← Chapters

ငါ မော့ကျိုးယွီက မော့မိသားစုရဲ့ သွေးသားစစ်စစ်ပဲ

Vol. 6 Ch. 82

ငါ မော့ကျိုးယွီက မော့မိသားစုရဲ့ သွေးသားစစ်စစ်ပဲ

Vol. 6 Ch. 82

ဟဲကျစ်ယန်သည် သူမလက်ထဲက အရက်ကရားကို တမင်လှုပ်ယမ်းပြလိုက်၏။ “မင်းသား အရက်ကုန်သွားပြီ”

ထိုအချိန်တွင် နန်ချီသည် ဟဲကျစ်ယန်ကို မုန်းလွန်းလို့ ပြတင်းပေါက်ကပင် ကျန်ချလိုက်ချင်သည်။ သို့သော် သူ့ရည်ရွယ်ချက် မအောင်မြင်သေးသောကြောင့် သည်းခံနေရုံသာ တတ်နိုင်ပေသည်။

“လာကြစမ်း၊ အရက် နောက်တစ်အိုး ယူခဲ့ကြ”

ကံမကောင်းစွာပင် တခြားအရက်ကရားသည် မန်ဒရင်းဘဲအရက်ကရားမျိုး မဟုတ်တော့ပေ။

နန်ချီ ထင်ထားသည်မှာ တခြားအရက်ကရားတစ်ခု ရောက်လာပါက ဟဲကျစ်ယန်သည် မန်ဒရင်းအရက်ကရားကို ကိုင်ချိန် မရှိတော့သည့်အတွက် ထိုအချိန်တွင် သူက အခွင့်အရေးရှာကာ မော့ကျိုးယွီ၏ ခွက်ထဲသို့ အဆိပ်အရက်ကို လောင်းချမည် ဖြစ်သည်။

ဟဲကျစ်ယန်က စည်းမျဉ်းတွေကို မလိုက်နာဘူးလို့ ဘယ်သူက ထင်ပါ့မလဲ၊ သူတို့ကို အရက်တောင် ထပ်မထည့်ပေးတော့ပေ...။

ထိုသည်သာမကသေး သူသည် အရက်ကရားကို သူမအနားတွင်သာ ထားလေသည်။

“ကျွန်မ နေ့တစ်ဝက်လောက် အလုပ်တွေ ရှုပ်နေခဲ့တော့ ဗိုက်ဆာလာပြီ”

ထိုသို့ပြောပြီးနောက် စားပွဲပေါ်မှ ဟင်းလျာများကို အားရပါးရစားတော့သည်။

နန်ချီသည် ဒေါသထွက်လွန်း၍ သေမတတ်ပင်။

အခြေအနေအားလုံးအတွက် သူ့ဒေါသကို အကောင်းဆုံး ဖိနှိပ်ထားကာ မော့ကျိုးယွီနှင့်အတူ ဆက်သောက်နေလိုက်သည်။

မော့ကျိုးယွီသည် အချိန်ကျပြီဟု ခံစားရသောကြောင့် သူ့ဘက်က စပြောလိုက်သည်။

“မင်းသား ကျွန်တော့်ရဲ့ ဘယ်ဘက်ပုခုံးက လခြမ်းပုံစံ မွေးရာပါ အမှတ်အသားကို မှတ်မိသေးလား”

အနည်းငယ် မူးနေသော နန်ချီက ခေါင်းငြိမ့်လိုက်သည်။ “သေချာပေါက် မှတ်မိတာပေါ့၊ ငါတို့ ငယ်ငယ်တုန်းက ဖခမည်းတော်ရဲ့ ရေပူစမ်းဆီ ရေစိမ်ဖို့ ခဏခဏ ခိုးသွားခဲ့တာလေ။ ပြီးတော့ မင်းရဲ့ အမှတ်အသားက တကယ်ထူးခြားတယ်လို့တောင် ငါပြောခဲ့သေးတယ်”

မော့ကျိုးယွီသည် နန်ချီ့မျက်နှာပေါ်မှ အပြောင်းအလဲများကို ‌သေချာလေ့လာနေရင်း ဂရုတစိုက် ဆက်ပြောလိုက်သည်။

“ရှေးလူကြီးတွေက အဲ့ဒီအမှတ်အသားကို ဘယ်လိုပြောခဲ့လဲ မင်းသိလား”

နန်ချီ မျက်ခုံးပင့်လိုက်သည်။ “အဲ့ဒါက မွေးရာပါအမှတ်အသားလေးလေ၊ ဘာအဓိပ္ပါယ်ရှိလို့လဲ”

မော့ကျိုးယွီက လေးနက်စွာ ပြောလိုက်သည်။ “အဲ့ဒါက မော့မိသားစုရဲ့ ယောက်ျားတိုင်းမှာ ရှိတဲ့ ထူးခြားတဲ့ အမှတ်အသားပဲ။ မော့မိသားစု မျိုးဆက်တိုင်း ယောက်ျားလေးဖြစ်သရွေ့ သူတို့ မွေးလာရင် ဘယ်ဘက်ပုခုံးပေါ်မှာ လခြမ်းပုံစံ ထူးခြားတဲ့ သင်္ကေတလေး ပါလာကြတယ်”

နန်ချီ အံ့အားသင့်သွားရသည်။

“မင်းပြောတာက အဲ့ဒါ မော့မိသားစု အမျိုးသားတွေမှာပဲရှိတဲ့ မွေးရာပါအမှတ်အသားလား”

“မှန်တယ်။ လခြမ်းပုံစံ အမှတ်အသားက မော့မိသားစုယောက်ျားတိုင်းမှာရှိတဲ့ မွေးရာပါအမှတ်အသားပဲ”

နန်ချီသည် အတွေးထဲ နစ်မြှုပ်သွားရ၏။ မော့ကျိုးယွီက ဘာလို့ မွေးရာပါအမှတ်အကြောင်းပြောလာလဲ သူမသိပေ။ သူ တစ်ခုခုကို သိနေတာများလား။

မကြာခင်ပဲ နန်ချီသည် သူ့မျက်နှာကို ချက်ချင်း ပြောင်းလဲလိုက်သည်။

“မင်း ဘာတွေသိထားတာလဲ”

မော့ကျိုးယွီသည် သူ၏ အေးဆေးတည်ငြိမ်သော အသွင်အပြင်ကို ဆောင်ထားဆဲပင်။

“မင်းနဲ့ ငါက အရင်တုန်းကလို ဘယ်အရာမဆို တိုင်ပင်တဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေ ထပ်မဖြစ်နိုင်တော့ဘူးဆိုပေမဲ့ ငါ မော့ကျိုးယွီဟာ အမြဲတမ်း ဖြောင့်မတ်ပြီး ရိုးသားတယ်။ အထူးသဖြင့် မင်းနဲ့ ငါ့ကြားမှာ အထင်လွဲနေတာတွေ မရှိစေချင်လို့။

ငါ့စကားတွေက ရှင်းလင်းမယ်လို့ထင်ပါတယ်။ ပြီးတော့ ငါ့အမုန်းတရားရဲ့ ပစ်မှတ်က မင်းအတွက် မရှိဖို့လဲ ငါ မျှော်လင့်ထားတယ်”

ခဏရပ်လိုက်ပြီးနောက် မော့ကျိုးယွီက ထရပ်လိုက်သည်။ “ငါ အကုန်လုံး ပြောခဲ့ပြီးပြီ၊ မင်းက ဉာဏ်ကောင်းတဲ့လူမို့ ဒါတွေ အကုန်လုံးကို နားလည်နိုင်မယ်လို့ ထင်ပါတယ်”

မော့ကျိုးယွီ ထွက်သွားတော့မည်ကို မြင်သောအခါ နန်ချီသည် သူ့အား ကမန်းကတန်း တားမြစ်လိုက်၏။

“နေဦး၊ မင်းမသွားခင် ရှင်းအောင် ပြောသွားခဲ့ဦး။”

မော့ကျိုးယွီသည် ဟဲကျစ်ယန်ကို ဆွဲခေါ်ပြီး တံခါးနားပင် ရောက်နေပြီဖြစ်သည်။ နန်ချီ၏ စကားကို ကြားသောအခါ သူတို့နှစ်ယောက်လုံး ရပ်တန့်သွားကြသည်။

မော့ကျိုးယွီက ခေါင်းကိုလှည့်လိုက်သည်။ “ငါ ရှင်းလင်းအောင် ပြောခဲ့ပြီးပြီမဟုတ်ဘူးလား”

နန်ချီက လက်မလျှော့သေးပေ။

“မင်း ဘာတွေ သိထားလဲ ငါ့ကိုပြောပြ”

နန်ချီက မွေးကတည်းက ကလေးချင်း အလဲခံရတာ ဖြစ်နိုင်ကြောင်း ဟဲကျစ်ယန်ပြောပြခဲ့သည်ကို အခုတော့ မော့ကျိုးယွီကိုယ်တိုင် အတည်ပြုလိုက်နိုင်ပြီဖြစ်သည်။ နန်ချီက အဲ့ဒါအတွက် သူ့ကို သတ်ချင်နေတာပဲ။

ကလေးချင်း အလဲခံရတာ သူ မဟုတ်ကြောင်း အထင်လွဲနေသည်ကို ရှင်းပြခဲ့ပြီးပြီးဖြစ်သော်လဲ တစ်ဖက်လူ၏ လျှို့ဝှက်ချက်ကို သူသိနေကြောင်း ဖော်ပြခဲ့သောကြောင့် ဝိုင်းကြီးပတ်ပတ်ဒူဝေဝေဖြစ်ကာ တစ်ဖက်လူက သူ့ကို သတ်ဖို့ နောက်ထပ် အကြောင်းရင်း ရသွားခဲ့ပြန်သည်။

ရွေးချယ်စရာ မရှိတော့သောကြောင့် မော့ကျိုးယွီ ပြန်ထိုင်လိုက်ရတော့သည်။

“ငါ အခု မင်းကို ပြောပြတဲ့အရာက ငါ ငယ်ငယ်လေးကတည်းက သိခဲ့တာပဲ။ ငါ မင်းကို ညီအကိုလို သဘောထားခဲ့တယ်၊ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ အဲ့ဒီအကြောင်းကို ငါ အပြင်လူတွေဆီ တစ်ခါမှ မပြောခဲ့ဖူးဘူး။

မင်းသာ ငါ့ကို သတ်ဖို့ လူလွှတ်လိုက်တာ မဟုတ်ရင် ငါ မင်းနဲ့ လူချင်းတွေ့ရရင်တောင် အဲ့ဒီအကြောင်းကို ထုတ်ပြောမှာ မဟုတ်ဘူး”

နန်ချီသည် သူ့ခေါင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး မျက်လုံးများကလဲ နီရဲနေခဲ့သည်။

စိတ်ပျက်မှုကြောင့် တစ်ဇွတ်ထိုးအပြုအမူများ လုပ်မိမှာကို တားဆီးရန်အတွက် ဟဲကျစ်ယန်သည် စားပွဲပေါ်မှာ မန်ဒရင်းဘဲအရက်ကရားကို ကောက်ကိုင်လိုက်၏။

နန်ချီ၏ ရှေ့တွင်ပဲ ယန္တရားခလုတ်ကို နှိပ်လိုက်ကာ အဆိပ်အရက်ပို ခွက်ထဲသို့ လောင်းချလိုက်သည်။

“‌မင်းသားနန်ချီ၊ ရှင့်ရဲ့ အရက်ကရားက တကယ်ကိုကောင်းတာပဲ၊ အဖိုးမဖြတ်နိုင်ဘူးမဟုတ်လား”

နန်ချီသည် ဟဲကျစ်ယန်အား မျက်လုံးပြူးကြီးနှင့် မယုံကြည်နိုင်စွာ ကြည့်နေသည်။

“မင်း ...”

ဟဲကျစ်ယန်က ပြုံးလိုက်သော်လဲ အပြုံးက မျက်လုံးအထိ မရောက်ခဲ့ပေ။

“မင်းသားက ကျွန်မယောက်ျားရဲ့ အသက်ကိုယူဖို့အတွက် အများကြီး အားထုတ်ထားတာပဲ။ ဒီမန်ဒရင်းဘဲအရက်ကရားကို ရဖို့ အတော်လေး ခက်ခဲခဲ့မှာပဲနော်၊ ဟုတ်တယ်မလား”

နန်ချီမှာ သွေးတစ်လုတ်လောက် အန်ထွက်ချင်သွားရသည်။ မော့ကျိုးယွီကို ကြောက်သောကြောင့်သာ မဟုတ်ပါက ဤမုန်းစရာကောင်းသော မိန်းမကို သူ သတ်ပြီးနေလောက်ပြီ ဖြစ်သည်။

ဟဲကျစ်ယန်သည် နန်ချီ၏ လူသတ်ချင်နေသော အကြည့်ကို လျစ်လျူရှုကာ သူမ၏ အင်္ကျီလက်ထဲမှ အထုပ်လေး တစ်ထုပ်ကို အေးအေးဆေးဆေး ထုတ်ယူလိုက်သည်။ သူမ ထိုစက္ကူထုပ်လေးကို ဖြည်လိုက်သောအခါ အထဲရှိ အဖြူရောင် အမှုန့်လေးများ ပေါ်လာသည်။

“အင်းသားလေး ၇ရက်ပျက်ပြယ် ဆိုတဲ့ အဆိပ်နာမည် ကြားဖူးလား မသိဘူး”

နန်ချီသည် ထိုဆေးမှုန့်အိတ်ကလေးကို လက်ညှိုးထိုးကာ မယုံကြည်နိုင်စွာ ပြောလိုက်သည်။ “ဒါ ဒါက ၇ရက်ပျက်ပြယ်လား”

အလွန်အဆိပ်ပြင်းသော ၇ရက်ပျက်ပြယ် အဆိပ်သည် တာ့ရွှင်းတွင် အလွန်နာမည်ကြီးပေသည်။ လုပ်ကြံရန်အတွက် အကောင်းဆုံးသော ရွေးချယ်မှုလဲ ဖြစ်သည်။

နာမည်အတိုင်းပင် အဆိပ်ခတ်ခံရသောလူသည် ဘာမှခံစားရမှာမဟုတ်ဘဲ ၇ ရက်မြောက့်နေ့တွင် လက္ခာဏာ မပြဘဲ ဒီတိုင်း သေဆုံးသွားမှာ ဖြစ်သည်။

သမားတော်များပင် သေရသည့် အကြောင်းရင်းကို မပြောနိုင်ပေ။

ထိုအရာကို တွေးကြည့်ပြီး နန်ချီသည် အလွန်ကြောက်ရွံ့သွားကာ သူသာ အဆိပ်ခတ်ခံလိုက်ရပါက သေခြင်းတရားမှာ မလွဲမသွေပင် ...။

ဟဲကျစ်ယန်က ဒဲ့မဖြေဘဲ သွယ်ဝိုက်ကာ ပြောလိုက်သည်။ “အခု ကျွန်မသာ ဒီဆေးမှုန့်ကို မင်းသားရဲ့ ဝိုင်ခွက်ထဲထည့်လိုက်မယ်ဆိုရင် မင်းသားက ကျွန်မကြောင့် သေသွားပါတယ်လို့ ဘယ်သူကများ သိမှာလဲ”

ခဏရပ်ပြီးမှ ဟဲကျစ်ယန်က ဆက်ပြောလိုက်သည်။ “ရှင်နဲ့ ညီအကိုသံယောဇဉ်ရှိခဲ့တဲ့ ကျွန်မယောက်ျားကြောင့်သာ မဟုတ်ရင် ရှင် ၈ရက်မြောက်နေ့ကို မြင်တွေ့နိုင်ဦးမယ် ထင်နေတာလား”

တကယ်တော့ ဟဲကျစ်ယန်လက်ထဲမှ အမှုန့်များသည် ပုံမှန်ဂျုံမှုန့်များသာ ဖြစ်သည်။ ၇ ရက်ပျက်ပြယ် အကြောင်းသေချာ ကြားခဲ့ဖူးသော်လဲ ထိုအဆိပ်ကို ဖော်ဖို့အတွက် ဆေးနည်း သူမတွင် မရှိပေ။ ထို့အပြင် ထိုအဆိပ်မျိုးမှာ အလွန့် အလွန် အဖိုးတန်ပြီး ပိုက်ဆံ ဘယ်လောက်ပေးပေး မရနိုင်သည့် အရာ ဖြစ်လာနေသည်။

သူမက နန်ချီအား သိစေချင်သည်မှာ သူ့လျှို့ဝှက်ချက်ကို ဖော်ဖို့ရော၊ သူ့ကို သတ်ဖို့ပါ အကြံမရှိကြောင်းကိုပင်။

မော့ကျိုးယွီသည် ဟဲကျစ်ယန်က ၇ရက်ပျက်ပြယ်ကို ဘယ်နေရာက ရခဲ့လဲ သူ မသိသော်လဲ ထိုအခွင့်အရေးကို အရယူကာ ပြောလိုက်သည်။

“ငါ့အရည်အချင်းတွေနဲ့သာဆို မင်း ဒီ ၇ရက်ပျက်ပြယ်ကို သောက်ဖြစ်သွားအောင် လုပ်ဖို့ မခက်ဘူး။

ငါတို့ရဲ့ အရင်က ခင်မင်မှုကြောင့် ဒီနေ့ ငါမင်းကို လွှတ်ပေးလိုက်ပြီ၊ မင်းလဲ အဲ့လိုပဲ လုပ်လိမ့်မယ်လို့ မျှော်လင့်တယ်”

သူတို့စကားများကို နားထောင်ပြီးနောက် နန်ချီသည် သူနှင့် မော့ကျိုးယွီကြားက ယုံကြည်စိတ်ချရမှုကို ပြန်လည်သုံးသပ်ဖို့ကလွဲပြီး ရွေးစရာမရှိတော့ပေ။

ဘယ်အချက်ကနေပဲကြည့်ကြည့် မော့ကျိုးယွီပြောနေသည်မှာ အမှန်လို ဖြစ်နေသည်။

ပထမဆုံးအနေနှင့် သူသည် မော့ကျိုးယွီ၏ အကျင့်စရိုက်ကို ကောင်းစွာ နားလည်ထားသည်။ မော့ကျိုးယွီက ဖြောင့်မတ်သည့်လူပင်။

မော့ကျိုးယွီသည် သူ့လျှို့ဝှက်ချက်ကို အချိန်အကြာကြီး သိနေခဲ့သော်လဲ အပြင်လူများဆီ နည်းနည်းလေးတောင် မဖွင့်ဟခဲ့ပေ။

ထိုအရာက မော့ကျိုးယွီသည် ယခင်အချိန်များကတည်းက သူ့ကို ကာကွယ်ပေးနေသည်သာမက သူနှင့် လူချင်း အလဲခံလိုက်ရသည်မှာ မော့ကျိုးယွီ မဟုတ်ကြောင်း သေချာပေါက် ပြောနေခြင်းပင်။

All Chapters