← Chapters

ဧကရာဇ်ရွှင်းဝူက ပိုက်ဆံရှင်းပေးသွားတယ်

Vol. 5 Ch. 71

ဧကရာဇ်ရွှင်းဝူက ပိုက်ဆံရှင်းပေးသွားတယ်

Vol. 5 Ch. 71

ဟဲကျစ်ယန်က ဖေးနန်ယွီကို သွားကူညီဟန်ဆောင်လိုက်ပြီး မေးလိုက်သည်။ “ရှင် ကျွန်မတို့လှည်းနဲ့အတူ ခရိုင်ရုံးဆီ သွားချင်လား”

ဖေးနန်ယွီသည် စာသင်သားများကိုကြည့်ကာ ခေါင်းငြိမ့်လိုက်၏။ “ကောင်းပြီ၊ ကျွန်တော် မိန်းကလေးကိုပဲ ဒုက္ခပေးရတော့မယ်”

သူမတို့က အတည်ကြီးပြောနေတာကို မြင်သောအခါ စာသင်သားထဲမှ တစ်ယောက်က ချက်ချင်းပင် လေသံပျော့သွားသည်။

“တစ်ယောက်ကို ငွေချောင်း ၂၀ ပဲ မဟုတ်လား။ ကျွန်တော်တို့ ပေးပါမယ်။ ဒါက ကိစ္စသေးသေးလေးပဲဟာ ခရိုင်တရားသူကြီးကို ဒုက္ခသွားပေးနေဖို့ မလိုအပ်ပါဘူး”

ထိုစကားကို ကြားသောအခါ ဟဲကျစ်ယန်သည် သူတို့ရှေ့တွင် လက်ဖြန့်ပြလိုက်၏။

“အဲ့ဒီကို မသွားချင်ဘူးဆိုမှတော့ ငွေ‌ချောင်းတွေ ပေးတော့”

စာသင်သားများသည် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကာ နောက်လှည့်ပြီး ပိုက်ဆံများ စုလိုက်ကြသည်။

မကြာခင်ပဲ ငွေချောင်း တစ်ရာသည် ဟဲကျစ်ယန်နှင့် တခြားလူများရှေ့တွင် ပေါ်လာခဲ့သည်။

ဖမ်းဝမ်သည် လက်ကိုဝေ့ယမ်းကာ သူတို့အား ထွက်သွားခိုင်းလိုက်၏။

စာသင်သားငါးယောက်က အလျင်အမြန် ပျောက်ကွယ်သွားကြသည်။

ဟဲကျစ်ယန်သည် ဖေးနန်ယွီအား ငွေချောင်း တစ်ရာ ပေးလိုက်သည်။

“ဒါကိုယူလိုက်”

ဒဏ်ရာရထားသော်လဲ ဖေးနန်ယွီ၏ မျက်လုံးထဲမှ မယိမ်းယိုင်သော မာနတရားကတော့ မပျောက်ကွယ်သွားပေ။

“ဘာဖြစ်လို့ ကျွန်တော့်ကို ကူညီရတာလဲ။ သူတို့ကို စော်ကားသလိုဖြစ်သွားမှာ မကြောက်ဘူးလား”

ဟဲကျစ်ယန်သည် ပေါ့ပေါ့ပါးပါးသာ ပုခုံးတွန့်ပြလိုက်၏။ “ကျွန်မက မတရားမှုဆို လက်ပိုက်ကြည့်မနေနိုင်ဘူး”

ဖေးနန်ယွီ သံသယမဖြစ်ဖို့ရန်အတွက် သူမသည် သူ့မျက်လုံးများကို မကြည့်ဘဲ အကြည့်လွှဲထားလိုက်သည်။

“ရှင် လမ်းလျှောက်နိုင်ရဲ့လား”

“လျှောက်နိုင်ပါတယ်”

ထို့သို့ပြောပြီးနောက် ဖေးနန်ယွီသည် ခြေထောက် နှစ်ချောင်းကို နာကျင်စွာ အားပြုပြီး ရပ်လိုက်ကာ သူမတို့အား လေးလေးနက်နက် ဦးညွှတ်လိုက်သည်။

“ကျွန်တော့်ဘက်က ကူညီပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော်တို့ နောက်တစ်ကြိမ် ပြန်တွေ့နိုင်ရင် သေချာပေါက် ကျေးဇူးကို အပြည့်အဝ ပြန်ဆပ်ပါမယ်”

ထိုသို့ပြောပြီးနောက် သူက လှည့်ထွက်သွားလေသည်။

ဖေးနန်ယွီ၏ ပုံရိပ် ပျောက်ကွယ်သွားသောအခါမှ ဟဲကျစ်ယန်သည် ဖမ်းဝမ်နှင့် အရာရှိလေးကိုခေါ်ကာ အစားအစာရှာရန် သွားလိုက်သည်။

ဟဲကျစ်ယန်သည် ယနေ့ သူမ ဖေးနန်ယွီကို ကယ်တင်လိုက်ခြင်းက နောင်အနာဂတ်တွင် ဆုလာဘ်များ ယူလာမလား သေချာမသိပေ။

သို့သော် နောင်တွင် သူမတို့ သူငယ်ချင်းများ ဖြစ်မလာနိုင်ရင်တောင်မှ ဒီနေ့အဖြစ်အပျက် ရှိထား‌ခြင်းကြောင့် ရန်သူများတော့ လုံးဝဖြစ်လာမှာ မဟုတ်ပေ။

ဟဲကျစ်ယန် တွေးလို့ပြီးသွားပြီးနောက် ဖမ်းဝမ်က မေးလာသည်။

“ညီမလေး၊ ငါ မင်းကို နားလည်ထားသလောက်ဆိုရင် မင်းက ဝင်ပါတတ်တဲ့လူ မဟုတ်ပါဘူး။ ဘာလို့ သူ့ကို ကယ်လိုက်တာလဲ”

သူမတွင် သူမ၏ ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်သော အကြောင်းပြချက် ရှိနေသည့်အတွက် ဟဲကျစ်ယန်က အမှန်အတိုင်း မဖြေခဲ့ပေ။

“ကျွန်မက မတရားတာတွေဆို မုန်းတယ်လေ။ ဝင်မပါဘဲ မနေနိုင်ဘူး”

ဖမ်းဝမ်လဲ သူမကို မယုံကြည်ပေ၊ သို့သော် သူမက ပြောမပြချင်သောကြောင့် သူလဲ ထပ်မမေးတော့ပေ။

ဆယ်မိနစ်ခန့် လမ်းလျှောက်ပြီးနောက် ဖမ်းဝမ်သည် မထင်မရှား လမ်းဘေးဆိုင်လေးကို ညွှန်ပြလိုက်သည်။

“သူတို့ရဲ့ ဖက်ထုပ်ရော အသားပေါင်းရော အရမ်းအရသာရှိတယ်။ စားကြည့်ချင်လား”

ဟဲကျစ်ယန်လဲ ဗိုက်ဆာနေပြီဖြစ်သည်။ ဗိုက်ဖြည့်နိုင်လျှင် ဘာစားစားရပေသည်။

ဖမ်းဝမ်၏ စကားအရဆိုလျှင် သူ အရင်က စားခဲ့ဖူးပြီး အခုလဲ စားချင်နေသေးသည့်နေရာမှာ သေချာပေါက် ဆိုးဝါးမည် မဟုတ်ပေ။

“ကျွန်မကတော့ ငြင်းစရာ မရှိပါဘူး၊ အကိုဖမ်း စီစဉ်သလိုပဲ”

အရာရှိလေးကလဲ ပြောလိုက်သည်။ “ခေါင်းဆောင် စားချင်တဲ့နေရာမှာပဲ ကျွန်တော်လဲ စားမှာပါ”

သူမတို့နှစ်ယောက်လုံး မငြင်းဆန်သောကြောင့် ဖမ်းဝမ်သည် ဖက်ထုပ်ဆိုင်လေးသို့ အရင်ဆုံး သွားလိုက်၏။

သူတို့သည် ဖက်ထုပ် သုံးပွဲမှာခဲ့ပြီး အသားပေါင်း ပွဲကြီးတစ်ပွဲလဲ မှာခဲ့ကြသည်။

စားကြည့်ပြီးနောက် ဟဲကျစ်ယန်သည် ဖက်ထုပ်နှင့် အသားပေါင်း၏ အရသာက အတော်လေး ကောင်းမွန်ကြောင်း တွေ့လိုက်ရသည်။

သူမ အရင်ဘဝက စားခဲ့သည့် အရသာရှိသော အရာများနှင့် ယှဉ်လျှက်တော့ တစ်ခုခု‌ လိုအပ်နေသလိုပင်။

သို့သော် ရှေးခေတ်တွင် အရင်းအမြစ်များ ရှားပါးသောကြောင့် အစားအသောက်များကို ဤမျှ အရသာရှိအောင် လုပ်နိုင်ခြင်းက အတော်လေး ကောင်းနေပြီဖြစ်သည်။

ရာသီဥတုက ပူပြင်းနေသည်။ ဖက်ထုပ် တစ်ပန်းကန် စားပြီးနောက် သုံးယောက်လုံး နဖူးမှ ချွေးများ စီးကျလာတော့သည်။

အပြင်ဘက်တွင် ပူပြင်းနေသော နေကိုမြင်သောအခါ အရာရှိလေးက တုံ့ဆိုင်းသွားသည်။

“ခေါင်းဆောင်၊ နေက အရမ်းပူနေတယ်။ ကျွန်တော်တို့ ဆက်မသွားခင် နေရာတစ်ခုရှာပြီး အရင်အနားယူကြမလား”

ဖမ်းဝမ်လဲ သဘောတူလိုက်သည်။ ပုံမှန်အားဖြင့် ပြည်နှင်ဒဏ်ပေးခြင်းခံရသည့် အကျဉ်းသားများနှင့် ခရီးသွားရလျှင်တောင်မှ နေအလွန်ပူပြင်းနေလျှင် အနားယူဖို့ အရိပ်ကောင်းကောင်းရှာကြမည်ဖြစ်ပြီး နေကျသွားမှ ဆက်သွားကြတာ ဖြစ်သည်။

“ဟို‌နားမှာ လက်ဖက်ရည်ဆိုင် ရှိတယ်။ ငါတို့ အေးအေးဆေး‌ဆေး လက်ဖက်ရည်သောက်ပြီး ခြေထောက်တွေကို အနားပေးကြတာပေါ့”

ဟဲကျစ်ယန်လည်း လက်ဖက်ရည်အေးလေး သောက်ချင်မိသည်။ သို့သော် သူမ တစ်ယောက်ထဲရှိလို့ရမည့် အချိန်က ဒီအချိန်ပဲရှိသည်ဆိုတာ သိနေသောကြောင့် အခွင့်အရေးကို လက်လွှတ်ခံလိုက်လို့မရပေ။

“အကိုဖမ်း၊ ကျွန်မက အပူမကြောက်ဘူး။ ကျွန်မ ပစ္စည်းတချို့လဲ ဝယ်ချင်သေးလို့။ ကျွန်မ ဈေးဝယ်ထွက်နေတုန်း အကိုတို့ အရင်နားနေကြလေ၊ ကျွန်မ ဝယ်လို့ ပြီးသွားရင် လက်ဖက်ရည်ဆိုင်မှာ ပြန်ဆုံကြ‌တာပေါ့ ဘယ်လိုလဲ”

မကြာသေးမီက အဖြစ်အပျက်များကြောင့် ဖမ်းဝမ်သည် ဟဲကျစ်ယန်ကို အကျဉ်းသားတစ်ယောက်ဟု မမြင်တော့ဘဲ သူမကို ပုံမှန်လူဟု သတ်မှတ်ထားလေသည်။

ဤကဲ့သို့သော တောင်းဆိုမှု သေးသေးလေးအတွက်တော့ သူ ငြင်းပယ်မည်မဟုတ်ပေ။ ထို့အပြင် သူသည်လဲ ဤမျှပူပြင်းသော နေထဲတွင် ဟဲကျစ်ယန်ကို အဖော်လိုက်မပေးနိုင်သောကြောင့်ပင်။

“အဲ့ဒါလဲ အဆင်ပြေတာပဲ။ ငါတို့ ခဏနားလိုက်ဦးမယ်၊ ညီမလေး ဈေးသွားဝယ်ပေါ့”

ဤသို့ဖြင့် ဟဲကျစ်ယန်သည် ထ်ုနှစ်ယောက်နှင့် လမ်းခွဲကု အထည်ဆိုင်တစ်ခုကို လိုက်ရှာခဲ့သည်။

သူမ၏ မိသားစုတွင် အဝတ်အစား လဲဖို့ အပိုမရှိသောကြောင့် ဤနေပူပူတွင် အနံ့အသက်များ ရနေကာ ထိုကိစ္စကို ဖြစ်နိုင်လျှင် အမြန်ဆုံး ဖြေရှင်းရပေမည်။

ထို့နောက် အပြင်သို့ မထွက်ခင်ကတည်းက သူမသည် ခရီးမသွားရသည့် ဤရက်များအတွင်း မရီးများ အင်္ကျီအချို့ ချုပ်လုပ်နိုင်ရန်အတွက် အဝတ်စများ ဝယ်ယူဖို့ စီစဉ်ထားခဲ့သည်။

မနီးမဝေးနေရာတွင် အထည်ဆိုင်တစ်ခုကို သူမ တွေ့လိုက်ရသည်။

ဟဲကျစ်ယန်သည် သူမ၏ လက်ရှိအခြေအနေကို မမေ့သောကြောင့် အရမ်းကြီး ပေါ်ပေါ်ထင်ထင် မဖြစ်ချင်ပေ။

သူမသည် ပါးလွှာပြီး ပိုသန့်စင်သော လျှော်ချည်ထည်ကို ပမာဏများများ ဝယ်ယူခဲ့သည်။

သူမ အထည်တွေ အများကြီး ဝယ်တာကိုမြင်သောအခါ ဆိုင်ရှင်က တချို့ အဝတ်စများကို ဂရုတစိုက် ထည့်ပေးလာသည်။

ဟဲကျစ်ယန်သည် အချုပ်အလုပ်ပညာ မကျွမ်းကျင်သောကြောင့် ထိုအဝတ်စလေးများကို ဘယ်နေရာတွင် သုံးရမလဲ မသိပေ။ သို့သော် ဆိုင်ရှင်က သူတို့ကို ရတနာအလား လက်‌ဆောင်ပေးလိုက်သောကြောင့် အသုံးချတတ်သူ၏ လက်ထဲသို့ ရောက်လျှင် သေချာပေါက် အသုံးဝင်လာမည်ဖြစ်သည်။

ဆိုင်ရှင်ကို ကျေးဇူးတင်လိုက်ပြီးနောက် ဟဲကျစ်ယန်သည် လှည်းကို ဆက်ကာ တွန်းသွားလိုက်သည်။

သူမသည် ချောင်ကျသော နေရာတစ်ခုရှာကာ နေရာလွတ်ထဲတွင် ကျန်နေသေးသည် ဂျုံမှုန့်နှင့် ဆန်တို့ကို ထုတ်ယူချင်ပြီး ထောင်းပေါင်တွင် သူမ ဝယ်ပြီး ပြန်သယ်သွားလို့ရမည့် စားစရာများ ရှိ မရှိကိုလဲ ကြည့်ချင်မိသည်။

ထောင့်တစ်ခုကို ချိုးလိုက်ပြီး ဟဲကျစ်ယန်သည် လှည်းကို တိတ်ဆိတ်သော လမ်းကြားလေးထဲ ဝင်လိုက်၏။ အနားတွင် ဘယ်သူမှ မရှိကြောင်း စစ်ဆေးပြီးနောက် သူမ၏ အသိစိတ်ကို နေရာလွတ်ထဲသို့ ပို့လိုက်ကာ ဆန်နှင့်ဂျုံမှုန့် နှစ်အိတ်စီ ထုတ်လိုက်သည်။

သူမသည် ထောင်းပေါင်မှ ကြက်ကင် အကောင် ၂၀ နှင့် ဘဲကင် အကောင်၂၀ ကိုလဲ ဝယ်ယူခဲ့ပြီး ထုပ်ပိုးမှုပုံစံအားလုံးကို ဆီစိမ်စက္ကူများဖြင့် သေသေသပ်သပ် ပြောင်းထုပ်လိုက်ကာ လှည်းပေါ်သို့တင်လိုက်သည်။

ထိုအရာများအပြင် သူမ ဝက်သားနှင့် ဟင်းသီးဟင်းရွက် တချို့လဲ ဝယ်ချင်သေးသည်။

ယနေ့၏ ပူပြင်းလှသော နေရောင်ကိုကြည့်ကာ ဟဲကျစ်ယန်သည် ဈေးထဲသို့ သွားရမည်ကို အလွန်ပျင်းနေမိသည်။ သူမသည် အရာအားလုံးကို ရိုးရိုးရှင်းရှင်းပင် ထောင်းပေါင်မှ ဝယ်လိုက်တော့သည်။

ပြည့်နေသော တွန်းလှည်းလေးကိုကြည့်ကာ သူမစိတ်ထဲ ဘာဖိအားမှ မခံစားရပေ။

ဘာပဲပြောပြော ဒါတွေက ဧကရာဇ်ရွှင်းဝူ ဝယ်ပေးခြင်းဖြစ်သည် ...

ထိုအရာက အမှန်တကယ်ပင်။ ဟဲကျစ်ယန်၏ လက်ထဲတွင် ရှိနေသော ယွမ် လေးသန်းကျော်မှာ ဧကရာဇ်ရွှင်းဝူ၏ ဘဏ္ဍာတိုက်ထဲမှ ပစ္စည်းများကို ရောင်းချပြီး ရ‌လာသောပိုက်ဆံဖြစ်သည့်အတွက် ထိုအရာများကို သူ ဝယ်ပေးခြင်းသာ ဖြစ်သည်။

ဖမ်းဝမ်တို့နှင့် လမ်းခွဲခဲ့တာ တစ်နာရီခွဲပဲရှိသေးတာကို မြင်ပြီးနောက် သူမသာ ယခု သူတို့ကို လက်ဖက်ရည်ဆိုင်တွင် သွားရှာပါက ဤမျှများပြားလှသော ပစ္စည်းများကို အလျင်အမြန် ဝယ်ယူနိုင်ခြင်းအပေါ် သူတို့ သံသယဝင်ကောင်းဝင်နိုင်ပေမည်။

ထို့ကြောင့် ဟဲကျစ်ယန်သည် ပြန်သွားဖို့ မလောပေ။ သူမသည် အရိပ်ရသော နေရာသို့ လှည်းကိုတွန်းကာ ‌လှည်းပေါ်မှ နေရာလွတ်တစ်ခုတွင် ထိုင်ချလိုက်သည်။

သူမသည် ရေငတ်ပြေဖို့အတွက်လဲ ထောင်းပေါင်မှ အအေးဘူးတစ်ဘူးကို ဝယ်ယူခဲ့သေးသည်။

အချိန်ကူးပြောင်း လာပြီးကတည်းက ဟဲကျစ်ယန်သည် သိပ်ပြီး မတင်းတိမ်နိုင်ခဲ့ပေ။

သူမသည် သစ်သားလှည်းပေါ်တွင် ထိုင်နေရင်း အေးစက်နေသော အအေးဘူးလေးကိုသောက်ကာ ခြေထောက်ကို ဟိုဒီလှုပ်ယမ်းရင်း အေးအေးဆေး‌ဆေးဖြစ်နေခဲ့သည် ...

သူမ အလွန်အားရကျေနပ်နေချိန်တွင် ရုတ်တရတ် လမ်းကြားအဝင်မှ ခြေသံများကို ကြားလိုက်ရသည်။

ဟဲကျစ်ယန်သည် ကျန်နေသေးသော အချိုရည်ဘူးတစ်ဝက်ကို နေရာလွတ်ထဲ အမြန်ပြန်ထည့်လိုက်ကာ အသံလာရာသို့ ကြည့်လိုက်၏။

All Chapters