← Chapters

ရှေးခေတ်နှင့် ခေတ်သစ် ပြေးဆွဲခြင်း

Vol. 5 Ch. 61

ရှေးခေတ်နှင့် ခေတ်သစ် ပြေးဆွဲခြင်း

Vol. 5 Ch. 61

ယနေ့တွင် အရာရှိများသည် ဂရုဏာထားကာ တစ်ယောက်လျှင် ဂျုံကြမ်းပေါင်မုန့် တစ်ခုစီ ဝေပေးလာခဲ့သည်။

သို့သော် ရက်အတော်ကြာ ဆီနှင့် မထိတွေ့ရ‌ဘဲ ရေဖြင့်သာ မျှောချခဲ့ရသော သူတို့အစာအိမ်များမှာ မရပ်မနား တကျုတ်ကျုတ် မြည်နေခဲ့သည်။

လီရို့အာသည် ဒဏ်ရာမရှိသောလက်ကို လက်သီးဆုပ်ထားလေရာ လက်သည်းများက အသားထဲသို့ပင် စိုက်ဝင်နေလေသည်။

အမျိုးသမီးကျူးသည် သူမ တစ်ခုခု မှားနေမှန်း သတိထားမိသော်လဲ မော့မိသားစုဝင်များထံမှ အရိုက်ခံခဲ့ရသော ထိုအချိန်ကို အမှတ်ရမိသွား၏။ သူမ အနည်းငယ် ထိတ်လန့်နေတုန်းပင်။

သူမသည် လီရို့အာကို တိတ်တဆိတ်ဖြောင်းဖျလိုက်သည်။ “ရို့အာ၊ အမေတို့က အံဒီ ရိုင်းစိုင်းတဲ့မိန်းမတွေနဲ့ မယှဉ်နိုင်ဘူး။ နောက်ကျ သူတို့ကို မစော်ကားမိစေနဲ့။”

လီရို့အာသည် အမျိုးသမီးကျူးကို စူးစူးရဲရဲ စိုက်ကြည့်လိုက်၏။

သူမကိုယ်သူမ ဘယ်လိုခေါင်းငုံ့ရမလဲဆိုတာကိုသာ သ်သော ဤမိခင်ဖြစ်သူနှင့် သူမ ဘာမှမပြောချင်တော့ပေ။

သူမ တစ်ဖက်သို့လှည့်ကာ မျက်လုံးမှိတ်ပြီး အနားယူနေဟန်ဆောင်လိုက်သည်။ သူမ၏စိတ်ထဲတွင် မော့ကျိုးယွီက မီးဖိုဘေးထိုင်ကာ ဟဲကျစ်ယန်ကို မီးကူမွှေးပေးနေသည့် မြင်ကွင်းကသာ ထပ်တလဲလဲ ထင်ကျန်နေလေသည်။

သူမသည် သူတို့ကို အဝေးက ကြည့်နေခဲ့ရသည်။ သူတို့ အပြန်အလှန် စကားပြောမနေကြသော်လဲ ဤလိုက်ဖက်ညီသည့်အတွဲက သူမကို တကယ်ပဲ နာကျင်စေသည်။

လီရို့အာသည် မော့ကျိုးယွီကို မျက်စိကျသွားရသည့် ပထမဆုံးအကြိမ်မှာ သူမအတွက် မြင်းကို ထိန်းပေးလိုက်သည့် အချိန်က ဖြစ်သည်။ သူမသည် တခြားသော ယောက်ျားများနှင့် မတူသော မော့ကျိုးယွီ၏ ပုံစံကို အမှန်တကယ်ပင် နှစ်သက်မိသွားခဲ့ရ၏။

သူမက မော့ကျိုးယွီ၏ ကာကွယ်ရေးဝန်ကြီးဆိုသော နေရာကိုလဲ မက်မောပေသည်။

မော့ကျိုးယွီကို လက်ထပ်လိုသော စိတ်များမှာ တစ်နေ့တခြား ပြင်းထန်လာခဲ့သည်။

ပြင်းထန်လွန်းသဖြင့် သူမသည် ဟဲကျစ်ယန်က မော့ကျိုးယွီနှင့် လက်ထပ်လိုက်ပြီဖြစ်ကြောင်း ကြားလိုက်ရချိန်တွင် သူမကိုယ်တိုင် ထိုမင်္ဂလာပွဲကို ဖျက်ဆီးပစ်ချင်ခဲ့သည်။

ယခု မော့ကျိုးယွီက တာ့ရွှင်းမင်းဆက်၏ အငယ်ဆုံးဝန်ကြီးတစ်ယောက် မဟုတ်တော့ပေ။ ထိုအချက်ကြောင့်ပင် ထိုလူ ဘယ်လောက်ပဲ ကြည့်ကောင်းနေပါစေ သူက သူမနှင့် မသင့်တော်တော့ဘူးဟု ပြောနေသည်။

ပြည်နှင်ဒဏ်ပေးခံရပြီး ရက်အနည်းငယ်အတွင်းမှာပင် လီရို့အာသည် ဒီလို မရေမရာဘဝကြီးကို ကြောက်ရွံ့လာခဲ့၏။

သူမ၏ လက်ရှိအကြပ်အတည်းကို ပြောင်းလဲပစ်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ ဤနေရာမှ ထွက်သွားဖို့ပင် ...

မော့မိသားစုဝင်များ စားသောက်ပြီးကြသောအခါ ဟဲကျစ်ယန်သည် နေလုံးဝမဝင်သေးခင် ကျန်သည့်ငါးများကို ဆားသိပ်ခိုင်းလိုက်သည်။ ထို့နောက် မြက်ကြိုးများဖြင့် ချည်ကာ သစ်သားလှည်းလေးဘေးတွင် ချိတ်ဆွဲထားလိုက်ကြသည်။

တစ်နေ့တာ အလုပ်ရှုပ်ပြီးနောက် ကောင်းကင်ကြီးက မှောင်မဲလာကာ မော့၊ ဖန့်နှင့် ရှဲ့မိသားစုများက ရွက်ဖျင်တဲအိမ်များ ဆောက်လိုက်ကြသည်။

ဟဲကျစ်ယန် လုပ်ထားသော ရွက်ဖျင်တဲများက တစ်ခုကို လူနှစ်ယောက်ဆန့်သည်။ မရီးများက ကိုယ့်အဖော်နှင့်ကိုယ် ရွက်ဖျင်တဲ တစ်လုံးစီ ယူလိုက်ကြ၏။

သခင်မကြီးမော့က မော့ဟန်ယွဲ့နှင့် အတူနေသည်။

သံသယရှိဖို့ မလိုစွာပင် ဟဲကျစ်ယန်နှင့် မော့ကျိုးယွီက ရွက်ဖျင်တဲ တစ်လုံးထဲ အတူနေကြရသည်။

ညစောင့်ကျသော အရာရှိများမှလွဲ၍ ကျန်အရာရှိများမှာ မော့မိသားစု လုပ်သည့်အတိုင်း ရွက်ဖျင်တဲထဲသို့ ဝင်နားလိုက်ကြသည်။

ဟယ်မိသားစုနှင့် လီမိသားစုမှာ ထိုရွက်ဖျင်တဲအိမ်များကို ခါးသီးစွာ ကြည့်နေကြရင်း သူတို့နှလုံးသားထဲမှ အမည်မဖော်နိုင်သော မီးတောက်မှာ ပို၍တောက်လောင်လာသည်။

သူတို့တွေအကုန်လုံး အမိန့်တော်တစ်ခုထဲအောက်မှာ အတူတူ ပြည်နှင်ဒဏ်ပေးခံရတာကို ဘာလို့ အခြေအနေတွေက အကြီးအကျယ် ကွာခြားနေရတာလဲ။

လီယွီအာနှင့် လီရူအာသည် လီလျန့်၏ လက်မောင်းကို ဘေးတစ်ဖက်တစ်ချက်ဆီမှ ဖက်ထားကာ မျက်ရည်များကို အဆက်မပြတ် သုတ်နေကြသည်။

“အဖေ၊ ကျွန်မ အပြင်မှာမအိပ်ချင်ဘူး။ မနက်မိုးလင်းလာရင် အဝတ်အစားတွေက နှင်းတွေရွှဲနေရော”

“အဖေ အဲ့ဒီ အရာရှိတွေကို ကျွန်မတို့ကို တဲတစ်လုံးလောက်ပေးဖို့ သွားတောင်းပန်ကြည့်လို့ မရဘူးလား။”

ထိုအရာကို မြင်သောအခါ လီလျန့်မှာ မပျော်မရွှင်ဖြစ်လာသည်။ ယခုသူသည် သူ့သမီးများ၏ မရပ်မနား လှုပ်ယမ်းကာ ပူဆာနေမှုများကြောင့် ခေါင်းမူးလာကာ ဆူပူလိုက်၏။ “မင်းတို့ တဲလိုချင်တယ်ဆိုရင် ကိုယ့်ဘာသာ သွားတောင်းပန်ကြ။ ငါကတော့ အဲ့လို မလုပ်နိုင်ဘူး။”

သူမတို့မှာသာ သတ္တိရှိနေရင် ဘာလို့ သူမတို့အဖေကို လာပူဆာနေရဦးမှာလဲ။

ငြင်းဆန်ခံလိုက်ရသောကြောင့် သူမတို့သည် မကျေနပ်ကြောင်းပြသည့်အနေဖြင့် မျက်ရည်များကိုသာသုတ်ကာ ဘာမှထပ်မပြောရဲကြတော့ပေ။

သခင်မလီသည် သူမ၏ သမီးများအတွက် နှလုံးသားနာကျင်သွားရသော်လဲ ထိုအရာရှိများကို သူမ ဒူးထောက်လျှင်ပင် သူတို့က စိတ်ပါလက်ပါဖြင့် တဲအိမ်များ ပေးမည်မဟုတ်ကြောင်း သူမ ရှင်းရှင်းလင်းလင်း သိနေပေသည်။

သူမ၏ သမီးများကို ချက်ချင်းဆွဲကာ နှစ်သိမ့်ပေးလိုက်သည်။

ဟယ်မိသားစုတွင်လဲ အလားတူ မြင်ကွင်းမျိုး ဖြစ်ပေါ်နေသည်။ သူတို့သည် ဟယ်ကျီယွမ်၏ ဘေးတွင် ဝိုင်းအုံနေကာ အရာရှိများထံမှ တဲအိမ်များရရန် နည်းလမ်းရှာဖို့ ပြောဆိုနေကြသည်။

ထိုအချိန်တွင် ဟယ်ကျီယွမ်၏ စိတ်မှာ အလွန်ရှင်းလင်းနေပေသည်။ ထိုအရာက မဖြစ်နိုင်မှန်း သိနေသောကြောင့် သူသည် သူတို့အပေါ် ရေအေးများကိုသာ တိုက်ရိုက် လောင်းချလိုက်တော့သည်။

“မော့မိသားစုက လူတွေက ဆီစိမ်အစတွေ ယူလာပြီး တဲအိမ်ကို သူတို့ဘာသူတို့ လုပ်ထားတာ။ မင်းတို့လိုချင်တယ်ဆိုရင် ကိုယ်ပိုင်ငွေတုံးတွေ သုံးပြီး ဆီစိမ်အစဝယ်ကြ၊ ပြီးရင် သူတို့ဆီက ဘယ်လိုလုပ်ရမလဲ သွားသင်ကြပေါ့။”

သူ့စကားလုံးများမှာ ဟယ်မိသားစုဝင်များကို ပါးစပ်ပိတ်သွားစေပြီး ပြောစရာစကား မရှိအောင်ပင် ဖြစ်သွားစေသည်။

သူတို့မှာသာ ငွေရှိနေရင် ဘာလို့ ဒီ ဂျုံကြမ်းပေါင်မုန့်တွေပဲ နေ့တိုင်း စားနေရမှာလဲ။

သူတို့က ငွေနဲ့ ရွက်ဖျင်တဲတွေ မရှိရုံသာမက ငါးဖမ်းတတ်သည့် အစွမ်းလဲမရှိပေ။

ပထမဆုံးအကြိမ် အသုံးပြုသည့် နေ့ကတည်းက ရွက်ဖျင်တဲများမှာ လူတိုင်းဆီမှ ချီးကျူးခံလိုက်ရသည်။

အရာရှိများပင်လျှင် ပြည်နှင်ဒဏ်ခရီး လိုက်ပါရခြင်းက သိပ်တော့လဲ မဆိုးလှပါဘူးဟု ပထမဆုံးအကြိမ် ထင်လာမိကြ၏။

ဟဲကျစ်ယန်သည် မော့ကျိုးယွီနှင့် နှစ်ယောက်ထဲ အတူရှိရခြင်းကို ရင်းနှီးသွားပြီဖြစ်သောကြောင့် ဖိအားမရှိတော့ပေ။

သူမဘေးမှ အသက်ရှူသံ မှန်မှန်ကို ကြားလိုက်သောအခါ သူမ၏ အသိစိတ်ကို နေရာလွတ်ထဲသို့ ပို့လိုက်တော့သည်။

ထောင်းပေါင်ရှိ ဆိုင်လေးကို ဖွင့်ထားတာ တစ်ရက်ပြည့်ပြီဖြစ်သည်။ ကုန်ပစ္စည်းအမျိုးအစားများကို တင်ပြီးပြီဖြစ်သောကြောက့် ရောင်းရလား မရောင်းရလား စစ်ဆေးကြည့်ချင်သည်မှာ သဘာဝကျပေသည်။

ထောင်းပေါင်ကို ဖွင့်လိုက်သည်နှင့် စာဝင်သည့် လေးထောင့်ပုံးလေး ပေါ်လာခဲ့သည်။

[စတိုးဆိုင်ရှိ ပစ္စည်းကို ပောင်မြင်စွာ ရောင်းချပြီးပါပြီ။ ပိုက်ဆံကို အလီပေးအကောင့်ထဲ တိုက်ရိုက်ထည့်သွင်းပေးထားပါတယ်]

ဟဲကျစ်ယန်သည် သူမအကောင့်၏ လက်ကျန်ငွေကို မြန်မြန်သွားစစ်ဆေးလိုက်သည်။

ယွမ် ၇၅၀၀ က အကောင့်ထဲ ရောက်နေသည်ကို တွေ့လိုက်ရ၏။

ထိုဂဏန်းကိုမြင်ပြီး ဟဲကျစ်ယန် အနည်းငယ် စိတ်ရှုပ်ထွေးသွားရသည်။

သူမ၏ စတိုးဆိုင်တွင် ရောင်းချသော ဈေးအပေါဆုံးပစ္စည်းမှာ ယွမ် ၁၅၀၀၀ ဖြစ်သည်။ ဒီ ယွမ် ၇၅၀၀ က ဘာအတွက်လဲ။

သူမ၏ သံသယများ ရှင်းလင်းစေရန်အတွက် ဟဲကျစ်ယန်သည် စတိုးဆိုင်သို့ ပြန်သွားကာ ငွေပေးငွေယူ မှတ်တမ်းများကို သေချာစစ်ဆေးလိုက်သည်။

တစ်ချက်လေး ကြည့်မိရုံနှင့်ပင် သူမအား ဒေါသကြောင့် သွေးအန်မိလုနီးပါးဖြစ်သွားစေခဲ့သည်။

ငွေဝင်ငွေထွက်မှတ်တမ်းတွင် သူမ၏ စတိုးဆိုင်မှ ငွေဆံထိုးကို ဒီနေ့ပဲ ယွမ် ၁၅၀၀၀ နဲ့ အောင်အောင်မြင်မြင် ရောင်းချနိုင်ခဲ့ကြောင်း ပြသထားသည်။

ပလက်ဖောင်းက ဈေးရောင်းရငွေ၏ ၁၀ရာခိုင်နှုန်းကို အခကြေးငွေအဖြစ် ကောက်ယူသည်ကိုလဲ နားလည်ပေးနိုင်ပေသည်။

သို့သော် ပို့ဆောင်ခမှာ ရောင်းရငွေ၏ ၄၀ ရာခိုင်နှုန်းဖြစ်ပြီး ယွမ် ၆၀၀၀ ကျသင့်သည် ...

ဟဲကျစ်ယန်သည် မနေနိုင်တော့ဘဲ စိတ်ထဲမှ ကျိန်ဆဲလိုက်၏။ ဘယ်လို အမြတ်ကြီးစားနေတဲ့ ပို့ဆောင်ရေး ကုမ္ပဏီကများ ပို့ဆောင်ခကို ဒီလောက်တောင် ယူရတာလဲ။

ထိုကုန်သွားသောငွေက အမှားအယွင်းဟုသာ ယုံကြည်ထားရင်း ဟဲကျစ်ယန်သည် အဖြေကို ဆက်ရှာဖွေတော့သည်။

ရှာဖွေကြည့်ပြီးနောက် ထိုအမြန်ချောပို့ ကုမ္ပဏီ၏ နာမည်မှာ ရှေးခေတ်နှင့် ခေတ်သစ် ပြေးဆွဲခြင်းဟု အမည်ရသည်ကို တွေ့ရှိလိုက်သည်။

သူမသည် ထိုနာမည်ကို တစ်ခါမှ မကြားခဲ့ဖူးသော်လဲ နာမည်ကိုကြည့်ရုံဖြင့်ပင် ထိုကုမ္ပဏီသည် ရှေးခေတ်နှင့် ခေတ်သစ်ကို ကုန်ကူးပေးခြင်းအလုပ်ကို အဓိကလုပ်နေခြင်းဖြစ်ကြောင်း သိနိုင်ပေသည်။

ဆိုလိုသည်မှာ ဈေးဝယ်ပလက်ဖောင်းကို အသုံးပြုနေသည့် သူမကဲ့သို့သော ကူးပြောင်းလာသူများလဲ ရှိကြသည်ဆိုသောအချက်ပင်။

သို့သော် တခြားလူများနှင့် သူမ မသက်ဆိုင်ပေ။ အခု ဟဲကျစ်ယန် သိချင်ရသည်မှာ ပို့ဆောင်ခက ဘာဖြစ်လို့ ဒီလောက် ဈေးကြီးရလဲဆိုတာပင်။

ကံကောင်းစွာပင် ထိုနေရာ၌ ကုမ္ပဏီကို အကြမ်းဖျင်းရေးပြထားသည်။

ရှေးခေတ်နှင့် ခေတ်သစ် ပြေးဆွဲခြင်းကို XXXX တွင် တည်ထောင်ခဲ့သည်။

လုပ်ငန်းနယ်ပယ်: ထောင်းပေါင်တွင် စတိုးဆိုင်ဖွင့်ထားသော ကမ္ဘာကူးပြောင်းသူတိုင်းအတွက်။

ပို့ဆောင်ခ: ပစ္စည်းဈေးနှုန်း၏ ၄၀ %

မေးချင်တာရှိပါက ဖောက်သည်ဝန်ဆောင်မှုဆီ ဆက်သွယ်ပါ။

ဟဲကျစ်ယန်သည် ချက်ချင်းပင် ဖောက်သည်ဝန်ဆောင်မှုဆိုသော ခလုတ်ကို နှိပ်လိုက်သည်။

မကြာခင်ပင် စခရင်ပေါ်တွင် စာအစုလိုက်ကြီး ပေါ်လာတော့သည်။

ဟဲကျစ်ယန်သည် စာကို ဂရုတစိုက် ဖတ်နေဖို့ ပျင်းလွန်းလှ၏။ သူမက စာရိုက်လိုက်သည်:

ပို့ဆောင်ခကို ဒစ်စကောင့်ပေးလို့ရမလား။

ဖောက်သည်ဝန်ဆောင်မှု: [ရှင့်ရဲ့ပစ္စည်းများကို ဖောက်သည်များဆီ အချိန်နဲ့နေရာဖြတ်သန်း၍ သယ်ယူပို့ဆောင်ပေးရခြင်းမှာ များစွာကုန်ကျသောကြောင့် ဈေးနှုန်းကို ဒစ်စကောင့်မချပေးနိုင်ပါ]

ဟဲကျစ်ယန်: ကျွန်မဝယ်တာတွေကျ ပို့ခက ဘာဖြစ်လို့ ဈေးမများတာလဲ။

ဖောက်သည်ဝန်ဆောင်မှု: တခြားကုန်သည်များက မတူညီသော ပို့ဆောင်ရေးလမ်းကြောင်းတွေကို အသုံးပြုလို့ပါ။

ဟဲကျစ်ယန် - ...

သူမ ရှုံးနိမ့်သွားခဲ့ပြီ။ ဘယ်သူကများ သူမကို ကမ္ဘာကူးပြောင်းလာခိုင်းလို့လဲ။

လောဘမကြီးသော ဟဲကျစ်ယန်လေးသည် ထိုအချက်ကို ချက်ချင်း လက်ခံပေးလိုက်၏။

ဘာပဲဖြစ်ဖြစ် သူမသည် ထောင်းပေါင်အက်ပ်မှ ဝင်ငွေရရှိခဲ့ပြီဖြစ်သည်။ ဆိုလိုသည်မှာ သူမ ငွေရှာနိုင်သည့်အတွက် လိုအပ်သည်များကို ဝယ်နိုင်တော့မည်ဆိုသော အဓိပ္ပါယ်ပင်။

သူမ၏ ပထမဆုံးဝင်ငွေဖြင့် ဟဲကျစ်ယန် ပထမဆုံးတွေးမိသည့်အရာမှာ ဤနေရာရှိ လုံခြုံရေးပင် ဖြစ်သည်။

All Chapters