← Chapters

မော့မိသားစုအတွက် တွေးပေးလို့ မင်းသားကို ကျေးဇူးတင်ပါတယ်

Vol. 6 Ch. 80

မော့မိသားစုအတွက် တွေးပေးလို့ မင်းသားကို ကျေးဇူးတင်ပါတယ်

Vol. 6 Ch. 80

နန်ချီသည် သူကိုယ်တိုင်ပဲ ထိလွယ်ရှလွယ်ဖြစ်နေသောကြောင့်လား မသိပေ၊ ဟဲကျစ်ယန်၏ အနှောင့်အသွား မလွတ်သော စကားလုံးများကို ကြားပြီးနောက် သူသည် ဖေးနန်ယွီ အနိုင်ကျင့်ခံရသည့်နေ့က လက်ဖက်ရည်ဆိုင် အပေါ်ထပ်တွင် သူရှိနေခဲ့သည့် အချိန်ကို ချက်ချင်း ပြေးမြင်မိသွားသည်။

ထိုအချိန်တုန်းက ဖေးနန်ယွီသည် ထိုလူများထံမှ အနိုင်ကျင့် ခံရကာ ပြန်တိုက်ခိုက်ဖို့ အင်အားမရှိသော်လဲ စာသင်သားတစ်ယောက်၏ မာနကတော့ အပြည့်ရှိနေသည်ကို တွေ့ခဲ့ရသည်။

ဆရာတော်ဝူချန်းပြောသည်မှာ ထိုမြင့်မြတ်သောလူက ပုံမှန်လူ လုံးဝ မဖြစ်နိုင်ဟူ၍ပင်။

ဖေးနန်ယွီကို သူ ပထမဆုံးတွေ့စဉ်ကလဲ ထိုလူက သာမန်လူ မဖြစ်နိုင်ဟု ခံစားချက်ရှိခဲ့သည်။

သူ ခဏတာ သေချာအောင် အတည်ပြုချင်၍ တုန့်ဆိုင်းနေသော အချိန်တွင် လူကယ်သည့် အလုပ်ကို ဟဲကျစ်ယန်က ဖြတ်ခုတ်သွားခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် နန်ချီနှင့် ဖေးနန်ယွီ၏ ပထမဆုံး တွေ့ဆုံနိုင်ခြေမှာ လွဲချော်သွားရသည်။

ထိုအကြောင်းကို တွေးပြီးနောက် နန်ချီသည် ဟဲကျစ်ယန်အား စူးရှစွာ စိုက်ကြည့်လိုက်၏။

“ခယ်မလေးပြောတာ မှန်ပါတယ်။ မတရားတာကို ဓားထုတ်ပြီး ကူညီရမှာက ဒီကမ္ဘာမှာ လူတိုင်းလုပ်မဲ့အရာလို့ ထင်ပါတယ်”

တကယ်တော့ နန်ချီသည် ဟဲကျစ်ယန်က ထိုမေးခွန်းကို ဘာလို့ မေးရသလဲ မသိပေ။ အပေါ်ယံတွင် သူမက နန်ချီကို မေးလိုက်ခြင်း ဖြစ်သော်လဲ တကယ်တော့ ဖေးနန်ယွီကြားအောင် ပြောလိုက်ခြင်းပင်။

သူမ၏ သမိုင်းကြောင်းအပေါ် သေချာသိထားမှုအရ ထိုလူ၏ ဉာဏ်ပညာ အတိမ်အနက်ကို သူမ နားလည်ပေသည်။

သူမ ထိုစကားပြောလိုက်သောအခါ ဟဲကျစ်ယန်၏အကြည့်သည် ဖေးနန်ယွီ၏ မျက်နှာအမူအရာကို အချိန်နှင့် တစ်ပြေးညီ အကဲခတ်နေခဲ့သည်။

သေချာပေါက်ပင် သူမ၏ စကားများကို ဖေးနန်ယွီ ကြားသောအခါ သူ ခဏတာ တောင့်တင်းသွားပြီးမှ ပုံမှန်ပြန်ဖြစ်သွားလေးသည်။

သူ့စိတ်ထဲတွင် တွေးလိုက်၏။ ဒီမိန်းမက တစ်ခုခု သိနေတာများလား။

သေသေချာချာ တွေးကြည့်ပြီးနောက် သူ မဖြစ်နိုင်ဟု တွေးလိုက်သည်။ ဒီလောက် လျှို့ဝှက်ချက် အကြီးကြီးကို ဒီမိန်းမက ဘယ်လိုမှ မသိနိုင်ပေ။

ဖေးနန်ယွီ၏ ရင်ထဲတွင် သံသယများရှိနေသော်လဲ ဟဲကျစ်ယန်က နန်ချီနှင့် စကားပြောနေခဲ့သည်။ စကားများလျှင် အမှားပါတတ်ပေသည်။

ဟဲကျစ်ယန်သည် သူမ လိုချင်သည်ကို ရပြီးသည်နှင့် စကားဆက်မပြောတော့ပေ။

နန်ချီသည် တည်းခိုဆောင်၏ ပတ်ဝန်းကျင်ကိုကြည့်ကာ သက်ပြင်းချလိုက်၏။

“ကျိုးယွီ၊ ကာကွယ်ရေးဝန်ကြီးအိမ်တော် သိမ်းဆည်းခံရတာအတွက် ငါတကယ်ရှက်မိပါတယ်။ အခုတစ်လော ငါ့ရဲ့ တော်ဝင်ကြင်ယာတော်မယ်မယ်က နေထိုင်မကောင်းဖြစ်နေလို့ သမားတော်ကောင်း ရှာနေရတာနဲ့ အလုပ်ရှုပ်နေခဲ့တာ အဲ့ဒီအချိန်အတွင်း နန်းတွင်းက သတင်းတွေကို ဂရုမစိုက်မိခဲ့ဘူး။

ငါ ဒီသတင်းကြားလဲကြားရော မင်းက ဖင်းယွမ်ကောင်တီဆီ သွားတဲ့လမ်းကို ပြည်နှင်ဒဏ်ပေးခံလိုက်ရပြီ။ ဒါကြောင့်မို့ ငါ မြန်မြန် ဒီကိုလာခဲ့တာ မော့မိသားစုကို အခြေကျအောင် ကူညီပေးချင်လို့ပါ”

မော့ကျိုးယွီသည် သူ့ရင်ထဲက ဒေါသများကို ခက်ခက်ခဲခဲထိန်းသိမ်းရင်း လက်ချောင်းများဖြင့် စားပွဲကိုပုတ်ကာ ကစားလိုက်သည်။ ထို့နောက် ထိုလူနှင့်အတူ ညီအကိုကောင်း သရုပ်ကို ဆက်လက်ကပြတော့သည်။

“မင်းသားရဲ့ မော့မိသားစုအပေါ် တွေးပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ အခြေကျစရာ မရှိပါဘူး။ ရုံးတော်က ပြည်နှင်ဒဏ်ပေးခံရတဲ့ အကျဉ်းသားတွေပါ။ အနာဂတ်မှာ ကျွန်တော်တို့ နေသင့်တဲ့ ဘဝမျိုးမှာ နေရမှာဖြစ်ပြီး မဖြစ်နိုင်တဲ့ မျှော်လင့်ချက်မျိုး မထားရဲပါဘူး”

မော့ကျိုးယွီ၏ စကားသံကိုနားထောင်ပြီးနောက် နန်ချီသည် သူနှင့်အတူ ကလေးကတည်းက ကြီးပြင်းလာသော ဒီလူက ချက်ချင်းပင် သူစိမ်းတစ်ယောက်လို ဖြစ်သွားသည်ဟု ခံစားလိုက်ရသည်။

မော့ကျိုးယွီ တစ်ခုခုကို ရှာတွေ့သွားတာများလား။

သို့သော် မကြာခင်ပဲ ထပ်မတွေးတော့ပေ။ သူသည် မော့ကျိုးယွီကို အမှန်တကယ် သေစေချင်သော်လဲ နောက်ပိုင်းကိစ္စများနှင့် ကြုံတွေ့ရလျှင် ထိုအရာကို ရှင်းလင်းနိုင်ဖို့ သတ္တိမရှိပေ။

မော့ကျိုးယွီ၏ သိုင်းပညာအရည်အချင်းကို သူ သေချာသိထားသည်။ သူက လူတစ်ရာလောက်နှင့် ချနိုင်သည်ဆိုတာ အပိုပြောခြင်း မဟုတ်ပေ။ နန်ချီသည် သူနှင့် တစ်‌ယောက်ချင်းစီ တိုက်ရိုက် တွေ့ဖို့အထိ မမိုက်မဲပေ။

လုပ်ကြံသတ်ဖြတ်မှုက ‌မအောင်မြင်လျှင် သူ့ကို သတ်ဖို့ အကောင်းဆုံး နည်းလမ်းမှာ အဆိပ်ခတ်ခြင်းပင်။ နန်ချီသည် ယနေ့ မော့ကျိုးယွီ၏ ဒဏ်ရာများကို စစ်ဆေးဖို့လာခြင်းဖြစ်ပြီး သူ့ကို အဆိပ်ခတ်ဖို့ အခွင့်အရေး လာရှာခြင်းလဲ ဖြစ်သည်။

ထိုအတွေးဖြင့် နန်ချီ၏ စိတ်သည် အနည်းငယ် အဆင်ပြေသွားကာ ပြောလိုက်သည်။ “ငါတို့က ညီအကိုတွေပဲ။ ငါ မရှိနေတုန်း ကာကွယ်ရေးဝန်ကြီးအိမ်တော် သိမ်းဆည်းခံရပြီး ပြည်နှင်ဒဏ်ပေးခံရတာလေ။ မင်းနဲ့တွေ့ဖို့ အခွင့်အရေးလေးတော့ ငါ့ကို ပေးသင့်တာပေါ့”

နန်ချီသည် ထိုစကားပြောပြီးနောက် သူသည် အခန်းတံခါးဝသို့ လှည့်သွားကာ နောက်ဆုံးအနေနှင့် ပြောလိုက်သည်။ “အရာရှိတွေကို စိတ်မပူပါနဲ့။ ဒီမှာ တစ်ရက်လောက် ထပ်နေဖို့ ငါ သူတို့ကို ကိုယ်တိုင်သွားပြောလိုက်ပါမယ်”

မော့ကျိုးယွီသည် ပုံမှန်အတိုင်းပဲ ထိုင်နေကာ သူတို့ကို လိုက်ပို့ဖို့ မထခဲ့ပေ။

ဖေးနန်ယွီသည် နန်ချီ၏ နောက်မှ လိုက်ပါသွားပြီး သူ့လက်တစ်ဖက်က ကျောဘက်တွင် ခဏတာ ဟိုဟိုဒီဒီ ဝေ့ယမ်းနေခဲ့သည်။

မော့ကျိုးယွီရော ဟဲကျစ်ယန်ပါ ထိုလက်ဟန်ကို မြင်ပေသည်။

“‌သူပြောချင်တာ ရှင့်ကို ပွဲတက်ဖို့ အကြံမပေးဘူးတဲ့” ထိုအရာက ဟဲကျစ်ယန် ဖေးနန်ယွီ၏ လက်ဟန်ကို အဓိပ္ပါယ်ဖွင့်လိုက်ခြင်းပင်။

မော့ကျိုးယွီက သူ၏ နဂိုပုံစံအတိုင်း ထိုင်နေသည်။

“ကိုယ် သွားမှရမယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်နဲ့ နန်ချီကြားက မကျေနပ်ချက်တွေကို အဆုံးသတ်ရမယ်”

ဟဲကျစ်ယန်သည် သူ ဘာကိုဆိုလိုချင်တာလဲ သိပ်နားမလည်ပေ။

“ရှင် နန်ချီ့ကို သတ်ဖို့ကြံထားတာလား”

မော့ကျိုးယွီ ခေါင်းခါလိုက်၏။ “ဟင့်အင်း၊ ကိုယ်အဲ့လိုလုပ်ရင် ခဏတာတော့ စိတ်ကျေနပ်သွားပေမဲ့ ကိုယ့်မိသားစုကို ဘယ်လိုလုပ်မှာလဲ”

ဟဲကျစ်ယန်သည် ပိုလို့ပင် ရှုပ်ထွေးသွားရသည်။

“ရှင် သူ့ကို မသတ်ဘူးဆိုမှတော့ ဘာမကျေနပ်ချက်ကို ရှင်းဖို့ လိုသေးတာလဲ”

“ကိုယ်သူ့ကို သွားပြောမယ်၊ ကိုယ်က မော့မိသားစုရဲ့ သွေးသားရင်းဆိုတဲ့အကြောင်းကိုပေါ့။ အဲ့ဒါဆို အလဲခံရတဲ့ ကလေးက ကိုယ် မဟုတ်တာ သူသိသွားလိမ့်မယ်။

အထင်လွဲနေတာကို အောင်အောင်မြင်မြင် ဖြေရှင်းနိုင်ခဲ့ရင် အဲ့ဒီနေရာမှာပဲ သူနဲ့ ညီအကိုသံယောဇဉ်ဖြတ်ခဲ့ပြီး ကိုယ်တို့ ဆက်ဆံရေးကို အဆုံးသတ်ခဲ့မယ်။

ဒါက အရမ်းကြီး အဓိပ္ပါယ် မရှိပေမဲ့ အနည်းဆုံးတော့ အနာဂတ်မှာ ကိုယ်တို့ ပြည်နှင်ဒဏ် ခရီးအတွင်း ဆန့်ကျင်မဲ့လူ တစ်ယောက် လျော့သွားတာပေါ့”

နန်ချီလို လူမျိုးအတွက် ဟဲကျစ်ယန်သည် အမှန်တကယ်ပင် သတ်ပစ်ချင်သော်လဲ မော့ကျိုးယွီ ပြောသည်က အဓိပ္ပါယ်ရှိပေသည်။

သူတစ်ယောက်တည်းမဟုတ်ဘဲ မော့မိသားစုတွင် အမျိုးသမီးများနှင့် ကလေးမလေးသာရှိသည်။ သူ့မရီးများ၏ မိဘရင်းအိမ်တော်များမှာ မြို့တော်တွင်သာ ရှိကြသေးသည်။ နန်ချီသာ သေသွားပါက ဧကရာဇ်သည် ထိုအိမ်တော်များကိုပါ အကုန်ဆွဲထည့်ပေလိမ့်မည်။

“အဲ့ဒါဆိုရင် မနက်ဖြန်ပွဲကို ကျွန်မရော လိုက်ခဲ့လို့ရမလား”

မော့ကျိုးယွီသည် ထိုစကားကို မေးခွန်းပြန်ထုတ်စရာ မလိုသော လေသံဖြင့် ချက်ချင်း ငြင်းပယ်လိုက်သည်။

“ဟင့်အင်း၊ မင်းကို ကိုယ်နဲ့အတူ မစွန့်စားခိုင်းနိုင်ဘူး”

ပွဲသို့လိုက်ရန် ဟဲကျစ်ယန်၏ တောင်းဆိုမှုသည် သဘာဝကျကျပင် စဉ်းစားစရာ တချို့ရှိနေသည်။

သူမ၏ နေရာလွတ်ထဲတွင် အမျိုးမျိုးသော နည်းပညာမြင့် လက်နက်မျိုးစုံရှိသည့်အချက်ကို ဖယ်ထားလျှင်ပင် ‌နန်ချီက မော့ကျိုးယွီ၏ ဝိုင်နှင့် အစားအသောက်ထဲတွင် အဆိပ်ခတ်ပါက သူ့ဘေးတွင် သူမ ရှိနေလျှင် မော့ကျိုးယွီအတွက် အကာအကွယ်တစ်လွှာ ရှိနေသလိုပင် ဖြစ်သည်။

မော့ကျိုးယွီကို သိမ်းသွင်းရန်အတွက် ဟဲကျစ်ယန်သည် ပြောပြရန် ဆုံးဖြတ်လိုက်၏။

အင်္ကျီလက်ကို အကာအကွယ်ယူကာ နေရာလွတ်ထဲမှ ပစ္စတိုတစ်လက်ကို ထုတ်ယူလိုက်သည်။

သူမက သေနတ်ကို မေ့ာကျိုးယွီရှေ့သို့ ချပေးလိုက်၏။

“ရှင့်ရဲ့ အရည်အချင်းတွေနဲ့ ဆိုရင်တောင် ကျွန်မရဲ့ လက်နက်ကနေ မလွတ်မြောက်ဘူးလို့ပြောရင် ရှင်ယုံမလား”

မော့ကျိုးယွီသည် သူ့ရှေ့မှ လက်ဖဝါးသာသာရှိသော သံထည်ပစ္စည်းလေးကို ကြည့်ကာ ဆော့ကြည့်ဖို့အတွက် ‌စိတ်ဝင်စားစွာ ကောက်ကိုင်လိုက်သည်။

သူ့လက်က ကျည်ခလုတ်ကို ထိလိုက်သည်ကို မြင်သောအခါ ဟဲကျစ်ယန်သည် ပါးစပ်ဖြင့် အမြန်သတိပေးလိုက်သည်။

“အဲ့ဒါက ခလုတ်ပဲ၊ သွားမရှုပ်နဲ့နော်”

မော့ကျိုးယွီသည် အလွန်နာခံမှုရှိကာ သူ့လက်များကို ခလုတ်နေရာမှာ ဖယ်လိုက်သည်။

သူက ဟဲကျစ်ယန်ကို မော့ကြည့်လိုက်သည်။ “ဒီသံထည်သေးသေးလေးက ဒီလောက်ကြီးတဲ့ စွမ်းအားရှိတာ ကိုယ် မမြင်ဖူးဘူး”

လက်ရှိခေတ်တွင် ဟဲကျစ်ယန်သည် မော့ကျိုးယွီကို ပစ္စတိုတစ်လက်၏ စွမ်းအားကို မရှင်းပြနိုင်သဖြင့် စိတ်ရှည်လက်ရှည် ပြောပြလိုက်သည်။

“ချောင်ရန် သေတာ ဒီလိုလက်နက်ကြောင့်ပဲ”

ဟဲကျစ်ယန်သည် ချောင်ရန်သေဆုံးခြင်းက သူမ လုပ်တာဖြစ်ကြောင်း ဝန်ခံလိုက်၏။

ချောင်ရန်၏ သေဆုံးမှုကိုပြောလျှင် မော့ကျိုးယွီသည် ထိုသတ်ဖြတ်သည့် လုပ်ငန်းစဉ်အစအဆုံးကို သူ့မျက်လုံးဖြင့် ကိုယ်တိုင် မြင်ခဲ့ခြင်း ဖြစ်သည်။

All Chapters