မီးတောက် သမုဒ္ဒရာ
Vol. 30 Ch. 441
ဆန်နီက သူ့ရဲ့ အဆုံးမရှိတဲ့ကျဆင်းမူကို နတ်ဘုရားမီတောက်ရဲ့အကြွင်းအကျန်တွေ ကြားထဲက သေးငယ်တဲ့ အက်ကွဲကြောင်းဆီကို ရောက်အောင် စွမ်းဆောင်နိုင်လုနီးပါးပါပဲ။သို့ပေမယ့် ဒီလိုအခြေအနေမှာ..အသေးငယ်ဆုံးအမှားလေးကတောင် သူ့ရဲ့ပန်းတိုင်နဲ့ ကီလိုမီတာအများကြီး ဝေးကွာသွားစေနိုင်ပါတယ်။
...ဒီအမှားကိုတော့ သူ သေသေချာချာကို ကျူးလွန်မိခဲ့ပါတယ်။ဘာပဲဖြစ်ဖြစ် သူက အဆုံးမရှိတဲ့လေဟာနယ်ထဲမှာ ဘယ်လိုခရီးသွားလာရမလဲ ဆိုတဲ့သင်ခန်းစာကို မသင်ကြားခဲ့ရပါဘူး။အထူးသဖြင့် သူ့ရဲ့ မျက်လုံးနှစ်လုံးကလွဲပြီး တစ်ခြားအသုံးချစရာ ဘာလက်နက်မှ မရှိတဲ့အချိန်မှာပါ။
'ချီးတဲ့မှပဲ..'
သူ့အောက်ဘက်မှာ ဖြည်းဖြည်းချင်းနီးကပ်လာတဲ့ အရာကတော့..တောက်ပတဲ့ အလင်းရောင် ၊ အပူချိန် နဲ့ မီးသမုဒ္ဒရာ ကြီးပါပဲ။
မီးလောက်ကျွမ်းမူတွေက အတော်လေး သေးငယ်ပြီး အချင်းအားဖြင့် မီတာတစ်ဒါဇင်ထက်မပိုပါဘူး။ပြီးတော့..လေဟာနယ်ထဲမှာလည်း တစ်နေရာနဲ့တစ်နေရာ ဗရမ်းဗတာ ပြန့်ကျဲနေပါသေးတယ်။တစ်ခုချင်းစီတိုင်းက အဖြူရောင်မီးတောက်တွေဒေါသတကြီး ကခုန်နေသလိုပါပဲ။
သူတို့တွေကြားထဲမှာရှိနေတဲ့ နေရာလွတ်တွေကတော့ လုံခြုံမူမရှိပေ။အဲဒီနေရာမှာတော့..ဘယ်အရာကမှ တောင့်မခံနိုင်လောက်တဲ့..အပူချိန်တွေဖြာထွက်နေခဲ့ပါတယ်။အနည်းဆုံးတော့..ဆန်နီမှာရှိနေတဲ့ ဘယ်ပစ္စည်းကမှ တောင့်ခံနိုင်မှာမဟုတ်ပါဘူး။
ရတနာသေတ္တာရဲ့ မာကျောတဲ့သစ်သားတွေကို မီးစတင်လောက်ကျွမ်းလာတဲ့ အချိန်မှာတော့..သူတွေဝေနေခဲ့ပြီး အဝေးမှာရှိတဲ့ မီးပင်လယ်တွေထဲက အက်ကွဲကြောင်းကို စိုက်ကြည့်နေခဲ့ပါတယ်။မတော်တဆဖြစ်နေတာပဲဖြစ်ဖြစ် ..တမင်ဖန်တီးထားတာပဲဖြစ်ဖြစ်..ကြယ်အတုတွေနဲ့ပြည့်နေတဲ့ ကွင်းပြင်ကြီးထဲမှာ မီးတောက်တွေမရှိတဲ့ နေရာတစ်ခု ရှိနေခဲ့ပါတယ်။အဝိုင်းပုံစံ လမ်းကြောင်းတစ်ခုက သူ့ကို လုံခြုံမူအတွက် ကတိပေးနေခဲ့တယ်။
သို့ပေမယ့်..သူက အဲဒီကို ဘယ်လိုရောက်အောင်သွားရမှာလဲ..။
တကယ်လို့ ဆန်နီသာ သေတ္တာပေါ်ကနေ အခုချိန်ခုန်ချလိုက်မယ်ဆိုရင်..အက်ကွဲကြောင်းနေရာဆီကိုရောက်အောင်..ထိန်းချုပ်ပြီး ပျံသန်းကောင်း ပျံသန်းနိုင်လောက်မှာပါ။သို့ပေမယ့်..ကောင်းကင်မီးတောက် အကြွင်းအကျန်တွေရဲ့ အပူချိန်ကြောင့်..အနက်ရောင်တောင်ပံက ပြာအဖြစ်ပြောင်းလဲသွားမယ် ဆိုတာကို သူ သိထားခဲ့တယိ။
မြေအောက်ကမ္ဘာရဲ့ဝတ်ရုံတော်ကို ဝတ်ဆင်ထားရင်းအဲလောက်ကြာအောင်နေရင်..သူကိုယ်တိုင်လည်း..ကင်ပြီးသား ဖြစ်သွားနိုင်တာကိုတော့ ပြောစရာတောင် မလိုတော့ပါဘူး။
ဆန်နီ သက်ပြင်းတစ်ချက်ချလိုက်ပြီး..အရိပ်တွေရဲ့ပွေ့ဖက်မူကို ခံယူလိုက်တယ်။
ရတနာသေတ္တာရဲ့ အပေါ်ဘက်မှာ..မဟူရာအကာအကွယ်ဝတ်ထားပြီး ဒူးထောက်နေတဲ့ ပုံရိပ်တစ်ခုက ပေါ်ထွက်လာခဲ့ပါတယ်။
'အာ..'
[ အားထားရသူ ] တိုးမြှင့်မူက ကာကွယ်ပေးထားပေမယ့်..သူ့အသက်ရူနေရတဲ့ လေထုက ပါးလျပြီး ပူလောင်မူကို ခံစားလာခဲ့ရပါပြီ။သူက မီးတောက်တွေကို ရူနေရသလိုတောင် ခံစားလာခဲ့ရတယ်။မြေအောက်ကမ္ဘာရဲ့ဝတ်ရုံတော်က အကောင်းဆု ကာကွယ်ပေးထားခဲ့တာတောင်..အနည်းငယ်နွေးထွေးလာတာကို ဆန်နီ ခံစားနေခဲ့ရတယ်။
သူ မတ်တတ်ထရပ်လိုက်ပြီး..အနက်ရောင် လေးကိုမြှောက်တင်လိုက်တယ်။မြားတစ်ချောင်းကတော့ကြိုးပေါ်မှာ ရှိနေခဲ့ပြီး..အံကိုကြိတ်ထားခဲ့ပါတယ်။ယင်းနောက်..သူ့ရဲ့ ပုခုံးနဲ့နောက်ဖက် ကြွက်သားတွေကို အဆီအနှစ်တွေပို့လွှတ်လိူက်ပြီး သန်မာလှတဲ့ လေးကြိုးကို ဆွဲလိုက်တယ်။
...ဒါက သူ တောင်တစ်တောင်ကြီးကို မ ,တင်ထားရသလိုပါပဲ။
'...သူတော်စင်က ဘယ်လိုလုပ် အေးအေးဆေးဆေး ဆွဲနိုင်နေရတာလဲ...'
ဆန်နီဟာ သူ့ကြွက်သားတွေတုန်ရီလာတာကို ခံစားနေရင်း..အက်ကွဲကြောင်းဆီကို ချိန်ထားပြီး တစ်စက္ကန့်လောက် တွေဝေနေခဲ့တယ်။သူ ဒါကိုပြုလုပ်ပြီးတဲ့အချိန်ကျရင်..နောက်ပြန်ဆုတ်ဖို့လမ်းဆိုတာ မရှိတော့ပေ..။
'နောက်ပြန်ဆုတ်တော့ ဘာရှိမှာမို့လို့လဲ..အရူး..။မင်းက ဒီ သောက်ကျိုးနဲ သေတ္တာကို မငြီးငွေ့သေးဘူးလား..'
သူက သူ့ရဲ့လက်ကို သက်သာရာရစေလိုက်ပြီး..လေးကြိုးကို လွှတ်လိုက်ပါတယ်။
အနက်ရောင်မြားက အမှောင်ထုထဲကို မယုံနိုင်စရာ အမြန်နှုန်းနဲ့တိုးဝင်သွားခဲ့ပြီး..ချက်ချင်းဆိုသလိူပဲ မျက်စိကျိန်းလောက်တဲ့ အလင်းရောင်တွေကြောင့် လင်းလက်သွားခဲ့ပါတယ်။ဒါက ထူးဆန်းနေခဲ့တယ်။အခုချိန်မှာ လေဟာနယ်က အလင်းရောင်တွေပြည့်နှက်နေသင့်ပေမယ့်..အလင်းကိုပြန်နိုင်တဲ့အရာ ဘာမှမရှိတာကြောငိ့..အောက်ဘက်ကောင်းကင်က အမှောင်ထု အဖြစ်ရှိနေဆဲပါပဲ။တစ်စုံတစ်ခုက အဲဒီအမှောင်ထဲကို တိုးဝင်သွားတဲ့ အချိန်ရောက်မှ..အလင်းရောင်ကို မြင်နိုင်တာပါ။
ဆန်နီက သေတ္တာလှုပ်ယမ်းလာတာကို ခံစားမိပြီး ဟန်ချက်ညီဖို့ ရုန်းကန်နေခဲ့ရတယ်။
ခနအကြာမှာတော့ မြားရဲ့တောင်ပံက ရုတ်တရက် လင်းလက်လာခဲ့ပြီး မီးလောင်ကျွမ်းသွားခဲ့ပါတယ်။သို့ပေမယ့် ဒါက သူ့ရဲ့ အမြန်နှုနိးကို အရမ်းမသက်ရောက်ခဲ့ပေ။မြားက အမှောင်ထုထဲကို ထိုးဖောက်ရင်း..အလင်းစက်ကလေးအဖြစ်ပြောင်းလဲကာ..စက္ကန့်ပိုင်းအတွင်း ကီလိုမီတာ တစ်ခု နီးပါး ရောက်သွားခဲ့တယ်။သို့ပေမယ့် ဒီအရာက စတင်နှေးကွေးလာခဲ့ပြီး..သူ့ရဲ့ သစ်သားကလည်း စတင် မီးခိုးထွက်လာခဲ့ပါတယ်။
လှုပ်ရှားဖို့အချိန်ရောက်ပြီ..။
သူ့ရဲ့ခြေထောက်တွေကို မီးတောက်က စတင်နီးကပ်လာပြီလို့ ခံစားရတဲ့ အချိန်မှာတော့ သူက အသက်ကိုဝအောင်ရူလိုက်ပြီး အရိပ်ခြေလှမ်းကို စတင်အသုံးပြုလိုက်တယ်။
အက်ကွဲကြောင်းဆီကို ဦးတည်ပျံသန်းနေတဲ့ မြားမှာ သူ့ရဲ့အရိပ်တွေထဲက တစ်ခုက ရစ်ပတ်နေခဲ့တာပါ။အရိပ်က မြားရဲ့အရိုးတံမှာရှိနေတုန်းမှာပဲ ဆန်နီက အဲ့နေရာကနေ ပေါ်ထွက်လာခဲ့ပြီး နောက်ထပ်မြားတစ်ချက်ကို ချက်ချင်းပစ်လိုက်တယ်။သူ အရိပ်ထဲက ထွက်လာတာနဲ့ တစ်ပြိုင်နက် အရိပ်က ချက်ချင်းပဲ သူ့ခန္တာကိုယ်ကို ရစ်ပတ်ပြီး မြားကျည်တောကိဆီကို ရောက်သွားခဲ့ပါတယ်။
'ခရက်..'
ဆန်န်ိီက သူ့ကိုယ်သူ အမှောင်ထုထဲမှာ ပျံသန်းနေတာ တွေ့နေခဲ့ပြီး အလင်းရောင်တွေကနေ သူ့ကိုကာကွယ်ထားတဲ့အရာက ဘာမှရှိမနေခဲ့ပေ။မြေအောက်ကမ္ဘာရဲ့ ဝတ်ရုံတော်က..ရုတ်တရက် အလင်းတွေနဲ့တောက်ပလာခဲ့ပြီး..သိသာလောက်အောင် နွေးထွေးလာခဲ့တယ်။ဒါက သူ့ရဲ့အရည်ပြားတွေကို မလောင်ကျွမ်း သေးပေမယ့်..ဒီလိုဖြစ်လာဖို့အတွက် သိပ်မလိုတော့ဘူးဆိုတာကို သူ ခံစားနေခဲ့ရပါတယ်။
အထူးသဖြင့် သူ့ရဲ့အရှိန်က ရေပြင်ညီအတိုင်းသာ မဟုတ်ပဲ..ဒေါင်လိုက်ပုံစံပါ ရွေ့လျားနေခဲ့တာကြောင့်..တစ်ခနချင်းစီ ဒီလိုနီးကပ်လာခဲ့ပါပြီ။သူက မီးတောက်ပင်လယ် ဆီကို ကြောက်မက်ဖွယ်ရာ အရှိန်နဲ့ ရွေ့လျားနေတုနိးပါပဲ။
သူ ပိုပြီးကပ်သွားလေ..ဖျက်ဆီးပစ်နိုင်တဲ့ အပူချိန်က ပ်ိုပြီး တိုးလာလေ ဖြစ်နေခဲ့တယ်။
သူ့ကိုယ်သူ ပြုတ်မကျသွားအောင်လို့ ဆန်နီက နောက်ထပ် မြားတစ်ချောင်းကို တပ်လိုက်ပြီး လေးကြိုးကို ထပ်ပြီး ဆွဲလိုက်တယ်။ဒီတစ်ကြိမ်မှာတော့ အတော်လေးကို ခက်ခဲနေခဲ့ပါတယ်။အခုချိန်မှာတော့ သူက မတ်တတ်ရပ်စရာ ဘာမှရှိမနေခဲ့တာကြောင့်..သူ့လက်မောင်းနဲ့ ပုခုံးက ခွန်အားတွေကိုသာ အမှီပြုနေခဲ့ရတယ်။
လေးကို ဆွဲတင်နေတဲ့ စက္ကန့်အနည်းငယ်မှာတင်ပဲ အပူချိန်တွေက ပိုတိုးလာခဲ့ပြန်ပါပြီ။
နောက်ထပ်မြားတစ်ချောင်က အမှောင်ထုထဲကို တိုးဝင်သွားပြီး စက္ကန့်အနည်းငယ်အကြာမှာတော့ သူက အရိပ်ခြေလှမ်းကို နောက်တစ်ကြိမ်ထပ်သုံးလိုက်တယ်။ချက်ချင်းဆိုသလိုပဲ သူက အက်ကွဲကြောင်းနဲ့ နှစ်ကီလိုမီတာ အကွာလောက်မှာရှိနေတဲ့ မြားပေါ်မှာ ပြန်ပေါ်လာခဲ့ပါတယ်။
..ဒါက အဝေးမှာရှိနေတုန်းပါပဲ။
'ချီးတဲ့မှပဲ.'
ဆန်နီက အမှောင်ထဲမှာ ပျံသန်းနေရင်း နောက်ထပ်မြားတစ်စင်းကို တပ်ဖို့ကြိုးစားနေခဲ့ရတယ်။မြေအောက်ကမ္ဘာရဲ့ ဝတ်ရုံတော်ကတော့ အနက်ရောင် မျက်နှာပြင်မှာ တဖြည်းဖြည်းလင်းလာပြီး ပူလောင်လာခဲ့ပါပြီ။သို့ပေမယ့် အတွင်းထဲမှာတော့ အခုထိ သိပ်မဆိုးသေးပါဘူး။ နည်းနည်းတော့ ပူ တာပေါ့..
နောက်ထပ် မြားတစ်ချောင်းက အမှောင်ထုထဲကနေ ပျောက်ကွယ်သွားတဲ့အချိန်မှာတော့..ဆန်နီ အရိပ်တွေကနေ ထပ်ပြီး ခုန်သွားခဲ့တယ်။
ဒီတစ်ကြိမ်မှာတော့..သူ့ရဲ့ ကျန်ရှိနေသေးတဲ့ အရိပ်အဆီအနှစ်တွေအားလုံး ကုန်ဆုံးလုနီးပါး ဖြစ်သွားခဲ့ပါတယ်။ကျန်ရှိနေသေးတဲ့ အနည်းငယ်ကလည်း လေးကြိမ်မြောက်ကို အသုံးပြုဖို့အတွက် မဖြစ်နိုင်တော့ပါဘူး။
သို့ပေမယ့်..ဖြစ်ီုင်တာက..ဖြစ်နိုင်တာက..သူက ဒီလိုလုပ်စရာ မလိုအပ်တော့တာပါ။
အရိပ်ခြေလှမ်းကို သုံးကြိမ်ဆက်တိုက်အသုံးပြုရင်း၊ သူ့ရဲ့ ဒေါင်လိုက်ကျတဲ့ အရှိန်ကို အလျားလိုက်ဖြစ်အောင် ပြန်ပြောင်းပြီးတဲ့နောက်မှာတော့..၊ ဆန်နီက အခုဆိုရင်..လေဟာနယ်ထဲမှာ တစောင်းအနေအထားနဲ့ ကျဆင်းနေခဲ့ပါပြီ။ဒါက အက်ကွဲကြောင်းကြီးရဲ့ အစွန်းနားဆီကိုပါ။
'ငါ လုပ်နိုင်တော့မယ်...ငါ ဒါကို လုပ်နိုင်တော့မယ်..'
တကယ်လို့ သူ ရောက်မယ်ဆိုရင်တောင်..အရမ်း အရမ်းကို..ကပ်သီလေးပဲ ရောက်နိုင်မှာပါ။
လေးကြိုးက မီးစတင်လောင်ကျွမ်းပြီး ကျယ်လောင်တဲ့ အသံနဲ့အတူပဲ ပြတ်တောက်သွားခဲ့တယ်။ လေးနဲ့မြားအိမ်ကိုဖယ်ရှားပြီး သူ့ရဲ့ အရိပ်နှစ်ခုလုံးကို မြေအောက်ကမ္ဘာရဲ့ဝတ်ရုံတော်ဆီကို အားဖြည့်ဖို့ပို့လိုက်ပါတယ်။ ပြီးတာနဲ့ လက်နဲ့ခြေထောက်တွေကိုဘေးကိုဆန့်ထုတ်လိုက်တယ်။သူက လေထဲမှာ အတတ်နိုင်ဆုံး မျက်နှာပြင် ဧရိယာများများရအောင် ကြိုးစားပြီး လေထုရဲ့ခုခံမူကို ယူဖို့ကြိုးစားနေခဲ့တာပါ။
အနက်ရောင်တောင်ပံကို မကြာခနအသုံးပြုရတဲ့ အကျိုးကျေးဇူးကြောင့်..ဆန်နီက အောက်ကိုပြုတ်ကျခြင်း ၊ လမ်းကြောင်းထိန်းခြင်း နည်းလမ်းတွေအားလုံးကို သိနေခဲ့ပါပြီ။ဒီတော့ အခုလို ပြုတ်ကျတာတွေနဲ့ သူက အစိမ်းသက်သက် မဟုတ်ပါဘူး။သို့ပေမယ့်..သူက လေးလံတဲ့အကာအကွယ်ကြီး ဝတ်ဆင်ပြီး ဆင်းသက်တာကိုတော့ ဘယ်တုန်းကမှ မလုပ်ဖူးခဲ့ပေ။
ဒါကို ပြောမှပဲ...
ဆန်နီ တွေဝေသွားခဲ့ပြီးနောက်မှာ သူ့ရဲ့ကျန်ရှိနေသေးတဲ့ အဆီအနှစ်တွေနဲ့ ရုပ်သေးဆရာရဲဝတ်ရုံတော်ထဲက [ အမှန်တရားရဲ့ငှက်တောင်..] ကို အသက်သွင်းကာ အကာအကွယ်ကို ပေါ့ပါးအောင်လုပ်လိုက်ပါတယ်။
ပြီးတော့ သူလုပ်နိုင်တာဆိုလို့ မြင့်တက်လာတဲ့အပူချိန်ကိုခံစားပြီး ဖျက်ဆီးနိုင်တဲ့ မီးပင်လယ်ကြီး နဲ့ ကယ်တင်နိုင်တဲ့ အမှောင်ထုစက်ဝန်း နှစ်ခုစလုံးက သူ့ဆီကို အရှိန်ပြင်းစွာနဲ့ချဉ်းကပ်လာတာကိုစောင့်ကြည့်နေရတာပါပဲ။
သူ့အသက်ကတော့..ဒီနှစ်ခုထဲက ဘယ်တစ်ခုက သူ့ကို အရင်ဆုံးဝါးမြိုသွားမလဲ ဆိုတဲ့ အပေါ်မှာ မူတည်နေခဲ့ပါပြီ။