← Chapters

အလာဘတ်စတာ အရိုးငယ်

Vol. 30 Ch. 450

အလာဘတ်စတာ အရိုးငယ်

Vol. 30 Ch. 450

ဆန်နီက ထိခိုက်မူတွေကြောင့် ပျက်ဆီးနေတဲ့ မီးတောင်ကျောက်ပေါ်ကို လျောက်သွားရင်း..ဖြည်းညှင်းစွာပဲ..အဖြူရောင် အရိုးနားကို ချည်းကပ်လာခဲ့တယ်။ယင်းနောက် သူ့ရဲ့ ဘေးနားမှာ ဒူးထောက်လိုက်ပြီး ၊ ရွှေရောင်အလင်းရောင်တွေကို လေ့လာနေခဲ့ပါတယ်။

ထိပ်လန့်စရာ ဆွေးမြေ့မူ လက္ခဏာတွေကျန်နေသေးလား ဆိုတာကို သူက သုံးသပ်နေခဲ့တယ်။တစ်ချိန်တည်းမှာပဲ ဒီတောက်ပတဲ့ အရိုးက သူ့ကို ဆွဲဆောင်နေသလို ခံစားရပြီး..အကြည့်လွှဲဖို့ ခက်ခဲနေတာကို တွေ့လိုက်ရတယ်။

' ရူးသွပ်မူစရာတွေ အားလုံးလုပ်ဆောင်ခဲ့ရတာက ဒီအရိုးအပိုင်းအစလေး အတွက်တဲ့လား..။သူ့မှာ ဘယ်လို လျိုဝှက်ချက်တွေရှိနေတာလဲ..'

သူက ခနလောက်တွေဝေနေပြီးနောက်မှာ..အောက်ကို ကိုင်းပြီး အရိုးကို ကောက်ကိုင်လိုက်ပါတယ်။

ဆန်နီကတော့ ဝီဗာရဲ့ မျက်နှာဖုံးနဲ့တုနိးက ဖြစ်ပျက်ခဲ့သလိုမျိုး ဒီအရာက အလင်းစက်ကလေးတွေအဖြစ် ပြောင်းလဲသွားပြီး..အခိုက်အတန့်က မှတ်သားမူအသစ် ရရှိပါပြီလို့ ကြေညာမယ်လို့ ထင်ထားခဲ့တာပါ။ဖြစ်န်ိုင်တာကတော့..ဆားငံရည်စက်လိုမျိုး မှတ်သားမူ နောက်တစ်ခုပေါ့။

သို့ပေမယ့် ဒီအရာတွေ တစ်ခုမှဖြစ်မလာခဲ့ပေ။

အရိုးက ကိုင်တွယ်လိုက်တာနဲ့ အေးစက်ပြီး နူးညံ့နေခဲ့တယ်။သူ့ရဲ့အတွင်းမှာ ရိုးတွင်းခြင်ဆီတွေ ရှိနေဆဲဖြစ်ပြီး..စိုစွတ်ကာ ၊ရွှေရောင်အလင်းတန်းတွေနဲ့ တောက်ပနေခဲ့တယ်။ဆန်နီ စိတ်ဝင်တစားနဲ့ ငူတူတူဖြစ်သွားခဲ့တယ်။သူက အခု ဘာဆက်လုပ်ရမှာလဲ။

သူ့လက်ထဲမှာရှိနေတဲ့ အရိုးက မှတ်သားမူတစ်ခု အဖြစ်ပြောင်းလဲမှာမဟုတ်ဘူး ဆိုတာကိုတော့ အတော်လေး ခံစားနေခဲ့ရပါတယ်။ဘာပဲဖြစ်ဖြစ်..မှတ်သားမူတွေဆိုတာက စစ်မှန်တဲ့ အရာဝတ္တုတွေကို ကူးယူပြီး အခိုက်အတန့်က ပြန်လည် ဖန်တီးထားခဲ့တာပါ။ထပ်တူညီမူတွေလို အမှန်တကယ်သားရဲတွေကို ကူယူထားတာ ဒါမှမဟုတ် အခိုက်အတန့်က မသိနိုင်တဲ့ စည်းမျဥ်းတွေနဲ့ ဖန်တီးထားတဲ့ အရာတွေလည်း ရှိနိုင်ပါတယ်။

သိုပေမယ့်..ဒါက..ဒါက တကယ်ကို အစစ်အမှန်ကြီးပါပဲ။

ဒီအရိုးက အခိုက်အတန့်နဲ့ ဘာမှသက်ဆိူင်ခြင်း မရှိပေ။ဒါက ပြန်လည်ဖန်တီးထားတဲ့ အရာမဟုတ်ပဲ..တကယ်ကို အစစ်အမှန်တစ်ခုပါ။

ဆန်နီက မျက်မှောင်ကျုတ်ထားပြီး သူ ဒီအရာကို အသုံးပြုဖို့အတွက် ဘယ်လိုလုပ်ရမလဲဆိုတာကို မသေချာတဲ့ ခံစားချက်တွေ ရှိနေခဲ့တယ်။

ယင်းနောက် မြင်ကွင်းတစ်ချို့က သူ့မြင်ကွင်းမှာပေါ်လာခဲ့ပါတယ်။အမှောင်မြို့တော်ရဲ့ ပျက်ဆီးနေတဲ့ ဘုရားကျောင်းမှာတုန်းက..သူတော်စင်က အနက်ရောင်စစ်သည်ရဲ့ အကြွင်းအကျန်တွေပေါ်မှာရပ်ပြီး သူမရဲ့လက်ထဲမှာ အနက်ရောင်ကျောက်မျက်တစ်လုံးကို ကိုင်ထားခဲ့တယ်။သူမရဲ့ ပတ္တမြားရောင် မျက်လုံးထဲမှာ ခံစားချက်တစ်ချို့ဖြစ်ပေါ်လာခဲ့ပြီး သူမက ကျောက်မျက်ကို မြှောက်ကာ သူမပါးစပ်ထဲကိုထည့်ပြီး စားသုံးခဲ့ပါတယ်။

ဒီပုံရိပ်တွေကို အပြည့်အဝ ပုံမဖော်နိုင်ခင်မှာပဲ..ဆန်နီက ထူးဆန်းတဲ့ အလိုလျောက်သိစိတ်အတိုင်း လိုက်လုပ်လိုက်တယ်။သူက သိပ်တောင်စဥ်းစားမနေခဲ့ပဲ..ပါးစပ်ကိုဟကာ အရိုးအပိုင်းအစကို ထည့်ပြီး ဝါးစားလိုက်ပါတယ်။

'ဘာလဲ..'

သူ မျက်တောင် အကြိမ်အနည်းငယ် ခတ်လိုက်တယ်။

' ငါ ဘာလုပ်လိုက်တာလဲ..'

ဆန်နီက သူ့ရဲ့ လက်ထဲမှာ အစောတုန်းက ရှိနေခဲ့တဲ့ နတ်ဘုရား အရိုး မရှိတော့တာကိုကြည့်ပြီး မျက်လုံးပြူးကျယ်သွားခဲ့တယ်။

ယင်းနောက်..ဒေါသကြီးတဲ့ မီးတောက်တစ်ခုက သူ့ရင်ဘတ်ထဲမှာ တောက်လောင်လာသလို ခံစားလာခဲ့ရပါတယ်။

' ခရက် '

***

ဆန်နီက ကြမ်းပြင်ပေါ် လဲကျသွားခဲ့ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ပြင်းထန်တဲ့ နာကျင်မှုတစ်ခု ဖြတ်သန်းနေတာကို ခံစားလိုက်ရပါတယ်။ဒီနာကျင်မှုမျိုးကို

သူအရင်က ခံစားဖူးပြီး ကောင်းကောင်း မှတ်မိနေခဲ့တယ်။ဒါက သူရဲ့ သဘာဝတည်ရှိမူကနေ မဖြစ်သင့်တဲ့ အရာတစ်ခုအဖြစ်ကို အတင်းအကျပ် ပြောင်းလဲခံနေရတဲ့ခံစားချက်မျိုးပါပဲ။ဘယ်အရာကမှ မဖြစ်သင့်တဲ့ အရာမျိုး...

ဒါမှမဟုတ် ရိုးရှင်းစွာပဲ ဖြစ်ခွင့်မပြုထားတဲ့ အရာတစ်ခု အဖြစ်ပါ။

ဒါက ပထမအိပ်မက်ဆိုး ကို အောင်မြင်ပြီးချိန် ဒါမှမဟုတ် အိပ်မက်ကမ္ဘာ ကနေပထမဆုံး ပြန်လာတဲ့အချိန်မှာ ခန္ဓာကိုယ်တစ်ခုလုံး ပြိုကွဲပျက်စီးသွားပြီး ပြန်လည်တည်ဆောက်ခံရကာ နောက်တစ်ကြိမ် ပြိုကွဲသွားသည့် ခံစားချက်နဲ့ ဆင်တူနေခဲ့ပါတယ်။

"အာ..ဒီလို ဖြစ်ပြန်ပြီ.."

ဒီနိုပ်စက်တဲ့ ခံစားချက်မျိုးက..ဝီဗာရဲ့သွေးစက်ကို သောက်မိပြီး ဖြစ်ကျော်ရတဲ့ ခံစားချက်တွေ နဲ့ တစ်ထပ်တည်းပါပဲ။အရင်တုန်းကတော့ သူ့ ရဲ့ကြွက်သားတွေ ၊ အမျှင်တွေ ၊ ခန္တာကိုယ်ရဲ့ အစိတ်အပိုင်းတွေဟာ ဖျက်ဆီးခံခဲ့ရပြီး အကြိမ်ကြိမ်ပြန်လည် တည်ဆောက်ခဲ့ကာ..တစ်ကြိမ်စီမှာလည်း အနည်းငယ်စီ ပြောင်းလဲလာခဲ့ပါတယ်။အထူးသဖြင့် ဒီနိုပ်စက်တဲ့ အရာတွေက သူ့ မျက်လုံးဆီကို ရောက်လာတဲ့အချိန်မှာ..ပူလောင်ပြီး နီရဲနေတဲ့

သံတုတ်ချောင်းနှစ်ခုကို သူ့ရဲ့ မျက်လုံးထဲ ထိုးထည့်နေသလို ခံစားနေခဲ့ရတာပါ။

ဒီတစ်ကြိမ်တော့ ကွာခြားနေခဲ့တယ်။

နာကျင်မူက သူ့ရဲ့ကျောရိုး ၊ အရိုးတွေ နဲ့ သူတို့အထဲမှာ ရှိနေတဲ့ ရိုးတွင်းခြင်ဆီ တွေဆီမှာ ဦးတည်ဖြစ်နေခဲ့တယ်။အထူးသဖြင့် သူ့လက်ချောင်းတွေမှာ အရည်ပျော်ပြီး ၊ အရမ်းကိုပူလောင်တဲ့ သတ္တုရည်တွေ စီးဆင်းနေသလို ခံစားနေခဲ့ရပါတယ်။

ဆန်နီ အော်ဟစ်နေခဲ့ရတယ်။

"ချီးပဲ.ဘုရားရေ..။ချီးတဲ့မှပဲ...။ချီးပဲ..."

ဒါက အရမ်းနာကျင်လွန်းတယ်..။

သို့ပေမယ့် ဒီတစ်ကြိမ် နိုပ်စက်မူတွေက ဝိဥာဥ်စားသုံးခြင်း သစ်ပင်ရဲ့ အကိုင်းအခတ်ပေါ်မှာ ကြုံတွေ့ခဲ့ရတာလောက် မကြာမြင့်ခဲ့ပေ။မိနစ်အနည်းငယ်အတွင်းမှာပဲ..ဝီဗာသွေးက ရုတ်တရက် အသက်ဝင်လာပြီး ..သူ့ရဲ့သွေးကြောတွေထဲမှာ စီးဆင်းကာ..ကြောက်မက်ဖွယ်ရာ အပူချိန်ကို စုပ်ယူပြီး ခန္တာကိူယ်က ဆဲလ်နေရာအနှံ့ကို သယ်ဆောင်ပေးထားခဲ့တယ်။နှေးကွေးပေမယ့် သေချာစွာပဲ နာကျင်မူတွေကိုလျော့ပါးစေခဲ့ပါတယ်။

သို့ပေမယ့် ဆင့်ကဲပြောင်းလဲတဲ့ဖြစ်စဥ်က ဆက်တိုက်ဖြစ်နေခဲ့တယ်။

ဆန်နီဟာ ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေပြီး ချွေးတွေနဲ့ စိူရွှဲကာ အသက်ကို ပြင်းပြင်းရှူနေခဲ့ရတယ်။ သူက သူ့ကိုယ်မှာ ပြောင်းလဲနေတာတွေကို ခံစားနိုင်ပြီး.. ဒီခံစားချက်က ထူးဆန်းပြီး အတော် မသက်မသာဖြစ်ကာ၊ မှားယွင်းနေတယ်ဆိုတဲ့ ခံစားချက်ကိုဖြစ်ပေါ်စေပါတယ်။ သို့ပေမယ့် လွန်ခဲ့တဲ့ စက္ကန့်အနည်းငယ်က ခံစားခဲ့ရတဲ့ နာကျင်မှုလောက် တော့ပြင်းထန်ခြင်း မရှိတော့ပေ။

"ငရဲလိုပဲ...ဒါက အတော်ကြမ်းတမ်းတယ်.."

သူ့အသံက ကြမ်းတမ်းပြီး အားနည်းနေခဲ့တယ်။

ဆန်နီ ဘေးကိုကြည့်လိုက်တဲ့ အချိန်မှာတော့ သူတော်စင်က သူ့ဘေးနားမှာ ငြိမ်သက်စွာရပ်နေပြီး..အဝေးကို ဂရုမစိုက်တဲ့ အမူအရာနဲ့ကြည့်နေတာကို တွေ့လိုက်ရပါတယ်။

'ဒီလို နှလုံးသားကင်းမဲ့တာ..လုံးဝ ကိုယ်ချင်းစာတရား မရှိဘူး..'

အနည်းဆုံးတော့ ပျော်ရွှင်နေတဲ့ အရိပ်က သူ့အတွက် အတော်လေး စိတ်ပူပေးနေတဲ့ပုံပါတယ်။ဒါက ကြောက်လန့်စွာ လမ်းလျောက်နေပြီး မကြာခန ဆန်နီဘက်ကို လှည့်ကာ ခွန်အားပေးတဲ့ အမူအရာတွေ ပြုလုပ်နေခဲ့တယ်။

သုန်မှုန်တဲ့ အရိပ်ကတော့ လတ်တလောမှာ သူ့ရဲ့ ခန္တာကိုယ်ကို ရစ်ပတ်ထားရတာကြောင့် ဘာတုန့်ပြန်မူမှ မပေးနိုင်ခဲ့ပါဘူး။ဒီကောင်က သူ့ကို လှောင်ပြောင်နေလောက်မယ်ဆိုတာကတော့ သံသယရှိစရာတောင် မလိုတော့ပေ။

"ဒီငနဲက တကယ်ကို စိတ်အနှောက်အယှက်ဖြစ်စရာပဲ..။ငါက လှောင်ပြောင်တာကို ခံရနိုင်တယ်..ချီးပဲ..'

ဆန်နီ အံကိုကြိတ်ထားပြီး မျက်လုံးတွေကို ပိတ်ထားကာ သူ့ ခန္တာကိုယ်မှာဖြစ်ပေါ်နေတဲ့ ဖျက်ဆီးခံရမူနဲ့ ပြန်တည်ဆောက်မူတွေကို အကောင်းဆုံး တောင့်ခံနေခဲ့ပါတယ်။

အတော်ကြာပြီးတဲ့နောက်..အဆုံးမရှိ ကြာလောက်အောင် ခံစားရပြီးနောက်မှာ ဒီအရာက နောက်ဆုံးတော့ အဆုံးသတ်သွားခဲ့တယ်။

နက်ရှိုင်းတဲ့ စိတ်သက်သာရာ ခံစားချက်က ဆန်နီရဲ့ ကိုယ်ထဲကို ဝင်ရောက်လာခဲ့ပါတယ်။ဒါက တစ်နည်းအားဖြင့် ပိုပြီး ကျစ်လစ် ၊ သန်မာပြီး ၊ မြဲမြံလာသလို ခံစားလိုက်ရတယ်။

ခုခံနိုင်စွမ်း..။

'ငါက ဘာကို...'

ရုတ်တရက်ဆိုသလို ဝင်ရောက်လာတဲ့ အခိုက်အတန့်ရဲ့အသံက သူ့ရဲ့အတွေးစတွေကို ရပ်တန့်စေခဲ့တယ်။

သူ စိတ်ကူးယဥ်နေတာလား ဒါမှမဟုတ်..သူ့ရဲ့အသံထဲမှာပဲ စိတ်လှုပ်ရှားမူတွေ ဖြစ်ပေါ်နေတာလား..။

သူ ပြောတာက ..

[ သင်ရဲ့ ပင်ကိုယ် အရည်အသွေး တစ်ခုက ဆင့်ကဲ ပြောင်းလဲသွားခဲ့သည် ]

[ သင်က ပင်ကိုယ်အရည်အသွေး တစ်ခုကို ရရှိခဲ့သည် ]

' မပြောပါနဲ့..'

ဆန််နီ ထထိုင်ဖို့ ရုန်းကန်နေရပြီးမှ အလျင်အမြန်ပဲ အချက်အလက်ဇယားကို ထုတ်လိုက်တယ်။

'ဘာလဲ..ငါက ဒီတစ်ကြိမ်မှာရော ဘာလုပ်မိပြန်တာလဲ..'

အချက်အလက် ဇယားက သူ့ရှေ့ကလေထဲမှာ တောက်ပနေခဲ့ပြီး..ဆန်နီ အလျင်အမြန်ပဲ သူ့ရဲ့ ပင်ကိုယ်အရည်အသွေးကို ရေးသားထားတဲ့ စာသားကို ကြည့်လိုက်ပါတယ်။

ပင်ကိုယ်အရည်အသွေး : [ ကံစီမံရာ ] , [ နတ်ဘုရား မီးခဲ ]

' ခနလေး..မီးခဲလား..'

ဒါက အသစ်ပါ။သူက [ နတ်ဘုရား မီးခဲ ] စွမ်းရည်ကို ကြည့်ပြီး စာသားတွေကို လေ့လာလိုက်တယ်။

စွမ်းရည် ဖော်ပြချက် :[ သင့်ရဲ့ ဝိဥာဥ်ထဲတွငိ နတ်ဘုရား မီးခဲတစ်ခုက တောက်လောင်နေခဲ့ပြီး..တောက်ပတဲ့ မီးတောက်အဖြစ် အသွင်ပြောင်းရန် အဆင်သင့်ဖြစ်နေခဲ့သည် ]

'အာ..ဒီတော့ ငါက နတ်ဘုရားတွေနဲ့ ရင်းနှီးစွာ ဆက်နွယ်နိုင်စွမ်းတွေ ပိုရှ်ိလာနေပြီပေါ့..။အဓိပ္ပါယ်ရှိတယ်...'

ဘာပဲဖြစ်ဖြစ် သူက စစ်မှန်တဲ့ နတ်ဘုရားတစ်ပါးရဲ့ အရိုးကို ဝါးမြိုထားခဲ့တာပါ။

ဆန်နီ စိတ်မရှည်စွာပဲ စွမ်းရည်အချက်လက်ကို ကြည့်လိုက်တဲ့အချိန်မှာ..သုံးခုကျန်ရှိနေခဲ့တယ်။ပထမနှစ်ခုကိုတော့ သူ ကောင်းကောင်းသိပါတယ်။

[ အရိပ်တွေရဲ့သားတော် ] [ ဝီဗာသွေး ]

သို့ပေမယ့် တတိယတစ်ခုကတော့ အသစ်ပါ။စာရင်းရဲ့ အောက်ဆုံးပိုင်းမှာ..စာသားအသစ်တစ်ချို့က ပေါ်ထွက်နေခဲ့ပါတယ်။ဆန်နီ အသက်ကို အောင့်ထားပြီး ..ဖတ်လိုက်တယ်။

ပင်ကိုယ် စွမ်းရည် : [ ဝီဗာ အရိုး ]

All Chapters