← Chapters

မော့မိသားစုကို မင်းလုပ်ပေးခဲ့တာတွေ အကုန်လုံးအတွက် ကျေးဇူးတင်ပါတယ်

Vol. 4 Ch. 55

မော့မိသားစုကို မင်းလုပ်ပေးခဲ့တာတွေ အကုန်လုံးအတွက် ကျေးဇူးတင်ပါတယ်

Vol. 4 Ch. 55

လီလျန့်သည် ‌ဟယ်မိသားစုနှင့် အချင်းများနေခဲ့ခြင်းဖြစ်ပြီး သူ၏ မသိတတ်သော သမီးများက အချင်းချင်း ရန်ဖြစ်နေကြသည်ကို မြင်သောအခါ လုံးဝ အကူအညီမဲ့သွားသလို ခံစားလိုက်ရသည်။

သူသည် ဟယ်မိသားစုနှင့် ရန်ဆက်ဖြစ်ဖို့ အချိန်မရှိတော့ဘဲ သူ့သမီးများကိုသာ ဝင်ဆွဲလိုက်၏။

ဟယ်မိသားစုသည် ထိုအချင်းအရာကိုမြင်သောအခါ အလွန်စိတ်သက်သာရာရသွားကြသည်။

ထိုအချိန်တွင် လီရို့အာသည် သူမ၏ မူလပုံစံကို လုံးဝဆုံးရှုံးသွားပြီဖြစ်သည်။

ဟဲကျစ်ယန်ထံမှ အရိုက်ခံထားရသဖြင့် ဝက်ခေါင်းလို ဖူးယောင်နေသော သူမ၏မျက်နှာတွင် ယခု လက်သည်းရာများ များစွာရှိနေသောကြောင့် လူအများကို ကြောက်ရွံ‌့စေသော ခံစားချက်ပင် ရစေသည်။

ထိုအရာကို မြင်သောအခါ လီလျန့်မှာ ဒေါသကြောင့် မေ့လဲလုမတတ်ပင်။

“လီရို့အာ၊ မင်းက လိမ္မာရေးခြားရှိတယ်ထင်လို့ ငါ အမြဲတမ်း မင်းတောင်းဆိုတာမှန်သမျှ ဖြည့်ဆည်းပေးခဲ့တာ။ အခုတော့ မင်းက အကောင်းထက် အဆိုးကိုပဲ ဖြစ်စေတဲ့ ဘာမှမကောင်းတဲ့လူမှန်း ငါသိသွားပြီ။”

သူမကို အမြဲတမ်း ချစ်ပေးခဲ့သော ဖခင်ထံမှ ထိုသို့အဆူခံလိုက်ရသောအခါ လီရို့အာသည် ဟဲကျစ်ယန်ကို ပိုလို့ပင် မုန်းတီးသွားရ၏။

ဟဲကျစ်ယန်က ဆန်းတာ့ကျိုးကို ကယ်ခဲ့သောကြောင့်သာ မဟုတ်ပါက လီဟူလည်း ‌အချုပ်ထဲရောက်မှာမဟုတ်ပေ။

သူမကိုယ်သူမ လီဟူဆီ ပစ်ဝင်လိုက်လျှင် ပိုပြီးကောင်းကောင်းနေရမည်ဟု ထင်ခဲ့သည်။

သို့သော် အခုတော့ အဲ့ဒီခွေးမ ဟဲကျစ်ယန်ကြောင့် အကုန်ပျက်ဆီးသွားခဲ့ပြီ။

လီရို့အာသည် လက်သီးကို တင်းတင်းဆုပ်ကာ အံကိုကြိတ်ပြီး သူမတစ်ယောက်ထဲသာ ကြားနိုင်သောအသံဖြင့် ပြောလိုက်၏။

“ဟဲကျစ်ယန် .. နင် ကောင်းကောင်းမသေစေရဘူး”

…

တည်းခိုဆောင်အနောက်ဘက်ရှိ မီးဖိုချောင်ထဲတွင် စားစရာ ရနံ့များက သင်းပျံ့နေသည်။

ဟဲကျစ်ယန်ကိုယ်တိုင် ပြုလုပ်ထားသော ဝက်နံရိုးပေါင်းကို အကုန်လုံးက ချီးကျူးနေကြသည်။

မော့ဟန်ယွဲ့၏ ချစ်စရာမျက်လုံးကြီးများမှာ ဟဲကျစ်ယန်ကို လေးစားအားကျစွာ ကြည့်နေသည်။

“ယောင်းမလေး၊ အရိုးတွေကို အရသာရှိအောင်ချက်နိုင်တာ ကျွန်မ ဒါ ပထမဆုံး မြင်ဖူးတာပဲ။ အစ်မက အရမ်းမိုက်တယ်။”

ဟဲကျစ်ယန်သည် ဤအပြစ်ကင်းသော ညီမလေးက သူမ၏ပရိသတ်ဖြစ်လာပြီဖြစ်ကြောင်း သိလိုက်သည်။

“ဒါက ဝက်သားဟင်းချက်တာနဲ့ အတူတူပါပဲ။ ကျွန်မတို့ အရင်ချမ်းသာတဲ့ ဘဝမှာတုန်းက အရိုးစားဖို့ မတွေးခဲ့ဖူးလို့ပါ။”

ဟဲကျစ်ယန်ပြောတာ မှန်ပေသည်။ သမိုင်းမှတ်တမ်းများနှင့် မူလကိုယ်၏ မှတ်ဉာဏ်များအရ ဤခေတ်ရှိ ချမ်းသာသော မိသားစုများမှာ အသားနည်းနည်းသာပါသော အရိုးများကို ဝယ်မစားကြပေ။

ထို့ကြောင့် လူချမ်းသာအိမ်မှလူများက ဝက်နံရိုးက ဘယ်လောက်အောင် အရသာရှိလဲ မသိကြတာ မဆန်းပေ။

သူမ၏ ချွေးမလေးကို မြင်လိုက်ရသောအခါ သခင်မကြီးမော့၏ စိတ်ထဲ နာကျင်သွားရသည်။

သူမသည် ဟဲမိသားစု၏ ရတနာလေးဖြစ်ခဲ့၏။ လက်ထပ်ပြီး ဒုတိယမြောက်နေ့တွင်ပဲ ‌ခင်ပွန်းဖြစ်သူ၏ မိသားစုနှင့်အတူ ပြည်နှင်ဒဏ်ခရီးကို လိုက်ပါခဲ့ရသည်။ အခုတော့ သူမက နေ့ရက်တွေကို လျင်လျင်မြန်မြန် ကုန်ဆုံးသွားနိုင်ဖို့ ပိုက်ဆံချွေတာတတ်နေပြီဖြစ်ကာ ဤအရာက သူမအတွက်တော့ လွယ်ကူမှာ မဟုတ်ပေ။

ဟဲကျစ်ယန်သည် သူမ၏ ယောက္ခမက ဘာတွေးနေလဲ မသိခဲ့ပေ။ သူမသည် အကြာကြီး စောင့်ဆိုင်းခဲ့ရသော ဝက်နံရိုးပေါင်းကို ဇွန်းဖြင့်ကော်ကာ မရီးတစ်ယောက်ဆီ ပေးလိုက်ပြီး စားပွဲပေါ် အရင်ချထားရန် ပြောလိုက်သည်။

ကျန်သည့်အရာများကတော့ အိမ်ထောင်ဦးစီးဖြစ်သည့် သခင်မကြီးမော့က ခွဲဝေပေးမှာ ဖြစ်သည်။

သခင်မကြီးမော့သည် အမြဲတမ်း မျှမျှတတလုပ်တတ်သူဖြစ်ပြီး ဖန့်မိသားစုနှင့် ရှဲ့မိသားစုကိုလဲ အညီအမျှ ခွဲဝေပေးကာ စားစရာများကို လူအရေအတွက်အလိုက် ဝေမျှပေးလိုက်သည်။

အရာရှိများအတွက်လဲ တွန့်တိုမနေခဲ့ပေ။ ထိုအရာရှိများနှင့် တည့်အောင် ပေါင်းထားခြင်းက လမ်းခရီးတစ်လျှောက် သူမတို့ကို အလွန်သက်သာစေပေမည်။

ထို့အပြင် လူတိုင်းသည် ဟဲကျစ်ယန်နှင့် မော့ကျိုးယွီတို့၏ ဆက်ဆံရေးကို အမြန်တိုးတက်စေချင်ကြသည်ဖြစ်ရာ ဟဲကျစ်ယန်ကို မော့ကျိုးယွီနှင့်အတူစားရန် တိုက်တွန်းနေကြ၏။

ဟဲကျစ်ယန်လဲ မငြင်းပယ်ပေ။ သူမ ဒီနေရာသို့ရောက်ခဲ့ပြီးကတည်းက မော့ကျိုးယွီနှင့် အဆင်ပြေအောင် နေခဲ့ပြီးသား ဖြစ်သောကြောင့် ထမင်းလေး အတူတူစားရခြင်းက ကိစ္စကြီး မဟုတ်ပေ။

မွှေးပျံ့နေသော အစားအစာများ သယ်ဆောင်လာသည်ကိုမြင်ပြီး မော့ကျိုးယွီသည် ဤကဲ့သို့ ပင်ပန်းဆင်းရဲလှသော ပြည်နှင်ဒဏ်ခရီးတွင် ကောင်းကောင်းနေနိုင်ခြင်းက ဟဲကျစ်ယန်ကြောင့်ဟုတွေးကာ ကျေးဇူးတင်လိုက်သည်။

အစားမစားခင် သူက စိတ်ရင်းဖြင့် ပြောလိုက်၏။

“မော့မိသားစုကို မင်းလုပ်ပေးခဲ့တာတွေ အကုန်လုံးအတွက် ကျေးဇူးတင်ပါတယ်။”

ဤကဲ့သို့ ရုတ်တရတ်ကြီး ကျေးဇူးတင်ခံလိုက်ရသောကြောင့် ဟဲကျစ်ယန်မှာ ခဏတာ တုံ့ဆိုင်းသွားခဲ့သည်။

“အာ .. ကျွန်မတို့က မိသားစုတွေပဲလေ။ ကျွန်မက အမေ့ကိုရော၊ မရီးတွေကိုရော၊ ယောင်းမလေးကိုရော အရမ်းသဘောကျတယ်၊ အဲ့ဒါကြောင့်မို့ ဒါတွေလုပ်ပေးရတာ ပျော်တယ်လေ။”

သူတို့ကိုပဲ ကြိုက်တာလား။

မော့ကျိုးယွီသည် ဘာကြောင့်မှန်း မသိသော်လဲ ဟဲကျစ်ယန်၏ စကားကို နားထောင်ပြီးနောက် သူ့စိတ်ထဲ ရောက်လာသည့် ပထမဆုံးအတွေးမှာ ထိုမေးခွန်းပင်။

သူ စစ်တပ်ထဲတွင် နှစ်အတော်ကြာနေထိုင်ခဲ့ခြင်းက ဟဲကျစ်ယန်၏ ရှေ့တွင် သူ့အတွေးများ မပေါ်မိစေရန် ထိန်းချုပ်ပေးထားသည်။

မော့ကျိုးယွီသည် စကားစပြီး ကောင်းကောင်းမွန်မွန် ပြောတတ်သော သူမျိုး မဟုတ်ပေ။ သူ ကျေးဇူးတင်ကြောင်း ပြောပြီးနောက် ဘာဆက်ပြောရမလဲ မသိတော့ပေ။

ထို့ကြောင့် ပန်းကန်လုံးနှင့် တူကိုသာ ကောက်ယူပြီး စစားလိုက်တော့သည်။

နံရိုးတစ်ချောင်းကို စားကြည့်ပြီးနောက် ဒီဟင်းက သေချာပေါက် ဟဲကျစ်ယန် ချက်တာပဲဟု သူတွေးလိုက်၏။

တခြားလူများဆိုလျှင် ဒီလိုအရသာမျိုးရအောင် မချက်နိုင်ပေ။

အမျိုးသမီးများကလည်း နံရိုးက အသားထက်ပင် ကောင်းကြောင်း ချီးကျူးနေကြသည်။

လူအများကြီး စားကြတာဖြစ်သောကြောင့် တစ်ယောက်လျှင် အနည်းငယ်သာ အချိုးကျရကြသည်မှာ နှမျောစရာပင်။

စားနေရင်းနှင့် အရာရှိများသည် ဟဲကျစ်ယန်အကြောင်း ပေါက်ပေါက်ဖောက်နေကြ၏။

ဤခရီးစဉ်က အကျိုးအမြတ်အများကြီး မရသော်လဲ ဒီလိုအစားကောင်းတွေ စားရသောကြောင့် တန်သည်ဟု လက်ခံကြသည်။

ညစာစားပြီး သန့်ရှင်းပြီးနောက် ဟဲကျစ်ယန်နှင့် မော့ကျိုးယွီသည် အခန်းထဲတွင် တစ်ယောက်နှင့် တစ်ယောက် ကြည့်ရင်း ထိုင်နေကြကာ မော့ကျိုးယွီ တိတ်တဆိတ် ထွက်ခွာမည့်အျခိန်ကို စောင့်နေကြသည်။

သူတို့နှစ်ယောက်ထဲ ရှိပြီး ဘာမှလဲ လုပ်စရာမရှိချိန်တွင် အနည်းငယ် ကို့ရို့ကားရားနိုင်နေသည့်ဟု ခံစားလိုက်ကြရ၏။

နောက်ဆုံး မော့ကျိုးယွီ ထွက်သွားသည်အထိ သည်းခံပြီးနောက် ဟဲကျစ်ယန်သည် သက်ပြင်းချလိုက်ကာ အိပ်ရာပေါ်တွင် ပျင်းရိစွာ လဲလျောင်းရင်း သူမ၏ အသိစိတ်ကို နေရာလွတ်ထဲသို့ ပို့လိုက်သည်။

မနေ့က သူမ ကြိုးစားခဲ့သော စတိုးဆိုင်လေးက ရသွားပြီလားဆိုတာ သိချင်နေမိသည်။

စခရင်ပေါ်တွင် သူမ၏ စတိုးဆိုင်က ဖွင့်လို့ ရသွားပြီ ဖြစ်ကြောင်း မြင်လိုက်ရမှ စိတ်သက်သာရာရသွားကာ အခုတော့ ပစ္စည်းလင့်များ တင်လို့ ရပြီ ဖြစ်သည်။

ပစ္စည်းလင့်များ တင်ဖို့ကမခက်ပေ။ ‌ထိုဆော့ဖ်ဝဲလ်တွင် ဓာတ်ပုံရိုက်သည့် လုပ်ဆောင်ချက် ပါဝင်ပြီး ပစ္စည်း၏ ပုံများကို ရိုက်ခွင့်ပေးထားကာ ပုံများ တင်နိုင်ပေသည်။

မော့ကျိုးယွီက အခုမှထွက်သွားတာဖြစ်သောကြောင့် ခဏလေးအတွင်တော့ ပြန်မလာပေ။

လုပ်ရကိုင်ရလွယ်ကူရန်အတွက် ဟဲကျစ်ယန်သည် နေရာလွတ်ထဲသို့ ကိုယ်တိုင်ဝင်လိုက်၏။

သူမသည် ပန်းအိုးတစ်လုံးကို ကောက်ကိုင်ကာ စိတ်ကိုအသုံးပြုပြီး ထိုပန်းအိုးကို ခွဲစိတ်ခန်းထဲသို့ ရွှေ့လိုက်သည်။ ‌ခွဲစိတ်ခန်းထဲတွင် အလင်းရောင် ပိုကောင်းသောကြောင့် ပုံကောင်းကောင်းလေး ရနိုင်ပေသည်။

ဟဲကျစ်ယန်သည် သူမ အရင်က မြင်ဖူးခဲ့သော ပစ္စည်းဓာတ်ပုံများကို တွေးကြည့်ကာ ပန်းအိုးကို ထောင့်ပေါင်းစုံမှ ရိုက်ဖို့ ပြင်လိုက်သည်။

ကံမကောင်းစွာပင် ဖုန်းကင်မရာက ပန်းအိုးကို ချိန်လိုက်သောအခါ ကင်မရာရိုက်သည့် ခလုတ်ကို သူမ ရှာမ‌တွေ့ခဲ့ပေ။

ဟဲကျစ်ယန် အနည်းငယ် စိတ်ရှုပ်သွားစဉ် ဖုန်းမျက်နှာပြင်ပေါ်တွင် ပစ္စည်းတန်ဖိုးဖြတ်သည့် မက်ဆေ့တစ်ခု ပေါ်လာခဲ့သည်။

[ရွှင်းယွမ်ခေတ် ပန်းအိုး၊ အနာအဆာမရှိ၊ တန်ဖိုး ၄၀၀,၀၀၀ မှ ၅၀၀,၀၀၀ ယွမ်၊ တင်ပါမလား]

ဟဲကျစ်ယန်သည် ဤရှေးဟောင်းပစ္စည်းများ၏ တန်ဖိုးကို မဆုံးဖြတ်နိုင်မှာ စိတ်ပူနေခဲ့ခြင်း ဖြစ်သည်။ သုံးစွဲသူများ အဆင်ပြေစေရန် လုပ်ဆောင်ပေးထားသော ဈေးဆိုင်လေးက သူမ၏ အကြီးမားဆုံး ခေါင်းကိုက်မှုကြီးကို ဖြေရှင်းပေးသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူမသည် ချက်ချင်းပဲ ပစ္စည်းကို ရောင်းချမည့် စာရင်းထဲ တင်လိုက်သည်။

ဟဲကျစ်ယန်ကလဲ လောဘမကြီးပေ။ သူမသည် ရောင်းမည့်ဈေးကို အနိမ့်ဆုံးသာ ထားလိုက်၏။

ယွမ် ၄၀၀,၀၀၀ ဆိုတာ အလွန်စိတ်ကျေနပ်ဖို့ ကောင်းနေပြီဖြစ်ပြီး နန်းတော်မှ ဓားပြတိုက်လာသော တခြားပစ္စည်းကောင်းများစွာလဲ ရှိနေသေးသည်။

မော်ဒန်ခေတ်တွင်သာ ထိုရှေးဟောင်းပစ္စည်းများကို ရောင်းချပြီး ပိုက်ဆံရှာနိုင်ပါက သူမက ဘဝမှာ အအောင်မြင်ဆုံးလူ ဖြစ်လာမှာပင်။

ကံမကောင်းစွာပင် သူမသည် အချိန်ကူးပြောင်းလာပြီး မော်ဒန်ဘတမှာ အောင်မြင်သူကြီးဖြစ်နိုင်ဖို့က စိတ်ကူးထဲတွင်သာ ကျန်ခဲ့တော့သည်။

သူမ၏ စိတ်ကို ပြန်ထိန်းလိုက်ပြီး ဈေးနှုန်းကို ရွေးချယ်ကာ ပစ္စည်းကို အောင်အောင်မြင်မြင် တင်လိုက်သောအခါ သူမရှေ့ရှိ ပန်းအိုးက လေထဲတွင် ပျောက်ကွယ်သွားတော့သည်။

ဟဲကျစ်ယန်သည် ကုန်ပစ္စည်း၏ လင့်ကိုဖွင့်ကာ ဧည့်သည်တစ်ဦး၏ အမြင်မှ စစ်ဆေးကြည့်လိုက်သည်။

သူမ ဆိုင်လေးနှင့်ပတ်သက်ပြီး ပို၍ပင် စိတ်ကျေနပ်သွားရ၏။

ဈေးနှုန်းမှာ ယွမ် ၄၀၀,၀၀၀ ဖြစ်ပြီး ဆော့ဖ်ဝဲလ်၏ ကင်မရာက ပစ္စည်းကို ထောင့်မျိုးစုံမှ သေချာမြင်နိုင်အောင် အတိုင်းအတာအတိအကျနှင့် ရိုက်ပေးထားသော ပုံ ၈ ပုံလဲ ရှိနေသည်ကို တွေ့လိုက်ရသည်။

All Chapters