← Chapters

ကိုယ် မင်းကို မင်္ဂလာဦးညအတွက် အကြွေးကျန်နေသေးတယ်

Vol. 6 Ch. 83

ကိုယ် မင်းကို မင်္ဂလာဦးညအတွက် အကြွေးကျန်နေသေးတယ်

Vol. 6 Ch. 83

ဘယ်နေရာက အတိအကျ မှားယွင်းသွားခဲ့လဲဆိုတာကို နန်ချီ တွေးတောနိုင်ခြင်း မရှိတော့ဘဲ နောက်ပိုင်းမှသာ စုံစမ်းကြည့်ရပေမည်။

ယခု မော့ကျိုးယွီသည် အလွန်အဖိုးတန်သော ၇ရက်ပျက်ပြယ်ကို လက်ထဲတွင်ကိုင်ထားပြီး ခုဏတုန်းက သူ့တွင် အခွင့်အရေးကောင်းများ ရှိခဲ့သော်လဲ နန်ချီ့ကို ထိခိုက်မည့် အရာများ မလုပ်ခဲ့ပေ။

ထိုအရာအားလုံးက တစ်ခုထဲကိုသာ ညွှန်ပြနေသည် - မော့ကျိုးယွီသည် သူတို့နှစ်ယောက်၏ တစ်ချိန်က ညီအကိုသံယောဇဉ်ကို အလွန်တန်ဖိုးထားသည်ဟူသော အချက်ပင်။

အချိနန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် နန်ချီသည် ဖြေးညှင်းစွာ ထရပ်ပြီး တံခါးကို သူ့လက်ဖြင့် ဆွဲဖွင့်ပေးလိုက်သည်။

“သွားကြစို့။ မင်း ဒီနေ့ အဖြစ်အပျက်‌ကို မေ့ပစ်လိုက်ဖို့ မျှော်လင့်ပါတယ်”

နန်ချီ၏ စကားများက ရိုးရှင်းသော်လဲ နောင်အနာဂတ်တွင် သူသည် မော့ကျိုးယွီကို ဒုက္ခမပေးတော့မှန်း အကုန်လုံး နားလည်လိုက်ကြသည်။

လာရသည့် ရည်ရွယ်ချက် အထမြောက်သွားပြီးနောက် ဟဲကျစ်ယန်နှင့် မော့ကျိုးယွီတို့သည် သီးသန့်ခန်းမှ ထွက်လာခဲ့ကြတော့သည်။

သူမတို့နှစ်ယောက် လှေခါးမှဆင်းလာပြီး ပထမထပ်သို့ရောက်သောအခါ တစ်ယောက်ထဲ အရက်ထိုင်သောက်နေသော ဖေးနန်ယွီကို တွေ့လိုက်ကြရသည်။

သူသည် နှစ်ယောက်ကို နှုတ်ဆက်သည့်အနေဖြင့် ခေါင်းလေးသာ ငြိမ့်ပြခဲ့ပြီး ဘာမှမပြောခဲ့ပေ။

ဟဲကျစ်ယန်နှင့် မော့ကျိုးယွီတို့သည်လည်း ဖေးနန်ယွီကို ခေါင်းပြန်ငြိမ့်ပြလိုက်ကာ စားသောက်ဆိုင်ထဲမှ ထွက်လာခဲ့ကြသည်။

မြင်းလှည်းမောင်းသူသည် သူတို့ကို ပြန်ပို့ပေးလိုက်ဖို့ အခုလေးတင်ပဲ အမိန့်ရခဲ့ပြီး သူတို့နှစ်ယောက် ဘယ်လိုလုပ် အသက်ရှင်လျက် ပြန်ထွက်လာနိုင်လဲ မတွေးတတ်အောင် ဖြစ်နေလေသည်။ ထို့ကြောင့် အဝေးကြီးရောက်ပြီးခါမှ ရထားလုံးကို စားသောက်ဆိုင်ဆီသို့ တစ်ခေါက် ပြန်လှည့်လာခဲ့သည်။

မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့သည် နန်ချီက သူမတို့ကို ပြန်ပို့ပေးဖို့ လှည်းပြင်ထားမည်ဟု မထင်ခဲ့ကြပေ။ ထို့ကြောင့် နှစ်ယောက်သားသည် ဖင်းယွမ်ကောင်တီ၏ လမ်းမကြီးတွင် အေးအေးဆေး‌ဆေး လမ်းလျှောက်နေကြသည်။

မော့ကျိုးယွီသည် သူ၏ သိချင်စိတ်ကို မထိန်းနိုင်သေးဘဲ မေးလိုက်သည်။

“မင်းမှာ ၇ရက်ပျက်ပြယ် တကယ်ရှိတာလား”

ဟဲကျစ်ယန်က ရှုံ့မဲ့ပြီး ပြုံးပြလိုက်သည်။ သူမတို့ကို နန်ချီ၏ လူများက စောင့်ကြည့်မနေတော့ဘူးဟု ခံစားရသောကြောင့် စက္ကူအိတ်လေးကို ထပ်ထုတ်လိုက်သည်။

အိတ်လေးကိုဖွင့်ကာ အမှုန်များကို ခပ်ဖွဖွ မှုတ်လိုက်သည်။ အဖြူရောင်အမှုန့်များ ချက်ချင်း လွင့်စင်သွားကာ လေထဲပြန့်ကျဲသွားလေသည်။

“ဒါက ဟန်ပြသက်သက်ပါပဲ - ဂျုံမှုန့်တွေလေ”

မော့ကျိုးယွီ အမှန်တကယ်ပင် အံ့ဩသွားရ၏။ ဤအမျိုးသမီးက ထိုကဲ့သို့သော ဖြေရှင်းချက်မျိုး ရနိုင်ဖို့အတွက် ဦးနှောက်ထဲ ဘာတွေ သိုလှောင်ထားလဲ သူ မသိတော့ပေ။

ပထမဆုံးအကြိမ် အနေနှင့် ဟဲကျစ်ယန်ရှေ့တွင် သူ့မျက်နှာပေါ်တွင် အပြုံးလေးပေါ်လာခဲ့ပြီး သူ့လေသံသည်လည်း နူးညံ့ကာ အလိုလိုက်သည့်အသံသို့ ပြောင်းလဲသွားလေသည်။

“မင်းက တကယ်ကို တစ်ခုခုပဲ”

ဟဲကျစ်ယန်က အတော်လေး မိုက်သည်။ “ဒါပေါ့၊ ကျွန်မ အင်္ကျီလက်ထဲမှာ လှည့်စားမှုတွေ မရေမတွက်နိုင်အောင် ရှိတယ်”

ဟဲကျစ်ယန် သူမကိုယ်သူမ ကျေနပ်အားရနေစဉ် လူရှုပ်သော လမ်းမကြီးတွင် ရထားလုံး တစ်လုံး ဝင်ရောက်လာသည်။

မော့ကျိုးယွီသည် ဟဲကျစ်ယန်ကို သူ့ရင်ခွင်ထဲ အလျင်အမြန် ဆွဲလိုက်ကာ သူမကို ပွေ့ချီပြီး ဘေးသို့ အမြန်တိမ်းရှောင်လိုက်သည်။

သူတို့သည် လာသောသော ရထားလုံးကို ရှောင်လိုက်နိုင်သော်လဲ မော့ကျိုးယွီ၏ လှုပ်အားမှုအားကြောင့် ဟဲကျစ်ယန် ဟန်ချက်ပျက်သွားကာ သူမ၏ မျက်နှာသည် မော့ကျိုးယွီ၏ မျက်နှာနှင့် တည့်တည့်သွားတိုးတော့သည်။

ရုတ်တရက် ရလာသော အနွေးဓာတ်လေးက မော့ကျိုးယွီ၏ နှလုံးသားကို ထိန်းချုပ်မရအောင် ခုန်ပေါက်သွားစေသည်။

ထို့အပြင် သူ ထိုခံစားချက်ကို အလွန်သ‌ဘောကျကြောင်း သူ့ကိုယ်သူ ရိုးရိုးသားသား သိရှိနေခဲ့သည်။

နှစ်ယောက်သား လူချင်းခွာသွားကြသော်လဲ သူသည် ဟဲကျစ်ယန်ကို လွှတ်မပေးသေးဘဲ သူတို့နှစ်ယောက် ထိုပုံစံအတိုင်းပဲ အမြဲတမ်း နေသွားလို့ရမလားဟု တွေးနေမိ၏။

ဟဲကျစ်ယန်လည်း ခံစားမိသည် - သူမ၏ ခန္ဓာကိုယ်သည် လျှပ်စစ်အားနှင့် ထိတွေ့လိုက်ရသလိုပင် ထုံထိုင်းသွားပြီး နေရာတိုင်းကို ပျံ့နှံ့နေသည်။

သူမ မျက်လုံးကေို မော့ကြည့်လိုက်သောအခါ မော့ကျိုးယွီ၏ ခန့်ညားထည်ဝါ ဆွဲဆောင်မှုရှိသော မျက်နှာကို မြင်လိုက်ရသည်။

ဟဲကျစ်ယန်၏ မျက်နှာမှာ မီးလောင်နေသလိုပင်။ ထိုရှက်စရာကောင်းသော အခြေအနေမှ ရုန်းထွက်ချင်သောကြောင့် သူမကိုဖက်ထားသော ထိုလူ့အား အလျင်အမြန် တွန်းလိုက်သည်။

မော့ကျိုးယွီလဲ သတိပြန်ဝင်လာသည်။ ရှက်သွေးဖြာသွားကာ သူမ၏ ခါးမှ သူ့လက်များကို အမြန်‌ဖယ်လိုက်သည်။

နှစ်ယောက်သား ခေါင်းများကို တစ်ဖက်စီ လှည့်ထားကြကာ တစ်ယောက်နှင့်တစ်ယောက် ထပ်မကြည့်ရဲကြတော့ပေ။

အချိန်အတော်ကြာ အနေရခက်စွာ တိတ်ဆိတ်နေကြပြီးနောက် မော့ကျိုးယွီက စကားစပြောလိုက်သည်။ “သွားကြစို့။ ကိုယ်တို့ ပြန်သင့်ပြီ”

“အိုး” ဟဲကျစ်ယန်သည် မော့ကျိုးယွီဘေးမှ ကပ်ကာ လျှောက်လာသည်။ သူမတွင် ရှက်တတ်သော မျက်နှာဖက်ခြမ်း ရှိလိမ့်မည်ဟု အိမ်မက်ပင် မမက်ခဲ့‌ဖူးပေ။

ပြန်လာသည့် တစ်လမ်းလုံး နှစ်ယောက်လုံး တိတ်ဆိတ်နေကြသည်။ အချိန်ဘယ်လောက်ကြာသွားလဲ မသိပေ၊ နောက်ဆူံးတွင် သူမတို့ တည်းခို‌ဆောင်သို့ ပြန်ရောက်လာကြ၏။

သူမတို့ ပြန်ရောက်လာသည့် အသံကိုကြားရသောအခါ မော့မိသားစုဝင်များ၏ ရင်ထဲမှ အလုံးကြီး အောက်ကျသွားရသည်။

‌မော့ကျိုးယွီနှင့် ထူးဆန်းသော အခြေအနေကို ရှောင်ရှားလိုသောကြောင့် ဟဲကျစ်ယန်သည် သူမ၏ မရီးများနှင့် စကားသွားပြောနေလိုက်သည်။

ညမိုးချုပ်မှ သူမတို့အခန်းသို့ ပြန်လာရပြီးနောက် နှစ်ယောက်သား မျက်နှာချင်းဆိုင်ရပြန်တော့သည်။

အခန်းသည် အလွန်တိတ်ဆိတ်နေသောကြောင့် တစ်ယောက်၏ နှလုံးခုန်သံကိုပင် တစ်ယောက်က ကြားရပေသည်။

နောက်ဆုံးတွင် တိတ်ဆိတ်မှုကို စတင်ဖြိုခွဲလိုက်သူက မော့ကျိုးယွီပင်။

“အမ်း .. မင်း စောစောနားသင့်တယ်”

“အမ်း” ဟဲကျစ်ယန်သည် သူမဘက်က စောင်အောက်တွင် ခေါင်းမြီးခြုံထားလိုက်ပြီး နံရံဘက်သို့ ပိုကပ်လိုက်သည်။

ထိုကဲ့သို့ပင် မော့ကျိုးယွီသည်လည်း ကုတင်အစွန်းတွင် ပြုတ်မကျရုံတမယ်သာ ရှိနေသည်။

သူ သောက်ခဲ့သည့် အရက်များကြောင့် ထင်သည်၊ မော့ကျိုးယွီသည် ယနေ့ညတွင် ပို၍ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။

သူမ၏ အိပ်မပျော်ခြင်းက မနက်ဖြန်ခရီးဆက်ဖို့ကို အနှောင့်အယှက်မပေးရန်အတွက် ဟဲကျစ်ယန်သည် အိပ်ဆေးသောက်ကာ အိပ်စက်လိုက်တော့သည်။

ရလဒ်အနေဖြင့် ဤညသည် နှစ်ယောက်သား အတူတူ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့သော ပထမဆုံးည ဖြစ်သွားသည်။

သူမ အိပ်ဆေးသောက်ခဲ့သော်လဲ ဟဲကျစ်ယန်၏ ဇီဝနာရီက အချိန်မှန်သည်။

ပုံမှန်နာရီအတိုင်း သူမ နိုးလာခဲ့သည်။

သို့သော် ယနေ့က ပုံမှန်ထက် ကွဲပြားနေသည်။ သူမကိုယ်သူမ ဧရာမမီးဖိုကြီးထဲ ရောက်နေသည်ဟု ခံစားနေရ၏။

မျက်လုံးများ ပိတ်ထားသော်လဲ သူမ၏ မျက်နှာက မာကျောသော အရာနှင့် တိုက်မိနေပြီး သူမ၏ ခန္ဓာကိုယ်ကတော့ တစ်ခုခုဖြင့် အဖိခံထားရသလိုပင်။

သူမ ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ အံ့ဩစရာကောင်းစွာ သူမ၏ မြင်ကွင်းထဲရောက်လာသည်မှာ အမျိုးသားတစ်ယောက်၏ ရင်အုပ်ကြီးပင်။

သူမ၏မျက်နှာသည် ရင်အုပ်ကြီးပေါ် ကပ်လျက်သားဖြစ်နေသည်။ သူမ၏ ခန္ဓာကိုယ်ကို ဖိထားသောအရာမှာ မော့ကျိုးယွီ၏ လက်နှင့် ခြေထောက် တစ်ချောင်း ဖြစ်သည်။

သူမ၏ ထုံကျင်နေသော လက်မောင်းကို ကြည့်လိုက်သောအခါ မော့ကျိုးယွီ၏ ခါးကို ဖက်ထားသည်ကို တွေ့လိုက်ရသည်။

မြတ်စွာဗုဒ္ဓ...၊ သူမ တကယ်ကြီး တစ်ညလုံး ဒီလူနဲ့ ဖက်အိပ်ခဲ့မိတာလား။

ရှက်စရာကောင်းသော အခြေအနေကြီးကို ရှောင်ရှားလိုသောကြောင့် ဟဲကျစ်ယန်သည် သူမလက်ကို မော့ကျိုးယွီ၏ ခါးမှ ဖယ်လိုက်ပြီး ခန္ဓာကိုယ်ကို နောက်သို့ပြန်ဆုတ်လိုက်သည်။

အမှန်တကယ်တော့ မော့ကျိုးယွီလဲ နိုးနေပြီဖြစ်သည်။

အရွယ်ရောက်ပြီးသား အမျိုးသားတစ်ဦးဖြစ်သော်လဲ ဒါက ပထမဆုံးအကြိမ် အမျိုးသမီးတစ်ယောက်နှင့် နီးနီးကပ်ကပ် နေဖူးခြင်းပင်။ သူက ဤခံစားချက်ကို သဘောကျသော်လဲ ဟဲကျစ်ယန် ငြင်းပယ်မည်ကို ကြောက်ရွံ့မိသည်။

သေချာပေါက် ကသိကအောက် အခြေအနေကြီးကို ကျော်ဖြတ်ရပြီး ဤကြည်နူးဖွယ် အထိအတွေးကို့ အဆုံးသတ်ရမှာထက်စာရင် မော့ကျိုးယွီသည် အိပ်ချင်ယောင်သာ ဆောင်နေပေမည်။

သို့သော် ဟဲကျစ်ယန်ကတော့ သူမ ဂရုတစိုက်လုပ်လေလေ ပိုပြီး ကယောင်ကတမ်း ဖြစ်လာလေလေပင်။ သူမ ရွေ့နေတုန်း သူမ၏ ဒူးခေါင်းသည် မထိသင့်သော အရာတစ်ခုကို သွားထိလိုက်မိသည်။

သူမ၏ အရင်ဘဝတွင် ၂၄ နှစ်ကြာ ကာမကိစ္စ ကင်းကင်းရှင်းရှင်း နေခဲ့သော်လဲ သိသင့်သည်များကို အခြေခံလောက်တော့ သိထားပေသည်။

ဟဲကျစ်ယန်သည် လန့်သွားသောကြောင့် အသံထွက်လိုက်မိ၏။

တစ်ချိန်တည်းပင် မော့ကျိုးယွီသည်လည်း ခပ်တိုးတိုး ညည်းညူသံကို မထိန်းလိုက်နိုင်ပေ။

သူတို့မျက်လုံးချင်း ဆုံသွားကြသည်။ နှစ်ယောက်သား ချက်ချင်းပင် နောက်သို့ ဆုတ်လိုက်ကြ၏။

ကံကောင်းစွာပင် ဟဲကျစ်ယန်၏နောက်တွင် နံရံရှိနေသောကြောင့် သူမ နေရာအကျယ်ကြီး ရွှေ့လိုက်သော်လဲ ပြဿနာ မရှိပေ။

မော့ကျိုးယွီကတော့ ကံမကောင်းရှာပေ။ ‌အနောက်ကို အားဖြင့် ဆုတ်လိုက်သောကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး ကုတင်အောက်သို့ ကျသွားရသည်။

ကံကောင်းစွာဖြင့် သူ့သိုင်းပညာလေးက ဝင်ကူလိုက်သောကြောင့် ပေါ့ပေါ့ပါးပါး ချက်ချင်းထလိုက်ကာ ဟဲကျစ်ယန်ရှေ့တွင် အရှက်ရမည့်အဖြစ်မှ ရှောင်လိုက်နိုင်သည်။

မော့ကျိုးယွီက ဘာမှမသိတတ်သည့် လူငယ်လေးလို နေရာတွင် တောင့်တောင့်ကြီး ရပ်နေတာကို မြင်လိုက်သောအခါ ဟဲကျစ်ယန်မှာ ရယ်ချင်သွားမိသည်။

သို့သော် သူမကိုယ်သူမ ကြိုးစားကာ ထိန်းလိုက်သည်။

ထူးဆန်းနေမှုကြီး ပျောက်သွားရန်အတွက် သူမပါးစပ်မှ စကားများထွက်လာခဲ့သည်။

“လက်ထပ်ထားတဲ့ ဇနီးမောင်နှံတွေ ဖက်တာက ဘာမှမဖြစ်ပါဘူး။ အရမ်းကြီး စိတ်မဖိစီးပါနဲ့”

‌ယောက်ျားထဲက ယောက်ျားဖြစ်သော မော့ကျိုးယွီအတွက်တော့ ထိုစကားသည် သူ့နားထဲတွင် သံကွန်ချာကြီးလိုပင်။

ဒီစကားတွေက သူပြောရမဲ့ဟာကို ဒီအမျိုးသမီးလေးက ဘာလို့ လုပြောသွားရတာလဲ။

“ကိုယ် မင်းကို အိမ်ထောင်ပြုခြင်း မင်္ဂလာနဲ့ပြည့်စုံတဲ့ မင်္ဂလာဦးည အကြွေးတင်နေသေးတာ သိပါတယ်။ အနောက်မြောက်အရပ်မှာ အခြေအနေတွေ အတည်တကျ ဖြစ်သွားတာနဲ့ ကိုယ်သေချာပေါက် အကြွေးပြန်ဆပ်မှာပါ”

မော့ကျိုးယွီ ပြောနေရင်းနှင့် သူ့နှလုံးသားထဲက ငိုကြွေးသံသေးသေးလေး ထွက်နေသည် : မင်းသာ ဆန္ဒရှိမယ်ဆို ကိုယ်အခုပဲ မင်္ဂလာဦးညအတွက် အကြွေးဆပ်နိုင်ပါတယ် ...။

All Chapters