← Chapters

ညီမလေးက သိတတ်တယ်

Vol. 6 Ch. 74

ညီမလေးက သိတတ်တယ်

Vol. 6 Ch. 74

ဟဲကျစ်ယန်ကလဲ အမြန် ယဉ်ကျေးပျူငှာစွာ တုံ့ပြန်လိုက်သည်။

“ဦးလေးရှဲ့၊ အရမ်းကြီးမယဉ်ကျေးပါနဲ့။ ကျွန်မတို့တွေ အကြာကြီး အတူတူနေသွားကြရဦးမှာ။ တစ်ယောက်နဲ့ တစ်ယောက် ကူညီသင့်တာပါ”

ပြောပြီးနောက် ဟဲကျစ်ယန်သည် အားကျနေသော မျက်နှာများနှင့် ဖန့်မိသားစုဝင်များဘက်သို့ လှည့်လိုက်သည်။ သူမသည် ငွေချောင်း ၂၀ ကို ထပ်ထုတ်လိုက်ကာ ဖန့်ချွမ်ကျိုး လက်ထဲသို့ အပ်လိုက်၏။

“ဦးလေးဖန့်၊ ဒါက ဦးလေးတို့အတွက်ပါ။ ယူပါ”

ဖန့်ချွမ်ကျိုးသည် အခြေအနေကို အကြမ်းဖျင်းနားလည်ပြီးသားဖြစ်၍ ရှဲ့ထျန်းဟိုင်လောက် စကားအများကြီး မပြောခဲ့ပေ။ ကျေးဇူးတင်ကြောင်းပြောပြီးနောက် ဖန့်မိသားစုဝင်အားလုံး၏ မျက်နှာများနှာ အပြုံးများ ဝေဆာနေတော့သည်။

ငွေချောင်း ၇၅ ချောင်း ကျန်သေးသည်။ ဟဲကျစ်ယန်တွင် ငွေချောင်းများ ပြတ်လပ်နေခြင်း မရှိပေ။ သူမသည် ငွေချောင်း ၂၅ ချောင်းကိုသာ ယူထားလိုက်ပြီး ကျန်သည့် ငွေချောင်း ၅၀ လုံး ဖမ်းဝမ်ကို ပေးလိုက်သည်။

ဖမ်းဝမ်သည် အစက ငွေချောင်း၃၀၊ ၄၀ ခန့်ရလျှင် အလွန်ကောင်းပြီဟု တွေးထားခဲ့သည်။ ဟဲကျစ်ယန်က အလွန်ရက်ရောကာ သူ့အား ငွေချောင်း ၅၀ လုံး ပေးလိမ့်မည်ဟုတော့ မထင်ထားခဲ့ပေ။

ထိုငွေများက သူနှင့် တခြားအရာရှိလေးတို့ သားမွေးဆိုင်တွင် ဒီအတိုင်း သွားရောင်းလျှင် ရမည့်ငွေကြေး‌နှင့်ပင် တူညီနေလေသည်။

“ညီမလေး ဒါက မများလွန်းဘူးလား” ဖမ်းဝမ်သည် သူ့လက်ထဲရောက်လာသော ငွေချောင်းက များလွန်းနေသဖြင့် ငွေတချို့ကိုပင် အညစ်အကြေး(လာဘ်စား)ဟု ထင်မြင်ရတော့မလိုပင်။

ဟဲကျစ်ယန်က ရယ်မောကာ ပြောလိုက်သည်။ “အကိုဖမ်းက ကျွန်မတို့ကို အပြစ်သားလို့ မမြင်ပေးတဲ့ လူကောင်းတစ်ယောက်ပါ။ အကိုဖမ်းသာ သဘောမတူခဲ့ရင် ကျွန်မတို့အားလုံး အဲ့ဒီဝံပုလွေတွေဆီက တစ်ပြားမှ ရမှာ မဟုတ်မှန်း သိပါတယ်။ ရှင်က လူကောင်းတစ်ယောက်မှန်း သိနေလို့ ကျွန်မ အဲ့ဒီဝံပုလွေတွေဆီက ရနိုင်မဲ့ ပိုက်ဆံကို တမင်ပွားလာအောင် ကူညီပေးခဲ့တာ။ ဒီနည်းနဲ့ အကိုဖမ်းရဲ့ အပိုဝင်ငွေရှာတဲ့လမ်းကိုလဲ အနှောင့်အယှက် မဖြစ်သလို ကျွန်မတို့ အကျဉ်းသားတွေလဲ ဝေစုရကြတယ်လေ။ နှစ်ဘက်လုံးအတွက် ကောင်းကျိုးပဲပေါ့”

ဟဲကျစ်ယန်၏ စကားလုံးများက ဖမ်းဝမ်ကို အလွန်နှစ်သိမ့်ပေးသည်ဆိုတာ မငြင်းဆန်နိုင်ပေ။

ဖမ်းဋမ်သည် ငွေချောင်းများကို ကိုင်ထားရင် ရယ်လိုက်၏။ “ဟားဟား ..ညီမလေးက အရမ်းသိတတ်တာပဲ။ ငါ မင်းတို့ဘေးမှာ ရှိနေသရွေ့ မင်းတို့အားလုံး ပြည်နှင်ဒဏ်ခရီးမှာ အခက်အခဲတွေ မခံစားရဘူးလို့ အာမခံတယ်။ စိတ်ချထားကြပါ”

ဖမ်းဝမ်၏ လူတိုင်းရှေ့တွင် ကတိပေးလိုက်သောစကားကြောင့် ဟဲကျစ်ယန်၏ အားစိုက်ထုတ်မှုများ အရာထင်သွားလေသည်။ ပြည်နှင်ဒဏ်ခရီးမှာ သက်တောင့်သက်သာ သွားနိုင်ခြင်းထက် ဘယ်ဟာကများ အရေးကြီးမှာတဲ့လဲ။

သခင်မကြီးမော့က ထိုကဲ့သို့ သိတတ်လိမ်မာသော ချွေးမလေးရထားသည်ကို ကျေးဇူးတင်နေချိန်တွင် ဟဲကျစ်ယန်က သူမဆီသို့ လျှောက်လာခဲ့သည်။

“အမေ၊ ဒါက ကျွန်မတို့ မော့မိသားစုရဲ့ ပထမဆုံးဝင်ငွေလေးပါ။ အမေ သိမ်းထားပေးပါ”

ဟဲကျစ်ယန် အပ်နှံလာသော ငွေချောင်းများကိုကြည့်ကာ သခင်မကြီးမော့၏ စိတ်ထဲတွင် နွေးထွေးသွားရသော်လဲ သူမက ငြင်းဆန်လိုက်လေသည်။

“ငွေတွေကို သမီးပဲ သိမ်းသင့်တယ်။ ဒီနေ့ မော့မိသားစုရဲ့ ခေါင်းဆောင်အနေနဲ့ အမေကြေငြာမယ်။ အခုကစပြီး သမီးက မော့မိသားစုကို ဦးဆောင်ရမယ်”

သခင်မကြီးမော့သည် သူမ၏ တခြားချွေးမများ မပျော်မရွှင်ဖြစ်သွားမည်ကို စိတ်ပူကာ စကားပြောပြီးနောက် သူမတို့ကို ကြည့်လိုက်သည်။

မရီးများက ဟဲကျစ်ယန်၏ ဉာဏ်ရည်နှင့် လုပ်နိုင်စွမ်းတို့ကို မြင်ပြီးဖြစ်သောကြောင့် ဘယ်သူကမှ မပျော်မရွှင် မဖြစ်ကြပေ။

အကြီးဆုံးမရီးက တခြားမရီးများအတွက်ပါ ကိုယ်စားပြုပြီး အမြန်ပြောလိုက်သည်။

“အမေပြောတာ မှန်ပါတယ်။ ညီမလေးက လုပ်နိုင်ပြီးတော့ ဉာဏ်လဲကောင်းတယ်။ ကျွန်မတို့ မော့မိသားစုက နိမ့်ကျသွားပြီဆိုပေမဲ့ သိတတ်တဲ့ လူတစ်ယောက်ကတော့ အိမ်ထောင်စုကို ဦးဆောင်မှ ရလိမ့်မယ်”

ထို့နောက် သူမက ဟဲကျစ်ယန်ကိုကြည့်ကာ စိတ်ရင်းဖြင့်ပြောလိုက်သည်။ “အကြီးဆုံးမရီးကတော့ အခုကစပြီး ညီမလေး စီစဉ်တာတွေကို နားထောင်ပါမယ်”

“အစ်မလဲ ညီမလေးကို အိမ်ထောင်စုခေါင်း‌ဆောင်အဖြစ် သဘောတူပါတယ်”

“ညီမလေး၊ တတိယမရီးကလဲ သဘောတူပါတယ်”

“ယောင်းမလေး၊ အခုကစပြီး ပဉ္စမ မရီးက ညီမလေးပြောတာ အကုန်နားထောင်မယ်”

အစပိုင်းတုန်းက အနာဂတ်အတွက် မျှော်လင့်ချက် သိပ်မရှိကြသော မော့အမျိုးသမီးများမှာ အခုတော့ စိတ်ဓာတ်များ တက်ကြွလာကာ သူတို့၏ သဘောထားများကို တစ်ယောက်ပြီး တစ်ယောက် ဖွင့်ဟလာကြသည်။

ထိုအချိန်တွင် ယောက်ျားလေးဖြစ်သော မော့ကျိုးယွီပင် ဟဲကျစ်ယနါ၏ ဉာဏ်ရည်နှင့် ဂုဏ်သိက္ခာကြောင့် စိတ်လှုပ်ရှားသွားရ၏။ သူပိုင်ဆိုင်ထားသော ဘယ်လိုအရည်အချင်းမျိုးက ဤမျှ ပြည့်စုံပြီး ထူးချွန်သော မိန်းကလေးကို လက်ထပ်ဖို့ ဖြစ်စေခဲ့လဲဆိုတာ မသိတော့ဘဲ အလွန်ကျေနပ်နေမိသည်။

လူတိုင်းက ယောက္ခမဖြစ်သူ၏ စကားကို တစ်ညီတစ်ညွတ်ထဲ နားထောင်ကြောင်း တွေ့လိုက်ရသောအခါ ဟဲကျစ်ယန်သည် ဟန်ဆောင်ငြင်းပယ်မနေတော့ဘဲ ငွေချောင်း ၂၅ ချောင်းကို နေရာလွတ်ထဲသို့ ထည့်လိုက်တော့သည်။

“ကောင်းပြီ၊ လူတိုင်းက ကျွန်မကို ယုံကြည်မှတော့ ကျွန်မ ယာယီအနေနဲ့ မိသားစုရဲ့ ဦးဆောင်သူ လုပ်ပါမယ်”

ဖမ်းဝမ်၏ ငွေချောင်း ၅၀ မှာ သူတစ်ယောက်ထဲ လက်ဝါးကြီးအုပ်လို့ မရပေ။ သူ၏လက်အောက်ငယ်သားများကို ခွဲဝေပေးရန် လိုအပ်ပြီး ထိုမှသာ သူတို့လဲ ပျော်ရွှင်ပေမည်။

ဖမ်းဝမ်သည် အရာရှိများကို ခေါ်ထုတ်သွားလိုက်၏။

အရာရှိများ ထွက်ခွာသွားကြသောအခါ သူတို့ ယခင်ကရပ်နေခဲ့သော နေရာမှ ဟယ်မိသားစုကို တိုက်ရိုက်တွေ့နိုင်သွားသည်။

ဟယ်မိသားစုဝင်များသည် ဒေါသထွက်စွာဖြင့် ဟဲကျစ်ယန်ကို စိုက်ကြည့်နေကြသည်။

သူတို့လဲ ခုဏကအကြောင်းအရာက ငွေချောင်းများ ခွဲဝေယူခြင်းဖြစ်ကြောင်း တစ်စွန်းတစ်စ ကြားလိုက်သော်လဲ ဟယ်မိသားစုအတွက်တော့ ဝေစု မပါခဲ့ပေ။ သူတို့ ထိုအရာရှိများကို ကြောက်သောကြောင့်သာ မဟုတ်ပါက အရင်ကတည်းက ဟဲကျစ်ယန်ကို အကြောင်းပြချက်ပေးဖို့ ပြောပြီးနေလောက်ပြီဖြစ်သည်။

ဖန့်မိသားစုနဲ့ ရှဲ့မိသားစုကျ ဝေစုတွေ ရကြပြီး သူတို့လဲ ခဲလုံးတွေနဲ့ ဝံပုလွေအုပ်ကြီးကို ခုခံခဲ့ရပြီး ဘာလို့ မရတာလဲ။ ထိုအရာမှာ ဟယ်မိသားစုသည် ဝံပုလွေအုပ်ကြီး လာစဉ်က ရှေ့သို့မတက်ရဲဘဲ နောက်တွင်သာ ရှိနေခဲ့ကြသောကြောင့် ဖြစ်ပေသည် ...

ဟဲကျစ်ယန်သည် ဟယ်မိသားစုကို တစ်ချက်ကြည့်လိုက်၏။ သူတို့၏ မနှစ်မြို့သော အကြည့်များကို သူမက ခံနိုင်ရည်ရှိပြီးသားပင်။

သူမသည် ယောက္ခမ၊ မရီးများ၊ ညီမလေးနှင့် ရှဲ့မိသားစု၊ ဖန့်မိသားစုမှ အမျိုးသမီးများကိုခေါ်ကာ လှည်းဆီသို့သွားလိုက်သည်။

အမျိုးသမီးများသည် လှည်းပေါ်မှ အထည်ကြမ်းများကို မနာလိုစွာ ကြည့်လိုက်ကြသည်။

ထိုအထည်များသည် သူမတို့ ယခင်အိမ်တော်မှ အစေခံများဝတ်သည့် အထည်ကြမ်းအစမျိုး ဖြစ်သော်လဲ ရှားပါးနေသော အချိန်ကာလတွင် ဘာမှမရှိသည်ထက်တော့ သာပေသည်။

ထို့အပြင် အထည်ကြမ်းများက အမြင်မလှသော်လဲ အဝတ်အစားအဖြစ် ချုပ်လိုက်လျှင် သူမတို့ယခု ဝတ်နေကြသော အဖာအပြည့်နှင့် အဝတ်များထက်တော့ သာပေသည်။

မော့ဟန်ယွဲ့သည် နဝမ ယောင်းမလေးက မြို့မှ ပစ္စည်းတွေ အများကြီး ပြန်ယူလာတာကို တွေ့သောအခါ ပျော်ရွှင်စွာဖြင့် ရယ်လိုက်၏။

“နဝမ ယောင်းမလေး၊ ဒီလောက် ပစ္စည်းကောင်းတွေ အများကြီးကို ပြန်သယ်လာတာ အစ်မက အရမ်းကောင်းတာပဲ”

ဟဲကျစ်ယန်သည် မော့ဟန်ယွဲ့၏ ခေါင်းလေးကို ချစ်ခင်စွာ ပုတ်ပေးလိုက်သည်။

“ရာသီဥတုက ပူနေတာ။ မြို့တော်ဆီက ထွက်လာပြီးကတည်းက ကျွန်မတို့ အဝတ်အစားတွေ မလဲကြရသေးဘူး။ ခရီးမထွက်ရသေးတဲ့ ရက်တွေအတွင်း ကျွန်မတို့ တစ်ယောက်ချင်းစီအတွက် အဝတ်အစား တစ်စုံစီ ရအောင် ချုပ်ဖို့အတွက် အဝတ်စတွေ ဝယ်လာခဲ့တာ”

အဝတ်အစားသစ် ချုပ်နိုင်တော့မည်ဆိုလျှင် မပျော်ရွှင်သော အမျိုးသမီး ရှိပါမည်လား။

ထို့အပြင် သူမတို့၏ လက်ရှိ အဖာများနှင့် အဝတ်အစားများသည် အလွန်ညစ်ပေနေပြီဖြစ်သည်။ ပူလောင်သော ရာသီဥတုတွင် ချွေးနံ့နှင့် ဖုန်နံ့များ ရောနှောနေပြီး ကိုယ့်ကိုယ်ကိုတောင် အော်ဂလီဆန်စေသည်။

ရှဲ့မိသားစုနှင့် ဖန့်မိသားစုသည် ဟဲကျစ်ယန်က ကြင်နာတတ်မှန်း သိသော်လဲ သူမ ဝယ်ခဲ့သည်က သူတို့အတွက်ပါ ပါလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ကျောင်းရှီက ခဏလောက်စဉ်းစားက ရှေ့တက်ပြောလိုက်၏။ “မိန်းကလေးဟဲ အဝတ်စတွေ အတော်များများဝယ်လာတာ ဒေါ်လေးတွေ့မိတယ်။ ဖန့်မိသားစုကိုရော မရောင်းပေးချင်ဘူးလား။ အခု ဒေါ်လေးမှာ ငွေရှိနေပြီဆိုတော့ စိတ်မပူပါနဲ့။ ‌ဒေါ်လေးတို့ဝယ်မှာပါ။ သမီးတို့မိသားစုအတွက် အဝတ်ချုပ်တဲ့နေရာမှာလဲ ဒေါ်လေးတို့ ကူညီပေးမယ်လေ။”

သခင်မကျောက်က ထိုအကြောင်းကို ထုတ်ပြောလိုက်သောအခါ ရှဲ့မိသားစုဝင်အားလုံးလဲ သဘောတူညီစွာ ခေါင်းငြိမ့်လိုက်ကြသည်။

ဟဲကျစ်ယန်သည် ထိုမိသားစုနှစ်စုက သူမ၏ရည်ရွယ်ချက်ကို အထင်လွဲသွားကြောင်း သိလိုက်သည်။

သူမ ထိုမျှများပြားသော အထည်စများ ဝယ်လာရခြင်းမှာ အကုန်လုံး လောက်ငှအောင်‌ ဖြစ်သည်။

သူမဘက်က အရင်စပြီး ရှဲ့နှင့်ဖန့်မိသားစုများကို မပေးရခြင်းမှာ သူတို့ကို ဘယ်အခြေအနေမဆို အဆုံးမရှိ မထောက်ပံ့ပေးနိုင်ခြင်းကြောင့်သာ ဖြစ်သည်။

မိသားစုနှစ်ခုကို သူမ သေချာနားလည်စေချင်သည်မှာ ဤကမ္ဘာတွင် အမြဲတမ်းအလကားစားလို့ရသည့် နေ့လည်စာ မရှိဟူ၍ပင်။ မော့မိသားစုကလဲ သူတို့ကို တစ်ဘဝလုံး ထောက်ပံ့ပေးနိုက်မည် မဟုတ်ပေ။

သူမက သူတို့ကို အဝတ်အစားများ ကူချုပ်ပေးဖို့ စမခေါ်ရခြင်းမှာ အဝတ်ချုပ်ခအနေဖြင့် ဤအဝတ်စများ ပေးဖို့ ကြံရွယ်ထားခြင်းကြောင့်သာ ဖြစ်သည်။ ဤနည်းဖြင့် နှစ်ဘက်လုံး အကျိုးရှိ‌နိုင်ပေသည်။

“ဒေါ်လေး၊ ကျွန်မ အဝတ်စတွေ အများကြီး ဝယ်ခဲ့တာ။ ဒေါ်လေးတို့က အဝတ်အစား ကူချုပ်ပေးကြပေါ့။ တခြား ဘာမှ ပေးစရာ မလိုဘူး။ အဖိုးအခအနေနဲ့ အဝတ်စတွေ ပြန်ပေးမယ်လေ။ ဘယ်လိုလဲ”

ဟဲကျစ်ယန်က ဤနည်းလမ်းကို ပြောခဲ့သော်လဲ ထိုအရာက သူမတို့ကို တစ်ဖက်လှည့်နှင့် ကူညီနေခြင်းဖြစ်ကြောင်း ကျောက်ရှီ သဘောပေါက်ပေသည်။

ဖန့်မိသားစုက လက်ခံလိုက်ကြသည်။

“ကောင်းပြီ၊ ကျွန်မနဲ့ ကျွန်မချွေးမတွေရဲ့ အချုပ်အလုပ်ကျွမ်းကျင်မှုက လုံလုံလောက်လောက် တော်ပါတယ်။ ငါတို့ ဒါကို လုပ်မယ်”

ရှဲ့မိသားစုများကလဲ သူတို့ကူညီမည်ဖြစ်ကြောင်း ပြောခဲ့ကြသည်။ ထို့နောက် သူတို့က ဟဲကျစ်ယန်အား စိတ်အားထက်သန်စွာ ကျေးဇူးတင်လိုက်ကြ၏။

နဝမ ယောင်းမလေးက အင်္ကျီချုပ်ဖို့ တာဝန်ကို သူများကို ပေးလိုက်သောအခါ မရီးများမှာ အနည်းငယ် စိတ်ပူလာကြသည်။

စိတ်မရှည်တတ်သော ဒုတိယ မရီးက သူမတို့ကိုယ်တိုင် အဝတ်ချုပ်နိုင်ကြောင်း ပြောတော့မည့်အချိန်တွင် အခြေအနေကို စောင့်ကြည့်နေသော သခင်မကြီးမော့က ဝင်တားလိုက်သည်။

သခင်မကြီးမော့သည် ဟဲကျစ်ယန်၏ သဘောထားကို နားလည်ကာ သဘောတူပေသည်။ သူမ၏ မိသားစုဝင်များက ကိစ္စများ ရှုပ်ထွေးအောင် လုပ်လိုက်မည်ကို သူမ တားရပေမည်။

ယောက္ခမကြီးဆီမှ အတားခံလိုက်ရပြီးနောက် ဒုတိယ မရီးသည် စိတ်ရှုပ်ထွေးသွားရသော်လဲ ရိုသေစွာ ပါးစပ်ပိတ်လိုက်သည်။

ဟဲကျစ်ယန်သည် လူတိုင်းရှေ့တွင် အဝတ်စများ ပေးလိုက်၏။ ကျောက်ရှီက သူမရင်ဘတ်ကိုပုတ်ကာ ‌ညစာစားပြီးနောက် လူတိုင်းအတွက် တိုင်းတာပြီး အဝတ်အစားများ ချုပ်ပေးမည်ဖြစ်ကြောင်း အာမခံခဲ့သည်။ သူမတို့ ခရီးသွားစရာ မလိုသည့် ဤရက်များအတွင်း အင်္ကျီများ ချုပ်ပြီးရန် ညလုံးပေါက်လုပ်ဖို့ တွေးထားလေသည်။

အဝတ်အစားများအတွက် အထည်စများကို ခွဲဝေပေးပြီးနောက် ဟဲကျစ်ယန်သည် ကောက်ရိုးဦးထုပ်ကြီး ၁၂ လုံးကို မိသားစုအတွက် ခွဲဝေပေးလိုက်ကာ ကျန်ဦးထုပ်များကို ဖန့်နှင့်ရှဲ့မိသားစုများအား ပေးလိုက်သည်။ အရေအတွက် အကန့်အသတ်ရှိသောကြောင့် အလှည့်ကျသာ အသုံးပြုနိုင်ပေမည်။

ဖန့်မိသားစုနှင့် ရှဲ့မိသားစုသည် သူတို့၏ ပစ္စည်းများကို ယူကာ ပျော်ရွှင်စွာ ထွက်ခွာသွားကြ၏။ ဟဲကျစ်ယန်သည် အထည်ဆိုင်ပိုင်ရှင်က ပေးလိုက်သော အဝတ်စအိတ်ကို ထုတ်ယူလိုက်သည်။

ထိုအဝတ်စများကို မြင်သောအခါ မရီးများသည် သူတို့၏ ပေါက်နေပြီး ခြေချောင်းများပင် မြင်နေရပြီဖြစ်သော ပန်းထိုးဖိနပ်များကို ငုံ့ကြည့်လိုက်မိကြသည်။

ခြေချောင်းများ ထွက်နေရုံသာမက ခြေဖနောင့်များပင် ပါးလာပြီဖြစ်ကာ နောက်နှစ်ရက်ခန့် ခရီးထွက်ပြီးသည်နှင့် သေချာပေါက် စုတ်ပြတ်သွားမှာပင်။

နဝမ ယောင်းမလေးက သူမတို့ ဖိနပ်ချုပ်ဖို့ အဝတ်စတွေ အများကြီး ဝယ်လာပေးတာ တကယ်ကို တွေးတောတတ်တာပဲ။

All Chapters