ဘာမှစိုးရိမ်စရာမရှိဘူး
Vol. 30 Ch. 436
ဘယ်ကလာမှန်းမသိတဲ့ အသံနဲ့ စကားပြောပြီးတဲ့နောက်မှာတော့..ဒီအရာက အစစ်အမှန်ဟုတ်လားဘမဟုတ်လားဆိုတာကို မသိပေမယ့်..ဆန်နီကတော့ ကွဲပြားမူကို ခံစားလိုက်ရတယ်။ပိုကောင်းလာတာမျိုးမဟုတ်ပေမယ့်..အရင်ကလို လမ်းပျောက်နေတာကိုတော့ မခံစားရတော့ပါဘူး။
"ဒီအသံကသာ ငါ့ရဲ့ စိတ်ကူးထဲကအရာဆိုရင် အတော်ရယ်စရာကောင်းမယ်..ဟုတ်တယ်မလား."
သူ့ပတ်ဝန်းကျင်မှာရှိနေတဲ့ ဘာမှမရှိတဲ့လေဟာနယ်က အရင်ကလို ဘာမှမရှိတာ မဟုတ်တော့ပါဘူး။ဒါက အခုချိန်မှာ အလားအလာကောင်းတဲ့ အန္တရာယ်နဲ့ ပြည့်နှက်နေတယ် ဆိုရင်တောင် ဘာမှမရှိတာထက် စာရင် ပိုကောင်းပါသေးတယ်။
..ဘာမှမရှိတာထက်စာရင် အရာရာတိုင်းက ပိုကောင်းမွန်တယ်..။ချောက်နက်ထဲက အဆုံးမရှိတိတ်ဆိတ်နေတဲ့ အမှောင်ထုထဲမှာ လေးရက်လောက် ကုန်ဆုံးပြီးတဲ့နောက်မှာတော့..ဘာမှမရှိတဲ့အရာက ဘယ်လောက်တောင် ဆိုးဝါးသလဲ ဆိုတာကို ဆန်နီ နားလည်သွားခဲ့တယ်။လူသားတွေရဲ့ စိတ် တည်ဆောက်မူ အခြေအနေက ဒီအရာကို တောင့်ခံနိုင်စွမ်းမရှိပါဘူး။
ဒီမခြေအနေမှာတော့..သူက အဝေးကကြယ်တွေကိုကြည့်ကာ အချိန်ကုန်ဆုံးပြီး အတွေးနက်နေခဲ့တယ်။
အခုတော့ သူ့ရဲ့ အမြုတေမှာ အဆီအနှစ်တွေက နောက်တစ်ကြိမ်ပြည့်နှကိနေပြီဖြစ်တာကြောင့် တိုင်းတာစရာ ဘာကိရိယာမှ မရှိတော့ပါဘူး။သူ့ရဲ့ရွေးချယ်မူတွေကို အတော်ကြာအောင်စဥ်းစားပြီးတဲ့နောက်မှာတော့..သူက ရက်စက်တဲ့အမြင်အာရုံကို ထုတ်ယူပြီး [ အနက်ရောင်မှန် ] ရဲ့ တိုးမြင့်မူကို အသက်သွင်းလိုက်တယ်။
အောက်ဘက်ကောင်းကင်ထဲမှာ တိုက်ခိုက်စရာ ရန်သူတစ်ယောက်မှ ရှိမနေခဲ့ပေမယ့်..ဒီလို အသက်သွင်းလိုက်တာက သူ့ရဲ့ အဆီအနှစ်တွေကို လျော့နည်းသွားစေမှာပါ။ဆန်နီကတော့ ဒီလိုမျိုး နှစ်နာရီ ဆက်တိုက်လောက် အသင်သွင်းထားသင့်တယ်လို့ ခံစားလိုက်မိတယ်။
သူ့ရဲ့ အဆီအနှစ်တွေ တစ်ဝက်လောက် ပြန်လျော့ကျသွားတဲ့ အချိနိမှာတော့ သူက ရက်စက်သောမြင်ကွင်းကို ပြန်ရုတ်သိမ်းလိုက်ပြီး..သေနေတဲ့နတ်ဆိုးရဲ့အပေါ်မှာ တပ္ပလင်ခွေထိုင်လိုက်ပါတယ်။
အလင်းမရှိတဲ့ လေဟာနယ်ထဲမှာဖြတ်သန်းရင်း ဆန်နီက အသက်ကို ပြင်းပြင်းရူသွင်းကာ မျက်လုံးတွေကို မှိတ်ထားခဲ့တယ်။ယင်းနောက် သူ့ရဲ့ခန္တာကိုယ်ထဲက အဆီအနှစ်တွေစီးဆင်းမူကို ခံစားနေခဲ့ပါတယ်။
ဝိဥာဥ်မြွေရဲ့ ရစ်ပတ်မူကို လမ်းညွှန်ပြသရင်း..စီးဆင်းမူတွေက ပိုပြီး မြန်ဆန်ကာ ၊ ကျယ်ပြန့်လာတာကို ခံစားနေရတယိ။
အရိပ်ကို အသုံးပြုထားတာကြောင့်..သူ ကုန်ဆုံးသွားခဲ့တဲ့ အဆီအနှစ်တွေကို တစ်ရက်အတွင်းမှာပဲ..ပြန်ပြည့်သွားတော့မှာပါ။အခုကစပြီ ဒီအရာက သူ့ရဲ့နာရီဖြစ်လာပါလိမ့်မယ်။
ဆနိနီဟာ အရိပ်ကို ရူသွင်းပြီး သူ့ရဲ့ဘယ်ဘက်လက်ထဲက အဆီအနှစ်တွေက..လက်မဆီပို့လွှတ်လိုက်တယ်။ပြီးနောက်..လက်ညိုးဆီကို..
ဝိဥာဥ်မြွေရဲ့ကျေးဇူးကြောင့်..သူ့ရဲ့ အဆီအနှစ်တွေကို ထိန်းချုပ်မူတွေက သာမန်နိုးထသူ တွေထက်ပိုပြီးကောင်းမွန်ပါတယ်။သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာတွေကို တိုးမြင့်ဖို့အတွက် အဆီအနှစ်တွေကို ဘယ်လိုချဲ့ထွင်ရမလဲ ဆိုတာကို မသိပေမယ့်..သူ လုပ်နေတဲ့ ပုံစံမျိုးနဲ့တော့ လုံလောက်မူ မရှိသေးပါဘူး။သူက ဒီတိုင်း သူ့ရဲ့ လက်ကိုသာ သန်မာအောင် လုပ်နေပြီး..အဆီအနှစ်တွေကတော့..လိုချင်တဲ့ သက်ရောက်မူကို ရရှိအောင် ရေတံခွန်လို စီးဆင်းနေခဲ့ကြတယ်။
ဒါက ငယ်ရွယ်တဲ့ နိုးထသူတွေ အသုံးပြုကြတဲ့ ပုံစံပါ။
သို့ပေမယ့် စစ်မှန်တဲ့ ကျွမ်းကျင်သူတွေရဲ့ အဆီအနှစ်ထိန်းချုပ်မူက ပိုပြီး နက်နဲကြပါတယ်။သူတို့က ခန္တာကိုယ်ထဲမှာရှိတဲ့ ကြွက်သားတိုင်း ၊ အာရုံကြောတိုင်း ၊ အရိုးတိုင်း ကို သီးသန့်ခွဲထုတ်နိုင်ကြပြီး..သူတိုလိုအပ်တဲ့ အစိတ်အပိုင်းကိုပဲ..အားဖြည့်နိုင်ကြပါတယ်။သူတို့ရဲ့ အဆီအနှစ်တွေကို ထိန်းချုပ်မူတွေက ကြမ်းတမ်းစွာ စီးဆင်းတာထက်စာရင် ..ဖြည်းညှင်းစွာ စီးဆင်းတဲ့ စမ်းချောင်းလေးနဲ့ ပိုတူကြတယ်။
ဒါကြောင့်လည်း တူညီတဲ့ဝိဥာဥ်အမြုတေ ရှိကြတဲ့ နိုးထသူ နှစိယောက်မှာ တစ်ယောက်က သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားအပြည့်နဲ့ အချိန်အကြာကြီး တိုက်ခိုက်နိုင်တာပါ။
အခုဆန်နီက ဘာမှလုပ်စရာ ရှိမနေတော့တာကြောင့် သူ့ရဲ့ ခန္တာကိုယ် နဲ့ ဝိဥာဥ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မူတွေကို အလုပ်လုပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ဒါပေါ့ အရင်ကလည်း သူက အဆီအနှစ်တွေကို ထိန်းချုပ်တာကို လေ့ကျင့်ခဲ့ပါတယ်။သို့ပေမယ့် အိပ်မက်ဆိုးသားရဲ တွေကို အမဲလိုက်နေရတာနဲ့ သူ့ရဲ့ ဝိဥာဥ်မြွေက လေ့ကျင့်မူတွေကို အစားထိုးပေးနိုင်နေတာကြောင့် သူက လေ့ကျင့်သင့်သလောက် မလေ့ကျင့်ခဲ့ရပါဘူး။
အဆီအနှစ်တွေ စီးဆင်းမူကို သူ့ရဲ့ညာဘက်လက်ဆီကို ဦးတည်လိုက်ပြီးနောက်..ဆန်နီ သက်ပြင်းချကာ တွေးတောလိုက်တယ်။
'အားလပ်ရက်က ပြီသွားပြီ'
***
နှစ်ရက်ကုန်လွန်သွားခဲ့တယ်...ဒါမှမဟုတ် ..အရိပ်အဆီအနှစ်တွေကို လှည့်ပတ်မူ စက်ဝန်းနှစ်ခု ပြီးဆုံးသွားခဲ့ပါတယ်။ဒါကတော့ ဆန်နီက နေ့ရက်တွေကို ရေတွက်ဖို့အသုံးပြုနေတဲ့ ရက်စက်တဲ့အမြင်အာရုံနဲ့ အဆီအနှစ်တွေ ကုန်ဆုံးအောင် လုပ်ပြီး ပြန်ပြည့်အောင် စောင့်ဆိုင်းရမယ့် နည်းလမ်းပါ။
သူက ဒီအချိန်တွေမှာ တရားထိုင်ရင်း ခန္တာကိုယ်ထဲကအဆီအနှစ်တွေကို ထိန်းချုပ်တာ ၊ အိပ်စက်တာ..ဆာလောင်မူကို ခံစားတာတွေ ပြုလုပ်နေခဲ့တယ်။
အခုဆန်နီမှာ အစားအသောက်တွေကို ချွေတာနေရပြီဖြစ်တာကြောင့်..အိပ်မက်ဆိုးအခိုက်အတန့် ကူးစက်ခံရပြီးကတည်းက ပျောက်ကွယ်သွားခဲ့တဲ့ ဆာလောင်မူက ပြန်ရောက်လာခဲ့ပါပြီ။ဒါတောင်မှ သူရဲ့အစားါသောက်တွေက ကုန်လုနီးပါး ဖြစ်နေခဲ့ပါပြီ။
သူ့မှာ နှစ် နှပ်စာပဲ ကျန်နေခဲ့တော့တယ်။ပြီးတဲ့နောက်မှာတော့..ဆန်နီက အငတ်ခံမလား ဒါမှမဟုတ် သေဆုံးနေတဲ့ နတ်ဆိုးရဲ့ အသားစိမ်းတွေကို စားသုံးမလား ဆိုပြီး ရွေးချယ်စရာ ရှိနေခဲ့ပါတယ်။
ဖြစ်နိုင်ချေနှစ်ခုစလုံးကတော့ သိပ်မကောင်းပါဘူး။
သို့ပေမယ့် သူပိုပြီး စိုးရိမ်နေခဲ့အရာက..အောက်ဘက်ကောင်းကင်မှာ တောက်ပနေတဲ့ ကြယ်အတု တွေပါ။
အခုတော့ ဒီအရာတွေက ဖြည်းဖြည်းချင်းစီ ကြီးမားလာနေတယ် ဆိုတာကို သူ သေချာသွားခဲ့ပါပြီ။လေဟာနယ်ရဲ့ အသံနဲ့ စကားပြောခဲ့ရတာကြောင့်သာ မဟုတ်ရင် ဒီပြောင်းလဲမူကို သတိထားမိမှာမဟုတ်ပေ။သို့ပေမယ့် ဒီအရာတွေကို အချိန်အတော်ကြာပေးပြီး သတိထားစောင့်ကြည့်ပြီးတဲ့နောက်မှာတော့ ၊ ပြောကြားခဲ့တဲ့လူက ပျောက်ဆုံးသူပဲဖြစ်ဖြစ် ၊ လူသားအဖြစ်ဟန်ဆောင်နေတဲ့ အိပ်မက်ဆိုးသားရဲပဲဖြစ်ဖြစ် ၊ ဒါမှမဟုတ် သူ့စိတ်ကနေ ဖြစ်ပေါ်လာတဲ့အရာပဲဖြစ်ဖြစ်..အဖြေက မှန်ကန်နေခဲ့ပါတယ်။
သူက ချောက်နက်ကြီးရဲ့ အနက်ရှိုင်းဆုံးအပိုင်းမှာ ရှိနေတဲ့ ကြယ်တွေဆီကို ဖြည်းဖြည်းချင်း ရောက်ရှိလာခဲ့တယ်။
အသံကသာ..ကြယ်တွေက ဘာကြောင့်အန္တရာယ်ရှိတာလဲ ဆိုတာကို ပြောပြပေးခဲ့ရင်..
ကံကောင်းချင်တော့ သူ အောက်ဘက်ကောင်းကင်မှာ ကျဆင်းနေတဲ့ ခုနှစ်ရက်မြောက်နေ့မှာ အသံက ပြန်ရောက်လာခဲ့ပါတယ်။
ဆန်နီက အမှောင်ထုထဲကို စိုက်ကြည့်ရင်း သူ့ရဲ့အစားအစာကို စားသောက်နေခဲ့တယ်။သူ့ရဲ့ စိတ်တွေက ရူးသွပ်စ ပြုနေခဲ့ပါပြီ..။အဲ့အချိန်မှာပဲ အသံက လေဟာနယ်ထဲကနေ ထွက်ပေါ်လာခဲ့တယ်။
"...မင်းက ဘယ်လို သိချင်စရာ သတ္တဝါလဲ.."
'အ်ိုး..ဘုရားရေ..'
ဆန်နီဟာ ခြောက်ကပ်နေတဲ့အသားကြောင့် သီးသွားခဲ့ပြီး..အဆုံးမရှိစမ်းချောင်းက ရေတစ်ငုံကိုသောက်ကာ အောက်ကို ချလိုက်တယ်။ပြီးတဲ့နောက်မှာတော့ အောက်ဘက်ကောင်းကင်က ဘာမှမရှိတဲ့လေဟာနယ်ကို နက်မှောင်တဲ့အမူအရာနဲ့ ကြည့်လိုက်ပြီး..
"မင်းက ဘယ်ငရဲကို သွားနေတာလဲ.."
အသံက တစ်ခနလောက် တိတ်ဆိတ်နေပြီးကာမှ တောင်းပန်စွာ ပြန်ဖြေလာခဲ့တယ်။
"ဒီလို စကားပြောတာက ငါ့ရဲ့အားအင်တွေကို ကုန်ခမ်းစေတယ်..။ငါက စွမ်းအား ပြန်ဖြည့်နေရတာ.."
ဆန်နီ မျက်မှောင်ကျုတ်လိုက်ပြီး..ဒီအချက်အလက်ကနေ တဆငိ့ အသံပိုင်ရှင်ရဲ့သဘောသဘာဝကို ခန့်မှန်းကြည့်ဖို့ကြိုးစားကြည့်လိုက်ပေမယ့်..နောကိဆုံးတော့ လက်လျော့လိုက်တယ်။သူ့မှာက သဲလွန်စတွေ အရမ်းနည်းပါးပါတယ်။
"ကောင်းပြီလေ..တကယ်လို့ မင်းက နောက်ထပ် ရက်အနည်းငယ် ပျောက်ကွယ်သွားမယ် ဆိုရင်လည်း..အနည်းဆုံးတော့ ဒီကြယ်တွေက ဘာတွေလဲဆိုတာကို ငါ့ကို အရင်ပြောခဲ့ဦး..။သူတို့က ဘာလို့အန္တရာယ်များတာလဲ.."
အသံက တွေဝေသွားခဲ့တယ်။
"မင်း မသိဘူးလား.."
ဆန်နီ မျက်တောင်ခတ်လိုက်ပြီး..
"ဒါပေါ့ ငါ မသိဘူးလေ..။ငါ သိနေရင် ဘာလို့မေးနေဦးမှာလဲ.."
အသံက ပြန်ဖြေလာတဲ့ အချိန်မှာ သူ့ရဲ့အသံက အနည်းငယ် အံ့ဩသင့်နေခဲ့တယ်။
"ကောင်းပြီလေ..အဲဒီအလင်းတွေက တကယ့်ကြယ်အစစ်တွေ မဟုတ်ဘူး..။တကယ်တော့ သူတို့တွေက..နတ်ဘုရားမီးတောက်ရဲ့ အကြွင်းအကျန် တွေပဲ.."
ဆန်နီ သူကြားတာကို တွေးတောပြီး စဥ်းစားနေခဲ့တယ်။
"နတ်ဘုရား..မီးတောက်လား..။ဘာကြီးလဲ..ဘာလို့ နတ်ဘုရား မီးတောကိက အောက်ဘက်ကောင်းကင်မှာ လောင်ကျွမ်းနေရတာလဲ.."
အသံက ရယ်မောလိုက်တယ်။ယင်းနောက် အနည်းငယ် ကျေနပ်တဲ့ အမူအရာနဲ့ ပြန်ဖြေလိုက်ပါတယ်။
"အောက်ဘက်ကောင်းကင်က ဘယ်လိုဖြစ်တည်လာတယ်လို့ မင်းက ထင်လို့လဲ..။အရင်တုန်းက ဒီနေရာက လှပပြီး ..သယံဇာတကြွယ်ဝတဲ့ ကုန်းမြေကြီးပဲ သိရဲ့လား.."
ကျေနပ်မူတွေက လျော့ကျသွားပြီး နက်မှောင်တဲ့ အမူအရာတွေ အစားထိုးလာခဲ့တယ်။
"အဲ့နောက်မှာ သူ့ရဲ့ ဂုဏ်ယူရတဲ့ အုပ်ချုပ်သူက အလင်းအရှင်သခင်ရဲ့ အမျက်ဒေါသကို ခံခဲ့ရတယ်။အရှင်သခင်က...အာ..မင်းကတော့ သူ့ကို နေနတ်ဘုရား လို့ သိထားမှာပေါ့..။သူက သူ့ရဲ့ ကောင်းကင်မီးတောက်ကို ဒီမြေပေါ်ကို ပစ်ချလိုက်ပြီး ကမ္ဘာကြီးကို တစ်စစီ ပြုလုပ်ပြီး..သူ့ရဲ့အောက်ဘက်မှာ မငြိမ်းသတ်နိုင်လောက်တဲ့ မီးကို မြုပ်နှံခဲ့တယ်.."
အသံက တိတ်ဆိတ်သွားခဲ့ပြီး သက်ပြင်းချလိုက်ပါတယ်။
"ခေတ်တွေအများကြီး ကြာပြီးတဲ့နောက်မှာ မီးတောက်က အရာရာတိုင်းကို ဝါးမြိုသွားခဲ့တယ်။ကမ္ဘာကြီး ၊ ကုန်းမြေ နဲ့ သူ့ရဲ့တည်ရှိမူ အရာရာတိုင်းကိုပဲ..။ကျန်ရှိနေတာဆိုလို့..ဘာမှမရှိတဲ့ ချောက်နက်ကြီးနဲ့ အောက်ဘက် အနက်ရှိုင်းဆုံးမှာ လောင်ကျွမ်းနေတဲ့ နတ်ဘုရားမီးတောက်ရဲ့ အကြွင်းအကျန်တွေပဲ။ဒီတော့..ပြောရမှာတော့ စိတ်မကောင်းပါဘူး..ဒါပေမယ့်..အားလုံးကို ဖျက်ဆီးပစ်နိုင်တဲ့ ကောင်းကင်မီးတောက်ရဲ့ အပူချိန်ကနေ ရှင်သန်နိုင်ဖို့အတွက် မင်းမှာ နည်းလမ်းတစ်ခုမရှိဘူးဆိုရင်..မင်းက ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ လောင်ကျွမ်းပြီးသေဆုံးသွားရလိမ့်မယ်.."