← Chapters

အဆိပ်ဝိုင်အိုး

Vol. 6 Ch. 81

အဆိပ်ဝိုင်အိုး

Vol. 6 Ch. 81

သို့သော် ထိုအချိန်တုန်းက ဟဲကျစ်ယန် အသုံးပြုခဲ့သော လက်နက်သည် ယခုဟာထက် များစွာ ပိုကြီးပေသည်။ ထို့အပြင် ထိုလက်နက်၏ စွမ်းအားကို ယခုထိ သူ့စိတ်ထဲ ကွက်ကွက်ကွင်းကွင်း မြင်ဆောင်နေဆဲ ဖြစ်သည်။ ထိုလျှို့ဝှက်လက်နက်ကို ဘယ်လိုအသုံးပြုသလဲ သူမမြင်လိုက်ရသော်လဲ ထိုအရာက အလွန်လျင်မြန်မှန်းတော့ သိထားသည်။

မော့ကျိုးယွီသည် ပစ္စတိုကို စိတ်ဝင်စားနေပြီဆိုတာ တွေ့သောအခါ ဟဲကျစ်ယန်သည် အားသာချက်များကို ပိုဖိရန် ဆုံးဖြတ်လိုက်သည်။

“ရှင် ကျွန်မရဲ့ လက်နက်ကို မြင်ပြီးသွားပြီပဲ။ ရှင်နဲ့အတူ လိုက်လာလို့ ပြဿနာမဖြစ်ရုံတင်မကဘူး ရှင့်ကိုပါ ကူညီပေးနိုင်ဦးမှာပါ”

မော့ကျိုးယွီက တုံ့ဆိုင်းနေဆဲပင်။

ဟဲကျစ်ယန်က ဆက်လက်သွေး‌ဆောင်လိုက်သည်။ “ကျွန်မရဲ့ ဆေးပညာစွမ်းရည်ကို တွေးကြည့်လိုက်လေ။ နန်ချီကသာ အစားအသောက်ထဲမှာ တိတ်တိတ်လေး တစ်ခုခု ထည့်ထားမယ်ဆိုရင် ကျွန်မ ပထမဆုံး သတိထားမိမှာပေါ့ ဟုတ်တယ်မလား”

သူမ ဆက်ပြောနေသည်ကိုကြားသောအခါ မော့ကျိုးယွီ လက်လျှော့လိုက်ရတော့သည်။

“ကိုယ်နဲ့အတူ လိုက်ခဲ့လို့ ရတယ်။ ဒါပေမဲ့ ကိုယ်တို့ အန္တရာယ်နဲ့ကြုံရင် ကိုယ့်အသက်ကို ကယ်ဖို့က အရေးကြီးဆုံးပဲနော်။ ကိုယ့်ကို ဂရုစိုက်မနေနဲ့ ဟုတ်ပြီလား။”

ဟဲကျစ်ယန် အလျင်အမြန် ခေါင်းငြိမ့်လိုက်၏။ “သိပြီ သိပြီ။ စိတ်မပူပါနဲ့ ကျွန်မကိုယ်ကျွန်မ အန္တရာယ်အဖြစ်မခံပါဘူး”

ကိစ္စပြေလည်သွားပြီးနောက် နှစ်ယောက်သား အိပ်ရာပေါ်သို့ ပြန်ရောက်သွားကြသည်။ နှစ်ယောက်စလုံး အိပ်ချင်စိတ် နည်းနည်းလေးတောင် မရှိသော်လဲ မတော်တဆ ထိတွေ့မိမှာစိုးသောကြောင့် ကိုယ်နေဟန်ထားကို ထိန်းသိမ်းကာ ဆန့်ဆန့်ကြီး လှဲနေကြသည်။

ထိုမနက်စောစောတွင် ဖမ်းဝမ်က အမှန်တကာ်ပင် ခရီးဆက်ဖို့ မပြောခဲ့ပေ။

ထို့ကြောင့် လူတိုင်း အနည်းငယ် ရှုပ်ထွေးသွားကြသည်။

သို့သော် ဘယ်သူကမှ အကြောင်းရင်းကို မမေးကြပေ။ တည်းခိုခန်းတွင် တစ်ရက် ထပ်နားရမည်ကို အားလုံးလဲ သဘောကျကြသည်။

မွန်းတည့်ချိန်မတိုင်မီတွင် တည်းခိုဆောင်အပြင်ဘက်သို့ ရထားလုံးတစ်လုံး ဆိုက်ရောက်လာခဲ့သည်။

ရထားလုံးမောင်းသူသည် မော့ကျိုးယွီကို ဖိတ်ခေါ်ခဲ့ပြီး အရာရှိများကလဲ မဟန့်တားကြပေ။ ထို့ကြောင့် လူတိုင်းသည် သူတို့ဒီနေ့တစ်ရက် ခရီးမဆက်ရခြင်း အကြောင်းရင်းက မော့ကျိုးယွီကြောင့်ဖြစ်မှန်း သဘောပေါက်သွားကြလေသည်။

ပြည်နှင်ဒဏ်ခရီးကို ရပ်တန့်စေရုံသာမက အပြစ်သားကိုပါ ရထားလုံးဖြင့် လာကြိုစေသော အာဏာကြီးမားသည့်လူက ဘယ်သူလဲဆိုတာကိုတော့ သူတို့ မသိကြပေ။

သခင်မကြီးမော့က မော့ကျိုးယွီ၏လက်မောင်းကို စိတ်ပူစွာ ဆုပ်ကိုင်လိုက်၏။

“ကျိုးယွီ”

မော့ကျိုးယွီသည် သခင်မကြီးမော့၏ လက်မောင်းကို ခပ်ဖွဖွ ပုတ်ပေးလိုပ်သည်။ “အမေ စိတ်မပူပါနဲ့။ အသိမိတ်ဆွေ တစ်ယောင်က အမေ့သားအတွက် ညစာစားပွဲ ပြင်ဆင်ပေးထားလို့ပါ။ ကျွန်တော် မြန်မြန်သွားပြီး မြန်မြန်ပြန်လာခဲ့ပါမယ်”

သခင်မကြီးမော့သည် နှလုံးသားထဲတွင် စိတ်ပူနေမိသော်လဲ သူမသည် ကမ္ဘာကြီးကို မြင်ဖူးသူ ဖြစ်သည်။

သူမသား၏ ခြေလှမ်းများကို မတားနိုင်မှန်း သေသေချောချာ သိနေပေသည်။

ထို့ကြောင့် သူမ လေးနက်စွာ ပြောလိုက်သည်။ “မင်းက တိုင်းပြည်ကိုကာကွယ်ရတဲ့ ဝန်ကြီး မဟုတ်တော့ဘူး။ မင်းလည်ပင်းကို မထွက်ပါစေနဲ့”

“အမေ စိတ်မပူပါနဲ့။ ကျွန်မလဲ ကျွန်မယောက်ျားနဲ့ အတူတူ လိုက်သွားမှာပါ။ ဘာမှ မဖြစ်ပါဘူး”

သူမ၏ ယောက္ခမကို စိတ်အေးစေရန်အတွက် ဟဲကျစ်ယန်သည် မော့ကျိုးယွီအစား လက်ဦးမှုယူကာ ရှင်းပြပေးလိုက်သည်။

ဟဲကျစ်ယန်က သူမ၏ သားကို အဖော်ပြုပေးမည်ဟု ဆိုသောကြောင့် သခင်မကြီးမော့ အနည်းငယ် စိတ်သက်သာရာရသွားသည်။

“ကောင်းပြီ။ အပြင်မှာဆို မင်းတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် စောင့်ရှောက်ကြရ‌မယ်နော်”

သခင်မကြီးမော့ကို ဖျောင်းဖျပြီးနောက် မော့ကျိုးယွီနှင့် ဟဲကျစ်ယန်သည် ရထားလုံးပေါ်သို့ တက်လိုက်ကြ၏။

ရထားလုံးမောင်းသူသည် ဟဲကျစ်ယန်ကို လေးနက်စွာ ကြည့်လိုက်ပြီး တစ်ခုခုပြောချင်နေပုံပေါက်သော်လဲ တုံ့ဆိုင်းနေသည်။

မော့ကျိုးယွီနှင့် ဟဲကျစ်ယန်သည် ထိုလူများ လျစ်လျှူရှုထားရန်သာ ရွေးချယ်လိုက်၏။

ရထားလုံးလေးသည် ဘာအတားအဆီးမှ မရှိခဲ့ဘဲ မကြာခင်ပင် ထျန့်ဖုစားသောက်ဆိုင်ရှေ့သို့ ရောက်ရှိသွားသည်။

နန်ချီကိုယ်တိုင် တံခါးဝတွင် ထွက်ကြီုနေခဲ့သည်။

သူအံ့ဩသွားရသည်မှာ ဟဲကျစ်ယန်လဲ လိုက်လာသောကြောင့်ပင်။

ခဏကြာ အံ့အားသင့်သွားပြီးမှ နန်ချီသည် အပြစ်ကင်းစင်သော အပြုံးတစ်ခုကို ထုတ်ဖော်လိုက်၏။

“ခယ်မလေးလဲ အတူတူလိုက်လာတာ တကယ်ကောင်းတာပဲ။ အမျိုးသမီးတွေအတွက် ခန္ဓာကိုယ်အားဖြည့်ပေးတဲ့ အားဖြည့်စွပ်ပြုတ်တစ်ပွဲ အထူးတလည် မှာထားသေးတယ်။”

မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့လဲ အလိုက်သင့် သရုပ်ဆောင်ကာ နန်ချီကို ခေါင်းငြိမ့်ပြလိုက်ပြီး သူ့နောက်မှ အပေါ်ထပ်ရှိ သီးသန့်ခန်းသို့ လိုက်သွားလိုက်ကြသည်။

သီးသန့်ခန်းရှေ့ရှိ အစောင့်နှစ်ယောက်သည် သူတို့သခင် ပြန်လာသည်ကို မြင်သောအခါ ချက်ချင်းပဲ လမ်းဖယ်ပေးကြ၏။

နန်ချီက အစောင့်များကို အမိန့်ပေးလိုက်သည်။ “ဒီမင်းသားရဲ့ အမိန့် မပါဘဲ ဘယ်သူ့ကိုမှ ဝင်လာပြီး နှောင့်ယှက်ခွင့် မပြုဘူး”

“ဟုတ်ကဲ့”

သီးသန့်ခန်းထဲ ဝင်လိုက်သည်နှင့် စားပွဲပေါ်တွင် ရှိနေသော အရာများမှာ ဟင်းရည် တစ်ခွက်နှင့် ဟင်းပွဲ ရှစ်ပွဲ ဖြစ်ကာ သပ်ရပ်သော ဝိုင်ကရားတစ်ခုလဲ ရှိနေသည်။

ဟင်းပွဲများတွင် အသားရော အရွက်များပါ ပါဝင်ကြကာ အတော်လေးကြည့်ကောင်းပြီး နန်ချီက အားစိုက်ထုတ်ထားကြောင်း သိသာပေသည်။

သို့သော် ဟဲကျစ်ယန်သည် ဟင်းပွဲများပေါ်တွင် အာရုံမရှိပေ။ သူမ၏ အာရုံမှာ ထိုဝိုင်ကရားပေါ်တွင်သာ အပြည့်အဝ ရှိနေသည်။

ပုံမှန်လူများအတွက်တော့ ဤဝိုင်ကရားသည် အနည်းငယ် တန်ဖိုးရှိပုံသာပေါက်သည်။ သို့သော် တစ်ချက်ကြည့်ရုံဖြင့် ဟဲကျစ်ယန်သည် ထိုဝိုင်ကရား၏ အလုပ်လုပ်ပုံကို ရှာတွေ့‌ပေသည်။

သူမ သေချာမှတ်မိနေသည်မှာ ထိုဝိုင်ကရားသည် သူမ၏ အရင်ဘဝ TV ဒရာမာများတွင် မကြာခဏ မြင်တွေ့ရလေ့ရှိသည့် မန်ဒရင်းဘဲဝိုင်ကရားဖြစ်သည်။

ကရားထဲတွင် အလွှာနှစ်ခုပါရှိပြီး လက်ကိုင်နေရာတွင် အလွန်သေးငယ်သော ယန္တရားခလုတ်တစ်ခု ရှိနေသည်။ ထိုအရာကို သိနေသောသူသည် ကရားထဲမှ အဆိပ်ရှိသော ဝိုင်ကိုရော အဆိပ်မရှိသော ဝိုင်ကိုပါ လိုသလို ထိန်းချုပ်ပြီး ထည့်လို့ ရနိုင်သည်။

ဟဲကျစ်ယန် စိတ်ထဲမှ လှောင်ပြောင်လိုက်၏။ မော့ကျိုးယွီရဲ့ အသက်ကိုယူနိုင်ဖို့ဆိုရင် နန်ချီ့မှာ အရှက်ဆိုတာကို မရှိပါလား။

ယနေ့ နန်ချီသည် ယုံကြည်မှု ပြည့်နှက်နေ၏။ သူသည် ပြုံးရွှင်စွာဖြင့် သူမတို့အား ထိုင်ခိုင်းလိုက်သည်။

ဟဲကျစ်ယန်သည် ဝိုင်ကရားနှင့် အနီးဆုံးနေရာတွင် တမင်ဝင်ထိုင်လိုက်သည်။

နန်ချီသည် ယဉ်ကျေးသော စကားအချို့ကိုပြောပြီးနောက် ဝိုင်ကရားကိုယူရန် ထလိုက်သည်။ သို့သော် ဟဲကျစ်ယန်က လက်ဦးသွားလေသည်။

“မင်းသားက ကျွန်မနဲ့ ကျွန်မယောက်ျားရဲ့ အပြစ်တွေကို စိတ်ထဲမထားဘဲ ကျွန်မတို့ကို ထမင်းစားဖိတ်တာ ကျွန်မတို့ ဇနီးမောင်နှံအတွက် ဂုဏ်အယူရဆုံးအရာပါပဲ။ မင်းသားလိုလူမျိုးကို ဘယ်လိုလုပ် ကိုယ်တိုင်ကိုယ်ကျ ဝိုင်ထည့်ခိုင်းဝံ့ပါ့မလဲ”

ဟဲကျစ်ယန်သည် ပြောပြီးနောက် နန်ချီ၏ ဝမ်းချုပ်နေသလို မျက်နှာကြီးကို မမြင်ချင်ယောင်ဆောင်ကာ သူ့ဘေးသို့ သွားလိုက်သည်။ ပထမဆုံး သူမက ဝိုင်များကို ဖြည့်လိုက်၏။

နန်ချီသည် ဟဲကျစ်ယန်၏ ဝိုင်ကရားကိုင်ပုံကိုင်နည်းကို သေသေချာချာ ကြည့်နေသည်။ သူမက ခလုတ်ကို မဖိဘူးဆိုတာတွေ့မှ သူ နည်းနည်း စိတ်သက်သာရာ ရသွားသည်။

ဟဲကျစ်ယန်သည် နန်ချီ၏ ဝမ်းချုပ်နေသလို မျက်နှာကြီးကို မမြင်ချင်ယောင်ဆောင်ကာ မော့ကျိုးယွီ၏ ခွက်ကိုလဲ ဖြည့်ပေးလိုက်သည်။

ဝိုင်ခွက်တွင် အဆိပ်ရှိသလား စစ်ဆေးဖို့ရန်အတွက် သူမက တမင်တကာ ခပ်ကျယ်ကျယ် ပြောလိုက်သည်။ “ဒီဝိုင်အနံ့က တကယ်မွှေးတာပဲ။ ကျွန်မ မသောက်တတ်တာ နှမျောစရာပဲ။ ကျွန်မ အနံ့လေးတော့ ခံကြည့်ပါဦးမယ်”

သူမ ပြောပြီးပြီးချင်းပင် မော့ကျိုးယွီ၏ ခွက်ကို ကောက်ကိုင်ကာ သူမနှာခေါင်းအောက်တွင် အနံ့ခံလိုက်ပြီး ဘာပြဿနာမှမရှိတာ သေချာမှ ပြန်ချပေးလိုက်သည်။

“ကျွန်မရဲ့ တစ်ဘဝလုံး အကျင့်ဆိုးကြီးကို စိတ်ထဲမထားပါနဲ့ရှင်၊ ငယ်ငယ်ကတည်းကလေ ဝိုင်ဆိုရင် မသောက်ပေမဲ့ အနံ့လေးတော့ ခံလိုက်ရမှဆိုတဲ့ အကျင့်ကြီး ရှိနေလို့ပါ”

နန်ချီ၏ ပါးစပ်မှာ တွန့်ချိတ်သွားရသည်။

“ကိစ္စမရှိပါဘူး။ ဒီမှာ အပြင်လူမှ မရှိတာ။ ခယ်မလေး အေးအေးသက်သာနေပါ”

မော့ကျိုးယွီသည် ဟဲကျစ်ယန် လုပ်သွားသည်များကိုကြည့်ပြီး ဝိုင်က ပြဿနာမရှိကြောင်း သိပေသည်။

ထို့ကြောင့် သူ့ဘက်မှ အစပြုကာ ဝိုင်ခွက်ကို မြှောက်လိုက်သည်။

“ကျွန်တော့်ရဲ့ အပြစ်သားဆိုတဲ့ အခြေအနေကို စိတ်ထဲမထားတဲ့အတွက်ရော ထမင်းဖိတ်ကျွေးတဲ့အတွက်ပါ မင်းသားနန်ကို ကျေးဇူးတင်ပါတယ်။ ကျိုးယွီ အရင် သောက်ပါမယ်”

မော့ကျိုးယွီက ဝိုင်အားလုံးကို တစ်ချက်ထဲသောက်ချလိုက်သည်ကို မြင်သောအခါ နန်ချီလဲ တုံ့ဆိုင်းမနေဘဲ တစ်ပျိုက်တည်း မော့ချလိုက်တော့သည်။

နန်ချီက ဝိုင်ရားကို ယူတော့မည့်ပုံစံ မြင်သောအခါ ဟဲကျစ်ယန်သည် ချက်ချင်းပဲ မတ်တပ်ရပ်ကာ ဝိုင်ကရားကို လက်ထဲတွင် ကိုင်ထားလိုက်သည်။

“ကျွန်မ ထည့်ပေးပါမယ်”

ဟဲကျစ်ယန်က ယန္တရားခလုတ်ကို မနှိပ်သေးသည်ကို မြင်သောအခါ နန်ချီသည် သူမက ဝိုင်ကရားနှင့် ပတ်သက်ပြီး ဘာမှ မသိသေးဘူးဟု တွေးလိုက်သည်။

ပြဿနာမှာ သူမက ဝိုင်ကရားကို လက်မလွှတ်ဘဲ ကိုင်ထားပါလျှင် မော့ကျိုးယွီရဲ့ ခွက်ထဲ အဆိပ်ဝိုင်ကို သူ ဘယ်လိုငှဲ့ပေးလို့ရမှာလဲ။

ထိုအရာကိုတွေးရင်း နန်ချီ စိတ်ထဲ တုန်လှုပ်နေသည်။

သို့သော် သူ့ညီအကိုအတွက် သူကိုယ်တိုင် ဝိုင်ငှဲ့ပေးချင်ပါသည်ဟု ဘယ်လောက်ပဲပြောပြော ဟဲကျစ်ယန်သည် ဝိုင်ကရားကို တစ်နည်းမဟုတ် တစ်နည်းဖြင့် ဆွဲယူသွားလေသည်။

တစ်ချိန်တည်းမှာပင် စားပွဲပေါ်ရှိ ဟင်းပွဲတိုင်းကို စစ်ဆေးကြည့်လိုက်ပြီး မော့ကျိုးယွီအား စိတ်အေးအေးထားပြီး ထားရန် အချက်ပြလိုက်သည်။

ထို့နောက် ကရားထဲမှ အဆိပ်မရှိသော ဝိုင်များမှာ ဟဲကျစ်ယန်ကြောင့် ကုန်သွားတော့သည်။

မော့ကျိုးယွီ၏ အသားအရည်က ဘာမှမပြောင်းလဲသေးသည်ကို ကြည့်ခြင်းအားဖြင့် သူက အရက်ကို အတော်လေး ခံနိုင်ရည်ရှိကြောင်း သူမ ပြောနိုင်ပေသည်။

နန်ချီကတော့ သူ မတ်မတ်ထိုင်နေသေးသော်လဲ မျက်နှာက နီရဲနေပြီဖြစ်သည်။

ဒီလူနှစ်ယောက်သာ အသောက်ပြိုင်ကြပါက နန်ချီ အရင်ဆုံး လဲမှာ သေချာသည်။

All Chapters