ဘာမှမရှိတဲ့ မင်းသား
Vol. 30 Ch. 438
ဆန်နီ လေဟာနယ်ကို သံသယဖြစ်စွာကြည့်လိုက်တယ်။
"ဟုတ်လား..။မင်းက ငါ အသက်ရှင်ဖို့ကို ဘာလို့အဲလောက်အထိ စိတ်ပူပေးနေတာလဲ.."
အသံက ခနလောက် တိတ်ဆိတ်နေပြီးကာမှ..လွမ်းဆွေးတဲ့ အမူအရာနဲ့ ပြန်ဖြေလာခဲ့တယ်။
"ငါ တစ်စုံတစ်ယောက်နဲ့ စကားမပြောရတာ အတော် အတော်လေးကို ကြာခဲ့ပြီ..။နောက်ဆုံးမှာ ငါတစ်စုံတစ်ယောက်နဲ့ စကားပြောခွင့်ရခဲ့ပြီးကာမှ အဲဒီလူက ခနလေးနဲ့ သေဆုံးသွားမယ်ဆိုရင် အရှက်ရစရာပဲ .။အဲလို မထင်ဘူးလား.."
ဆန်နီ ခနလောက်တွေးပြီး ပြောလိုက်တယ်။
"အဲလိုထင်တာပဲ..။ပြီးတော့..လက်ရှိအခြေအနေအရဆိုရင်..ငါတို့က ဘယ်လိူလုပ် စကားပြောနိုင် နေရတာလဲ.."
အသံက စကားလမ်းကြောငိးပြောင်းတာ ဒါမှမဟုတ် မေးခွန်းကို လျစ်လျူရူတာမျိုး လုပ်မယ်လို့ ထင်ထားခဲ့ပေမယ့်..အံ့ဩစွာပဲ ဒါက တကယ်ပဲ ပြန်ဖြေလာခဲ့ပါတယ်။
"ငါလည်း သေချာတော့ မသိဘူး။အရင်တုန်းကလည်း ငါ ဒါမျိုးတစ်ခါမှ မဖြစ်ခဲ့ဖူးဘူး.."
အတော်ကြာပြီးကာမှ သူ တွေဝေစွာ ထပ်ပြောလိုက်တယ်။
"မင်း..မင်း..တစ်နေရာရာမှာ ကျိုးပဲ့နေတဲ့ မှန်တွေ ဘာတွေကို တွေ့ခဲ့တာတွေ ရှိလား.."
ဆန်နီ ရဲ့ စိတ်ထဲကို တစ်ခုခု ဝင်ရောက်လာခဲ့တယ်။
"ကျိုးပဲ့နေတဲ့မှန်...မှန်သားရဲ...သားရဲလေး.."
တက်ရောက်မူအဆင့် ရောင်ပြန်ဟပ်မူ။ထူးဆန်းတဲ့ သားရဲကနေ ကျန်ခဲ့တဲ့ မှန်အပိုင်းအစက သူ့ရဲ့ တပ်မက်ခြင်း ဘဏ္ဍာတိုက်ထဲမှာ သူ့ရဲ့ သေတွေနဲ့ စွန်းပေနေတုနိးပါပဲ။
' ချီး..'
ဒီတော့
ဒီတော့ အသံပိုင်ရှင်က ဆန်နီ မျှော်လင့်ခြင်းကျွန်းမှာ တွေ့ခဲ့ရတဲ့ မှန်သားရဲကို ဖန်တီးထားခဲ့တဲ့ လူပေါ့။ဒါက သူ့ကို မေးခွန်းတွေ အများကြီးရော ၊ အဖြေတွေအများကြီးရော ပေးနေခဲ့ပါတယ်။
သူ ဒီအရာကို အခုချိန်မှာ မတွေးနေနိုင်သေးပေ။ဘာလို့လဲဆိုတော့ အားနည်းချက်က ပေးတဲ့ ဖိအားက သူ့စိတ်ထဲ ကို ဝင်ရောက်လာနေလို့ပါ။သူ့ကို ပြန်ဖြေဖို့ ဖိအားပေးနေခဲ့တယ်။
"မင်းက မေးလာမှတော့..ငါ လတ်တလောမှာ တကယ်ပဲ ကျိုးပဲ့နေတဲ့ မှနိ အပိုင်းအစကို တွေ့ခဲ့တယ်။အဲဒီအပေါ်မှာ 'သားရဲလေး ' ဆိုတဲ့စာသားကို ကလေးလက်ရေးနဲ့ ရေးထားတာကို တွေ့ခဲ့ရတယ်.."
အသံက အတော်ကြာအောင်တိတ်ဆိတ်နေပြီးကာမှ တီးတိုးမေးလိုက်တယ်။
"အိုး..မင်း အတိအကျ ဘယ်လိုမျိုးတွေ့ခဲ့တာလဲ.."
ဆန်နီ တန်နိုင်သလောက် အချိန်အကြာကြီး မဖြေပဲ နေနေခဲ့တယ်။ယင်းနောက် မပြောချင်ပြောချင်နဲ့ ပြောလိုက်ရပါတယ်။
"မှန် အပိုင်းအစလေးက ငါသတ်လိုက်တဲ့ အင်အားကြီး သတ္တဝါတစ်ကောင်က ချန်ထားရစ်ခဲ့တာ။ဒီအရာက အရေးကြီးနိုင်တယ်လို့ စဥ်းစားမိတာကြောင့် ငါ ယူလာခဲ့လိုက်တာလေ.."
ဒီတစ်ကြိမ်တော့ အသံက အထူးသဖြင့် အချိန်ကြာအောင် တိတ်ဆိတ်သွားခဲ့တယ်။သူ စကားပြောလာတဲ့ အချိန်မှာတော့..နာကျင်တဲ့အရိပ်အယောင်တွေ ရှိနေခဲ့ပါတယ်။အသံပိုင်ရှင်က ဒီအရာကို ဖုံးကွယ်ဖို့ကြိုးစားနေခဲ့ပေမယ့်..သူ့ရဲ့နာကျင်မူက စကားလုံးတွေရဲ့ အတွင်းနက်ရှိုင်းအောင် မတိုးဝင်နိုင်ခဲ့တဲ့ပုံပါပဲ။
"...ဒီတော့ သူက သေပြီပေါ့..။သိပါပြီ.."
ယင်းနောက် နောက်တစ်ကြိမ် တိတ်ဆိတ်သွားခဲ့တယ်။
ဆန်နီ လေးနက်သွားခဲ့ပါတယ်။အတော်ကြာပြီးကာမှ သူ ဂရုတစိုက်ပြောလိုက်တယ်။
"မင်း..အာ..မင်းရဲ့ သားရဲကိုသတ်လိုက်လို့ ငါ့ကိုတော့ စိတ်မဆိုးပါဘူးနော်..။စိတ်ဆိုးသေးလား.."
လေဟာနယ်ကနေ သက်ပြင်းချသံတစ်ခု ထွက်လာခဲ့တယ်။
"မင်းကို စိတ်ဆိုးရမှာလား..။ငါကဘာလို့ မင်းကို စိတ်ဆိုးရမှာလဲ..။ငါတို့မှာဖြစ်ပျက်ခဲ့တာတွေက မင်းရဲ့ အပြစ်မှ မဟုတ်တာ.."
ဆန်နီသည် တုန်လှုပ်သွားခဲ့တယ်။မှန်သားရဲက သူ့ရဲ့ဖန်တီးသူ နှင့် ကွဲကွာသွားပြီး နောက်ဆုံးမှာ သူ့ရဲ့လက်နဲ့ သေဆုံးခဲ့ရမူအတွက် တာဝန်ရှိတဲ့သူက ဘယ်သူပဲဖြစ်ဖြစ် ၊ အသံပိုင်ရှင်ဟာ ပျောက်ဆုံးသူ တစ်ယောက်ဖြစ်သွားတာ အတော်ကံကောင်းတယ်လို့ သံသယဖြစ်မိပါတယ်။
ယင်းနောက် သူ သိချင်စွာမေးလိုက်တယ်။
"ဘာ..အဲတာက ဘာကြီးလဲ..။ငါ အဲလို သားရဲမျိုးတစ်ခါမှ မမြင်ဖူးဘူး.."
အသံက အတော်ကြာမှ ပြန်ဖြေလာခဲ့ပေမယ့် သူ့ကိုယ်သူ ထိန်းချုပ်နေရတယ် ဆိုတာ သိသာလှပါတယ်။
"ငါ့ရဲ့ ကဏ္ဍစွမ်းရည် ပြသမူတစ်ခုပေါ့။ထပ်တူညီမူလို့လည်း ပြောလို့ရတယ်..။ငါ..ငါ အထီးကျန်နေတဲ့ ကလေးလေး ဘဝတုန်းက သူ့ကို ဖန်တီးခဲ့တာ။ငါတို့ ဒီလို မဖြစ်ခင်တုန်းက အချိန်တွေ..အကြာကြီး..အကြာကြီး အတူတူ ရှိခဲ့ကြတယ်.."
ဆန်နီ မျက်မှောင်ကျုတ်ပြီး စဥ်းစားနေခဲ့တယ်။
"ကလေးတစ်ယောက်ဆိုတာ ဘာကိုဆိုလိုတာလဲ..။ကဏ္ဍစွမ်းရည်တွေ ရှိနေတဲ့ကလေးလား.."
အသံက ခါးသက်စွာရယ်မောလိုက်တယ်။
"အာ..အဲတာက..ငါ့ အသက် ၁၂ အရွယ်မှာတင် ပထမအိပ်မက်ဆိုးက ရောက်လာခဲ့တယ်လေ။ဒါက ရှားပါးတယ်..။ဒါပေမဲ့ တစ်ခါတစ်လေ ဖြစ်လေ့ရှိတယ်လေ။ကလေအနည်းငယ်လောက်ပဲ..ရှင်သန်နိုင်ကြလိမ့်မယ်"
ဆန်နီ မျက်တောင်ခတ်လိုက်တယ်။
"အိပ်မက်ဆိုးထဲကို အသက် ၁၂ နှစ်မှာတင် အပို့ခံရတာ။ဒါပေါ့..နည်းနည်းပဲ အသက်ရှင်ကြလိမ့်မယ်..'
သူသိထားတာက အခိုက်အတန့် ကူးစက်ခံရတဲ့သူတွေဟာ ပုံမှန်အသက်အရွယ် အပြင်ဘက်မှာ ရှိနေတာက အရမ်းရှားပါးတဲ့ အခြေအနေတွေပါ။ ဥပမာအနေနဲ့ နိးထသူ တွေရဲ့ ပထမမျိုးဆက်တစ်ခုလုံးပါပဲ။ ဒီနေ့ထိတိုင်အောင် ချို့ယွင်းချက်တွေ ရှိနေဆဲဖြစ်ပေမယ့် ဒါကပုံမှန်ဆိုရင် အသက်ကြီးတဲ့လူတွေမှာသာ ဖြစ်လေ့ရှိပြီး အသက်ငယ်တဲ့လူတွေမှာမဟုတ်ပါဘူး။
'ငါက ကိုယ့်ကိုကို ကံဆိုးတယ်လို့ ထင်နေခဲ့တာ..'
သူ လည်ချောင်းကိုရှင်းပြီး ရှက်ရွံ့စွာပြောလိုက်တယ်။
"ကောင်းပြီလေ..မင်းရဲ့ဆုံးရှုံးမူအတွကိ စိတ်မကောင်းပါဘူး။မင်းကို နဲနဲစိတ်သက်သာရာရစေမယ်ဆိုရင်ပေါ့..သားရဲက မသေခင်တစ်ခုခု ပြောဖို့ကြိုးစားခဲ့တယ်။အာ..ငါတို့က ရှာဖွေတာ ဘယ်တော့မှ ရပ်မှာမဟုတ်ဘူး။အဲလိုမျိုးပဲ.."
သို့ပေမယ့် အသံက တုံ့ပြန်ခြင်းမရှိပေ။ကြည့်ရတာတော့ အသံပိုင်ရှင်က အဆီအနှစ်တွေ ကုန်ဆုံးသွားတာ ဒါမှမဟုတ် ဆန်နီနဲ့ ဆက်သွယ်နိုင်တဲ့အရာ... ကို နောက်တစ်ကြိမ် အသုံးပြုဖို့ ရက်အနည်းငယ် စောင့်ရဦးမယ့် ပုံပါပဲ။
ဆန်နီ သက်ပြင်းချလိုက်တယ်။
"ချီးပဲ..သောက်ကျိုးနဲ ကြယ်တွေကနေ ဘယ်လိုရှင်သန်ရမှာလဲ ဆိုတာတောင် ငါ မမေးလိုက်ရဘူး.."
သူ့ စကားလုံးတွေကို နည်းစနစ်ကျကျ ရွေးချယ်ဖို့ လိုနေပါပြီ။
***
ဆန်နီက လေဟာနယ်ထဲသို့ နောက်ထပ်ရက်အနည်းငယ် ကျဆင်းနေခဲ့တယ်။ အခုအချိန်မှာ သူက မကျဆင်းဘဲနေရတဲ့ ခံစားချက်ကို မှတ်မိဖို့ အခက်တွေ့နေခဲ့ပါပြီ။ အမှောင်ထုက ထာဝရ၊ အမြဲတမ်းရှိနေသလို ခံစားနေရပြီး သူ၏တကယ့်ဘဝ အရာအာလုံးက ထူးဆန်းတဲ့အိပ်မက်တစ်ခုလို ခံစားနေခဲ့ရတယ်။
'ဖြစ်နေနိုင်တာပဲ...'
မဟုတ်ဘူး..ဒါက မဟုတ်ဘူး။သူက သေချာသလောက်ရှိတယ်။
အသံပြန်ရောက်လာတဲ့အချိန်မှာတော့ လေဟာနယ်က အနည်းငယ်ပြောင်းလဲသွားခဲ့တယ်။ အဝေးမှာရှိတဲ့ တောက်ပတဲ့ အလင်းရောင်တွေက အခုချိန်မှာ ပိုမိုနီးကပ်ပြီး တောက်ပလာရုံတင်မကဲ လေကလည်း
ပိုမိုနွေးလာတာကို ခံစားနေခဲ့ရပါတယ်။
ဆန်နီကတော့ သူရဲ့ပုံမှန်နေရာမှာပဲ ရှိနေခဲ့ပြီး ရတနာသေတ္တာရဲ့အလယ်ဗဟိုမှာ တပ္ပလင်ခွေထိုင်ကာ အရိပ်ကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်ရန် လေ့ကျင့်နေခဲ့တယ်။ သူ့အနားမှာတော့ အဖုံးရဲ့မျက်နှာပြင်ပေါ်မှာ အမည်းရောင်လေးတစ်စင်း နဲ့ အနက်ရောင် မြားကျည်ထောက်တစ်ခု ရှိနေခဲ့ပါတယ်။
"...လေးက လေးပစ်တတ်တာလား.."
ဆန်နီ မျက်လုံးတွေပွင့်လာပြီး အမှောင်ထုကိုကြည့်ကာ ပုခုံးတွန့်ပြလိုက်တယ်။
"အဲလို မဟုတ်ဘူး..။ဒါပေမဲ့ မကြာခင်တော့ နည်းနည်းသင်ယူနိုင်မယ်လို့ မျှော်လင့်တာပဲ"
သူက မျက်နှာရှုတ်မဲ့ပြီး သူ့ရဲ့ကျိုးနေတဲ့လက်ကို ကြည့်လိုက်တယ်။
"အဲလိုမလုပ်ခင်မှာတော့ ကောင်းနေတဲ့ လက်နှစ်ဖက်လိုအပ်တယ်လေ.."
လေးနဲ့ မြားကျည်ထောက်က သူ သူတော်စင်ကို ပေးခဲ့တဲ့ မှတ်သားမူ တွေနဲ့ အတူတူပါပဲ။ဒီ မှတ်သားမူနှစ်ခုစလုံးက..တက်ရောက်မူအဆင့်ဖြစ်ကြပေမယ့် ပထမအဆင့်တွေပါ။လေး ရဲ့ တိုးမြင့်မူကတော့ မာကျောခိုင်ခံတာဖြစိပြီး..မြားတွေကတော့ တစ်ချောင်းချင်းစီအစား..မြားအိမ်လိုက်ရောက်လာခဲ့ကြပါတယ်။
အဲ့အချိန်မှာတော့ သူ့ရဲ့ကျိုးနေတဲ့လက်က ပြန်ကောင်းလာနေခဲ့တယ်။သူက လက်ချောင်းလေးတွေ လှုပ်လို့ရနေပြီဖြစ်ပေမယ့် ဖြစ်စဥ်ပြီးဆုံးဖို့အတွက်တော့ အတော်လိုအပ်နေပါသေးတယ်။
ဆန်နီက သာမန်လူသားတွေ ၊ နိုးထသူတွေထက် ပိုလျင်မြန်တဲ့အရှိန်နဲ့ပြန်ကောင်းနေခဲ့တာပါ။သူက နောက်တစ်ပတ်လောက်ဆိုရင် အနက်ရောင်လေးကြိုးကို ဆွဲနိုင်လောက်ပြီဆိုတာကို သေချာပြောနိုင်ပါတယ်။
အသံက တွေဝေနေပြီးကာမှ ပြောလိုက်တယ်။
"ပြီးခဲ့တဲ့ အခေါက်တုနိးက ငါတို့ ကောင်းကင်မီးတောက်အကြောင်း ဆွေးနွေးဖို့အချိနိမရှိခဲ့ကြဘူး"
ဆန်နီ ခေါင်းညိမ့်လိုက်တယ်။
"အမှနိပဲ.."
ယင်းနောက် သူ တစ်ခုခုကို မှတ်မိပြီး မေးလိုက်ပါတယ်။
"အိုး စကားမစပ်..ငါမင်းကို ဘယ်လိုခေါ်ရမှာလဲ..။မင်းမှာ နာမည်ရှိလား..။မင်းကို အသံတစ်ခု အဖြစ်ဆက်ပြီး တွေးနေရတာက နည်းနည်းတော့..ရှက်စရာကောင်းတယ်လေ.."
အသံက ရယ်မောလိုက်တယ်။
"နာမည်တစ်ခုလား..။ငါ့မှာ နာမည်တစ်ခုတော့ ရှိခဲ့ပါတယ်..။အဲလိုထင်တာပဲ.."
ဆန်နီ သက်ပြင်းချလိုက်တယ်။
"ဟုတ်လား..။ကောင်းပြိီလေ..ဘာများလဲ.."
အသံက ခနလောက်တွေဝေနေပြီးကာမှ ကျေနပ်စွာ ပြန်ဖြေလိုက်တယ်။
"...မော်ဒရက် ..ဒါမှမဟုတ်..မင်းသား မော်ဒရက်ပေါ့..အဲလ်ိုထင်တာပဲ.."
ဆန်နီ ပါးစပ်ဖွင့်လိုက် ပိတ်လိုက် အကြိမ်အနည်း
ငယ် လုပ်ပြီးကာမှ သံသယဖြစ်တဲ့ အမူအရာနဲ့ မေးလိုက်တယ်..။
"မင်းသား လား...။မင်းက ဘယ်အရာရဲ့ မင်းသားလဲ"
မော်ဒရက် က ရယ်မောလိုက်ပြီး..
"ဘာမှမရှိခြင်း..ငါက ဘာမှမရှိတဲ့ မင်းသားပဲ..။လုံးဝ ဘာမှမရှိဘူး.."