြင့် လည်ပင်းမှ သွေးကြောကို စမ်းကြည့်လိုက်သည်။ အရေးကြီးသော သွေးခုန်နှုန်းလေးတစ်ခု စမ်းမိပါစေဟု သူမ မျှော်လင့်နေခဲ့သည်။

အရာရှိတစ်ဦးမှာ နီရဲနေသော မျက်လုံးများဖြင့် သူမဘေးသို့ ရောက်လာသည်။

“မိန်းကလေးဟဲ၊ ငါတို့ စစ်ဆေးကြည့်ပြီးသွားပြီ၊ သူ တကယ်သေသွားတာ။”

သို့သော် ဟဲကျစ်ယန်ကတော့ အရာရှိ၏ စကားကို မတုံ့ပြန်ပေ။ လူတိုင်း၏ ရှေ့တွင် ဆန်းတာ့ကျိုးကို အရေးပေါ် အသက်ကယ်နည်း စတင်လုပ်ပေးတော့သည်။

သူမ၏ ထူးထူးဆန်းဆန်း လုပ်ရပ်ကြောင့် ပတ်ဝန်းကျင်က လူများထံမှ တီးတိုးသံများ ထွက်ကျလာ၏။

“ဒီမိန်းမက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။”

“ဟုတ်တယ်၊ လူကဖြင့် သေပြီးနေပြီကို ဘာတွေလျှောက်လုပ်နေတာလဲ။”

“သူမကို ကြည့်စမ်း၊ လုပ်တဲ့ပုံစံတွေက မသင့်လျော်လိုက်တာ၊ တကယ်ကို အရှက်မရှိတာပဲ။”

သို့သော် ဟဲကျစ်ယန်သည် ထိုလူများ၏ စကားကို လုံးဝ လစ်လျူရှုထားခဲ့သည်။ သူမ၏ နှလုံးသားထဲတွင် မျှော်လင့်ချက်လေး တစ်ခု‌ရှိနေလျှင်ပင် ကုသမှုကို သူမ လက်မလျှော့နိုင်ပေ။

နှစ်မိနှစ်ခန့် ကြာသွားပြီဖြစ်သော်လဲ ဆန်းတာ့ကျိုးမှာ ဘာမှမတုံ့ပြန်လာသေးပေ။ ဖမ်းဝမ်သည် အရေးပေါ်အသက်ကယ်နည်း၏ နည်းစနစ်များကို မသိသော်လဲ ဟဲကျစ်ယန်က လူကယ်ဖို့ ကြိုးစားနေသည်ဆိုတာကိုတော့ သိပေသည်။

သို့သော် ဆန်းတာ့ကျိုး၏ မလှုပ်မယှက်ပုံစံကြောင့် သူ မတတ်နိုင်တော့ဘဲ ရှေ့သို့တက်ကာ စကားပြောရတော့သည်။

“မိန်းကလေးဟဲ၊ တာ့ကျိုးလဲ သေဆုံးသွားပြီဆိုတော့ သူ့ကို အေးအေးဆေးဆေး အနားယူခွင့် ပေးလိုက်ပါတော့။”

သို့သော် ဖမ်းဝမ်၏ စကားကြောင့် ဟဲကျစ်ယန်၏ လှုပ်ရှားမှုက လုံးဝ မရပ်သွားပေ။

သူမ နောက်ထပ်လုပ်လိုက်သည့်အရာက ထိုနေရာရှိ လူတိုင်းကို ရှော့ရသွားစေခဲ့သည်။

All Chapters