← Chapters

လောင်ကျွမ်းနေတဲ့ ကောင်းကင်

Vol. 30 Ch. 442

လောင်ကျွမ်းနေတဲ့ ကောင်းကင်

Vol. 30 Ch. 442

ဖြာထွက်နေတဲ့ အလင်းရောင်တွေ ဝန်းရံရင်း ဆန်နီက အမှောင်ထုထဲကို ကျဆငိးနေခဲ့တယ်။သူ့ရဲ့ အသက်ရူသံတွေက ကြမ်းတမ်းပြီးခက်ထန်နေခဲ့ပါတယ်။သူ့မျက်လုံးတွေကတော့ အောက်ဘက်ကနေ ထိုးဖောက်ဝင်ရောက်လာတဲ့ မီးပင်လယ်ရဲ့ အလင်းတန်းတွေကြောင့် ကန်းလုနီးပါးတောင် ဖြစ်နေခဲ့ပါပြီ။

အပူချိန်ကြောင့် သူ့ရဲ့မျက်လုံးအမှန်တကယ် ကန်းသွားမှာကို စိုးရိမ်တာကြောင့် မှိတ်ထားလိုက်တဲ့ အချိန်ကြမှ အနည်းငယ်အဆင်ပြေသွားခဲ့တယ်။

‘ပူတယ် ဒါက အတော်ပူတာပဲ’

သူက နတ်ဘုရားမီးတောက် အကြွင်းအကျန်တွေနဲ့ ပိုပိုပြီးကို နီးကပ်လာခဲ့ပါပြီ။အဲလိုနီးကပ်လာတာနဲ့ ကျောက်သားလို မာကျောတဲ့ ရုပ်သေးဆရာရဲ့ ဝတ်ရုံတော်ကလည်း ပိုပိုပြီး ပူလောင်လာခဲ့တယ်။မကြာခင်မှာပဲ့ သူ့ရဲ့ အပြင်ဘက်အလွှာက နီရဲလာခဲံပါတယ်။ယင်းနောက် စတင်ပြီး အရည်ပျော်လာခဲ့တယ်။

‘ချီးပဲ ‘

ဆန်နီက သူ့ရဲ့ ကျန်ရှိနေသေးတဲ့ အဆီအနှစ်တွေကို ရစ်ပတ်နေတဲ့ ဝိဥာဥ◌်မြွေကနေတဆင့် ပို့လွတ်ပြီး ရုပ်သေးဆရာ ဝတ်ရုံတော်ရဲ့ ( သက်ရှိကျောက်တုံး ) တို့မြင့်မူကို အသက်သွင်းလိုက်ပါတယ်။

မဟူရာမျက်နှာပြင်က အရည်ပျော်ပြီး သူ့ကို နာကျင်မူတွေ ဖြစ်နေစေတဲ့အချိန်မှာတော့ ဝတ်ရုံတော်က သူ့ဟာသူ စတင်ပြီး ပြန်ပြင်လိုက်တယ်။မဟူရာရဲ့မျက်နှာပြင်ကို တစ်စုံတစ်ခုက မထိုးဖောက်နိုင်ခင်မှာပဲ သူက ပြန်ပြင်ပြီးနေခဲ့ပါပြီ။

…အခုတော့ အကာအကွယ်ရဲ့ တိုးမြင့်မူကြောင့် ပြန်လည်ပြုပြင်မူတွေက ဖျက်ဆီးခံရတဲ့ပမာဏထက် ပိုပြီး မြန်ဆန်နေခဲ့တယ်။ဒါကလည်း အရိပ်နှစ်ခုစလုံးနဲ့ အားဖြည့်ထားတာကြောင့် ဖြစ်နိုင်ပါတယ်။

သိူ့ပေမယ့် ဆန်နီမှာ နောက်ထပ်ပြသနာ တစ်ခုရှိနေပါသေးတယ်။

အဲတာကတော့ သူက အသက်ရူရတာ ပိုပိုပြီးခက်ခဲလာနေခဲ့ပါပြီ။ဒါကလေထုက ပူလောင်လာလို့ မဟုတ်ပဲ လေထုကိုယ်တိုင်က လုံလောက်မူ မရှိတော့တာကြောင့်ပါ။

ဘာပဲဖြစ်ဖြစ် မီးတောက်က အောက်စီဂျင်ကို ဝါးမြိုနိုင်စွမ်း ရှိပါတယ်။

ကံကောင်းချင်တော့ ဆန်နီက အောက်စီဂျင်ပြတ်လပ်တာနဲ့ ပတ်သက်ပြီး စိမ်းမနေခဲ့ပေ။ထပ်ပြောရရင် သူက ဝီဗာသွေးရဲ့ကျေးဇူးကြောင့် တစ်ခြားနိုးထသူတွေထက်ပိုပြီး အသက်မရူပဲနေနိုင်စွမ်းရှိပါတယ်။ပြီးတော့ သူက ဒီလိုမျိုး မကြာခင်မှာ လုပ်ရတော့မယ့် ပုံပါပဲ။

မကြာခင်မှာ သူက အက်ကွဲကြောင်းဆီကို ရောက်နိုင်လိမ့်မယ်လို့ပဲ မျှော်လင့်မိပါတယ်။

အက်ကွဲကြောင်း အကြောင်းပြောမှပဲ။

သူမျက်လုံးကို အနည်းငယ်လောက် ဂရုတစိုက်ဖွင့်လိုက်ပြီး အောက်ဘက်က မျက်စိကျိန်းမတတ် အလင်းတန်းတွေကို ကြည့်ကာ သူက အဲဒီနေရာကို ရောက်နိုင်လောက်လားဆိုတာကို ခန့်မှန်းဖို့ ကြိုးစားလိုက်တယ်။အခုချိန်မှာတော့ သူက မီးတောက်ပင်လယ်ကြီးကို ဖြတ်ပြီး အမှောင်ထုထဲကို ဝင်ရောက်နိုင်မယ့် ပုံစံဖြစ်နေပေမယ့် ဒါက ပုံရိပ်ယောင် သက်သက်ပါ။

ဆန်နီကတော့ သူ့ရဲံအရှိန် အလျားလိုက်ရွေ့လျားနေမူဟာ အားနည်းလာတာကို ခံစားနေခဲ့ရတယ်။ဒါက သူမကြာခင်မှာ ဒေါင်လိုက်အတိုင်း ရွေ့လျားတော့မယ်လို့ ဆိုလိုတာပါ။

သူက အဲဒီကို ရောက်အောင်သွားနိုင်ပါ့မလား ဆိုတာကတော့ ခန့်မှန်းရတာ အတော်လေးခက်ခဲပါတယ်။

ဆန်နီ အံကိုကြိတ်လိုက်ပြီး သူ့ရဲ့ ခန္တာကိုယ်ကို ရွေ့လျားကာ ရက်စက်သောမြင်ကွင်းကို လက်တစ်ဖက်နဲ့ ဆုပ်ကိုင်ထားခဲ့တယ်။ယင်းနောက် သူက ဓားကို ရင်ဘတ်နားကို ကပ်ထားပြီး သူ့ရဲ့မျက်နှာ

အလင်းပြန်နေတာကို တစ်ချက်ကြည့်ကာ အလင်းစားသုံးသူ စွမ်းရည်ကို အသက်သွင်းလိုက်ပါတယ်။

ချက်ချင်းဆိုသလိုပဲ ဓားက ကြယ်အတုတွေရဲ့ အလင်းရောင်တွေကို စတင်စုပ်ယူလိုက်ကာ အဖြူရောက် တောက်ပမူကို ပိုပြီးပြင်းထန်လာစေခဲ့ပါတယ်။သို့ပေမယ် ဆန်နီကတော့ ဓားပေါက သူ့ရဲ့ပုံရိပ်ကို နောက်တစ်ကြိမ်ထပ်မြင်လိုက်ရတယ်။ဒါက သူစိတ်ထင်တာဖြစ်နိုင်ပေမယ့် အနည်းငယ် အေးလာခဲ့သလိုပါပဲ။

ဝါးမြိုခံလိုက်ရတဲ့ အလင်းရောင်တွေရဲ့ နောက်ဘက်က အမှောင်ထုထဲမှာ ရှိနေရင်း ဆန်နီက အမှောင်ထုထဲကို ဆက်တိုက်ကျဆင်းနေခဲ့တယ်။

‘နီးနေပြီ ရောက်ခါနီးနေပြီ’

အခုချိန်မှာတော့ နတ်ဘုရားမီးတောက်တွေက အရမ်းကို နီးကပ်လာတာကြောင့် သူ့ရဲ့လက်နဲ့တောင် ထိကြည့်လို့ ရတော့မယ့် အတိုင်းပါပဲ။ဆန်နီ ဘယ်လောက်ပဲကြိုးစားပါစေ သူ့ရဲ့အဆုပ်ထဲကို လေနည်းနည်းလေးတောင် ဝင်ရောက်မလာတော့ပေ။အက်ကွဲကြောင်းကတော့ အရမ်းကို နီးကပ်နေခဲ့တာပါ။

သိူ့ပေမယ့် အဆုံးမှာတော့ ဒါက နည်းနည်းလောက်ဖြစ်ဖြစ် ဝေးကွာနေတုန်းပါပဲ။

ဆန်နီက မီးတောက်တွေရဲ့ အစွန်နားကို ပြုတ်ကျသွားခဲ့တယ်။သူက ကျန်ရှိနေသေးတဲ့ မီးတောက်အစုအဝေးကိုပဲ ဖြတ်ကျော်သွားဖို့ လိုအပ်တာပါ။သို့ပေမယ့် သူ့ရဲ့ကျဆင်းမူက စိတ်မကောင်းစွာနဲ့ မီးတောက်တွေရဲ့ ပွေ့ဖက်မူအောက်ကိုသာ ရောက်သွားခဲ့တယ်။

တကယ်လို့ သူ့အဆုတ်ထဲမှာ သာ လေရှိနေသေးရင် ဆန်နီ အော်ဟစ်မိမှာပါ။အရမ်းကိုမြန်ဆန်တဲ့ အရှိန်နဲ့ မီးတောက်ကြီး တစ်ခုထဲကို တိုးဝင်သွားပြီး တစ်ခြားတစ်ဖက်ကနေ မီးတောက်တွေ ရစ်ပတ်ကာ ပြန်ထွက်လာခဲ့တယ်။ဆိုးဝါးလွန်းလှတဲ့ နာကျင်မူက သူ့့တစ်ကိုယ်လုံးကို လှိုက်တက်လာခဲ့ပါတယ်။

သို့ပေမယ့် ဒါက ရုပ်ပိုင်းဆိုင်ရာ နာကျင်မူမဟုတ်ပါဘူး။ဒီအရာက ကျိုးပျက်ကျိန်စာကို အသုံးပြုပြီး ဖြစ်ပေါ်လာတဲ့ နာကျင်မူထက် အဆတစ်ရာလောက် ပြင်းထန်တာမျိုးနဲ့ ဆင်တူနေခဲ့ပါတယ်။

‘အရိပ်တွေ ငါ့အရိပ်တွေ ‘

သူ့အရိပ်တွေက ရုပ်သေးဆရာဝတ်ရုံတော် ရဲံ အပေါ်မှာ ဝန်းရံထားကြတာကြောင့် သူတို့က အတော်လေးကို ထိခိုက်သွားခဲ့ကြတယ်။အကာအကွယ်ကိုယ်တိုင်ကလည်း ကောင်းကင်မီးတောက်တွေရဲ့ လောင်ကျွမ်းမူကြောင့် အလျင်အမြန်အရည်ပျော်ကျနေပါပြီ။မီးတောက် တွေက အလျင်အမြန်ပျံ့နှံ့နေပြီး သူ့ရဲ့ တစ်ကိုယ်လုံးကို ဝါးမြိုဖို့ကြိုးစားနေခဲ့ကြတယ်။

နာကျင်မူကြောင့် တစ်ဝက်အသိစိတ်လွတ်နေတဲ့ ဆန်နီက သူ့ရဲ့အသက်ကို ကယ်နိုင်တဲ့ တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်တဲ့ မဟူရာအကာအကွယ်ကို ချွတ်လိုက်ပါတယ်။ရုပ်သေးဆရာရဲ့ ဝတ်ရုံတော်က အလင်းစက်ကလေးတွေ အဖြစ်ပြောင်းလဲသွားခဲ့ပြီး မီးတောက်တွေကိုပါ ငြိမ်းသွားစေခဲ့တယ်။

ဆန်နီက ကိုယ်လုံးတီးနဲ့ အမှောင်ထဲကို ကျဆင်းကာ ၊ ရက်စက်သောမြင်ကွင်းက အက်ကွဲပြီး အရောင်မှိန်သွားတာကို တွေ့လိုက်ရတယ်။ချက်ချင်းဆိုသလိုပဲ သူက အနက်ရောင်မှန် တိုးမြင့်မူကို အသက်သွင်းကာ မှတ်သားမူကို ပြန်သိမ်းလိုက်ပါတယ်။

နောက်ဆုံးမှာတော့ သူက ဒဏ်ရာရနေတဲ့ အရိပ်တွေကို သူ့ခန္တာကိုယ်မှာ ရစ်ပတ်ခိုင်းကာ သူ့ကိုယ်သူ ပိုပြီးခုခံနိုင်စွမ်းကောင်းမွန်အောင် လုပ်လိုက်တယ်။

ယင်းနောက် သူ့ရဲ့အရည်ပြားကို အေးစက်တဲ့ လေထုက ဖြတ်တောက်လာတာကို ခံစားလိုက်ရပါတယ်။

သို့ပေမယ့် သူ့ရဲ့ရှေ့မှာတော့ အမှောင်ထုကြီးသာ ရှိနေပါတော့တယ်။

..သူက အက်ကွဲကြောင်းဆီကို ရောက်အောင်သွားနိုင်ခဲ့ပါပြီ။

……

‘နာလိုက်တာ …အကုန်လုံးက နာကျင်နေတော့တာပဲ။ချီး …ဒါကတော့ မမျှတဘူး ‘

ဆန်နီက အက်ကွဲကြောင်းကြီးထဲကို ပိုမိုကျဆင်းသွားခဲ့ပြီး နတ်ဘုရားမီးတောက် အစုအဝေးတွေနဲ့ ဝေးရာကို ရောက်ရှိသွားခဲ့တယ်။ဒါပေါ့ သူသက်သောင့်သက်သာ ဖြစ်ဖို့အတွက် မီးတောက်တွေက သူနဲ့နီးကပ်နေပါသေးတယ်။သို့ပေမယ့် အနည်းဆုံးတော့ သူက အသက်ပြန်ရူနိုင်ပြီ ဖြစ်ပြီး အသက်ရှင်လျက် အကင်ခံရတာမျိုး မဖြစ်တော့ပေ။

ကောင်းပြီလေ အနည်းဆုံးတော့ အဲလိုမဖြစ်သေးဘူးပေါ့။

နတ်ဘုရားမီးတောက်တွေရဲ့ အကင်ခံရတာကို မခံရသေးခင်တုန်းကတော့ သူက ဒီအရာကို ဆန်းကျယ်စွာနဲ့ခံနိုင်ရည်ရှိမယ်လို့ ထင်ထားခဲ့တာပါ။သူက အမျိုးစပ်ရင် နေနတ်ဘုရားရဲ့ မျိးဆက်တစ်ယောက်ပါပဲ။သူက သူ့သခင်ရဲ့ ပိုင်နက်မှာ ဘယ်လိုလုပ်ပြီး ခံနိုင်ရည်မရှိပဲ နေမှာလဲ။

ကောင်းပြီလေ အတိအကျပြောရရင်တော့ သူ့သခင်ရဲ့ သွယ်ဝိုက်တဲ့ ဘိုးဘေးတစ်ယောက်ပါ။

သို့ပေမယ့် နတ်ဘုရားမီးတောက်ကတော့ ဒါတွေကို ဂရုစိုက်တဲ့ပုံစံ မရှိပါဘူး။

‘အာ’

လတ်တလောမှာတော့ ဆန်နီက အက်ကွဲကြောင်းထဲကို ကျဆင်းနေခဲ့တယ်။သူက သူ့ရဲ့အလယ်ကနေကျဆင်းနေပြီး ပတ်ပတ်လည်က ကြယ်တွေကနေ ဝေးရာကို ရောက်ဖို့ မျှော်လင့်နေခဲ့ပါတယ်။မီးပင်လယ်တွေရဲ့ နှလုံးသား အလယ်ဗဟိုမှာ တွန့်ကြေနေတဲ့ နေရာလွတ်တစ်ခုရှိနေသလိုပါပဲ။

အောက်ကို အောက်ကို အောက်ကို

အောက်ကိုဆက်တိုက်ကျဆင်းနေတဲ့ ကမ္ဘာကြီးက ဘယ်လိုပုံစံလဲဆိုတာကို စိတ်ကူးယဥ◌်ကြည့်ဖို့တောင် ခက်ခဲလှပါတယ်။

အခုချိန်မှာ သူ့ကို ကာကွယ်ပေးမယ့် မြေအောက်ကမ္ဘာရဲ့ဝတ်ရုံတော် မရှိတော့တာကြောင့် ဆန်နီက ပိုမိုပြီး နာကျင်ခံစားနေခဲ့ရတယ်။အက်ကွဲကြောင်းဖြစ်ဖြစ် ဘာဖြစ်ဖြစ် လေထုက အပူရှိန်ကြောင့် ပူလောင်နေတုန်းပါပဲ။သူ့ရဲ့ အရည်ပြားတွေက နီရဲပြီး အရည်ကြည်ဖုတွေ ပေါက်လာခဲ့တယ်။ဒီအရာတွေထဲက တစ်ချို့က သူ အကာအကွယ်အကျီကို အလျင်အမြန်မရုတ်သိမ်းနိုင်ခဲ့လို့ မီးတောက်တွေ လောင်ကျွမ်းပြီး ဖြစ်ပေါ်လာခဲ့တာပါ။

သို့ပေမယ့် ဒါတွေက အသက်အန္တရာယ်ခြိမ်းခြောက်နိုင်လောက်တဲ့ အထိမဟုတ်ပါဘူး။

..အခုထိပေါ့။

‘လုပ်စမ်းပါ အဆုံးသတ်လိုက်ပါတော့ ‘

သို့ပေမယ့် မီးတောက်တွေက ဘယ်တော့မှ အဆုံးသတ်ကြမယ့် ပုံစံမရှိကြပေ။

အတော်ကြာပြီးနောက် ၊အပူချိန်ကြောင့် ဆန်နီ သတိလစ်ချင်သလို ဖြစ်လာခဲ့တဲ့ အချိန်မှာတော့ သူ့ပတ်ဝန်းကျင်က ကြယ်အတုအယောင်တွေဟာ ပိုပိုပြီး ပါးလျှလာခဲ့တာကို တွေ့လိုက်ရပါတယ်။

ဒါတောင်မှ ရှိနေဆဲပါပဲ။

ယင်းနောက် ရုတ်တရက်ဆိုသလိုပဲ သူက နတ်ဘုရားမီးတောက်ကွင်းပြင်ထဲကနေ လွတ်ထွက်လာခဲ့ပြီး ဘာမှမရှိမူတွေရဲ့ ဝန်းရံခြင်းထဲကို နောက်တစ်ကြိမ်ရောက်သွားခဲ့ပါတယ်။သိူ့ပေမယ့် ဒီတစ်ကြိမ်တော့ ကောင်းချီးပေးခံရတဲ့ ဘာမှ မရှိမူတွေပါ။

ဖြာထွက်နေတဲ့ အလင်းရောင်တွေကတော့ သူ့ရဲ့အထက်မှာ ရှိနေကြပြီး တစ်စက္ကန့်တိုင်းမှာ ဝေးကွားသွားသလို ခံစားနေခဲ့ ရတယ်။ဒါက….

ဒါက ကောင်းကင်တစ်ခုလုံး မီးလောင်ကျွမ်းနေတဲ့ အတိုင်းပါပဲ။

ပြီးတော့ သူ့အောက်မှာတော့ ။

ဆန်နီ အောက်ကိုကြည့်ပြီး ကြက်သီးမွှေးညှင်းထသွားခဲ့ပါတယ်။

‘ဘာလဲ…ဘယ်လိုဖြစ်ပြီး ‘

သူ့ရဲ့မျက်လုံးတွေက အံ့ဩမူကြောင့် ပြူးကျယ်သွားခဲ့ပါပြီ။

All Chapters