← Chapters

ဘာမှမရှိခြင်း ဘာမှမရှိခြင်း ဘာမှမရှိခြင်း

Vol. 30 Ch. 437

ဘာမှမရှိခြင်း ဘာမှမရှိခြင်း ဘာမှမရှိခြင်း

Vol. 30 Ch. 437

ဆန်နီဟာ တစ်ခနလောက် တိတ်ဆိတ်စွာ ထိုင်ပြီး တွေးတောနေခဲ့တယ်။

'နေနတ်ဘုရား..'

ဒီတော့ ဒီကုန်းမြေရဲ့ အုပ်ချုပ်သူက နတ်ဘုရားတွေကို ဒေါသထွက်စေခဲ့ပြီး..သူတို့ထဲက တစ်ယောက်က သူမရဲ့ တိုင်းပြည်ကို ဖျက်ဆီးပစ်ခဲ့တာပေါ့..။သူ ဒါကို စိတ်ကူးယဥ်ကြည့်လို့ရပါတယ်။အရမ်းကို ကြည်လင်တောက်ပနေတဲ့ အဖြူရောင်မီးတောက်တစ်ခုက..ကောင်းကင်ကနေ ကျဆင်းလာပြီး မြေကြီးတဲ့ကို ထိုးဖောက်ဝင်ရောက်သွားကာ..၊ နယ်မြေတစ်ခုလုံးကို အစိတ်စိတ်အမွှာမွှာဖြစ်သွားစေခဲ့တယ်။..သူ့ရဲ့ အပိုင်းအစတွေက နတ်ဘုရားမီးတောက်ရဲ့အောက်မှာ တစ်ခုပြီးတစ်ခု ဝါးမြိုခြင်းခံခဲ့ကြရပါတယ်။

ကောငိးပြီလေ..အားလုံးက ကျရှုံးသွားတာတော့ မဟုတ်ဘူး..။

သူ အပေါ်ကိုမော့ကြည့်လိုက်ပြီး ချိန်းကျွန်းစုတွေက..အမြစ်ဖြတ်သုတ်သင်ခံရတဲ့ တိုင်းပြည်က လူတွေကို ကယ်တင်ဖို့အတွက် ဖန်တီးထားခဲ့တာလား ဆိုတာကို သိချင်သွားခဲ့ပါတယ်။ဒီလိုသာ ဆိုရင်..ဂုဏ်ယူရတဲ့ အုပ်ချုပ်သူကိုယ်တိုင်ကလည်း..သာမန်ပုဂ္ဂိုလ်တစ်ယောက် မဟုတ်နိင်ပါဘူး။

နတ်ဘုရားတွေရဲ့ အမြစ်ဒေါသကို တောင့်ခံရဲလောက်အောင် ဘယ်လိုလူက လုံလောက်အောင် သန်မာနိုင်မှာလဲ..။

ပြီးတော့ သူက ဘယ်လိုမျိုး လုပ်ရပ်နဲ့ ရန်စမိသွားခဲ့တာလဲ..။

သို့ပေမယ့် ပိုပြီးအရေးကြီးတာက..

လေဟာနယ်ထဲက အသံက ဒီအရာတွေကို ဘယ်လိုနည်းလမ်းနဲ့သိနေတာလဲ..

သူ့မျက်နှာပေါ်မှာ သံသယဖြစ်တဲ့အမူအရာ ပေါ်လာခဲ့ပြီး..

"..တကယ်လား..။ဒါကအတော်လေး စိတ်ဝင်စားစရာပဲ..။ပြီးတော့ မင်းက ဒီဟာတွေကို ဘယ်လိုသိထားတာလဲ.."

ဆန်နီ တွေဝေနေပြီးကာမှ သိချင်စွာ ထပ်ပြောလိုက်တယ်။

"မင်းက..ဂုဏ်ယူရတဲ့ အုပ်ချုပ်သူနဲ့ တစ်ခုခု ပတ်သက်မူ ရှိနေတာလား.."

အသံက တစ်ခနလောက် တိတ်ဆိတ်နေပြီးကာမှ သဘောကျစွာ ရယ်မောလိုက်တယ်။

"အိုး..မိုင်..ငါ ဆန္ဒရှိပါတယ်။ဒါက ဂုဏ်ယူစရာပဲ မဟုတ်ဘူးလား..။ဒါပေမဲ့ မဟုတ်ဘူး..ငါက ချိန်းကျွန်းစုကို လေ့လာနေတဲ့ ဒိီတိုင်း နိုးထသူတစ်ယောက်ပဲ..။မင်း သွားလာပြီး လေ့လာနေတဲ့ ပုံစံအတိုင်းပဲပေါ့..။ဒီမှာရှိနေတဲ့ အပျက်အဆီးတွေက အဆုံးမရှိတဲ့ ဖျက်ဆီးမူတွေကြောင့် ပျက်ဆီးနေတဲ့အရာတွေပဲ..။ဒါပေမဲ့ တစ်စုံတစ်ယောက်က ရှာဖွေကြည့်ရမယ့် နေရာကိုသာ သိမယ်ဆိုရင်..အဖြေတစ်ချို့ကတော့ ကျန်ရှိနေသေးတယ်လေ.."

ဆန်နီ ပြုံးလိုက်ပြီး

"အမှန်ပဲ..။ဒါပေမဲ့ ငါက တကယ်တော့ အကယ်ဒမီရဲ့တောတွင်းရှငိသန်မူအတွက် သုသေသနလက်ထောက်တစ်ယောက်ပဲ...။ဒါပေမဲ့ မင်းသိထားတဲ့ အချက်အလက်တွေကို ငါ ဒေတာဘေ့စ်ထဲမှာ တစ်ခါမှ မသိခဲ့ရဘူးလေ..။ငါပိုင်ဆိုင်ထားတဲ့ အဆင့်အတန်းနဲ့ဆိုရင် ဒါက ထူးဆန်းနေတယ် မထင်ဘူးလား.."

အသံက ရယ်မောလိုက်တယ်။

"ငါ ရှာတွေ့ခဲ့ရတာတွေကို အကယ်ဒမီဆီကို ဘယ်လိုလုပ် တင်ပြနိုင်မှာလဲ..။ငါက အိပ်မက်ကမ္ဘာထဲကနေမှ ထွက်သွားလို့ မရတာကို.."

ဆန်နီ မျပ်တောင်ခတ်လိုက်တယ်။

ဒါက..အတော်လေးကို အဓိပ္ပါယ်ရှိပါတယ်။ပျောက်ဆုံးသူ ဟုတ်ဟုတ်မဟုတ်ဟုတ် နိူးထသူ တစ်ယောက်ကတော့..အိပ်မက်ကမ္ဘာထဲမှာ တစ်နည်းအားဖြင့် ရှင်သန်ကြရဦးမှာပါ။ဒီတော့ သူတို့က ခံတပ်တွေနဲ့ ဆက်သွယ်ထားကြဖို့လိုအပ်ပါတယ်။ဒါကြောင့် သူတို့က ခံတပ်ရဲ့ တစ်ခြား နေထိုင်သူတွေကနေတဆင့် အပြင်ဘက်ကို ဆက်သွယ်လို့ရကြမှာပါ။

အသံပိုင်ရှင်က..သာမန် ပျောက်ဆုံးတစ်ယောက် မဟုတ်ဘူးဆိုရင်..။ဒါမှမဟုတ် ဆန်နီကို လိမ်ညာနေတာ ဆိုရင်..

ဒါမှမဟုတ်..သူ့ရဲ့ စိတ်ကူးယဥ်ပုံရိပ်ယောင် ဖြစ်နေခဲ့ရင်

သူ မျက်မှောင်ကျုတ်လိုက်တယ်။

"...စကားမစပ်..မငိးက ဘယ်မှာနေတာလဲ..။ခံတပ်မှာမင်းလို အသံနဲ့ငါ တစ်ခါမှ မကြားဖူးဘူး..။ပြီးတော့ ငါက နိုးထသူတွေအားလုံးနဲ့ အနည်းဆုံးတစ်ကြိမ်တော့ စကားပြောဖူးပါတယိ.."

အသံက ခနလောက်တွေဝေပြီးကာမှ ပြန်ဖြေလိုက်တယ်။

"ငါက ခံတပ်က မဟုတ်ဘူး.."

ဒါက ဘာကိုဆိုလိုတာလဲ..။ချိန်းကျွန်းစုမှာ နောက်ထပ်ခံတပ်ရှိနေသေးပြီး အဲတာက ညဘုရားကျောင်းပါ။သို့ပေမယ် ဗာလာကလန်ကို အမူထမ်းကြတဲ့ လူတွေပဲ အဲဒီမှာနေခွင့်ရှိကြပါတယ်။ကောင်းပြီလေ..ကတ်စီ နဲ့ သူမရဲ့ အဖွဲ့က လွဲလို့ပေါ့..။

အသံပိုင်ရှင်က ကြီးမြတ်တဲ့ ဗာလာကလန်နဲ့ တစ်ခုခု ဆက်နွယ်နေတာလား..။ဆန်နီ မျက်ခုံးပင့်တင်လိုက်ပြီး..

"ဒါဆို မင်းက ညဘုရားကျောင်း ကလား.."

..သို့ပေမယ့် တုန့်ပြန်မူမရှိပေ။

ကြည့်ရတာတော့ ဆန်နီ နဲ့ စကားပြောနေတဲ့ ထူးဆန်းတဲ့လူငယ်လေးက အကန့်အသတ်ကို ရောက်သွားတဲ့ပုံပါပဲ။ဒါပေါ့ တကယ်လို့ သူက အစစ်အမှန် ဆိုရင်ပါ။

ဆန်နီ သက်ပြင်းချလိုက်တယ်။

"ငါ ကျိန်ဆိုပါတယိ..ဒီအရာက အယ်ဖီ ငါဖတ်ဖို့ ပို့ထားတဲ့ စာတွေထက်တောင် ပိုပြီး စိတ်ရှုပ်ဖို့ကောင်းသေးတယ်.."

လေဟာနယ်ထဲက အသံက သူ့ကို တစ်ချိန်လုံး စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်နိုင်တဲ့ ဝံပုလွေစောင့်ရှောက်သူ ထက်တောင် ပိုပြီး စိတ်ရှုပ်စရာကောင်းနေမယ်လို့ ဘယ်သူထင်ထားမှာလဲ။

"ကိုယ်ကျင့်တရား မရှိဘူး ၊ ယဥ်ကျေးမူမရှိဘူး.."

***

မကြာခင်မှာပဲ ဆန်နီက လိုအပ်တဲ့ မေးခွန်းတွေ မမေးလိုက်ရတဲ့အတွက် နောင်တရနေခဲ့တယ်။အနာဂတ်ကျရင် သူ့ရဲ့ စကားလုံးတွေကို သေချာစီမံထားမှဖြစ်ပါတော့မယ်။

"ကောင်းကင်မီးတောက်ကနေ ရှင်သန်ရမယ်..ကောင်းကင်မီးတောက်နေ ရှင်သန်ရမယ်.."

ဆန်နီ ကြယ်တွေကို ကြည့်လိုက်တဲ့ အချိန်မှာ ပိုမိုနီးကပ်လာတာကို ခံစားလိုက်ရတယ်။

သူက ကောင်းကင်မီးတောကိရဲ့ အပူချိန်ကို ဘယ်လိုတောင့်ခံရမှာလဲ..။

မီးတောက်က အရိပ်တွေကိုရော လောင်ကျွမ်းနိင်တာလား..။

သူ့မှာ အဖြေမရှိပေ။သို့ပေမယ့် သူက အရိပ်ပုံစံနဲ့ရှိနေရင်တောင် အနည်းဆုံးတော့ သူ့ကို ထိခိုက်စေနိုင်တယ်လို့ ခံစားနေရပါတယ်။

ယင်းနောက် ပိုဆိုးတဲ့ပြသနာတစ်ခုရှိနေခဲ့တယ်။အသံပြောပုံအရဆိုရင်တော့ ဆန်နီက ကြယ်အတုတွေရှိနေတဲ့ ချောက်နက်ထဲကို ရောက်ဖို့ ရက်သတ္တပတ်အနည်းငယ်လောက် လိုနေပါသေးတယ်။ဒါက သူအရမ်းအရမ်းကို ဆာလောင်ရတော့မယ်လို့ ဆိူလိုတာပါ။

လူသားတွေဟာ အစားမစားဘဲ အံ့သြစရာကောင်းတဲ့အချိန်အထိ အသက်ရှင်နိုင်တယ်ဆိုပေမယ့် ခန္ဓာကိုယ်အတွက်တော့ လေးလေးနက်နက် ထိခိုက်မှုတွေရှိနိုင်ပါတယ်။ ဆန်နီကတော့ ကံတရားကြိုးမျှင် ရဲ့အဆုံးမှာ ဘာတွေရှိမယ်ဆိုတာ မသိပေမယ် နွေးနွေးထွေးစွာ ကြိုဆိုမှုတွေ ရှိနေလိမ့်မယ်ဆိုတာကိုတော့ သံသယဖြစ်မိပါတယ်။

သူက အန္တရာယ်ကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေဖို့လိုအပ်ပါတယ်။ဆာလောင်ပြီး အားနည်းနေတာက ရွေးချယ်စရာ တစ်ခုမဟုတ်ပေ။

ဆန်နီ ခနလောက် တွေဝေနေခဲ့ပြီးနောက်မှာ ရတနာသေတ္တာရဲ့ အဖုံးကို စိုက်ကြည့်လိုက်တယ်။

သူက ဒီဟာကို စားဖို့ တကယ်ပဲ လိုအပ်တာလား။

သူ့ရဲ့အရိပ်တွေတောင်မှ ဒီအကြံကို သဘောမကျကြပါဘူး။

သို့ပေမယ့် ဟေး...အစာ က အစာပဲ..။

'ဟုတ်တယ်မလား..'

ဆန်နီ သက်ပြင်းချလိုက်ပြီး..တပ်မက်ခြင်းဘဏ္ဍာတိုက်ကို ဖော်ထုတ်ကာ..သူ့ရဲ့ နောက်ဆုံးကျန်နေတဲ့..အစာကိုထုတ်ယူပြီး နောင်တရစွာကြည့်လိုက်တယ်။

'ဒီနေ့ည..ငါတို့ စားသောက်ကြမယ်..'

'...မနက်ဖြန်ကျရင်တော့ ငါတို့ ငိုကြွေးမယ်။ပြီးတော့ ပြန်အန်ထွက်လာလည်း ဖြစ်နိုင်တယ်..'

***

ရက်အနည်းငယ်ကြာပြီးတဲ့နောက်မှာတော့ ကြယ်လေးတွေက အရင်ကထက် ပိုမြင်သာပြီး တောက်ပနေခဲ့ကြတယ်။လင််လက်နေတဲ့အလင်းရောင်တွေနဲ့ ဖုံးအုပ်ထားတဲ့ အနက်ရောင် လေဟာနယ်ရဲ့မြင်ကွင်းက အန္တရာယ်သာရှိမနေဘူးဆိုရင် လှပနေမှာ အသေအချာပါပဲ။

ဆန်နီက သေတ္တာရဲ့အလယ်မှာ ထိုင်နေပြီး သူ့မျက်နှာကတော့ အရမ်းဆိုးရွားတဲ့အမူအရာဖြစ်ပေါ်နေခဲ့တယ်။ဒါက သေလောက်အောင် ဖြူဖျော့နေပြီး သူ့မေးစေ့မှာတော့ အမည်းရောင်သွေးခြောက်တွေနဲ့ ဖုံးနေခဲ့ပါတယ်။

နတ်ဆိုးရဲ့အသား အစိမ်းလိုက်ကို သူ့ရဲ့ ပါးစပ်ထဲကိုထည့်ပြီး..သူ့ရဲ့ သွားတွေနဲ့ ဖိကြိတ်ကာ..ကိုယ့်ကိုကို ဝါးဖို့အတွက် တွန်းအားပေးနေခဲ့ရတယ်။

'ရွံစရာပဲ..ဒါက သောက်ရမ်း ရွံဖို့ကောင်းတယ်။တစ်နေ့မှာ ငါက စည်သွပ်ထားတဲ့ အစားအသောက်ကြမ်း တွေကို ပြန်သတိရလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ..။ငါ ဒီတိုင်းပဲ အငတ်ခံနေလိုက်သင့်တယ် ထင်တယ်..'

သူ ဒီလိုတွေးနေတဲ့ အချိန်မှာပဲ လေဟာနယ်က ရုတ်တရက် စကားပြောလာခဲ့ပြန်ပါတယ်။

"အိုး..ဘုရားရေ..မင်းက တကယ်ပဲ အဲတာကို စားနေတာလား.."

ဆန်နီက အမှောင်ထုကို မုန်းတီးစွာကြည့်လိုက်ပြီး ဟန်ဆောင်သူရဲ့ အသားစကို မြိုချလိုက်ကာ ပုံမှန်လေသံနဲ့ ပြောလိုက်တယ်။

"သေချာတာပေါ့..။စားပါဦး.."

အသံက ခနလောက် တွေဝေသွားပြီး မေးလာခဲ့တယ်။

"မင်း အစိမ်းလိုက်စားနေတာလား.."

ဆန်နီ အံကိုကြိတ်လိုက်ပြီး..

"ဒါပေါ့ ငါ အစိမ်းလိုက်စားနေတာပေါ့..အရူးရဲ့။ငါ ဘယ်လိုစားလို့ ရသေးလို့လဲ..။ဒီမှာ မီးဖိုချောင် မှ မရှိတာ.."

ယင်းနောက် ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ သူက နောက်ထပ် အသားစတစ်ခုကို ဖြတ်တောက်ပြီး ဝါးစားလိုက်တယ်။ရလာဒ်ကတော့ သူ့မျက်နှာက အရင်တုန်းက အဆိုးဆုံးအခြေအနေမှာ ရှိမနေသေးဘူးဆိုတာ သိလိုက်ရပါတယ်။အခုတော့ မျက်နှာက အဖြူရောင်တင်မဟုတ်ပဲ အစိမ်းရောင်ပါဖြစ်နေခဲ့ပါပြီ။

အသံက သက်ပြင်းချလိုက်တယ်။ပြီးမှ သိချင်စွာမေးလိုက်ပါတယ်။

"မင်း အဆိပ်မိမှာကို မကြောက်ဖူးလား.."

ဆနိနီ နှာခေါင်းရှုတ်လိုက်ပြီး..

"...ငါ့ အစာအိမ်က သန်မာပြီးသား.."

တကယ်တော့၊ ညစ်ညမ်းတဲ့ နတ်ဆိုးအသားကို စားရင် အဆိပ်သင့်မယ့်ဖြစ်နိုင်ခြေကို သူ အမှန်တကယ်ပဲ စဥ်းစားထားပြီးသားပါ။ နိုးထသူ တစ်ယောက်အနေနဲ့တော့ သူ့အစာခြေစနစ်က သာမန်လူတွေထက် ပိုအားကောင်းပါတယ်။ ပြီးတော့ ဝီဗာသွေး လည်းရှိနေပါသေးတယ်။ ဒါကြောင့် ဟန်ဆောင်သူ ကိုစားပြီးသေဆုံးဖို့အခွင့်အလမ်းက အတော်နည်းတယ်လို့ သူဆုံးဖြတ်ခဲ့တာပါ။

...ဘယ်လောက်ပဲ ကဗျာဆန်တယ် ဆိုပေဦးတော့..။မင်းသတ်လိုက်တဲ့ နတ်ဆိုးရဲ့ အသားကို စားရင်း..အသက်ရူကြပ်ပြီး သေဆုံးသွားတယ် ဆိုတာက...

'ဘယ်လောက် ရယ်စရာကောင်းလဲ..

ဆနိနီက ရွံစရာ အသားကို မြိုချလိုက်ပြီး..အဆုံးမရှိစမ်းချောင်းကနေ တစ်ငုံသောက်လိုက်တယ်။

ခနကြာပြီးနောက်မှာတော့ အသံက ​မေးလာခဲ့ပါတယ်။

"မင်း နတ်ဘုရား မီးတောက်ကနေ ရှင်သန်ဖို့ နည်းလမ်း တွေးမိပြီလား.."

ဆန်နီ က သူ့ရဲ့ကျိုးနေတဲ့လက်ကိုကြည့်ပြီး ပုခုံးတွန့်လိုက်တယ်။

"ငါ နည်းနည်းတော့ စဥ်းစားထားတယ်.."

အသံက ဒီဟာကိုကြားရတာ ဝမ်းသာသွားတဲ့ ပုံပါပဲ။

"ကောင်းတယ်..။ငါလည်း တွေးထားမိသေးတယ်.."

All Chapters