မီးတောင်ကျောက် တာဝါ
Vol. 30 Ch. 444
ဆန်နီက အနက်ရောင်ကျွန်းရဲ့ အပေါ်မှာ အဝတ်ဗလာနဲ့ ရပ်နေခဲ့တယ်။သူက သူ့ခန္တာကိုယ်ပေါ်က မီးလောင်ဒဏ်ရာတွေကို မျက်နှာရှုတ်မဲ့စွာ ကြည့်လိုက်ပါတယ်။တစ်ချို့က အတော်လေးကို ပြင်းထန်နေခဲ့တယ်။ယင်းနောက် သူက ရုပ်သေးဆရာရဲ့ဝတ်ရုံတော်ကို ထုတ်ဖော်လိုက်ပါတယ်။
ညှင်သာတဲ့ ပိုးချည်သားက သူ့ရဲ့ဒဏ်ရာတွေကို လာရောက်ထိခိုက်မှာကို မလိုလားတာကြောင့် သူက ဒါကို အောက်ဘက်ကောင်းကင် ခရီးစဥ်ရဲ့ အဆုံးသတ်နားက အခြေအနေအတိုင်းသာ ထားထားခဲ့တယ်။ဒီမှာ သားရေအစိတ်အပိုင်းများက ရှိမနေတော့ပဲ..အပေါ်ပိုင်း အစိတ်အပိုင်းနဲ့ သူ့ရဲ့ ခါးပတ်လည်မှာ ချည်နှောင်ထားလိုက်ပါတယ်။
ဒီတစ်ကြိမ်တော့ သူ့ရဲ့ ခန္တာကိုယ်မှာ အရိပ်တွေနဲ့ရစ်ပတ်ထားခဲ့ပြီး အနက်ရောင်ပုံစံရှိနေခဲ့တယ်။ဒါက အနက်ရောင်ကျွန်းမှာ ပါဝင်တဲ့ တူညီတဲ့ မီးတောင်ကျောက်ကနေ ဖြတ်တောက်ထားတဲ့ အတိုင်းပါပဲ။ရစ်ပတ်နေတဲ့ ဝိဥာဥ်မြွေကတော့..အဆီအနှစ်တွေ စီးဆင်းနေတဲ့ အချိန်မှာ..တောက်ပနေတဲ့အလား ထင်ရပါတယ်။
ခနအကြာမှာတော့..သူတော်စင်က သူ့နောက်မှာပေါ်ထွက်လာခဲ့ပြီး ရှေ့ကိုတက်လာခဲ့တယ်။သူမလျောက်လာတဲ့ အချိန်မှာပဲ သန်းခေါင်ယံအမြုတေကို ထုတ်ဖော်လိုက်ပါတယ်။သူ့ရဲ့ဝိဥာဥ်က ဆိုးဆိုးဝါးဝါး ထိခိုက်ခံထားရတာကြောင့် ဆန်နီက ကျိုးပျက်ကျိန်စာကို ခနလောက် သိမ်းထားဖို့ဆုံးဖြတ်လိုက်တယ်။ဒီတော့ အရိပ်ကို ဖျက်ဆီးလိုတဲ့အော်ရာတွေက လွှမ်းခြုံမနေတော့ပါဘူး။
သူကိုယ်တိုင်ကလည်း တိုက်ခိုက်နိုင်တဲ့ အနေအထားမှာ ရှိမနေသေးပေ။အနည်းဆုံးတော့ ထိရောက်အောင် မတိုက်ခိုက်နိုင်သေးပါဘူး။ဒါကြောင့်ပဲ..သန်းခေါင်းယံအမြုတေက သူတော်စင်ရဲ့ လက်ထဲမှာ ရှိနေခဲ့တာပါ။တကယ်လို့ အခြေအနေတွေက တွန်းအားပေးလာခဲ့မယ်ဆိုရင်..ဆန်နီက လအမြုတေကို ထုတ်သုံးနိုင်သလို..ဝိဥာဥ်မြွေကို အမိန့်ပေးပြီး..အိုဒက်ချီ ပုံစံ ဖန်တီးနိုင်ပါတယ်။
သူ သက်ပြင်းချလိုက်ပြီး အဆုံးမရှိတဲ့စမ်းချောင်းကိုထုတ်ဖော်လိုက်ကာ..အေးစက်တဲ့ရေတွေကို လောဘတကြီး သောက်လိုက်တယ်။ယင်းနောက် ရှေ့ကိုကိုင်းလိုက်ပြီး သူ့ရဲ့ခေါင်းကို လောင်းချလိုက်ပါတယ်။ပြီးတဲ့နောက်မှာတော့ သူက နောက်ဆုံးမှာလူသားတစ်ယောက်လို နောက်တစ်ကြိမ် ပြန်ခံစားလိုက်ရပါပြီ။
..အားလုံးခြုံပြောရရင် အခြေအနေတွေက သိပ်မဆိုးပါဘူး။သူက အသက်ရှင်နေသေးတယ် ၊ ခန္တာကိုယ်အပြည့်အစုံရှိတယ် ၊ ရေဆာမူ နဲ့ ဗိုက်ဆာမူတွေကိုလည်း မခံစားရဘူး။
ဒီ အမှောင်ကျွန်းပေါ်မှာတော့..လေထုက ကြည်နူးဖို့ကောင်ူအောင် နွေးထွေးနေခဲ့တယ်။အပေါ်ဘက်မှာတော့..တောက်ပတဲ့ကြယ်တွေက လေဟာနယ်ကို လောင်ကျွမ်းနေကာ လှပတဲ့မြင်ကွင်းကို ဖြစ်စေခဲ့ပါတယ်။သူတို့ရဲ့ရှေ့မှာတော့..သန္တာကျောက်တာဝါရဲ့ အရိပ်က မြေကြီးပေါ်ကနေ အနက်ရောင်အက်ကွဲကြောင်းကြီးတစ်ခုလိုမျိုး ထိုးထွက်နေခဲ့တယ်။
ဒါက ဆန်နီ တွေးထားတာထက်ကို အများကြီး ပိုပြီးကြီးမားပါတယ်။သို့ပေမယ့်..ကြက်သွေးရောင်မျှော်စင်ကို မှီဖို့ဆိုတာကတော့ မဖြစ်နိုင်သေးပေ။ရှေးဟောင်းစေတီက..လူသားတွေအတွက် တည်ဆောက်ထားပုံအတိုင်း ဖြစ်သလောက်ရှိတဲ့အချိန်မှာ..အဲဒီကျွန်စာသင့် မျှော်စင်ကတော့ ..တည်ရှိဖို့အတွက်တောင် အတော်လေးကြီးမားနေခဲ့တာပါ။ကောင်းပြီလေ..သူတို့က အရမ်း အရပ်ရှည်ကြတဲ့လူတွေလည်း ဖြစ်နိုင်တာပဲ။
ဆန်နီက သန္တာကျောက်တာဝါကို လေ့လာနေတဲ့ အချိန်မှာပဲ သူတော်စင်ကလည်း ခေါင်းကိုစောင်းပြီး အနက်ရောင်စေတီကို စိုက်ကြည့်နေခဲ့တယ်။သူမရဲ့ ပတ္တမြားရောင် မျက်လုံးတွေထဲမှာတော့ ခံစားချက်တွေကို တွေ့နေခဲ့ရပါတယ်။
သူ့အရိပ်က ချိန်းကျွန်းစုအောက်က ချောက်နက်ထဲမှာရှိတဲ့ ပုန်းအောင်းနေတဲ့ တာဝါကို ဘာလို့ မှတ်မိနေရတာလဲ။
' ထူးဆန်းတယ် '
ဆန်နီ မျက်မှောင်ကျုတ်လိုက်ပြီး အဆုံးမရှိစမ်းချောင်းကို ဖယ်ရှားလိုက်တယ်။သူက တစ်ခနလောက်..ခံစားချက်မဲ့စွာနေပြီးကာမှ ဖြည်းညှင်းစွာပဲ စေတီဆီကို ဦးတည်သွားခဲ့ပါတယ်။
သူတို့ကျွန်းကို လျောက်သွားနေစဥ်မှာတော့..ဆန်နီက သူ့ရဲ့ မျက်နှာပြင်မှာ ရှိနေတဲ့ အပျက်အဆီးတွေကို ကြည့်ဖို့ အချိန်ရနေခဲ့တယ်။
ဒီအရာတွေက ဘာတွေလဲဆိုတာကို ဆုံးဖြတ်ဖို့ခက်ခဲပါတယ်။ဆန်နီကတော့ သူက အဆောက်အဦးအကြွင်းအကျန်တွေကို ကြည့်နေရတာမဟုတ်ဘူးလို့ ခံစားနေခဲ့ရတယ်။သူတို့ရဲ့ ရည်ရွယ်ချက်ကို ဆုံးဖြတ်ဖို့ ခက်ခဲနေပြီဖြစ်ပေမယ့်လည်း..ဒီအထဲမှာ တစ်စုံတစ်ယောက်က နေထိုင်ခဲ့တယ် ဆိုတာကိုတော့ သူ သံသယဖြစ်မိပါတယ်။
သူ့ရဲ့ ခံစားချက်ကို စကားလုံးများနဲ့ အနီးစပ်ဆုံး ဖော်ပြနိုင်တာကတော့ ဒီအပျက်အစီးတွေက သူငယ်ငယ်တုန်းက သူ့မိခင် အလုပ်လုပ်ခဲ့တဲ့ မြေအောက်စက်ရုံရဲ့ အတွင်းပိုင်းကို သတိရစေပါတယ်။ စက်ရုံက အတော်ကြီးမားပေမယ့် သန္တာကျောက်တုံးများနဲ့ တည်ဆောက်ရမယ့်အစား သတ္တုစပ်ဖြင့် တည်ဆောက်ထားခဲ့တယ်။ဒီအရာက ပိုပြီးတိုးခေတ်မှီတယ်ဆိုတာကို ပြောစရာမလိုပေမယ့် ခံစားချက်ကတော့ အတူတူပါပဲ။
'...ကျွန်းရဲ့ရည်ရွယ်ချက်ကဘာလဲ..။ဒီမှာဘယ်သူနေတာလဲ..။ဘယ်သူက ထူးဆန်းတဲ့ တာဝါကို တည်ဆောက်ခဲ့တာလဲ..'
တာဝါနားကို ဆန်နီ နီးကပ်လာလေလေ သူ့ရဲ့ ထည်ဝါလှတဲ့ အလှတရားကို အသိအမှတ်ပြုလာလေလေပါပဲ။ဒီ စေတီက အောက်ဘက်ကောင်းကင်ရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ဘယ်သူမှမမြင်နိုင်အောင် ရှိနေခဲ့ပေမယ့်..မသိနိုင်တဲ့တည်ဆောက်သူက ဒီအရာကို ဆင်စွယ်ရောင်စေတီနဲ့ တစ်ထပ်တည်းတူအောင် အချိန်ယူတည်ဆောက်ခဲ့ရတဲ့ ပုံပါပဲ။
ဒီအရာက ခြိမ်းခြောက်မူတွေသာ ရှိမနေဘူးဆိုရင် အတော်လေးကို အသက်ရူမှားလောက်စရာဖြစ်မှာပါ။
ဘာမှမရှိတဲ့လေဟာနယ်နဲ့ တိတ်ဆိတ်မူတွေ ဝန်းရံထားခဲ့တာကြောင့်..သန္တာကျောက်တာဝါက သူ့ရဲ့တည်ရှိမူအရကို နိမိတ်မကောင်းတဲ့ အမူအရာတွေဖြစ်နေခဲ့ပါတယ်။
'ငါ..ငါလုံးဝ မကြောက်ဖူး..'
သို့ပေမယ့် သူက အကြောင်းအရာတစ်ခုကို တွေးပြီးကြောက်နေခဲ့တယ်။
ဘယ်တစ်ခုက ပုံတူကူးထားပြီး..ဘယ်တစ်ခုက အစစ်အမှန်လဲ။
ချိန်းကျွန်းစုရဲ့အပေါ်မှာ လွင့်မျောနေတဲ့ လှပတဲ့ အဖြူရောင်စေတီလား ဒါမှမဟုတ် အောက်ဘက်အမှောင်ထုထဲမှာ ပုန်းအောင်းနေတဲ့ ကြောက်မက်ဖွယ်ရာ အနက်ရောင် စေတီလား။
သူက ရှာတွေ့တော့မှာဖြစ်နိုင်ပါတယ်။
မကြာခင်မှာပဲ ဆန်နီနဲ့ သူတော်စင်တို့က မီးတောင်ကျောက်တာဝါရဲ့ ဝင်ပေါက်ကို ရောက်လာခဲ့ကြတယိ။သူတို့ကို ဘယ်အရာမှ မတိုက်ခိုက်ကြသလို ၊ အထဲကနေလည်း ကြောက်မက်ဖွယ်ရာအသံတွေ ထွက်ပေါ်မလာခဲ့ပေ။အနက်ရောင်ဂိတ်တွေရဲ့ အလွန်မှာ ဆာလောင်စွာထိုးထလာတဲ့ နေထိုင်သူလည်း ရှိမနေခဲ့ပါဘူး။စေတီကလည်း ကျွန်းရဲ့တစ်ခြားအစိတ်အပိုင်းတွေလိုပဲ တိတ်ဆိတ်နေခဲ့တယ်။
သို့ပေမယ့် ထူးဆန်းတဲ့အရာက ဆန်နီဟာ ကြီးမားတဲ့ တံခါးကြီးရဲ့တစ်ဖက်မှာ အရိပ်တွေရှိနေတာကို မခံစားရပေ။ဒါက အရိပ်တွေရှိမနေလို့ မဟုတ်ပဲ..တာဝါရဲ့ တံတိုင်းကြီးက သူ့ရဲအရိပ်အာရုံခံမူနဲ့ အထဲကို အသုံးပြုလို့မရအောင် ကာကွယ်ထားတဲ့ပုံပါပဲ။
သူ ကြက်သီးမွှေးညှင်းထသွားခဲ့တယ်။
'ငါအရင်က ဒီလိုအရညကို ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးဘူး..'
သူ တွေဝေနေပြီးကာမှ အနက်ရောင်တံခါးနားကို ကပ်သွားကာ..လအမြုတေကို ထုတ်ဖော်လိုင်ပြီး သူ့ရဲ့မျက်နှာပြင်ကို ချက်လိုက်တယ်။ဖုန်မှုန့်တွေအထပ်လိုက်က အောက်ကိုပြုတ်ကျသွားခဲ့ပြီး ပိုမာကျော ၊ ပိုနက်မှောင်တဲ့ မျက်နှာပြင်က အောက်မှာပေါ်လာခဲ့ပါတယ်။
ဆန်နီ မျက်ခုံးပင့်တင်လိုက်ပြီး..
' အိုးမဲတွေလား..'
စေတီတစ်ခုလုံးက..အရမ်းကိုထူထဲတဲ့ အိုးမဲတွေနဲ့ ဖုံးလွှမ်းနေခဲ့တာပါ။သူခနလောက် ကြောင်အစွာရပ်နေပြီးမှ ဒီအချက်က ဘာကိုဆိုလိုတာလဲ နားလည်ဖို့ကြိုးစားနေခဲ့တယ်။ယင်းနောက် ပုခုံးတွန့်လိုက်ပြီး ရှေးဟောင်းဂိတ်ကို လေ့လာလိုက်ပါတယ်။
သူ တွေ့နေရတဲ့ပြသနာကတော့..ဂိတ်ပေါက်က ဖွင့်လို့ရမယ့် လက်ကိုင်ရှိမနေခဲ့တာပါပဲ။ဒါက သော့ပေါက် ၊ တီးစရာ ခေါင်းလောင်း ဒါမှမဟုတ် သူ့ရောက်တာကို သိဖို့ ခေါက်ရမယ့်အရာတွေလည်း ရှိမနေခဲ့ပေ။
'ဒါဆို ငါက ဒီငရဲကို ဘယ်လိုဖွင့်ရတော့မှာလဲ..'
အရိပ်အာရုံခံမူမရှိပဲ နဲ့ သူက အတွင်းထဲမှာပေါ်လာအောင် အရိပ်ခြေလှမ်းကိုလည်း သုံးလို့မရပြန်ပါဘူး။ဒီတော့ တစ်ခနလောက် ဆန်နီဟာ ဒီနေရာမှာ တစ်နေခဲ့တယ်။
'ဒီလောက်အဝေးကြီး ခရီးနှင်လာပြီးကပဲ ငါ ဖွင့်လို့မရတဲ့ တံခါးနဲ့တွေ့နေရတာကတော့ အတော်ရယ်စရာကောင်းတယိ..။ဟုတ်တယ်မလား..'
အနည်းငယ်ရှက်ရွံ့မူနဲ့အတူပဲ သူက သူတော်စင်ကိုကြည့်ပြီး မေးလိုက်တာပါ။
"အကြံလေးများ မရှိဘူးလား.."
တိတ်ဆိတ်တဲ့ နတ်မိစ္ဆာဆီကနေ အဖြေပြန်ရဖို့ မျှော်လင့်မထားခဲ့ပေမယ့် အံ့ဩသင့်ဖို့ကောင်းစွာပဲ အရိပ်က သူ့ကို အတော်ကြာအောင် စိုက်ကြည့်ပြီးနောက်မှာ သူမရဲ့ဓားကို ချလိုက်တယ်။
ယင်းနောက် သူမက လက်တစ်ဖက်ကို မြှောက်ပြီး သူမရဲ့ မျက်လုံးကို ချိန်ရွယ်လိုက်ပါတယ်။
ဆန်နီ လုံးဝ အံ့ဩသင့်စွာကြည့်နေရင်းနဲ့ အကြိမ်အနည်းငယ် မျက်တောင်ခတ်လိုက်တယ်။
'မျက်လုံးလား..။သူမက ဘာကိုဆိုလိုတာလဲ..'
ယင်းနောက် သူ့စိတ်ထဲကို အကြံဥာဏ်တစ်ခု ဝင်ရောက်လာခဲ့တယ်။
တံခါးဖက်ကို ပြန်လှည့်လိုက်ပြီး လက်တစ်ဖက်ကို တင်လိုက်ကာ..သူ့ရဲ့အကြည့်တွေကို မှတ်သားမူတွေပေါ်က စွမ်းအင်လှိုင်းတွေကို ကြည့်တဲ့အမူအရာအတိုင်း ပြုလုပ်လိုက်ပါတယ်။
ပြီးတဲ့နောက်မှာတော့..သန္တာကျောက်တာဝါရဲ့ ဂိတ်တံခါးရဲ့ အောက်ဘက်မှာ သူမြင်လာခဲ့ရတယ်။
ရက်လုပ်မူတစ်ခု။
သို့ပေမယ့် သူမြင်နေရတာက နူးညံ့သိမ်မွေ့တဲ့ ကြိုးတွေ ရက်လုပ်ထားတာ မဟုတ်ပါဘူး။အဲဒီအစားက ဒါက ရှေးကျပြီး အကြမ်းထည်ဖြစ်တဲ့ မြင်ကွင်းတစ်ခုဖြစ်ကာ..တကယ်စစ်မှန်တဲ့ စိတ်ကြိုးတွေနဲ့ ကျောက်တုံးမျက်နှာပြင်ရဲ့အောက်မှာ ဖန်တီးထားခဲ့တယ်။ဒါက အရမ်းကို လှပပေမယ့် ရိုးရှင်းတဲ့ ပုံစံခွက်တစ်ခုပါ။
ဆန်နီက ဒီလိုပုံစံ ရက်လုပ်မူတွေကို အရင်က တစ်ကြိမ်တည်း မြင်ခဲ့ဖူးပါတယ်။
ဒါကတော့ သူတော်စင်ရဲ့ကိုယ်ထဲမှာပါပဲ။
သူမက ဒီတိုင်း ထပ်တူညီမူတစ်ခုအဖြစ်ရှိနေတုန်းက သူက သူမရဲ့အောက်ဘက်မှာ တောက်ပတဲ့ မှော်လှိုင်းတွေကို ဖုံးကွယ်ထားတာ တွေ့ခဲ့ရတာပါ။အစကတော့ ဒီအရာတွေက ကျောက်တုံးစစ်သည်တော်ကို အသက်ရှင်သန်စေတဲ့ အရာတွေအဖြစ် သူတွေးမိခဲ့ပါတယ်။
ဒါကို အမည်မသိ ရဲ့ နောက်ဆုံးသားတော်က..သူ့ရဲ့နယ်မြေထဲက လှိုဏ်ဂူခန်းမထဲမှာ ဖန်တီးထားခဲ့တာပါ။
ပြီးတော့ ဒါက အခိုက်အတန့်ကိုယ်တိုင်ရဲ့ပထမဆုံး စတင်မူဖြစ်နိုင်သလို..ဒါမှမဟုတ် အခိုက်အတန့်ကို ပုံတူကူးထားတာလည်း ဖြစ်နိုင်ပါတယ်။
ဒါဆို ဒီတာဝါကိုလည်း မြေအောက်ကမ္ဘာရဲ့ အရှင်သခင်က တည်ဆောက်ထားခဲ့တာလား..။
ဆန်နီက ခနလောက်တွေဝေနေခဲ့ပြီးကာမှ သူရဲ့လက်ကို စိန်ကြိုးတွေရဲ့ တောက်ပတဲ့ လှုပ်ရှားမူ ပေါ်တင်လိုက်ပြီး အရိပ်အဆီအနှစ် အနည်းငယ် ထည့်သွင်းလိုက်တယ်။
တစ်ခနလောက် ဘာမှဖြစ်မလာခဲ့ပါဘူး။
ယင်းနောက် မီးတောင်ကျောက်တာဝါကြီးရဲ့ ဂိတ်တံခါးကြီးက ပွင့်လာခဲ့ပါတယ်။