လေဟာနယ်ရဲ့လျိုဝှက်ချက်
Vol. 30 Ch. 443
အောက်ဘက်ရှိ အမှောင်ထုထဲက လေဟာနယ်ထဲမှာတော့ ..ပိုပြီးနက်မှောင်တဲ့အရာတစ်ခုက ၊အပေါ်မှာရှိနေတဲ့ မီးပင်လယ်ရဲ့ ဖြာထွက်နေတဲ့ အလင်းရောင်ကနေ ပုန်းအောင်းနေခဲ့ပါတယ်။
ဆန်နီဟာ အမှောင်ထုထဲက အရိပ်ကိုကြည့်ပြီး ကြက်သီးမွှေးညှင်းထသွားခဲ့တယ်။
‘အဲတာက ဒီမှာဘာလုပ်နေတာလဲ ‘
သူ့ရဲ့အောက်ဘက်မှာတော့ အနက်ရောင်ကျောက်တုံးနဲ့ ပြုလုပ်ထားတဲ့ ကျွန်းငယ်လေးတစ်ခုက အဆုံးမရှိတဲ့ လေဟာနယ်ထဲမှာ လွင့်မျှောနေခဲ့တာပါ။သူ့ရဲ့ပတ်လည်မှာတော့ အက်ကွဲနေကြတဲ့ မီးတောင်ထွက်ကျောက်တွေက ဝန်းရံထားခဲ့ကြတယ်။သူ့ရဲ့အလည်မှာတော့ ရှည်လျား ၊ကြီးမားတဲ့ အနက်ရောင်စေတီတစ်ဆူ ရှိနေခဲ့ပြီး ကျောက်တုံး မဟုတ် …သစ်သားမဟုတ်တဲ့ အနက်ရောင် အရာဝတ္တုတစ်ခုနဲ့ တည်ထားခဲ့ပါတယ်။သူ့ရဲ့ အရောင်မရှိတဲ့ မျက်နှာပြင်တွေက သူတို့ကို ထိတွေ့တဲ့ အလင်းရောင်တိုင်းကို စုပ်ယူသွားကြသလိုပါပဲ။
ဒါက ဆင်စွယ်ရောင်တာဝါကို အပြည့်အဝ ပုံတူကူးထားခြင်းပါ။သို့ပေမယ့် တစ်ချိန်တည်းမှာပဲ ဒါက ဆန့်ကျင်ဖက် ဖြစ်နေခဲ့ပါတယ်။စေတီနှစ်ဆူက အတော်လေးကို ဆင်တူနေတာကြောင့် တစ်ခနလောက်ဖြစ်ဖြစ် ဆန်နီကိုတောင် အပေါ်ဘက်ကောင်းကင်ကို ပြန်ရောက်သွားပြီလို့ ထင်မှတ်မိလိုက်ပါတယ်။
သို့ပေမယ့် ဒီလို မဟုတ်ပေ။
မီးတောင်ကျောက် တာဝါ တည်ရှိနေတဲ့ ကျွန်းက ကွဲပြားပါတယ်။ဒီအရာက ချိန်းကျွန်းစုမှာရှိတဲ့ နိုးထသူတွေ မြင်တွေ့နေကြဖြစ်တဲ့ အရာထက် ပိုကြီးမားပြီး ၊ သူ့ကိုသွယ်တန်းထားတဲ့ ချိန်းကြိုးတွေလည်းရှိမနေခဲ့ပေ။သူ့ရဲ့ မျက်နှာပြင် ပေါ်မှာတော့ ဆန်းကျယ်တဲ့ အဆောက်အဦးအကြွင်းအကျန်တွေကို တွေ့မြင်နေခဲ့ရပြီး အချိန်ရဲ့တိုက်စားမူကြောင့် အားလုံးးပျက်ဆီးကုန်ကြပါပြီ။သူ့ရဲ့အစွန်းမှာထွက်ရှိနေတဲ့ မီးတောင်ကျောက်တိုင်ကြီးများက လေဟာနယ်ထဲမှာ ထူးဆန်းတဲ့ ဆိပ်ကမ်းကြီးတွေနဲ့ တူညီနေခဲ့တယ်။
အပေါ်ကနေ အရမ်းမြင့်နေတာကြောင့် ဆန်နီက ကျွန်းရဲ့ အသေးစိတ်အခြေအနေကိုတော့ မမြင်ရပါဘူး။သို့ပေမယ့် သူက လျှင်မြန်တဲ့ အရှိန်နဲ့ ကျွန်းဆီကို ချည်းကပ်လာနေခဲ့ပါတယ်။
‘ချီးပဲ ‘
အရမိးမြန်လွန်းတယ်။
ဆန်နီ ခနလောက်တွေဝေပြီးကာမှ အနက်ရောင်တောင်ပံကို ချက်ချင်းထုတ်ဖော်ချင်နေတဲ့ စိတ်ကို ချိုးနှိမ်ထားခဲ့တယ်။နတ်ဘုရားမီးတောက် တွေက အရမ်းကို နီးကပ်နေသေးတာကြောင့် သူတို့ရဲ့ အပူချိန်က မှတ်သားမူကို ပြာကျသွားစေနိုင်ပါတယ်။သူက ခနလောက်စောင့်ဆိုင်းနေဖို့ လိုအပ်နေသေးသလို အချိန်လည်း ရှိနေပါသေးတယ်။
ဒါက မကြာခင် ကုန်ဆုံးသွားတော့မယ် ဆိုရင်တောင်မှပါ။
ဆန်နီက ဆက်လက်ကျဆင်းပြီး စောင့်ဆိုင်းနေခဲ့တယ်။မိနစ်တိုင်းမှာ ကြယ်အတုတွေရဲ့ အပူချိန်က ဆက်တိုက်ကျဆင်းနေခဲ့ပါတယ်။ပြီးတော့ တစ်မိနစ်တိုင်း စီမှာလည်း အနက်ရောင်ကျွန်းက ပိုပိုပြီး နီးကပ်လာနေခဲ့တယ်။
နောက်ဆုံးမှာတော့ ထပ်ပြီးအချိန်ဖြုန်းဖို့ မကျန်ရှိတော့တာကို သိနေတာကြောင့် ၊ ဆန်နီက အနက်ရောင်တောင်ပံကို ထုတ်ယူကာ သူ့ရဲ့ကျဆင်းနေမူကို ပျံသန်းမူအဖြစ် အသွင်ပြောင်းလိုက်တယ်။သူ့ရဲ့နောက်ကျောဘက်မှာ ပုစဥ◌်းပုံစံအက်ျီတစ်ထည် က ဝေဝါးပြီးရှိနေခဲ့ပေမယ့် ဒါက မီးခိုးတွေ စတင်ထွက်ပေါ်လာခဲ့တယ်။ဒါက အချိန်မရွေး မီးထတောက်တော့မယ့်အလား ခြိမ်းခြောက်နေခဲ့ပါတယ်။
‘ချီးတဲ့မှပဲ ‘
အနက်ရောင်တောင်ပံရဲ့ တိုးမြှင့်စွမ်းရည်ကြောင့် ဆန်နီရဲ့ ကျဆင်းမူက နည်းနည်းချင်းစီ နှေးကွေးသွားခဲ့ပါတယ်.။သို့ပေမယ့်လည်း သူ့ရဲ့အရှိန်က သိသိသာသာ လျော့ကျသွားဖို့အတွက် အရမ်းကို မြန်ဆန်လွန်းနေခဲ့တယ်။ဒါက ကျဆင်းမူ လျော့ကျနေတယ်ဆိုပေမယ့် သူ့ကို ဆန်းကျယ်တဲ့ကျွန်းရဲ့မျက်နှာပြင်နဲ့ အပြင်းအထန် ရိုက်မိတာကနေ ကာကွယ်ပေးထားနိုင်ဖို့အတွက် လုံလောက်ပါ့မလား။
ပြီးတော့ ကြည်လင်တဲ့ ဝတ်ရုံကရော ဒီလောက်အကြာကြီး တောင့်ခံထားနိုင်ပါ့မလား။
ဆန်နီ တုန်ရီစွာ ကျိန်ဆဲလိုက်ပြီး မီးတောင်ကျောက်တာဝါကြီး နီးကပ်လာတာကို ကြည့်နေခဲ့တယ်။
‘ဒီမှာ ဘာမှရှိမနေဘူး ချီးပဲ ‘
အဆုံးမှာတော့ သူက မြေပြင်နဲ့ရိုက်ခတ်လိုက်တဲ့အားကြောင့် ခြေထောက်တွေမှာရှိတဲ့ အရိုးတွေအားလုံး ကျိုးကြေသွားတဲ့ အထိ လုံလောက်တဲ့ အမြန်နှုန်းနဲ့ ကျဆင်းလာခဲ့ပါတယ်။သို့ပေမယ့် နောက်ဆုံးအခိုက်အတန့် လေးမှာပဲ ဆန်နီက သူ့ကိုယ်သူ အရိပ်အဖြစ်ပြောင်းလဲလိုက်ပြီး အမှောင်ထုရဲ့ ပွေ့ဖက်မူကို ခံယူလိုက်တယ်။သူက ဒီအထဲမှာ နှစ်မြုပ်လိုက်ပြီး နောက်ဆုံးမှာတော့ သူ့ရဲ့စိတ်ကို စိတ်သက်သာရာ ရခွင့်ပြုလိုက်ပါတော့တယ်။
‘လုံခြုံပြီ…ငါက လုံခြုံသွားပြီ ‘
..သူက နောက််ဆုံးမှာ လုံခြုံသွားခဲ့ပါပြီ။
အနည်းဆုံးတော့ စက္ကန့် အနည်းငယ်လောက်ပါ။
…….
ဆန်နီက နာကျင်မူ ကမ္ဘာထဲမှာ ရောက်နေခဲ့တယ်။
သူ့ရဲ့အရိပ်အဆီအနှစ်တွေကလည်း ကုန်ဆုံးနေခဲ့ပါပြီ။
ပြီးတော့ အောက်ဘက်ကောင်းကင်မှာ နှစ်ပေါင်းထောင်ချီကြာအောင် ဖုံးကွယ်နေခဲ့တဲ့ ဆန်းကျယ်တဲ့ ကျွန်းကြီးပေါ်မှာ သူ့ကို ဘယ်လိုအန္တာရာယ်တွေ စောင့်ကြိုနေဥ◌ီးမလဲဆိုတာကို မသိသေးပေ။ဒါမှမဟုတ် မီးတောင်ကျောက် တာဝါထဲမှာ ဘယ်လိုသေစေနိုင်လောက်တဲ့ လျိုဝှက်ချက်တွေ စောင့်ကြိုနေဥ◌ီးမလဲဆိုတာကိုလည်း မသိနိုင်ပါဘူး။
..သိူ့ပေမယ့် အခုအတွက်တော့ သူဒီအရာကို ဂရုမစိုက်နိူင်သေးပေ။သူဂရုစိုက်တာကတော့ သူက ထပ်ပြီးကျဆင်းမနေရတော့ဘူးဆိုတာပါပဲ။
‘ကောင်းချီးပေးခံရတာပဲ ဒါက တကယ်စစ်မှတဲ့ ကောင်းချီးပဲ ‘
သူကနောက်ဆုံးမှာတော့ မာကျောတဲ့ မြေကြီးပေါ်မှာ ခြေချခွင့်ရခဲ့ပါပြီ။ဒါပေါ့ ဒါက တကယ်ကို ကောင်းမွန်တဲ့ အရာတစ်ခုပါပဲ။
ဘာပဲဖြစ်ဖြစ် ဒါက တကယ်ကို လှပတဲ့ ခံစားမူတစ်ခုပါ။
ဆန်နီ ကိုယ့်ကိုကို သက်သောင့်သက်သာ အနေအထားနဲ့နေပြီး နက်ရှိုင်းတဲ့ အရိပ်တွေထဲမှာ လုံခြုံစွာပုန်းအောင်း နေခဲ့တယ်။
အတော်ကြာပြီးနောက်မှာ တော့ သူက သက်ပြင်းချကာ သူ့ရဲ့အာရုံစိုက်မူတွေကို ပတ်ဝန်းကျင်ဆီပို့ဖို့ တွန်းအားပေးလိုက်ပါတယ်။သူ့ကိုပွေ့ဖက်ထားတဲ့ အမှောင်ထုရဲ့မျက်နှာပြင်ပေါ်ကို တက်ရင်း ဆန်နီဟာ ပတ်ဝန်းကျင်ကို သိချင်စွာကြည့်လိုက်တယ်။
‘အာ’
ထူးဆန်းစွာပဲ သူတွေ့လိုက်ရတဲ့ အရာကြောင့် အံ့ဩသင့်သွားခဲ့ပါတယ်။
ဒီကျွန်းပေါ်မှာ ဘာအိပ်မက်ဆိုးသားရဲတွေမှ ရှိမနေခဲ့ပေ။ထိပ်လန့်စရာတွေ ၊ သူ့ကိုစားသုံးမယ့်ေကြာက်မက်ဖွယ်ရာတွေ ရှိမနေခဲ့ပါဘူး။မစင်ကြယ်ခြင်း အဆင့်တိုက်တန် တစ်ကောင်တောင် သူ့ကို အနှောက်ယှက်ပေးဖို့ အတွက် ရှိမနေခဲ့ပေ။
ဒီကျွန်းကြည့်ရတာ ဘာမှမရှိတဲ့ ပုံပါပဲ။
ဆန်နီရဲ့ အဆီအနှစ်တွေက အရမ်းကိုနည်းပါးလာပြီး သူ့ရဲ့တည်ရှိမူက မူလခန္တာကိုယ်ပုံစံကို ပြန်ပြောင်းတော့မယ့် အချက်ကို ထည့်တွက်ရရင် ဒါက အရမ်းကို ကံကောင်းတာပါ။
သူက ခနလောက်တွေဝေနေပြီးကာမှ သူ့ရဲ့ လက်နက်တွေနဲ့ သူ့အခြေအနေကို စစ်ဆေးကြည့်လိုက်တယ်။
သူ့ရဲ့ဝိဥာဥ◌်က ပျက်ဆီးနေခဲ့ပေမယ့် လုံးဝပြန်လည်ပြင်ဆင်လို့ မရနိုင်တဲ့ အခြေအနေမျိုးတော့ ရှိမနေခဲ့ပါဘူး။
သူ့ခန္တာကိုယ်က အပြည့်အဝကောင်းမွန်မနေခဲ့ပေမယ့် ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေနဲ့ ပြန်တွက်ရမယ်ဆိုရင်တော့ အတော်လေး အဆင်ပြေတယ်လို့ေပြာရပါမယ်။သူ့မှာက ခြေလက်အစုံတောင် ရှိနေခဲ့တယ်။
မြေအောက်ကမ္ဘာရဲ့ ဝတ်ရုံတော်၊ ရက်စက်သောမြင်ကွင်း ၊ အနက်ရောင်တောင်ပံ နဲ့ သူတော်စင်ရဲ့ လေးတွေကတော့ ပျက်စီးသွားကြပါပြီ။ကံကောင်းချင်တော့ ဒီမှတ်သားမူတွေ အားလုံးက လုံးဝဖျက်ဆီးခံရတာမျိုးနဲ့တော့ မကြုံခဲ့ကြရပေ။ဒီအရာတေါကို ပြန်ပြီးအသုံးပြုနိုင်ဖို့ ဆိုရင်တော့ သူက အတော်ကြသည်အထိ စောင့်ဆိုင်းရဦိးမှာပါ။ရက်ပေါင်းများစွာ…ရက်သတ္တပတ်ပေါင်းများစွာတောင် ဖြစ်နေနိုင်ပါတယ်.။
ကောင်းမွန်တဲ့အချက်ကတော့ သဘော်ပျက်ကျွန်းမှာ ဒဏ်ရာအပြင်းအထန်ရရှိသွားတဲ သူတောင်စင်က ပြန်လည်ကောင်းမွန်နေခဲ့ပါပြီ။အောက်ဘက်ကောင်းကင်ရဲ့ ခရီးစဥ◌်တစ်ခုလုံးမှာ သူမကို အချိန်မရွေးခေါ်ထုတ်လို့ရခဲ့ပေမယ့် ဒီလိုလုပ်ဖို့အတွက် လုံလောက်တဲ့ အကြောင်းပြချက် ရှိမနေခဲ့ပေ။ထပ်ပြောရရင် သူတော်စင်ရဲ့ အလေးချိန်ကြောင့် ရတနာသေတ္တာက သူတို့နှစ်ယောက်စလုံးကို တင်ထားနိုင်မလားဆိုတာ မသေချာပါဘူး။
ရက်စက်သောမြင်ကွင်းရဲ့ တိုးမြှင့်မူနှစ်ခုဖြစ်တဲ့ အနက်ရောင်မှန်ကလည်း ဆန်နီရွေးချယ်နိုင်တဲ့ အရာနှစ်ခု ရှိနေခဲ့ပါတယ်။
လတ်တလော အားဖြည့်မူ - နတ်ဘုရားမီးတောက်
နောက်ဆုံးအားဖြည့်မူ - ဝိဥာဥ◌်
‘နတ်ဘုရားမီးတောက်တဲ့လား …ဟင်’
ကောင်းပြီလေ..ဒီသောက်ကျိုးနဲအရာနဲ့ အကင်ခံခဲ့ရတဲ့ တစ်ခုတည်းသော ကောင်းကျိုးက အခုချိန်မှာ ငါက သူများတွေကို တူညီတဲ့ ဝေဒနာမျိုးကို ပေးစွမ်းနိုင်တော့မှာပဲ။ဒီတော့ နောက်ဆုံးမှာ ထိုက်တန်တယ်လို့ပြောလို့ ရတယ်။သံသယ ရှိနေစရာတောင် မလိုဘူး။
‘ငါတို့ စောင့်ကြည့်ကြတာပေါ ‘
ပြီးတော့ နောက်ဆုံးအနေနဲ့ ရွှေရောင်ကြိုးရဲ့ တစ်ခြားအစွန်းတစ်ဖက်မှာ ရှိနေတဲ့ အရာက မီးတောင်ကျောက် တာဝါဖြစ်တယ် ဆိုတာကို ဆန်နီ လုံးဝသေချာသွားခဲ့ပါပြီ။သူ့ရဲ့ အလိုလျောက်သိစိတ်က တည်ငြိမ်ပြီး တိတ်ဆိတ်နေခဲ့တယ်။ဒါက သူက ပန်းတိုင်ကို ရောက်ရှိနေပြီလို့ ဆိုလိုတာပါ။
အတွင်းတစ်နေရာမှာတော့ သူ့ရဲ့ကံတရားနဲ့ နက်နက်ရှိုင်းရှိုင်း ဆက်နွယ်နေတဲ့ အရာတစ်ခုက စောင့်ဆိုင်းနေခဲ့ပါတယ်။
အနက်ရောင်စေတီကြီး ရဲ့ ကြီးမားလွန်းလှတဲ့ အရိပ်ကိုစိူက်ကြည့်ရင်း ..ဆန်နီသက်ပြင်းချလိုက်တယ်။ပြီးတာနဲ့ လုံခြုံတဲ့ အရိပ်တွေထဲကနေထွက်ကာ နှစ်ပေါင်းထောင်ချီကြာအောင် လူသားတွေမရောက်လာနိုင်ခဲ့တဲ့ ကျွန်းရဲ့ မျက်နှာပြင်ပေါ်ကို ခြေချလိုက်ပါတယ်။
တကယ်လို့ ရောက်နိုင်ကြမယ်ဆိုရင်…..