← Chapters

တစ်ချိန်တုန်းက

Vol. 5 Ch. 72

တစ်ချိန်တုန်းက

Vol. 5 Ch. 72

ထိုလူက ဖေးနန်ယွီပင်။

သူ့နောက်တွင် လူလေးယောက် သယ်ဆောင်လာသော ခေါင်းတလားတစ်လုံးရှိနေပြီး ဖေးနန်ယွီက ရှေ့မှ ထော့နဲ့ထော့နဲ့ဖြင့် လမ်းလျှောက်လာသည်။

ဖေးနန်ယွီက ဟဲကျစ်ယန်ကို မြင်လိုက်သောအခါ ချက်ချင်းဆိုသလို မျက်မှောင်ကြုတ်သွားကာ သူမကို အပေါ်အောက် သေချာကြည့်လိုက်ပြီး တစ်ခုခုကို စဉ်းစားနေသည့်ပုံစံပင်။

ထိုအကြည့်မျိုးနှင့် ရင်ဆိုင်ရသော်လဲ ဟဲကျစ်ယန်ကတော့ အေးအေးဆေးဆေးပင်။

“မင်း ဒီမှာ ဘာလုပ်နေတာလဲ”

“ဒီနေရာက တိတ်ဆိတ်နေတာတွေ့လို့ ခဏအနားယူရင်းနဲ့ အအေးခံနေတာပေါ့”

ယောက်ျားလေးယောက်က ခေါင်းတလားကို ထမ်းလာတာ တွေ့သောအခါ ဟဲကျစ်ယန်သည် သူမ၏ လှည်းလေးကို နံ‌ရံဘေးသို့ တွန်းရွှေ့ပေးလိုက်ကာ သူတို့အတွက် လမ်းဖယ်ပေးလိုက်သည်။

လှည်းပေါ်မှ ပစ္စည်းများ အပြည့်ဖြစ်နေသည်ကို မြင်သောအခါ ဖေးနန်ယွီက သူမကို သံသယမဝင်တော့ပေ။

သူက ဟဲကျစ်ယန်ကို လက်သီးဆုပ်ကာ ဂါရဝပြုလိုက်၏။ “အိမ်မှာ အသုဘရှိနေသေးလို့ပါ။ ကျွန်တော် အရင်သွားနှင့်ပါမယ်”

ထိုသို့ပြောပြီးနောက် သူက နောက်သို့ လှည့်မကြည့်တော့ဘဲ ထွက်ခွာသွားလေသည်။

ဖေးနန်ယွီက လူများကို ဦးဆောင်ကာ အစွန်ဆုံးဝင်းထဲ ဝင်သွားသည်ကိုတွေ့ပြီးနောက် ဟဲကျစ်ယန်သည်လဲ ထရပ်ကာ သစ်သားလှည်းလေးကို တွန်းပြီး ထွက်လာခဲ့တော့သည်။

လမ်းမပေါ်တွင် ဟဲကျစ်ယန်သည် လမ်းဘေးရှိ ဈေးဆိုင်တစ်ခုတွင် ကောက်ရိုးဦးထုပ်ကြီးများ ရောင်းချနေသည်ကို တွေ့လိုက်ရ၏။

ပြည်နှင်ဒဏ်ခရီးတွင် အထူးသဖြင့် အမျိုးသမီးများမှာ တစ်နေကုန် နေပူထဲ အလှန်းခံရသလို ဖြစ်နေသဖြင့် သူမတို့အတွက် ဤကဲ့သို့သော ဦးထုပ်ကြီးများက သေချာပေါက် လိုအပ်ပေသည်။

ထို့ကြောင့် သူမသည် ဦးထုပ်ကြီး ၂၈ လုံးကို တစ်ခါထဲ ဝယ်ချလိုက်သည်။

ဖမ်းဝမ်သည် ဟဲကျစ်ယန်က လက်ဖက်ရည်ဆိုင်သို့ အလွန် လျင်မြန်စွာ ပြန်ရောက်လာသည်ကို တွေ့သောအခါ တကယ်လန့်သွားရသည်။

“မင်း တစ်ခါ အပြင်ထွက်ဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး။ ဘာလို့ လျှောက်ပတ်မကြည့်တာတုန်း”

ဟဲကျစ်ယန်က ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ “အရမ်းပူလွန်းတယ်။ လှည်းပေါ်မှာလဲ ပစ္စည်းတွေ အများကြီးမို့ ကျွန်မလဲ လမ်းဆက်‌မလျှောက်နိုင်တော့တာနဲ့ ပြန်လာခဲ့တာ”

ဖမ်းဝမ်သည် လှည်းပေါ်မှ ပစ္စည်းများကို တစ်ချက်ကြည့်လိုက်တာ စုတ်မသပ်ဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။

ကြည့်ရသည်မှာ ဝန်ကြီးဟဲက သူ့သမီးကို ငွေတွေ အများကြီး ပေးခဲ့သည့်ပုံပင်။ မဟုတ်ပါက သူမရဲ့ သုံးစွဲနေသည့်ပုံစံနှင့် ခရီးတစ်ဝက် မရောက်ခင် ငွေအားလုံး ကုန်သွားနိုင်ပေသည်။

“မင်းလဲ အကုန်လုံး ဝယ်လာပြီးပြီဆိုတော့ မြန်မြန် ပြန်ကြစို့”

အရာရှိလေးက လှည်းကိုတွန်းပေးသဖြင့် သူမတို့ ဖင်းယွမ်ကောင်တီထဲမှ အမြန်ထွက်လာနိုင်ခဲ့ကြသည်။

ဖမ်းဝမ်နှင့် အရာရှိလေးမှာ လမ်းပေါ်တွင် ခရီးသွားနေကျဖြစ်သောကြောင့် မြန်မြန်သွားနိုင်ကြသည်။

ဟဲကျစ်ယန် ကိုယ်တိုင်က ကြံ့ခိုင်သော်လဲ မူလကိုယ်၏ ခန္ဓာကိုယ်မှာ အလွန်အားနည်းသောကြောင့် ယောက်ျားကြီးနှစ်ယောက်ကို မှီအောင် မလိုက်နိုင်တော့ပေ။

ဖမ်းဝမ်သည် လှည့်ကြည့်ကာ ဟဲကျစ်ယန်က ခက်ခက်ခဲခဲနှင့် လမ်းလျှောက်နေရသည်ကို တွေ့လိုက်သည်။ သူက ဟဲကျစ်ယန်ကို လှည်း‌၏ ထောင့်လေးတွင် ထိုင်ကာ အနားယူခိုင်းလိုက်၏။

အားနည်းသော ခန္ဓာကိုယ်လေး ရှိနေသောကြောင့် ဟဲကျစ်ယန်လဲ ရွေးချယ်စရာ မရှိဘဲ အရှုံးပေးလိုက်ရတော့သည်။ လမ်းပေါ်မှာ အချိန်အကြာကြီး လမ်းလျှောက်ခဲ့ပြီးပြီဖြစ်သောကြောင့် အနည်းငယ် တိုးတက်လာပြီဟုတော့ ထင်မိပေသည်။

ဟဲကျစ်ယန်သည် ကျေးဇူးတင်ကြောင်း ပြောလိုက်ပြီးနောက် ဂျုံအိတ်‌ကြီး၏ ဘေးတွင် ဝင်ထိုင်လိုက်၏။

သူမ ယနေ့တွေ့ခဲ့သော ဖင်းယွမ်ကောင်တီမှ ဖေးနန်ယွီအကြောင်းနှင့် လက်ဖက်ရည်ဆိုင်ထဲမှ အကြည့်အကြောင်း စဉ်းစားမိသောအခါ ဟဲကျစ်ယန်သည် သူမ သမိုင်းကြောင်းကို သေချာပြန်ကြည့်ဖို့ လိုအပ်သည်ဟု ခံစားလိုက်ရသည်။

ထို့ကြောင့် သူမသည် ဂျုံအိတ်ပေါ်မှီပြီး ကောက်ရိုးခမောက်ကြီးကို ခေါင်းပေါ်ကွယ်ထားလိုက်ကာ အိပ်ချင်ယောင်ဆောင်လိုက်၏။ သို့သော် သူမ၏ အသိစိတ်ကတော့ နေရာလွတ်ထဲ ဝင်ရောက်သွားလေသည်။

ထောင်းပေါင်‌ဈေးဝယ်စင်တာကြီးထဲတွင် ဟဲကျစ်ယန်သည် ဤသမိုင်းခေတ်အချိန်အခါအကြောင်းကို ပိုပြီးနားလည်စေရန် စာအုပ်ပေါင်းများစွာ ဝယ်ယူခဲ့သည်။ သူမသည် “တရားဝင်မဟုတ်သော သမိုင်းကြောင်း” ကိုပင် ကြည့်ရှုခဲ့၏။

သူမ၏ အသိစိတ်သည် သမိုင်းစာအုပ်များ၏ မာတိကာများကို လျင်မြန်စွာ ဖြတ်ကျော်သွားပြီး နောက်ဆုံးပိုင်းနားမီ “ဖေးနန်ယွီ” ဆိုသော ခေါင်းစဉ်ကို တွေ့ရှိသွားသည်။

ဟဲကျစ်ယန်သည် ထိုအပိုင်းကို ဂရုတစိုက် ဖတ်လိုက်သည် __

ဖေးနမ်ယွီ၏ ဖခင်ဖြစ်သူသည် စာသင်သားတစ်ယောက်ဖြစ်ကာ သူငယ်စဉ်ကတည်းက စာရေးတတ်ဖတ်တတ်အောင် သင်ကြားပေးခဲ့သည်။

ဖေးနန်ယွီသဘ် ပညာရေးတွင် အလွန်ထက်မြတ်လှ၏။ အသက် ၁၂ နှစ်အရွယ်တွင်ပဲ ထိပ်ဆုံး စာသင်သား တစ်ယောက် ဖြစ်ခဲ့သည်။ ဤသတင်းဖြင့် အောင်ပွဲခံဖို့ အိမ်ပြန်လာစဉ်တွင် သူ့မိခင်ဖြစ်သူက အလွန်အမင်း ဖျားနာနေကြောင်း တွေ့ရှိခဲ့ရသည်။

မိခင်ဖြစ်သူကို ဆေးကုသရန်အလို့ငှာ ဖေးမိသားစုသည် ပိုင်ဆိုင်သမျှ အကုန်သုံးစွဲခဲ့သော်လဲ သူမ၏ အသက်ကို မကယ်တင်နိုင်ခဲ့ပေ။ သိပ်မကြာခင်ပဲ သူ၏ ဖခင်ဖြစ်သူပါ နာမကျန်းဖြစ်လာခဲ့သည်။

မိသားစုကို ထောက်ပံ့ရန်အတွက် ဖေးနန်ယွီသည် ပညာဆက်သင်ပြီး နန်းတွင်းတရားရေးရာ အမှုထမ်းစာမေးပွဲ ဖြေဆိုဖို့ လမ်းကြောင်းကို စွန့်ပစ်ခဲ့သည်။ သူသည် တိတ်ဆိတ်စွာပင် သူ့ဖခင်ကို လုပ်ကျွေးပြုစုဖို့နှင့် အိမ်အတွက် ပိုက်ဆံရှာဖို့ တာဝန်ကို ထမ်းယူခဲ့သည်။

သူ၏ ကျောင်းတော်သားရာထူးနှင့် သီးသန့်ကျောင်းများတွင် အေးအေးဆေးဆေး ဆရာလုပ်လို့ရခဲ့သည်။ သို့သော် ထိုသို့ဆိုလျှင် မသန်စွမ်းဖြစ်နေသော ဖခင်ကြီးကို မစောင့်ရှောက်ပေးနိုင်တော့ပေ။

ရွေးချယ်စရာ မရှိတော့ဘဲ ဖေးနန်ယွီသည် အိမ်တွင်ပဲ စာအုပ်များ ကူးရေးသည့်အလုပ်ကို လုပ်ကိုင်ခဲ့ကာ အိမ်တွင်ပဲ အလုပ်လုပ်ရင်း ဖခင်ဖြစ်သူကို ပြုစုခဲ့သည်။

ထိုဘဝမျိုးဖြင့် ရှစ်နှစ်တာ ကြာမြင့်ခဲ့သည်။

ဖေးနန်ယွီ အသက် ၂၁ နှစ်ပြည့်သောအခါ သူ၏ဖခင်သည် နာမကျန်းမှုဒဏ်ဖြင့် ဆူံးပါးသွားခဲ့၏။

သူ၏ ဖခင်ဖြစ်သူကို သေသေချာချာ မြှုပ်နှံပေးရန်အတွက် ဖေးနန်ယွီသည် သူ မကြာခဏ ကူးရေးပေးလေ့ရှိသော စာအုပ်ဆိုင်သို့သွားကာ ဆိုင်ရှင်သူဌေးထံမှ ငွေနည်းနည်းချေးယူချင်ခဲ့သည်။

သို့သော် သူသည် ငယ်စဉ်ကတည်းက သူ၏ ဉာဏ်ကောင်းမှုကို မနာလိုဖြစ်ခဲ့ကြသော အနိုင်ကျင့်သူများနှင့် ပက်ပင်းတိုးခဲ့မိသည်။ သူ၏ လက်ရှိနိမ့်ကျနေသော အခြေအနေကိုကြည့်ကာ ထိုလူများက ဘာမှမပြောဘဲ ရိုက်နှက်ကြတော့သည်။

ကံကောင်းစွာပင် သူသည် ဖြတ်သွားသော တတိယမင်းသား နန်ချီထံမှ ကယ်တင်ခံခဲ့ရပြီး သူ၏ ဖခင်ကို မြှပ်နှံရန်လဲ နန်ချီက ငွေများ ချေးပေးခဲ့လေသည်။

ထိုအချိန်ကတည်းက ဖေးနန်ယွီသည် နန်ချီက လူယုံတော် ဖြစ်လာခဲ့သည်။ ဖေးနန်ယွီ၏ ကူညီပံ့ပိုးမှုသာ မရှိပါက နန်ချီသည် တာ့ရွှင်းမင်းဆက်၏ နောက်တက်မည့် ဧကရာဇ် မဖြစ်လာနိုင်ဟုပင် ဆိုရပေမည်။

နန်ချီ နန်းတက်ပြီးနောက် သူ အယုံကြည်ဆုံးလူမှာ ဖေးနန်ယွီ ဖြစ်သည်။ သူ ဧကရာဇ်ဖြစ်ပြီးနောက် ဖေးနန်ယွီကို ဧကရာဇ်ပြီးလျှင် ဒုတိယ ရာထူးအကြီးဆုံးဖြစ်သော ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။

ဖေးနန်ယွီသည် ဝန်ကြီးချုပ်ဖြစ်ပြီးနောက် ပထမဆုံး တင်ပြခဲ့သည်မှာ မော့ကျိုးယွီ၏ အပြစ်ကင်းကြောင်း အသနားခံစာပင်။ နန်ချီက သူ့အပေါ်တွင် လုံးဝ ယုံကြည်ခဲ့သောကြောင့် ထိုအကြောင်းအရာကို မကန့်ကွက်ခဲ့ပေ။

နန်ချီ နန်းတက်ပြီး တတိယလတွင် မော့ကျိုစယွီသည် အရင်တုန်းက ရန်သူများနှင့် ပူးပေါင်းခဲ့ခြင်း မရှိသလို နိုင်ငံ့အပေါ်လဲ သစ္စာဖောက်ခဲ့ခြင်း မရှိကြောင်း၊ မှားယွင်းစွာ ပြည်နှင်ဒဏ်ပေးခံရခြင်းဖြစ်ကြောင်း တစ်နိုင်ငံလုံးသို့ ဘုရင့်အမိန့်တော်ဖြင့် ကြေညာစာ ထုတ်ပြန်ခဲ့သည်။

ထိုအရာအတွက် နန်ချီသည် မော့ကျိုးယွီအတွက် အခမ်းအနား ဝတ်စုံပြည့်နှင့် သင်္ချိုင်း တစ်ခုကို ဆောက်လုပ်ပေးခဲ့သည်။

ဖေးနန်ယွီက စနစ်တကျ အမြင့်သို့ တက်လာသည်ဟု ဆိုရပေမည်။ သို့သော် သူက ဝန်ကြီးချုပ်ရာထူးနှင့်ပင် မကျေနပ်ခဲ့ပေ။

နန်ချီ မသေဆုံးခင်ကတည်းက သူသည် လျှို့ဝှက်စွာ ကိုယ်ပိုင်အင်အား စုစည်းနေခဲ့၏။ နှစ်အတော်ကြာပြီး သူပျိုးထောင်ခဲ့သည့် သူပုန်တပ်ကြီးက အင်အားကြီးမားလာသောအခါ တာ့ရွှင်းမင်းဆက်ကို သိမ်းပိုက်လိုက်တော့သည်။

ဖေးနန်ယွီသည် အာဏာတက်သိမ်းခဲ့ခြင်း ဖြစ်သော်လဲ ပြည်သူများ ချစ်ကြသည့် ဝီရိယရှိသော ပြည့်ရှင်မင်းတစ်ယောက် ဖြစ်ခဲ့သည်။

ဖေးနန်ယွီ၏ နန်းသက် ၂၈ နှစ်ကာလအတွင်း ပြည်သူများမှာ ငတ်မွတ်နေရာမှ ဝဝလင်လင် စားကြရပြီး အမြဲတမ်း ထကြွနေကြသည့် နယ်ခြားမငြိမ်သက်မှုများပင်လျှင် ပြဿနာမရှာရဲအောင် ဖြစ်ခဲ့ကြသည်။ ဒါတွေအားလုံးက သူသည် ထူးထူးခြားခြား စွမ်းဆောင်ရည်ရှိသော ဧကရာဇ်ဖြစ်ကြောင်း သက်သေပြနေပေသည်။

သူသည် နောက်မျိုးဆက်များထံမှ “သမိုင်းတွင် တစ်ပါးတည်းသော ဧကရာဇ်” အဖြစ် အမွှန်းတင်ခံခဲ့ရသည်။

ထိုအရာများကို ဖတ်ပြီးနောက် ဟဲကျစ်ယန်သည် အတော်များများကို နားလည်စပြုလာ၏။

သူမ မှန်းတာသာ မမှားပါက လက်ဖက်ရည်ဆောင် အပေါ်ထပ်မှအကြည့်သည် နန်ချီ ဖြစ်ပေမည်။

ဆိုလိုသည်မှာ သူမထွကိပေါ်လာမှုကြောင့် နန်ချီနှင့် ဖေးနန်ယွီတို့ တွေ့ဆုံရမည့် ကံကြမ္မာ ပျက်သွားခြင်းပင်။

သူမ မမျှော်လင့်ပါဘဲနှင့် သမိုင်းကို နောက်တစ်ခေါက် ပြောင်းလဲမိသွားပြန်သည်။ ဤလွဲချော်မှုကြောင့် ဖေးနန်ယွီနှင့် နန်ချီတို့ အနာဂတ်တွင် ထပ်တွေ့နိုင်ဖို့ အခွင့်အရေးရှိပါဦးမလား သူမလဲ မသိတော့ပေ။

ကိစ္စများက ပြောင်းလဲသွားသဖြင့် အနာဂတ်တွင် ဖြစ်မည့်အရာများကလဲ ပြောင်းလဲသွားပေမည်။

ဆိုလိုသည်မှာ နန်ချီနှင့် ဖေးနန်ယွီကြား ဘာဖြစ်မလဲဆိုတာ သူမ လုံးဝ မခန့်မှန်းနိုင်တော့ခြင်းပင်။ ပြောင်းလဲမှုများကို လက်သင့်ခံလိုက်ရုံသာ တတ်နိုင်ပေသည်။

အနာဂတ်အတွက် လမ်းညွှန်ချက်များကို မခန့်မှန်းနိုင်တော့သော်လဲ ဟဲကျစ်ယန်က စိတ်ပျက်မသွားပေ။ သူမ အားနေသော အချိန်တွင် “တရားဝင်မဟုတ်သော သမိုင်းကြောင်း” ကို စတင်ဖတ်တော့သည်။

ဟဲကျစ်ယန် အံ့အားသင့်သွားရသည်မှာ ထိုအထဲတွင် နန်ချီနှင့် ဖေးနန်ယွီတို့၏ ကိစ္စများ ပါဝင်နေသောကြောင့်ပင်။ တရားဝင် သမိုင်းကြောင်း စာအုပ်များနှင့် ကွဲလွဲမှုများ ရှိသော်လဲ ဇာတ်ကြောင်းကတော့ အများကြီး မပြောင်းလဲပေ။

“တရားဝင်မဟုတ်သော သမိုင်းကြောင်း” တွင် ဖေးနန်ယွီအကြောင်း ဖတ်ပြီးနောက် ဟဲကျစ်ယန်သည် ဆက်ဖတ်ရင်းနှင့် အံ့ဩစရာပင် မော့ကျိုးယွီအကြောင်း ရေးထားသည့် စာမျက်နှာသို့ ရောက်ရှိသွားသည် ...

စပ်စုချင်သော စိတ်ကလေးဖြင့် ဟဲကျစ်ယန်သည် သေသေချာချာ ဖတ်တော့သည်။

မထင်ထားစွာပင် ပထမဆုံးစာကြောင်းမှာ __ မော့ကျိုးယွီရဲ့ ဇစ်မြစ်က ယနေ့အထိ လျှို့ဝှက်ဆန်းကြယ်မှုတစ်ခု ဖြစ်နေခဲ့တယ်။

လျှို့ဝှက်ဆန်းကြယ်မှုလား။

ဟဲကျစ်ယန်သည် ကုန်းမြေတိုက် အသစ်ကြီးတစ်ခုကို ရှာတွေ့လိုက်သလိုပင် စိတ်လှုပ်ရှားသွားရသည်။ ဤအပိုင်းတွင် သူမ၏ စိတ်ဝင်စားမှုက ချက်ချင်း မြင့်တက်လာခဲ့၏။

တချို့က ဆိုကြသည်မှာ မော့ကျိုးယွီသည် မော့မိသားစု၏ သားအရင်း မဟုတ်၊ ဧကရာဇ်ရွှင်းဝူ၏ မျက်နှာသာ ပေးခံရသော ကြင်ယာတော် ကိုယ်လုပ်တော်ယွမ်၏ သားအရင်းဖြစ်သူ တတိယမင်းသားဖြစ်သည်ဟုပင်။

ကိုယ်လုပ်တော်ယွမ် ကိုယ်ဝန်ရှိနေစဉ်တွင် သူမသည် အန်းယဲ့ဘုရားကျောင်းမှ ဆရာတော်ဝူချန်းပို ပင့်ဖိတ်ကာ ယောက်ျားလေးလား မိန်းကလေးလား မေးမြန်းခဲ့လေသည်။

All Chapters