← Chapters

ညစာပြဿနာ ဖြေရှင်းပြီးပြီ

Vol. 6 Ch. 87

ညစာပြဿနာ ဖြေရှင်းပြီးပြီ

Vol. 6 Ch. 87

ဂူထဲတွင် အပူချိန်မြင့်တက်လာသောအခါ အမျိုးသမီးများသည် မီးသွေးမီးဖိုအနားတွင် ဝိုင်းထိုင်လိုက်ကြပြီး အဝတ်အစားများကို အခြောက်ခံလိုက်ကြသည်။

ကံမကောင်းစွာပင် အဝတ်များ ဝတ်ဆင်ထားတုန်း အခြောက်ခံဖို့က သိပ်မလွယ်ပေ။

ထိုအရာကိုမြင်သောအခါ မော့ကျိုးယွီသည် အပြင်သို့ ခဏလောက်ထွက်ကာ တခြားဘက်တွင် မိုးခိုနေရန် တွေးလိုက်သည်။

ဟဲကျစ်ယန်သည် သူထွက်သွားသည်ကို မြင်သောအခါ အနောက်မှလိုက်ကာ မီးသွေးထုတ် အသေးနှစ်ခုကို ပေးလိုက်သည်။

“ဒါတွေယူသွားပြီး အကိုဖမ်းနဲ့ တခြားလူတွေဆီ ပေးလိုက်ဦး”

မော့ကျိုးယွီသည် ထိုမီးသွေးအိတ် အသေးနှစ်ခုကိုကြည့်ကာ ယူသွားဖို့ တွန့်ဆုတ်နေခဲ့သည်။

သူသည် ထိုမီးသွေးများကို တောင်ပေါ်သို့ ကိုယ်တိုင်သယ်လာခြင်းဖြစ်ရာ မီးသွေးဘယ်လောက်လောက်ရှိလဲ သူအသိဆုံးပင်။ သူ တခြားလူများကို မပေးလျှင်တောင်မှ မီးသွေးက အကြာကြီး မခံမှန်း သိနေသည်။

သူ့မိသားစုအတွက်တောင် လုံလောက်ရုံသာ ဖြစ်သော်လဲ တခြားသူများကိုပါ ပေးရဦးမည်။

ဟဲကျစ်ယန်က သူ့အတွေးကို နားလည်သည်။

“စိတ်မပူပါနဲ့၊ ကျွန်မမှာ အကျန်တွေ ရှိပါသေးတယ်”

မော့ကျိုးယွီသည် နိုင်ငံ့ဘဏ္ဍာတိုက်ထဲမှ ပစ္စည်းပေါင်းများစွာ တစ်ချိန်တည်း ပျောက်သွားရသည်ကို ပြန်စဉ်းစားကြည့်ပြီး ချက်ချင်းဆိုသလိုပင် ယုံကြည်ချက်များ မြင့်တက်လာခဲ့သည်။

“ကောင်းပြီ၊ ကိုယ် သူတို့အတွက် ယူပေးသွားလိုက်မယ်”

မော့ကျိုးယွီ ထွက်သွားသောအခါ ဟဲကျစ်ယန်သည် ဂူပေါက်ဝတွင် အစောင့်လေးလုပ်ကာ အထဲရှိ အမျိုးသမီးများ အဝတ်အစားများကို ချွတ်ကာ အခြောက်ခံစေလိုက်သည်။

တစ်ဖြေးဖြေးနှင့် ကောင်းကင်ကြီးက မှောင်လာသော်လဲ မိုးတိတ်သွားမည့် အရိပ်အယောင်တော့ လုံးဝ မရှိပေ။

ကံကောင်းစွာပင် ဤနေရာတွင် မြေအနေအထားက မြင့်သောကြောင့် မိုးရေများက စုပုံမနေဘဲ တောင်အောက်သို့ စီးကျသွားကြသည်။

တခြားလူများရှေ့တွင် ထိုင်နေရင်း ဖမ်းဝမ်သည် မော့ဇနီးမောင်နှံကို လေးစားမိလိုက်သည်။

“‌ညီလေး၊ မင်းနဲ့ မင်းမိန်းမက တကယ်ကို ကြိုမြင်တတ်တာပဲ။ တောင်အောက်ကနေရာတွေ အခုဆို ရေမြုပ်နေလောက်ပြီ”

မော့ကျိုးယွီသည် တစ်ခုခုကို စိတ်ပူနေ၏။

“ရွာသူကြီးလျိုက အကို အကြံပေးတာကို နားမထောင်ခဲ့ဘူးထင်တယ်”

ဖမ်းဝမ်လဲ သက်ပြင်းချလိုက်သည်။

“ငါလဲ တတ်နိုင်သလောက် ပြောခဲ့တာပဲ။ ရွာသူကြီးလျိုက နဂိုထဲက ခေါင်းမာတာကွ။ သူက အမြဲတမ်း ငါက အကြောက်လွန်နေတာလို့ပဲ ထင်နေတယ်”

မော့ကျိုးယွီသည် အကူအညီမဲ့စွာ ခေါင်းယမ်းလိုက်ပြီး ဘာလုပ်ရမလဲ မသိတော့ပေ။

နှစ်ယောက်သား စကားပြောနေကြသည်ကို မြင်ကာ ကျန်းချင်သည် စကားဝိုင်းထဲ တိုးဝင်လာသည်။

“ခေါင်းဆောင်၊ ‌ကျွန်တော်တို့ တောင်ပေါ်တက်လာလို့ ရေကြီးမှုဒဏ်က လွတ်သွားပေမဲ့ ကျွန်တော်တို့ ဒီနေရာမှာပဲ ဗိုက်ဟောင်းလောင်းနဲ့ တစ်ရက် နှစ်ရက်လောက် နေရင် သေသွားမှာပဲ မဟုတ်ဘူးလား”

ထိုအရာမှာ ဖမ်းဝမ်လဲ စဉ်းစားမိပေသည်။ ပထမတွင် သူသည် မိုးခိုဖို့အတွက် တောင်ပေါ်တွင် တစ်ညပဲနေကာ နောက်တစ်နေ့မနက် ပြန်ထွက်ကြမည်ဟု တွေးထားခဲ့သည်။

သို့သော် အခုထိရွာနေသေးသော မိုးကိုကြည့်ပြီး သူ အနည်းငယ် မသေချာ မရေရာ ဖြစ်လာခဲ့သည်။

ထိုအချိန်တွင် မော့ကျိုးယွီက ရုတ်တရက် ထရပ်ကာ ဂူပေါက်ဝသို့ လျှောက်သွားလေသည်။

မော့ကျိုးယွီ၏ ပုံစံမှာ ခန့်မှန်းဖို့ မခက်ခဲပေ။ တစ်ခုခု ဖြစ်သွားခြင်း ဖြစ်ပေမည်။

နှစ်ယောက်သား သူ့နောက်မှလိုက်ကာ ဂူပေါက်ဝသို့ ထွက်လာလိုက်သည်။

“ညီလေး၊ ဘာဖြစ်လို့လဲ”

မော့ကျိုးယွီသည် ဖမ်းဝမ်ကို တိတ်တိတ်နေဂန် အချက်ပြလိုက်သည်။ “အကိုကြီးဖမ်း၊ ကျွန်တော့်ကို ဓားငှားပါ။ ကျွန်တော် တောဝက်အော်သံကို ကြားလိုက်ရတယ်ထင်တာပဲ”

တောဝက်ရှိသည်ဟု ကြားလိုက်ရသောအခါ ဖမ်းဝမ်သည် ရှင်းမပြနိုင်စွာပင် အလွန်စိတ်လှုပ်ရှားသွားရသည်။

သူနှင့် အရာရှိအနည်းငယ်သာရှိလျှင် သူ အလွန်စိတ်ပူမိမှာဖြစ်သည်။ သို့သော် သူ့ရှေ့တွင် ရပ်နေသောသူသည် တာ့ရွှင်းမင်းဆက်ဟ အငယ်ဆုံး စစ်နတ်ဘုရား ဖြစ်သည်။ သူ ချက်ချင်းပဲ စိတ်သက်သာရာ ရသွား၏။

ဖမ်းဝမ်သည် ကျန်းချင်၏ဓားကိုယူကာ မော့ကျိုးယွီလက်ထဲသို့ ထည့်ပေးလိုက်သည်။ “ဂရုစိုက်ဦး ညီလေး”

မော့ကျိုးယွီက ဂူထဲမှ ထွက်သွားတာကို မြင်လိုက်သောအခါ ဖမ်းဝမ်သည်လည်း ဓားကိုကိုင်ကာ နောက်မှ လိုက်သွားသည်။

“ညီလေး အကို ကူညီမယ်”

တစ်ချိန်တည်းပင် ဟဲကျစ်ယန်သည်လည်း အပြင်ဘက်မှ လှုပ်ရှားမှုများကို ကြားရသည်။

သူမ၏ အတွေးဖြင့် အပြုံးလေးတစ်ပွင့် ပေါ်လာသည်: ညစာကတော့ ဟန်ကျပြီ။

သူမ ဂူထဲမှထွက်လိုက်စဉ် အရှေ့ဘက်ရှိ ခြုံပုတ်များထံမှ မော့ကျိုးယွီ၏ ပြေးသွားသော ပုံရိပ်လေးကို တွေ့လိုက်ရသည်။ ဖမ်းဝမ်က နောက်မှပြေးလိုက်သွားသော်လဲ မော့ကျိုးယွီကို မမှီပေ။

မော့ကျိုးယွီ လှုပ်ရှားလိုက်ပြီမှန်း သိသောအခါ ဟဲကျစ်ယန်သည် အေးအေးဆေးဆေးပင် ဂူပေါက်ဝသို့ ပြန်လာခဲ့လိုက်သည်။

ဒီလောက်မိုးသည်းနေသည့်အချိန်တွင် မော့ကျိုးယွီ၏ အန္တရာယ်ကို ကြိုသိစိတ်ကြောင့်သာ မဟုတ်ပါက သူမတို့ ဤတောဝက်ကြီးကို ဒီလောက်မြန်မြန် ရှာတွေ့မှာမဟုတ်ပေ။

အဝေးက တောဝက်၏ အော်သံသည် မုန်တိုင်းအသံများကြောင့် နစ်မြုပ်သွားသည်။

သိပ်မကြာခင်ပင် မော့ကျိုးယွီနှင့် ဖမ်းဝမ်တို့သည် အနက်ရောင် တောဝက်ကြီကို ဆွဲကာ ပြန်လာကြသည်။

ဖမ်းဝမ်သည် တခြားမိသားစု ၃ ခုမှ ယောက်ျားလေးများကိုခေါ်ကာ တောဝက်ကို သန့်ရှင်းရေး လုပ်ခိုင်းလိုက်၏။

ထိုအခါမှသာ လူတိုင်းသည် မော့ကျိုးယွီက မိုးရေထဲတွင် တောဝက်ကို အမဲလိုက်ရဲသည်အထိ သတ္တိရှိကြောင်း သတိပြုမိသွားကြသည်။

အရမ်းကောင်းတယ် - အနည်းဆုံးတော့ သူတို့ ဒီည မငတ်တော့ဘူးပေါ့။

တ၏်ချိန်တည်းမှာပင် သူတို့သည် ဖမ်းဝမ်က သူတို့ကို တောင်ပေါ်ခေါ်လာရသည့် အကြောင်းရင်းကိုလဲ သတိပြုမိလာကြသည်။ ဤမျှ မရပ်မနား မိုးသည်းထန်စွာ ရွာသွန်းနေသဖြင့် တောင်အောက်ဘက်ရှိ နေရာများမှာ ရေမြုပ်သွားမှာ အသေအချာပင် ဖြစ်သည်။

သူတို့၏ ပိုင်ဆိုင်မှုများ ဆုံးရှုံးသွားရသော်လဲ အသက်ရှင်နေသေးသောကြောင့် ကံကောင်းသည်ဟု ခံစားလိုက်ကြရသည်။

ဤအချိန်တွင် အမျိုးသမီးများ၏ အဝတ်အစားများ ခြောက်လောက်ပြီဟု တွေးမိသောကြောင့် မော့ကျိုးယွီသည် သူ့မိသားစုများနေသော ဂူသို့သာ ပြန်ခဲ့လိုက်သည်။

ညစာအတွက် တောဝက်သား ရှိသည်ဟုကြားရသောအခါ လူတိုင်၏မျက်နှာတွင် အပြုံးပန်းများ ဝေဆာလာကြသည်။

ဟဲကျစ်ယန်က ပိုပြီး သတိရှိသည်။ မော့ကျိုးယွီ၏ အဝတ်အစားများက ထပ်စိုလာသည်ကို မြင်သောအခါ သူမသည် သူ့အား မီးဖိုဘေးတွင် ထိုင်ခိုင်းကာ ကောင်းကောင်း အခြောက်ခံခိုင်းလိုက်သည်။

တစ်ချိန်တည်းပင် မော့ကျိုးယွီသည် ထောင့်တွင် ပုံထားသော မီးသွေးများသည် ယခင်ကထက် ပိုများလာသည်ကို သတိပြုလိုက်မိ၏။

သူသည် ‌ဟဲကျစ်ယန်သည် လေးလေးနက်နက် စိုက်ကြည့်လိုက်သော်လဲ သူ့မျက်လုံးထဲက စူးစမ်းနေသည့်အကြည့်မှာ ယခင်ကလို မပြင်းထန်တော့ပေ။

ဤကဲ့သို့သော ထူးဆန်းသည့်အရာများစွာကို ကြုံတွေ့ခဲ့ပြီးပြီဖြစ်ပြီး ကျင့်သားရစပြုလာခဲ့သည် ...

ဟဲကျစ်ယန်သည် တဲအိမ်ကို ဆောက်လိုက်ပြီး သစ်ကိုင်းတချို့ရှာရန် အပြင်သို့ထွက်လိုက်သည်။

တခြားနည်းလမ်း မရှိပေ - ချက်ပြုတ်စရာပစ္စည်းအားလုံး ရွာသူကြီးလျို၏ အိမ်တွင်ကျန်နေခဲ့သောကြောင့် ထိုတောဝက်သားကို မီးဖြင့်ကင်စားဖို့သာ ဖြစ်နိုင်ပေသည်။

ဘာပဲဖြစ်ဖြစ် ဗိုက်ဖြည့်နိုင်တာက အဆင်ပြေလှပြီဖြစ်သည်။

အရာရှိများလဲ မချန်ပေ။ တောဝက်ကြီးကို မကြာခင် စားရနိုင်ဖို့အတွက် လူတိုင်း ဓားမြှောင်များ ဓားရှည်များကိုထုတ်ကာ ဟဲကျစ်ယန်လိုအပ်သည့် ပုံစံအတိုင်း အတုံးလေးများ တုံးပေးနေကြသည်။

အမျိုးသမီးများက တောဝက်သားများကို တံစို့ထိုးကြသည်။

လူအများကြီးအတွက် ဟဲကျစ်ယန်တစ်ယောက်ထဲ ချက်ရမည်ဆိုပါက အလွန်အလုပ်ရှုပ်‌မှာဖြစ်သည်။ ထို့ကြောင့် ဂူသုံးခုလုံး မီးများဖိုလိုက်ကာ လူတိုင်း ကိုယ့်မိသားစုအတွက်ကိုယ် ကင်ကြတော့သည်။

အရာရှိများနှင့် တခြားမိသားစုသုံးခုတွင် ဟင်းခတ်အမွှေးအကြိုင်များ မရှိသောကြောင့် တောဝက်သားကို ဒီအတိုင်းသာ စားကြရသည်။ သို့သော် မော့မိသားစုကတော့ ကွဲပြားသည်။

ဟဲကျစ်ယန်၏ အိတ်ကပ်ထဲတွင် အကုန်လုံး နည်းနည်းစီ ရှိနေကြသည်။

ဆားလဲ ရှိပြီး သူမသည် ဟင်းသီးဟင်းရွက်ဆီပုလင်း သေးသေးလေးကို ထုတ်ယူလိုက်သည်။

ထိုအရာက အကုန်လုံး မဟုတ်သေးပေ။ ဟဲကျစ်ယန်သည် အသားကင်နေတုန်း အရသာမပြင်းသော ဟင်းခတ်အမွှေးအကြိုင် တချို့ကို တိတ်တိတ်လေး ဖြူးလိုက်သည်။

မော့မိသားစု၏ ယနေ့ညစာက အလွန်အရသာရှိသည်ဟု ဆိုနိုင်ပေသည်။

ထို့အပြင် ဟယ်မိသားစုသည်လဲ သည်းထန်နေသော မိုးကြီးကြောင့် အကျိုးကျေးဇူးရကာ ပထမဆုံးအကြိမ်အနေနှင့် တခြားလူများ စားသလို စားခွင့်ရခဲ့ကြသည်။

အရာရှိများတွင် သူတို့ကို ဝေဖို့ရာ ဂျုံကြမ်းပေါင်မုန့်များ မရှိသောကြောင့် သူတို့ကို အဆာတော့ မခံခိုင်းနိုင်ပေ။ အထူးသဖြင့် တောဝက်သား အများကြီး ရှိနေပြီး လူတိုင်းအတွက် လုံလောက်နေသောအချိန်တွင်ဖြစ်သည်။

ထို့ကြောင့် ဖမ်းဝမ်သည် မျက်လုံးတစ်ဖက် မှိတ်ပေးကာ သူတို့ကိုလဲ တောဝက်သားများ အချိုးကျပေးလိုက်သည်။

လူတိုင်း စားသောက်ပြီး အနားယူရန် ပြင်ဆင်နေချိန်တွင် အဝေးဆီမှ အမျိုးသမီးများ၏ အော်ငိုသံနှင့် ကလေးငိုသံများကို ကြားလိုက်ကြရသည်။

မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

“အဲ့ဒါ အဲ့ဒီရွာသားတွေပဲဖြစ်မယ်” မော့ကျိုးယွီက သေချာစွာ ပြောလိုက်သည်။

“ဟုတ်တယ်၊ တောင်အောက်က အခြေအနေက ကျွန်မတို့ ထင်ထားတာထက် ဆိုးနေပုံပေါက်တယ်” ဟဲကျစ်ယန်က ပြောလိုက်ကာ သူမ၏ အတွေးဖြင့် ခန့်မှန်းလိုက်သည်။

ငိုသံများနှင့် ခြေလှမ်းများက နီးသထက်နီးလာသည်။

ဘယ်သူမှ ဂရုမစိုက်မိသည့်အချိန်တွင် ဟဲကျစ်ယန်သည် ထောင်းပေါင်မှ ရှေးခေတ်ပုံစံ သစ်သားမီးတုတ် တစ်ချောင်း ဝယ်ကာ မီးထွန်းပြီး မော့ကျိုးယွီကို ပေးလိုက်သည်။

မီးတုတ်ကို ကိုင်ထားရင်း မော့ကျိုးယွီသည် ဂူအဝသို့ သွားလိုက်၏။

မီးရောင်ခပ်ဝါးဝါးအောက်တွင် လူတစ်စုသည် တောင်ပေါ်သို့တက်လာကာ သူတို့ဆီသို့ ဦးတည်လာနေကြောင်း တွေ့လိုက်ရသည်။

မော့ကျိုးယွီက အပြင်ဘက်မှ လူများကို သတိပြုမိချိန်တွင် ဖမ်းဝမ်လဲ အပြေးအလွှား ရောက်လာသညါ။

“ညီလေး၊ ရွာကြီးတော့ အကုန်လုံးရေမြုပ်သွားလောက်ပြီ”

“ကံကောင်းလို့ပေါ့၊ သူတို့ တောင်ပေါ်တက်လာလို့ အသေအပျောက်ကတော့ သိပ်မများလောက်ပါဘူး” မော့ကျိုးယွီသည် လေးလံသော အသံဖြင့် ပြန်ပြောလိုက်သည်။

All Chapters