← Chapters

အကြင်နာကင်းမဲ့တဲ့ ကြယ်ပွင့်

Vol. 30 Ch. 440

အကြင်နာကင်းမဲ့တဲ့ ကြယ်ပွင့်

Vol. 30 Ch. 440

အောက်ဘက်ကောင်းကင်ထဲကို သုံးပတ်​ကျော်လောက် ဆင်းသက်ပြီးတဲ့နောက်မှာတော့..။အနည်းဆုံးတော့ ဆန်နီက အဲလောက်ကြာသွားပြီလို့ ထင်မိခဲ့ပါတယ်။သူက သက်ပြင်းချလိုက်ပြီး အန္တရာယ်များစွာလှုပ်ယမ်းနေတဲ့ ရတနာသေတ္တာပေါ်မှာ မတ်တတ်ထရပ်လိုက်တယ်။

သူ့ရဲ့ဆံပင်တွေက ချွေးတွေနဲ့စိုရွဲနေခဲ့ပြီး..သူ့ရဲ့ အရည်ပြားတွေကိုတော့ နီးကပ်လာတဲ့ ကြယ်လေးတွေရဲ့ အဖြူရောင်အလင်းတန်းတွေက ထိုးဖောက်နေခဲ့တယ်။အခုတော့ သူတို့က ချောက်နက်ထဲမှာရှိတဲ့ အမှောင်ထုထဲက အဖြူရောင်အစက်တွေနဲ့ မတူတော့ပါဘူး။အဲဲဒီအစား..တစ်ခုချငိးစီက လက်သီးဆုပ်လောက်စီ ရှိပြီး..မျက်စိကျိန်းလောက်အောင် တောက်ပတဲ့ အလင်းတန်းတွေ ဝန်းရံထားခဲ့တယ်။

လေဟာနယ်ကို ထိုးဖောက်နေတဲ့ အပူချိန်က အသက်ရူကြပ်စေပါတယ်။

ဆန်နီ အောက်ကိုငုံ့ကြည့်လိုက်တဲ့အချိန်မှာတော့..သူ့အောက်မှာ အဖြူရောင်မီးပင်လယ်ကြီးကို တွေ့နေခဲ့ရပါပြီ။ဒီအရာက လေဟာနယ်ကို ကောင်းကင်မီးတောက် လောင်ကျွမ်းပြီး နှစ်ထောင်ချီအကြာက အကျွမ်းအကျန်တွေဆိုရင်..ရှေးဟောင်းကုန်းမြေပေါ်ကို နတ််ဘုရားရဲ့အပြစ်ပေးမူ ကျဆင်းလာတဲ့အချိန်တုန်းက ဘယ်လိုအခြေအနေရှိမလဲဆိုတာကို တွေးကြည့်ရင်တောငိ တုန်ရီမိပါတယ်။

သူ့အကြည့်ကတော့..များပြားလှတဲ့ကြယ်အလင်းတန်းတွေ ကြားထဲက သေးငယ်ပြီး ဘာမှမရှိတဲ့ နေရာလွတ်လေးဆီကိုသာ ရောက်နေခဲ့တယ်။

အက်ကွဲကြောင်း..။

အဲတာက သူ့ရဲ့ပန်းတိုင်ပါ။

ဆန်နီ မီးတောက်ကွင်းပြင်ကြီးထဲက သေးငယ်တဲ့ လမ်းကြောင်းကိုကြည့်နေတုနိးမှာပဲ လေဟာနယ်က ရုတ်တရက် ပြောလာခဲ့တယ်။

"မင်း...အာ...။အဲတာက..မင်းမှာ တက်တူးအကြီးကြီး ရှိနေတာပဲ.."

ဆန်နီ အမှောင်ထုထဲကို ကြည့်ပြီး ပုခုံးတွန့်လိုက်တယ်။

"ဘာထူးလို့လဲ.."

မော်ဒရက်ကတော့ ခနလောက်တွေဝေနေခဲ့ပြီး ဘာပြောရမလဲ မသိခဲ့ပါဘူး။ယင်းနောက် သူက သိချင်တဲ့အမူအရာနဲ့မေးလိုက်တယ်။

"ဆန်းလပ်စ်..မင်းက သုတေသနလက်ထောက် ဆိုတာ သေချာလား.."

ဆန်နီ ပြုံးလိုက်ပြီး..

"ဒါပေါ့..သေချာတယ်။သူတို့က လတိုင်း ငါ့ကို အမှတ်တွေ ဘယ်လောက်ပေးလဲဆိုတာ သိရဲ့လား..။ငါက ဟိုဟိုဒီဒီအကြောင်း နည်းနည်းလောက် ပြောပြလိုက်တာနဲ့..အိမ်တစ်လုံးကို ဝယ်နိုင်ခဲ့တာ။အိမ်တစ်လုံးကိုနော်..။ဖြစ်နိုင်တာက သုတေသနတစ်ယောက်က မင်းသား တစ်ယောက်လောက်တော့ မကောင်းမွန်နိုင်ဘူး..ဒါပေမဲ့ ဒါက အတော်လေး ကောင်းမွန်တယ်။ဒါပေါ့ လေးစားမူတွေ ရောပေါ့..အရှင်မင်းသား.."

အသံက ရယ်မောလိုက်ပြီး..

"မင်းက တကယ် စိတ်ဝင်စားဖို့ကောင်းတာပဲ.."

ဆန်နီ လေဟာနယ်ကို စိုက်ကြည့်ပြီး မယုံနိုင်တဲ့ အမူအရာနဲ့ပြောလိုက်တယ်။

"မင်းကိုယ်တိုင်ကလည်း နားလည်ရခက်တဲ့ လူတစ်ယောက်ပဲ မဟုတ်ဘူးလား.."

မော်ဒရက် က ခနလောက်တိတ်ဆိတ်နေပြီးကာမှ မေးလိုက်တယ်။

"ဖြစ်လာမယ့်အရာတွေ အတွက် မင်းအဆင်သင့်ဖြစ်ပြီလား.."

ပြန်ဖြေမယ့်အစား..ဆန်နီက အကြင်နာကင်းမဲ့တဲ့ ကြယ်ပင်လယ်ကြီးကို လက်ညိုးထိုးပြလိုက်ပါတယ်။

"အဲကို ကြည့်လိုက်.."

ပျောက်ဆုံးသူ မင်းသား စကားပြောလာတဲ့အချိန်မှာတော့ သူ့အသံက ထူးဆန်းစွာပဲ နောင်တရနေခဲ့တယ်။

"ငါ အဲဘက်ကို ကောင်းကောင်း မမြင်ရဘူး။ဘာရှိလို့လဲ.."

'အ်ိုး ဟုတ်သားပဲ..'

ဆန်နီ ခနလောက်တွေဝေနေပြီးကာမှ ပြောလိုက်တယ်။

"ငါတော့ မင်းပြောတဲ့ အက်ကွဲကြောင်းကို တွေ့ထားပြီ ထင်တာပဲ.."

မော်ဒရက်က အံ့ဩတဲ့အသံနဲ့မေးလိုက်တယ်။

"တကယ်လား..။မင်းတွေ့ပြီလား.."

ဆန်နီ ပုခုံးတွန့်လိုက်ပြီး..

"သိရမှာပေါ့..။အက်ကွဲကြောင်းက အပေါက်ကြီးရဲ့အနီးနားမှာ ရှိနေသင့်တယ်လို့ မင်းပြောခဲ့တာမလား..။ငါကလည်း အပေါက်နားကနေ ဆင်းသက်လာတာဆိုတော့..ငါ မှန်ကန်တယ်ဆိုတာ သေချာသလောက်ရှိတယိ.."

အသံက တွေဝေသွားခဲ့ပြီး သုန်မုန်တဲ့အမူအရာနဲ့ပြောလိုက်တယ်။

"အဲတာက မဟုတ်ဘူးဆိုရင်ရော.."

ဆန်နီ ပြုံးလိုက်ပြီး..

"မင်းနဲ့သိကျွမ်းခွင့်ရတာ ဝမ်းသာပါတယ်။ဘာပဲဖြစ်ဖြစ်..မင်းမသွားခင် ငါ့ကို ပြောချင်တာ တစ်ခုခု ရှိသေးလား..။ငါ ကြယ်တွေဆီကို မရောက်ခင် ငါတို့နောက်ထပ် စကားပြောခွင့်ရဖို့ကိုတော့ ငါ သံသယဖြစ်မိတယ်.."

မော်ဒရက် စက္ကန့်အနည်းငယ်လောက်တွေးပြီးမှ ပြောလိုက်တယ်။

"ဒါပြီးရင်တော့ ငါ မင်းဆီကို လာနိုင်တော့မယ် မထင်ဘူး..။ဒီတော့..ကံကောင်းပါစေ.."

ဆန်နီ မျက်ခုံးပင့်တင်လိုက်ပြီး..

"တကယ်ကြီးလား.."

လေဟာနယ်ထဲက အသံက အတော်ကြာပြီးကာမှ ပြန်ဖြေလာခဲ့တယ်။

"ဟုတ်တယ်..။ဘာဖြစ်လို့လဲ.."

သူ ခေါင်းခါယမ်းလိုက်ပြီး.

"ဘာမှမဟုတ်ပါဘူး။ငါက မင်းကို ကြယ်တွေရဲ့ တစ်ဖက် တစ်နေရာရာမှာ ပိတ်မိနေတာလို့ ထင်ထားခဲ့တာ.."

မော်ဒရက် ရယ်မောလိုက်ပြီး..

"...မဟုတ်ဘူး..။ငါက တစ်နေရာရာမှာ ပိတ်မိနေတာ"

သူ့အသံက ထူးဆန်းစွာပဲ လွင့်ပျယ်လာခဲ့တယ်။ယင်းနောက် တီးတိုးပြောသံတစ်ခုက ဆန်နီရဲ့နားထဲကို ဝင်လာခဲ့ပါတယ်။

"အသက်ရှင် နေဖို့ ငါမျှော်လင့်တယ်..ဆန်းလပ်စ်.."

ယင်းနောက် ပျောက်ဆုံးသူ မင်းသားက ထွက်သွားခဲ့ပါပြီ..။အမှောင်ထုထဲမှာတော့ ဆန်နီ တစ်ယောက်တည်းသာ ကျန်နေခဲ့ပြန်တော့တယ်။

သူ သက်ပြင်းချလိုက်တယ်။

"ငါရောပဲ..။ငါ ရှင်သန်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် "

***

မော်ဒရက် ထွက်သွားပြီးနောက်မှာတော့ ၊ ဆန်နီက အနည်းငယ်စောင့်လိုက်ပြီး ဒီခရီးစဉ်ကို စတင်ကတည်းက သူ့ကိုယ်သူ သတ်မှတ်ထားတဲ့ စည်းကမ်းကို ဒုတိယအကြိမ် ချိုးဖောက်လိုက်ပါတယ် ။သူက ခွေးသားနဲ့သာ တူရှိနေသင့်တဲ့ နောက်ထပ် မှတ်သားမူ တစ်ခုကို ခေါ်လိုက်တယ်။

မြေအောက်ကမ္ဘာရဲ့ ဝတ်ရုံတော်။

ရှုပ်ထွေးတဲ့ မဟူရာအကာအကွယ်က အမှောင်ထု အလင်းစက် တွေကနေ ရက်လုပ်ထားပြီး သူ့ကို ဦးခေါင်းကနေ ခြေဖျားအထိ ဖုံးအုပ်ထားခဲ့ပါတယ်။ ဆန်နီကတော့ ပိတ်ထားတဲ့ ခေါင်းဆောင်းကို ဝတ်ဆင်ရတာ ကျင့်သားမရသေးပေ။ဘာလို့လဲဆိုတော့ သူက များသောအားဖြင့် ဝီဗာရဲ့မျက်နှာဖုံး ကိုပဲ အသုံးပြုနေကျဖြစ်လို့ပါ။သို့ပေမယ့် ဒါဟာ မသက်မသာ ခံစားချက်မျိုးကို မဖြစ်စေခဲ့ပေ။ သူ့ရဲ့ မြင်ကွင်းကတော့ အနည်းငယ် ကျဉ်းမြောင်းသွားခဲ့ပါတယ်။

'

'ဒီလောက်ဝေးတဲ့ ချောက်နက်ကြီးထဲမှာ ငါ့ကို ဘယ်သူမှ မမြင်တွေ့ကြဘူးလို့ မျှော်လင့်တာပဲ။

ဒီ အောက်ဘက်ကောင်းကင် ထဲမှာတော့ အာရုံခံသိမြင်နိုင်စွမ်းရှိသူတွေတောင် သူ့ရဲ့ လျှို့ဝှက်ချက်တွေကို မမြင်နိုင်ဘူးလို့ ခံစားရပါတယ်။

..တစ်ခုတည်းသော ချွတ်ယွင်းချက်ကတော့ ဘာမှမရှိတဲ့ မင်းသားပါပဲ။သို့ပေမယ့် အခုတော့ သူကလည်း ထွက်သွားခဲ့ပါပြီ။

ဝတ်ရုံတော်မှာတော့ မကြာခင်မှာအရမ်းကို အသုံးဝင်လာနိုင်တဲ့ တိုးမြင့်မူနှစ်ခုကို ပိုင်ဆိုင်ထားခဲ့ပါတယ်။အကာအကွယ်ရဲ့ [ အားထားရမူ ] က မီးအပါအဝင် များပြားလှတဲ့ ရုပ်ပိုင်းဆိုင်ရာထိခိုက်မူတွေ အားလုံးကို မြင့်မားတဲ့ ခုခံစွမ်းအားတွေ ပေးနိုင်ပါတယ်။ဒီအရာကို ဝတ်ဆင်ပြီး စက္ကန့်ပိုင်းမှာပဲ..သူ့ကို ခြိမ်းခြောက်နေတဲ့ အပူချိန်က နောက်ကိုပြန်ဆုတ်သွားပြီး..အေးမြမူတွေအစားထိုးလာတာကို ခံစားလိုက်ရတယ်။

ဒီ အေးမြမူက ဘယ်လောက်အထိ ကြာရှည်ခံမလဲဆိုတာကိုတော့ သူ မသိပေ။

တစ်ဖက်မှာတော့ [ သက်ရှိကျောက်တုံး ] တိုးမြင့်မူက မြေအောက်ကမ္ဘာရဲ့ဝတ်ရုံတော်ကို ဝတ်ဆင်နေတုန်းမှာပဲ ပြန်လည်ပြင်ဆင်နိုင်စွမ်းရှိစေပါတယ်။ဒါက နောက်ပိုင်းမှာ နတ်ဘုရားမီးတောက်က မဟူရာအကာအကွယ်ကို ထိခိုက်မူဖြစ်စေရင်တောင် ဆန်နီကို ကာကွယ်ပေးနိုင်ဦးမှာပါ။

ယင်းနောက် ဆန်နီက အနက်ရောင် လေးနဲ့ အနက်ရောင်မြား တွေပါဝင်တဲ့ မြားကျည်ထောက်ကို ခေါ်ထုတ်လိုက်တယ်။ အခုအချိန်မှာတော့ သူ့လက်က ကြမ်းတမ်းတဲ့ လေးကို ဆွဲနိုင်လောက်အောင် ပြန်ကောင်းနေပါပြီ။...သူက ဒါကို အသုံးပြုဖို့ မလိုအပ်ဘူးလို့ မျှော်လင့်နေခဲ့တယ်။

နောက်ဆုံးမှာတော့ သူက ရက်စက်တဲ့အမြင်အာရုံကို ထုတ်ဖော်လိုက်ပြီး သူ့ရဲ့ခါးမှာ ချိတ်ဆွဲလိုက်တယ်။

..အခုတော့ ပြင်ဆင်မူအားလုံးပြီးဆုံးသွားပါပြီ။

ကျဥ်းမြောင်းတဲ့ ခေါင်းစွပ်မြင်ကွင်းကနေ အောက်ဘက်ကို ကြည့်နေရင်း ဆန်နီ သက်ပြင်းချလိုက်တယ်။

အခုတော့ အရာရာတိုင်းက သူ့ရဲ့ ခုခံနိုင်စွမ်း ၊ ကံတရား နဲ့ သူ့ရဲ့ အရိပ်အဆီအနှစ်တွေက ဘယ်လောက်လုံလောက်သလဲ ဆိုတဲ့အပေါ်မှာပဲ မူတည်ပါတော့တယ်။

***

ဘာမှမရှိတဲ့ လေဟာနယ်ရဲ့ အမှောင်ထုထဲမှာ..

အပြာရောင်ကောင်းကင်တောင် မရောက်ရှိနိုင်လောက်အောင် နက်ရှိုင်းတဲ့ နေရာတစ်ခုမှာတော့ ၊ရတနာ သေတ္တာတစ်ခုက အဖြူရောင် မီးတောက်ပင်လယ်ကြီးဆီကို ဆင်းသက်နေခဲ့ပါတယ်။

သူ့ရဲ့ အောက်​ဘက်ပ်ိုင်းကတော့ ဒေါသထွက်နေတဲ့ အလင်းရောင်တွေထဲမှာ နစ်မြုပ်နေပြီး အဖုံးဘက်ပိုင်းကတော့ အရိပ်တွေထဲမှာ ရောက်ရှိနေခဲ့တယ်။ မီးခိုးတွေက မီးလောင်ကျွမ်းနေတဲ့ အောက်ဘက် သစ်သားကနေ တဖြည်းဖြည်း မြင့်တက်လာနေပြီး သံကြိုးတွေကလည်း ဖြည်းဖြည်းချင်း လင်းလက်လာကာ လိမ္မော်ရောင်အဖြစ် ပြောင်းနေခဲ့ပါပြီ။

အရိပ်တစ်ခုအဖြစ် ရှိနေခဲ့တဲ့ ဆန်နီကတော့..သေနေတဲ့နတ်ဆိုးရဲ့ အပေါ်မှာ ပုန်းအောင်းရင်း အခုလောလောဆယ်တော့ အဆင်ပြေနေပါသေးတယ်။ရတနာသေတ္တာ လုံးဝ မပျက်ဆီးသွားတဲ့ အချိန်အထိ သူက နတ်ဘုရားမီးတောက်ရဲ့ အလင်းရောင်တွေ ထိတွေ့ခြင်းကနေ ကာကွယ်နေနိုင်ဦးမှာပါ။

ဒါပေမဲ့ အလောင်းက ဘယ်လောက်အကြာကြီး တောင့်ခံနိုင်မှာမို့လို့လဲ..။

သို့ပေမယ့် အခုချိန်မှာ သူက ဒီထက်ပိုပြီးကြောက်ဖို့ကောင်းတဲ့ အရာတစ်ခုကို တွေးနေမိခဲ့ပါတယ်။

"အက်ကွဲကြောင်း..သောက်ကျိုးနဲ အက်ကွဲကြောင်း.ကို.ငါ လွဲချော်တော့မယ်.."

All Chapters