← Chapters

မော့ကျိုးယွီရဲ့ စိတ်ထွက်ပေါက်

Vol. 5 Ch. 60

မော့ကျိုးယွီရဲ့ စိတ်ထွက်ပေါက်

Vol. 5 Ch. 60

ဟဲကျစ်ယန်သည် ကမ်းစပ်မှ စိတ်ဝင်စားစွာ ထိုင်ကြည့်နေခဲ့၏။

မော့ကျိုးယွီက သိုင်းပညာတတ်သည်။ ရေထဲကို လမ်းလျှောက်ပြီး ဆင်းသွားရတာက သူ့အတွက် ဘာမှဟုတ်မနေပေ။

မြစ်ရေက သူ့ပေါင်လယ်လောက် ရောက်ခါနီးတွင် မော့ကျိုးယွီ ရပ်လိုက်သည်။

မော့ကျိုးယွီသည် သူ့စိတ်အာရုံကိုစုစည်းကာ ရေမျက်နှာပြင်ကို စိုက်ကြည့်လိုက်သည်။ ချက်ချင်းပင် မြန်ဆန်သော လှုပ်ရှားချက်ဖြင့် သစ်ကိုင်းကို မြစ်ရေထဲ ထိုးစိုက်လိုက်၏။

သူ သစ်ကိုင်းကို ပြန်ဆွဲလိုက်သောအခါ တဖျတ်ဖျတ် ခုန်နေသော ငါးကြီးနှစ်ကောင် ပါလာခဲ့သည်။

ထိုအရာက ကမ်းမှထိုင်ကြည့်နေသောလူများကို ပွဲကျသွားစေသည်။

မော့ကျိုးယွီက သူမရှေ့ရှိ မြက်ခင်းသို့ ထိုငါးနှစ်ကောင်ကို ပစ်ပေးလိုက်သောအခါ ဟဲကျစ်ယန် ထရပ်လိုက်သည်။

မရီးများနှင့် မော့ဟန့်ယွဲ့တို့က ငါးကို ကူညီသန့်ရှင်းပေးရန် ရောက်လာကြ၏။

အရာရှိများမှာ ထိုမြင်ကွင်းကိုကြည့်ပြီး ပျော်ရွှင်နေကြသည်။ သူတို့ ဒီနေ့ညတော့ အရာသာရှိတာလေးတွေ ထပ်စားရတော့မည်ဖြစ်သည်။

မျက်စိစွမ်းအားဖြစ်စေ၊ လှုပ်ရှားမှုဖြစ်စေ မော့ကျိုးယွီက ဟဲကျစ်ယန်ထက် အများကြီး ပိုမြန်သည်။

ငါးကြင်းကြီးများ တစ်ကောင်ပြီး တစ်ကောင် ကမ်းပေါ်သို့ ပစ်တင်ခံနေရ၏။

မရီးများက ငါးကိုသန့်ရှင်းဖို့ အပြိုင်အဆိုင်လုပ်နေကြသည်ကို မြင်သောအခါ ဟဲကျစ်ယန်သည် သူမတို့၏ ရေအိတ်များကိုယူကာ ခပ်ဝေးဝေးရှိ မြစ်ကမ်းပါးဆီသို့ ရေထည့်ပေးရန် သွားလိုက်သည်။

သူမသည် မြစ်ထဲမှရေများကို ရေအိတ်ထဲထည့်နေသယောင်လုပ်နေသော်လဲ ‌လက်ချောင်းတစ်ချောင်က ရေအိတ်အဝကို တေ့ထားကာ နေရာလွတ်ထဲမှ ရေသန့်များကို ရေအိတ်များထဲ ထည့်နေခဲ့သည်။

သူမ၏ အသိစိတ်ကိုအသုံးချကာ နေရာလွတ်ထဲရှိ ရေသန့်စက်ထဲမှ ရေများကို ရေအိတ်များထဲသို့ ပြောင်းထည့်လိုက်သည်။

ရှေးခေတ်မြစ်ရေများက ညစ်ညမ်းခြင်း မရှိသေးသော်လဲ ဘက်တီးရီးယားများစွာ ရှိနေသေးသည်။

ဖြစ်နိုင်လျှင် သူမ မိသားစုအတွက် သန့်ရှင်းပြီး ပိုးသတ်ထားသောရေကိုသာ သူမ ရွေးချယ်မှာ ဖြစ်သည်။

မော့ကျိုးယွီဘက်တွင်တော့ ကံကောင်းနေသည့်ပုံပင်။ ဟဲကျစ်ယန်၏ နေရာမှကြည့်လျှင် မြစ်ထဲမှ ငါးများက သူရှိသည့်နေရာသို့ တစ်ဟုန်ထိုး ကူးသွားကြသည်ကို မြင်နေရ၏။

သူက အဆက်မပြတ် လှုပ်ရှားနေကာ ငါးများ တစ်ကောင်ပြီး တစ်ကောင် ကမ်းသို့ ပစ်တင်ပေးနေခဲ့သည်။

ငါးကြင်းကြီးများသာ မဟုတ်ဘဲ သူဖမ်းမိခဲ့သည့် တခြားငါးအမျိုးအစားပေါင်းစုံလဲ ရှိနေသေးသည်။

ကြောင်ဝေလငါးနှင့် ခရူးရှန်းငါးကြင်းကြီးများကဲ့သို့ ငါးမျိုးစိတ်များ ဖြစ်ကြသည်။

မရီးများက အရှေ့အနောက် ပြေးနေကြပြီး သူဖမ်းမိလာသော ငါးများကို စီစဉ်နေကြသည်။

ဖန့်မိသားစုနှင့် ရှဲ့မိသားစုမှ လူများလဲ ကူညီပေးရန် ပြေးလာကြသည်။

ထိုသို့ဆိုလျှင်တောင် လူတိုင်းက အလုပ်များနေကြကာ အလျင်မမှီနိုင်ကြပေ။

ငါးပုံကြီးက မြင့်လာသည်ကို မြင်သောအခါ ဟဲကျစ်ယန်မှာ သူ့ကို သတိပေးရတော့သည်။

“ယောက်ျား၊ ငါးတွေက လုံလောက်နေပါပြီ။”

တကယ်တော့ မော့ကျိုးယွီ မြစ်ထဲမှာ ငါးဖမ်းနေခြင်းက ဘာကြောင့်လဲဆိုတာ ဘယ်သူမှ မသိကြပေ။ ရင်ထဲက မကျေနပ်ချက်များကို ထွက်ပေါက်ရှာနေလြင်းဖြစ်ကြောင်း သူကိုယ်တိုင်သာ သိပေသည်။

ဤရက်ပိုင်းအတွင်း သူ့နှလုံးသားထဲရှိ အစိုင်အခဲကြီးမှာ အသက်ရှူကြပ်စေသည့် ခံစားချက်ကို ပေးစွမ်းနေလေသည်။

ဤနည်းဖြင့်သာ သူက တစ်ခုခု အသုံးဝင်သေးကြောင်း ခံစားရပေသည်။

ဟဲကျစ်ယန်၏ အသံကို ကြားရသောအခါ မော့ကျိုးယွီသည် ရပ်လိုက်ပြီး မြစ်ရေကိုဖြတ်ကာ ကမ်းစပ်ဆီသို့ လျှောက်သွားလိုက်သည်။

သူ့ဘောင်းဘီများက အတော်‌လေး စိုရွှဲနေပြီဖြစ်သော်လဲ လဲဖို့ အဝတ်အစား အပို မရှိပေ။

ကံကောင်းစွာပင် အခုက နွေရာသီဖြစ်သောကြောင့် လေက လျင်မြန်စွာ ခြောက်သွေ့သွားစေမည်ဖြစ်သည်။

သခင်မကြီးမော့က သူမ၏ သားဖြစ်သူအကြောင်းကို နားအလည်ဆုံးပင်။ မော့မိသားစုက မတရားသဖြင့် ပြည်နှင်ဒဏ်ပေးခံရသောကြောင့် သူ မကျေမနပ်ဖြစ်နေတာ သူမ သိပေသည်။

သူမသည် စိတ်ဆင်းရဲနေသော မျက်လုံးများနှင့် လျှောက်လာခဲ့ပြီး မော့ကျိုးယွီ၏ နဖူးကို သုတ်ပေးကာ တစ်ခုခုကို ပြောချင်သည့်ပုံပေါ်သော်လဲ တုံ့ဆိုင်းနေခဲ့သည်။

မော့ကျိုးယွီမှာ အခုလေးတင် ပေါက်ကွဲပစ်ခဲ့သောကြောင့် အတော်လေး နေလို့ ကောင်းနေခဲ့သည်။

သူ့အမေ၏ ခက်ခဲနေမှုကိုမြင်သောအခါ ညင်သာစွာ နှစ်သိမ့်ပေးလိုက်၏။

“အမေ၊ စိတ်မပူပါနဲ့။ ကျွန်တော် အကောင်းဆုံးကြိုးစားပြီး ရှင်သန်သွားမှာပါ။ အခွင့်အရေးရခဲ့ရင် မော့မိသားစုအပေါ် မဟုတ်မမှန် စွပ်စွဲထားတာတွေကို ပြန်ဖြေရှင်းပြီး အမေနဲ့ မရီးတို့ကို ကောင်းမွန်တဲ့ဘဝမှာ သေချာပေါက် နေခိုင်းမှာပါ။”

သခင်မကြီးမော့က ခေါင်းငြိမ့်လိုက်သည်။ “မင်း စိတ်ပြင်ဆင်ထားပြီးပြီဆိုရင် ရှေ့ကိုပဲကြည့်တော့။ မိုးကောင်းကင်က မော့မိသားစုကို အမြဲတမ်း မမျှမတ ဆက်ဆံလိမ့်မယ်လို့တော့ ဒီအမေ မယုံပါဘူး။”

သားအမိနှစ်ယောက်သား ဤနေရာတွင်ထိုင်ကာ စကားပြောနေကြသော်လဲ မြစ်ကမ်းဘေးမှာတော့ ပေါက်ကွဲထွက်နေပြီဖြစ်သည်။

မိသားစု ၃ ခုလုံးမှ အမျိုးသမီးများသည် မော့ကျိုးယွီ ဖမ်းလာသော ငါးများကို စုဝေးကာ သန့်ရှင်းနေကြသည်။

လူတိုင်း၏ မျက်နှာမှ အပျော်များကို ဖုံးကွယ်ထားလို့ မရပေ။

ဤအမျိုးသမီးများမှာ သာမန်အိမ်လေးမှ မွေးလာသူ တစ်ယောက်မှ မပါပေ။ အကုန်လုံး ငယ်စဉ်ကတည်းက ချမ်းသာကြွယ်‌ဝသော ဘဝကို ခံစားခဲ့ကြရပြီး လူပေါင်းများစွာက သူမတို့ကို စောင့်ကြပ်ခစားပေးခြင်းကို ခံခဲ့ကြရသည်။

အခုတော့ သူမတို့ ကိုယ့်ကိုယ်ကို အားကိုးကာ အဝတ်အထည်နှင့် စားစရာအတွက် လုပ်ကိုင်ရခြင်းကို ပျော်စရာကောင်းသည်ဟု ခံစားမိကြပြီး လက်ရှိအခြေအနေကိုပင် ခဏတာ မေ့လျော့သွားကြသည်။

ပြည်နှင်ဒဏ်ပေးခံရခြင်းဆိုသည့် စကားလုံးနှင့် သူမတို့၏ လက်ရှိအခြေအနေကိုသာ မေ့ထားလိုက်လျှင် အခုအခြေအနေသည် သူမ အရင်ဘဝက စခန်းချခရီးသွားနေရသလိုပင်ဖြစ်သည်။

အားလုံးကို ကိုယ်တိုင်လုပ်ရပြီး ဘဝက ပိုကြမ်းတမ်းလာသော်လဲ သဘာဝတရားကြီးနှင့် အဆက်မပြတ် ထိတွေ့နေရခြင်းက လူတိုင်း၏ ခန္ဓာကိုယ်ရော စိတ်ကိုပါ ပြေလျော့စေသည်။

ပြည်နှင်ဒဏ် ခရီးလမ်းတွင် လူတစ်ချို့သာ ဒီခံစားချက်ကို ရရှိပေသည်။

ဟယ်မိသားစုနှင့် လီမိသားစုသည် မြစ်ကမ်းဘေးတွင် အလုပ်ရှုပ်နေကြသော အမျိုးသမီးများကို စူးစူးဝါးဝါး စိုက်ကြည့်ကာ မျက်လုံးများက မီးဝင်းဝင်းတောက်နေ၏။

သူမတို့လက်ထဲမှ ငါးများကိုကြည့်ပြီး သူတို့ ပြေးထွက်သွားကာ ဆွဲယူနိုင်ဖို့ မျှော်လင့်နေကြသည်။

သို့သော် အရာရှိများစွာ ရှိနေကြသောကြောင့် ထိုအတွေးကို စိတ်ထဲတွင်သာ ထားဝံ့ကြ၏။

အမျိုးသမီးများမှာ မြစ်ကမ်းဘေးတွင်ထိုင်ရင်း စကားဆက်ပြောနေကြသည်။

“နဝမ မတ်လေး၊ ငါးတွေက ဒီလောက် အများကြီး။ အကုန်မစားနိုင်ရင် ပုပ်ကုန်မယ်ထင်တယ်နော်။” 

“နဝမ မတ်လေးက တကယ်အံ့ဩစရာကောင်းတယ်။ သူက တစ်ခါထဲနဲ့ ဒီငါးတွေ အကုန်လုံး ဖမ်းပစ်တာ။ ကျွန်မတို့ စားလို့ မကုန်နိုင်ဘူးဆိုတာကိုတောင် သူ မတွေးလိုက်မိဘူးထင်တယ်။”

“မရီးမော့၊ ကျွန်မတို့ ဒီနေ့ အများကြီးစားလို့ရမလားဟင်။”

“မိန်းကလေးဟဲ၊ ငါ ဘဝတစ်ဝက်လောက် နေလာခဲ့တာ အခုက ပထမဆုံးအကြိမ် ငါးကို သန့်ရှင်းရေးလုပ်ဖူးတာပဲ။ ဒါက တော်တော်လေး‌ကို ရိုးရှင်းတယ်လို့ ငါထင်တယ်။”

ရှဲ့လင်းကလဲ ငါးကြောင့် ညစ်ပတ်မည်ကို မကြောက်ပေ။ သူက ငါးကြီးတစ်ကောင်ကိုပွေ့ကာ ဟဲကျစ်ယန်ဆီသို့ ‌ပြေးသွားလိုက်၏။

“ဒေါ်လေး ကြည့်၊ ဒီငါးက သားကို ကြည့်နေတယ်။”

သူမ၏ အရင်ဘဝတွင် ဟဲကျစ်ယန်၏ နေထိုင်မှုပတ်ဝန်းကျင်မှာ ကလေးများနှင့် ရင်းရင်းနှီးနှီးရှိရန် ခက်ခဲလှသည်။ ရှဲ့လင်း၏ ပျော်ရွှင်နေသော ပုံစံလေးကိုကြည့်ကာ သူမစိတ်ထဲလဲ ပျော်ရွှင်မှုလှိုင်းတံပိုးများ လှုပ်ခတ်လာခဲ့သည်။

သူမသည် ရှဲ့လင်း၏ ခေါင်းလေးကို အသာအယာ ထိလိုက်၏။

“လင်းအာ လိမ္မာတယ်။ ဒေါ်လေးက သကြားလုံး ကျွေးမယ်နော်။”

ထိုသို့ပြောပြီးနောက် ဟဲကျစ်ယန်သည် အင်္ကျီစဖြင့်ကွယ်ကာ နေရာလွတ်ထဲဝင်ကာ မီးဖိုချောင်ရှိ အံဆွဲထဲမှ သကြားလုံးလေး နှစ်ခဲကို ထုတ်ယူလိုက်သည်။

“လင်းအာ တိတ်တိတ်လေးစားနော်။ လူဆိုးတွေ သကြားလုံးကို လုမယူသွားစေနဲ့။”

သူသည် ကလေးတစ်ယောက်သာဖြစ်သောကြောင့် ဟဲကျစ်ယန်က လူဆိုးတွေဟု ပြောလိုက်သည်နှင့် ဟယ်မိသားစုနှင့် လီမိသားစုဆီသို့သာ ကြည့်လိုက်မိတော့သည်။

ထိုမီးဝင်းဝင်းတေက်နေသော မျက်လုံးများကို မြင်သောအခါ ရှဲ့လင်း ဇက်ကလေး ပုဝင်သွားရသည်။

သကြားလုံးလေး လူဆိုးတွေလက်ထဲ မရောက်သွားစေရန်အတွက် ချက်ချင်းပင် သူ့ပါးစပ်ထဲ ထည့်လိုက်တော့သည်။ သူ ပွေ့ထားသော ငါးကိုလဲ လွှတ်ချကာ သူ့အဖေဘေးသို့ ပြေးသွားတော့သည်။

ဟဲကျစ်ယန်သည် ရှဲ့လင်းပြေးသွားသည်ကိုကြည့်ပြီးနောက် အမျိုးသမီးများ သန့်ရှင်းပြီးသော ငါးများကို ယူလိုက်သည်။

မော့ကျိုးယွီသည် အလွန်စေ့စပ်ကာ ထောင့်စေ့ပေသည်။ သူသည် ကျောက်တုံးကြီးများစွာကို တွေ့ပြီး မီးဖိုလေး တစ်လုံး ဆောက်လိုက်ကာ မီးမွှေးရန် ထိုင်ချလိုက်၏။

ထိုအရာကို မြင်သောအခါ ဖန့်မိသားစုနှင့် ရှဲ့မိသားစုမှ ယောက်ျားများသည်လဲ မော့ကျိုးယွီအတိုင်း ကျောက်မီးဖိုလေးများ ဆောက်ကြတော့သည်။

မော့မိသားစုရဲ့ စေတနာက သူတို့ကို သံဒယ်အိုကြီးပေးတယ်ဆို သူတို့ဘက်ကလဲ ဟင်းသီးဟင်းရွက်နဲ့ ကောက်ပဲသီးနှံလောက်တော့ ပြန်ပေးရပေမည်။

သူများပြင်ပြီးသားကိုသာ ထိုင်စားနေပါက ထိုအရာသည် မထိုက်တန်ဘဲ ဖြစ်လာပေမည်။

သံအိုးကြီး ၃ လုံးမှာ ပြင်ဆင်ပြီးပြီ ဖြစ်သည်။ ဟဲကျစ်ယန်သည် မော့မိသားစုအတွက် ညစာချက်ပြုတ်ရန် တာဝန် ရှိ၏။ ဖန့်မိသားစုနှင့် ရှဲ့မိသားစုမှ အမျိုးသမီးများလဲ ညစာချက်ပြုတ်ရန် ပြန်ကုန်ကြသည်။

ဖမ်းဝမ်သည် မော့မိသားစု၏ ညစာက သူတို့အတွက်လဲ ဝေစုပါမည်ကို သိနေသည်။ ထို့ကြောင့် အရာရှိများကို ထင်းများကောက်ကာ ပို့ပေးခိုင်းလိုက်ပြီး အကူအညီပေးလိုက်သည်။

ရှဲ့မိသားစုနှင့် ဖန့်မိသားစုမှ အမျိုးသမီးများက မချက်ပြုတ်တတ်ကြပေ။ သူမတို့သည် ဟဲကျစ်ယန်လူပ်သည့်အတိုင်းသာ အတုခိုးကြရတော့သည်။

နာရီဝက်ခန့်ကြာပြီးနောက် မော့မိသားစု၏ ငါးပေါင်းဟင်းမှာ အိုးထဲမှ အနံ့အရသာအပြည့်ဖြင့် ထွက်ပေါ်လာလေသည်။

အိုးအဖုံးကို ဖွင့်လိုက်သည်နှင့် ဟင်းအနံ့က နေရာအနှံ့ဆီ ပျံ့နှံ့သွားခဲ့သည်။

အခု သူမတို့က ဖန့်မိသားစုနှင့် ရှဲ့မိသားစုကို မျှဝေပေးရန် မလိုတော့သောကြောင့် အရာရှိများကိုသာ ပေးလိုပ်သည်။ မော့မိသားစုမှ လူတိုင်းသည် ထမင်းပန်းကန်ကိုယ်စီဖြင့် သံအိုးကြီးနား ဝိုင်းထိုင်ကြကာ ပျော်ပျော်ပါးပါး စားသောက်နေကြသည်။

ထိုအချိန်တွင် ရှဲ့မိသားစုနှင့် ဖန့်မိသားစုမှ ချက်သော ငါးပေါင်းဟင်းသည်လည်း ကျက်သွားပြီဖြစ်သည်။ မော့မိသားစု၏ လက်ရာနှင့်ယှဉ်လျှင်တော့ အရသာက ကျေနပ်လောက်စရာ မရှိပေ။

သို့သော် ထိုအရာလေးကပဲ အဝေးတွင်ထိုင်နေသော ဟယ်မိသားစုနှင့် လီမိသားစုကို မနာလိုမှုကြောင့် အစိမ်းရောင်သို့ပင် ပြောင်းသွားစေသည်။

All Chapters