လုပ်မှာလား အသေခံမှာလား
Vol. 30 Ch. 439
ဆန်နီက အမှောင်ထုထဲကို ယုံရခက်တဲ့အမူအရာနဲ့ကြည့်နေပြီးကာမှ ပုခုံးတွန့်လိုက်တယ်။
"သေချာတာပေါ့..။ဘာပဲဖြစ်ဖြစ်ပါ..။ခင်မင်ရင်းနှီးခွင့်ရတာ ဝမ်းသာပါတယ် အရှင်မင်းသား။စကားမစပ်ကျွန်တော်ကတော့ ဆန်နီလို့ခေါ်ပါတယ်။ဝမ်းနည်းစွာပဲ ဘွဲ့ထူး ဂုဏ်ထူးတွေတော့ မရှိပါဘူး.."
တိတ်ဆိတ်စွာပဲ သူ တွေးလိုက်တယ်။
'အိပ်မက်ကမ္ဘာထဲကို ခေါ်သွားခံရတဲ့ မင်းသားငယ်လား..'
သူ့ရဲ့သံသယဖြစ်မူကို သိနေတဲ့ မော်ဒရက်က တွေဝေပြီးကာမှ ပြန်မေးလိုက်တယ်။
"ဆန်းလပ်စ်လား..။ဘယ်လို သာမန်မဟုတ်တဲ့ နာမည်လဲ.."
ဆနိနီ မျက်နှာရှုတ်မဲ့သွားခဲ့ပြီး..
"ဟုတ်တယ်..။ငါ့ရဲ့ အမေက..ပြန်စဥ်းစားကြည့်ရရင်..ထားလိုက်တော့..။မင်းအခုငါ့ကို နတ်ဘုရားမီးတောက် အကြောင်းရှင်းပြမှာလား မရှငိးပြတော့ဘူးလား.."
ဘာမှမရှိတဲ့မင်းသား က ခနလောက် တိတ်ဆိတ်ပြီးမှ ပြောလိုက်တယ်။
"ပြောစရာ အများကြီးမရှိဘူး။ဒီမီးတောက်တွေရဲ့ အပူချိန်က လုံးဝကို သေစေနိုင်တယ်။မင်းမှာ လေပေါ်ပျံနိုင်တဲ့ နည်းလမ်းမရှိဘူးဆိုရင် မင်းတော့ ပြသနာကြီးတက်ပြီ။ငါကတော့ မင်းမှာ ပျံစရာဘာမှမရှိဘူးလို့ ယူဆတာပဲ..။မဟုတ်ရင် မင်း ဒီအစောကတည်းက ဒီအခြေနေရောက်နေမှာမဟုတ်ဘူး..။ဟုတ်တယ်မလား.."
'ကောင်းပြီလေ..နည်းလမ်းကျတဲ့ လောဂျစ်တွေကို ဘယ်သူက ငြင်းခုန်နိုင်မှာလဲ..'
ဆန်နီ သက်ပြင်းချလိုက်ပြီး..
"..ငါက ကျဆင်းတဲ့ ဦးတည်ချက်ကိုတော့ ထိန်းချုပ်လို့ရတယ်..။ဒါပေမဲ့ ဟုတ်တယ်..အမှန်တကယ်ပျံသန်းလို့တော့ မရဘူး.."
သူ တွေဝေနေပြီးကာမှ အင်တင်တင်နဲ့ ထပ်ပြောလိုက်တယ်။
"အသုံးဝင်နိုင်မလား မသိပေမယ့်..ငါ့ရဲ့ ကဏ္ဍစွမ်းရည်က ငါ့ကို ရုပ်ဒြပ်အကောင်အထည် မရှိတဲ့အရာအဖြစ်ပြောင်းပေးနိုင်သလို..တိုတောင်းတဲ့ အကွာအဝေးတွေကိုလည်း ပို့ပေးနိုင်တယ်.."
သူ့ရဲ့စွမ်းအားတွေအကြောင်း အသေးစိတ်ကို ထူးဆန်းတဲ့မင်းသားနဲ့ မျှဝေချင်စိတ်မရှိပေမယ့် အခုအချိန်မှာတော့ သူ့မှာ တစ်ခြားရွေးချယ်စရာမရှိပါဘူး။သိသာစွာပဲ မော်ဒရက်က အောက်ဘက်ကောင်းကင် အကြောင်းကို ဆန်နီထက် ပိုသိနေခဲ့တယ်။ဒီတော့ သူရဲ့ အကြံဉာဏ်တွေက အတော်လေး အရေးကြီးပါတယ်။
ပျောက်ဆုံးသူ မင်းသားက ခနလောက် တွေးလိုက်ပြီးမှ ပြောလိုက်တယ်။
"ခန္တာကိုယ် မရှိအောင်ပြောင်းလဲလိုက်တာက အပူချိနိကြောင့် ကင်ပြီးသား ဖြစ်တာကနေ ကာကွယ်ပေးနိုင်လိမ့်မယ်။ဒါပေမဲ့ ဒါက နတ်ဘုရားမီးတောက် ကနေတော့ ကာကွယ်နိုင်မှာမဟုတ်ဘူး။အရာအားလုံးကတော့ အရှုံးဖက်ကကြီးပဲ မဟုတ်ဘူး။မင်းက မပျံသန်းနိုင်ပေမယ့် လှုပ်ရှားနိုင်စွမ်း အချို့တော့ ရှိနေသေးတယ်။နည်းနည်းသာ ကံကောင်းမယ်ဆိုရင် မင်းက မီးလောင်ခံရတာတွေကို ရှောင်တိမ်းနိုင်မှာပါ.."
ဆန်နီ အမှောင်ထုကိုကြည့် နောင်တရတဲ့ အမူအရာနဲ့ကြည့်လိုက်ပြီး..
"ဒါက ငါ့ဟာငါတောင် စဥ်းစားပြီးနေပြီးပြီလေ..။ငါ မသိတဲ့အရာ တစ်ခုခုလောက် ပြောပြပါလား..ဂျီးနီးယပ် လေးရယ်.."
အသံက ရယ်မောလိုက်တယ်။
"ကောင်းပြီလေ..။ဒါပေမဲ့ မင်းက ကောင်းကောင်းမွန်မွန် မေးမှ ရလိမ့်မယ်.."
ပြီးတာနဲ့ ဒါက ပျောက်ကွယ်သွားခဲ့ပါတယ်။
ဆန်နီရဲ့ မျက်နှာ ရှုတ်မဲ့သွားခဲ့တယ်။
"ချီးတဲ့မှပဲ..သူ သွားပြန်ပြီ.."
သို့ပေမယ့် တစ်စက္ကန့်ကြာပြီးတဲ့နောက်မှာ မော်ဒရက်ရဲ့ အသံက အမှောငိထုထဲကနေ ပြန်ပေါ်လာခဲ့တယ်။
"နိုး..နိုး..။အချိန်ရှိပါသေးတယ်။ငါက ဒီတိုင်း စဥ်းစားနေတာ.."
သူက ခနလောက် တိတ်ဆိတ်နေပြီးကာမှ တွေဝေစွာ ပြောလိုက်တယ်။
"နတ်ဘုရား မီးတောက်ကို ဖြတ်သန်းနိုင်တဲ့ လမ်းကြောင်းတော့ ရှိတယ်။ကြယ်တွေရဲ့အထဲမှာ ဘာမှမကျန်ရစ်တော့တဲ့ အက်ကွဲကြောင်းတစ်ခုရှိနေတယ်။အဲတာကို ရှာတွေ့နိုင်ရင် မင်း အသက်ရှင်နိုင်လိမ့်မယ်.."
ဒီရက်တွေမှာ သူ့ရဲ့စိတ်ခံစားမှုတွေကို ထိန်းချုပ်ဖို့ခက်ခဲပေမယ့် ဆန်နီက ဒေါသကို ဖိနှိပ်ပြီး စိတ်ကိုတည်ငြိမ်အောင် ထိန်းဖို့ ကြိုးစားနေခဲ့တယ်။ သူစကားပြောတဲ့အချိန်မှာ သူ့အသံက ပုံမှန်အတိူင်းနီးပါးဖြစ်နေခဲ့ပါတယ်။
"ငါ့ကို ဘာလို့ စောစောက မပြောတာလဲ..။ငါက အဲဲဒီအက်ကွဲကြောင်းနဲ့ ဘယ်လောက် ဝေးသေးလဲ.."
မော်ဒရက် သက်ပြင်းချလိုက်ပြီး..
"ငါ ဘယ်လိုလုပ်သိမှာလဲ..။မင်း ဘယ်မှာရောက်နေလဲ ဆိုတာတောင် ငါက သိတာမဟုတ်ဘူး။ထပ်ပြောရရင် ငါကိုယ်တိုင်လည်း အက်ကွဲကြောင်းကို ရှာမတွေ့ဖူးဘူး။ဘာပဲဖြစ်ဖြစ် အောက်ဘက်ကောင်းကင်က ကျယ်ပြန့်ပြီး ..သေစေနိုင်တယ်လေ.."
'..ဒီတော့ သူကလည်း အောက်ဘက်ကောင်းကင်ကြီးကို ရှာဖွေနေခဲ့တာပေါ့..။ကြယ်အတုတွေရဲ့ အောက်ဘက်မှာ ဘာများရှိနိုင်မလဲ.."
ဆန်နီ ခေါင်းကိုစောင်းပြီ သိချင်စွာမေးလိုက်တယ်။
"မင်း ရှာမတွေ့ခဲ့ဘူးဆိုရင် အဲတာရှိနေတာ ဘယ်လိုသိတာလဲ.."
အသံက အတော်ကြာအောင် တိတ်ဆိတ်နေခဲ့တယ်။အတော်ကြာပြီးကာမှ မော်ဒရက်က ပြန်ပြောလာခဲ့ပါတယ်။သူအသံက ပျက်ပြယ်ပြီး အားနည်းနေခဲ့ပါပြီ။
"အပေါက်..ဒါက အပေါက်ကြီးရဲ့ အနားဝန်းကျင်မှာ ရှိလိမ့်မယ်..။အဲလိုထင်တာပဲ.."
ဒီလိုပြောပြီးတာနဲ့ အမှောင်ထုထဲမှာ ဆန်နီ တစ်ယောက်တည်းသာ ကျန်နေခဲ့ပြန်တော့တယ်။ဒီတစ်ကြိမ်တော့ ဆန်းကျယ်တဲ့ မင်းသားက တကယ်ပဲ ပျောက်ကွယ်သွားခဲ့ပါပြီ။
သူက အတော်ကြာအောင် ခံစားချက်မဲ့စွာထိုင်နေရင်း အောက်ဘက်ကောင်းကင်ရဲ့ အဆုံးမရှိတဲ့ ဘာမှမရှိမူကို စိုက်ကြည့်နေခဲ့တယ်။
"အပေါက်ကြီးရဲ့ အနီးနားမှာ.."
ကံတရားကြိုးမျှင် ကလည်း အပေါက်ဆီကို ညွှန်ပြနေခဲ့တယ်။ အလယ်ဗဟိုနားက တစ်နေရာရာဆီကိုပါ။ အကယ်လို့ နတ်ဘုရားမီးတောက်တွေ ဖျက်ဆီးတာခံထားရတဲ့ ကွင်းပြင်ထဲက ကွဲကြောင်းဟာ ရွှေရောင်ကြိုးနဲ့ ဆက်စပ်နေမယ်ဆိုရင် ၊ ဆန်နီဟာ မော်ဒရက်ထက်ပိုပြီး ညှာတာမူကင်းမဲ့တဲ့ ကြယ်ပွင့်တွေကြားထဲက လမ်းကြောင်းကို ရှာတွေ့နိုင်ချေများပါတယ်။
တကယ်တော့ သူက တစ်ဝက်တောင် ရှာတွေ့ပြီးနေပါပြီ။
ဆန်နီ အောက်ကိုကြည့်လိုက်တဲ့ အချိန်မှာတော့ သက်ပြင်းချပြီး မျက်လုံးတွေကို နောက်တစ်ကြိမ် ပိတ်ထားလိုက်တယ်။ပြီးတာနဲ့ သူ့ခန္တာကိုယ်ထဲက အဆီအနှစ်တွေကို အဆုံးမရှိ လှည့်ပတ်မူတွေ ပြန်လုပ်နေခဲ့ပါတယ်။
***
တစ်ရက်ပြီးတစ်ရက် ကြာသွားခဲ့တယ်။
စန်းနီ ကြယ်တုတွေဆီ ပိုပြီးနီးကပ်လာလေ သူက ပိုပြီး တည်ငြိမ်လာလေပါပဲ။ အခုဆို အန္တရာယ်နဲ့ နီးကပ်လာပြီဖြစ်တာကြောင့် သူ့စိတ်ဟာ ဖြည်းဖြည်းချင်းဖျက်ဆီးဖို့အတွက် အချိန် နဲ့ အကြောင်းပြချက်တွေ မရှိတော့ပေ။ လေဟာနယ်ရဲ့ အပြည့်အဝ ဘာမှမရှိမှုကလည်း အခုဆို အရင်ကထက် လျော့ကျသွားခဲ့ပါပြီ။
အခုတော့ ခြိမ်းခြောက်မူတွေသာမက..အလင်းနဲ့ အပူချိန်တွေပါ ရှိနေခဲ့တယ်။
ပြီးတော့ အရိပ်တွေ..
ဆန်နီက ရုပ်သေးဆရာဝတ်ရုံတော် ရဲ့ သားရေအစိတ်အပိုင်းတွေကို ဖယ်ရှားပြီး အပေါ်အင်္ကျီရဲ့ ကြိုးတွေကို ဖြေလိုက်တယ်။ ခါးအထက်ပိုင်းက ဗလာကျင်း ဖြစ်နေပြီး အမှောင်ထုထဲမှာ တရားအားထုတ်နေခဲ့တယ်။ဝိဥာဥ်မြွေက သူ့ရဲ့ ဖြူဖျော့ပြီးပိန်လှီနေတဲ့ ခန္ဓာကိုယ်ကို ရစ်ပတ်ထားခဲ့ပါတယ်။
သေနေတဲ့ နတ်ဆိုးရဲ့ အဆိပ်သင့် အသားတွေကိုပဲ စားနေရတဲ့အတွက် သူ့မှာ အဆီပိုတွေ လုံးဝရှိမနေတော့ပေ။ သူ့အရေပြားက ဖျားနာနေတဲ့လူတစ်ယောက်လိုမျိုး ပိန်လှီနေတဲ့ကြွက်သားတွေပေါ်မှာ ဖုံးအုပ်ထားခဲ့ပါတယ်။ ဒါက ကြည့်ရတာ အဆင်ပြေပေမယ့် နည်းနည်းတော့ ထိတ်လန့်စရာပါပဲ။
သူ့ရဲ့ကျိုးနေတဲ့လက်မောင်းက ပျောက်ကင်းလုနီးပါး ဖြစ်သွားပြီ ဆိုတော့ လည်သိုင်းကြိုးကို ဖယ်ပြီး အရင်အတိုင်း သန်မာလာအောင် နေ့တိုင်းလိုလို
ရိုးရှင်းတဲ့ လေ့ကျင့်ခန်းတွေကို လုပ်နေခဲ့ရတယ်။ ဒါပေမယ့် အရမ်းအလွန်အကျွံ အားမစိုက်မိအောင်လည်း သတိထားနေရပါသေးတယ်။
ကြယ်အတုတွေရှိတဲ့ ကွင်းပြင်ကနေ ဘယ်လို အသက်ရှင်မလဲ ဆိုတဲ့ အစီအစဉ်က သူ့စိတ်ထဲမှာ ဖြည်းဖြည်းချင်းပုံပေါ်လာခဲ့ပါပြီ။ တစ်နည်းနည်းနဲ့တော့ ဒါက လောင်းကစားတစ်ခုဖြစ်လာမှာပါ။သို့ပေမယ့် ဆန်နီကတော့ အသက်ရှင်ဖို့အတွက်သူတတ်နိုင်သမျှကို မလုပ်ဆောင်ပဲ လက်လျော့လိုက်မှာမဟုတ်ပေ။
...သူ့ရဲ့ယုံကြည်မှုကို အားဖြည့်ပေးထားတာက သူက မော်ဒရက်ပြောပြတဲ့ အက်ကွဲကြောင်းကို ရှာတွေ့ပြီဆိုတာပါပဲ။
ဆန်နီက သူ့စိတ်ထဲမှာ လောင်ကျွမ်းသွားခဲ့တဲ့ ရွှေရောင်ကြိုးရဲ့ ဦးတည်ရာကို လိုက်ပြီး ကြယ်အုပ်စုတွေကို တစ်ပတ်လုံး လေ့လာပြီးတဲ့အချိန်မှာတော့..
မရေမတွက်နိုင်အောင် တောက်ပတဲ့အလင်းတွေရဲ့ အထဲမှာ မမြင်ရလောက်အောင် သေးငယ်တဲ့ အက်ကွဲကြောင်းတစ်ခုကို နောက်ဆုံးမှာ သတိထားမိလိုက်ပါတယ်။
သူ့ရဲ့ တွေ့ရှိချက်ကို ယုံကြည်တာကြောင့် သူက အနက်ရောင်တောင်ပံကို ခေါ်ယူပြီး ရတနာသေတ္တာကို အဲဒီ အစုအဝေးဆီကို တွန်းပို့လိုက်တယ်။ ကံကောင်းတာက သူက အဲဒီနေရာနဲ့ သိပ်မဝေးတော့ပါဘူး..။ဘာလို့လဲဆိုတော့ သူက ရွှေရောင်ကြိုးရဲ့ လမ်းကြောင်းအတိုင်း ကျဆင်းလာဖို့အတွက် အစကတည်းက ရွေးချယ်ထားခဲ့လို့ပါ။
နောက်ထပ်ရက်အနည်းငယ်ကြာပြီး ကြယ်တွေက
ပိုကြီးလာတဲ့အခါမှာတော့ ဆန်နီဟာ ဒီသေးငယ်တဲ့
အက်ကွဲကြောင်က တကယ်ရှိတယ်ဆိုတာက်ို အတော်လေး သေချာသွားခဲ့တယ်။ အဲဒါကလည်း နည်းနည်းလေး ပိုကြီးလာခဲ့ပါတယ်။
သို့ပေမယ့် သူ မသေချာတဲ့အချက်က..နတ်ဘုရားမီးတောက်ရဲ့ အမြစ်ဖြတ်သုတ်သင်ခြင်းကို မခံရပဲ အဲဒီနေရာကို အရောက်သွားနိုင်မယ့် သူ့ရဲ့ စွမ်းရည်ကိုပါပဲ။
ကြယ်အတုတွေရှိနေတဲ့ ကွင်းပြင်က အရမ်းကို ကျယ်ပြန့်ပြီး..အက်ကွဲကြောင်းက ဒီအရာနဲ့ယှဥ်ရင် အတော်လေး သေးငယ်ပါတယ်။လက်ရှိ သူကျဆင်းနေတဲ့ အရှိန်နဲ့ဆိုရင် ဒီအရာကို လွဲချော်သွားဖို့ အတော်လေးကို လွယ်ကူတော့မှာပါ။
ဒါပေမဲ့ သူ့မှာ ရွေးချယ်စရာ ရှိသေးလို့လား..
' လုပ်မှာလား..သေမှာလား..'
ကောင်းပြီလေ..ဘယ်တုန်းကများ ကွဲပြားခဲ့ဖူးလို့လဲ။