← Chapters

ဒါက ငါ့ကိုထိမိရင် ဘာဖြစ်မလဲဆိုတာပဲ

Vol. 4 Ch. 54

ဒါက ငါ့ကိုထိမိရင် ဘာဖြစ်မလဲဆိုတာပဲ

Vol. 4 Ch. 54

ယနေ့ ဟဲကျစ်ယန်ကို အမှနိတကယ် ဒေါသထွက်စေခဲ့သူများမှာ လီရို့အာတို့ သားအမိပင်။ အရာရိများက တစ်ခြာလူများကို ရိုက်ရန် သွားလိုက်သည်ကို တွေ့သောအခါ ဟဲကျစ်ယန်သည် အခွင့်အရေးကို အရယူပြီး လီရို့အာရှေ့တွင် ရပ်လိုက်သည်။

လီရို့အာသည် မြေကြီးပေါ်တွင် လဲနေဆဲဖြစ်ပြီး ဟဲကျစ်ယန်က ‌ရောက်လာသည်ကိုမြင်သောအခါ သူမ၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားရသည်။

“ဟဲ .. ဟဲကျစ်ယန်၊ နင် ဘာလုပ်ချင်နေတာလဲ။ အရာရှိတွေရှေ့မှာတောင် ငါတို့ကို အနိုင်ကျင့်မလို့လား။”

ဟဲကျစ်ယန်သည် လီရို့အာကို အေးစက်စွာ စိုက်ကြည့်လိုက်ကာ သူမ မျက်လုံးထဲတွင် နွေးထွေးမှု တစ်စွန်းတစ်စမှ ရှိမနေပေ။ လီရို့အာ နောက်သို့ဆုတ်သွားတိုင်း သူမက ရှေ့သို့ တိုးလိုက်၏။

“ငါ နင်နဲ့ ရန်မဖြစ်ဖို့ စဉ်းစားနေတာကို နင်က ထပ်ခါတလဲလဲ ရန်လာစနေတာပဲ”

စကားပြောပြီးနောက် ဟဲကျစ်ယန်သည် လီရို့အာ၏ ခြေကျင်းဝတ်ကို တက်နင်းပြီး အကြိမ် အနည်းငယ် နင်းချေပေးလိုက်သည်။

လီရို့အာသည် နာကျင်မှုကြောင့် အော်ဟစ်လိုက်၏။

လီရို့အာ၏ နာကျင်နေပုံကို မြင်ရသော်လဲ ဟဲကျစ်ယနါကတော့ ရပ်ဖို့ စိတ်ကူးမရှိပေ။

သူမသည် လီရို့အာ၏ ဒဏ်ရာပေါ် တစ်ခေါက်ပြီး တစ်ခေါက် ထပ်ကန်ပေးလိုက်သည်။

“ငါ နင့်ရဲ့ သနားစရာအတွေးတွေကို သေချာသိပြီးသား နင်လဲ ငါ့အကြောင်း သိပြီးသားဖြစ်မှာပါ။ ငါ ဒီနေ့ ရှင်းအောင် ပြောလိုက်မယ် နောက်ပိုင်း နင် ရိုးရိုးသားသားနေသွားမယ်ဆိုရင် အဆင်ပြေတယ်။ ဒါပေမဲ့ နင် ငါ့ကို ထပ်ပြီး စော်ကားရဲရင် သေတာထက် ဆိုးတဲ့ ဘဝမျိုး ရောက်အောင် လုပ်ပေးမယ်”

လီရို့အာသည် အလွန်နာကျင်နေသောကြောင့် မျက်ရည်များရော နှာရည်များပါ မျက်နှာပေါ်တွင် ပေပွနေသည်။ ထိုအချိန်တွင် သူမသည် ဟဲကျစ်ယန်၏ ပြင်းထန်မှုကို အမှန်တကယ် သဘောပေါက်နေပြီဖြစ်၏။

“ဟဲကျစ်ယန်၊ ငါတို့ အရင်က ညီအစ်မကောင်းတွေ ဖြစ်ခဲ့တာကိုထောက်ပြီး မရိုက်ပါနဲ့တော့။”

“ညီအစ်မကောင်း ဟုတ်လား။ နင် ငါ့ကို ဘယ်တုန်းကများ ညီအစ်မကောင်းလို ဆက်ဆံဖူးလို့လဲ” ဟဲကျစ်ယန်သည် အေးစက်စွာ မထီမဲ့မြင်ပြုလိုက်သည်။

လီရို့အာသည် မူလကိုယ်ကို အမြဲတွဲလဲခိုနေခဲ့သော်လဲ အခုထက်ထိ ညီအစ်‌မကောင်းတွေပါလို့ အရှက်မရှိ ပြော‌ရဲသေးသည်။

ဟဲကျစ်ယန်သည် ပိုပြီး အားပြင်းပြင်းသုံးကာ လီရို့အာကို ရိုက်နှက်ကန်ကျောက်လိုက်၏။

ထိုအချိန်တွင် မော့မိသားစုမှ တခြား အမျိုးသမီးများလဲ အငြိမ်မနေကြပေ။ သူမတို့ အခြေအနေကို အပြည့်အဝ နားမလည်ကြသော်လဲ လီရို့အာတို့သားအမိက ဟဲကျစ်ယန်ကို စော်ကားခဲ့ခြင်းဖြစ်ကြောင်း သဘောပေါက်ပေသည်။

ထို့ကြောင့် ဟဲကျစ်ယန်က လီရို့အာကို ရိုက်နှက်နေစဉ် သူမတို့ကလဲ အမျိုးသမီးကျူးကို တစ်ယောက်တစ်ချက် ဝင်ချနေကြသည်။

အချိန်တိုလေးအတွင်းမှာပင် တည်းခိုဆောင်ထဲ ပွက်လောရိုက်သွားပြီး တခြားသူများကို လာကြည့်ဖို့ ဆွဲဆောင်နေခဲ့၏။

တစ်ဖက်သတ်တိုက်ပွဲက လျက်မြန်စွာ ပြီးဆုံးသွားကာ လီမိသားစုနှင့် ဟယ်မိသားစုလဲ ခွင့်လွှတ်ပေးရန် တောင်းပန်လာကြသည်။

ဟဲကျစ်ယန်သည် ဒီတစ်ကြိမ် လီရို့အာကို ရိုက်နှက်ခြင်းမှာ လုံးဝ မသက်ညှာခဲ့ပေ။

လီရို့အာ၏ မျက်နှာမှာ ဝက်လိုဖူးယောင်နေကာ မူလမျက်နှာသွင်ပြင်ကို လုံးဝ မမှတ်မိနိုင်လောက်အောင်ပင် ဖြစ်သည်။

သူမ၏ ညာဘက်လက်သည်လဲ အဆစ်လွဲသွားကာ တွဲလဲကျနေသည်။

ဟဲကျစ်ယန်သည် သူမအား သတိပေးမှုအပြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

“လီရို့အာ ဒါကိုသေချာမှတ်ထား။ ဒါ ငါ့ကို စော်ကားရင် ဘယ်လိုဖြစ်လာမယ်ဆိုတဲ့ အကျိုးဆက်ပဲ။ ဒီနေ့ကိစ္စလိုမျိုး နောက်တစ်ခေါက် မဖြစ်ချင်ဘူးဆိုရင် ပါးစပ်လေးကို ပိတ်ပြီး လိမ်လိမ်မာမာ နေလိုက်”

ထိုအချိန်တွင် လီရို့အာသည် ဟဲကျစ်ယန်ကို အလွန်ကြောက်နေသောကြောင့် သူမ ဒေါသထွက်နေသော်လဲ တစ်ခွန်းမှ ပြန်မပြောရဲပေ။

သို့သော် သူမနှလုံးသားထဲက ဟဲကျစ်ယန်အပေါ် အမုန်းတရားကတော့ ပို၍ပင် ကြီးမားလာခဲ့သည်။

သူမတို့အားလုံး ပြည်နှင်ဒဏ်ပေးခံရတာချင်း တူပေမဲ့ ဟဲကျစ်ယန်က ဘာလို့ ကောင်းကောင်းစားပြီး ကောင်းကောင်းနေနိုင်တာလဲ။ သူမရဲ့ ဂုဏ်သိက္ခာ ပျက်ဆီးသွားတာတောင် မော့မိသားစုက သူမကို ဘာလို့ အပြစ်မတင်ကြဘဲ ပိုလို့တောင် ကာကွယ်ပေးလာရတာလဲ။

ပိုပြီး ဒေါသထွက်စရာကောင်းတာက အရာရှိတွေက မှန်လား မှားလားတောင် မမေးတော့ဘဲ သူမဘက်က ဘာလို့ ဝင်ကူညီပေးကြရတာလဲ။

လီရို့အာသည် သူမ တွေးလေလေ ဟဲကျစ်ယန်ကို ပိုမုန်းမိလေလေဖြစ်သည်။ ဟဲကျစ်ယန်ကို အပိုင်းပိုင်းအစစဖြစ်သွားအောင် ဆွဲဆုတ်ပစ်နိုင်ဖို့ သူမ မျှော်လင့်မိ‌သည်။

ဟူမက ဟဲကျစ်ယန်နှင့် လုံးဝ မယှဉ်နိုင်တာ သနားစရာပင်။

ထိုအချိန်တွင် အရာရှိများသည် လူတိုင်းရှိနေကြသည်ကို အခွင့်ကောင်းယူကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။

“ဒီနေ့ ဟဲကျစ်ယန်က လီရို့အာ ပြောသလိုမျိုး ဆန်းတာ့ကျိုးကို ကယ်တင်ခဲ့တာ မဟုတ်ဘူး။ သူမက လူကယ်ရမဲ့နည်းလမ်း ငါတို့ကို သင်ပေးခဲ့တာ။ ဆန်းတာ့ကျိုးကို နိုးအောင် လုပ်ခဲ့တာက ငါတို့ခေါင်း‌ဆောင် ဖမ်းဝမ်ပဲ၊ ဟဲကျစ်ယန် မဟုတ်ဘူး။ လီရို့အာက မဟုတ်မမှန်တာတွေပြောပြီး မိန်းကလေးဟဲရဲ့ ဂုဏ်သိက္ခာကို ပျက်ဆီးအောင်လုပ်ခဲ့တယ်။ မိန်းကလေးဟဲက မင်းကို အပြစ်မပေးရင်တောင် ငါတို့က မင်းကို လွှတ်ထားမှာ မဟုတ်ဘူး။ မြန်မြန် ထွက်သွားစမ်း။ မင်း နောက်တစ်ခါ မဟုတ်တာတွေပြောရဲရင် ကြာပွတ်စာမိမယ် သတိထား”

ထိုစကားကိုကြားပြီးနောက် လူတိုင်း၏ မျက်လုံးများမှာ လီရို့အာဆီ ရောက်သွားကြသည်။

သူတို့ သိသားပဲ။ ဟဲကျစ်ယန်က ဘာဖြစ်လို့ အဲ့လိုလုပ်ပြီး သူမရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေမှာလဲ။ လီရို့အာက လျှောက်လိမ်နေခဲ့တာပဲ။

ထိုအကြောင်းကြောင့် လီမိသားစုနှင့် တစ်ဖက်တည်းဖြစ်သော ဟယ်မိသားစုသည်ပင် မပျော်မရွှင်ဖြစ်လာပြီး လီရို့အာကို ဝိုင်းဆဲကြတော့သည်။

ဒုတိယမရီး၏ ဒေါသထွက်လွယ်သောစိတ်က ပြန်ပေါ်လာပြန်သည်။ သူမသည် အင်္ကျီလက်ကို ပင့်တင်ကာ လီရို့အာ၏ ဆံပင်ကိုဆွဲပြီး ပါးကို နှစ်ချက် ပြင်းပြင်းရိုက်ချလိုက်သည်။

“ဒါက နင်နဲ့ တန်တာပဲ လီရို့အာ။ ငါတို့ရဲ့ နဝမ ယောင်းမလေးရဲ့ ဂုဏ်သိက္ခာကို ဒီလို အပုပ်ချရဲတယ်ပေါ့လေ၊ ဟုတ်လား။ ငါ နင့်ကို သေအောင် ရိုက်သတ်မယ်။”

လီရို့အာသည် သနားစရာကောင်းစွာ အော်ဟစ်လိုက်သော်လဲ အမျိုးသမီးကျူးမှလွဲ၍ လီမိသားစုမှ ဘယ်သူမှ လာမကူညီကြပေ။

ထိုအခြေအနေကို မြင်သောအခါ မော့မိသားစုမှ တခြားမရီးများလဲ ဝိုင်းအုံလာကြပြီး လီရို့အာကို ပြင်းပြင်ထန်ထန် ပြောဆိုကြကာ ဟဲကျစ်ယန်အတွက် လက်စားချေပေးကြ၏။

လူသေမှု မဖြစ်ပွားစေရန် အရာရှိများက သူမတို့ကို လူစုလာခွဲသောအခါမှ လီရို့အာတစ်ယောက် လွတ်မြောက်ခွင့် ရရှိသွားလေသည်။

လီရို့အာကို ပြင်းပြင်းထန်ထန် ရိုက်နှက်ပြီးနောက် ဟဲကျစ်ယန်၏ ဒေါသများမှာ ပျောက်ကွယ်သွားရသည်။

သူမသည် မရီးများကို ပြန်ခေါ်လိုက်ပြီး တခြားမိသားစုနှစ်ခုမှ အမျိုးသမီးများနှင့်အတူ ထွက်သွားလိုက်သည်။

မရီးများသည် ဟဲကျစ်ယန်ကို ကြည့်နေကြပြီး သူမတို့၏ မျက်လုံးများနှာ နောင်တများဖြင့် ပြည့်နှက်နေကြသည်။

အကြီးဆုံးမရီးက ပထမဆုံး စပြောလိုက်သည်။ “နဝမယောင်းမလေး၊ ညီမလေးကို အပြည့်အဝ မယုံကြည်နိုင်ခဲ့တဲ့ အစ်မတို့အပြစ်ပါ။ လီရို့အာရဲ့ စကားကို နားယောင်ပြီးတော့ ညီမလေးကို ဂုဏ်သိက္ခာပျက်ယွင်းသွားပြီလို့ အထင်မှားခဲ့မိတယ်။”

ပဉ္စမ မရီးကလဲ ပြောလိုက်သည်။ “မှန်တယ် ဒါ အစ်မတို့အပြစ်တွေပဲ။ အစ်မတို့ နောက်ဆို အဲ့ဒီမကောင်းတဲ့လူတွေရဲ့ စကားကို လုံးဝ နားမယောင်တော့ပါဘူး။”

ဟဲကျစ်ယန်သည် လူတိုင်းကို ပြုံးပြလိုက်၏။ “မရီးတို့ ကိုယ့်ကိုယ်ကို အပြစ်တင်စရာ မလိုပါဘူး။ အခု အထင်လွဲနေတာ ဖြေရှင်းပြီးသားပြီဆိုတော့ အားလုံးအဆင်ပြေသွားပါပြီ”

ဟဲကျစ်ယန်က ထိုကိစ္စကို အမှန်တကယ် စိတ်ထဲမထားတော့တာကိုမြင်ပြီးနောက် မရီးများမှာ စိတ်သက်သာရာ ရသွားကြပြီး သူမနှင့်အတူ ပြန်သွားလိုက်ကြ၏။

အမှောင်ထဲတွင် ပုန်းအောင်းကာ အခြေအနေအားလုံးကို စောင့်ကြည့်နေသော မော့ကျိုးယွီသည်လဲ တိတ်တဆိတ် သူ့အခန်းသို့ ပြန်သွားလိုက်သည်။

အခုလေးတင်ပင် လီရို့အာနှင့် ဟဲကျစ်ယန်၏ အချင်းများမှုကို သူ ပထမဆုံးကြားခဲ့ပြီး လီရို့အာက လူအများကြီး ခေါ်လာသည်ကိုလဲ တွေ့ခဲ့ရသည်။

ဟဲကျစ်ယန် တစ်ခုခုဖြစ်မှာကို စိုးရိမ်သောကြောင့် ဘယ်သူမှ ဂရုမစိုက်မိသည့်အချိန်တွင် အခွင့်အရေးရှာပြီး အခန်းထဲမှ တိတ်တိတ်လေး လစ်ထွက်လာခဲ့ခြင်းပင်။

လီရို့အာ၏ သွားကို ကျောက်တုံးဖြင့်ပေါက်လိုက်သောလူမှာ သူပင်။ ထိုနာကျင်မှုက သူမကို မြန်မြန် နောက်ဆုတ်သွားစေချင်သောကြောင့်သာဖြစ်၏။

သို့သော် လီရို့အာကတော့ အမှတ်မရှိပေ။

မော့ကျိုးယွီသည် တစ်ခုခုလုပ်ဖို့ ပြင်လိုက်သော်လဲ ဟဲကျစ်ယန်၏ ကိုယ်ခံပညာက အမှန်တကယ် ကောင်းမွန်နေခဲ့သည်။

သူမ၏ ကိုယ်ခံပညာ လှုပ်ရှားမှုများကို သူ သေချာမမြင်ရသော်လဲ ထိုလှုပ်ရှားမှုများက တစ်ယောက်ယောက်ဆီမှ သင်ယူထားတာဖြစ်ကြောင်း သူ အတပ်ပြောနိုင်ပေသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဟဲကျစ်ယန်၏ အခြေအနေများကို လေ့လာဆန်းစစ်ပြီးနောက် ဟဲကျစ်ယန်မှာ မော့ကျိုးယွီအတွက် မရေမတွက်နိုင်သော လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

ဟဲကျစ်ယန်သည် သူမကို ကူညီရန်အတွက် မော့ကျိုစယွီက အနီးနားတွင် အသင့်ရှိနေကြောင်း မသိခဲ့ပေ။ ကြီးကျယ်သော အောင်ပွဲကြီး ဆွတ်ခူးနိုင်ခဲ့သော အမျိုးသမီးအုပ်ကြီးမှာ လေပေါ်ပျံနေသလို ခံစားနေကြရ၏။

မြို့တော်မှာတုန်းက ဘယ်သူကမှ သူမတို့ကို ရန်မစရဲခြင်းမှာ သူမတို့၏ အဆင့်အတန်းကြောင့် ဖြစ်သည်။

အခုကတော့ ကွဲပြားပေသည်။ သူမတို့အားလုံး စည်းစည်းလုံးလုံးဖြင့် ရန်သူများ အော်ဟစ်ငိုယိုရသည်အထိ အားကြိုးမာန်တက် တိုက်ခိုက်ခဲ့ကြသည်။

ဤအရာက သူမတို့ တစ်ခါမှ မခံစားဖူးသော ခံစားချက်ဖြစ်ပြီး အတော်လေး စိတ်လှုပ်ရှားဖွယ်ကောင်းပေသည်။

ဒုတိယ မရီးက ဟဲကျစ်ယန်၏လက်ကို စိတ်လှုပ်ရှားစွာ ဆွဲကိုင်လိုက်သည်။ “နဝမ ယောင်းမလေး၊ နောက်တစ်ခေါက် ဒီလိုမျိုးဖြစ်လာရင် အစ်မတို့ အကုန်လုံးကို ခေါ်ဖို့ မမေ့နဲ့နော်။”

ဤမိသားစုများအတွင်းရှိ အမျိုးသမီးများမှာ ဒီလိုအဖြစ်အပျက်မျိုး နောက်ထပ် နည်းနည်းလောက် ကြုံတွေ့လိုက်ရလျှင် သူမ၏ ‌လေ့ကျင့်ပေးမှုဖြင့် တိုက်ပွဲဝင်စွမ်းရည်ရှိသူများ ဖြစ်လာမှာ ဖြစ်ကြောင်း ဟဲကျစ်ယန် ‌သိနေ၏။

သို့သော် သူမသည်လဲ ဤကဲ့သို့ စည်းလုံးမှုမျိုးကို သဘောကျပေသည်။

“ကောင်းပြီ၊ နောက်တစ်ခေါက် ရန်စရဲတဲ့လူရှိရင် ဒုတိယ မရီးကို သေချာပေါက် လှမ်းခေါ်လိုက်မယ်။”

“နဝမယောင်းမလေး၊ ကျွန်မရောပဲ။ ကျွန်မလဲ လုပ်နိုင်ပါတယ်” မော့ဟန်ယွဲ့သည် သူမ၏ နဝမ ယောင်းမလေးက သူမကို မေ့သွားမှာ စိုးသောကြောင့် ချက်ချင်းပဲ သူမ၏ သဘောထားကို ပြောလိုက်သည်။

ထို့နောက် တခြားသော မရီးများနှင့် ရှဲ့မိသားစု၊ ဖန်းမိသားစုများမှ အမျိုးသမီးများပါ သူမတို့လဲ ဟဲကျစ်ယန်နှင့်အတူ ရပ်တည်ကာ တိုက်ခိုက်ပေးမည်ဖြစ်ကြောင်း ပြောလာကြ၏။

ယခုအချိန်တွင် လူတိုင်း စိတ်ကောင်းဝင်နေကြသည်။ အထူးသဖြင့် ဟဲကျစ်ယန်သည် ပစ္စည်းပေါင်းများစွာကို ဝယ်ယူခဲ့သောကြောင့် သူမတို့သည် ညနေစာကို ပြင်ဆင်နေကြပြီး ပုံမှန်ထက် ပိုမိုကြိုးစားလုပ်ကိုင်နေကြသည်။

အထူးသဖြင့် ရှဲ့မိသားစုနှင့် ဖန်းမိသားစုများမှ အမျိုးသမီးများ ဖြစ်ကြသည်။ သူမတို့သည် မော့မိသားစု၏ အလုပ်တာဝန်များကို ခွဲဝေထမ်းဆောင်ပေးနိုင်ဖို့ မျှော်လင့်သောကြောင့် အလုပ်လုပ်ဖို့ ယှဉ်ပြိုင်ကြတော့သည်။

မော့မိသားစု၊ ဖန်းမိသားစုနှင့် ရှဲ့မိသားစုတို့က အတွဲညီညီ ကြိုးစားလုပ်ကိုင်နေကြချိန်တွင် သက်ကယ်တဲထဲတွင်နေသော ဟယ်မိသားစုနှင့် လီမိသားစုထံမှ ဆူညံနေသော ရန်ဖြစ်သံများကို ကြားနေရသည်။

မိသားစုနှစ်ခုမှာ မနေ့ကတည်းက သက်ကယ်တဲ နေရာနှင့် ပတ်သက်ကာ အချင်းများနေခဲ့ကြသည်ဖြစ်ပြီး ဒီနေ့တွင်တော့ ဟယ်မိသားစုက အမျိုးသမီးများသည် လီရို့အာကြောင့် ဟဲကျစ်ယန်ကို ‌သွားစော်ကားမိကာ အရိုက်ခံခဲ့ကြရ၏။

ဟယ်မင်နှင့် ဟယ်လျန့်တို့၏ အခြေအနေကြောင့်သာ မဟုတ်ပါက သူတို့သည် လီမိသားစုကို ချက်ချင်း တိုက်ခိုက်ပစ်လိုက်မှာပင်။

ကိစ္စအားလုံးက လီရို့အာကြောင့် ဖြစ်လာသည်ကို တွေးကြည့်ပြီး လီယွီအာနှင့် လီရူအာတို့သည် ရူးသွပ်သွားသည့်နှယ် လီရို့အာကို ရိုက်နှက်လိုက်ကြသည်။

“လီရို့အာ၊ ဒီကံမကောင်းတဲ့ မိန်းမ။ မြို့တော်မှာတုန်းက နင့်အတွက် ကောင်းမွန်တဲ့မိသားစုတွေ အဖေ ရှာပေးခဲ့ရဲ့သားနဲ့ သူတို့ကို လက်ထပ်ဖို့ ငြင်းဆန်ခဲ့တယ်။

ပြီးတော့ နင်မှန်းတာတွေက မြင့်လွန်းနေပြီး ဝန်ကြီးကတော် ဒါမှမဟုတ် မင်းသားကြင်ယာတော် ဖြစ်လာဖို့တောင် မှန်းနေခဲ့သေးတယ်။

အခုတော့ မော့ကျိုးယွီဆိုတဲ့ယောက်ျားက သူ့ငယ်ချစ်လေး ဟဲကျစ်ယန်နဲ့ လက်ထပ်သွားပြီ။ နင်ကတော့ အိမ်မှာ ကျန်နေခဲ့တဲ့ မိန်းမကြီးဖြစ်နေပြီး မိသားစုအတွက် အထောက်အကူ မပြုရုံသာမက ပြဿနာတွေပဲ ဖြစ်နေစေတာပဲ။

နင့်အတွက်နင် ပြဿနာတွေ ယူလာရုံတင်မကဘူး၊ တစ်မိသားစုလုံးကိုပါ ပတ်သက်စေလိုက်သေးတယ်။ နင် နိမိတ်မကောင်းတဲ့ဟာမ၊ ဒီနေရာမှာ နင်ရှိနေတာ လီမိသားစုကို အေးအေးဆေးဆေး မနေရအောင် လုပ်နေတာပဲ”

လီယွီအာ၏ စကားကြမ်းများကို နားထောင်ရင်း လီရို့အာသည် သူမ၏ ခံစားချက်များကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။

သူမ၏ လက်တစ်ဖက်က အဆစ်‌လွဲနေပြီး နာကျင်မှုကို ခံစားနေရသော်လဲ သူမသည် ထိုစကားလုံးများကို ထပ်မနားထောင်လိုတော့ပေ။

လီရို့အာသည် မကောင်းဆိုးရွား ဝင်ပူးနေသလိုပင် လီယွီအာကို ခုန်အုပ်ကာ သူမ၏ မျက်နှာကို အားဖြင့် ကိုက်ပစ်လိုက်၏။

လီယွီအာသည် နာကျင်စွာအော်ဟစ်လိုက်ပြီး လီရို့အာကို လက်များ ခြေထောက်များဖြင့် ကန်ကျောက်လိုက်သည်။

ထိုအရာကိုမြင်ပြီး လီရူအာသည်လည်း လီယွီအာဘက်မှ ဝင်ကူလာသည်။

နဂိုကတည်းက ဒဏ်ရာရထားသော လီရို့အာမှာ သူမ၏ ညီမနှစ်ယောက်ကို မယှဉ်နိုင်ပေ။ သူမသည် မြေပေါ်သို့ လဲကျသွားကာ အရိုက်ခံရတော့သည်။

အမျိုးသမီးကျူးသည် လီမိသားစုထဲတွင် အများကြီး ပြောပိုင်ခွင့်မရှိပေ။ သူမ၏ သမီးအနိုင်ကျင့်ခံနေရသည်ကို မြင်သော်လဲ သူမ ဝင်မစွက်ဖက်ဝံ့ပေ။ သူမသည် ဟဲကျစ်ယန်နှင့် ရင်ဆိုင်နေရတုန်းကလို မောက်မာမှုမျိုး လုံးဝမရှိတော့ဘဲ လီလျန့်ကိုသာ အသနားခံနေခဲ့၏။

All Chapters