← Chapters

အပြင်လူတွေက ပိုမြင်တယ်

Vol. 4 Ch. 53

အပြင်လူတွေက ပိုမြင်တယ်

Vol. 4 Ch. 53

ဆန်းတာ့ကျိုးသည် ဟဲကျစ်ယန် ဒေါသထွက်သွားသည်ကို မြင်သောအခါ အပြစ်ရှိသလို ခံစားလိုက်ရ၏။

ထိုအချိန်တွင် သူသည် အရာရှိတစ်ဦးက အကျဉ်းသားတစ်ဦးနှင့် စကားပြောနေသည် ဆိုသည့် ဂုဏ်မာနမျိုး လုံးဝ မရှိတော့ပေ။

“မဟုတ် မဟုတ်ဘူး၊ ငါ အဲ့လိုဆိုလိုတာ မဟုတ်ပါဘူး”

“ဒါဆို ရှင်က ဘာဆိုလိုတာလဲ။ ကျွန်မ ရှင်းပြပြီးပြီကို ဘာထပ်လိုချင်သေးတာလဲ” ဟဲကျစ်ယန် အလွန်ဒေါသထွက်နေသည်။

ဤရှေးခေတ်ကျောက်ရုပ်ကြီးများ၏ တွေးခေါ်ပုံမှာ အင်မတန်ခေါင်းမာပြီး တစ်ယူသန်လွန်းသည်။ သူမသာ ဒီနေ့ မပြောလိုက်ရပါက ဒေါသထွက်ပြီး သေနိုင်ပေသည်။

ဟဲကျစ်ယန်၏ အော်သံက ဆန်းတာ့ကျိုးအား ဆွံ့အသွားစေသည်။

ဆန်းတာ့ကျိုးသည် ဖမ်းဝမ်ကို ကြည့်ကာ အကူအညီတောင်းခံလိုက်၏။ သူ့ခေါင်းဆောင်ကတော့ သူ့ကို ကယ်ပေးနိုင်မယ်လို့ မျှော်လင့်ရတာပဲ။

သို့သော် ဖမ်းဝမ်ကလဲ သူ့ကို မကယ်တင်ခဲ့ပေ။

အပြင်လူတွေက ပိုပြီးရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။ ဟဲကျစ်ယန် ရှင်းပြသည်မှာ ပြည့်စုံသော်လဲ ဆန်းတာ့ကျိုးက အသေးအဖွဲလေးကို ခေါင်းမာနေခြင်းသာ ဖြစ်သည်။

“တာ့ကျိုး၊ သူမက မင်းရဲ့ အသက်သခင်ကျေးဇူးရှင်နော်။ မင်း သူမရဲ့ ကျေးဇူးကို ပြန်ပေးဆပ်ချင်ရင် ဟိုစိတ်ရင်းဆိုးနဲ့ လူတွေကို မိန်းကလေးဟဲက မင်းကိုမနမ်းခဲ့ဘူးဆိုတဲ့အကြောင်း သေချာရှင်းပြလိုက်။ ငါကသာ မင်းကို နိုးအောင် လုပ်ခဲ့တဲ့လူပဲ”

ပြောပြီးနောက် ဖမ်းဝမ်သည် သူ၏ သေဆုံးခါနီးနှလုံးသားလေးက ပြန်လည်အသက်ရှင်သွားသလို ခံစားလိုက်ရ၏။

သို့သော် အမျိုးသမီးတစ်ယောက်၏ ဂုဏ်သိက္ခာနှင့် ယှဉ်ပါက ဒါက ဘာမှ မဟုတ်ပေ။

ဆန်းတာ့ကျိုးလဲ ဒါကို မငြင်းခဲ့ပေ။ ဒါက သူလုပ်သင့်တဲ့အရာဖြစ်သည်။

သို့သော် ယောက်ျားတစ်ယောက်အနေနှင့် မော့ကျိုးယွီက ဟဲကျစ်ယန်ကို ဒီကိစ္စကြောင့် ငြိုငြင်သွားမှာကိုလဲ စိုးရိမ်မိပေသည်။ အကယ်၍သာ ဒီလိုဖြစ်ခဲ့ပါက သူက တရားခံပင် ဖြစ်ပေလိမ့်မည်။

ထိုအကြောင်း တွေးပြီးနောက် ဆန်းတာ့ကျိုးသည် ဟဲကျစ်ယန်ကို လေးနက်စွာ ပြောလိုက်၏။

“လူတိုင်း အထင်လွဲနေတာကို ရှင်းပြဖို့ နည်းလမ်းရှာမှာပါ။ မော့ကျိုးယွီက ဒီကိစ္စကြောင့် မင်းကို သဘောမကျတော့ဘူးဆိုရင် ငါ့မှာ တာဝန်ရှိပါတယ် ငါ ...”

ဆန်းတာ့ကျိုး နောက်ထပ်ပြောချင်သည့်စကားမှာ စဉ်းစားစရာတောင် မလိုဘဲ သိနိုင်ပေသည်။

ဟဲကျစ်ယန်သည် ထိုတာဝန်ရှိသည်ဆိုသော စကားနှင့်ပတ်သက်၍ ဘာမှမကြားချင်တော့ပေ။ သူမက လူတစ်ယောက်ကို ကယ်တင်ခဲ့ပြီး သူမတို့ကြားမှာ ဘာမှထိတွေ့ခဲ့ခြင်း မရှိကြောင်း သေချာ ရှင်းပြခဲ့ပြီးပြီ ဖြစ်သည်။

ဆနါးတာ့ကျိုးက သဘောရိုးဖြင့် ပြောတာဖြစ်သော်လဲ ဟဲကျစ်ယန်ကတော့ မကြားချင်တော့ပေ။

ဟဲကျစ်ယန်သည် လက်မြှောက်ကာ တားလိုက်၏။

“ကောင်းပြီ ကောင်းပြီ။ ကျွန်တော် ထပ်မပြောတော့ပါဘူး၊ အခုကစပြီး ထပ်မပြောတော့ဘူးလို့ ကတိပေးပါတယ် ...”

ဒီအမျိုးသမီးက ကျားမကြီး ပြန်လည်မွေးဖွားလာသလိုပင်။ သူမနဲ့ ရန်သူတွေဖြစ်သွားမှာကို သူလဲ နည်းနည်းတော့ ကြောက်မိသည်။

“ဒီ‌အကြောင်း ဆက်မပြောတာနဲ့တင် မလုံလောက်သေးဘူး။ အခုကစပြီး အဲ့ကိစ္စကို တွေးတောင်မတွေးနဲ့” ဟဲကျစ်ယန်သည် လူမိုက်ကြီးလို သတိပေးလိုက်၏။

ထိုအချိန်သည် သူမက ပြည်နှင်ဒဏ်ချခံထားရသည့် အကျဉ်းသားဆိုတာကို လုံးဝမေ့သွားခဲ့ပြီဖြစ်သည်။

အခြေအနေက ရှုပ်ထွေးသွားတော့မှာကို မြင်သောအခါ ဖမ်းဝမ်က အလျင်စလိုဝင်ကာ ဖျန်ဖြေလိုက်သည်။

“ကောင်းပြီ ကောင်းပြီ။ ငါ သက်သေယူပေးမယ်၊ ဒါ ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးဘူးလို့ သဘောထားလိုက်ကြရအောင်။

ပြီးတော့၊ မိန်းကလေးဟဲရဲ့ လူကယ်နည်းက မဆိုးပါဘူး။ အချိန်ရရင် ငါတို့ကို သင်ပေးဦးလေ။ လမ်းမှာ တစ်ခုခုဖြစ်ရင် ငါတို့အချင်းချင်း ပြန်ကယ်ပေးလို့ရတာပေါ့”

“ပြဿနာ မရှိပါဘူး။ ခေါင်းဆောင်ဖမ်း အဲ့ဒီအသက်ကယ်နည်းကို သင်ချင်တယ်ဆိုရင် ကျွန်မဆီ အချိန်မရွေး လာသင်လို့ ရတယ်”

ကိစ္စ ဖြေရှင်းပြီးနောက် ဟဲကျစ်ယန်သည် ဤနေရာတွင် တစ်မိနစ်လေးတောင် ထပ်မနေချင်တော့ပေ။ သူမက ဖမ်းဝမ်ကို အရိုအသေပေးကာ ထွက်လာခဲ့လိုက်၏။

မထင်မှတ်ထားစွာပင် သူမ တံခါးဖွင့်ဖွင့်လိုက်ချင်း အရာရှိတွေ အများကြီးပဲ အခန်းထဲသို့ လဲကျလာကြသည်။

ဟဲကျစ်ယန် ဒေါသထွက်နေသောကြောင့်သာ မဟုတ်ပါက တံခါးဝမှာ လူတွေချောင်းနားထောင်နေတာကို သတိမထားမိစရာ အကြောင်း မရှိပေ။

ထိုခိုးနားထောင်နေသော အရာရှိများကိုတွေ့သောအခါ ဟဲကျစ်ယန်သည် ဒေါသတကြီးဖြင့် သူတို့ခန္ဓာကိုယ်များကို တက်နင်းပြီး အခန်းပြင်သို့ ထွက်သွားလိုက်သည်။

ဖမ်းဝမ်သည် သူ့လက်အောက်ငယ်သားများ၏ သနားစရာအခြေအနေကိုကြည့်ပြီး ကူကယ်ရာမဲ့နေရသည်။ သူက လက်ကို ဝေ့ယမ်းလိုက်၏။

“မင်းတို့ကောင်တွေ မော့မိသားစုကို ဂျုံဖြူပေါင်‌မုန့်တွေ မြန်မြန်သွားပေးလိုက်”

အရာရှိများမှာ တစ်ယောက်နှင့်တစ်ယောက် မယုံကြည်နိုင်စွာ ကြည့်လိုက်ကြ၏။

ခေါင်းဆောင်က ဟဲကျစ်ယန်ကို မျက်နှာလုပ်ဖို့ကြိုးစားနေတာ အသိသာကြီးပဲ။

အဲ့ဒါက အဲ့ဒီအသက်ကယ်နည်းကို သင်ချင်လို့ပဲလား။

ဤသည်မှာ အရာရှိများက အကျဉ်းသားတစ်ယောက်ကို မျက်နှာလုပ်ရသည့် ပထမဆုံးအကြိမ်ဖြစ်တော့သည် ...

သူတို့တွေ ငေးကြောင်နေတာကို မြင်သောအခါ ဖမ်းဝမ်သည် စိတ်မရှည်စွာ ပြောလိုက်၏။ “ငေးမောပြီး ဘာလုပ်နေကြတာလဲ။ မြန်မြန်သွားလေ”

အရာရှိများက ထွက်သွားတော့မည့် အချိန်တွင် ဆန်းတာ့ကျိုးက သူတို့ကို ခေါ်လိုက်သည်။ “ပြီးတော့ မိန်းကလေးဟဲက ငါ့ အသက်သခင်ပဲ။ သူမရဲ့ ဂုဏ်သိက္ခာက ဒီလိုညစ်နွမ်းသွားလို့မရဘူး။ မင်းတို့ကောင်တွေ မိန်းကလေးဟဲက ငါနဲ့ ဘာမှထိတွေ့မှု မရှိခဲ့ဘူးဆိုတာ သေချာအောင် ရှင်းလင်းထားရမယ်”

ထိုစကားကြောင့် ဖမ်းဝမ်က ပြောလိုက်သည်။ “ငါကြားတာတော့ ဒီသတင်းကို စဖြန့်တာ လီရို့အာတဲ့။ သူမကို သင်ခန်းစာကောင်းကောင်း ပေးလိုက်ဖို့ မမေ့နဲ့”

“ဟုတ်ကဲ့ ကျွန်တော်တို့ အခုချက်ချင်း လုပ်လိုက်ပါမယ်” အရာရှိများသည် ခန္ဓာကိုယ်မှ ဖုန်များကိုခါကာ အကုန်လုံး အပြေးအလွှား ထွက်သွားကြ၏။

ဖမ်းဝမ်နှင့် ဆန်းတာ့ကျိုးသာ အခန်းထဲတွင် ကျန်ခဲ့တော့သည်။

ဆန်းတာ့ကျိုးသည် စိတ်ရှုပ်နေသည့်ပုံပင်။

“ခေါင်းဆောင် ကျွန်တော် ပြောတာ အမှားပါသွားလို့ပါ ပြောပြစမ်းပါ”

ဖမ်းဝမ်သည် ပြောစရာများပင် ပျောက်ဆုံးသွားရ၏။

ဒီဆန်းတာ့ကျိုးက ဉာဏ်ကောင်းပြီး အထာနပ်တဲ့ကောင်ပါ။ ဘယ်လိုဖြစ်လို့ ဒီကိစ္စလေးကိုမှ ခေါင်းမာနေရတာလဲ။

“ငါတို့ ခုဏက သဘောတူပြီးသား မဟုတ်ဘူးလား။ ဒီကိစ္စကို ထပ်မပြောနဲ့တော့”

ဆန်းတာ့ကျိုးသည် သူ့ရင်ထဲ ဝမ်းနည်းနေသော်လဲ ဖမ်းဝမ်က သူ့ကို ဆူလာသည်ကိုမြင်သောအခါ သူပြောချင်သည်များကို မတတ်သာဘဲ ပြန်မျိုချလိုက်ရသည်။

ဟဲကျစ်ယန်သည် ဒေါသထွက်စွာ ပြန်လာချိန်တွင် လီရို့အာက လီမိသားစုနှင့် ဟယ်မိသားစုမှ အမျိုးသမီးများကို ဦးဆောင်ကာ လာနေခြင်းနှင့် ထိပ်တိုက်တွေ့တော့သည်။

လီရို့အာ၏ မထီမဲ့မြင်မှုက သူမ မျက်လုံးထဲ အလွန်ပေါ်လွင်နေသည်။

သူမသည် လက်ပိုက်ကာ ဟဲကျစ်ယန်၏ လမ်းကို ပိတ်ရပ်လိုက်၏။

“ဟဲကျစ်ယန် ဒီနေ့ ဒီလိုယုတ်ညံ့တဲ့အလုပ်မျိုး လုပ်ပြီးတာတောင်မှ နင့် မျက်နှာကို ပြရဲသေးတယ်ပေါ့။ တခြား အရှက်မရှိတဲ့မိန်းမမျိုးဆိုရင် သူမကိုသူမ သတ်သေလိုက်တာ ကြာပေါ့။”

ဟဲကျစ်ယန်သည် စိတ်အခြေအနေမကောင်းသောကြောင့် လီရို့အာနှင့်အတူ စကားလုံးများဖြင့် ရန်ကူဖြစ်ပေးရန် စိတ်မပါလှပေ။

ဟဲကျစ်ယန်သည် လက်ကိုမြှောက်ကာ လီရို့အာကို အချက်ပေါင်းများစွာ ပြင်းပြင်းထန်ထန် ရိုက်ချလိုက်ပြီးမှ သူမအား အထင်သေးစွာ ကြည့်လိုက်သည်။

“လီရို့အာ၊ ဒီနေ့ နင့်မိဘတွေကိုယ်စား ငါက နင့်ကို ဘယ်လိုပြုမူရမလဲဆိုတာ သေချာသင်ပြပေးတာ။ နောက်ကျရင် နင့်ရဲ့ ညစ်ပတ်တဲ့ ပါးစပ်ပေါက်ကနေ မဟုတ်တဲ့စကားတွေ ထွက်လာရဲရင် နင့်လျှာကို ဖြတ်ပစ်မယ်။”

လီရို့အာမှာ ပါးရိုက်ခံနေရတုန်း သတိလွတ်သွား၏။ သူမ သတိပြန်ဝင်လာသောအခါ ဟဲကျစ်ယန်က လမ်းလျှောက်ပြီး ထွက်သွားပြီဖြစ်သည်။

သူမက ဟဲကျစ်ယန်၏ နောက်ကျောကိုကြည့်ကာ အသားကုန်အော်ဟစ်လိုက်သည်။

“ဟဲကျစ်ယန်၊ ဒီအောက်တန်းစား အပျက်မ အဖိုးမတန်တဲ့မိန်းမ။ အကျိုးအမြတ်လေး နည်းနည်းရဖို့အတွက် သေတော့မဲ့ အရာရှိကိုပါ မချန်ဘူး ... အားးး.”

သူမ အော်ဟစ်ဆဲဆိုလို့ မပြီးသေးခင်မှာပင် နာကျင်စွာ အော်လိုက်ပြီး ချက်ချင်းပဲ ပါးစပ်ကို လက်ဖြင့် အုပ်လိုက်သည်။

သူမ သမီး တစ်ခုခုဖြစ်သွားတာကိုမြင်ပြီး အမျိုးသမီးကျူးသည် အမြန်ရောက်လာကာ စိတ်ပူစွာ မေးလိုက်သည်။ “ရို့အာ ဘာဖြစ်တာလဲ”

လီရို့အာ ဖြေးဖြေးချင်း လက်ကိုဖယ်လိုက်သောအခါ သူမလက်ဖဝါးထဲတွင် သွေးများပေနေသော သွားတစ်ချောင်းကို တွေ့လိုက်ကြရသည်။

အမျိုးသမီးကျူးသည် အရာရှိများရှေ့တွင် လိမ္မာသော်လဲ ဟဲကျစ်ယန်ရှေ့တွင်တော့ သူမက တခြားလူတစ်ယောက်လိုပင်။

“ဟဲကျစ်ယန် နင်က တကယ်ကို လက်ရဲဇက်ရဲနိုင်တာပဲ။ လူတွေအများကြီးရှေ့မှာတင် တခြားလူကို တိုက်ခိုက်ရဲတယ်။”

သို့သော် ဟဲကျစ်ယန်လဲ စွပ်စွဲခံရခြင်းသာဖြစ်သည်။ သူမက အဝေး‌ကြီးတောင် ရောက်နေပြီကို လီရို့အာကို ဘယ်လိုလုပ် ပြန်ရိုက်နိုင်မှာလဲ။

ထိုအချိန်တွင် သူမသည် လီမိသားစု၏ အလိမ်အညာများကို အင်မတန် ဒေါသထွက်သွားပြီဖြစ်သည်။

ဟဲကျစ်ယန်သည် ချက်ချင်းပင် လီရို့အာရှေ့သို့ ပြန်ရောက်လာခဲ့သည်။

သူမသည် လက်ကိုပင် မသုံးတော့ဘဲ ခြေထောက်ဖြင့် လီရို့အာကို လွင့်ထွက်သွားအောင် ကန်ချလိုက်တော့သည်။

“နင့်ကိုနင် ဘယ်သူထင်နေတာလဲ။ နင်နဲ့ လီဟူကြားက ရွံစရာကိစ္စတွေကို ငါမသိဘူးလို့ ထင်နေတာလား။ ဒါပေမဲ့လေ ငါတကယ်နားမလည်တာ။ လီဟူက ခရိုင်ရုံးဆီ အပို့ခံလိုက်ရပြီလေ။ နင့်ကို ဒီလို မာန်ဖီနေရဲဖို့ သတ္တိတွေ ဘယ်ကောင်က ပေးလိုက်တာလဲ။”

“ဟဲကျစ်ယန်၊ ပါးစပ်ပိတ်ထားစမ်း” သူမ၏ သမီး ပြောဆိုခံနေရတာကို မြင်ပြီး အမျိုးသမီးကျူးက ဟဲကျစ်ယန်ကို အော်ဟစ်ကာ လက်သည်းဖြင့် ကုတ်လိုက်၏။

ဟဲကျစ်ယန်ကတော့ ထိုကဲ့သို့ အင်အားမရှိသည့် အမျိုးသမီးတစ်ယောက်ဆီက ထိခိုက်ခံရစရာ အကြောင်း မရှိပေ။

သူမက ရှောင်တောင် မရှောင်လိုက်ဘဲ အမျိုးသမီးကျူး၏ ဗိုက်ကို ခြေထောက်ဖြင့် ကန်ထည့်လိုက်သည်။

အမျိုးသမီးကျူးသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး သူမ၏ဗိုက်ကိုကိုင်ကာ မြေပြင်ပေါ်တွင် ‌ငိုကြွေးနေတော့သည်။

“အရာရှိကြီးတို့ မြန်မြန်လာကြပါဦး ဟဲကျစ်ယန်က ဥပဒေမဲ့ လုပ်နေပြီ။”

မော့၊ ဖန်းနှင့် ရှဲ့မိသားစုမှ အမျိုးသမီးများသည် ဟဲကျစ်ယန် ဒီနေ့ ဝယ်လာခဲ့သော ပါဝင်ပစ္စည်းများဖြင့် အနောက်ဘက်ဝန်းထဲတွင် ညနေစာချက်နေခဲ့ကြသည်။ ဟဲကျစ်ယန်၏ နာမည်ကို ‌ဆဲဆိုသံကြားလိုက်ရချိန်တွင် သူမတို့ လုပ်နေသည်များကို ပစ်ချကာ အမြန်ပြေးသွားလိုက်ကြ၏။

“ညီမလေး ဘယ်သူက နင့်ကိုဆဲနေတာလဲ။ ဒီမရီးက သူတို့ကို ဘယ်လိုလုပ်မလဲ စောင့်ကြည့်နေလိုက်။”

ဒုတိယမရီးသည် စကားပြောပြီးပြီးချင်း သူမလက်ထဲက ယောင်းမကို မြှောက်ကာ ဟဲကျစ်ယန်၏ရှေ့တွင် မားမားမတ်မတ် ဝင်ရပ်လိုက်သည်။

တခြားမရီးများကလဲ ဟဲကျစ်ယန်ဘက်မှနေ၍ ထိုအမျိုးသမီးများကို စိုက်ကြည့်နေကြသည်။

မော့ဟန်ယွဲ့က ဟဲကျစ်ယန်၏ ဘေးသို့ အမြန်ရောက်လာသည်။

“ယောင်းမလေး၊ အဲ့လူဆိုးမတွေကို ဟန်ယွဲ့ ရိုက်ပေးမယ်။”

သခင်မကြီးမော့သည် ဘာမှဝင်မပြောသော်လဲ သူမလက်ထဲရှိ အသားလှီးဓားက အရာအားလုံးကို ပြောပြနေသလိုပင်။

ရှဲ့မိသားစုနှင့် ဖန်းမိသားစုမှ အမျိုးသမီးများသည်လဲ လီရို့အာတို့ဘက်ကို စူးစူးစိုက်စိုက်ကြည့်နေကြပြီး မော့မိသားစုက အချက်ပြမည်ကို စောင့်ဆိုင်းနေကြ၏။

ဟဲကျစ်ယန်၏ ဒေါသထွက်နေသော နှလုံးသားလေးမှာ ချက်ချင်းပဲ နွေးထွေးမှုကို ခံစားလိုက်ရသည်။

“ကျွန်မ ဘာမှမထိခိုက်ပါဘူး” သူမ၏ မိသားစု စိတ်ပူနေမှာစိုးသောကြောင့် အမှန်အတိုင်း ပြောလိုက်သည်။

ထိုအချိန်တွင် မော့မိသားစုကို ဂျုံဖြူပေါင်မုန့်လာပေးသော အရာရှိများ ရောက်လာကြ၏။

ဤကိစ္စမှာ ဘယ်သူမှားသည် မှန်သည်ဟု သံသယဝင်စရာပင်မလိုဘဲ သေချာပေါက်ပင် လီမိသားစုနှင့် ဟယ်မိသားစု၏ အမှားသာ ဖြစ်ပေသည်။

သူတို့ခေါင်းဆောင်က လီရို့အာကို သင်ခန်းစာပေးဖို့ ပြောလိုက်တယ်။ အဲ့တော့ သူတို့က အကုန်လုံးကို ပေါင်းပြီး ဂရုစိုက်ပေးလိုက်တာပေါ့။

ဟဲကျစ်ယန်က ခေါင်းဆောင်တောင် မျက်နှာသာပေးရတဲ့လူလေ။ သူတို့ ဘယ်လိုလုပ် သူမကို ရန်စရဲမှာလဲ။

တုံ့ဆိုင်းမနေဘဲ အရာရှိနှစ်ဦးသည် ကြာပွတ်များကို လွှဲကာ ရိုက်တော့သည်။ လီမိသားစုနှင့် ဟယ်မိသားစုဝင် အမျိုးသမီးများ၏ တောင်းပန်ငိုကြွေးသံများမှာ လေထဲသို့ ပျံ့နှံ့သွားလေတော့သည်။

All Chapters