← Chapters

လူ ပျောက်နေတယ်

Vol. 5 Ch. 62

လူ ပျောက်နေတယ်

Vol. 5 Ch. 62

သူမ၏ နေရာလွတ်ထဲရှိ ဆေးရုံရုံးခန်းတွင် သိမ်းဆည်းထားသော သေနတ်အမျိုးအစား များစွာ ရှိသော်လဲ ထိုသေနတ်များက လုံးဝ လိုအပ်လွန်းသည့် အခြေအနေမှသာ ထုတ်သုံးသင့်ကြောင်း ဟဲကျစ်ယန် သိပေသည်။ ၎င်းတို့က ဒီဘက်ခေတ်လူများနှင့် မရင်းနှီးသောကြောင့် သူမသာ သေနတ်များကို အသုံးပြုပါက ဘယ်ကရလာလဲဆိုတာ ရှင်းပြဖို့ ခက်ခဲပေလိမ့်မည်။

ထောင်းပေါင်ကို မွှေနှောက်ကြည့်ပြီးနောက် ဟဲကျစ်ယန်သည် လက်စွပ်မြှားအသေးနှစ်ချောင်း ဝယ်ရန်အတွက် ယွမ် ၁၀၀၀ ကို ပြတ်ပြတ်သားသား အသုံးချလိုက်သည်။

ဤအရာများမှာ သေနတ်များကဲ့သို့ အသေသတ်နိုင်သည့် စွမ်းရည်မရှိသော်လဲ သူတို့၏ အားသာချက်မှာ ဖုံးကွယ်ထားနိုင်ခြင်း ဖြစ်သည်။

သူမက ပွင့်ပွင့်လင်းလင်း ထုတ်သုံးလျှင်ပင် တစ်ခြားလူများထံမှ သံသယ တိုးလာမည် မဟုတ်ဘဲ စပ်စုချင်ရုံလောက်သာ ရှိပေမည်။

လက်စွပ်မြှားများ ဝယ်ပြီးသောအခါ ဟဲကျစ်ယန်သည် ပင်ပန်းလာသလို ခံစားလိုက်ရ၏။ ထို့အပြင် အွန်လိုင်းစတိုးဆိုင်များတွင် ရနိုင်သော ပစ္စည်းများ အမြောက်အများ ရှိသေးသောကြောင့် ဝယ်ဖို့ မလောပေ။

သူမသည် အသိစိတ်ကို ပြန်ဆွဲယူလိုက်ကာ အိပ်ဖို့ ပြင်ဆင်လိုက်သည်။

သူမသည် ဒီနေ့က ပုံမှန်နေ့တစ်နေ့ဟုသာ ထင်ထားခဲ့သော်လဲ အကုန်လုံး အိပ်မောကျသွားသည့်အချိန်တွင် မော့ကျိုးယွီက ရုတ်တရတ် ထထိုင်လိုက်သည်ကို သူမ မသိလိုက်ပေ။

တစ်ချိန်တည်းပင် ဟဲကျစ်ယန်လည်း တစ်ခုခု မှားနေသည်ဟု ခံစားမိပြီး နိုးလာကာ သူ့နောက်မှလိုက်၍ ခပ်ဖြေးဖြေး ထထိုင်လိုက်သည်။

“ကျွန်မ ဝံပုလွေအော်သံတွေ ကြားလိုက်ရသလိုပဲ။”

ခပ်တိုးတိုးလေးပြောနေသည်မှာ ဟဲကျစ်ယန်သည် သူမ၏ စကားကို ပြန်အတည်ပြုချင်နေသည့်ပုံပင်။

“ဟုတ်တယ် အဲ့ဒါ ဝံပုလွေသံတွေပဲ။”

မော့ကျိုးယွီက ပြောလိုက်ကာ ရွက်ဖျင်တဲအစကို မတင်ကာ အပြင်သို့ထွက်လိုက်သည်။ ဟဲကျစ်ယန်ကတော့ သူ့နောက်မှ ကပ်လျက် လိုက်ပါလာသည်။

ထိုအချိန်တွင် တာဝန်ကျ အစောင့်များသည်လည်း တစ်ခုခု မူမမှန်သည်ကို သတိထားမိကာ အော်လိုက်သည်။ “ခေါင်းဆောင်၊ မကောင်းတော့ဘူး။ ဝံပုလွေအုပ်ကြီး ရှိနေတယ်။”

သူမ၏ အတိတ်က ပြင်ပစစ်‌ဆင်ရေး အတွေ့အကြုံများအရ ဟဲကျစ်ယန်သည် ဝံပုလွေများက မီးကိုကြောက်ကြောင်း သိနေ၏။

ထို့ကြောင့် အမှောင်ကို အခွင့်အရေးယူကာ နေရာလွတ်ထဲမှ အရက်ပြန် ၃ ဘူးကို အမြန်ဆွဲထုတ်လိုက်သည်။

ဟဲကျစ်ယန်သည် အကျဉ်းသားများနှင့် အနားယူနေသော အရာရှိများကို အလျင်အမြန် ပတ်ပြေးလိုက်သည်။

အရာရှိများသည် တဲအိမ်များထဲမှ ထွက်လာကာ ဓားရှည်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကြသည်။

မော့ကျိုးယွီနှင့် ဟဲကျစ်ယန်မှလွဲ၍ ကျန်သည့်အကျဉ်းသားများမှာ ကြောက်လန့်တကြား တစ်ယောက်ကို တစ်ယောက် ဖက်တွယ်ထားကြလေသည်။

မော့ကျိုးယွီသည် ရင်းနှီးနေသော အနံ့တစ်ခုကို ရလိုက်ပြီး ဟဲကျစ်ယန်၏ လုပ်ရပ်များ ရပ်တန့်သွားကာ မီးခြစ်ဆံကို မီးညှိပြီး ပတ်ပတ်လည်ကို သူမ ဖြန်းခဲ့သော အရက်ပြန်များဆီ မီးညှိလိုက်သည်ကို မြင်တွေ့လိုက်ရသည်။

မီးတောက်များ လောင်ကျွမ်းလာပြီး ဝံပုလွေအုပ်ကြီးကလဲ သူမတို့ကို ဝန်းရံထားပြီးဖြစ်သည်။

သို့သော် မီးတောက်များက တားထားသောကြောင့် ဝံပုလွေများမှာ ရှေ့ဆက်မတိုးကြဘဲ မနီးမဝေးနေရာမှ ရပ်ကြည့်နေကာ ခြေထောက်များဖြင့် မြေကြီးကို ယက်နေကြရင်း အဆက်မပြတ် အူနေကြသည်။

ဟဲကျစ်ယန်နှင့် မော့ကျိုးယွီ၏ ဦးစားပေးမှာ သူမတို့မိသားစု အန္တရာယ်ကင်းဖို့ပင်။

အရက်ပြန်များဖြင့် မီးတောက်အဝိုင်းကြီး လုပ်ပြီးသည်နှင့် သူတို့၏ တဲအိမ်များဆီသို့ အမြန်ပြန်သွားလိုက်သည်။

သခင်မကြီးမော့သည် မော့ဟန်ယွဲ့ကို ဖက်ထားကာ ဝံပုလွေအုပ်ကြီးကို ကြောက်ကြောက်လန့်လန့် ကြည့်နေ၏။

မရီးများမှာ တစ်ယောက်နှင့်တစ်ယောက် ဖက်တွယ်ထားကြကာ မနေနိုင်လောက်အောင် တုန်ရီနေကြသည်။

“အမေ၊ မရီးတို့၊ ဟန်ယွဲ့၊ ကျွန်မနဲ့ ကျွန်မယောက်ျား ဒီမှာရှိနေပါတယ်။ မကြောက်ပါနဲ့။ အမေတို့ကို ဘာကမှ မထိခိုက်စေရဘူး။”

မော့ကျိုးယွီသည် ထိုမီးက အကြာကြီးမခံမှန်း သိပေသည်။

သူသည် ဟဲကျစ်ယန်ကို လေးလေးနက်နက် စိုက်ကြည့်ကာ ပြောလိုက်သည်။ “ကိုယ်ထွက်ပြီးတော့ အဲ့ဝံပုလွေတွေကို မောင်းထုတ်မယ်။ မင်းက ဒီမှာနေခဲ့ပြီး မိသားစုကို ကာကွယ်ပါ။”

ဟဲကျစ်ယန်သည် မော့ကျိုးယွီ၏ စွမ်းရည်များကို သေချာသိထားသော်လဲ ‌ဝံပုလွေအော်သံများကို နားထောင်ရသလောက် အရေအတွက်က အတော်လေးများကြောင်း ပြောနိုင်ပေသည်။

သူ၏ အရည်အချင်းနှင့်ဆိုလျှင်တောင်မှ ထိုမျှ များပြားလှသော ဝံပုလွေများကို လက်နက်မရှိဘဲ ဘယ်လိုမှ ခုခံနိုင်မည်မဟုတ်ပေ။

“မဟုတ်ဘူး၊ အတူတူသွားမယ်။ ကျွန်မကို ယုံပါ၊ ကျွန်မ လုပ်နိုင်တယ်။”

မော့ကျိုးယွီသည် ဟဲကျစ်ယန်၏ အကြည့်က ဘယ်လောက်ပြတ်သားလဲဆိုတာ မြင်နေရသည်။

ခဏတာတွေးပြီးနောက် သူက မငြင်းဆန်လိုက်တော့ပေ။

“ကိုယ်နဲ့လိုက်ခဲ့လို့ရတယ်။ ဒါပေမဲ့ ကိုယ်နဲ့ ခြေလှမ်းသုံးလှမ်းထက် ပိုဝေးလို့ မရဘူး။ အဲ့ဒါမှ မင်းတစ်ခုခုဖြစ်ရင် ကိုယ်အချိန်မှီ ကယ်ပေးလို့ရမှာ။”

“ကောင်းပြီ” ဟဲကျစ်ယန်က တုံ့ဆိုင်းမှုမရှိ ဖြေလိုက်သည်။

သူမတို့နှစ်ယောက်သည် မိသားစုများကို စိတ်ချဖို့ပြောကာ မီးကွင်းကြီး၏ အစွန်းဆီသို့ ပြေးသွားလိုက်ကြသည်။

သူမတို့ မီးကွင်းကို ဖြတ်ကျော်‌လိုက်ပြီးနောက် ဟဲကျစ်ယန်သည် အတွေးတစ်ချက်ဖြင့် လက်စွပ်မြှားနှစ်ချောင်းကို သူမလက်ထဲ ထုတ်ယူလိုက်သည်။

မော့ကျိုးယွီက သူမကို ကြည့်လိုက်သည့် အချိန်ခဏကို အရယူကာ သူမသည် လက်စွပ်များတစ်ခုကို မော့ကျိုးယွီလက်ထဲထည့်လိုက်ကာ ဘယ်လိုသုံးရလဲဆိုသည့်နည်းကို ချက်ချင်း သင်ပေးလိုက်သည်။

မော့ကျိုးယွီသည် ဤသေးငယ်ပြီး သိမ်မွေ့သော ‌မြှားလေးများကို မမြင်ဖူးသော်လဲ လက်နက်မျိုးစုံတွင် စိတ်ဝင်စားသူဖြစ်သောကြောင့် ထိုမြှားလေးများ အသုံးပြုရသည့်နည်းကို ချက်ချင်းပင် သင်ယူလိုက်နိုင်သည်။

သူမတို့နှစ်ဦး မီတာပေါင်းများစွာ ပြေးထွက်သွားခဲ့ပြီး မြှားများက ဝံပုလွေများဆီ ရောက်နိုင်တာ သေချာသောနေရာတွင် ရပ်လိုက်ကြသည်။

မော့ကျိုးယွီသည် ဟဲကျစ်ယန်၏ သွယ်လျသော ခါးလေးကို ကိုင်ကာ ပေါ့ပေါ့ပါးပါးပင် ခိုင်ခံ့သော သစ်ပင်ကြီးတစ်ခုဆီ ခုန်တက်လိုက်သည်။

ဇနီးမောင်နှံ‌နှစ်ယောက်သည် သင့်လျော်သောနေရာကို အမြန်ရှာတွေ့သွားကာ ဝံပုလွေအုပ်ကြီးကို စည်းချက်ညီစွာ ပစ်လိုက်ကြ၏။

တစ်ချိန်တည်းမှာပင် အရာရှိများသည် မြှားများကို တိမ်းရှောင်လာသော ဝံပုလွေများကို ကာကွယ်ရန် ဓားများကိုဝင့်ကာ မီးဝိုင်းထဲမှ ထွက်လာကြသည်။

မီးဝိုင်းထဲတွင် ယောက်ျားများသည် မြေပြင်ပေါ်မှ ကျောက်ခဲကြီးများကိုကောက်ကာ လက်ဖြင့်ကိုင်ထားပြီး ဝံပုလွေက သူတို့ဘက်ရောက်လာလျှင် အဆင်သင့်ထုလို့ရအောင် ပြင်ဆင်ထားကြသည်။

လက်စွပ်မြှားသည် ငှက်မွှေးမြှား ၁၀ ချောင်းစီ ပါဝင်၏။ သိပ်မကြာခင်ပင် နှစ်ယောက်လုံးမှာ ငှက်မွှေးမြှားများ ကုန်သွားတော့သည်။

ဟဲကျစ်ယန်သည် ချက်ချင်းပင် စိတ်ဖြင့် နေရာလွတ်ထဲဝင်ကာ ငှက်မွှေးမြှား အရေအတွက် အတော်များများကို ဝယ်ယူလိုက်ပြီး ပြန်လည်တပ်ဆင်ကာ တိုက်ပွဲပြန်စလိုက်သည်။

ဝံပုလွေအုပ်ကြီးမှာ ထိုးစစ်ဆင်မှုများကို သည်းမခံနိုင်တော့ဘဲ ဝံပုလွေအုပ်ခေါင်းဆောင်မှ ဦးဆောင်ကာ အရပ်မျက်နှာ အသီးသီးသို့ ထွက်ပြေးသွားကြတော့သည်။

ငြိမ်းခါနီး မီးရောင်လေး၏ ခပ်မှိန်မှိန်အလင်းကို အားယူကာ စစ်ဆေးကြည့်လိုက်သောအခါ ဝံပုလွေ အလောင်း ၅၀ ၆၀ ခန့် ရှိ‌သည်ကို တွေ့လိုက်ရသည်။

မော့ကျိုးယွီသည် ဟဲကျစ်ယန်ကိုသယ်ကာ မြေပေါ်သို့ ပြန်ဆင်းလာကြ၏။

ဖမ်းဝမ်သည် ချက်ချင်းရောက်လာပြီး သူ့ရှေ့မှ ဝံပုလွေအလောင်းများကိုကြည့်ကာ စိတ်ထဲတွင် ကြောက်ရွံ့မှုများ ရှိနေဆဲပင်။

“ငါ အရာရှိခေါင်းဆောင် လုပ်နေတာ ကြာပြီ။ ဒီလောက်များတဲ့ ဝံပုလွေအုပ်ကြီးနဲ့ ဆုံတာ ဒါ ပထမဆုံးပဲ။ ဒီနေ့ည မင်းတို့နှစ်ယောက်ကို ကျေးဇူးတင်ရမယ် မဟုတ်ရင် ငါတို့အားလုံး ဝံပုလွေပါးစပ်ထဲ ရောက်နေလောက်ပြီ။”

ဖမ်းဝမ်၏ စကားလုံးများမှာ ချဲ့ကားထားခြင်း မဟုတ်ပေ။ သူတို့၏ အရာရှိအရည်အချင်းလေးနှင့် ထိုဝံပုလွေအုပ်ကြီးကို လုံးဝ ခွဲမထုတ်နိုင်ပေ။

မော့ကျိုးယွီကတော့ မျက်နှာသေနှင့်ပင် ဖမ်းဝမ်ကို ခေါင်းငြိမ့်ပြကာ ဟဲကျစ်ယန်ကို ဆွဲခေါ်လိုက်ပြီး မိသားစု၏ အခြေအနေကို စစ်ဆေးကြည့်ရန် ပြန်သွားလိုက်သည်။

ထိုအချိန်တွင် ရှဲ့မိသားစုမှ အော်သံတစ်ခု ထွက်ပေါ်လာ၏။ “လင်းအာ၊ ကျွန်မရဲ့ လင်းအာ မရှိတော့ဘူး ...”

ဟဲကျစ်ယန်နှင့် မော့ကျိုးယွီတို့ တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ ချက်ချင်းပြေးသွားလိုက်ကြသည်။

ဖမ်းဝမ်သည်လည်း အရာရှိများနှင့်အတူ ချက်ချင်းရောက်လာခဲ့သည်။

“ဘာဖြစ်ကြတာလဲ။”

ရှဲ့လင်း၏ မိခင်ဖြစ်သူမှာ မျက်ရည်များနှင့် စိတ်ပူပင်စွာ ပြန်ဖြေလိုက်သည်။ “လင်းအာ ပျောက်နေလို့ပါ။ လင်းအာ သား ဘယ်မှာလဲ။ မြန်မြန်ထွက်လာပါတော့၊ အမေ့ကို မခြောက်ပါနဲ့။”

သို့သော် သူမ၏ ခေါ်သံကို ဘာတုံ့ပြန်မှုမှမရှိခဲ့ပေ။

ဖမ်းဝမ်သည် ရှဲ့မိသားစုမှ ရှဲ့မင်ကို လေးလေးနက်နက် စိုက်ကြည့်လိုက်၏။

“ကျုပ်တို့တွေ ဝံပုလွေသွားမောင်းထုတ်နေတုန်း ခင်ဗျားတို့အားလုံး ဘာလုပ်နေကြတာလဲ။”

“ခေါင်းဆောင် ခင်ဗျားတို့ အဲ့ကောင်‌ကြီးတွေကို မထိန်းနိုင်မှာ စိတ်ပူလို့ ခင်ဗျားတို့နောက်ကနေ ခဲတွေကိုင်ထားပြီး စောင့်နေကြတာ။ ဝံပုလွေများ ချော်ပြီးထွက်လာမလားလို့ ကျွန်တော်တို့ တစ်ချိန်လုံး စောင့်ကြည့်နေခဲ့ကြတာပါ။”

လင်းအာ၏ မိခင်ကလဲ ဝင်ပြောလိုက်သည်။ “လင်းအာက တစ်ချိန်လုံး ကျွန်မဘေးမှာပဲ ရှိနေခဲ့တာ။ ဒါပေမဲ့ ကျွန်မယောက်ျားနဲ့ မတ်လေးက ကူညီဖို့ ထွက်သွားတော့ သူတို့ကိုစိတ်ပူပြီး ကျွန်မအာရုံက သူတို့ဆီ ရောက်သွားမိတယ်။ အဲ့ဒါနဲ့ လင်းအာကို ခဏလျစ်လျှူရှုမိသွားပါတယ်။ လင်းအာ၊ အမေ့အမှားပါ အမေ သတိမမူမိလို့ မင်းကို သေချာမကြည့်နိုင်ခဲ့ဘူး အဟင့် ဟင့် ..”

ဖမ်းဝမ်က စိတ်မရှည်စွာ ဆူလိုက်သည်။ “တော်ပြီ၊ ငြိမနေနဲ့တော့။ လူရှာဖို့က ပိုအရေးကြီးတယ်”

ဟဲကျစ်ယန် သူ့ကို သတိမပေးဘဲမနေပေ။ “ခေါင်းဆောင်ဖမ်း၊ တစ်ခြားမိသားစုတွေမှာရော ပျောက်နေတဲ့လူ ရှိမလား တစ်ခါထဲ မေးကြည့်သင့်တယ်။”

ထိုစကားကိုကြားပြီးနောက် ဖမ်းဝမ်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “လူတိုင်းပဲ မင်းတို့ရဲ့ မိသားစုတွေကို ပြန်စစ်ကြည့်ပြီး ပျောက်နေတဲ့လူရှိရင် ချက်ချင်း ပြောကြပါ။”

အကျဉ်းသားများ ပျောက်သွားခြင်းက ကိစ္စသေးသေးလေး မဟုတ်ပေ။ သူတို့ ထွက်ပြေးသွားသည်ဟူသော သံသယများက မြင့်တက်လာပေမည်။

All Chapters